Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

9. Gūthakhādakapetivatthu

Author: နိဿယ @ IAPT

ဘောတိဣတ္ထိ၊ အိုမိန်းမ။ တွံ၊ သင်သည်။ ဂူထကူပတော၊ ကျင်ကြီးတွင်းမှ။ ဥဂ္ဂန္တွာ၊ ထက်၍။ ဣဓ၊ ဤအရပ်၌။ ပတိဋ္ဌသိ၊ တည်၏။ ဒိနာ၊ ယုတ်နွှမ်းသော အသက်မွေးခြင်းရှိသော။ သာတွံ၊ ထိုသင်သည်။ ကာ၊ အဘယ်အမည်ရှိသော မိန်းမသည်။ အသိနု၊ ဖြစ်နသည်း။
ဘောတိဣတ္ထိ၊ အိုမိန်းမ။ နိသံသယံ၊ မချွတ်။ ပါပကမ္မန္တိ၊ မကောင်းမှုကို ပြုခြင်းရှိသော။ တုဝံ၊ သင်သည်။ ကိံကေနုသာဓုဏေန၊ အဘယ်သို့သော အကြောင်းကြောင့်။ ဘဒ္ဒဟသေနု၊ မြည်တမ်းသနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂတာ၊ မကောင်းမှုရှိသူတို့၏ ဖြစ်ရာအပါယ်သို့ လားသော။ ယမလောကိကာ၊ ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတီ၊ ပြိတ္တာမသည်။ အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို။ ကရိတွာန၊ ပြုမိသောကြောင့်။ ဣတော၊ ဤအရှင်ဘုရားတို့၏ ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်၏။
ဘောတိဣတ္ထိ၊ အိုမိန်းမ။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ၏ အသက်ကို သတ်ခြင်း အစရှိသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။
ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္က၃ံ၊ သူတပါး၏ စည်းစိမ်ကို မိမိသို့ရှေးရှုကြံခြင်း အစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ ဘောတိဣတ္ထိ၊ အိုမိန်းမ။ ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှု အကုသိုလ်ကံ၏ အကျိုးအားဖြင့်။ တွံ၊ သင်သည်။ ဣဒံဒုက္ခံ၊ ဤသို့ သော ဆင်းရဲသို့။ နိဂစ္ဆသိ၊ ရောက်ဘိသနည်း။
ဘန္တေ၊ အရှင်ဘုရား။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မယှံ၊ အကျွန်ုပ်၏။ အာဂါသေ၊ ကျောင်း၌။ ဧကော၊ တယောက်သော။ ဘိက္ခု၊ ရဟန်းသည်။ အာဝါသိကော၊ (စာကျန်)။
သောဘိက္ခု၊ ထိုရဟန်းသည်။ မယှံ၊ အကျွန်ုပ်၏။ ဃရေ၊ အိမ်၌။ အဇ္ဈောသတော၊ ပစ္စည်း၌ တပ်မက်ခြင်း တဏှာ၏ အစွမ်းဖြင့် မပြတ်ဝင်သည်။ အဟု၊ ဖြစ်၏။ ဣဿုကီ၊ ငြူစူတတ်သည်လည်း။ အဟု၊ ဖြစ်၏။ ကုလမစ္ဆရီ၊ ဒါယကာ၌ ဝန်တိုခြင်း ရှိသည်လည်း။ အဟု၊ ဖြစ်၏။ ကဒရိယော၊ သူတပါးပေးလှူသည်ကို မြစ်တားသည်၏ အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆရိယ ရှိသည်လည်း။ အဟု၊ ဖြစ်၏။
အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုမိမိအိမ်သို့ မပြတ်ဆည်းကပ်တတ်သော ဆရာဖြစ်သော ကျောင်းနေရဟန်း၏။ ဝစနံ၊ စကားကို။ သုတွာ၊ နာ၍။ ဘိက္ခဝေါ၊ ရဟန်းတို့ကို။ ပရိဘာသိသံ၊ ဆဲရေးဘူး၏။
တဿကမ္မဝိပါကေန၊ ထိုမကောင်းမှု အကုသိုလ်ကံ၏ အကျိုးအားဖြင့်။ အဟံ၊ အကျွန်ုပ်သည်။ ဣတော၊ ဤအရှင်ဘုရားတို့၏ ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်၏။
‌ဘောတိဣတ္ထိ၊ အိိုမိန်းမ။ မိတ္တဝဏ္ဏေန၊ အဆွေခင်ပွန်း၏ အယောင်ဖြင့်။ ကတော၊ ပြုအပ်သော။ အမိတ္တော၊ ရန်သူဖြစ်သော။ တေ၊ သင်၏။ ကုလုပကော၊ အိမ်သို့ မပြတ်ဆည်းကပ်တတ်သော။ ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အာသိ၊ ရှိ၏။
ဒုပ္ပညော၊ ပညာမရှိသော။ သောဘိက္ခု၊ ထိုရဟန်းသည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏ ။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ ပေစ္စ၊ တမလွန်‌လောက၌။ ကိံ ဂတိ၊ အဘယ်သို့ သဘောရှိသော ဂတိသို့။ ဂတောနု၊ လားရှာလေသနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ပါပဓမ္မဿ၊ ယုတ်မာသော အကျင့်ရှိသော။ တဿေဝ၊ ထိုအကျွန်ုပ်အိမ်သို့ မပြတ်ဆည်းကပ်သော ဆရာဖြစ်သော ရဟန်း ပြိတ္တာ၏သာလျှင်။ သီသေ၊ ဥက္ခောင်း၌။ မတ္ထကေ၊ ထိပ်ထက်၌။ အဟံ၊ အကျွန်ုပ်သည်။ တိဋ္ဌာမိ၊ တည်ရ၏။
ပရိဝိသယံ၊ ပြိတ္တာဘုံသို့။ ပတ္တော၊ ရောက်သော။ သောစ၊ ထိုအကျွန်ုပ်၏ အိမ်သို့ မပြတ်ဆည်းကပ်တတ်သော ဆရာဖြစ်သော ရဟန်းပြိတ္တာသည် ။ မမေဝ၊ အကျွန်ုပ်၏ သာလျှင်။ ပရိစာရိကော၊ အလုပ်အကျွေးသည်။ အဟောသိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ စွန့်ကုန်။ ဧတံဝစ္စံ၊ ထိုသူတပါးတို့သည် စွန့်အပ်သော ကျင်ကြီးသည်။ မေ၊ အကျွန်ုပ်၏။ ဘောဇနံ၊ အစာသည်။ ဟောတိ၊ ဖြစ်၏။
အဟဉ္စခေါ အဟံဧဝ၊ အကျွန်ုပ်သည်သာလျှင်။ ယံဝစ္စံ၊ အကြင်ကျင်ကြီးကို။ ဟဒါမိ၊ စွန့်၏။ ဧတံဝစ္စံ၊ ထိုအကျွန်ုပ်သည် စွန့်အပ်သော ကျင်ကြီးကို။ သောပေတော၊ ထိုအကျွန်ုပ်၏ အိမ်သို့ မပြတ်ဆည်းကပ်တတ်သော ဆရာဖြစ်သော ရဟန်းပြိတ္တာသည်။ ဥပဇီဝတိ၊ မှီ၍အသက်မွေးရ၏။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်၏။
နဝမံ၊ ကိုးခုမြောက်သော. ဂူတခါဒကပေတီဝတ္ထု၊ ကျင်ကြီးစားသော ပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။