ဘိက္ခဝေ၊ ရဟန်းတို့။
အရဟန္တော၊ ရဟန္တာ ပုဂ္ဂိုလ်တို့သည်။
ခေတ္တပမာ၊ ကောင်းသော လယ်မြေခေတ်နှင့် တူကုန်၏။
ဒါယာ၊ ဆွမ်း အစရှိသော လှူဘွယ်ဝတ္ထုတို့ကို ပေးလှူတတ်ကုန်သော ဒါယကာတို့သည်။
ကသာကူပမာ၊ လယ်လုပ်သော ယောင်္ကျားနှင့်တူကုန်၏။
ဒေယျဓမ္မံ၊ ဆွမ်း အစရှိသော ဆယ်ပါး သော လှူဖွယ်ဝတ္ထုသည်။
ဗီဇူပမံ၊ မျိုးစေ့နှင့်တူ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကော၊ ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုတို့ကို ပေးလှူတတ်သော ပုဂ္ဂိုလ်သည်။
ပေတေ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သောသူတို့ကို။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
တေသံ၊ ထိုကောင်းသော လယ်မြေခေတ်နှင့် တူကုန်သော ရဟန္တာ ပုဂ္ဂိုလ်တို့အား။
ဒါနံ၊ ဆွမ်းအစရှိသော လှူဘွယ်ဝတ္ထုကို။
ယဒိဒေဘိ၊ အကယ်၍ ပေးလှူအံ့။
ဧတ္တော ဧဟသ္မာ၊ ထိုသို့ပေးလှူခြင်းကြောင့်။
ဧတံဗီဇံ၊ ထိုမျိုးစေ့နှင့် တူသော လှူဘွယ်ဝတ္ထုသည်လည်းကောင်း။
သာကသိ၊ ထိုလယ်လုပ်ခြင်းနှင့်တူသော အလှူပေးခြင်း သည်လည်းကောင်း။
ဧတံ ခေတ္တံ၊ ထိုကောင်းသော လယ်မြေခေတ်နှင့် တူသော ရဟန္တာ ပုဂ္ဂိုလ်သည်လည်းကောင်း။
ပေတာနဉ္စ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား လည်းကောင်း။
ဒါယကဿစ၊ ဆွမ်းအစရှိသော လှူဘွယ်ဝတ္ထုတို့ကို ပေးလှူတတ်သော သူအားလည်းကောင်း။
ဖလံ၊ လူနတ်တို့၌ ဖြစ်သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းအစရှိသော ကောင်းကျိုးကို။
နိဗ္ဗတ္တတေ၊ ဖြစ်စေ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကေန၊ ဆွမ်း အစရှိသော လှူဘွယ်ဝတ္ထုကို ပေးလှူတတ်သော သူသည်။
ပေတေ၊ တမလွန်ဘဝသို့ပြောင်းသွားကုန်သော သူတို့ကို။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
ဒါနေ၊ အလှူကို။
ဒိန္နေ၊ ပေးအပ်သည်ရှိသော်.
ယထာဝုတ္တခေတ္တကသိဗီဇ သမ္ပတ္တိယာစ၊ အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော အလှူခံ အလှူပေးခြင်းလှူဘွယ်ဝတ္ထု၏ ပြည့်စုံခြင်းကြောင့်၎င်း။
အနုမောဒနာယစ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့၏ အနုမောဒနာပြုခြင်းကြောင့် လည်းကောင်း။
ယံဒါနဖလံ၊ အကြင်ဒါန၏ အကျိုးသည်။
ပေတာနံ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား။
ဥပကပ္ပတိ၊ ဖြစ်၏။
တံ ဒါနဖလံ၊ ထိုဒါန၏ အကျိုးကို။
ပေတာ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့သည်။
ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ခံစားရကုန်၏။
ဒါတာ၊ ပေးလှူတတ်သော သူသည်ကား။
အတ္တနော၊ မိမိ၏ ။
ဒါနမယပုညနိမိတ္တံ၊ ဒါနဖြင့် ပြီးသော ကောင်းမှုတည်းဟူသော အကြောင်းကြောင့်။
ပုညေန၊ လူနတ်တို့၌ ဖြစ်သော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းအစရှိသောကောင်းမှု၏ အကျိုးဖြင့်။
ဝဍ္ဎတိ၊ ပွားများ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒါယကော၊ တမလွန်ဘဝသို့ ပြောင်းသွားသောသူတို့ကို ရည်မှတ်၍ ပေးလှူတတ်သော သူသည်။
ပေတေ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့ကို။
ပဋိပူဇယ၊ ရည်မှန်၍ ပေးလှူသော အားဖြင့် ခံစားအပ်သော ဆင်းရဲမှ လွတ်စေ၍။
ကုသလံ၊ ဒါနကုသိုလ်ကံကို။
ကတွာ၊ ပြုခြင်းကြောင့်လည်းကောင်း။
ဘဒ္ဒကံ၊ ပစ္စုပ္ပန်ကောင်းကျိုးကိုရစေတတ်သည်၏ အဖြစ်ကြောင့် ကောင်းမြတ်သော။
ကမ္မံ၊ ပတ္တိဒါန ကုသိုလ်ကံကို။
ကတွာ၊ ပြုခြင်းကြောင့် လည်းကောင်း။
ဣဓေဝ၊ ဤ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ပင်လျှင်။
ဝိညူနံ၊ ပညာရှိတို့၏။
ဝိယာဒိကေ၊ ချစ်မြတ်နိုးခြင်း အစရှိသော။
ဒိဋ္ဌဓမ္မိကေ၊ မျက်မှောက်၌ဖြစ်ကုန်သော။
ဒါနာနိသံသေစ၊ ဒါန၏ အကျိုးတို့ကိုလည်း။
လဘတိ၊ ရ၏။
သမ္ပရာ ယေ၊ တမလွန်ဘဝ၌။
သဂ္ဂံ၊ နတ်ပြည်၌ဖြစ်သော အသက်ရှည်ခြင်း အစရှိသော ဆယ်ပါးသော အကြောင်းတို့ဖြင့် မြတ်သည်၏ အဖြစ်ကြောင့် သဂ္ဂဟု ဆိုအပ်သော။
ဌာနဉ္စ၊ နတ်ပြည်အရပ်သို့လည်း။
ဂမတိ၊ လားရ၏။
ဣတိ၊ အသို့။အ
အဘာသိ၊ ဟောတောာ်မူ၏။
ပဌမံ၊ ရှေးဦးစွာသော။
ခေတ္တူပမပေတဝတ္ထု၊ ကောင်းသောလယ်နှင့်တူသော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
အမ္ဘောပုရိသ၊ အိုယောင်္ကျား။
တေ၊ သင်၏။
ကာယော၊ ကိုယ်သည်။
သဗ္ဗသာဝဏ္ဏော၊ အလုံးစုံရွှေအဆင်းကဲ့သို့သော အဆင်းရှိ၏။
တဿ၊ ထို ကိုယ်၏။
ပဘာယ၊ အရောင်ဖြင့်။
သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာသည်။
ဩဘာသတေ၊ ထွန်းပ၏။
တေ၊ သင်၏။
မုခံ၊ နှုတ်သီးသည်ကား။
သုကရသာ၊ ဝက်၏။
ရခံဣဂ၊ နှုတ်သီးနှင့်တူ၏။
အမ္ဘောပုရိသ၊ အိုယောင်္ကျား။
တွံ၊ သင်သည်။
ပုရေ၊ ရှေးဘဝ၌။
ကိံ ကမ္မံ၊ အဘယ်သို့ သဘောရှိသော ကံကို။
အကရာ၊ ပြုကဲ့ဘူးသနည်း။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
နာရဒ၊ အရှင်နာရဒ။
အဟံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
သညတော၊ မကောင်းမှုကို စောင့်စည်းသည်။
အာသိံ၊ ဖြစ်၏။
ဝါစာယ၊ နှုတ်ဖြင့်။
အသညဘော၊ မကောင်းမှုကို မစောင့်စည်းသည်။
အာသိံ၊ ဖြစ်၏။
နာရဒ၊ အရှင်နာရဒ။
တေန ဥဘယေန၊ ထိုယ်ကိုယ်ဖြင့် မကောင်းမှုကို စောင့်စည်းခြင်းနှုတ်ဖြင့် မကောင်းမှုကို မစောင့်စည်းခြင်းဟု ဆိုအပ်သော နှစ်ပါးသော ကံကြောင့်။
ယထာယာဒိသံ၊ အကြင်သို့ သဘောရှိသော။
ဝဏ္ဏံ၊ အဆင်းသဏ္ဌာကို။
တွံ၊ အရှင်နာရဒသည်။
ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။
ပဿတိ၊ မြင်ရ၏။
တာဒိသော၊ ထိုသို့ သဘောရှိသော ရွှေအဆင်းကဲ့သို့သော် အရေအဆင်းဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော။
ဝဏ္ဏော၊ အဆင်းသဏ္ဌာန်သည်။
မေ၊ အကျွန်ုပ်အား။
အဟောတိ၊ ဖြစ်၏။
နာရဒ၊ အရှင်နာရဒ။
မမ၊ အကျွန်ု၏။
ဣဒံ သရိရံ၊ ဤသည်မှ အောက်၌ လူသဏ္ဌာန်အထက်ပ ဝသဏ္ဌာန်ရှိသော ကိုယ်ကို။
တယာ၊ အရှင်နာရဒသည်။
သာမံ၊ ကိုယ်တိုင်။
ယသ္မာ၊ အကြင့်ကြောင့်။
ဒိဋ္ဌံ၊ မြင်အပ်ပြီ။
တံတသ္မာ၊ ထိုသို့မြင်ရသောကြောင့်။
တေ၊ အရှင်နာရဒအား။
ဩဝါဒဝသေန၊ ဆုံးမသည်၏ အစွမ်းအားဖြင့်။
အဟံ၊ အကျွန်ုပ်သည်။
ဗြူမိ၊ ဆို၏။
တွံ၊ အရှင်နာရဒသည်။
မုဿ၊ နှုတ်ဖြင့်။
ပါပံ၊ မကောင်းမှုကို။
မာအကာသိ၊ မပြုသင့်။
အဟံပိယ၊ အကျွန်ုပ်ကဲ့သို့။
သူကရမုခေါ၊ ဝက်နှုတ်သီးနှင့် တူသော နှုတ်သီးရှိသည်။
မာခေါ အဟု၊ အဖြစ်လေလင့်။
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်ပြီ။
ဒုတိယံ၊ နှစ်ခုမြောက်သော ။
သုကရမုခပေတဝတ္ထု၊ ဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဘောပုရိသ၊ အိုယောင်္ကျား။
တွံ၊ သင်သည်။
ဒိဗ္ဗသုတံ၊ နတ်ကဲ့သို့ တင့်တယ်လျောက်ပတ်သော။
ဝဏ္ဏဓာတုံ၊ အရေအဆင်းကို။
ဓာရေသိ၊ ဆောင်၏။
ဝေဟာယသံ၊ ထင်းထင်းအပြင်ရှိ၏ ဟု မှတ်အပ်သော။
အန္တလိက္ခေ၊ ကောင်းကင်၌။
တိဋ္ဌသိ၊ တည်၏။
ပူတိဂန္ဓံ၊ ပုပ်သော အနံ့ဖြင့် လှိုင်သော။
တေ၊ သင်၏။
မုခဉ္စ၊ ခံတွင်းကိုလည်း။
ကိမိယော၊ ပိုးလောက်တို့သည်။
ခါဒန္တိ၊ ခဲကုန်၏။
ဘောပုရိသ၊ အိုယောင်္ကျား ။
တွံ၊ သင်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ကိံ ကမ္မံ၊ အဘယ်သို့သော သဘောရှိသော ကံကို။
အကာသိ၊ ပြုခဲ့ဘူးသနည်း။
နာရဒ၊ အရှင်နာရဒ။
အဟံ၊ အကျွန်ုပ်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
မုခသာ၊ နှုတ်ဖြင့်။
အသညာတော၊ မကောင်းမျုကို မစောင့်စည်းသော။
ဒုဋ္ဌဝါစော၊ သူတပါးတို့ကို လွှမ်းမိုး၍ ဖြစ်တတ်သော စကားရှိသော။
တပဿီရူပေါ၊ ရဟန်းတုသာ ဖြစ်သော။
ပါပေါ၊ ယုတ်မာသော အကျင့်ရှိသော။
သမဏော၊ ရဟန်းသ်ည။
အာသိံ၊ ဖြစ်ခဲ့ဘူး၏။
နာရဒ၊ အရှင်နာရဒ။
မေ၊ အကျွန်ုပ်အား။
ကာဠာစ၊ ပုပ်သော တံတွေးရှိသည်လည်း။
ဟောတိ၊ ဖြစ်၍။
မေမယာ၊ အကျွန်ုပ်သည်။
တပသာ၊ မြတ်သောကျင့်ခြင်းကြောင့်။
ဝဏ္ဏဓာတုစ၊ နတ်ကဲ့သို့ တင့်တယ် ကောင်းမြတ်သော အရေအဆင်းကိုလည်း။
လဒ္ဓါ၊ ရအပ်၏။
ပေသုဏိယေန၊ သူနှစ်ဦးတို့၏ အချစ်ကို ပျက်စေတတ်သည်၏ အဖြစ်တည်းဟူသော ဂုံးတိုက်သော စကားကို ဆိုခြင်းကြောင့်။
မေမမ၊ အကျွန်ုပ်၏။
ရခမ္ပိ၊ ခံတွင်းသည်လည်း။
ပူတိ၊ ပုပ်သော အနံ့ရှိသည်။
ဟောတိ၊ ဖြစ်၏။
နာရဒ၊ အရှင်နာရဒ။
တတိဒံ တံ မမ ရူပံ၊ ဤနတ်ကဲ့သို့ တင့်တယ်ကောင်းမြတ်သော အရေအဆင်းပုပ်သော အနံ့ဖြင့် လှိုင်သော ခံတွင်းရှိသော ကျွန်ုပ်၏ ကိုယ်ကို။
တယာ၊ အရှင် နာရဒသည်။
သာမံ၊ ကိုယ်တိုင်။
ဒိဋ္ဌံ၊ မြင်အပ်ပြီ။
နာရဒ၊ အရှင်နာရဒ။
အနုကမ္ပကာ၊ အစဉ်သနားတတ်သော အလေ့ရှိကုန်သော။
ကုသလာ၊ သူတပါးတို့၏ အစီးအပွါးဖြစ်ကြောင်း ကောင်းသော အကျင့်၌ လိမ္မာကုန်သော ။
ယေ ဗုဒ္ဓါဒယော၊ အကြင်ဘုရား အစရှိကုန်သော သူတော်ကောင်းတို့သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝဒေယျုံ၊ ဆိုကုန်ရာ၏။
တေသံ၊ ထို ဘုရား အစရှိကုန်သော သူတော်ကောင်းတို့၏။
တံဝစနံ၊ ထိုစကားကို။
အဟံ၊ အကျွန်ုပ်သည်။
ဝဒါမိ၊ ဆို၏။
တွံ၊ အရှင်နာရဒသည်။
ပေသုဏံ၊ သူနစ်ဦးတို့၏ အချစ်ကို ပျက်စေတတ်သော ဂုံးတိုက်သော စကားကို။
မာအဘဏိ၊ မဆိုသင့်။
ရသာစ၊ မဟုတ်မမှန်သော စကားကိုလည်း။
မာအဘဏိ၊ မဆိုသင့်။
နာရဒ၊ အရှင်နာရဒ။
မုသာဝါဒံ၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းလည်းကောင်း။
ပိံ သုဏဝါဏံ၊ သူနှစ်ဦးတို့၏ အချစ်ကို ပျက်စေတတ်သော ဂုံးတိုက်သော စကားကိုလည်းကောင်း။
ပဟာယ၊ စွန့်၍ ။
ဝါစာယ၊ နှုတ်ဖြင့်။
သညတော၊ စောင့်စည်းသော။
တုဝံ၊ အရှင်နာရဒသည်။
ကာမကာမီ၊ ပြန့်ပြောကောင်းမြတ်သော နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကို အလိုအတိုင်းခံစားလေ့ရှိသော။
ယက္ခေါ၊ နတ်သည်။
ဟောတိသိ၊ ဖြစ်လတ္တံ့။
တတိယံ၊ သုံခုမြောက်သော။
ပူတိမုခပေတဝတ္ထု၊ ပုပ်သောခံတွင်းရှိသော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
ဂဟပတိ၊ သူဋ္ဌေး။
အပစ္ဆရီ၊ မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်းမရှိသော။
ဒါယကော၊ ဒါယကားသည်။
ယိံ ကိဉ္စိ၊ မင်္ဂလာအစရှိသည်တို့တွင် အမှတ်မရှိ တပါးပါးကို။
အာဓမ္မဏံကတွာ၊ ရည်မှတ်၍။
ဒါနံ၊ အလှူကို။
ဒဇ္ဇာ၊ ပေးရာ၏။
ပုဗ္ဗပေတေစ၊ ရှေး၌ဖြစ်ကုန်သော တမလွန်ဘဝသိ့ သွားလေကုန်သော မိဘ စသော သူတို့ကိုလည်း။
အာရမ္ဘ၊ ရည်မှတ်၍။
ဒါနံ၊ အလှူကို။
ဒဇ္ဇာ၊ ပေးရာ၏။
ဝတ္ထုဒေဝတာစ၊ အိမ်ရာ အစရှိသည်တို့၌ စောင့်ကုန်သော နတ်တို့ကိုလည်း။
အာရဗ္ဘ၊ ရည်မှတ်၍။
ဒါနံ၊ အလှူကို။
ဒဇ္ဇာ၊ ပေးရာ၏။
အထ ဝါ၊ ထိုမှ တပါးသော နတ်လူစသော အမှတ်မရှိကုန်သော သူတို့ကိုလည်း ။
အာရဗ္ဘ၊ ရည်မှတ်၍။
ဒါနံ၊ အလှိူု။
ဒဇ္ဇာ၊ ပေးရာ၏။
ဂဟပတိ၊ သူဋ္ဌေး။
ကုဝေရဉ္စ၊ ကုဝေရနတ်ကိုလည်းကောင်း။
ဓဋ္ဌရဋ္ဌဉ္စ၊ ဓဋ္ဌရဋ္ဌနတ်ကိုလည်းကောင်း။
ဝိရူပက္ခဉ္စ၊ ဝိရူပက္ခနတ်ကိုလည်း။
ဝိရူဠကဉ္စ၊ ဝိရူဠကနတ်ကို လည်းကောင်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးယောက်ကုန်သော။
လောကပါလေ၊ လောကကိုစောင့်ကုန်သော။
ယသဿိနေ၊ အခြံအရံနှင့် ပြည့်စုံကုန်သော။
မဟာရဇေဝ၊ နတ်မြင်း ကြီးတို့ကိုလည်း။
အာရဗ္ဘ၊ ရည်မှတ်၍။
ဒါနံ၊ အလှူူကို။
ဒဇ္ဇာ၊ ပေးရာ၏။
ဂဟပတိ၊ သူဋ္ဌေး။
ဒါယကေန၊ အမိအဘ အစရှိသော အမှတ်မရှိသော သူတို့ကိုရည်မှတ်၍ အလှူပေးတတ်သော သူသည်။
ဥဒ္ဒိဿနကိရိ ယာယ၊ ရည်မှတ်၍ ပြုခြင်းကြောင့်။
တေ စေဝ၊ ထိုအမိ အဘ အစရှိသော အမှတ်မရှိသော သူတို့ကိုလည်း။
ပူဇိတာ၊ ပူဇော် အပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒါယကာစ၊ ရည်မှတ်၍ ပေးလှူတတ်ကုန်သော သူတို့သည်လည်း။
ဥဒ္ဒိဿန မတ္တေန၊ ရည်မှတ် ကာမျှဖြင့်။
အနိပ္ဖလာ၊ အကျိုးမရှိသည် မဟုတ်ကုန်။
အတ္တနော၊ မိမိ၏။
ဒါနဖလဿ၊ ဒါန၏အကျိုး၏။
ဘာဂိနောတေ၊ အဘို့ကို ရခြင်းရှိကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဂဟပတိ၊ သူဋ္ဌေး။
ရုဏ္ဏံဝါ၊ မျက်ရည်ကို ဖြစ်ခြင်းကိုလည်း။
နဟိကာ တဗ္ဗံ၊ မပြုအပ်။
သောကော ဝါ၊ စိတ်၏ ပူပန်ခြင်းကိုလည်း။
နကာတဗ္ဗော၊ မပြုအပ်။
အညာ၊ မျက်ရည်ကို ဖြစ်စေခြင်း စိတ်မပူပန်ခြင်းမှ တပါးသော။
ယာစ ပရိဝေဒနာ၊ အကြင်အသံကို ဖြစ်စေတတ်သော မြည်တမ်းခြင်းသည်လည်း။
အတ္ထိ၊ ရှိ၏။
သာပိ၊ ထို ငိုမြည်တမ်းခြင်းကိုလည်း။
နကာတဗ္ဗာ၊ မပြုအပ်။
တံသဗ္ဗမ္ပိ၊ ထို အလုံးစုံသော မျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း ငိုမြည်တမ်းခြင်းသည်လည်း။
ပေတဿ၊ တမလွန်ဘဝသို့ ပြောင်းသွားသော သူ၏။
အတ္ထာယ၊ အကျိုးငှါ။
န ဟောတိ၊ မဖြစ်။
ဂဟပတိ၊ သူဋ္ဌေး။
အဝိန္ဒသုနော၊ ပညာမဲ့ကုန်သော။
ဉာတကာ၊ အဆွေအမျိုးတို့သည်။
ဧဝံ၊ ဤသို့ မျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း ငိုမြည်တမ်းခြင်းဖြင့်။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေသံ၊ ထိုအဆွေအမျိုးတို့အား။
အတ္တပရိတာပနမေဝ၊ ကိုယ်စိတ် ပင်ပန်းကာမျှသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဂဟပတိ၊ သူဋ္ဌေး။
ဒါယကေန၊ ဒါယကာသည်။
ဥဒ္ဒိသာ၊ ရည်မှတ်၍။
ဒိန္နာ၊ ပေးလှူအပ်သော။
သံဃမှိ၊ သံဃာတော်၌။
သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာ တည်စေအပ်သော။
အယဉ္စခေါ ဒက္ခိဏာ၊ ဤအလှူသည်သာလျှင်။
အဿပေတဿ၊ ထို တမလွန်ဘဝသို့ ပြောင်းသွားသော သူအား။
ဒိဃရတ္တံ၊ ရှည်ကြာစွာသော ကာလပတ်လုံး။
ဟိတာယ၊ အကျိုးငှါ။
ဟောတိ၊ ဖြစ်၏။
ဌာနသော တင်္ခဏေယေဝ၊ ထိုရည်မှန်၍ ပေးလှူသော ခဏ၌ပင်လျှင်။
ဥပကပ္ပတိ၊
နိပ္ပဇ္ဇတိ၊ အကျိုးဖြစ်၏။
စတုတ္ထံ၊ လေးခုမြောက်သော။
ပိဋ္ဌဓိဘလီကပေတဝတ္ထု၊ မုံ့မိန်းမရုပ်လျှင်အကြောင်းရှိသော ပြိတ္တာ၏အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
မဟာရာဇ၊ မင်းမြတ်။
တေ၊ ဒါယကာမင်းမြတ်၏။
ဉာတကာ၊ အဆွေအမျိုးဖြစ်ကုန် ပိတ္တာတို့သည်။
သကံဃရံ၊ မိမိတို့၏ အိမ်အိမ်ဟူသော အမှတ်ဖြင့် ဒါယကာမင်းမြတ်၏ အိမ်သို့။
အာဂန္တွာန၊ လာကုန်၍။
တိရောကုဋ္ဋေသုစ၊ နံရံ၏ တဖက်တို့၌လည်း။
တိဋ္ဌန္တိ၊ တည်ကုန်၏။
သန္ဓိသိင်္ဃာဋတေသုစ၊ အိမ်ခြံစပ်နံရံစပ်လေသွန်တံခါးစပ် ခရီးဆုံးတို့၌လည်း။
တိဋ္ဌန္တိ၊ တည်ကုန်၏။
ဒွါရဗာဟာသုစ၊ တံခါးအပေါင်းတို့၌လည်း။
တိဋ္ဌန္တိ၊ တည်ကုန်၏။
မဟာရာဇ၊ မင်းမြတ်။
ကေဟိစိမနုဿေတိ၊ အမိအဘ အစရှိကုန်သော အမှတ် မရှိသော လူတို့သည်။
ဗဟုတေ၊ များစွာသော အလိုအတိုင်းသုံးဆောင်အပ်သော။
အန္နပါနမှိ၊ ထမင်းအဖျော်ကို၎င်း။
ခဇ္ဇဘောဇ္ဇေ၊ ခဲဘွယ်လျက်ဘွယ်ကို၎င်း။
ဥပဋ္ဌိတေ၊ ကပ်၍ စီရင်အပ်သော်လည်း။
တေသံသတ္တာနံ၊ ထို ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့၏။
ကမ္မပစ္စယာ၊ မိမိ သည် ပြုအပ်သော အလှူမပေးခြင်း သူတပါးပေးလှူသည်ကို မြစ်တားခြင်းစသော အပြားရှိသော အကုသိုလ်ကံကြောင့်။
တေသတ္တေ၊ ထိုပြိတ္တာ ဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့ကို။
ကောစိ၊ အမိအဘအစရှိသော တစုံတယောက်သော သူသည်။
န သရတိ၊ မအောက်မေ့နိုင်။
မဟာရာဇ၊ မင်းမြတ်။
တေသံ သတ္တာနံ၊ ထို သတ္တဝါတို့၏။
ကမ္မပစ္စယာ၊ မိမိလည်း မပေးလှူခြင်း သူတပါးပေးလှူသည်ကိုလည်း မြစ်တားခြင်းစသော အပြားရှိသော အကုသိုလ်ကံကြောင့်။
ကေသုစိ၊ အမိအဘ အစရှိကုန်သော တစုံတယောက်သော သူတို့သည်။
အသရန္တေသုပိ၊ မအောက်မေ့နိုင်ကုန်သော်လည်း။
ထေဉာတကာ၊ အကြင် လူ့ဘုံ၌ဖြစ်ကုန်သော အမိအဘ အစရှိကုန်သော အဆွေအမျိုးတို့သည်။
ဧဝံ၊ ဤဒါယကာ မင်းမြတ်ကဲ့သိ့။
ဉာတီနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့အား။
အနုကမ္ပကာ၊ သနားတတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဉာတကာ၊ ထိုလူ့ဘုံ၌ဖြစ်ကုန်သော အမိအဘ အစရှိကုန်သော အဆွေအမျိုးတို့သည်။
ဣဒံဒေယျဓမ္မံ၊ ဤ ဆွမ်းအဖျော်အစရှီသော လှူဘွယ် ဝတ္ထုသည်။
ဉာတီနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့အား။
ဟောတု၊ ဖြစ်စေသတည်း။
ဉတယော၊ ပြိတ္တာဘုံ၌ဖြစ်ကနု်သော အဆွေအမျိုးတို့သည် ။
ဣဒံဖလံ၊ ဤဒါန၏ အကျိုးကို။
ပစ္စုနုဘောန္တာ၊ ခံစားကုန်လျက်။
သုခိတာ၊ ချမ်းသာခြင်း သို့ရောက်ကုန်သည်။
ဟောန္တို၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
ဥဒ္ဒိဿ၊ ရည်မှတ်ကုန်၍။
ဧဝံ၊ ဤဒါယကာ မင်းမြတ်ပေးလှူသကဲ့သို့။
ကာယေန၊ လျောက်ပတ်သော အခါ၌။
သုစိံ၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ။
ပဏီတံ၊ မွန်မြတ်ပြန်ပြောသော ။
ကပ္ပိယံ၊ သူတော်ကောင်းတို့အား ထိုက်လျောက်ပတ်သော။
ပါနဘောဇနံ၊ အဖျော်ဘောဇဉ် စသော လှူဘွယ်ဝတ္ထုကို။
ဒဒန္တိ၊ ပေးလှူကုန်၏။
သမာဂတာ၊ ကောင်းစွာလာကြကုန်သော။
တေစဉာတိပေတာ၊ ထိုဆွေမျိုးပြိတ္တာတို့သည်လည်း။
တတ္ထ၊ အကြင်အရပ်၌။
ဒါနံ၊ အလှူကို။
ဒီယတိ၊ ပေးအပ်၏။
တတ္ထ၊ ထိုအလှူပေးရာအရပ်သို့။
သမာဂန္တွာ၊ ကောင်းစွာ ထားကြကုန်၍။
ပဟုတေ၊ များစွာသေ.
အန္နပါနမှီ၊ ထမင်းအဖျော်၌။
သက္ကစ္စံ၊ ကောင်းမွန်စွာ။
အနုမောဒရေ၊ အနုမောဒရပြုကြကုန်၏။
ယေသံဉာတီနံ၊ အကြင်လူဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့၏။
ဟေတု၊ အကြောင်းကြောင့်။
ဣဒိသံသမ္ပတ္တိံ၊ ဤသို့ သဘောရှိသော စည်းစိမ် ချမ်းသာကို။
မယံ၊ ငါတို့သည်။
လဘာမသေ၊ ရကုန်၏။
ဥဒ္ဒိဿန္တေဟိ၊ ရည်မှတ်၍ ပေးလှူတတ်ကုန်သော။
ဒါယကေဟိ၊ ဒါယကာတို့သည်။
အမှာကဉ္စ၊ ငါတို့အားတည်း။
ပူဇာ၊ ပူဇော်ခြင်းကို။
ကတာ၊ ပြုအပ်၏။
ဒါယကာစ၊ ပေးလှူတတ်ကုန်သော မိမိတို့သည်လည်း။
အနိပ္ဖလာ၊ အကျိုးရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နော၊ ငါတို့၏။
တေဉာတီ၊ ထိုလူ့ဘုံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့သည်။
စိရံစိရကာလံ၊ ကြာမြင့်စွာ သောကာလပတ်လုံး။
ဇီဝန္တု၊ အသက်ရှည်စေကုန်သည်သတည်း။
ဣတိ၊ ဤသို့။
သောမေန္တိ၊ ချီးမွမ်းကုန်၏။
မဟာရာဇ၊ မင်းမြတ်။
ပေတာ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်။
ယံကသိံ၊ အကြင်လယ်လုပ်ခြင်းကို။
နိဿာယ၊ မှီကုန်၍။
သုခေန၊ ချမ်းသာသဖြင့်။
ဇီဝေယျုံ၊ အသက်မွေးကုန်ရာ၏။
သာကတိ၊ ထိုလယ်လုပ်ြခင်းသည်။
တတ္ထ၊ ထို ပြိတ္တာဘုံ၌။
နဟိအတ္ထိ၊ မရှိ။
သာဂေါရက္ခာ၊ ထို စောင့်ရှောက်ခြင်းသည်လည်း။
ဧတ္ထ၊ ဤပြိတ္တာဘုံ၌။
န ဝိဇ္ဇတိ၊ မရှိ။
ယာဝါဏိဇ္ဇာ၊ အကြင်ကုန်သွယ်ခြင်းသည်။
တေသံ၊ ထို ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့၏။
သမ္ပတ္တိပဋိသသာဟေတု၊ စည်းစိမ်ချမ်းသာကို ရခြင်း၏ အကြောင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
တာဒိသီ၊ ထိုသို့သဘောရှိသော။
ဝါဏိစ္စာ၊ ကုန်သွယ်ခြင်းသည်။
တတ္ထ၊ ထို ပြိတ္တာဘုံ၌။
နတ္ထိ၊ မရှိ။
ဟိရညေန၊ ရွှေငွေဖြင့်။
ယံကယာကယံ၊ အကြင် ရောင်းဝယ်ခြင်းသည်။
နေသံ၊ ထို ပြိတ္တာတို့အား ။
သမ္ပတ္တိပဋိသာသဟေတု၊ စည်းစိမ်းချမ်းသာကို ရခြင်း၏ အကြောင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ဘာဒိသံ၊ ထိုသို့သဘောရှိသော။
ဟိရညေန၊ ရွှေငွေဖြင့်။
ကာယကယံ၊ ရောင်းဝယ်ခြင်းသည်။
တတ္ထ၊ ထို ပြိတ္တာဘုံ၌။
နတ္ထိ၊ မရှိ။
ဣတော၊ ဤလူ့ပြည်မှ။
ဉာတီတိဝါ၊ အဆွေအမျိုးတို့သည်လည်းကောင်း။
မိတ္တာပစ္စေဟိဝါ၊ အဆွေခင်ပွန်းအကျွမ်းဝင်ကုန်သော သူတို့သည်လည်းကောင်း။
ဒိန္နေန၊ ရည်မှန်၍ ပေးလှူအပ်သော ဒါန၏ အကျိုးဖြင့်။
ကာလင်္ကတာ၊ သေခြင်းသို့ရောက်ကုန်သော။
ပေတာ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်။
တဟိံ၊ ထိုပြိတ္တာဘုံ၌။
ယာပေန္တိ၊ မျှရကုန်၏။
မဟာရာဇ၊ မင်းမြတ်။
ဥန္နပေ၊ ကုန်းမြင့်ရာအရပ်၌။
ဝုဋ္ဌံ၊ ကောင်းကင်မှ ယိုစီးသော။
ဥဒကံ၊ ရိဃ်းရေသည်။
နိန္နံ၊ နိမ့်ရှိုင်းချိုင့်ရာ အရပ်သို့။
ပပတ္တိတိယထာ၊ စီးသွားလေသကဲ့သို့။
ဧဝမေဝဧဝံတထာ၊ ထို့အတူ။
ဣတော၊ ဤလူ့ပြည်မှ ။
ဒိန္နံ၊ အဆွေအမျိုးအဆွေအခင်ပွန်း အကျွမ်းဝင်ကုန်သော သူတို့သည် ရည်မှန်၍ ပေးလှူအပ်သော အလှူ၏ အကျိုးသည်။
ပေတာနံ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့အား။
ဥပကပ္ပဘိနိပ္ပဇ္ဇတိ၊ ဖြစ်၏။
ဝါရိဝဟာ၊ ချောင်းငယ်မြင်းငယ်တို့သည်။
ပူရာ၊ ရေဖြင့် ပြည်ကုန်သည်ဖြစ်၍။
သာဂရံ၊ သမုဒ္ဒရာကို။
ပူရေန္တိယထာ၊ ပြည့်စေကုန်သကဲ့သို့။
ဧဝမေဝဧဝံတထာ၊ ထို့အတူ။
ဣတော၊ ဤလူ့ပြည်မှ။
ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။
ပေတာနံ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့အား။
ဥပကပ္ပတိ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။
အယံ၊ ဤသူသည်။
မေ၊ ငါ့အား။
ဣဒံနာမဓနံ၊ ဤမည်သော ဥစ္စာကို။
အဒါသိ၊ ပေးလှူပြီ။
ဣတိစ၊ ဤသို့လည်းကောင်း။
အယံ၊ ဤသူသည်။
မေ၊ ငါ၏။
ဣဒံနာမဏိစ္စံ၊ ဤမည်သော အမှုကိစ္စကို။
အကာသိ၊ ပြုဘူး၏။
ဣတိစ၊ ဤသို့လည်းကောင်း။
အယံ၊ ဤသူသည်။
မေ၊ ငါ၏။
ဉာတိ၊ အမိအဘမှ စပ်သော အဆွေအမျိုးတည်း။
ဣတိစ၊ ဤသည်လည်းကောင်း။
အယံ၊ ဤသူသည်။
မေ၊ ငါ၏။
မိတ္တာ၊ ချစ်မြတ်နိုးအပ်သော အဆွေခင်ပွန်းတည်း။
ဣတိစ၊ ဤသို့လည်းကောင်း။
အယံ၊ ဤသူသည်။
မေ၊ ငါ၏။
သခါ၊ ငယ်ကျွမ်းဖြစ်သော ခင်ပွန်းတည်း။
ဣတိစ၊ ဤသို့လည်းကောင်း။
ပုဗ္ဗေ၊ ရှေး၌။
ကတံ၊ ပြုအပ်သော။
ဧတံသဗ္ဗံ၊ ထိုအလုံးစုံကို။
အနုဿရံအနုဿရန္တော၊ အောက်မေ့သော။
ကုလပုတ္တော၊ အမျိုးသားသည်။
ပေတာနံ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့အား။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
ဒက္ခိဏဲံ၊ အလှူကို။
ဒဇ္ဇာ၊ ပေးရာ၏။
မဟာရာဇ၊ မင်းမြတ်။
ရုဏ္ဏံဝါ၊ မျက်ရည်ကို ဖြစ်စေခြင်းကို လည်း။
နဟိကာတဗ္ဗံ၊ မပြုအပ်။
သောကောဝါ၊ စိတ်၏ ပူပန်ခြင်းကိုလည်း။
နကာတဗ္ဗော၊ မပြုအပ်။
အညာ၊ မျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း တပါးသော။
ယာစပရိဒေဝနာ၊ အကြင်အသံကို ဖြစ်စေ၍ ငိုမြည်တမ်းခြင်းသည်လည်း။
အတ္ထိ၊ ရှိ၏။
သာပိ၊ ထို ငိုမြည်တမ်းခြင်းကိုလည်း။
နကာတဗ္ဗော၊ မပြုအပ်။
တံသဗ္ဗံ၊ ထိုမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်းငိုမြည်တမ်းခြင်းဟု ဆိုအပ်သော အလုံးစုံသည်။
ပေတဿ၊ တမလွန်ဘဝသို့ ပြောင်းသွားသော သတ္တဝါ၏။
အတ္ထာယ၊ အကျိုးငှါ။
နဟောတိ၊ မဖြစ်။
မဟာရာဇ၊ မင်းမြတ်။
အဝိန္နသုနော၊ ပညာအဆင်အခြင် မရှိကုန်သော။
ဉာတယော၊ အဆွေအမျိုးတို့သည်။
ဧဝံ၊ ဤမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း ငိုမြည်တမ်းခြင်းဖြင့်။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေသံ၊ ထိုအဆွေမျိုးတို့အား။
အတ္တပရိတာပနမေဝ၊ ကိုယ်စိတ်၏ ပင်ပန်းကာမျှသာလျှင်။
ဟောတိ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။
တယာ၊ သင်ဒါယကာ မင်းမြတ်သည်။
ပေတေ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့ကို။
ဥဒ္ဒိဿ၊ ရည်မှတ်၍။
ဒိန္နာ၊ ပေးလှူအပ်သော။
သံဃမှိ၊ သံဃာတော်၌။
သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်စေအပ်သော။
အယဉ္စခေါဒက္ခိဏာ၊ ဤအလှူသည်သာလျှင်။
အဿပေတဿ၊ ထို ပြိတ္တာဘုံ၌ဖြစ်သော သတ္တဝါအား။
ဒိဃရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။
အတ္ထာယ၊ အကျိုးငှါ။
ဟောတိ၊ ဖြစ်၏။
ဌာနသောတင်္ခဏေယေဝ၊ ထိုရည်မှတ်၍ ပေးလှူသော ခဏ၌ပင်လျှင်။
ဥပကပ္ပတိနိပ္ပဇ္ဇတိ၊ အကျိုးပြီး၏။
မဟာရာဇ၊ မြင်းမြတ်။
ဒက္ခိဏာ၊ အလှူကို။
ဒိန္နေ၊ ရည်မှတ်၍ပေးလှူအပ်သော။
တယာ၊ သင်ဒါယကာ မင်းမြတ်သည်။
ဉာတီနံ၊ အဆွေအမျိုးတို့အား။
ဉာတီဟိ၊ အဆွေအမျိုးတို့သည်။
ကတ္တဗ္ဗကိစ္စကရဏေန၊ ပြုအပ်သော ကိစ္စကို ပြုခြင်းကြောင့်။
သောအယံဉာတိ ဓမ္မော၊ ထို အဆွေအမျိုးတို့ ပြုအပ်သော တရားသည်လည်း။
နိဒဿိတောစ၊ လူအများအပေါင်းအားညွှန်ပြအပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
တေပေတေ၊ ထို ပြိတ္တာတို့ကို။
ဒိဗ္ဗသမ္ပတ္တိ အဓိဂမနေန၊ နတ်၌ဖြစ်သော စည်းစိမ်းချမ်းသာကို ရစေခြင်းကြောင့်။
ပေတာနံ၊ ပြိတ္တာတို့အား။
ဥဠာရာ၊ များစွာသော။
ပူဇာ၊ ပူဇော်ခြင်းကို။
ကတာစ၊ ပြုအပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဗုဒ္ဓပ္ပရခံ၊ ဘုရားအမှူးရှိသော။
ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။
အန္နပါနာဒီဟိ၊ ဆွမ်းအဖျော်အစရှိသည်တို့ဖြင့်။
သန္တပ္ပန္တေန၊ ကောင်းစွာရောင့်ရဲစေခြင်းကြောင့်။
ဘိက္ခူနံ၊ ရဟန်းတို့အား။
ဗလံ၊ အားကို။
အနုပ္ပဒိန္နံစ၊ ပေးအပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
အနူကမ္ပာဒိဂုဏပရိဝါရိတံ၊ သနားခြင်း အစရှိသော ဂုဏ်သည်ခြံရံအပ်သော။
စာဂစေတနံ၊ စွန့်ကြံခြင်းစေတနာကို။
နိဗ္ဗတ္တေန္တေန၊ ဖြစ်စေခြင်းကြောင့်။
တုမှေဟိ၊ သင်တို့သည်။
အနပ္ပကံ၊ များစွာသော ။
ပုညံ၊ ကောင်းမှုကို။
ပသုဘဉ္စ၊ ဆည်းဘူးဆပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အဘာသိ၊ ဟောတော်မူ၏။
ပဉ္စမံ၊ ငါးခုမြောက်သော။
တိရောကုဋ္ဋပေတဝတ္ထု၊ နံရံ၏တဖက်ဖြစ်သော ပြိတ္တာတို့၏ အကြောင်းသ်ည။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဘောတိဣတ္ထိ၊ အိုမိန်းမ။
တွံ၊ သင့်သည်။
နဂ္ဂါ၊ အဝတ်မရှိသည်။
အသိ၊ ဖြစ်၏။
ဒုဗ္ဗဏ္ဏရူပါ၊ အဆင်းမလှသည်လည်း။
အသိ၊ ဖြစ်၏။
ဒုဂ္ဂန္ဓါ၊ မကောင်းသော အနံ့ရှိသည်လည်း။
အသိ၊ ဖြစ်၏။
တဝ၊ သင်၏။
သရီရတော၊ ကိုယ်မှ။
ပူတိ၊ ပုပ်သော အနံ့သည်။
ဝါယတိ၊ လှိုင်၏။
မက္ခိကာဟိ၊ ထင်မဲယင်တို့ဖြင့်။
ပရိကိဏ္ဏာ၊ ထက်ဝန်းကျင် ပြွမ်းသည်လည်း။
အသိ၊ ဖြစ်၏။
ကာနု၊ အဘယ်အမည်ရှိသော။
တွံ၊ သင်သည်။
ဣဓ၊ ဤအရပ်၌။
တိဋ္ဌတိ၊ တည်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အဟံ၊ အကျွန်ုပ်သည်။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိဘုံသို့ ရောက်သော ။
ယမလောကိကာ၊ ယမလောက၌ အကျုံးဝင်သဖြင့် သိအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သော။
ပေတီ၊ ပြိတ္တာမသည်။
အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အဟံ၊ အကျွန်ုပ်သည်။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်းအကြောင်း ဖြစ်သော မကောင်းမှုကံကို။
ကရိတွာန၊ ပြုမိ၍။
ဣတော၊ ဤလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ဖြစ်၏။
ကာလေန၊ နံနက်အခါ၌။
ပဉ္စပုတ္တာနိပဉ္စပုတ္တေ၊ ငါးယောက်သော သားတို့ကို။
ဝိဇာယိတွာန၊ ဖွားပြီး၍။
ခါဒါမိ၊ စားရ၏။
သာယံ၊ ညနေချမ်းအခါ၌။
ပုန၊ တဘန်။
အပရေ၊ တပါးကုန်သော။
ပဉ္စပုတ္တေ၊ ငါးယောက်သော သားတို့ကို။
ဝိဇာယိတွာန၊ ဖွားပြီး၍။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
ဧကဒိဝသံ၊ တနေ့တနေ့၌။
တေဝိဒသပုတ္တာ၊ ထိုတကျိပ်သော သားတို့သည်လည်း။
မေ၊ အကျွန်ုပ်၏။
ခုဒ္ဒါ၊ ငတ်မွတ်ဆာလောင်ခြင်းကို။
ပဋိဃာတာယ၊ ဖျောက်ခြင်းငှါ။
အလံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်။
န ဟောန္တိ၊ မဖြစ်ကုန်။
ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းသည်။
ပ္ပဗာဓိသမာနာယ၊ နှပ်စက်အပ်သော။
မမ၊ အကျွနိုပ်၏။
ဟဒယံ၊ နှလုံးသည်။
ပရိဒယှတိ၊ ထက်ဝန်းကျင်မှ ပူလောင်၏။
ဓုမာယတိ၊ အခိုးထွက်သကဲ့သို့ ဖြစ်၏။
ပိပါသာဘိဘူတာ၊ ရေမွတ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍။
တတ္ထ တတ္ထ၊ ထိုထိုသို့သော အရပ်၌။
ဝိစရန္တီ၊ သွားလာသော။
အဟံ၊ အကျွန်ုပ်သည်။
ပါနီယံ၊ သောက်ရေကို။
ပါတုံ၊ သောက်ခြင်းငှါ။
န လဘေ၊ မရ။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
ဣဒိသံ၊ ဤသို့သဘောရှိသော။
ဗျသနံ၊ ပျက်စီးခြင်းသို့။
ဂတံ၊ ရောက်သော။
မံ၊ အကျွန်ကို။
တွံ၊ အရှင်ဘုရားသည်။
ပဿ၊ ရှုတော်မူလော။
ဘောတိဣတ္ထိ၊ အိုမိန်းမ။
ကိံနု၊ အသို့နည်း။
တယာ၊ သင်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကတံ၊ ပြုအပ်သလော။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကတံ၊ ပြုအပ်သလော။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကထံ၊ ပြုအပ်သလော။
ဘောတိဣတ္ထိ၊ အိုမိန်းမ။
ကိဿကမ္မ ဝိပါကေန၊ အဘယ်သို့သ ဘော ရှိသော အကုသိုလ်ကံ၏ အကျိုးအားဖြင့်။
တွံ၊ သင်သည်။
ပုတ္တမံသာနိ၊ သား တို့၏ အသားတို့ကို။
ခါဒသိ၊ စားရသနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
ပုဗ္ဗေ၊ ရှေးဘဝ၌။
မေမယာ၊ အကျွန်ုပ်နှင့်။
သပတိ၊ လင်တူဖြစ်သော။
ဣတ္ထီ၊ မိန်းမသည်။
ဂဗ္ဘိနီ၊ ကိုယ်ဝန်ရှိသည်။
အာသိ၊ ဖြစ်၏။
သာဟံ၊ ထိုအကျွနိုပ်သည်။
တဿာ၊ ထို မိန်းမငယ်အစား။
ပါပံ၊ မကောင်းသော အကြံကို။
အစေတယိံ၊ ကြံမိ၏။
ပဒုဋ္ဌမာနဿာ၊ ပြစ်မှားလိုသော စိတ်ဖြင့်။
ဂဗ္ဘပါဘနံ၊ ကိုယ်ဝန်ချခြင်းကို။
အကရိံ၊ ပြုမိ၏။
တဿာ၊ ထို မိန်းမငယ်၏။
ဒွေမာသိကော၊ နှစ်လရှိသော။
ဂဗ္ဘော၊ ကိုယ်ဝန်သည်။
လောဟိတဉ္စေဝ၊ သွေးသာလျှင်။
ဟုတွာ၊ ဖြစ်၍။
ပဂ္ဃရိ၊ လို၏။
ဘဒ္ဒန္တေ၊ အ ရှင်ကောင်း။
တဒါ၊ ထိုအခါ၌။
အဿ အဿာ၊ ထိုမိန်းမငယ်၏။
မာတာ၊ အမိသည်။
မယှံ၊ အကျွန်ုပ်အား။
ကုပ္ပိတာ၊ အမျက်ထွက်သည် ဖြစ်၍။
ဉာတီ၊ အဆွေအမျိုးတို့ကို။
သမာနယိ၊ ပေါင်းစု၏။
မံ၊ အကျွန်ုပ်ကို။
သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။
အကာရသိ၊ ပြုစေ၏။
မံ၊ ငါ့ကို။
ပရိဘာသပယိစ၊ ဘေးဖြင့်လည်း ကြောက်စေ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။
သာဟံ၊ ထိုငါသည်။
ဧတံ ဂဗ္ဘပါတနံ၊ ထိုကိုယ်ဝန်ကိုချခြင်ကို။
မယာ၊ ငါသည်။
သစေဝကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။
ပုတ္တမံသာနိ၊ သား၏ အသားတို့ကို။
ခါဒါမိ၊ စားရသည်ဖြစ်လို၏။
ဣတိ၊ ဤသို့။
ဃောရံ၊ ကြောင့်လန့်ဘွယ်သော။
သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။
အဘရိံ၊ ပြုမိ၏။
မုသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။
အဘာသိသံ၊ ဆိုမိ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
တဿကမ္မဿ၊ ထိုကိုယ်ဝန်ချခြင်း၏ အစွမ်းဖြင့်ဖြစ်သော ပါဏာတိပါတကံ၏ လည်းကောင်း။
ရသာဝါဒသာစ၊ မုသာဝါဒကံ၏ လည်းကောင်း။
ဥဘယာဿကမ္မဿ၊ နှစ်ပါးသော ကုသိုလ်ကံ၏။
ဥဘယံဥဘယေန၊ နှစ်ပါးသော။
ဝိပါကံဝိပါကေန၊ အကျိုးအားဖြင့်။
ပုဗ္ဗလောဟိတမက္ခိတာ၊ ပြည့်သွေးအလိမ်းအလိမ်းကပ်သည်။
ဟုတွာ၊ ဖြစ်၍။
ပုတ္တမံသာနိ၊ သား၏ အသားတို့ကို။
ခါဒါမိ၊ စားရ၏။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။
ပဉ္စပုတ္တခါဒိတပေတိဝတ္ထု၊ ငါးယောက်သော သာတို့၏ အသားကို စားရသော ပြိတ္တာမ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဘောတိ ဣတ္ထိ၊ အိုမိန်းမ။
တွံ၊ သင်သည်။
နဂ္ဂါ၊ အဝတ်မရှိသည်။
အသိ၊ ဖြစ်၏။
ဒုဗ္ဗဏ္ဏာရူပါ၊ အဆင်းမလှသည်။
အသိ၊ ဖြစ်၍။
ဒုဂ္ဂန္ဓါ၊ မကောင်းသော အနံ့ရှိသည်လည်း။
အသိ၊ ဖြစ်၏။
တဝ၊ သင်၏။
သရီရတော၊ ကိုယ်မှ။
ပူတိ၊ ပု်ပသော အနံ့သည်။
ဝါယတိ၊ လှိုင်၏။
မက္ခိကာဟိ၊ ယင်တို့ဖြင့်။
ပရိကိဏ္ဏာ၊ ထက်ဝန်းကျင် ပြွမ်းသည်လည်း ။
အသိ၊ ဖြစ်၏။
ကာနု၊ အဘယ်မည်သော ။
တွံ၊ သင်သည်။
ဣဓ၊ ဤအရပ်၌။
တိဋ္ဌသိ၊ တည်သနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အသံ၊ အကျွန်ုပ်သည်။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိဘုံ၌ အကျုံဝင်သော။
ယမလောကိကာ၊ ယမမင်း၏ နိုင်ငံ၌ အကျုံးဝင်သဖြင့် မှတ်အပ်သော ပြိတ္တာဘုံ၌ အကျုံဝင်သော။
ပေတီ၊ ပြိတ္တာမသည်။
အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အဟံ၊ အကျွန်ုပ်သည်။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်း မကောင်းမှုကံကို။
ကရိတွာန၊ ပြုမိသောကြောင့်။
ဣတော၊ ဤလူ့ထံမှ။
ပေထလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ဖြစ်၏။
ကာလေန၊ နံနက်အခါ၌။
သတ္တပုတ္တနိသတ္တပုတ္တေ၊ ခုနစ်ယောက်သော သားတို့ကို။
ဝိဇာယိတွာန၊ ဖွားပြီး၍။
ခါဒါမိ၊ စားရ၏။
သာယံ၊ ညချမ်းအခါ၌။
ပုန၊ တဖန်။
အပရေ၊ တပါးကုန်သော။
သတ္တပုတ္တေ၊ ခုနစ်ယောက်သော သားတို့ကို။
ဝိဇာယိတွာန၊ ဖွားပြီး၍။
ခါဒါမိ၊ စားရ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။
ဧကဒိဝသံ၊ တနေ့တနေ့၌။
တေပိ စုဒ္ဒသပုတ္တာ၊ ထိုတကျိပ်လေးယောက်ကုန်သော သားတို့သည်လည်း။
မေ၊ အကျွန်ုပ်၏။
ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းကို။
ပဋိဃာတာယ၊ ဖျောက်ခြင်းငှါ။
အလံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်။
နဟောန္တိ၊ မဖြစ်ကုန်။
ခုဒ္ဒါယ၊ ငတ်မွတ်ဆာလောင်ခြင်းသည်။
ဗာဓိယမာနာယ၊ နှပ်စက်အပ်သော။
မမ၊ အကျွန်ုပ်၏။
ဟဒယံ၊ နှထုံးသည်။
ပရိဍယှတိ၊ ထက်ဝန်းကျင်မှ ပူလောင်၏။
ဓူမာယတိ၊ အခိုးထွက်သကဲ့သို့ဖြစ်၏။
အာတာပေ၊ ပြင်းစွာသော နေပူ၌။
အဂ္ဂိဒဍ္ဎော၊ မိးသည်လောင်းအပ်သော ဝတ္ထုသည်။
နိဗ္ဗုတိံ၊ ငြိမ်းခြင်းကို။
နာဂိဂစ္ဆတိဣဝ၊ မရသကဲ့သို့။
အဟံ၊ အကျွန်ုပ်သည်။
နိဗ္ဗုတိံ၊ ငတ်မွတ်ဆာလောင်ခြင်း ဆင်းရဲခြင်း၏ ငြိမ်းခြင်းကို။
နာဓိဂစ္ဆာမိ၊ မရပါ။
ဘောဣတ္ထိ၊ အိုမိန်းမ။
ကိံနု၊ အသို့နည်း။
တယာ၊ သင်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကထံ၊ ပြုအပ်သလော။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကတံ၊ ပြုအပ်သော။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ မကောင်းသော အမှုအကျင့်ကို။
ကတံ၊ ပြုအပ်သလော။
ဘောဣတ္ထိ၊ အိုမိန်းမ။
ကိဿကမ္မဝိပါကေန၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံ၏ အကျိုးအားဖြင့်။
တွံ၊ သင်သည်။
ပုတ္တမံသာနိ၊ သားတို့၏ အသားတို့ကို။
ခါဒသိ၊ စားရသတည်း။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
ပုဗ္ဗေ၊ ရှေးဘဝ၌။
မယှံ၊ အကျွန်ုပ်အား။
ဒုဝေ၊ နှစ်ယောက်ုန်သော။
ပုတ္တာ၊ သားတို့သည်။
အဟု၊ ရှိကုန်ၑ။
ဥဘော၊ နှစ်ယောက်ကုန်သော။
တေပုတ္တာ၊ ထိုသားတို့သည်။
သမ္ပတ္တယောဗ္ဗနံ၊ ရောသော အရွယ်ရှိကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
သာဟံ၊ ထိုအကျွန်ပ်သည်။
ပုတ္တဗလူပေတာ၊ သားတည်းဟူသော အားနှင့်ပြည့်စုံသည်ဖြစ်၍။
သာမိကံ၊ ထင်ကို။
အတိမညိသံ၊ မထီမဲ့မြင် ပြုမိ၏။
ဘဒ္ဒန္တော၊ အရှင်ကောင်း။
တတော၊ ထိုမထီမဲ့မြင် ပြုခြင်းကြောင့်။
မေ၊ အကျွန်ုပ်၏။
သာမိကော၊ ထင်သည်။
ကုဒ္ဓေါ၊ အမျက်ထွက်သည်ဖြစ်၍။
မယှံ၊ အကျွန်ုပ်နှင့်။
သပတိံ၊ ထင်တူသည်ကို။
ကတွာ၊ ပြု၍။
ဣတ္ထိံ၊ မိန်းမကို။
အာနယိ၊ ဆောင်၏။
သာစ၊ ထို မယားငယ်ဖြစ်သော မိန်းမသည်လည်း။
ဂဗ္ဘံ၊ ကိုယ်ဝန်ကို။
အလဘိတ္ထ၊ ရ၏။
သာဟံ၊ ထိုအကျွန်ုပ်သည်။
ဂဗ္ဘံ၊ ကိုယ်ဝန်ကို။
အလဘိတ္ထ၊ ရ၏။
သာဟံ၊ ထိုအကျွန်ုပ်သည်။
တဿာ၊ ထိုမယားငယ်ဖြစ်သော မိန်းမအား။
ပါပံ၊ မကောင်းသော အကြံကို။
အစေတယိံ၊ ကြံမိ၏။
ပဒုဋ္ဌမာနသာ၊ ပျက်စီးလိုသော စိတ်ဖြင့်။
ဂဗ္ဘပါတနံ၊ ကိုယ်ဝန်ကိုချခြင်းကို။
အကရိ၊ ပြုမိ၏။
တဿာ၊ ထို မယားငယ် ဖြစ်သော မိန်းမ၏။
တေမာသိကော၊ သုံးလရှိသော။
ဂဗ္ဘော၊ ကိုယ်ဝန်သည်။
ပုဗ္ဗလောဟိတကော၊ ပြည့်သွေးသည်။
ပတိ၊ ကျ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
တဒါ၊ ထိုအခါ၌။
အဿာ၊ ထို မယားငယ် မိန်းမ၏။
မာတာ၊ အမိသည်။
မယှံ၊ အကျွန်ုပ်အား။
ကုပိတာ၊ အမျက်ထွက်သည်ဖြစ်၍။
ဉာတီ၊ အဆွေအမျိုးတို့ကို။
သမာနယိ၊ ပေါင်းစု၏။
မံ၊ အကျွန်ုပ်ကို။
သပထဉ္စ၊ ကျိန်ခြင်းကိုလည်း။
အကာရေသိ၊ ပြုစေ၏။
မံ၊ ငါ့ကို။
ပရိဘာသာပယိစ၊ ဘေးဖြင့်လည်း ခြိမ်းခြောက်၏။
သာအဟံ၊ ထိုအကျွန်ုပ်သည်။
ဧတံဂဗ္ဘာပါတနံ၊ ထို ကိုယ်ဝန်ချခြင်းကို။
မယာ၊ အကျွန်ုပ်သည်။
စေပကထံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။
ပုတ္တမံဿနိ၊ သားတို့၏ အသားတို့ကို။
ခါဒါမိ၊ စားရလို၏။
ဣတိ၊ ဤသို့။
ဃောရံ၊ ကြောက်လန့်ဘွယ်သော။
သပထဉ္စ၊ ကျိန်ခြင်းကိုလည်း။
အကရိံ၊ ပြုမိ၏။
ရသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။
အဘာသိသံ၊ ဆိုမိ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
တဿကမ္မဿ၊ ထိုထို ဝန်ချခြင်းဟု ဆိုအပ်သော။
ပါဏာတိပါတ၊ အကုသိုလ်ကံ၏ လည်းကောင်း။
မုသာဝါဒဿစ၊ မုသာဝါဒ၏လည်းကောင်း။
ဥဘယဿ၊ နှစ်ပါးစုံသော။
ကမ္မဿ၊ အကုသိုလ်ကံ၏။
ဥဘယံ ဥဘယေန၊ နှစ်ပါးသော။
ဝိပါကံ ဝိပါကေန၊ အကျိုးအားဖြင့်။
အဟံ၊ အကျွန်ုပ်သည်။
ပုဗ္ဗလောဟိတမက္ခိတာ၊ ပြည်သွေးအလိမ်းအလိမ်းကပ်သည်ဖြစ်၍။
ပုတ္တမံ သာနိ၊ သား၏ အသားတိ့ကို။
ခါဒါမိ၊ စားရ၏။
ဣတိ၊ ဤသို့။
အဘာသိ၊ ရွတ်ဆို၏။
သတ္တမံ၊ ခုနစ်ခုမြောက်သော။
သတ္တဝုတ္တခါပေတိဝတ္ထု၊ ခုနစ်ယောက်သော သားတို့၏ အသားစားသောပြိတ္တာမ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
ထာတသုဇာတ၊ ချစ်သား သုဇာတ။
ကိံနု၊ အဘယ့်ကြောင့်။
တွံ၊ သင်သည်။
ဥမ္မတ္တရူပေါဝ၊ ရူးသော သဘောရှိသကဲ့သို့။
ဟရိတံ၊ စိမ်းသော။
တိဏံ၊ မြက်ကို။
လာယိတွာ၊ ရိပ်၍။
ဂတသတ္တံ၊ ကင်းသော ဇီဝိတိန္ဒြေရှိသော။
ဇရဂ္ဂဝံ၊ နွားအိုကို။
ခါဒ၊ ခဲလော့။
ဣတိ၊ ဤသို့။
လပသိ၊ ဆိုသိသနည်း။
တာတသုဇာတ၊ ချစ်သား သုဇာတ။
တယာ၊ သင်သည်။
ဒိန္နေန၊ ပေးအပ်သော။
အန္နေနဝါ၊ မြက်ဖြင့် လည်းကောင်း။
ပါနေနဝါ၊ ရေဖြင့်လည်းကောင်း။
မတော၊ သေပြီးသော။
ဂေါဏော၊ နွားသည်။
လဒ္ဓဇီဝိတော၊ ရအပ်သော ဇီဝိန္ဒြေ ရှိသည်ဖြစ်၍။
န တိသရဋ္ဌတေ၊ မထရာ ။
တာတသုဇာတ၊ ချစ်သားသုဇာတ။
အညော၊ သင်မှတပါးသော။
ဒုမ္မတိ၊ ပညာမရှိသော သူသည်။
ဝိထပေယျ၊ ဆိုမြည်သကဲံသို့။
ဧတံတထာ၊ ထို့အတူ။
တွံ၊ သင်သည်။
နိရတ္ထကံ၊ အကျိုးမရှိသော ဆိုမြည်ခြင်းကို ။
ဝိလပသိ၊ ဆိုမြည်ဘိ၏။
တွံ၊ သင်သည်။
ဗာလောစ၊ ရိက်သည်လည်း။
အသိ၊ ဖြစ်၏။
ဒုမ္မေဓောစ၊ ပညာမရှိသည်လည်း။
အသိ၊ ဖြစ်၏။
တာတ၊ သခင်။
ဣမဿဂေါဏဿ၊ ဤနွား၏။
ဣမေပါဒါ၊ ဤခြေလေးချောင်း တို့သည်လည်းကောငး်။
ဣဒံသီသံ၊ ဤဥက္ခေါင်းသည်လည်းကောင်း။
သဝါလဓိ၊ အမြီးနှင့်တကွဖြစ်သော။
အယံကာယော၊ ဤကိုယ်သည် လည်းကောင်း။
ဣမေ နေတ္တာ၊ ဤမျက်စိတို့သည်လည်းကောင်း။
ပုဗ္ဗေ၊ မသေမီ ရှေးအတို့ဖြစ်သော ကာလ၌။
တိဋ္ဌန္တိယထာ၊ တည်ကုန်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။
တိဋ္ဌန္တိ၊ တည်ကုန်၏။
ဣမသ္မာကာရဏာ၊ ဤသို့တည်ခြင်း တည်းဟေူသော အကြောင်းကြောင့်။
အယံဂေါဏော၊ ဤနွားသည်။
သရဋ္ဌတေသရ ဋ္ဌတေယျ၊ ထရာ၏
ဣတိ၊ အသို့။
မမ၊ အကျွန်ုပ်၏။
စိတ္တံ၊ စိတ်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
တာတ၊ သခြင်။
မယှံ၊ အကျွန်ုပ်၏။
အယျကဿ၊ အတိုး၏။
ဟတ္တပါဒါ၊ လက် ခြေတို့သည်လည်းကောင်း။
ကာယော၊ ကိုယ်သည်လည်းကောင်း။
သီသံ၊ ဥက္ခေါင်း သည်၎င်း။
နဒိဿတိ၊ မထင်။
အထ၊ ထိုသို့မထင်ဘဲလျက်။
မတ္တိကထူပသ္မိံ၊ အရိုးစုတည်ရာ ပြာပုံ၌။
ရုဒံရုဒန္တော၊ ငိုမြည်တမ်းသော။
တွံယေဝ၊ သင်သခင်သည်သာလျှင်။
သတဂုဏေန၊ အဆအရာဖြင့်လည်းကောင်း။
သဟဿဂုဏေန၊ အဆအထောင်ဖြင့် လည်းကောငး။
ဒုမ္မတိနူန၊ ပညာမရှိကုန်သည် မဟုတ်လော့။
တေနကာရဏေန၊ ထိုသို့ တည်ခြင်းကြောင့်။
အယံဂေါဏော၊ ဤနွားသည်။
သဟသာယိကာယ၊ အနိုင်အထက် ထူထောင်သဖြင့်။
သမုဋ္ဌတေ၊ ထရာ၏။
ဣတိ၊ ဤသို့။
အဩံ၊ အကျွန်ုပ်သည်။
မညေ၊ အောက်မေ့၍။
ထာတသုဇာတ၊ ချစ်သားသုဇာတ။
ယောကောစိ၊ အမှတ်မရှိသော သူသည်။
ဃာတသိတ္တံဝ၊ ထောပတ်ဖြင့် သွန်းအပ်သည်သာလျှင်ဖြစ်သော။
ပါဝကံ၊ မီးကို။
ဝါရိနာ၊ ရေဖြင့်။
ဩသိဉ္စဩသဉ္စန္တော၊ ဆွတ်ဖြန်းလျက်။
နိဗ္ဗပယတိဝိယ၊ ငြိမ်းစေဘိသကဲ့သို့။
တွံ၊ သင်သုဇာတသည်။
အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးဖြင့် ပူလောင်သည်ဖြစ်၍။
သန္တံသမာနံ၊ ဖြစ်သော။
မံ၊ ငါ့သခင်ကို။
သဗ္ဗံ၊ အလုံးစုံသော။
ဒရံစိတ္တရထံ၊ စိတ်၏ ပူပန်ခြင်းကို။
ဝတ၊ စင်စစ်သောအားဖြင့်။
နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။
တာတသုဇာထ၊ ချစ်သားသုဇာတ။
ယောတွံ၊ အကြင်သုဇာတသည်။
ယောကပရေတဿ၊ စိုးရိမ်ခြင်းသည် နှိပ်စက်တတ်သော။
မေ၊ ငါသခြင်၏။
ပိတုသောကံ၊ အဘကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်ခြင်းကို။
အပါနုဒိအပနေသိ၊ ပယ်၏။
သောတွံ၊ ထိုသင်သုဇာတသည်။
မေ၊ ငါသခင်၏။
ဟဒနိဿိတံ၊ စိတ်၌မှီ၍ ဖြစ်သော။
သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော။
သလ္လံ၊ ငြောင့်တံသင်းကို။
ဝတ၊ စင်စစ်။
အဗ္ဘုဠံ၊ နှုတ်အပ်ပြီ။
မာဏဝ၊ ပျိုငယ်သော အရွယ်ရှိသော။
တာတသုဇာတ၊ ချစ်သားသုဇာတ။
သွာဟံသောအဟံ၊ ထိုငါသခင်သည်။
တဝ၊ သင်သုဇာတ၏။
ဝစနံ၊ စကားကို။
သုတွာ၊ ကြားရ၍။
အဗ္ဘုဠသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ငြောင့်ရှိသည်။
အသ္မိ၊ ဖြစ်၏။
သီတိဘူတော၊ ငြိမ်းအေးသည် ဖြစ်၍ ဖြစ်သည်။
အသ္မိ၊ ဖြစ်၏။
နိဗ္ဗုတော၊ စိတ်၏ ပူပန်ခြင်းမှ ငြိမ်းပြီးသော။
သော အဟံ၊ ထိုငါသည်။
ဣဒါနိ၊ ယခုအခါ၌။
နဿောစာပိ၊ မစိုးရိမ်။
နရောဒါမိ၊ မငိုမြည်တမ်း။
ဘောန္တော၊ အချင်းတို့။
သုဇာတော၊ ငါ့သား သုဇာတသည်။
အတ္တနော ဝိတရံ၊ မိမိ၏ အဘဖြစ်သော။
မမံ၊ ငါ့ကို။
သောကတော၊ စိုးရိမ်ခြင်းမှ။
နိဝတ္တေသိယထာ၊ နစ်စေဘိသကဲ့သို့။
အညေပိ၊ တပါးတည်းဖြစ်ကုန်သော။
ယေသပ္ပညာ၊ အကြင်ပညာရှိတို့သည်။
အနုကမ္ပကာ၊ သနားတတ်သော အလေ့ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ သပ္ပညာ၊ ထိုပညာရှိတို့သည်။
ဧဝံ၊ ဤငါ့သားသုဇာတပြုသကဲ့သို့။
ကရောန္တိ၊ ပြုကုန်၏။
သောကမှာ၊ စိုးရိမ်ခြင်းမှ။
နိဝတ္တယန္တိ၊ နစ်စေကုန်၏။
ဣတိ၊ ဤသို့။
အာဘာသိ၊ ရွတ်ဆို၏။
အဋ္ဌမံ၊ ရှစ်ခုမြောက်သော။
ဂေါဏပေတ္တဝတ္ထု၊ နွားသေကို မြက်ရေကျွေးရသော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဒေဝပုတ္တ၊ နတ်သား။
အယ့နာရီ၊ ဤမိန်းမသည်။
ဂူထဉ္စ၊ ကျင်ကြီးကို လည်းကောင်း။
မုတ္တဉ္စ၊ ကျင်ငယ်ကိုလည်းကောင်း။
ရုဟိရဉ္စ၊ သွေးကိုလည်းကောင်း။
ပုဗ္ဗဉ္စ၊ ပြည်ကိုလည်းကောင်း။
ပရိဘုဉ္စတိ၊ စားသောက်ရ၏။
အယံ ဝိပါကော၊ ဤအကျိုးသည်။
ကဿကမ္မဿ၊ အဘယ်သို့ သဘောရှိသော ကံ၏။
ဝါပါကော၊ အကျိုးနည်း။
ဒေဝပုတ္တ၊ နတ်သား။
ဟာနာရီ၊ အကြင် မိန်းမသည်။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
လောဟိတပုဗ္ဗဘက္ခာ၊ သွေးပြည်သာလျှင် အစရှိ၏။
အယံနာရီ၊ ဤမိန်းမသည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ကိံ ကမ္မံ၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံကို။
အကာသိနု၊ ပြုကဲ့သနည်း။
သုဘာနိစေဝ၊ တင့်တယ်ရှုဘွယ်သော အဆင်းလည်း ရှိကုန်ထသော။
ရနုနိစ၊ နူးညံ့သော အတွေ့လည်း ရှိကုန်ပေသော။
သုဒ္ဓါနိစ၊ စင်ကြယ်သော အဆင်းရှိကုန်ထေသော။
လောမသာနိစ၊ အမွေးလည်းရှိကုန်ထသော။
ယာနိဝတ္ထာနိ၊ အကြင်အဝတ်တို့ကို။
အဿာ၊ ထိုမိန်းမအား။
တယာ၊ သင်သည်။
ဒိန္နာနိ၊ ပေးလှူအပ်ကုန်၏။
တာနိ၊ ထိုအဝတ်တို့သည်။
တဿာ၊ ထိုမိန်းမအား။
ကိဋကာ၊ သံပြားတို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဒေဝ ပုတ္တ၊ နတ်သား။
အယံနာရီ၊ ဤမိန်းမသည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ကိံ ကမ္မံ၊ အဘယ်သို့ သဘောရှိသော အကုသိုလ်ကံကို။
အကာသိနု၊ ပြုဘိသနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
ဧသာနာရီ၊ ထိုမိန်းမသည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
မမ၊ အကျွန်ုပ်၏။
ဘရိယာ၊ မယားသည်။
အဟု၊ ဖြစ်၏။
ဧသာနာရီ၊ ဤမိန်းမသည်။
အဒါယိကာ၊ တစုံတယောက်သော သူအားတစုံတခုသော ဝတ္ထုကို မျှပေးကမ်းလှူဒါန်းလေ့မရှိသည်။
အဟု၊ ဖြစ်၏။
မစ္ဆရိနီစ၊ မိမိဥစ္စာကို မပေးလှူရက် လျို့ဝှက်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော ညံ့သော မစ္ဆေ ရရှိသည်လည်း။
အဟု၊ ဖြစ်၏။
ကဒရိယာစ၊ သူတပါးပေးလှူသည်ကို မြစ်တားသည်၏ အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆေရရှိသည်လည်း။
အဟု၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
သာနာရီ၊ ထိုမိန်းမသည်။
သမဏဗြဟ္မဏာနံ၊ ရဟန်း ပုဏ္ဏားတို့အား။
ဒဒန္တံ၊ ပေးလှူသော။
မံ၊ အကျွန်ုပ်ကို။
တွံ၊ သင်သည်။
ဂူထဉ္စ၊ ကျင်ကြီးကိုလည်းကောင်း။
မုတ္တဉ္စ၊ ကျင်ငယ်ကို လည်းကောင်း။
ရုဟိရဉ္စ၊ သွေးကိုလည်းကောင်း။
ပုဗ္ဗဉ္စ၊ ပြည်ကိုလည်းကောင်း။
ပရိဘုဉ္စ၊ စားသောက်ရသည် ဖြစ်စေသတည်း။
တယာ၊ သင်သည်။
သမဏာနံ၊ သာကီဝင်မင်းသား ရဟန်းတို့အား။
ယံဒါနံ၊ အကြင်ထမင်း အဖျော်အဝတ်သင်္ကန်းတည်း ဟူသော လှူဘွယ်ဝတ္ထုကို။
ဒိန္နံ၊ ပေးလှူအပ်၏။
ဧတံ၊ ထို သင်ပေးလှူအပ်သော ထမင်းအဖျော်သည်။
ပရလောကသ္မိံ၊ တမလွန်ဘဝ၌။
တေ၊ သင်အား။
သဗ္ဗကာလံ၊ အခါခပ်သိမ်း။
အသုစိ၊ မစင်ကြယ်သော ဝတ္ထုသည်။
ဟောတု၊ ဖြစ်စေသတည်း။
ဝတ္ထာစ၊ အဝတ်တို့သည်လည်း။
တေ၊ သင်အား။
ကိဋကသမာ၊ သံပြားနှင့်တူကုန်သည်။
ဘဝန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
အက္ကောသတိစ၊ ဆဲလည်း ဆဲရေး၏။
ပရိတာသတိစ၊ ဘေးကိုပြ၍ လည်း ခြိမ်းခြေခံ၏။
ဘဒ္ဒန္တေ၊ အရှင်ကောငး်။
ဧကာဒိသံ၊ ဤသို့ ထိုထိုပြခဲ့ပြီးသော။
ဒုစ္စရိတံ၊ ဝစီဒုစရိုက် အစရှိသော အကုသိုလ်ကံကို။
စရိတွာ၊ ကျင့်သောကြောင့်။
သာနာရီ၊ ထိုမိန်းမသည်။
ဣဓံပေတထောကံ၊ ဤပြိတ္တာဘုံ၌။
အာဂတာ၊ လာရောက်သည်ဖြစ်၍။
စိရရတ္တာယ စိရံကာလံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
ဂူထာဒိမေဝ၊ ကျင်ကြီး အစရှိသည်ကို သာလျှင်။
ခါဒတိ၊ စားသောက်ရ၏။
ဣတိ၊ ဤသို့။
အဘာသိ၊ ရွတ်ဆို၏။
နဝမံ၊ ကိုးခုမြောက်သော။
မဟာပေသကာရပေတဝတ္ထု၊ ကြီးစွာသော ရက်ကန်းပြိတ္တာမသည်၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသိ့ ရောက်ပြီ။
ဘဒ္ဒေ၊ နှမ။
အန္တောဝိမာနသ္မိံ၊ ဗိမာန်အတွင်း၌။
တိဋ္ဌန္တိ၊ တည်သော။
တွံ၊ သင်သည်။
ကာနု၊ အဘယ်မည်သော မိန်းမနည်း။
ဝိမာနတော၊ ဗိမာန်မှ။
တွံ၊ သင်သည်။
နူပနိက္ခမိ၊ မထွက်။
ဘဒ္ဒေ၊ နှမ။
တွံ၊ သင်သည်။
ဝိမာနတော၊ ဗိမာန်မှ။
ဥပနိက္ခမဿု၊ ထွက်ပါသော။
ဗဟိဋ္ဌိကံ၊ အပ၌ တည်သော။
တွံ၊ သင့်ကို။
မယံ၊ ငါတို့သည်။
ပဿာမ၊ ရှုပါကုန်အံ့။
မာရိသ၊ အချင်းကုန်သည်။
အထံ၊ အကျွန်ုပ်သည်။
နဂ္ဂါ၊ အဝတ်မရှိသည်ဖြစ်၍။
ဝိမာနတော၊ ဗိမာန်မှ။
ဗဟိ၊ အပသို့။
နိက္ခမိတုံ၊ ထွက်ခြင်းငှါ ။
အဋ္ဋိယာမီ၊ ဆင်းရဲပါ၏။
ဟရာယာမိ၊ ရှက်ပါ၏။
အဟံ၊ အကျွန်ုပ်သည်။
ကေသေဟိ၊ ဆံတို့ဖြင့်။
ပဋိစ္ဆန္ဒာ၊ ဖုံးလွှမ်းအပ်သော ကိုယ်ရှိသည်။
အမှိ၊ ဖြစ်၏။
မာရိသ၊ အချင်းကုန်သည်။
မေမယာ၊ အကျွန်ုပ်သည်။
အပ္ပကံ၊ အနည်းငယ်သော။
ပုညံ၊ ကုသိုလ်ကံကို။
ကတံ၊ ပြုအပ်၏။
သောဘဏေ၊ တင့်တယ်သော အဆင်းရှိသော။
ဘဒ္ဒေ၊ နှမ။
မမ၊ ငါ၏။
ဥတ္တရိယံ၊ အပေါ်ရုံ ပုဆိုးကို
တွံ၊ သင်သည်။
ဟန္ဒ၊ ယူလော။
တေ၊ သင်အား။
အဟံ၊ ငါသည်။
ဒဒါမိ၊ ပေး၏။
ဣဒံ ဒုဿံ၊ ဤငါ၏ အပေါ်ရုံပုဆိုးကို။
တွံ၊ သင်သည်။
နိဝါသယ၊ ဝတ်ပါလော။
ဣဒံ ဒုဿံ၊ ဤငါ၏ အပေါ်ရုံပုဆိုးကို။
နဝါသေတွာ၊ ဝတ်၍။
ဝိမာနတော၊ ဗိမာန်မှ။
နိက္ခမ္မ၊ ထွက်၍။
တွံ၊ သင်သည်။
အမှာကံ၊ ငါတို့၏။
သန္တိကံ၊ အထံသို့။
ဧဟိ၊ လာလော။
သောဘဏေ၊ တင့်တယ်သော အဆင်းရှိသော။
ဘဒ္ဒေ၊ နှမ။
ဝိမာနတော၊ ဗိမာန်မှ။
တွံ၊ သင်သည်။
ဥပနိက္ခမဿု၊ ထွက်လော့ပ။
ဗဟိဋ္ဌိတံ၊ အပ၌တည်သော။
တံ၊ သင့်ကို။
မယံ၊ ငါတို့သည်။
ပဿာမ၊ ရှုလိုကုန်၏။
မာရိသ၊ အချင်းကုန်သည်။
တဝ၊ သင်၏။
ဟတ္ထေန၊ သက်ဖြင့်။
မယှံ၊ အကျွန်ုပ်အား။
တေတယာ၊ သင်သည်။
ဒိန္နံ၊ ပေးသော အဝတ်သည်။
မမ၊ အကျွန်ုပ်၏။
ဟတ္ထေ၊ လက်၌။
နိဥပကပ္ပတိ၊ မရောက်။
မာရိသ၊ အချင်းကုန်သည်။
ဧတ္ထ၊ ဤလူ့အပေါင်း၌။
သဒ္ဓေါ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းနှင့် ပြည့်စုံသော။
သမ္မသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာဝကော၊ တပည့်ဖြစ်သော။
ဧသောဥပါသကော၊ ဤဥပါသကာသည်။
အတ္ထိ၊ ရှိ၏။
ဧတံဥပါသကံ၊ ဤဥပါသကာကို။
မမ၊ အကျွန်ုပ်အား။
ဒီယမာနံ၊ ပေးအပ်သော။
သာဋကံ၊ ပုဆိုးကို။
အစ္ဆာဒိယိတွာန၊ ဝတ်စေ၍။
ဒက္ခိဏံတံ ဒက္ခိဏံ၊ ထိုအလှူကို။
မမ၊ အကျွန်ုပ်အား။
အာဒိသ၊ အမျှပေးဝေပါလော။
တထာ၊ ထိုအခြင်းအရာဖြင့်။
တယာ၊ သင်သည်။
ကတေ၊ ပြုအပ်သည်ရှိသော်။
အဟံ၊ အကျွန်ုပ်သည်။
သဗ္ဗကာသမိဒ္ဓိနီ၊ ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍။
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။
ဟေဿံ၊ ဖြစ်လတ္တံ့။
တေဝါဏိဇာ၊ ထိုကုန်သည်တို့သည်။
တဉ္စဥပါသကံ၊ ထိုရတနာသုံးပါးအား ဆည်းကပ် တတ်သော သူကို။
နှာပယိတွာန၊ ရေချိုစေကုန်၍။
ဝိလိမ္ပေတွာ၊ ကောင်းမြတ်သော နံ့သာဖြင့်လိမ်းကျံကုန်၍။
ဝဏ္ဏဂန္ဓရသသမ္ပန္နံ၊ အဆင်းအနံ့အရသာနှင့် ပြည့်စုံသော။
သဗျဉ္စနံ၊ ဟင်းလျာနှင့်တကွသော။
ဘောဇနံ၊ ဘောဇဉ်ကို။
ဘောဇာပေတွာ၊ စားစေကုန်၍။
ဝတ္ထေဟိ၊ ခါးဝတ်အပေါ်ရုံဟု ဆိုအပ်သာ ပုဆိုးနှစ်ထည်တို့ဖြင့်။
အစ္ဆဒိယိတွာန၊ ဖုံးလွှမ်းကုန်၍။
တဿာ၊ ထိုဝိမာန ပြိတ္တာမအား။
ဒက္ခိဏံတံဒက္ခိဏံ၊ ထိုအလှူကို။
အာဒိသုံ၊ အမျှပေးဝေကုန်၏။
တဿာဒက္ခိဏာယ၊ ထိုအလှူကို။
သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌။
ဝိပါကော၊ အကျိုးသည်။
ဥပ္ပဇ္ဇထ၊ ဖြစ်၏။
ဘောဇနံ၊ အထူးအထူး အပြားပြားများသော နတ်၏ ဘောဇဉ်နှင့် တူသော ဘောဇဉ်သည်လည်းကောင်း။
အစ္ဆာဒနံ၊ အထူးထူးသော အဆင်းဖြင့် ထွန်းပသော အလျှံအရောင်ရှိသော နတ်၏ အဝတ်နှင့်တူသော အဝတ်သည် လည်းကောင်း။
ပါနီယံ၊ များသော အပြားရှိသော အဖျော်သည်လည်းကောင်း။
ဣဒိသံ၊ ဤသို့သဘောရှိသော။
ဒက္ခိဏာယ၊ အလှူ၏။
ဖလံ၊ အကျိုးသည်။
ဥပပဇ္ဇထ၊ ဖြစ်၏။
တတော၊ ထိုသို့ ဆိုအပ်ပြီးသော အပြားရှိသော တောဇဉ်စစသည်ကို ရပြီးသော နောင်မှ။
သုဒ္ဓါ၊ ရေချိုးသဖြင့် စင်ကြယ်သော ကိုယ်ရှိသော။
သုစိဝသနာ၊ သန့်ရှင်းသော အဝတ်ကိုဝတ်ပြီးသော။
ကာသိကတ္ထမဓါရိနီ၊ ကာသိကတိုင်း၌ဖြစ်သော အဝတ်တို့ထက်မြက်သော အဝတ်ကို ဆောင်ခြင်းရှိသော။
သာပေတီ၊ ထို ပြိတ္တာမသည်။
ဣဒံဖလံ၊ ဤအကျိုးကား။
တုမှာကံ၊ သင်တို့၏။
ဒက္ခိဏာယ၊ အလှူ၏။
ဖလံ၊ အကျိုးတည်း။
ဣတိ၊ ဤသို့။
ပကာသနဝသေန၊ ပြသည်၏ အစွမ်းအားဖြင့်။
ဟသန္တီ၊ ရယ်ရွှင်လျက်။
ဝိမာနာ၊ ဗိမာန်မှ။
နိက္ခမိ၊ ထွက်၏။
ဒေဝတေ၊ နတ်သ္မီး။
သုစိတ္တရူပံ၊ ဆင်ရုပ်မြင်းရုပ် မိန်းမရုပ် ယောင်္ကျားရုပ် အစရှိသော အရုပ်ချူးပန်းချူးနွယ် အစရှိသော ပန်းတို့ဖြင့် ကောင်းစွာ စီရင်အပ်သော ဆန်းကြယ်သော အရုပ်ရှိထသော။
ရုစိရံ၊ နှလုံးမွေ့လျော်ဘွယ် ရှုချင်ဘွယ်သော အရောင်လည်း ရှိထသော။
တာ၊ သင်၏။
ဝိမာနံ၊ ဗိမာန်သည်။
ပဘာသတိ၊ အပြားအားဖြင့် ထွန်းပ၏။
ဒေဝတေ၊ နတ်သ္မိး။
အမှေဟိ၊ ငါတို့သည်။
ပုစ္ဆိတာ၊ မေးအပ်သော။
တွံ၊ သင်သည်။
အာစိက္ခ၊ ကြားလတ်သော ။
ဣဒံဖလံ၊ ဤအကျိုးသည်။
ကဿကမ္မဿ၊ အဘယ်သို့ သဘောရှိသော ကုသိုလ်ကံ၏။
ဖလံ၊ အကျိုးနည်း။
မာရိသာ၊ အချင်းကုန်သည်တို့။
အဟံ၊ အကျွန်ုပ်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
စရမာနဿ၊ ဆွမ်းခံခြင်း ငှါသွားသော။
ဥဇူဘူတဿ၊ စိတ်၏ ကောက်ကျစ်ခြင်းကို ပြုတတ်သော ကိလေသာတို့၏ မရှိခြင်းကြောင့် ဖြောင့်သည်၏ အဖြစ်သို့ရောက်သော။
ဘိက္ခုနော၊ ဖျက်ဆီးအင်ပြီးသော ကိလေသာရှိသော ရဟန်းအား။
ဝိပ္ပသန္နေန၊ အထူသဖြင့် ကြည်ညိုစွာသော။
စေတသာ၊ စိတ်ဖြင့်။
ဒေါဏိနိမ္မုဇ္ဇနိံ၊ ယိုစီးသော ဆီရှိသော နှမ်းပြစ်ပုံကို။
အဒါသိံ၊ ပေးလှူဘူး၏။
ကုသလဿ၊ ကောင်းသော အကျိုးကို ပေးခြင်း လက္ခဏာရှိသော။
တဿကမ္မဿ၊ ထိုကံ၏။
ဝိပါကံ၊ အကျိုးကို။
ဒီဃမန္တရံဒီဃကာလံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
ဝိမာနသ္မိံ၊ ဗိမာန်၌။
အဟံ၊ အကျွန်ုပ်သည်။
အနုဘောမိ၊ ခံစားရပြီ။
ဣဒါနိ၊ ယခုအခါ၌။
တဉ္စဝိပါကံ၊ ထိုအကျိုးသည်လည်း။
ပရိတ္တကံ၊ အနည်းမျှကြွင်း၏။
မာရိသာ၊ အချင်းကုန်သည်တို့။
စတူဟိမာသေဟိ စတုန္နံမာဿနံ၊ လေးလတို့၏။
ဥဒ္ဓံ၊ အထက်၌။
မမ၊ အကျွနိုပ်၏။
ကာလံကိရိယာ၊ သေခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အဟံ၊ ငါသည်။
ဧကန္တကဋုကံ၊ စင်စစ်ဆင်းရဲသော။
ဃောရံ၊ ကြမ်းကြုတ်ပြင်းထန်စွာသော။
နိရယံ၊ အဝိစိငရဲသို့။
ပပတိဿ၊ ကျရလတ္တံ့။
တံနိရယံ၊ ထိုအဝိစိငရဲကြီးသည်။
စတုကဏ္ဏံ၊ လေးထောင့်ရှိ၏။
စတုဒွါရံ၊ လေးမျက်နှာတို့၌ တံခါးလေးခုတို့၏ ယှဉ်၏။
တံ၊ ထို အဝိစိငရဲကြီးကို။
ဝိဘတ္တံ၊ ကောင်းစွာ ဝေဘန်အပ်၏။
ဘာဂသော၊ အတို့အားဖြင့်။
မိတံ၊ နှိုင်းယှဉ်အပ်၏။
အယောပါကာရပရိယန္တံ၊ သံဖြင့် ပြီးသော တံတိုင်းဖြင့် ထက်ဝန်းကျင် မှ ရံအပ်၏။
အယသာ၊ အထက်၌ သံပြားဖြင့် သာလျှင်။
ပဋိကုဇ္ဇိတံ၊ ပိတ်ဖုံးအပ်၏။
တဿ၊ ထိုအဝိစိငရဲကြီး၏။
အယောမယာ၊ သံဖြင့်ပြီးသော။
ဘူမိ၊ မြေသည်။
ဇလိတ၊ အလျှံပြောင်ပြောင် တောက်၏။
တေဇသာယုတာ၊ ထက်ဝန်းကျင်မှ ထွက်သော အလျှံရှိသော များသော မီးနှင့် မပြတ်ယှဉ်၏။
တဿ၊ ထိုငရဲကြီး၏။
သမန္တာ၊ ထက်ဝန်းကျင်မှ။
ဗဟိ၊ အပသို့။
သမုဋ္ဌိတာ၊ တက်သော။
ဇာလာ၊ မီးလျှံသည်။
သဗ္ဗဒိသာသု၊ ခပ်သိမ်းသော အရပ်မျက်နှာတို့၌။
ယဇာနေသတံ၊ ယုဇနာတရာတိုင်တိုင်။
ဖရိတွာ၊ နှံ့၍။
သဗ္ဗဒိသာ၊ အခါခပ်သိမ်း။
တိဋ္ဌတိ၊ တည်၏။
မာရိယာ၊ အချင်းကုန်သည်တို့။
မယာ၊ အကျွန်ုပ်သည်။
ကတဿ၊ ပြုအပ်သော။
ပါပကမ္မဿ၊ အကုသိုလ်ကံ၏။
ဖလံ၊ အကျိုးဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲစွာသော။
ဝေဒနဉ္စ၊ ဝေဒနာကိုလည်း။
တတ္ထ၊ ထို အဝိစိငရဲကြီး၌။
အဟံ၊ ငါသည်။
ဝေဒိဿံ၊ ခံစားရလတ္တံ့။
တသ္မာ၊ ထို့ကြောင့်။
အဟံ၊ ငါသည်။
ဘုသံ၊ ပြင်းစွာ။
သောစာမိ၊ စိုးရိမ်၏။
ဣတိ၊ ဤသို့။
အဘာသိံ၊ ရွတ်၏။
ဒသမံ၊ ဆယ်ခုမြောက်သော။
ခလ္လာတိယပေတိဝတ္ထု၊ လုလက်တက်ကဆံပင် ကျွတ်၍ ဥက္ခောင်း ပြောင်သော ပြိတ္တာမ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဘောန္တော၊ အိုအချင်းတို့။
ပုရတောစ သဗ္ဗပဌမံ၊ ခပ်သိမ်းသော သူတို့၏ ရှေးဦးစွာ။
ဂစ္ဆန္တော၊ သွားသော သူသည်။
သေတေန၊ ဖြသော။
ဟတ္ထိနာ၊ ဆင်ဖြင့်။
ပထေသိ ဂစ္ဆတိ၊ သွားး။
မဇ္ဈေ၊ အလယ်၌။
ဂစ္ဆန္တော ပန၊ သွားသော သူသည်ကား။
အသတရီရထေန၊ အဿတို့ရ်မြင်းကသော ရထားဖြင့်။
ပလေတိ၊ သွား၏။
ပစ္ဆာ၊ ထို သူတို့၏ နောက်မှ။
ဂစ္ဆန္တိ၊ သွားသော။
ကညာ၊ မိန်းမငယ်သည်။
သဗ္ဗတော သမန္တတော၊ ထက်ဝန်းကျင်မှ။
ဒသဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို။
ဩဘာသယန္တီ၊ ကိုယ်၏ အရောင်အဝတ်တန်ဆာ အစရှိသည်တို့၏ အရောင်တို့ဖြင့် ထွန်းပစေလျက်။
သိဝိကာယ၊ ထန်းစဉ် ယာဉ် ဖြင့်။
နိယျာနိ၊ သွား၏။
တုမှေ ပန၊ သင်တို့မူကား။
မုဂ္ဂရဟတ္ထပါဏိနော၊ ဒုတ်ဆောင်ပုဒ်တို့ကို ကိုင်စွဲသော လက်ဟု ဆိုအပ်ကုန်သော လက်ရှိ ကုန်သည်ဖြစ်၍။
ရုဒမုခါ၊ ငိုမြည်တမ်းသော မျက်နှာရှိကုန်သည် ဖြစ်၍။
ဆိန္နပဘိဂတ္တာ၊ ဒုတ်ဆောင်ပုတ်ဖြင့် ပုတ်ခတ်ခြင်းကြောင့် ထိုထို သို့သော အရပ်၌ ပေါက်ပြတ်သော ကိုယ် ရှိကုန်သည်ဖြစ်၍။
အညမညဿ၊ တယောက်သည် တယောက်၏။
လောဟိတံ၊ ပြည်သွေးကို။
ယေနကာရဏေန၊ အကြင်သို့သော အကြောင်းကြောင့်။
ပိဝထ၊ သောက်ရကုန်၏။
တံကာရဏံ၊ ထို အကြောင်းကို။
အဟံ၊ ငါသည်။
ပုစ္ဆာမိ၊ မေး၏။
မနုဿဘူတာ၊ လူဖြစ်၍ ဖြစ်ကုန်သည်ရှိသော်။
တုမှေ၊ သင်တို့သည်။
ကိံ ပါပံ၊ အဘယ်သို့သော ကုသိုလ်ကံကို။
အကတ္ထ၊ ပြုဘူးကုန်သနည်း။
ဘန္တေ၊ အရှင်ဘုရား။
ဂစ္ဆန္တာနံ၊ သွားကုန်သော။
ဣမေသံ၊ ဤသူတို့တွင်။
ယောနရော၊ အကြင်ယောင်္ကျားသည်။
ပုရတောဝ၊ ရှေးဦးစွာ သာလျှင်။
သေတေန၊ ပြုသော။
စတုက္ကမေန၊ အခြေလေးချောင်းရှိသော။
ကုဉ္ဇရေန၊ မြေကိုဖျက်သဖြင့် သွားတတ်သော။
နာဂေန၊ ဆင်ဖြင့်။
ဂစ္ဆတိ၊ သွား၏။
သော စနရော၊ ထိုယောင်္ကျားသည်။
အမှာကံ၊ အကျွန်ုပ်တို့၏။
ဇေဋ္ဌော၊ အကြီးဖြစ်သော။
ပုတ္တော၊ သားသည်။
အဟု၊ ဖြစ်၏။
သောဝ ဇေဋ္ဌော၊ ထိုအကျွန်ုပ်တို့၏ သားကြီး သည်သာလျှင်။
ဒါနာနိ၊ အလှူတို့ကို။
ဒတွာ၊ ပေးလှူခြင်းကြောင့်။
သုခီ၊ စည်းစိမ်းချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍။
ပမောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဘန္တေ၊ အရှင်ဘုရား။
အဇ္ဈေ၊ အလယ်၌။
ယောနရော၊ အကြင်ယောင်္ကျားသည်။
စတုဗ္ဘိ၊ လေးစီးသော မြင်တို့နှင့်။
ယုတ္တေန၊ ယှဉ်သော။
သုဝဂ္ဂိတေန၊ ကောင်းသော သွားခြင်းရှိသော။
အဿတရီရထေန၊ အဿတို့၌မြင်းကသော ရထားဖြင့်။
ဂစ္ဆတိ၊ သွား၏။
သော နရော၊ ထိုသူသည်။
အမှာကံ၊ အကျွန်ုပ်တို့၏။
မဇ္ဈိမော၊ အထက်ဖြစ်သော။
ပုတ္တော၊ သားသည်။
အဟု၊ ဖြစ်၏။
သောမဇ္ဈိမော၊ ထိုအကျွန်ုပ်တို့၏ သားလတ်သည်။
အမစ္ဆရီ၊ မိမိ၏ စည်းစိမ်ဥစ္စာကို နှမြော စုံမက် လျှို့ဝှက်ခြင်းမရှိသော။
ဒါနပတိ၊ အလှူရှသ်ည။
ဟုတွာ၊ ဖြစ်၍။
ဝိရောစတိ၊ တင့်တယ်၏။
ဘန္တေ၊ အရှင်ဘုရား။
သပညာ၊ အကျိုးအကြောင်းကို သိမြင်တတ်သော ပညာလည်းရှိထသော။
မိဂမန္ဒလောစနာ၊ သမင်မ၏ မျက်စိကဲ့သို့ ချီးမွမ်းအပ်သော မျက်စိလည်း ရှိထသော။
ယာနာရီ၊ အကြင်မိန်းမသည်။
ပစ္ဆာ၊ ဆင်ယာဉ် ရထားယာဉ်ဖြင့် သွာသော သူတို့နောက်မှ။
သိဝိကာယ၊ ထန်းစင်ယာဉ်ဖြင့်။
နိယျတိ၊ သွား၏။
သာနာရီ၊ ထိုမိန်းမသည်။
အမှာကံ၊ အကျွန်ုပ်တို့၏။
ကဏိဋ္ဌိကာ၊ အငယ်ဖြစ်သော ။
ဓီတာ၊ သ္မိးသည်။
အဟု၊ ဖြစ်၏။
ဘာဓိတာ၊ ထိုအကျွန်ုပ်တို့၏ သ္မိးငယ်သည်။
ဘာဂဍ္ဎဘာဂေန၊ မိမိသည် ရအပ်သော အဖို့မှ ထက်ဝက်သော အဖို့ကို ပေးလှူခြင်းကြောင့်။
သုခီသုခိနီ၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍။
ပမောဒတိ၊ မွေ့လျော်ရ၏။
ဘန္တေ၊ အရှင်ဘုရား။
ဧတေစ၊ ထိုအကျွန်ုပ်တို့၏ သားသ္မီးတို့သည်လည်း။
ပုဗ္ဗေ၊ ရှေးဘဝ၌။
ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍။
သမဏဗြဟ္မဏာနံ၊ ရဟန်းပုဏ္ဏားတို့အား။
ဒါနာနိ၊ အလှူတို့ကို။
အဒံသု၊ ပေးကုန်၏။
မယံပန၊ အကျွန်ုပ်တို့မူကား။
မစ္ဆရိနော၊ စည်းစိမ်ဥစ္စာကို မပေးမလှူရက် နှမျောစုံမက်လျှို့ဝှက်တတ်သော နှလုံးရှိကုန်သည်။
အဟုမှ၊ ဖြစ်ကုန်၏။
သမဏဗြဟ္မဏာနံ၊ ရဟန်းပုဏ္ဏားတို့ကို။
ပရိဘာသကာအက္ကောသကာ၊ ရေရွတ်ဆဲရေးတတ်ကုန်သည်။
အဟုမှာ၊ ဖြစ်ကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
ဧတေစ၊ ထိုအကျွန်ုပ်တို့၏ သားသ္မီးတို့သည်လည်း။
ဒတွာန၊ ပေးလှူကုန်သောကြောင့်။
ပရိစာရယန္တိ၊ စဖွယ်ရကုန်၏။
မယဉ္စမယံပန၊ အကျွန်ုပ်တို့မူကား။
ဆိန္နော၊ ပြတ်သော။
နဠော၊ ကျူသည်။
သုဿတိဣဝ၊ ခြောက်တတ် သကဲ့သို့။
ခုပ္ပိဝါသာဟိ၊ ငတ်မွတ်ခြင်းတို့ဖြင့်။
သုသာမ၊ ခြောက်တတ်ကုန်၏။
ဘောန္တော၊ အိုအချင်းတို့။
တုမှာကံ၊ သင်တို့၏။
ဘောဇနံ၊ ဘောဇဉ်သည်။
ကိံ၊ အဘယ်သို့ သဘောရှိသနည်း။
တုမှကံ၊ သင်တို့၏။
သယနံ၊ အိပ်ရာ နေရာသည်။
ကိံ၊ အဘယ်သို့ သဘောရှိသနည်း။
တုမှေ၊ သင်တို့သည်။
အနပ္ပကေသု၊ များစွာကုန်သော။
ပဟူတဘောဂေသု၊ အတိုင်းအရှည် မရှိ ပြန့်ပြောကောင်း မြတ်ကုန်သော စည်စိမ်ချမ်းသာတို့သည်။
သန္တေသုပိ၊ ရှိကုန်သော်လည်း။
သုခဟေတုနော၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော။
ပုညဿ၊ ကုသိုလ်ကံကို။
အကရဏေန၊ မပြုခြင်းကြောင့်။
သုခံ၊ ချမ်းသာကို။
ဝိရာဂါယ၊ ချွတ်ယွင်းစေကန်၍။
အဇ္ဇ၊ ယခု။
ဒုက္ခပတ္တာ၊ ပြိတ္တာဘုံ၌ အကျုံးဝင်သော အဆင်းရဲခြင်းသို့ ရောက်ကုန်၏။
သုပါပကမ္မိနော၊ အလွန်မကောင်းမှု ရှိကုန်သော။
တုမှေ၊ သင်တို့သစည်။
ကထံကေနပကာရေန၊ အဘယ်သို့သော် အပြားအားဖြင့်။
ယာပေထ၊ မျှရကုန်သနည်း။
ဘန္တေ၊ အရှင်ဘုရား။
မယံ၊ အကျွန်ုပ်တို့သည်။
အညမညံ၊ အချင်းချင်း။
ဝမိတွာန၊ ရိုက်ပုတ်ကုန်၍။
ပုဗ္ဗလောဟိတံ၊ ပြည်သွေားကို။
ပိဝါမ၊ မသောက်ရကုန်၏။
ဗဟုံ၊ များစွာသော ပြည်သွေးကို။
ပိပိတွာန၊ သောက်ကုန်၍။
ဓာတာ၊ ရောင့်ရဲကုန်သည်။
နဟောမ၊ မဖြစ်ကုန်။
မယံ၊ အကျွန်ုပ်တို့သည်။
တံ၊ ထို များစွာသော ပြည်သွေးကို။
နိရုစ္စာဒိမှသေ၊ အလိုအားဖြင့် သောက်ရသည် မဟုတ်ကုန်။
ဘန္တေ၊ အရှင်ဘုရား။
ဣစ္စေဝံ ဧဝမေဝ၊ ဤအကျွန်ုပ်တို့၏ အတူသာလျှင်။
အဒါယကာ၊ ပေးလှူလေ့မရှိကုန်သော။
ပေစ္စ၊ တမလွန်ဘဝ၌။
ယမဿဋ္ဌာယိနော၊ ယမသောက အမည်ရှိသော ဘုံ၌ တည်လေ့ရှိကုန်သော။
အညေပိ၊ အကျွန်ုပ်တို့မှ တပါးလည်း ဖြစ်ကုန်သော။
မစ္စာ၊ ပြုအပ်သော မကောင်းမှုရှိကုန်သော သတ္တဝါတို့သည်။
မယံဝိယ၊ အကျွန်ုပ်တို့ကဲ့သို့။
ပရိဒေဝယန္တိ၊ ငိုမြည်တမ်းကုန်ရာ၏။
ဘန္တေ၊ အရှင်ဘုရား။
ယေတေ မစ္စာ၊ အကြင်သတ္တဝါတို့သည်။
ဝိဝိဓေ၊ အထူးအထူး အပြားပြားများကုန်သော။
ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။
အဓိဂမ္မ၊ ရကုန်၍။
အမှေဝိယ၊ အကျွန်ုပ်တို့ကဲ့သို့။
သယမ္ပိ၊ မိမိတို့လည်း။
နဘုဉ္စရေ၊ မသုံးဆောင်ကုန်။
ပရေသံ၊ သူတပါးတို့အား။
ဒေန္တာ၊ ပေးလှူကုန်လျက်။
ပုညမ္ပိ၊ ဒါနကုသိုလ်ကံကိုလည်း။
နကရောန္တိ၊ မပြုကုန်။
တေ ပစ္စာ၊ ထိုသတ္တဝါတို့သည်။
ပရတ္ထ၊ တမလွန်ဘဝ၌ ။
ခုပ္ပိပါသုပဂတာ၊ ဆာလောင်ငတ်မွတ်ခြင်းသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။
ဒုက္ခပ္ပိနာစ၊ ငတ်မွတ်ခြင်းစသော အကြောင်းရှိသော ဆင်းရဲခြင်း တည်းဟူသော မီးသည် လည်းကောင်း။
ဝိပ္ပဋိသာရပ္ပိနာစ၊ ငါတို့ ကုသိုလ်ကံကို မပြုအပ် အကုသိုလ်ကံကို ပြုအပ်၏ အစရှိသော နည်းဖြင့် ဖြစ်သော နှလုံးမသာယာ ခြင်းတည်းဟု ဆိုအပ်သော မီးသည်လည်းကောင်း။
ဒယှမာနာ၊ လောင်အပ်ကုန်သည်ဖြစ်၍။
စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
အမှေဝိယ၊ အကျွန်ုပ်တို့ကဲ့သို့။
ဈာယရေ၊ ပူလောင်ကုန်ရာ၏။
ထေမစ္စာ၊ ထိုသတ္တဝါတို့သည်။
ကဋုကပ္ဖလာနိ၊ အလိုမရှိအပ်သော အကျိုးဟုဆိုအပ်ကုန်သော။
ဒုခုဒြာယာနိ၊ ဆင်းရဲခြင်းကို ပွားတတ်ကုန်သော။
အကုသလကမ္မာနိ၊ အကုသိုလ်ကံတို့ကို။
ကတွာန၊ ပြုကုန်၍။
စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
ဒုက္ခံ၊ အပါယ်ဘုံ၌ ဖြစ်သော ဆင်းရဲကို။
အနုဘောန္တိ၊ ခံစားရကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
ဓနဓညံ၊ ရွှေငွေ ရတနာ အစရှိသော သက်ရှိသက်မဲ့ ဥစ္စာသလေး အစရှိသော စပါးဥစ္စာသည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဣတ္တရံ၊ ကြာမြင့်စွာသော ကာလပတ်လုံးမတည်။
ဝိပရိဏာမဓမ္မံ၊ ဖေါက်ပြန်တတ်သော သဘောရှိ၏။
ဣဓ၊ ဤလူ့ပြည်၌။
သတ္တာနံ၊ သတ္တဝါတို့၏။
ဇီဝိတံ၊ အသက်သည်။
ဟိ ယသ္မာ၊ အကြာင့်ကြောင့်။
ဣတ္ထရံ၊ တို့၏။
စဝနဓမ္မံ၊ ရွှေလျောခြင်း သဘောရှိ၏။
တသ္မာ၊ ထို့ကြောင့်။
ပဏ္ဍိတော၊ ပညာရှိသောသူသည်။
ဣတ္တရံ၊ တိုသော။
ဣတ္တရတော၊ တိုသောအားဖြင့်။
ဥတွာ၊ သိ၍။
ဒီပံ၊ မိမိ၏ မှီခိုရာ ကျွန်းကြီး သဖွယ်ဖြစ်သော တမလွန်ဘဝ၌ ချမ်းသာခြင်း၏ အကြောင်းကောင်းမှုကို။
ကရိယာထ၊ ပြုရာ၏။
ဘန္တေ၊ အရှင်ဘုရား။
အရဟတံ အရဟန္တာနံ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့၏။
ဝစော၊ စကားကို။
သုတွာ၊ ကြား၍။
ဓမ္မဿ၊ ကုသိုလ်တရား၌။
ကောဝိဒါ၊ လိမ္မာကုန်သော။
ယေတေနရာ၊ အကြင်သူတို့သည်။
ဘောဂါနံစ၊ စည်းစိမ်ချမ်းသာတို့၏လည်းကောင်း။
ဇီဝိတဿစ၊ ဇီဝိန္ဒြေ၏လည်းကောင်း။
ဣတ္တရဘာဝံ၊ တိုသော ကာလရှိသည်၏ အဖြစ်ကို။
ဧဝံယာထာဝတော၊ ဤသို့ ဟုတ်မှန်သောသ ဘောအားဖြင့်။
ပဇာနန္တိ၊ အပြားအားဖြင့် သိကုန်၏။
တေနရာ၊ ထိုသူတို့သည်။
ဒါနေ၊ အလှူပေးခြင်း၌။
သဗ္ဗကာလံ၊ အခါခပ်သိမ်း။
နပမဇ္ဇန္တိ၊ မမေ့မလျော့ကုန်။
ဣတိ၊ ဤသို့။
အဘာသိံသု၊ ရွတ်ဆိုကုန်၏။
ဧကာဒသမံ၊ တဆယ့်တခုမြောက်သော။
နာဂပေတဝတ္ထု၊ နာဂပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
ဗြဟ္မဏ၊ ပုဏ္ဏား။
ဥရဂေါ၊ မြွေသည်။
ဇိဏ္ဏံ၊ ဟောင်းလေပြီးသော။
တစံ၊ အရေကို။
ဟိတွာ၊ စွန့်၍။
ဂစ္ဆတိဣဝ၊ သွားသကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သံသာရေ၊ သံသရာ၌။
ပရိဗ္ဘမန္တော၊ လည်သော။
သတ္တော၊ သတ္တဝါသည်။
ပေါရာဏဿ၊ အဟောင်းဖြစ်သော။
ကမ္မဿ၊ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏။
ပရိက္ခိဏတ္တာ၊ ကုန်သည်၏ အဖြစ်ကြောင့်။
ဇိဏ္ဏံ၊ ဟောင်းလေပြီးသော။
သံတနံ၊ မိမိကိုယ်ကို။
ဟိတွာ၊ စွန့်၍။
ဂစ္ဆတိ၊ သွား၏။
သရီရေ၊ ကိုယ်သည်။
နိဗ္ဘောဂေ၊ ချမ်းသာဆင်းရဲကို ခံစားခြင်းမရှိသည်။
ဇာတေ၊ ဖြစ်လတ်သော်။
ပေတေ၊ ဝိညာဉ်မှကင်းသည်ဖြစ်၍။
ကာလင်္ကတေ၊ သေသည်။
သတိ၊ ရှိသော်။
ဒယှမာနော၊ မီးသည်လောင်အပ်သော။
ကာယော၊ ကိုယ်သည်။
အပေတဝိညာဏတ္တာ၊ ကင်းသော ဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်။
ဒါဟဒုက္ခံ၊ မီးလောင်ခြင်းကြောင့်ဖြစ်သော ဆင်းရဲကို။
နဇာနာတိဣဝ၊ မသိသကဲ့သို့။
ဧဝတထာ၊ ထို့အတူ။
တဿကာလင်္ကတဿ၊ ထိုသေသော အကျွနိုပ်တို့၏ သားသည်။
ကတောကာသဿ၊ ပြုအပ်သော အခွင့်ရှိသော။
ကမ္မဿ၊ ကံ၏။
ဝသေန၊ အစွမ်းဖြင့်။
ယာဂတိ၊ အကြင်ဖြစ်ရာဘဝသစ်ကို။
ပါဋိကင်္ခါ၊ အလိုရှိအပ်၏။
တံ ဂတိံ၊ ထိုဖြစ်ရာ ဘဝသစ်သို့။
စုတိနန္တရမေဝ၊ စုတိ၏ အခြားမဲ့၌ သာလျှင်။
ဂတော၊ သွားလေသော။
သောကာသင်္ကတော၊ ထိုသောသောအကျွန်ုပ်၏ သားသည်။
ဉာတီနံ၊ အဆွေဟောင်းတို့၏။
ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို။
နဇာနာတိ၊ မသိ။
တသ္မာ၊ ထိိုသို့ မသိသော ကြောင့်။
အဟံ၊ အကျွန်ုပ်သည်။
ဧတံမမဝုတ္တံ၊ ထိုအကျွန်ုပ်တို့၏ သားကို။
နိမိတ္တံကတွာ၊ အကြောင်းပြု၍။
နသောစာမိ၊ မစိုးရိမ်။
သာမိ၊ အရှင်ပုဏ္ဏား။
သောပုတ္တော၊ ထိုအကျွန်ုပ်တို့၏သားသည်။
အနဗ္ဘိတော၊ လာလှည့်ငါးသား၏ အဖြစ်သို့ ကပ်လှည့်ဟု ကျွန်ုပ်မခေါ်အပ်ဘဲလျက်။
တထော၊ ထို ရှေး၌တည်သော ကုသိုလ်၏အဖြစ်မှ။
အာဂါ၊ အကျွန်ုပ်တို့၏အထံသို့သာပါ၏။
အနနုညာတော၊ ချစ်သားတမလွန်လောကသို့ သွားလေတော့ဟု အကျွန်ုပ်သည် ခွင့်မလွှတ်အပ်ဘဲလျက်။
ဣတော၊ ဤပစ္စုပ္ပန်ဖြစ်သောလောကမှ။
ဂတော၊ တမလွန်လောကသို့ သွား၏။
သာမိ၊ အရှင်ပုဏ္ဏား။
ယတာယေန အာကာရေန၊ အကြင်သို့သော် အခြင်းအရာဖြင့်။
အာဂတော၊ လာ၏။
တထာတေနဧဝအာကာရေန၊ ထိုသို့သော် အခြင်းအရာဖြင့်သာလျှင် ။
ဂတော၊ သွားလေ၏။
ဧဝံ၊ ဤသို့။
အဝသဝတ္တိကေ၊ အလိုသို့ လိုက်ခြင်း မရှိသော။
တတ္ထ၊ ထိုသံသရာဝဋ်၏ ဖြစ်ခြင်း၌။
မရဏံ၊ သေခြင်းကို။
ပဋိစ္စ၊ စွဲ၍။
ပရိဒေဝနာ၊ ငိုမြည်တမ်းခြင်းသည်။
ကာ၊ အဘယ်အကျိုးရှိအံ့နည်း။
သာမိ၊ အရှင်ပုဏ္ဏား။
ဒယှမာနော၊ မီးသည်လောင်အပ်သော။
ကာယော၊ ကိုယ်သည်။
အပေတဝိညာဏတ္တာ၊ ကင်းသော ဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်။
ဒါဟဒုက္ခံ၊ မီးလောင်ခြင်းကြောင့်ဖြစ်သောဆင်းရဲကို။
နဇာနာတိ ဣဝ၊ မသိသကဲ့သို့။
တထာ၊ ထို့အတူ။
တဿပုတ္တဿ၊ ထိုမလွန်ဘောကသို့ သွားတတ်သော အကျွန်ုပ်တို့၏ သားသည်။
ကတောကာသဿ၊ ပြုအပ်သော အခွင့်ရှိသော။
ကမ္မဿ၊ ကံ၏။
ဝသေန၊ အစွမ်းဖြင့်။
ယာဂတိ၊ အကြင်ဖြစ်ရာ ဘဝသစ်ကို။
ပါဋိကင်္ခါ၊ အလိုရှိအပ်၏။
တံဂတိံ၊ ထိုဖြစ်ရာ ဘဝသစ်သို့။
စုတိအနန္တရမေဝ၊ သေသည် အခြားမဲ့၌ သာလျှင်။
ဂတော၊ သွာလေသော။
သောပုတ္တော၊ ထိုအကျွန်ုပ်တို့၏ အားသည်။
ဉာတီနံ၊ ဆွေမျိုးဟောင်းတို့၏။
ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို။
နဇာနာတိ၊ မသိ။
တသ္မာ၊ ထို့ကြောင့်။
အဟံ၊ အကျွန်ုပ်သည်။
ဧတံ၊ ထိုတမလွန်ဘောကသို့ သွားသော ကျွန်ုပ်တို့၏ သားကို။
နိမိတ္တံကတွာ၊ အကြောင်းပြု၍။
နရောဒါမိ၊ မငို။
သာမိ၊ အရှင်ပုဏ္ဏား။
အဟံ၊ အကျွန်ုပ်သည်။
သစေရောဒေ၊ အကယ်၍ ငိုငြားအံ့။
ကိသာ၊ ကြုံလှီခြောက် တတ်သည်။
အဿ၊ ဖြစ်ရာ၏။
တတ္ထ၊ ထိုအကျွန်ုပ်၏ မောင်သေခြင်းကို အကြောင်းပြု၍ ငိုခြင်း၌။
မေ၊ အကျွန်ုပ်အား။
ကိံ ဖလံ၊ အဘယ်အကျိုးရှိသည်။
သိယာ၊ ဖြစ်ရာသနည်း။
နော၊ အကျွန်ုပ်တို့၏။
ဉာတိမိတ္တသုဟဇ္ဇာနံ၊ အဆွေအမျိုးအဆွေခင်ပွန်းချစ်ကျွမ်းဝင်ကုန်သော သူတို့အား။
မမ၊ အကျွန်ုပ်၏။
သောစနေန၊ စိုးရိမ်ခြင်းဖြင့်။
သိယျော၊ မောင်သေခြင်းကြောင့် ဖြစ်သော ဆင်းရဲထက်လွန်စွာ။
အရတိ၊ ဆင်းရဲခြင်းသည်။
သိယာ၊ ဖြစ်ရာ၏။
သာမိ၊ အရှင်ပုဏ္ဏား။
ဒယှမာနော၊ မီးသည်လောင်အပ်သော။
ကာယော၊ ကိုယ်သည်။
အပေတဝိညာကတ္တာ၊ ကင်းသော ဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်။
ဒါဟဒုက္ခံ၊ မီးထောင်းခြင်းကြောင့်ဖြစ်သော ဆင်းရဲကို။
နဇာနာတိဣဝ၊ မသိသကဲ့သို့။
တသဘာတုနော၊ ထိုတမလွန်ဘဝသို့ ပြောင်းသွားသော အကျွန်ုပ်မောင်းသည်။
ကတောကာသဿ၊ ပြုအပ်သော အခွင့်ရှိသော။
ကမ္မဿ၊ ကံ၏။
ဝသေန၊ အစွမ်းဖြင့်။
ယာဂတိ၊ အကြင်ဖြစ်ရာ ဘဝသစ်သို့။
ပါဋိကင်္ခါ၊ အလိုရှိအပ်၏။
တံဂတိံ၊ ထိုဖြစ်ရာ ဘဝသစ်သို့။
စုတိအနန္တရမေဝ၊ သေသည်၏ အခြားမဲ့၌သာလျှင်။
ဂတော၊ သွားလေသော။
သောဘာတာ၊ ထိုအကျွန်ုပ်မောင်သည်။
ဉာတီနံ၊ ဆွေမျိုးဟောင်းတို့၏ ။
ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို။
နဇာနာတိ၊ မသိ။
တသ္မာ၊ ထို့ကြောင့်။
ဧတံ၊ ထိုတမလွန်ဘဝသို့ ပြောင်းသွားသော မောင်ကို။
နိမိတ္တံကတွာ၊ အကြောင်းပြု၍။
အဟံ၊ ငါသည်။
နရောဒါမိ၊ မငို။
သာမိ၊ အရှင်ပုဏ္ဏား။
ဒါရကော၊ မလိမ္မာသော သူငယ်သည် ။
နဘေ၊ ကောင်းကင်၌။
ဂစ္ဆန္တံ၊ သွားသော ။
စန္ဒံ၊ လဝန်းကို။
မယှံ၊ ငါ၏။
ရလစက္ကံ၊ ရထားလှည်းဘီးစက်ကို။
ဂဟေတွာ၊ ယူ၍။
ဝဒတိ၊ ပေးလော။
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
အနုရောဒတိယထာဝိ၊ အဖန်တလဲလဲ ငိုမြည်တမ်းသကဲ့သို့။
ဧဝံ တထာ၊ ထို့အတူ။
ယော၊ အကြင်သူသည်။
ပေတံ၊ သေသောသူကို။
အနူသောစတိ၊ အဖန်တလဲလဲ စိုးရိမ်၏။
ဧဝံ သမ္ပဒမေဝ၊ ဤကောင်းကင်၌ သွားသော လဝန်းကို ယူလိုသော သူငယ်၏ အဖြစ်နှင့်တူသည် သာလျှင်တည်း။
သာမိ၊ အရှင်ပုဏ္ဏား။
ဒယှမာနော၊ မီးသည်လောင်အပ်သော ။
ကာယော၊ ကိုယ်သည်။
အပေတဝိညာဏတ္တာ၊ ကင်းသော ဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်။
ဒါဟဒုက္ခံ၊ မီးလောင်ခြင်းကြောင်းဖြစ်သော ဆင်းရဲကို။
နာဇာနာတိဣဝ၊ မသိသကဲ့သို့။
တဿဘတ္တုံနော၊ ထိုသေသော အကျွန်ုပ်၏ ထင်သည်။
ဂတောကာသဿ၊ ပြုအပ်သော အခွင့်ရှိသော။
ကမ္မဿ၊ ကံ၏။
ဝသေန၊ အစွမ်းအားဖြင့်။
ယာဂတိ၊ အကြင်ဖြစ်ရာ ဘဝသစ်ကို။
ပါဋိကင်္ခါ၊ အလိုရှိအပ်၏။
တံဂတိံ၊ ထိုဖြစ်ရာဘဝသစ်သို့။
စုတိအနန္တရမေဝ၊ သေသည်၏ အခြားမဲ့၌ သာလျှင်။
ဂတော၊ သွားသော။
သောဘတ္တာ၊ ထိုအကျွန်ုပ်၏ ထင်သည်။
ဉာတီနံ၊ ဆွေမျိုးဟောင်းတို့၏။
ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို။
နဇာနာတိ၊ မသိ။
တသ္မာ၊ ထို့ကြောင့်။
ဧတံ၊ ထိုသေသော အကျွန်ုပ်၏ ထင်ကို။
နိမိတ္တံကတွာ၊ အကြောင်းပြု၍။
အဟံ၊ အကျွန်ုပ်သည်။
နရောဒါမိ၊ မငို။
ဗြဟ္မေ၊ မြတ်သော အရှင်ပုဏ္ဏား။
ဘိန္နော၊ ကွဲပြီးသော။
ဥဒကကုမ္ဘော၊ ရေအိုးသည်။
အပ္ပဋိသန္ဓိယော၊ တဖန်စေ့စပ်ခြင်း မရှိသည်။
ဟောတိယထာပိ၊ ဖြစ်သကဲ့သို့။
တထာ၊ ထိုအတူ။
ယော၊ အကြင်သူသည်။
ပေတံ၊ သောသူကို။
အနုသောစတိ၊ အဖန်တလဲလဲ စိုးရိမ်၏။
တဿ၊ ထိုသူ၏။
ဧတံ အနုသောစနံ၊ ထိုအဖန်တလဲလဲ စိုးရိမ်ခြင်းသည်။
ဧဝံ သမ္ပဒမေဝ၊ ဤကွဲပြီးသော အိုးကို တဖန်စေ့စပ်ခြင်းငှါ မတတ်နိုင်သည်နှင့်တူသည်သာလျှင်တည်း။
ဗြဟ္မေ၊ မြတ်သော အရှင်ပုဏ္ဏား။
ဒယှမာနော၊ မီးသည်လောင်အပ်သော။
ကာယော၊ ကိုယ်သည်။
အပေတဝိညာဏတ္တာ၊ ကင်းသောဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်။
ဒါဟဒုက္ခံ၊ မီးလောင်ခြင်းကြောင့်ဖြစ်သော ဆင်းရဲကို။
နဇာနာတိဣဝ၊ မသိသကဲ့သို့။
တဿအယပုတ္တဿ၊ ထိုအကျွန်ုပ်၏ အရှင့်သားသည်။
ကတောကာသဿ၊ ပြုအပ်သော အခွင့်ရှိသော။
ကမ္မဿ ကံ၏။
ဝသေန၊ အစွမ်းအားဖြင့်။
ယာဂတိ၊ အကြင်ဖြစ်ရာ ဘဝသစ်ကို။
ပါဋိကင်္ခါ၊ အလိုရှိအပ်၏။
တံဂတိံ၊ ထိုဖြစ်ရာ ဘဝသစ်သို့။
စုတိအနန္တရမေဝ၊ သေသည်၏ အခြားမဲ့၌ သာလျှင်။
ဂတော၊ သွားသော။
သောအယျပုတ္တော၊ ထိုအရှင်သားသည်။
ဉာတီနံ၊ ဆွေမျိုးဟောင်းတို့၏။
ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို။
နဇာနာတိ၊ မသိ။
တသ္မာ၊ ထိုကြောင့်။
ဧတံ၊ ထိုသေသော အရှင့်သားကို။
နိမိတ္တံကတွာ၊ အကြောင်းပြု၍။
အဟံ၊ အကျွန်ုပ်သည်။
နရောဒါမိ၊ မငို။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဥရဂပေတဝတ္ထု၊ ဥရဂပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ ပြီးခြင်းသို့ရောက်ပြီ။
ဥဒါနံ၊ ဥဒါန်းသည်ကား။
ခေတ္တံ၊ ကောင်းသော လယ်မြေခေတ်နှင့် တူသော အလှူခံ။
သုကရံ၊ ဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော ပြိတ္တာ။
ပူဘီစ၊ ပုပ်သော အနံ့ဖြင့် လှိုင်သော ခံတွင်းရှိသော ပြိတ္တာ။
ပိဋ္ဌံ၊ မုံ့မိန်းမရုပ်လျှင် အကြောင်းရှိသော ဒေသနာ။
တိရောကုဋ္ဋံဉ္စ၊ တိရောကုဋ္ဋသုတ္တန်။
ပဉ္စာပိ၊ ငါးယောက်သော သားတို့ကို စားရသော ပြိတ္တာမ။
သတ္တပုတ္တံစ၊ ခုနစ်ယောက်သော သားတို့ကို စားရသော ပြိတ္တာမ။
ဂေါဏောစ၊ နွားသေကို မြက်ရေကျွေးရသော သုဇာတလုလင်။
ပေသကာရီစ၊ ရက်ကန်းသည် ပြိတ္တာမ။
ခလ္လဋီ၊ လုလက်ထက် ဆံပင် ကျွတ်၍ ဥက္ခောင်းပြောင်သော ပြိတ္တာမ။
နာဂ၊ ဆင်ဖြူယာဉ်ရသောနတ်သား။
ဥရဂေါ၊ မြွေကိုက်၍ သေသော ပုဏ္ဏားသား။
ဣတိဣဒံ၊ ဤသည်လျှင်တည်း။
ပဌမော၊ ရှေးဦးစွာသော။
ဥရဂဝဂ္ဂေါ၊ ဥရဂဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။