ဘဒ္ဒေ၊ ကောင်းမြတ်သော အဆင်းရှိသော နတ်သ္မီး။
တဝ၊ သင်၏။
ပေါက္ခရဘီ၊ ရေကန်သည်။
သောဏ္ဏာသောပါနဖသကာ၊ ရွှေဖြင့် ပြီးသော စောင်းတန်းပျဉ်များရျိ၏။
သောဏ္ဏဝါလုကသန္တကာ၊ ရွှေဖြင့် ပြီးသော သဲတို့ဖြင့် ထက်ဝန်းကျင်ခင်းအပ်၏။
တတ္ထ၊ ထိုရေကုန်၌။
သောဂန္ဓိယာ၊ တင့်တယ်သော အနံ့ရှိကုန်ထသော။
ဝဂ္ဂူ၊ ကောင်းမြတ်သော အနံ့လည်းရှိကုန်ထသော။
သုစိဂန္ဓာ၊ နှစ်သက်ဘွယ်အနံ့လည်း ရှိကုန်ထသော။
မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်သော အနံ့လည်း ရှိကုန်ထသော။
ဝါတာ၊ လေတို့သည်။
သမ္ပဝါယန္တိ၊ ကောင်းစွာလာကုန်၏။
တဝ၊ သင်၏။
ပေါက္ခရဘီ၊ ရေကန်သည်။
နာနာရုက္ခေဟိ၊ အထူးထူးသော သစ်ပင်တို့ဖြင့်။
သဉ္ဆန္နာ၊ ကောင်းစွာဖုံးလွှမ်းခြင်းရှိ၏။
နာနာဂန္ဓသမေရိတာ၊ အထူးအထူးအပြားပြားကောင်းမြတ်သော အနံ့တို့ဖြင့် ထုံအပ်သောအနံ့ရှိသော လေဖြင့် ထက်ဝန်းကျင် မှလာခြင်းရှိ၏။
သာပေါက္ခရဏိ၊ ထိုရေကန်သည်။
နာနာပဒုမသဉ္ဆန္နာ၊ အထူးအထူးအပြားပြားများကုန်သော ကြာနီပဒုမ္မာတို့ဖြင့်ဖုံးလွှမ်းအပ်သော ရေအပြင်ရှိ၏။
ပုဏ္ဍရိကသမောဟတာ၊ ကြာဖြူပုဏ္ဍရိက်တို့ဖြင့် ပြွမ်း၏။
မာလုတေရိဘာ၊ လေလွှင့်အပ်သည်ဖြစ်၍။
မနုညာ၊ နှစ်သက်ဖွယ်ရှိသော ။
သုရဘိ၊ တင့်တယ်သော အနံ့သည်။
သမ္ပဝါယတိ၊ ကောင်းစွာသာလျှင်ပျံ့လှိုင်၏။
တဝ၊ သင်၏။
ပေါက္ခရဏီ၊ ရေကန်သည်။
ဟံသာကောဉ္စာဘိရုဒါ၊ ဟင်းသာ ကြိုးကြာတို့သည် တွန်အပ်သော။
ရမ္မာ၊ နှလုံးမွေ့လျော်ဘွယ်သော အသံရှိ၏။
စက္ကပါလာဘိကူဇိတာ၊ စက္ကဝတ်ငှက်မျိုးတို့သည် တွန်အပ်သော။
ရမ္မာ၊ နှလုံးမွေ့လျော်ဘွယ်သော အသံလည်းရှိ၏။
နာနာဒိဇဂဏာကိဏ္ဏာ၊ အထူးထူးသော ငှက်မျိုးတို့၏ အပေါင်းဖြင့် ပြွမ်း၏။
နာနာသရဂဏယုတာ၊ အထူးထူးသော ငှက်မျိုတို့သည် တွန်အပ်ကုန်သော အသံတို့၏ အပေါင်းနှင့်ယှဉ်၏။
ဘဒ္ဒေ၊ ကောင်းမြတ်သော အဆင်းရှိသော နတ်သ္မီး။
တဝ၊ သင်အား။
နာနာဖလဓရာ၊ အထူးထူးအပြားပြားကုန်သော အသီးတို့ကိုဆောင်ကုန်သော။
ရုက္ခာစ၊ သစ်ပင်တို့သည်လည်းကောင်း။
နာနာဖလဓရဝနာစ၊ အထူးထူးအပြားပြားကုန်သော အပွင့်အသီးတို့ကို ပေးတတ်ကုန်သော ဥယျာဉ်တို့သည်လည်းကောင်း။
အတ္ထိ၊ ရှိကုန်၏။
တဝ၊ သင်၏။
ယာဒိသံ၊ အကြင်သို့ သဘောရှိသော။
ဣဒံနဂရံ၊ ဤမြို့သည်။
အတ္ထိ၊ ရှိ၏။
ဣဒိသံ၊ ဤသို့ သဘောရှိသော။
နဂရံ၊ မြို့သည်။
မနုဿေသု၊ လူတို့၌။
နတ္ထိ၊ မရှိ။
သောဝဏ္ဏမယာ၊ ရွှေဖြင့် ပြီးကုန်သော။
ရုပိယမယာ၊ ငွေဖြင့်လည်း ပြီးကုန်သော။
ဗဟုကာ၊ များကုန်သော။
တုယှံ၊ သင်၏။
ပါသာဒါ၊ ပြဿာဒ်တို့သည်။
ဒဒ္ဒလမာနာ၊ အလွန်ထွန်းလင်းကုန်လျက်။
သမန္တာ၊ ထက်ဝန်းကျင်မှ။
စတုရောဒိသာ၊ အရပ်လေးမျက်နှာတို့ကို။
အာဘန္တိ၊ တင့်တယ်ကုန်၏။
တုယှံ၊ သင်၏။
ပရိစာရိကာ၊ အမှုကြီးငယ်ကို ပြုတတ်ကုန်သော။
ယာထေမာယာတေဣမာပဉ္စဒါသိသတာ၊ အကြင်ငါးရာကုန်သော ကျွန်မတို့သည်။
အတ္ထိ၊ ရှိကုန်၏။
ကာကမ္ဗူကာယူရဓရာ၊ ခရုသင်းတွင်လက်ကောက်ဖြင့် တန်းဆာဆင်အပ်ကုန်သော။
ကဉ္စနာဝေဠဘူသိတာ၊ ရွှေအုပ်ဆောင်းပန်းခြင်းတန်ဆာ ဆင်အပ်ကုန်သော ဆံပင်ရှိကုန်သော။
တာ၊ ထိုအလုပ်အကျွေး ကျွန်မတို့သည်။
ကာ ကတရဒေဝပရိယာပန္နာ၊ အဘယ်နတ်ပြည်၌ အကျုံးဝင်ကုန်သော နတ်သ္မိးတို့နည်း။
ကဒလိမိဂသဉ္ဆန္နာ၊ ဝံပိုင်ရေအခင်းဖြင့် ခင်းအပ်ကုန်သော။
ဂေါဏကသန္ထတာ၊ ရှည်သော အမွေးရှိသော ကောဇာဖြင့် လည်းကောင်းစွာ ခင်းအပ်ကုန်သော။
သဇ္ဇာ၊ အိပ်ခြင်းငှါလျောက်ပတ်သော သဘောရှိကုန်သော။
သောဝဏ္ဏံမယာ၊ ရွှေဖြင့် ပြီးကုန်သော။
ပလ္လင်္ကာစ၊ ပလ္လင်တို့သည်လည်းကောင်း။
ရူပိယာမယာ၊ ငွေဖြင့်ပြီးကုန်သော။
ပလ္လင်္ကာစ၊ မလ္လင်တို့သည်လည်းကောင်း။
တုယှံ၊ သင်အား။
ဗဟုကာ၊ များကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သုတေ၊ အဆင်းရှိသော နတ်သ္မီး။
သဗ္ဗကာမသမိဒ္ဓိနီ၊ ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသော။
တုဝံ၊ သင်သည်။
ယတ္ထ၊ အကြင်ပလ္လင်၌။
ဝါသုပဂတာ၊ အိမ်၏ အိပ်ခြင်းငှါ။
မပရတျာ၊ ညဉ့်သန်းခေါင်အခါသည်။
သမ္ပတ္တာ၊ ရောက်သည်ရှိသော်။
တတော၊ ထိုအိပ်ရာ ပလ္လင်မှ။
ဥဋ္ဌာယ၊ ထ၍။
ဂစ္ဆတိ၊ သွား၏။
ဥယျာနဘူမိံ၊ ဥယျာဉ်ရောက်ရာ မြေအရပ်သို့။
ဂန္တွာန၊ ရောက်၍။
ပေါက္ခညော၊ ရေကန်၏ ။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ဟရိလေ၊ စိမ်းညိုသော။
သဒ္ဒလေ၊ မြက်နုကို ဖြစ်စေတတ်သော။
သုဘေ၊ တင့်တယ်သော။
တဿာ၊ ထိုရေကုန်၏။
တီရေ၊ ကမ်းနား၌။
အဋ္ဌာသိ၊ ရပ်၏။
တတော၊ ထိုရပ်ပြီးသော နောင်မှ။
ကဏ္ဏရဏ္ဍော၊ ပြတ်သောနားရွက်ရှိသော။
သုနခေါ၊ ခွေးနက်တခုသည်။
တေ၊ သင်၏။
အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို။
ခါဒတိ၊ စား၏။
ယဒါ၊ အကြင်အခါ၌။
တွံ၊ သင့်ကို။
သုနခေန၊ ခွေးနက်သည်။
ခါယိတာ၊ စားအပ်ပြီးသည်။
အဋ္ဌိသင်္ခလိကာကတာ၊ အရိုးဆက်ခြင်း သာရှိကာမျှကို ပြုအပ်ပြီးသ်ည။
အာသိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။
ပေါက္ခရဏိံ၊ ရေကန်သို့။
ဩဂါဟသိ၊ သက်၏။
ဩဂါဟနန္တရေ၊ ရေကန်သို့ သက်သည်၏ အခြားမဲ့၌။
တေ၊ သင်၏။
ကာယော၊ ကိုယ်သည်။
ပုရေယထာ၊ ခွေးနက်မစားမီ ရှေ့အဖို့၌ကဲ့သို့။
ဟောတိ၊ ဖြစ်၏။
တတော၊ ထိုနောင်မှ။
တွံ၊ သင်သည်။
အင်္ဂပစ္စင်္ဂါ၊ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသည်။
သုစာရု၊ အလွန်မွေ့လျော်ဘွယ်သော အဆင်းရှိသည်။
ပီယဒလာနာ၊ ရှုဘွယ်သော အဆင်းရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဝတ္ထေန၊ အဝတ်ဖြင့်။
ပါရုပိတွာန၊ ဝတ်ရုံ၍။
မမ၊ ငါ၏။
သန္တိကံ၊ အထံသို့။
အာယာသိ၊ လာ၏။
သုဘေ၊ ကောင်းသော အဆင်းရှိသော နတ်သ္မီး။
ကိံနု၊ အသို့နည်း။
တယာ၊ သင်သည်။
ပုရေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ သူ၏ အသက်ကို သတ်ခြင်းအစရှိသောကာယဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မဟုတ်မမှန်ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ သူ၏ စည်းစိမ်ချမ်းသာကို မိမိသို့ ရှေ့ရှုကြံခြင်း အစရှိသော မနောဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
သုဘေ၊ ကောင်းသောအဆင်းရှိသော နတ်သ္မီး။
ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှု အကုသိုလ်ကံ အကျိုးအားဖြင့်။
တေ၊ သင်၏။
အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို ။
ကဏ္ဏရဏ္ဍော၊ ပြတ်သော နားရွက်ရှိသော။
သုနခေါ၊ ခွေးသည် ။
ခါဒတိ၊ စားသနည်း။
ဒေဝ၊ အရှင်မင်းကြီ။
ပုရေ၊ ရှေး၌။
ကိမိလာယံ၊ ကိမိသ အမည်ရှိသော ပြည်၌။
သဒ္ဓေါ၊ ရတနာသုံးပါးတို့၌ ကြည်ညိုခြင်း ကံကံ၏ အကျိုးကို ယုံကြည်ခြင်း ရှိသော။
ဥပါသကော၊ ရတနာသုံးပါးတို့ကို ကိုးကွယ်ရာ ဟူ၍ဆည်းကပ်တတ်သော။
ဂဟပတိ၊ သူကြွယ်သည်။
အာသိ၊ ဖြစ်၏။
အဟံ၊ အကျွန်ုပ်သည်။
တဿ၊ ထိုသူကြွယ်၏။
ဒုဿီလာ၊ သီလမရှိသော။
အတိစာရာနီ၊ လင်ကို လွန်ကျူး၍ ကျင့်လေ့ရှိသော။
ဘရိယာ၊ မယားသည်။
အာသိံ၊ ဖြစ်၏။
အတိစရမာနာယ၊ လွန်ကျူး၏ တင့်တယ်သော။
မယှံ၊ အကျွန်ုပ်၏။
သောသာမိကော၊ ထိုသင်ဖြစ်သော သူကြွယ်သည်။
မံ၊ အကျွန်ုပ်ကို။
ဧတံဝစနံ၊ ဤသို့သော စကားကို။
အဗြဝိ၊ ဆို၏။
ကိံ အဗြဝိ၊ အဘယ်သို့ ဆိုသနည်း။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
ယံ အတိစာရာသိ၊ အကြင်လွန်ကျူး၍ ကျင့်၏။
ဧတံ၊ ဤလွန်ကျူး၍ ကျင့်ခြင်းသည်။
နစ္ဆန္နံနယုတ္တံ၊ မသင့်။
ဧတံ၊ ဤလွန်ကျူး၍ ကျင့်ခြင်းသည်။
နပတိရူပံ၊ မလျောပတ်။
ဣတိ၊ ဤသို့။
အဗြဝိ၊ ဆို၏။
ဒေဝ၊ ဗာရာဏသီပြည့်ရှင် အရှင်မင်ကြီး။
သာဟံ၊ ထိုအကျွန်ုပ်သည်။
သာမိ၊ အရှင်သူကြွယ်။
အဟံ၊ ငါသည်ကား။
တံ၊ သင့်ကို။
ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။
ဥဒ၊ ထိုမှတပါး။
စေတသာ၊ စိတ်ဖြင့်လည်းကောင်း။
နအတိစရာမိ၊ လွန်ကျူး၍မကျင့်။
အတံ၊ ငါသည်။
ကာယေန၊ ကိုယ်ဖြင့် လည်းကောင်း။
ဥဒ၊ ထိုမှတပါး။
စေတသာ၊ စိတ်ဖြင့် လည်းကောင်း။
တံ၊ သင့်ကို။
သစေအတိမာရာမိ၊ အကယ်၍လွန်ကျူး၍ ကျင့်သည်ဖြစ်အံ့။
ကဏ္ဏမုဏ္ဍော၊ ပြတ်သော နားရွက်ရှိသော။
အယံသုနခေါ၊ ဤခွေသည်။
မေ၊ ငါ၏။
အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီငယ်တို့ကို။
ခါဒတု၊ စားစေသတည်း။
ဣတိ၊ ဤသို့။
သမီပေ၊ အနီး၌။
ဌိတံ၊ တည်သော။
ကဏ္ဏမုဏ္ဍသုနခံ၊ ပြတ်သော နားရွက်ရှိသော ခွေးနက်ကို။
ဒေဿေတွာ၊ ပြ၍။
ဃောရံ၊ ပြင်းစွာသော။
သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။
အကရိံ၊ ပြုမိ၏။
ရသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။
အဘာသိသံ၊ ဆိုမိ၏။
ဒေဝ၊ အရှင်မင်းကြီး။
တဿကမ္မဿ၊ ထိုထင်ကို လွန်ကျူး၍ ကျင့်ခြင်းတည်းဟူသော မိစ္ဆာ စာရကံ၏ လည်းကောင်း။
မုသာဝါဒဿစ၊ မဟုတ်မမှန်ဆိုခြင်းတည်းဟူသော ရသာဝါဒကံ၏ လည်းကောင်း။
ဥဘယံ ဥဘယဿ၊ နှစ်ပါးသော အကိုသိုလ်ကံ၏။
ဝိပါကံ၊ အကျိုးကို။
သတ္တေဝဝဿာသတာနိ၊ အနှစ်ခုနစ်ရာတို့ပတ်လုံးသာလျှင်။
ယတောတိယသ္မာကာရဏာ၊ အကြင်ကြောင်းကြောင့်။
မေမယာ၊ အကျွန်ုပ်သည်။
အနုဘူတံ၊ ခံစားအပ်၏။
တတောတသ္မာကာရဏာ၊ ထိုအကြောင်းကြောင့်။
ကဏ္ဏမုဏ္ဍော၊ ပြတ်သော နားရွက်ရှိသော။
အယံသုနခေါ၊ ဤခွေးနက်သည်။
မေ၊ အကျွန်ုပ်၏။
အင်္ဂမင်္ဂါနိ၊ ဤအင်္ဂါကြီးငယ်တို့ကို။
ခါဒတိ၊ စား၏။
ဒေဝ၊ အရှင်မင်းကြီး။
တွံ၊ သင်မင်းကြီးသည်။
မေ၊ အကျွန်ုပ်အား။
ဗဟူကာရောစ၊ များသော ကျေးဇူးရှိသည်ဖြစ်၍လည်း။
မေ၊ အကျွန်ုပ်၏။
အတ္ထာယ၊ အကျိုးငှါ။
ဣဓ၊ ဤအရပ်သို့။
အာဂတော၊ လာတော်မူ၏။
အဟဉ္စ၊ အကျွန်ုပ်သည်လည်း။
ကဏ္ဏရဏ္ဍဿ၊ ပြတ်သောနားရွက်ရှိသော ခွေးနက်မှ။
သုရတ္တာ၊ ကောင်းစွာလွတ်သည်ဖြစ်၍။
အသောကာ၊ စိုးရိမ်ခြင်း မရှိသည်။
အကုတောဘယာ၊ ဘေးမရှိသည်။
အမှိ၊ ဖြစ်၏။
ဒေဝ၊ အရှင်မင်းကြီး။
အဟံ၊ အကျွန်ုပ်သည်။
တံ၊ သင်မင်းကြီးကို။
နမဿာမိ၊ ရှိခိုးပါ၏။
အဉ္စလိကတာ၊ လက်အုပ်ချီလျက်။
ယာစာမိ၊ တောင်းပန်ပါ၏။
ဒေဝ၊ အရှင်မင်းကြီ။
အမနုဿေ၊ နတ်၌ဖြစ်ကုန်သော။
ကာမေ၊ ကာမဂုဏ်တို့ကို။
သုဉ္ဇ၊ သုံးဆောင်တော်မူလော။
မယာ၊ အကျွန်ုပ်နှင့်။
သဟ၊ တကွ။
ရမ၊ မွေ့လျော်တော်မူလော။
သုသဂေ၊ တင့်တယ်သော အဆင်းရှိသော နတ်သ္မီး။
မယာ၊ ငါသည်။
မနုသာ၊ လူ၌ဖြစ်ကုန်သော။
ကာမာ၊ ကာမဂုဏ်တို့ကို။
ဘုတ္တာ၊ ခံစားအပ်ကုန်ပြီ။
အဟံ၊ ငါသည်။
တယာ၊ သင်နတ်သ္မီးနှင့်။
သဟ၊ တကွ။
ရမိတော၊ မွေ့လျော်စံပျော်ရသည်။
အမှိ၊ ဖြစ်၏။
သုဘဂေ၊ တင့်တယ်သော အဆင်းရှိသော နတ်သ္မီး။
အဟံ၊ ငါသည်။
တံ၊ သင်နတ်သ္မီးကို။
ယာစာမိ၊ တောင်းပန်ပါ၏။
မံ၊ ငါ့ကို။
နဂရမေဝ၊ ငါ၏ နေရာဗာရာဏသီမြို့သို့သာလျှင်။
ခိပ္ပံ၊ လျှင်စွာ။
ပဋိနယာဟိ၊ ပို့ဆောင်ဘိလော။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဒွါဒသမံ၊ တဆယ့်နှစ်ခုမြောက်သော ။
ကဏ္ဏရဏ္ဍပေတဝတ္ထု၊ နားရင်းပြတ်သော ပြိတ္တာ၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။