Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

3. Nandakapetavatthu

Author: နိဿယ @ IAPT

ပိင်္ဂလောနာမ၊ ပိင်္ဂလအမည်ရှိသော။ ရာဇာ၊ မင်းသည်။ သုရဋ္ဌဓိပတိ၊ သူရဋ္ဌတိုင်း၏ အရှင်သည်။ အဟု၊ ဖြစ်၏။
သောရာဇာ၊ ထိုပိင်္ဂထမင်းသည်။ မောရိယာနံ၊ မောရိယမင်းတို့ကို။ ဥပဋ္ဌာနံ၊ ခစားခြင်းငှါ။ ဂန္တွာ၊ သွား၍။ သုရဋ္ဌံ၊ သုရဋ္ဌတိုင်းသို့။ ပုန၊ တဖန်။ အာဂမာ၊ ပြန်သွား၏။
ရာဇာ၊ ပိင်္ဂထမင်းသည်။ ဥဏှေ၊ ပူပြင်းသော ကာလဖြစ်သော။ မဇ္ဈနိကေကာလေ၊ မွန်းတည့်သောအခါ၌။ ဝင်္ကံမရုံသုမ္မိမဂ္ဂံ၊ သုမ္မစိုးနတ်တို့၏ နေရာအရပ်သို့ သွားသောခရီးသို့။ ဥပါဂမိ၊ ကပ်လေ၏။ ဥပဂန္တွာ၊ ကင်ပြီး၍။ ပေတာနံ၊ ပြိတ္တာတို့သည်။ ဝဏ္ဏပထံ၊ ဖန်ဆင်းအပ်သော။ ရမဏိယံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ တံမဂ္ဂံ၊ ထိုခရီးကို။ အဒ္ဒသ၊ မြင်လေ၏။ ဒိသွာ၊ မြင်ခြင်းကြောင့်။ ရာဇာ၊ ပိင်္ဂလမင်းသည်။ သာရထိံ၊ ရထားထိန်းကို။ အာမန္တယိ၊ ခေါ်ဆို၏။
ကိံ အာမန္တယီ၊ အဘယ်သူခေါ်ဆိုသနည်း။ သာရထိ၊ ရထားထိန်း။
အယံမဂ္ဂေါ၊ ဤခရီးသည်။ ရမဏီယော၊ နှလုံးမွေ့လျော်ဘွယ်ရှိ၏။ ခေမော၊ ဘေးမရှိ။ ယောတ္ထိကော၊ ချမ်းသာသော အဖြစ်ကို ရွက်ဆောင်တတ်၏။ သိဝေါ၊ ဥပါဒ်မရှိ။
မယံ၊ ငါတို့သည်။ ဣမိနာမဂ္ဂေန၊ ဤခရီးဖြင့်။ ဣတော၊ ဤအရပ်မှ။ သုရဋ္ဌသန္တိကေ၊ သုရဋ္ဌတိုင်း၏ အနီးသို့။ ယာမ၊ သွားကုန်အံ့။ ဣတိ၊ ဤသို့။ အာမန္တယိ၊ ခေါ်ဆို၏။
စတုရင်္ဂိနိယာ၊ အင်္ဂါလေးပါးရှိသော။ သေနာယ၊ စစ်သည်နှင့်။ သဟ၊ တကွ။ သောရဋ္ဌော၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော။ ရာဇာ၊ ပိင်္ဂလမင်းသည်။ တေနမဂ္ဂေန၊ ထိုပြိတ္တာသည် ဖန်ဆင်းအပ်သော ခရီးဖြင့်။ ပါယာသိ၊ သွားလေ၏။
ဥဗ္ဗိဂ္ဂရူပေါ၊ ထိတ်လန့်သော သဘောရှိသော။ ပုရိသော၊ ယောင်္ကျားသည်။ သောရဋ္ဌံ၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော။ ရာဇာနံ၊ ဝိင်္ဂလမင်းကြီးကို။ ဧတံဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ လျှောက်၏။
ကိံ အဗြဝိ၊ အဘယ်သို့ လျှောက်သနည်း။ ဒေဝ၊ အရှင်မင်းကြီး။ မယံ၊ အကျွန်ုပ်တို့သည်။ ဘိသနံ၊ ကြောက်လန့်ခြင်းကို ဖြစ်စေတတ်သော ။ လောမဟံသနံ၊ ကြောက်လန့်သဖြင့် ကြက်သီး မွေးညှင်းထခြင်းရှိသော။ ကုမ္မဂ္ဂံ၊ မကောင်းသောခရီးကို။ ပဋိပန္နာ၊ သွားကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။
ဒေဝ၊ အရှင်မင်းကြီး။ ပုရတော၊ ရှေ့မှ။ မဂ္ဂေါ၊ ခရီးသည်။ ဒိဿတိ၊ ထင်၏။ ပစ္ဆတောစ၊ နောက်မှကား။ န ဒိဿတိ၊ မထင်။
မယံ၊ အကျွန်တော်မျိုးတို့သည်။ ကုမဂ္ဂံ၊ မကောင်းသော ခရီးကို။ ပဋိပန္နာ၊ သွားမိကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ယမပုရိသာနံ၊ ပြိတ္တာတို့၏။ သန္တိကေ၊ အထံ၌။ ဝတ္တာမ၊ ဖြစ်ကုန်၏။
ဧတ္ထ၊ ဤခရီး၌။ အမနုဿော၊ ပြိတ္တာတို့၏ ကိုယ်မှ ဖြစ်သော။ ဂန္ဓော၊ အနံ့သည်။ ဝါယတိ၊ လှိုင်၏ ။ ဒါရုဏော၊ ကြမ်းကြုတ်သော။ ဃောသော၊ ငရဲ၌ စီရင်အပ်သော သတ္တဝါတို့၏ အသံကို။ အမှေဟိ၊ ကျွန်တော်မျိုးတို့သည်။ သုယျတိ၊ ကြားအပ်၏။ ဣတိ၊ ဤသို့။ အဗြဝိ၊ လျှောက်၏။
သောရဋ္ဌော၊ သုရဋ္ဌတိုင်းတို့၏ အရှင်ဖြစ်သော။ ရာဇာ၊ ဝိင်္ဂထမင်းသည်။ သံဝိဂ္ဂေါ၊ ထိပ်လန့်သော နှလုံးရှိသည်ဖြစ်၍။ သာရထိံ၊ ရထားထိန်းကို။ ဧတံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆို၏။
ကိံ အဗြဝိ၊ အဘယ်သို့ဆိုသနည်း။ သာရထိ၊ ရထားထိန်း။ မယံ၊ ငါတို့သည်။ ဘိံသနံ၊ ကြောက်လန့်ခြင်းကို ဖြစ်စေတတ်သော။ လောမဟံသနံ၊ ကြောက်လန့်သော အားဖြင့် ကြက်သီးမွှေးညှင်းထခြင်း ရှိထသော။ ကုမ္မဂ္ဂံ၊ မကောင်းသောခရီးကို။ ပဋိပန္နာ၊ သွားကြကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။
သာရထိ၊ ရထားထိန်း။ မဂ္ဂေါ၊ ခရီးသည်။ ပုရတော၊ ရှေ့မှ။ ဒိဿတိ၊ ထင်၏။ ပစ္ဆတောစ၊ နောက်မှ ကား။ နဒိဿတိ၊ မထင်။
ကုမ္မဂ္ဂံ၊ မကောင်းသော ခရီးကို။ ပဋိပန္နာ၊ သွားကြကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ မယံ၊ ငါတို့သည်။ ယမပုရိသာနံ၊ ပြိတ္တာတို့၏။ သန္တိကေ၊ အထံ၌။ ဝတ္တာမ၊ ဖြစ်ကုန်၏။
ဧတ္ထ၊ ဤခရီး၌။ အမနုဿော၊ ပြိတ္တာတို့၏ ကိုယ်မှ ဖြစ်သော။ ဂန္ဓော၊ အနံ့သည်။ ဝါယတိ၊ လှိုင်၏။ ဒါရုဏော၊ ကြမ်းကြုတ်သော။ ဃောလော၊ ငရဲတို့၌ စီရင်အပ်ကုန်သော သတ္တဝါတို့၏ အသံကို။ အမှေဟိ၊ ငါတို့သည်။ သုယျတိ၊ ကြားအပ်၏။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။
ဝတွာ၊ ဆိုပြီး၍။ သောရာဇာ၊ ထိုပိင်္ဂလမင်းသည်။ ဟတ္ထိက္ခန္ဓံ၊ ဆင်လည်းပင်းသို့။ အာရုယှ၊ တက်၍။ စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာတို့ကို။ ဩလောကေန္တော၊ ကြည့်သည်ရှိသော်။
ဆာယာသမ္ပန္နံ၊ ပြည့်စုံသော အရိပ်ရှိသော။ နီလမ္ဘဝဏ္ဏသဒိသံ၊ ညိုသော တိမ်၏ အဆင်းနှင့်တူသော။ မေဃဝဏ္ဏသိရိနိတံ၊ တိမ်၏ သဏ္ဌာန်ကဲ့သို့ တင့်တယ်သော သဏ္ဌာန်ရှိသည်ဖြစ်၍ ထင်သော။ ပါဒပံ၊ အမြစ်ခြေဖြင့် ရေကို သောက်တတ်သောကြောင့် ပါဒဟု ဆိုအပ်သော။ နိကြေဓရုက္ခံ၊ ပညောင်ပင်ကို။ အဒ္ဒသစ၊ မြင်လည်းမြင်လေ၏။
ဒိသွာ၊ မြင်ပြီး၍။ ရာဇာ၊ ပိင်္ဂလမင်းသည်။ သာရထိ၊ ရထားထိန်း။ ဗြဟာ၊ ကြီးစွာသော ။ နိလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့်တူသော။ မေဃဝဏ္ဏသိရိဝဏ္ဏသိရိနိတော၊ တိမ်၏ သဏ္ဌာန်ကဲ့သို့ တင့်တယ်သော သဏ္ဌာန်ရှိသည်ဖြစ်၍ ထင်သော။ ယောရုက္ခေါ၊ အကြင်သစ်ပငိသည်။ ဒိဿတိ၊ ထင်၏။
ဧသော ရုက္ခေါ၊ ဤသစ်ပင်သည်။ ကိံ ကောနာမရုက္ခေါ၊ အဘယ်မည်သော သစ်ပင်နည်း။ ဣတိ၊ ဤသို့။ သာရထိံ၊ ရထားထိန်းကို။ အာမန္တယိ၊ ခေါ်၍မေး၏။
မဟာရာဇ၊ မင်းမြတ်။ ယောရုက္ခေါ၊ အကြင်သစ်ပင်သည်။ ဒိဿတိ၊ ထင်၏။ ဆာယာသမ္ပန္နော၊ ပြည့်စုံသော အရိပ်ရှိသော။ နီလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့်တူသော။ မေဃဝဏ္ဏသိရိနိသော၊ မိုဃ်းတိမ်သဏ္ဌာန်ကဲ့သို့ တင့်တယ်သော သဏ္ဌာန်ရှိသည်ဖြစ်၍ထင်သော။ ပါဒပေါ၊ အမြစ်ခြေဖြင့် ရေကို သောက်တတ်သောကြောင့် ပါဒဟု ဆိုအပ်သော။ သောရုက္ခေါ၊ ထိုသစ်ပင်သည်။ နိကြေဓော၊ ပညောင်ပင်မည်၏။ ဣတိ၊ ဤသို့။ သာရထိ၊ ရထားထိန်းသည်။ အဗြဝိ၊ လျှောက်ကြား၏။
သောရဋ္ဌော၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော။ ရာဇာ၊ ပိင်္ဂလမင်းသည်။ ယေန၊ အကြင်အရပ်၌။ ဗြဟာ၊ ကြီးစွာသော။ နိလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့်တူသော။ မေဃဝဏ္ဏ သိရိနိတော၊ တိမ်၏ သဏ္ဌာန်ကဲ့သို့ တင့်တယ်သော သဏ္ဌာန်ရှိသည်ဖြစ်၍ ထင်သော။ သောနိကြေဓော၊ ထိုပညောင်ပင်သည်။ ဒိဿတိ၊ ထင်၏။ တေန၊ ထိုပညောင်ပင်ရှိရာသို့။ ပယာသိ၊ သွာလေ၏။
ရာဇာ၊ ဝိင်္ဂလမင်းမြတ်သည်။ ဟတ္ထိက္ခန္ဓတော၊ ဆင်လည်ပင်းမှ။ ဩရုယှ၊ သက်၍။ ရုက္ခံ၊ ပညောင်ပင်၏ အနီးသို့။ ဥပါဂမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ သမစ္စော၊ အမတ်တို့နှင့်တကွ။ သပရိဇ္ဇနော၊ အခြွေအရံနှင့်တကွ။ ရုက္ခမူလသ္မိံ၊ ပညောင်ပင်၏ အနီး၌။ နိသီဒိ၊ ထိုင်နေ၏။
ပူရံ၊ ရေဖြင့် ပြည့်သော။ ပါနီယသရကံ၊ ရေခွက်ကိုလည်းကောင်း။ ဝိတ္တေ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ပူဝေစ၊ မုံ့တို့ကို လည်းကောင်း။ အဒ္ဒသ၊ မြင်လည်းမြင်လေ၏။
ဒေဝဝဏ္ဏိ၊ နတ်၏ အဆင်း သဏ္ဌာန်နှင့်တူသော သဏ္ဌာန်ရှိသော။ သဗ္ဗာသရဏဘူသိတော၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် ဆန်ဆာဆင်အပ်သော။ ပုရိသောစ၊ ယောင်္ကျားသည်လည်း။ သောရဋ္ဌံ၊ သုရဋ္ဌံ တိုင်းရှင်ဖြစ်ဖြစ်သော။ ရာဇာနံ၊ ပိင်္ဂလမင်းသို့။ ဥပသင်္ကမိတွာ၊ ကပ်၍။ ဧတံ ဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ လျှောက်၏။ ကိံ အဗြဝိ၊ အဘယ်သို့ လျှောက်သနည်း။
မဟာရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ သွာဂတံ၊ ကောင်းသောလာခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အထော၊ ထိုမှ တပါး။ တေ၊ သင်မင်းမြတ်အား။ အဒုရာဂတံ၊ မကောင်းသော လာခြင်းမဟုတ်။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော မြင်းမြတ်။ ဒေဝေါ၊ မင်းမြတ်သည်။ ပါနီယံ၊ သောက်ရေကို။ ပိဝတု၊ ဟောတော်မူလော။ ပူဝေ၊ မုံ့တို့ကိုလည်း။ ခါဒ၊ ခဲတောမူလော။ ဣတိ၊ ဤသို့ ။ အဗြဝိ၊ လျှောက်၏။
အရိန္ဒမော၊ ရန်သူတို့ကို ဆုံးမတတ်သော အလေ့ရှိရှိသော။ ရာဇာ၊ ပိင်္ဂလမင်းသည်။ သာမစ္စော၊ အမတ်နှင့်တကွ။ သပရိဇနော၊ အခြွေအရံနှင့်တကွ။ ပါနီယံ၊ သောက်ရေကို။ ပိဝိတွာ၊ သောက်၍။ ပူ‌ဝေ၊ မုံ့တို့ကို။ ခါဒတိ၊ ခဲ၏။
သောရဋ္ဌော၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော။ ရာဇာ၊ ဝိင်္ဂလမင်းသည်။ တတ္ထ၊ ထိုအရပ်၌။ နုတွာစ၊ ရေချိုးပြီး၍ လည်းကောင်း။ ဝိဝိတွာစ၊ ရေသောက်ပြီး၍လည်းကောင်း။ ဧတံ ဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ ဆို၏။ ကိံ အဗြဝိ၊ အဘယ်သို့ ဆိုသနည်း။
ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ ဒေဝဟာ၊ ဝေဿဝဏ် အစရှိသောထင်ရှားသော စတုမဟာရာဇ်နတ်မင်းသည်လည်း။ အသိနု၊ ဖြစ်သလော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုးဖြစ်သော နတ်သည်လည်း။ အသိနု၊ ဖြစ်သလော။ အဒု၊ ထိုသို့ မဟုတ်မူ။ ပုရိန္ဒဒေါ၊ ရှေးဘဝ၌ အလှူကိုပေးတတ်သော။ သက္ကော၊ သိကြားမင်းသည်လည်း။ အသိနု၊ ဖြစ်သလော။
မယံ၊ ငါတို့သည်။ အဇာနန္တာ၊ မသိကုန်သည်ဖြစ်၍။ တံ၊ သင့်ကို။ ပုစ္ဆာမ၊ မေးကုန်၏။ ကထံကေန ကာရဏေန၊ အဘယ်သို့ သော အကြောင်းဖြင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေရ၊ သိရကုန်အံ့နည်း။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။
မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဒေဝေါ၊ ဝေဿဝဏ်အစရှိသော ထင်ရှားသော စတုမဟာရာဇ် နတ်သည်လည်း။ နအမှိ၊ မဖြစ်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုးဖြစ်သော နတ်သားသည်လည်း။ နအမှိ၊ မဖြစ်။ ပုရိန္ဒဒေါ၊ ရှေးဘဝ၌ အလှူကိုပေးတတ်သော။ သက္ကော၊ သိကြားမင်းသည်လည်း။ နအမှိ၊ မဖြစ်။
မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်ကား။ သုရဋ္ဌာ၊ သုရဋ္ဌတိုင်းမှ။ ဣဓ၊ ဤပညောင်ပင်သို့။ အာဂတော၊ ပဋိသန္ဓေအားဖြင့်သာရောက်သော။ ပေတော၊ ပြိတ္တာသည်။ အမှိ၊ ဖြစ်၏။
ယက္ခ၊ နတ်သား။ ပုရေ၊ ရှေးဘဝ၌။ သုရဋ္ဌသ္မိံ၊ သုရဋ္ဌတိုင်း၌။ ဝဿန္တော၊ နေသော။ တုဝံ၊ သင်သည်။ ကိံ သီလော၊ အဘယ်သို့သော သီလရှိသည်။ အသိ၊ ဖြစ်သနည်း။ ကိံ သမာစာရော၊ အဘယ်သို့သော အကျင့်ကို ကျင့်သည်။ အသိ၊ ဖြစ်သနည်း။
တေ၊ သင်၏။ ကေနဗြဟ္မစရိယေန၊ အဘယ်သို့ သဘောရှိသော မြတ်သောအကျင့်ကြောင့်။ အယံအာနုဘာဝေါ၊ ဤသို့သော တန်ခိုးအာနုဘော်သည်။ တဝ၊ သင်အား။ ဟောတိ၊ ဖြစ်သနည်း။
အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ် ထသော။ ရဋ္ဌဝဍ္ဎန၊ တိုင်းသားပြည်သူ ရဟန်းရှင်လူတို့၏ အစီးအပွါးကို ရွက်ဆောင်တတ်ထသော။ မဟာရာဇ၊ မင်းမြတ်။ မဟာ၊ အကျွန်ုပ်သည်။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံသော။ ယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို။ တွံ၊ သင်မင်းမြတ်သည်။ သုဏောဟိ၊ နာတော်မူလော။
အမစ္စပါရိသဇ္ဇာစ၊ မှူးမတ်ခြွေရံ ပရိသတ်တို့သည်လည်း။ သုဏန္တု၊ နာကုန်လော။ ပုရောဟိတော၊ ပုရောဟိတ်ဖြစ်သော။ ဗြဟ္မာဏော၊ ပုဏ္ဏားသည်လည်း။ သုဏာတု၊ နာလော။
ဒေဝ၊ လူတို့သခင် အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌။ သုရဋ္ဌသ္မိံ၊ သုရဋ္ဌတိုင်း၌။ ပါပစေတသော၊ ယုတ်မာသော အကြံရှိသော။
မိစ္ဆာဒိဋ္ဌီစ၊ ပေးအပ်သော အလှူ၏ အကျိုးမရှိ သုံးအပ်သော သီလသီတင်း၏ အကျိုးမရှိ စသည်ဖြင့် ဖြစ်သော။ ဒုဿီလော၊ သီလည်းမရှိသော။ ကဒရိယော၊ သူတပါးတို့ ပေးလှူသည်ကို လည်း မြစ်တားသည် အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆေရလည်းရှိသော။ ပရိဘာသကော၊ ရဟန်းသူတော်ကောင်းတို့ကို ဆဲရေးတတ်သော။ ပါပုဿော၊ များသော မကောင်းမှုရှိသော သူသည်။ အသိ၊ ဖြစ်၏။
အဟံ၊ အကျွန်ုပ်သည်။ ဒါနံ၊ အလှူကို။ ဒဒန္တာနံ ဒဒန္တေ၊ ပေးလှူကုန်သော သူတို့ကို၎င်း။ ပုညံ၊ ကောင်းမှုကို။ ကရောန္တာနံ ကရောန္တေ၊ ပြုကုန်သော သူတို့ကို၎င်း။ ဝါရယိဿံ၊ မြစ်ဘူး၏။
ဒါနံ၊ အလှူကို။ ဒဒမာနာနံ၊ ပေးလှူကုန်သော။ အညေသံ၊ တပါးကုန်သော သူတိ့၏ ။ အန္တရာယကရော၊ အန္တရာယ် ကို ပြုသည်။ ဟုတွာ၊ ဖြစ်၍။ ဗဟုဇ္ဇနံ၊ များစွာသော သူကို။ ဝါရိယိဿံ၊ မြစ်ဘူး၏။
ဒါနဿ၊ အလှူ၏ ။ ဝိပါကော၊ အကျိုးသည်။ နတ္ထိ၊ မရှိ။ သံယမဿ၊ စောင့်စည်းသော သီလ၏။ ဖလံ၊ အကျိုးကား။ ကုတော အတ္ထိ၊ အဘယ်မှာ အကျိုးရှိအံ့နည်း။
အာစရိယောနာမ၊ အာစရသမာစာရကို သင်တတ်သော ဆရာမည်သည်လည်း။ နတ္ထိ၊ မရှိ။ အဒန္တံ၊ မယဉ်ကျေးသော သူကို။ ကော၊ အဘယ်သူသည်။ ဒမိဿတိ၊ ဆုံးမလတ္တံ့နည်း။
ဘူတာနိ၊ သတ္တဝါတို့သည်။ အညမညံ၊ အချင်းချင်း။ သမတုလျာနိ၊ အညီအညွတ်တူမျှကြကုန်၏။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာ ဟိကော၊ ကြီးသူတို့အား အရိုအသေပြုခြင်းဟူသော ကုသိုလ်ကံသည်။ နတ္ထိ၊ မရှိ။
ဖလံဝါ၊ လုံ့လဖြင့် ရောက်အပ်သော အကျိုးသည်လည်းကောင်း။ ဝီရိယံဝါ၊ လုံ့လသည်လည်းကောင်း။ နတ္ထိ၊ မရှိ။ ဥဋ္ဌာနပေါရိသံ၊ ယောင်္ကျား၏ ထကြွလုံ့လဖြင့်ရောက်အပ်သော အကျိုးကား။ ကုတောအတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။
ဒါနံဖလံနာမ၊ လှူဘွယ်ဝတ္ထုကို ပေးလှူခြင်း၏ အကျိုးမည်သည်။ နတ္ထိ၊ မရှိ။ ဝေရိနံ၊ ဝေရိယဟု ဆိုအပ်သော ပါဏာတိပါတစသော မကောင်းမှု ရှိသော ပုဂ္ဂိုလ်ကို။ နဝိသောဓေတိ၊ မစင်ကြယ်စေနိုင်။
မစ္စော၊ သတ္တဝါသည်။ လဒ္ဓေယျံ၊ ရအပ်သော ချမ်းသာဆင်းရဲကို။ လဘန္တော၊ ရသည်ရှိသော်။ နိယတိပရိဏာမဇံ၊ ဆောင်သဖြင့် ညွန်းခြင်းကြောင့်ဖြင့်၍သာလျှင်။ လဘတိ၊ ရ၏။ ကတာဒိနာ၊ ပြုခြင်း စသောအကြောင်းကြောင့်။ နလဘတိ၊ မရ။
မာတာ၊ အမိလည်းကောင်း။ ပီတာ၊ အဘလည်းကောင်း။ ဘာတာ၊ အစ်ကိုလည်းကောင်း။ ဧတေသု၊ ထိုအမိအဘ အစရှိသော သူတို့၌။ ဖလံ၊ ကောင်းသောအကျင့် မကောင်းသော အကျင့်၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤပစ္စုပ္ပန်လောကမှ။ ပရံ၊ တပါးသော။ လောကော၊ လောကသည်။ နတ္ထိ၊ မရှိ။
ဒိန္နံ၊ အလှူကြီး၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ ဟုတံ၊ ပူဇော်သက္ကရ၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ သုနိဟိတံ၊ ရဟန်းသူတော်ကောင်းတို့အား။ ပေးလှူသည်၏ အစွမ်းဖြင့် သိုမှီးမြုပ်ထားအပ်သော ကောင်းမှုသည်။ နဝိဇ္ဇတိ၊ မရှိ။
ယောပိ၊ အကြင်သူသည်လည်း။ ပုရိသံ၊ သတ္တဝါကို။ ဟနေသိ၊ သတ်အံ့။ ပုရိသဿ၊ သတ္တဝါ၏။ သိရံ၊ ဥက္ခေါင်းကို။ ဆိန္ဒေဆိန္ဒေယျ၊ ဖြတ်ငြားအံ့။
ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။ ကောစိ၊ တစုံတယောက်သော သူသည်။ ကိဉ္စိ၊ တစုံတယောက်သော သတ္တဝါကို။ နဟနေတိ၊ သတ်သည်မမည်။ သတ္တန္နံ၊ ပထဝီကာယအစရှိကုန်သောခုနစ်ပါးသော ကာယတို့၏။ ဝိဝရမန္တရေ၊ အပေါက်အကြား၌။ သတ္ထံ၊ ဓားလက်နက်သည်။ ပဝိသတိ၊ ဝင်နိုင်၏။
ဇီဝေါ၊ သတ္တဝါတို့၏ အသက်ဇီဝိန္ဒြေသည်။ အစ္ဆေဇ္ဇာသိဇ္ဇော၊ ဓားလက်နက်စသည်တို့ဖြင့် မဖြတ်အပ်မခွဲအပ်သည်။ အသိ၊ ဖြစ်၏။ သောဇိဝေါ၊ ထိုသတ္တဝါတို့၏ အသက်ဇီဝိတိန္ဒြေသည်။ ကဒါစိ၊ ရံခါ။ အဋ္ဌံသော၊ ရှစ်မြောင့် ရှိသည်။ ဟောတိ၊ ဖြစ်၏။ ကဒါစိ၊ ရံခါ။ ဂုဠပရိ မဏ္ဍလော၊ အခဲအဝန်းသည်။ ဟောတိ၊ ဖြစ်၏။
သောဇီဝေါ၊ ထိုသတ္တဝါတို့၏ အသက်ဇီဝိတိန္ဒြေသည်။ ယောဇနာ နံ၊ ယူဇနာတို့၏။ ပဉ္စသတ္တာ၊ ငါးရာတို့တိုင်အောင် အထက်သို့ တက်သဖြင့် မြင့်သည်။ ဟောတိ၊ ဖြစ်၏။ ကော၊ အဘယ်သူသည်။ ဇီဝံ၊ ဇီဝိတိန္ဒြေကို။ ဆေတုံ၊ မြတ်ခြင်းငှါ။ အဟရတိ၊ ထိုက်အံ့နည်း။
သုတ္တဂုဠေ၊ ရစ်၌ပြုအပ်သော ချည်လုံးကို။ ခိတေတ၊ ပစ်အပ်သည်ရှိသော်။ နိဗ္ဗေဋ္ဌေန္တံ၊ ပြေသမျှသော အတိုင်းအတိုင်းရှိရုံသာလျှင်။ ပလာယတိယထာ၊ ပြေးသွားသကဲ့သို့။
ဧဝမေဝစ၊ ထိုအတူသာလျှင်။ သောဇီဝေါ၊ ထိုသတ္တဝါတို့၏ အသက်ဇီဝိတိန္ဒြေသည်။ မဟာကပ္ပုနော မဟာကပ္ပါနံ၊ မဟာကပ်တို့၏။ စူဠာသီတိ လတသဟဿာနိ၊ ရှစ်သန်းလေးသိန်း တို့ပတ်လုံးသာလျှင်။ အတ္တဘာဝဂုဠံ၊ ကိုယ်တည်းဟူသော အလုံးကို။ နိဗ္ဗဋ္ဌေန္တော၊ ဖြေလျက်။ ပလာယတိ၊ ဖြစ်၏။
တတော၊ ထိုမဟာကပ်၏ ရှစ်သန်းလေးသိန်းတို့မှ။ ဥဒ္ဓံ၊ အထက်၌။ နပဝတ္ထတိ၊ မဖြစ်။ ကောစိ၊ တစုံတယောက်သော။ ပုရိသော၊ ယောင်္ကျားသည်။ ဂါမတော၊ မိမိရွာမှ။ နိက္ခမ္မ၊ ထွက်၍။ အညံ၊ တ ပါးသော။ ဂါမံ၊ ရွာသို့။ ပဝိသတိယထာ၊ ဝင်သကဲ့သို့။
ဧဝမေဝစ၊ ထို့အတူသာလျှင်။ သောဇီဝေါ၊ ထိုသတ္တဝါတို့၏ အသက်ဇီဝိတိန္ဒြေသည်။ အညံ၊ တပါးသော။ ကာယံ၊ ကိုယ်သို့။ ပဝိသတိ၊ ဝင်၏။
ကောစိ၊ တစုံတယောက်သော။ ပုရသော၊ ယောင်္ကျားသည်။ ဂေဟတော၊ မိမိအိမ်မှ။ နိက္ခမ္မ၊ ထွက်၍။ အညံ၊ တပါးသော ။ ဂေဟံ၊ အိမ်သို့။ ပဝိသတိယထာ၊ ဝင်သကဲ့သို့။
ဧဝမေဝစ၊ ထို့အတူသာလျှင်။ သောဇီဝေါ၊ ထိုအသက်ဇီဝိတိန္ဒြေသည်။ အညံ၊ တပါးသော။ ဗောန္ဒိံ၊ ကိုယ်သို့။ ပဝီသတိ၊ ဝင်၏။
မဟာကပ္ပုနော မဟာကပ္ပာနံ၊ မဟာကပ်တို့၏။ ယာနိစူဋ္ဌာ သီတိသဟဿာနိ၊ အကြင်ရှစ်သန်းလေးသိန်းတိုသည်။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုရှစ်သန်းလေးသိန်းတို့သည်။ သံသာရဿ၊ သံသရာ၏ ။ ပရိမာဏံ၊ အတိုင်းအရှည်တည်း။
ယေဗာလာစ၊ အကြင်သူရိက်တို့သည်၎င်း။ ယေစပဏ္ဍိတာ၊ အကြင် ပညာရှိတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တေသဗ္ဗေပိ၊ ထိုခပ်သိမ်းသော သူတို့သည်လည်း။ သံသာရံ၊ ဆိုအပ်ခဲ့ပြီးသော အပိုင်းအခြားရှိသော သံသရာကို။ ခေပယိတွာန၊ ကုန်စေကုန်၍။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ အန္တံ၊ အဆုံးကို။ ကရိဿရေ၊ ပြုကုန်လတ္တံ့။
တိလတဏ္ဍုလာဒီနိ၊ နှမ်းဆန်အစရှိသည်တို့ကို။ ဒေါဏေဟိ စဝိဋကေဟိ၊ ဇလားအစရှိသော အချင်းတို့ဖြင့် လည်းကောင်း။ မာနဘာဇနေဟိစ၊ အိုးခွက် အစရှိသောထည့်စရားတို့ဖြင့် လည်းကောင်း။ မိတာနိဝိယ၊ နှိုင်းယှဉ်အပ်ကုန်သကဲ့သို့။ သတ္တာနံ၊ သတ္တဝါတို့၏။ သုခဒုက္ခာနိ၊ ချမ်းသာဆင်းရဲတို့ မည်သည်တို့ကို။ ယထာဝုတ္တကာလပရိစ္ဆေဒေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော ရှစ်သန်းလေးသိန်း အတိုင်းအရှည်ရှိသော ကာသဖြင့်။ မိတာနိ၊ နှိုင်းယှဉ်အပ်ကုန်၏။
ဇိနော၊ ဇိနဘုံ၌ တည်သော ပညာရှိသည်။ သဗ္ဗံ၊ အလုံးစုံကို။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဣတရာ၊ ဇိနဘုံ၌ လည်သော ပညာရှိမှ တပါးသော။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ သံမုဠာ၊ တွေဝေ၏။
မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွနိုပ်သည်။ ပုရေ၊ ရှေး၌။ ဧဝံဒိဋ္ဌိ၊ ဤဆိုအပ်ခဲ့ပြီးသော ပေးအပ်သော အလှူ၏ အကျိုးအစရှိသော သုံးအပ်သော သီလသီတင်း၏ အကျိုးမရှိသည် စသည်ဖြင့် ဖြစ်သော မှားသော အမြင်ရှိသည်။ အာသိံ၊ ဖြစ်၏။ မောဟပါရုတော၊ ဆိုအပ်ခဲံပြီးသော ဒိဋ္ဌိအကြောင်းဖြစ်သော မောဟသည်ဖုံးလွှမ်းအပ်သည်ဖြစ်၍။ သရဠော၊ ပြင်စွာတွေဝေသည်။ အာသိံ၊ ဖြစ်၏။
မိစ္ဆာဒိဋ္ဌိစ၊ ပေးအပ်သော အလှူ၏ အကျိုးမရှိသုံးအပ်သော သီလသီတင်း၏ အကျိုးမရှိစသော နည်းဖြင့် ဖြစ်သော နတ္ထိက ဒိဋ္ဌိဖြင့် ဘောက်ပြန်သော အမြင်ရှိသည်လည်း။ အာသိံ၊ ဖြစ်၏။ ဒုဿီလောစ၊ သီလမရှိသည်လည်း။ အာသိံ၊ ဖြစ်၏။ ကဒရိယောစ၊ သူတပါးပေးလှူသည်ကိုလည်းမြစ်တားသည်၏ အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆေရရှိသည်လည်း။ အာသိံ၊ ဖြစ်၏။ ပရိဘာသကောစ၊ ရဟန်းသူတော်ကောင်းတို့ကို ဆဲရေးတတ်သည်လည်း။ အာသိံ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။ ဆဟိမာသေဟိဆန္နံမာသာနံ၊ ခြောက်လတို့၏ ။ ဩရံ၊ အောက်၌။ မေ၊ အကျွန်ုပ်အား။ ကာလံကိရိယာ၊ သေခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အဟံ၊ အကျွန်ုပ်သည်။ ဧကန္တကဋုကံ၊ စင်စစ်ခါစပ်သော။ ဃောရံ၊ ပြင်းထန်စွာသော။ နိရယံ၊ အဝီစိငရဲသို့။ ပပတိဿံ၊ ကျလတ္တံ့။
တံနိရယံ၊ ထိုအဝီစိငရဲ ကြီးသည်။ စတုကဏ္ဏံ၊ လေးထောင့်ရှိ၏။ စဆုဒွါရံ၊ တံခါးလေးမျက်နှာတို့နှင့်ယှဉ်၏။ တံနိရယံ၊ ထိုငရဲကြီးကို။ ဝိဘတ္တံ၊ ကောင်းစွာဝေဘန်အပ်၏။ ဘာဂသော၊ အဖို့အားဖြင့်။ မိတံ၊ နှိုင်းယှဉ်အပ်၏။
အယောပါကာရပရိယန္တံ၊ သံတံတိုင်းတို့ဖြင့် ပိုင်းခြားအပ်၏။ အယသာ၊ သံပြားဖြင့် ။ ပဋိကုဇ္ဇိတံ၊ ပိတ်ဖုံးအပ်၏။
တဿ၊ ထိုအဝီစိငရဲကြီး၏။ အယောမယာ၊ သံဖြင့်ပြီးသော။ ဘူမိ၊ မြေအရပ်သည်။ ဇလိတာ၊ အလျှံပြောင်ပြောင်တောက်၏။ တေဇသာယုတာ၊ အလျှံတပြောင်ပြောင်တောက်သော များသော မီးနှင့် မပြတ်ယှဉ်၏။
သမန္တာ၊ ထက်ဝန်းကျင်မှ။ ယောဇနသတံ၊ ယူဇနာတရာကို။ ဖရိတွာ၊ နှံ့စေ၍။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုအဝိစိငရဲကြီး၏။ ဇာလာ၊ မီးလျှံသည်။ သမန္တာ၊ ထက်ဝန်းကျင် မှ။ နိက္ခမိတွာ၊ ထွက်၍။ ဝဿာနိသတသဟဿာနိ၊ အနှစ်တသိန်းတို့ကို။ အတိက္ကမိတွာ၊ လွန်၍။ တာဝဒေတသ္မိံ ကာလေ၊ ထိုအခါ၌။ ဣဓ၊ ဤအဝိစိငရဲကြီး၌။ ပစ္စန္တာနံ၊ ခံရကုန်သော။ ဝေါ၊ သင်တို့အား။ ဝဿသတသဟဿပရိမာဏော၊ အနှစ်တသိန်းအတိုင်းအရှည်ရှိသော။ ကာလော၊ အခါသည်။ အတီတော၊ လွန်ပြီ။ ဣတိ၊ ဤသို့။ ဃောသော၊ အသံကို။ သုယျတိ၊ ကြားအပ်၏။
ယာသတဘာဂ ဝဿကောဋိယော၊ အကြင်နှစ်တို့၏ ကုဋေတသိန်းအတိုင်းအရှည်ရှိကုန်သော အဖို့တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧသော၊ ဤနှစ်တို့၏ ကုဋေတသိန်းအတိုင်းအရှည်ရှိသော အဖို့သည်။ နိရယေ၊ အဝီစိငရဲကြီး၌။ ပစ္စန္တာနံ၊ ခံရကုန်သော ငရဲသူသတ္တဝါတို့၏။ အာယုနော၊ အသက်၏။ လက္ခေါ၊ အပိုင်းအခြားတည်း။
မဟာရာဇ၊ မင်းမြတ်။ ယေဇနာ၊ အကြင်သတ္တဝါတို့သည်။ မိစ္ဆာဒိဋ္ဌိစ၊ မှားသော အမြင်ရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဒုဿီလာစ၊ သီလမရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ အရိယူပဝါဒိနောစ၊ ဘုရားစသော သူတော်ကောင်တို့ကို ကဲ့ရဲ့ပြစ်မှားတတ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဇနာ၊ ထိုသတ္တဝါတို့သည်။ ကောဋိသတသဟဿာနိ၊ နှစ်အကုဋေတသိန်းတို့ပတ်လံဒး။ နိရယေ၊ အဝိစိငရဲကြီး၌။ ပစ္စရေ၊ ခံရကုန်၏။
အဟံ၊ အကျွန်ုပ်သည်။ တတ္ထ၊ ထိုအဝီစိငရဲကြီး၌။ ပါပဿကမ္မဿ၊ အကျွန်ုပ်ပြုအပ်သော မကောင်းမှု၏။
ဖလံ၊ အကျိုးဖြစ်သော။ ဒုက္ခံဝေဒနံ၊ ဆင်းရဲဝေဒနာကို။ ဒီဃမဒ္ဓါနံ၊ ကြာမြင့်စွာ သော ကာလပတ်လုံး။ ယသ္မာ၊ အကြင့်ကြောင့်။ ဝေဒိဿံ၊ ခံစားရလတ္တံ့။ တသ္မာ၊ ထိုကြောင့်။ အဟံ၊ အကျွန်ုပ်တို့သည်။ ဘုသံ၊ ပြင်းစွာ။ သောစာမိ၊ စိုးရိမ်၏။
အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော။ ရဋ္ဌဝဍ္ဎန၊ တိုင်းနေပြည်သူရှင်လူအပေါင်းတို့၏ အကျိုးစီးပွါးကို ပွားစေတတ်သော။ မဟာရာဇ၊ မင်းမြတ်။ မယာ၊ အကျွန်ုပ်သည်။ ဝုစ္စမာနံ၊ ဆိုလတ္တံ့သော။ ယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို။ တွံ၊ သင်မင်းမြတ်သည်။ သုဏောဟိ၊ နာလော။
တေ၊ သင်မင်းမြတ်အား။ ဘဒ္ဒံ၊ ကောင်းမြတ်သော အကျိုးစီးပွားသည်။ အတ္ထု၊ ဖြစ်စေသတည်း။ မဟာရာဇ၊ မင်းမြတ်။ မယှံ၊ အကျွန်ုပ်၏။ မီတာ၊ သ္မီးဖြစ်သော။ ဥတ္တရာ၊ ဥတ္တရအမည်ရှိသော မိန်းမသည်။ ဘဒ္ဒတံ၊ ကောင်းမြတ်သော အကျိုးရှိသော။ ကမ္မံ၊ ကုသိုလ်ကံကို။ ကရောတိ၊ ပြု၏။
သီလေစ၊ နိစ္စသီလ၌လည်းကောင်း။ ဥပေါသထေစ၊ ဥပုသ်သီလ၌လည်းကောင်း။ ရတာ၊ မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။
သညတာစ၊ မကောင်းမှုမှ စောင့်စည်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ သံဝိဘာဂီစ၊ ပေးကမ်းလှူဒါန်းခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဝဒညူစ၊ အလှူခံတို့ ဆိုသော စကားကို သိတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဝိတမစ္ဆေရာစ၊ ကင်းသောဝန်ဆိုခြင်း ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။
သိက္ခာယ၊ ကျင့်အပ်သော သီလ ရှိသော။ အခဏ္ဍကာရီစ၊ မကျိုးမပေါက်သည်ကို ပြုလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပရကုလေသု၊ သူတပါး၏ အိမ်တို့၌။ သုဏှာစ၊ ချွေးမသည်လည်း။ ဟောတိ၊ ဖြစ်၏။
သမ္ဗုဒ္ဓဿစ၊ ခပ်သိမ်းသော တရားတို့ကို အလိုလိုသိိတော်မူသော။ သိရမတော၊ ဘုန်းကျက်သရေလည်းရှိတော်မူထသော။ သကျရနိနော၊ မြတ်စွာဘုရား၏။ ဥပါသိကာစ၊ ဥပါသိကာမသည်လည်း။ ဟောတိ၊ ဖြစ်၏။
မဟာရာဇ၊ မင်းမြတ်။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသော။ ဘိက္ခုစ၊ ရဟန်းသည်လည်း။ ဂါမံ၊ ရွာသို့။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။ ပါဝိသိ၊ ဝင်၏။
ဩက္ခိတ္တစက္ခု၊ ချသော မျက်လွှာရှိသည်ဖြစ်၍။ သတိမာ၊ ရှေ့သို့ တက်ခြင်းနောက်သို့ ဆုတ်ခြင်း စသည်တို့၌ သတိနှင့် ပြည့်စုံသည်ဖြစ်၍။ ဂုတ္တဒွါရော၊ စောင့်အပ်သော ဣန္ဒြေရှိသည်ဖြစ်၍။ သံဝုတော၊ ပိတ်အပ်သော ကိုယ်နှုတ်နှလုံးရှိသည်ဖြစ်၍။
သပဒါနံ၊ အိမ်စဉ်အတိုင်း။ စရမာနော၊ ဆွမ်းခံသွားသော။ သောဘိက္ခု၊ ထိုရဟန်းသည်။ ရတ္တရာယ၊ အကျွန်ုပ်သ္မီးဖြစ်သော ဥတ္တရာ၏။ နိဝေသနံ၊ အိမ်သို့။ အဂမာသိ၊ ရောက်လေ၏။
မဟာရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ ဘဒ္ဒံ၊ ကာင်းမြတ်သော အကျိုးစီးပွားသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဥတ္တရာ၊ အကျွန်ုပ်သ္မီးဥတ္တရာသည်။ တံဘိက္ခုံ၊ ထိုရဟန်းကို။ အဒ္ဒသ၊ မြင်လေ၏။
ဒိသွာ၊ မြင်ပြီး၍။ သာ၊ ထို ဥတ္တရာသည်။ ပူရံ၊ ရေဖြင့် ပြည့်သော ။ ပါနီယသရကံ၊ ရေခွက်ကို လည်းကောင်း။ ဝိတ္တေ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ပူဝေစ၊ မုံ့တို့ကိုလည်းကောင်း။ ကဿဘိက္ခုနော၊ ထိုရဟန်းအား။ အဒါ၊ ပေးလှူ၏။
ဒတွာ၊ ပေးလှူပြီး၍။ ဘန္တေ၊ အရှင်ဘုရား။ မေ၊ အကျွန်ုပ်၏။ ပီတာ၊ အဘသည်။ ကာသင်္ကတော၊ သေလွန်၍။ ဧတံ၊ ဤရေမုံ့ဟူသော အလှူသည်။ ထဿ၊ ထိုသေလွန်လေသော အကျွန်ုပ်အဘအား။ ဥပကပ္ပတု၊ ဖြစ်ပါစေသတည်း။ ဣတိ၊ ဤသို့။ အနွာဒိသိ၊ အမျှပေးဝေ၏။
မဟာရာဇ၊ မင်းမြတ်။ သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌။ ဝိပါကော၊ အလှူ၏ အကျိုးသည်။ ဥဒပဇ္ဇထ၊ ဖြစ်၏။
ဝေဿဝဏော၊ ဝေဿဝဏ်အမည်ရှိသော။ ရာဇာ၊ စတုမဟာရာဇ်နတ်မင်းကြီးသည်။ ကာမကာမော၊ အလိုရှိအပ်သမျှသော စည်းစိမ်ချမ်းသာကို အလိုရှိသည်ဖြစ်၍။ ဘုဉ္ဇာတိယထာ၊ အလိုအတိုင်းခံစားရစေသကဲ့သို့။ အဟံ၊ အကျွန်ုပ်သည်။ ကာမကာမိနီ၊ အလိုရှိသမျှသော စည်းစိမ်ချမ်းသာကို အလိုရှိသည်ဖြစ်၍။ ဘုဉ္ဇာမိစ၊ အလိုအတိုင်းလည်း ခံစားရ၏။
အရိန္ဒမ၊ ရန်သူတို့ကို့ ဆုံးမတတ်သော။ ရဋ္ဌဝဍ္ဎန၊ တိုင်းနေပြည်သူ အပေါင်းတို့၏ အကျိုးစီးပွားကို ပွါးစေတတ်သော။ မဟာရာဇ၊ မင်းမြတ်။ မယာ၊ အကွန်ုပ်သည်။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့။ သော၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို။ သုဏောဟိ၊ နာလော။
သဒေဝကဿ၊ နတ်နှင့်တကွသော။ လောကဿ၊ လူ၌။ ဗုဒ္ဓေါ၊ ဘုရားကို။ အဂ္ဂေါ၊ မြတ်၏ ဟူ၍။ ပဝုစ္စတိ၊ အပြားအားဖြင့် ဆိုအပ်၏။
အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော မင်းမြတ်။ သပုတ္တဒါရော၊ သားမယာနှင့်တကွသော။ တွံ၊ သင်မင်းမြတ်သည်။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆ၊ ဆည်းကပ်လေလော။
အဋ္ဌင်္ဂိကေန၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂေန၊ မဂ်ဖြင့်။ အမတံ၊ သေခြင်းကင်းသော။ ပဒံ၊ နိဗ္ဗာန်သို့။ ဖုဿန္တိ၊ ရောက်ကုန်၏။
အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော မင်းမြတ်။ သပုတ္တဒါရော၊ သားမယားနှင့် တကွ ဖြစ်သော။ တွံ၊ သင်မြင်းမြတ်သည်။ တံ ဓမ္မံ၊ ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ်တရားကို။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆ၊ ဆည်းကပ်လေလော။
ပဋိပန္နာ၊ ဖိုလ်ကိုရခြင်းငှါ ကျင့်ဆဲဖြစ်ကုန်သော။ စတ္တာရော၊ လေးယောက်ကုန်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဖလေ၊ ဖိုလ်၌။ ဌိတာ၊ တည်ကုန်သော။ စတ္တာရော၊ လေးယောက်ကုန်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
ဥဇုဘူတော၊ ဖြောင့်မတ်သော အဖြစ်သို့ ရောက်သော။ ဧသဧသောသံဃော၊ ဤမဂ္ဂဋ္ဌန်လေးယောက်ဖလဋ္ဌန်လေးယောက်တို့၏ အပေါင်းဖြစ်သော သံဃာသည်။ ပညာသီလသမာတိတော၊ ပညာသီလသမာဓိတို့နှင့် ပြည့်စုံတော်မူ၏။
အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော မင်းမြတ်။ သပုတ္တဒါရော၊ သားမယားနှင့်တကွသော။ တွံ၊ သင်မင်းမြတ်သည်။ တံသံဃံ၊ ထိုမဂ္ဂဋ္ဌန်လေးယောက် ဖလဋ္ဌန်လေးယောက်တို့၏အပေါင်း သံဃာတော်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆ၊ ဆည်းကပ်လေလော။
မဟာရာဇ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိရမဿု၊ ကြဉ်ရှောင်လေလော။ လောကေ၊ လူ၌။ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ် ဖြင့်မပေးအပ်သော သူတပါး၏ ဥစ္စာကို ။ ပရိဝဇ္ဇယဿု၊ ခိုးယူခြင်းမှ ကြဉ်ရှောင်လေလော။
အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကို မသောက်စားသည်။ ဟောတိ၊ ဖြစ်လေလော။ မုသာစ၊ မဟုတ်မမှန်သော စကားကိုလည်း။ မာစအဘာဏီ၊ မဆိုလေလင့်။ သကေနဒါရေန၊ မိမိမယားဖြင့်။ တုဋ္ဌောစ၊ ရောင့်ရဲသည်လည်း။ ဟောတိ၊ ဖြစ်လေလော။
ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမောစ၊ အကျိုးကို အလိုရှိသည်လည်း။ အသိ၊ ဖြစ်ပေ၏။ ဟိတကာမောစ၊ အစီးအပွါးကို အလိုရှိသည်လည်း။ အသိ၊ ဖြစ်ပေ၏။
ဒေဝတေ၊ နတ်သား။ (စာကျန်) ဝစနံ၊ စကားကို။ ကရောမိ၊ လိုက်နာ၏။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်ပေ၏။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။ အနုတ္တရံ၊ အတုမရှိသော။ ဓမ္မဉ္စာပိ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။
နရဒေဝဿ၊ မြတ်စွာဘုရား၏။ သံဃဉ္စ၊ သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ပါဏာတိပါတာ၊ သူ၏ အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိရမာမိ၊ ကြဉ်ရှောင်၏။ လောကေ၊ လူ၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါး၏ ဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ခိုးယူခြင်းမှ ကြဉ်ရှောင်၏။
အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကို မသောက်စားသည်။ ဟောမိ၊ ဖြစ်၏။ မုသာစ၊ မဟုတ်မမှန်သော စကားကိုလည်း။ နောစဘဏာမိ၊ ဆိုလည်းမဆို။ သကေနဒါရေနစ၊ ကိုယ်မယားဖြင့်လည်း။ သန္တုဋ္ဌော၊ ရောင့်ရဲသည်လည်း။ ‌ဟောမိ၊ ဖြစ်၏။
ယက္ခ၊ နတ်သား။ မဟာဝါတေ၊ ပြင်းစွာသောလေ၌။ ဘုသံ၊ ဖွဲပြာကို။ ဩဖုနတိဝိယ၊ လွှင့်လေသကဲ့သို့။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ ဓမ္မဒေသနာယ၊ တရားဟောခြင်းဖြင့်။ ပါပကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ မိစ္ဆာဉာဏ်ကို။ ဩဖုနာမိ၊ လွှင့်၏။
သီဃဂါမိယာ၊ လျှင်မြန်စွာ စီးသွားခြင်း ရှိသော။ နဒိယာ၊ မြစ်၌။ တိကကဋ္ဌပဏ္ဏကသဋံ၊ မြတ်ပေါင်းသစ်ရွက်ကို။ ကောစိ၊ တစုံတယောက်သော သူသည်။ ပဝါဟေတိယထာ၊ မျှောသကဲ့သို့။ အဟံ၊ ငါသည်။ ပါပကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ မိစ္ဆာအမြင်ကို။ ပဝါဟေမိ၊ မျှော၏။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်သော။ အဟံ၊ ငါသည်။ ပါပကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ မိစ္ဆာဒိဋ္ဌိကို။ ဝမာမိ၊ အန်၏။
သောရဋ္ဌော၊ သုရဋ္ဌတိုင်း၏ အရှင်ဖြစ်သော။ ရာဇာ၊ ဝင်္ဂသမင်းသည်။ ဣဒံဝစနံ၊ ဤသို့သော စကားကို။ ပါပဒဿနံ၊ မှားသော မိစ္ဆာအမြင်ကို။
ဝမိတွာ၊ အန်၍။ ဘဂဝတော၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးခြင်းကို။ ကတွာ၊ ပြု၍။ ပါမောက္ခော၊ ရှေ့မျက်နှာသို့ ရှေးရှု။ ဟုတွာ၊ ဖြစ်၍။ ရထံ၊ ရထားသို့။ အာရုယှ၊ တက်လေ၏။ ဣတိ၊ ဤသို့။ အဝေါစုံ၊ ဆိုကုန်၏။
တတိယံ၊ သုံးခုမြောက်သော။ နန္ဒိကပေတဝတ္ထု၊ နန္ဒိကပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။