ဘောပုရိသ၊ အိုယောင်္ကျား။
ယုတွ၊ ပျိုငယ်သော အရွယ်ရှိသော။
တွံ၊ သင်သည်။
ရတ္တိယံ၊ ညဉ့်၌။
နရနာရီပုရက္ခတော၊ နတ်သားနသ္မီးတို့ဖြင့်ခြံရံလျက်။
ရဇ္ဇနိယေရဇ္ဇနိယေတိ၊ နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော။
ကာမဂုဏေဟိ၊ ကာမဂုဏ်ငါးပါးတို့နှင့်။
သမင်္ဂီဘာဝေန၊ ပြည့်စုံသည်၏ အဖြစ်ဖြင့်။
သောဘတိ၊ တင့်တယ်၍။
ဒိဝသံ၊ နေ့အတို့၌ကား။
ကာရဏံဃာတနံ၊ အထူးထူးအပြားပြားရှိသော သတ်ခြင်းကို။
အနုဘောသိ၊ ခံစားရ၏။
ဘောပုရိသ၊ အိုယောင်္ကျား။
တွံ၊ သင်သည်။
ပုရိမဇာတိယာ၊ ရှေးဘဝ၌။
ကိံ ကမ္မံ၊ အဘယ်သို့ သဘောရှိသောကံကို။
အကာသိ၊ ပြုခဲ့ဘူးသနည်း။
နာရဒ၊ အရှင်နာရဒ။
အဟံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
ရမဏိယေ၊ နှစ်သက်အပ်သော။
ဂိရိဗ္ဗဇေ၊ ဝေဘာရဝေပူထပဏ္ဍဝ ဣသိဂီလိဂိဇ္ဈကုဋ်ဟု ဆိုအပ်သော ငါးလုံးသော တောင်းအရံလည်းရှိထသော။
ရမ္မေ၊ လာလာ သသူရှင်လူအပေါင်တို့၏ နှလုံးမွေ့လျော်ဖွယ်ရှိသော။
ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။
လုဒ္ဒေါ၊ ကြမ်းကြုတ်သော။
လောဟိတပါဏိ၊ နေ့တိုင်းမပြတ် သူ့အသက်ကို သတ်သဖြင့် သွေးအလိမ်းအလိမ်းကပ်သော လက်ရှိသော ။
ဒါရုဏော၊ ပြင်းထန်စွာ သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်တတ်သော။
မိဂလုဒ္ဒေါ၊ သားမုဆိုးသည်။
အာသိံ၊ ဖြစ်၏။
နာရဒ၊ အရှင်နရဒ။
အတိဒါရုဏော၊ အလွန်ကြမ်းကြုတ်သော သဘောရှိသော။
ပရိဟိံ သာယ၊ သူတပါးကိုသတ်ပုတ်ညှဉ်းဆဲခြင်း၌။
ရတော၊ မွေ့လျော်သောစိတ်ရှိသော။
အသညတော၊ ကိုယ်နှုတ်နှလုံသုံးပါးကို မစောင့်သော။
သောဟံ၊ ထိုအကျွန်ုပ်သည်။
အဝိရောဓကရေသု၊ ဆန့်ကျင်ခြင်းကို မပြုတတ်ကုန်သော။
ပါဏီသု၊ သမင်ဒရယ်ယုန်ငယ်အစရှိသော သတ္တဝါတို့၌လည်းကောင်း။
ပုထုသတ္တေသု၊ ထိုမှတပါးများစွာကုန်သော သတ္တဝါတို့၌လည်းကောင်း။
ပဒုဋ္ဌမာနသော၊ ဖျက်ဆီးသတ်ခတ်လိုသော စိတ်ရှိသည်ဖြစ်၍သာလျှင်။
သဒါ၊ အခါခပ်သိမ်း။
ဝိစရိံ၊ လှည့်လည်သွားလာ၏။
နာရဒ၊ အရှင်နာရဒ။
ဝုရေ၊ ရှေးဘဝ၌။
တဿမေ၊ ထိုအကျွန်ုပ်အား။
သုဟဒယော၊ ကောင်းမြတ်သော နှလုံးရှိသော။
သဒ္ဓေါ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းလည်းရှိသော။
ဥပါသကော၊ ရတနာသုံးပါးတို့ကို ကိုးကွယ်ရာဟု ဆည်းကပ်တတ်သော။
သဟာယော၊ အဆွေခင်ပွန်းကောင်းသည်။
အာသိ၊ ရှိသည်ဖြစ်၍။
သောဟိသောဧဝသဟာယော၊ ထိုဥပါသကာဖြစ်သော အဆွေခင်ပွန်းကောင်းသည်သာလျှင်။
တာတ၊ ချစ်သား။
ပါပကံ၊ ယုတ်မာသော။
ကမ္မံ၊ အကုသိုလ်ကံကို။
မာအကာသိ၊ မပြုလင့်။
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိအပါယ်ဘုံသို့။
မာအဂါ၊ မလားလေလင့်။
တွံ၊ သင်သည်။
ပေစ္စ၊ တမလွန်လောက၌။
သုခံ၊ ချမ်းသာကို။
သစေဣစ္ဆသိ၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့။
အသံယမံ၊ ကိုယ်နှုတ်နှလုံးသုံးပါးကို မစောင့်စည်းခြင်းကြောင့် ဖြစ်သော။
ပါဏဝဓါ၊ သူ့အသက်ကို သတ်ခြင်းကို။
ဝိရမ၊ ကြဉ်ရှောင်လော။
ဣတိ၊ ဤသို့။
မံ၊ ငါ့ကို။
အနုကမ္ပန္တော၊ သနာခြင်းရှိသည်ဖြစ်၍။
ပုနပ္ပုနံ၊ အကြိမ်ကြိမ်အဘန်ဘန်။
နိဝါဓေသိ၊ မြစ်ပေ၏။
သုခကာမသာ၊ အကျွန်ုပ်၏ ချမ်းသာခြင်းကို အလိုရှိပေသော။
ဟိတာနုကမ္ပိနော၊ အကျွန်ုပ်ကို အကျိုးစီးပွားဖြင့် ချီးမြှောက်ပေတတ်သော။
တဿ၊ ထိုဥပါသကာဖြစ်သောအဆွေခင်ပွန်းကောင်း၏။
ဝစနံ၊ စကားကို။
သုတွာ၊ ကြားနာလျက်လည်း။
စိရံ၊ ကြာမြင့်စွာ သော ကာလပတ်လုံး။
ပါပါဘိရတော၊ မကောင်းမှု၌ အလွန်မွေ့လျော်သော နှလုံးရှိသော။
အဗုဒ္ဓိမာ၊ အသိပညာနည်းလှစွာသော။
အဟံ၊ အကျွန်ုပ်သည်။
ကဿ၊ ထိုအဆွေခင်ပွန်းကောင်းဖြစ်သော ဥပါသကာ၏။
သကလာနုသာသနိံ၊ ခပ်သိမ်းသော အဆုံးအမကို။
နာကာသိံ၊ လိုက်နာ၍ မပြုမိချေ။
နာရဒ၊ အရှင်နာဒ။
ဘူရိ၊ မြေကြီးကဲ့သို့ထူးထပ်ကြယ်ပြောသော ပညာရှိထသော ။
သုမေဓသော၊ မိုဃ်းကြိုးစက်ကဲ့သို့ မောဟဟူသော အစုအခဲကို ခွဲဖောက်တတ်သော ကောင်းမြတ်သော ပညာလည်းရှိထသော။
သော၊ ထိုအဆွေခင်ပွန်းကောင်းဖြစ်သော ဥပါသကာသည်။
တာတ၊ ချစ်သား။
ဒိဝါ၊ နေ့၌။
ပါဏိနောပါဏေ၊ သတ္တဝါတို့ကို။
သစေဟနတိ၊ အကယ်၍ မကြဉ်ရှောင်နိုင်၍ သတ်သည်ဖြစ်အံ့။
အထ၊ ထိုသို့နေ့၌ မကြဉ်ရှောင်နိုင်၍ သတ်သည်ရှိသော်။
ရတ္တိံ၊ ညဉ့်အတို့၌။
တေ၊ သင်အား။
သံယမော၊ သူ့အသက်ကို သတ်ခြင်းမှ စောင့်စည်းကြဉ်ရှောင်ခြင်းသည်။
ဘဝတု၊ ဖြစ်စေသတည်း။
ဣတိ၊ ဤသို့။
မံ၊ အကျွန်ုပ်ကို။
အနုကမ္ပာယ၊ သနားသဖြင့်။
ပုန၊ တဖန်။
သမေ၊ သုစရိုက်ကုသိုလ်ကံ၌။
နိဝေသယိ၊ နှလုံးသွင်းစေ၏။
သွာဟံသောအဟံ၊ ထိုအကျွန်ုပ်သည်။
ဒိဝါ၊ နေ့အတို့၌။
ပါဏေ၊ သတ္တဝါတို့ကို။
ဟနိတွာန၊ သတ်၍။
ရတ္တိံ၊ ညဉ့်အတို့၌။
ဝိရတော၊ သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သည်ဖြစ်၍။
သံယတော၊ ကိုယ်နှုတ်နှလုံးကို စောင့်သည်။
အဟောသိံ၊ ဖြစ်၏။
တဿ၊ ထိုအနေ့တို့၌ သူ့အသက်ကို သတ်ခြင်းညဉ့်အတို့၌ စောင့်စည်းကြဉ်ရှောင်ခြင်းဟု ဆိုအပ်သော နှစ်ပါးသော ကံ၏။
ဝိပါကေန၊ အကျိုးအားဖြင့်။
အဟံ၊ အကျွန်ုပ်သည်။
ရတ္တိံ၊ ညဉ့်အတို့၌။
ပရိစာရေမိ၊ စမ္ပယ်ရ၏။
ဒိဝါ၊ နေ့အတို့၌ကား။
ဒုဂ္ဂတော၊ ကြီးစွာသော ဆင်းရဲခင်းသို့ ရောက်လျက်။
သုနခေဟိ၊ ခွေးတို့သည်။
ခဇ္ဇာမိ၊ ကိုက်ခဲစားသောက်အပ်၏။
နာရဒ၊ အရှင်နရဒ။
အဟံ၊ အကျွန်ုပ်သည်။
ကုသလဿ၊ ကောင်းသော အကျိုးပေးခြင်း လက္ခဏာရှိသော။
တဿကမ္မဿ၊ ထိုညဉ့်အတို့၌ သူ့အသက်ကို သတ်ခြင်းမှ စောင့်စည်းကြဉ်ရှောင်ခြင်းဟု ဆိုအပ်သော ကုသိုလ်ကံ၏။
ဝိပါကံ၊ အကျိုးဖြစ်သော။
အမာနုသိံ၊ နတ်စည်းစိမ်းကို။
ရတ္တိံ၊ ညဉ့်အတို့၌။
အနုဘောမိ၊ ခံစားရ၏။
ဒိဝါ၊ နေ့တို့၌ကား။
ကုက္ကူရာ၊ ခွေးတို့သည်။
သမ္ပဋိဟတာစ၊ ဖွဲ့အပ်သော ရန်ငြိုးရှိကုန်သကဲ့သို့ ဖြစ်ကုန်၍ သာလျှင်.
မမ၊ အကျွန်ုပ်၏။
သရိရံ၊ ကိုယ်ကို။
သမန္တာ၊ ထက်ဝန်းကျင်မှ။
ခါဒိတုံ၊ ကိုက်ခဲခြင်းငှါ။
ဥပဓါဝန္တိ၊ အနီးသို့ပြေးလာကုန်၏။
နာရဒ၊ အရှင်နာရဒ။
အဟံ၊ အကျွနိုပ်သည်။
ရတ္တိယံ၊ ညဉ့်အတို့၌
ပါဏဝဓဝိရမဏမတ္တေန၊ သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ကာမျှဖြင့်။
ဧဝရူပံ၊ ဤသို့ သဘောရှိသော။
သမ္ပတ္တိံ၊ စည်းစိမ်ချမ်းသာကို။
အနုဘောမိ၊ စံစားရ၏။
သထတာယောဂိနာ၊ မပြတ်လုံးလအားထုတ်ခြင်းရှိကုန်သော။
ယေစတေပုရိသာ၊ အကြင်ယောင်္ကျားမြတ်တို့သည်ကား။
သုဂတဿ၊ မြတ်စွာဘုရား၏။
သာသနေ၊ သာသနာတော်၌။
အဓိသီလာဒိကေ၊ အဓိသီလအစရှိသော။
ဓမ္မေ၊ ကိုသိုလ်တရား၌။
ဓုဝံ၊ မြဲမြံစွာ။
ပယုတ္တာ၊ လုံ့လပြုကုန်၏။
ဟောန္တိ၊ ဖြစ်ကုန်၏။
ကေပုရိသာ၊ ထိုယောင်္ကျားမြတ်တို့သည်။
ကေဝလံ၊ လောကီချမ်းသာနှင့်မရောသော။
အသင်္ခတံ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သော။
ပဒံ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့်သိအပ်သော။
အမတမေဝ၊ အမြိုက်နိဗ္ဗာန်သို့သာလျှင်။
အဓိဂစ္ဆန္တိ၊ ရောက်ကုန်ရာ၏။
ဣတိ၊ ဤသို့။
အညာမိ၊ အကျွန်ုပ်မှတ်ထင်၏။
သတ္တမံ၊ ခုနစ်ခုမြောက်သော။
မိဂလုဒ္ဒကပေတဝတ္ထု၊ သားမုတ်ဆိုးပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။