Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

10. Gaṇapetavatthu

Author: နိဿယ @ IAPT

မာရိသာ၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ နဂ္ဂါ၊ အဝတ်မရှိကုန်သည်။ အမထ၊ ဖြစ်ကုန်၏။ ကိသာ၊ ကျုံလှီကုန်သည်။ အထ၊ ဖြစ်ကုန်၏။ ဓမ္မနိသန္ထတာ၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သည်။ အထ၊ ဖြစ်ကုန်၏။
ဥပ္ပါသုဠိကာ၊ ထွက်သော နံပါးရှိကုန်သည်။ အထ၊ ဖြစ်ကုန်၏။ ကိသိကာ၊ အရိုးအရေကြောမျှသာကြွင်းသော အလွန်ကြုံလှီသော ကိုယ်ရှိကုန်သည်။ အထ၊ ဖြစ်ကုန်၏။ မာရိသာ၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ ကေ၊ အဘယ်အမည်ရှိကုန်သော သူတို့သည်။ အတ္တနု၊ ဖြစ်ကုန်သနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ မယံ၊ အကျွန်ုပ်တို့သည်။ ဒုဂ္ဂတာ၊ မကောင်းမျုကို ပြုကုန်သော သူတို့၏ ဖြစ်ရာအပါယ်သို့လားကုန်သော။ ယမလောကိကာ၊ ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်ကုန်သော။ ပေတော၊ ပြိတ္တာတို့သည်။ အမှ၊ ဖြစ်ကုန်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ မယံ၊ အကျွန်ုပ်တို့သည်။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို။ ကရိတွာန၊ ပြုမိကုန်သောကြောင့်။ ဣတော၊ ဤအရှင်ဘုရားတို့ဖြစ်ရာ လူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ကုန်၏။
မာရိသာ၊ အချင်းတို့။ ပုဗ္ဗေ၊ ရှေးဘဝ၌။ တုမှေဟိ၊ သင်တို့သည်။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ၏ အသက်ကို သတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါးစည်းစိမ်ကို မိမိသို့ ရှေးရှုကြံခြင်း အစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။
ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှု အကုသိုလ်ကံ၏ အကျိုးအားဖြင့်။ တုမှေ၊ သင်တို့သည်။ ဣတော၊ ဤငါတို့ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်လေကုန်သနည်း။
ဘန္တေ၊ အရှင်ဘုရား။ အယံ၊ အကျွန်ုပ်တို့သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ အနာဝဋေသု၊ တစုံတယောက်သော သူသည် မပိတ်ပင်အပ်ကုန်သော။ တိတ္ထေသု၊ မြစ်တဖက်ကမ်း အစရှိသည်တို့၏။ မနုဿေတိ၊ လူတို့သည်။ ဝိဿရိတံ၊ မေ့ရစ်အပ်သော။ ကိဉ္စိ၊ တစုံတခုသော ဝတ္ထုကို။ သဘေယျာမ၊ ရကုန်ငြားအံ့လည်းမသိ။ ဣတိမနသိကရိတွာ၊ ဤသို့ နှလုံးပြုကုန်၍။ အဍ္ဎမာသကံ၊ ပဲဝက်မျှသော ဥစ္စာကို။ (စာကျန်)၊ အနာဝဋေသု၊ ဆည်းကပ်ကုန်သည် ရှိသော် တစုံတယောက်သော သူသည် မမြစ်အပ်ကုန်သော။ တိတ္ထေသု၊ သတ္တဝါတို့၏ ပယောဂ အာသယကို ဆေးကြောရာ ဆိပ်သဘွယ် ဖြစ်၍ ဖြစ်ကုန်သော။ သမဏဗြာဟ္မဏေသု၊ ရဟန်းပုဏ္ဏားတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်လည်း။ ကိဉ္စိ၊ တစုံတခုသော လှူဘွယ်ဝတ္ထုကိုမူလည်း။ အဒေန္တော၊ မပေးလှူကုန်မူ၍။ အဍ္ဎမာသကံ၊ ပဲဝက်သော ဥစ္စာကိုမျှလည်း။ ဝိစိနိမှ၊ ဆည်းဘူးကုန်၏။
ဒေယျဓမ္မေသု၊ လှူဘွယ်ဝတ္ထုတို့သည်။ သန္တေသု၊ ရှိကုန်လျက်လည်း။ မယံ၊ အကျွန်ုပ်တို့သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ တမလွန်လောကသုဂတိဘဝ၌ ရပ်တည်ခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုကို။ နာကမှာ၊ မပြုမိချေကုန်။
ဘန္တေ၊ အရှင်ဘုရား။ တသိတာ၊ ရေသိပ်ကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ နဒိံ၊ မြစ်သို့။ ဥပေမ၊ ကပ်ကုန်သည်ဖြစ်အံ့။ နဒီ၊ မြစ်သည်။ ရိတ္တကာ၊ ရေမရှိသည်။ ပရိဝတ္တတိ၊ ဖြစ်၏။
ဥဏှေသု၊ နေပူသောအခါ တို့၌။ ဆာယံ၊ အရိပ်သို့။ ဥပေမ၊ ကပ်ကုန်သည်ဖြစ်အံ့။ အာတပေါ၊ နေပူသည်။ ပရိဝတ္တတိ၊ ဖြစ်၏။
အဂ္ဂိဝဏ္ဏော၊ မီးပူနှင့်တူသော။ ဝါတောစ၊ လေသည်လည်း။ နော၊ အကျွန်ုပ်တို့ကို။ ဒဟန္တော၊ လောင်လျက်။ ဥပဝါယတိ၊ လာ၏။
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဧတဉ္စဒုက္ခံ၊ ဤသို့သော ဆင်းရဲကိုလည်းကောင်း။ တတော၊ ထိုထက်။ ပါပကံ၊ ယုတ်မာ ကြမ်းကြုတ်စွာသော။ အညဉ္စဒုက္ခံ၊ တပါးသော ဆင်းရဲကို လည်းကောင်း။ အနုဘဝိတုံ၊ ခံစားခြင်းငှါ။ အရဟာမ၊ ထိုက်ပချေကုန်၏။
မယံ၊ အကျွန်ုပ်တို့သည်။ ဆာတာ၊ ဆာလောင်ကုန်သည်ဖြစ်၍။ အာဟာရဂေဓိနော၊ စားဘွယ်သောက်ဘွယ် အာဟာရ၌ တပ်မက်မောကုန်သည်ဖြစ်၍။ ယောဇနာနိအပိ၊ များစွာသော ယူဇနာတို့ တိုင်အောင်လည်း။ ဂစ္ဆာမ၊ သွားကြကုန်၏။ ဧဝံဂန္တာဝိ၊ ဤသို့သွားကုန်သော်လည်း။ ကိဉ္စိအာဟာရံ၊ တစုံတခုသော စားဘွယ်သော လက်ရာအာဟာရကို။
အလဒ္ဓါယေဝ၊ မရကုန်မူ၍သာလျှင်။ နိဝတ္တာမ၊ ပြန်ခဲ့ရကုန်၏။ နော၊ အကျွန်ုပ်တို့၏။ အပ္ပပုညတာ၊ နည်းသော ကုသိုလ်ရှိသည်၏ အဖြစ်သည်။ အဟော၊ အံ့ဘွယ်ရှိ၏။
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဆာတာ၊ ဆာလောင်ကုန်သည်ဖြစ်၏။ သမုစ္ဆိတာ၊ ဆာလောင်ခြင်းကြောင်းမူးမှိုင်ကုန်သည်ဖြစ်၍။ ပဋိသုမ္ဘိတာ၊ တစုံတယောက်သော သူသည် ရှေးရှုတွန်းအပ်ကုန်သကဲ့သို့ဖြစ်ကုန်၍။ ဘူမိယာ၊ မြေ၌။
ဥတ္တနာ၊ ပက်လက်။ ပဋိကိရာမ၊ အင်္ဂါကြီးငယ်ကို ဖရိုဖရဲ ဖြန့်လျက် လည်းကုန်၏။ ကဒါ၊ ရံခါ။ အဝကုဇ္ဇာ၊ မှောက်ခုံလည်း။ ပတာမသေ၊ (စာကျန်)။ (စာကျန်)၊ ထိုအကျွန်ုပ်တို့သည်လည်း။
တတ္ထ၊ ထိုရောက်ရာအရပ်၌။ ပဋိသုမ္ဘိတာ၊ ကမ်းပါးပြတ်၍ ကျကုန်သကဲ့သို့။ ဘူမိယံ၊ မြေ၌။ ပပတိတာ၊ မှောက်ခုံ လည်းကုန်သည််ဖြစ်၍။
ဥရံစ၊ ရင်ကိုလည်းကောင်း။ သီသံစ၊ ဥက္ခောင်းအထူးနဖူးကိုလည်းကောင်း။ ဃဋ္ဋေမ၊ ထိခိုက်ကုန်၏။ နော၊ အကျွန်ုပ်တို့၏။ အပ္ပပုညတာ၊ နည်းသော ကုသိုလ်ရှိသည်၏ အဖြစ်သည်။ အဟော၊ အံ့ဖွယ်ရှိ၏။
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဧတဉ္စဒုက္ခံ၊ ဤသို့ ဆိုခဲ့ပြီးသော ဆင်းရဲကိုလည်းကောင်း။ တတော၊ ထိုထက်။ ပါပကံ၊ ယုတ်မာကြမ်းကြုတ်စွာသော။ အညဉ္စဒုက္ခံ၊ တပါးသောဆင်းရဲကိုလည်းကောင်း။ အနူဘဝိတုံ၊ ခံစားခြင်းငှါ။ အရဟာမ၊ ထိုက်ပချေကုန်၏။
ဒေယျဓမ္မေသု၊ လှူဘွယ်ဝတ္ထုတို့သည်။ သန္တေသု၊ ရှိကုန်လျက်လည်း။ မယံ၊ အကျွန်ုပ်တို့သည်။ အတ္တနော၊ မိမိ၏ ။ ဒီပံ၊ တမလွန်လောက သုဂတိ ဘဝ၌တည်ခြ်း၏ အကြောင်းဖြစ်သော ကောင်းမှုကို။ နကမှ၊ မပြုမိချေကုန်။
တေဟိ တေမယံ၊ ထိုအကျွန်ုပ်တို့သည်။ နူန၊ အကြံရှိကုန်၏။ ဣတော၊ ဤပြိတ္တာအဖြစ်မှ။ ဂန္တွာ၊ စုတေကုန်၍။ မာနုသိံ၊ လူ့ပြည်၌ဖြစ်သော။ ယောနိံ၊ ပဋိသန္ဓေကို။ လဒ္ဓါန၊ ရကုန်၍။
ဝဒညူ၊ အလှူခံတို့၏ စကားကို သိကုန်သည်ဖြစ်၍။ သီလသမ္ပန္နာ၊ သီလနှင့် ပြည့်စုံကုန်သည်ဖြစ်၍။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကံကို။ ကာဟာမ၊ ပြုကုန်အံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။
ဒသမံ၊ ဆယ်ခုမြောက်သော။ ဂဏာပေတဝတ္ထု၊ ကုသိုလ်ဓမ္မ၌ မွေ့လျော်သော ပြိတ္တာအပေါင်း၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။