Issues
Select Version
元亨寺·CBETA
中文
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

1. Abhijjamānapetavatthu

Author: နိဿယ @ IAPT

ဘောပုရိသ၊ အိုယောင်္ကျား။ တွံ၊ သင်သည်။ နဂ္ဂေါ၊ အဝတ်အချည်းစည်း။ ပုဗ္ဗဒ္ဓပေတောဝပုဗ္ဗဒ္ဓေါအပေတောဣဝ၊ ကိုယ်၏ ရှေ့ထက်ဝက်ရှိသည်နတ်သားကဲ့သို့။ မာလာဘာရိအလင်္ကတော၊ ပန်းတည်းဟူသောတန်ဆာဖြင့် တန်ဆာဆင်လျက်။ ဣဓ၊ ဤအရပ်၌။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ အဘိဇ္ဇမာန၊ ခြေချသဖြင့်မပျက်သော။ ဝါရိမှိ၊ ရေအပြင်၌။ ဂစ္ဆသိ၊ သွား၏။
ဘောပုရိသ၊ အိုယောင်္ကျား။ ပေတောပေတဘူတော၊ ပြိတ္တာဖြစ်၍ ဖြစ်သော။ ဘောတွံ၊ ထိုသင်သည်။ ကုဟိံ၊ အဘယ်အရပ်သို့။ ဂမိဿတိ၊ သွားလတ္တံ့နည်း။ ကတ္ထ၊ အဘယ်ရပ်ရွာ၌။ တုယှံ၊ သင်၏။ ဝါသော၊ နေခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
သောပေတော၊ ထိုပြိတ္တာသည်။ ဝါသဘဂါမဉ္စ၊ ဝါသဘရွာ၏လည်းကောင်း။ ဗာရာဏသိံစ၊ ဗာရာဏသီပြည်၏လည်းကောင်း။ အန္တရေ၊ အလယ်၌။ ဗာရာဏသိံ စ၊ ဗာရာဏသီပြည်၏လည်း။ သန္တိကေ၊ အနီး၌။ ဌိတံ၊ တည်သော။ စုန္ဒဋ္ဌိလံ၊ စူန္ဒဋ္ဌိလအမည်ရှိသောရွာသို့။ အဟံ၊ အကျွန်ုပ်သည်။ ဂမိဿာမိ၊ သွားအံ့။ ဣတိ၊ ဤသို့။ ဘာသတိ၊ ဆို၏။
ကောဠိတောဣတိ၊ ကောဠိတဟူ၍။ ဝိဿုံတော၊ ကျောင်စောထင်ရှားသော။ မဟာဝတ္တောစ၊ အမတ်ကြီးသည်လည်း။ တံ၊ ထိုပြိတ္တာကို။ ဒိသွာ၊ မြင်၍။ သတ္တုဉ္စ၊ မုံ့လုံးကိုလည်းကောင်း။ ဘတ္တဉ္စ၊ ထမင်းကိုလည်းကောင်း။ ပီတကံ၊ ရွှေသော အဆင်းရှိသော။ ယုဂဉ္စ၊ ပုဆိုးအစုံကိုလည်းကောင်း။ ပေတဿ၊ ပြိတ္တာကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ အဒါ၊ ပေးလှူ၏။ ကဒါ၊ အဘယ်အခါ၌။ အဒါသိ၊ ပေးလှူသနည်း။
နာဝါယ၊ လှေသည်။ တိဋ္ဌမာနာယ၊ တည်စဉ်။ ဥပါသကဿ၊ ဥတနာသုံးပါးတို့ကို ကိုးကွယ်ရာဟူ၍ဆည်းကပ်တတ်သော။ ကပ္ပကဿ၊ ဆတ္တာသည်အား။ အဒါပယိ၊ ပေးလှူစေ၏။
ကပ္ပကဿစ၊ ဆတ္တာသည်ဥပါသကာအားလည်း။ ဒါနေ၊ အလှူကို။ ဒိန္နမှိ၊ ပေးလှူအပ်သည်ရှိသော်။ ဌာနေ၊ ပေးသောခဏ၌။ ပေတဿ၊ ပြိတ္တာ၏။ သရိရေ၊ ကိုယ်၌။ ဒိဿထ၊ ထင်လေ၏။
တတော၊ ထိုသို့အဝတ်အရုံ၏ ပြည့်စုံခြင်းကြောင့်။ သောပေတော၊ ထိုပြိတ္တာသည်။ သုဝတ္ထဝသနော၊ ကောင်းစွာဝတ်ရုံအပ်သော အဝတ်ရှိသည်။ မာလာဘာရီအလင်္ကတော၊ ပန်းတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်။ အဟောသိ၊ ဖြစ်၏။
ယသ္မာ၊ အကြင်ကြောင့်။ ဌာနေ၊ အလှူခံတည်းဟူသော အရာ၌။ ဌိတာ၊ တည်သော။ ဒက္ခိဏာ၊ အလှူသည်။ အဿပေတဿ၊ ထိုပြိတ္တာအား။ ဥပကပ္ပထ၊ ရောက်၏။
တသ္မာ၊ ထို့ကြောင့်။ ပေတာနံ၊ ပြိတ္တာတို့အား။ အန္နကမ္ပာယ၊ သနားသဖြင့်။ ပေတာနံ၊ ပြိတ္တာတို့ကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ပုနပ္ပုနံ၊ အကြိမ်ကြိမ်။ ဒက္ခိဏံ၊ အလှူကို။ ဒဇ္ဇေထ၊ ပေးလှူရာ၏။
ဧကေ၊ အချို့ကုန်သော။ ပေတာ၊ ပြိတ္တာတို့သည်။ သာဟုန္နဝါသိနော၊ စုတ်ပြတ်သော ပုဆိုးညစ်ကို ဝတ်ရကုန်လျက်။ အညေ၊ အချို့ကုန်သော။ ပေတာ၊ ပြိတ္တာတို့သည်။ ကေသနိဝါသိနော၊ မိမိဆံပင်တို့ဖြင့်သာလျှင်အင်္ဂါကြီးငယ်ရှက်ကြောက်ဖွယ်ဖုံးအုပ်ကုန်လျက်။ ဘတ္တာယ၊ တမင်းအစားအာဟာရအလို့ငှါ။ ဂစ္ဆန္တိ၊ သွားကုန်၏။ ဒိသောဒိသံ၊ အရပ်တပါးမှသည် အရပ်တပါးသို့။ ပက္ကမန္တိ၊ ပြောင်းသွားကုန်၏။
ဧကေ၊ အချို့ကုန်သော။ ပေတာ၊ ပြိတ္တာတို့သည်။ ဒူရေ၊ ဝေးသော အရပ်သို့။ ဃာသတ္ထာယ၊ အစာအာဟာရအလို့ငှါ။ မဓာဝိတွာ၊ ပြေးသွားကုန်၍။ အလဒ္ဓါဝ၊ အစားအရေကို မရကုန်သည်ဖြစ်၍သာလျှင်။ ဆာ၊ ဆာလောင်ငတ်မွတ်ကုန်လျက်။ နိဝတ္တရေ၊ ပြန်ကုန်၏။
ဧကေ၊ အချို့ကုန်‌သော။ ပေတာ၊ ပြိတ္တာတို့သည်။ သရဉ္ဇိတာ၊ ဆာလောင်ငတ်မွန်ခြင်းဖြင့် မူးမှိုင်ကုန်သည်ဖြစ်၍။ ဘန္တာပရိဗ္ဘမန္တာ၊ ချာချာလည်ကုန်လျက်။ ဘူမိယံ၊ မြေ၌။ ပဋိသုမ္ဘိတာ၊ လည်းကုန်၏။
ကေစိ၊ အချို့ကုန်သော။ ပေတာ၊ ပြိတ္တာတို့သည်။ တတ္ထ၊ ထိုရောက်ရာအရပ်၌။ ကေနစိ၊ တစုံတယောက်သော သူသည်။ ပဋိသုမ္ဘိတာ၊ ရှေးရှုတွန်းလှဲအပ်ကုန်သကဲ့သို့။ ဘူမိယံ၊ မြေ၌။ ပပတိတာ၊ လည်းကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေပေတာ၊ ထိုပြိတ္တာတို့သည်။ ပုဗ္ဗေ၊ ‌ရှေးဘဝ၌။ အကတကလျာဏာ၊ ကုသိုလ်ကို မပြုကုန်သည်ဖြစ်၍။ နိဒါဃကာထေ၊ နွေအခါ၌။ အာတပေ၊ နေပူသော အရပ်၌။ အဂ္ဂိ၊ မီးသည်။ ဒဍ္ဎာဝဒဍ္ဎောဣဝခုပ္ပိပါသဂ္ဂိနာ၊ လောင်အပ်သကဲ့သို့ဆာလောင်ငတ်မွတ်ခြင်း တည်းဟူသော မီးသည်။ ဒဍ္ဎာ၊ လောင်အပ်ကုန်သည်ဖြစ်၍။ မဟာဒုက္ခံ၊ ကြီးစွာသော ဆင်းရဲကို။ အနုဘဝန္တိ၊ ခံစားရရှာကုန်၏။
မယံ၊ ငါတို့သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ဃရဏိယော၊ အိမ်ရှင်မတို့သည်လည်းကောင်း။ ကုလမာတရော၊ အမျိုးသ္မီးအမျိုးသားတို့၏ အမိတို့သည်လည်းကောင်း။ သမာနာ၊ ဖြစ်ပါကုန်လျက်။ ပါပဓမ္မာ၊ ငြူစူခြင်းဝန်တိုခြင်းပိတ်ပင်ခြင်းစသော အဖြစ်ဖြင့် ယုတ်သော သဘောရှိကုန်၏။
ဒေယျဓမ္မေသု၊ လှူဘွယ်ဝတ္ထုတို့သည်။ သန္တေသု၊ ရှိကုန်လျက်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ တမလွန်လောကသုဂတိဘဝ၌ ရပ်တည်ကြောင်းဖြစ်သော ကောင်းမျုကို။ န အကမှာ၊ မပြုမိကုန်။
အန္နပါနမှိ၊ ထမင်းအဖျော်၌။ ပဟုတံ၊ များသည်ဖြစ်၍။ အဝိဿုအဝကိရတိ၊ အကယ်၍ သွန်းကဲစွန့်ပစ်ရသည်ဖြစ်အံ့။ ဧဝံသန္တေပိ၊ ဤသို့ ကြဲစွန့်ပစ်ရသော်လည်း။ သမဂ္ဂဟေသမာပဋိပန္နာယ၊ ကောင်းသောအကျင့်ရှိပေသော။ ပဗ္ဗဇိတောပဇ္ဇဇိတာယ၊ ရဟန်းသူတော်ကောင်းအား။ ကိဉ္စိ၊ တစုံတခုသော လှူဘွယ်ဝတ္ထုကိုမျှလည်း။ နအဒမှသေ၊ မပေးမလှူမိကုန်။
အကမ္မကာမာ၊ သူတော်ကောင်းတို့သည် မပြုအပ်သော အကုသိုလ်ကံကို အလိုရှိကုန်၏။ အထသာ၊ ကုသိုလ်တရားတို့ကိုဖြည့်ကျင့်ခြင်း၌ ပျင်းရိကုန်၏။ သာဓုကာမာ၊ ကောင်းမြတ်သော စားဖွယ်သောက်ရာကို အလိုရှိကုန်၏။ မဟဂ္ဃာသာ၊ အစားအသောက်ကြူးကုန်၏။
မယံ၊ ငါတို့သည်။ အာလောပပိဏ္ဍံ၊ တလုပ်မျှသော ဆွမ်းစိုင်ကိုလည်း။ ဒါတာရော၊ ပေးလှူတတ်ကုန်သော သူတို့ကိုလည်းကောင်း။ ပဋိဂ္ဂဟေ၊ အလှူခံတို့ကိုလည်းကောင်း။ ပရိဘာသိတာ၊ နှိပ်စက်၍ သိတတ်ကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။
ပုဗ္ဗေ၊ ရှေး၌။ နော၊ ငါတို့၏။ တေဃရာတာနိဃရာနိစ၊ ထိုအိမ်တို့သည်လည်းကောင်း။ တာစဒါသိယော၊ ထိုကျွန်မတို့သည်လည်းကောင်း။ တာနေဝါဘရဏာနိစ၊ ထိုတန်ဆာတို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။
တေ၊ ထိုအိမ်အစရှိသည်တို့ကို။ အညေ၊ တပါးကုန်သော သူတို့သည်။ ပရိစာရယန္တိ၊ စမ္ပယ်သုံးဆောင်ကုန်၏။ မယံ၊ ငါတို့မူကား။ ဒုက္ခဿ၊ ဆာလောင်ငတ်ခြင်း ဆင်းရဲကို။ ဘာဝိနော၊ ခံစားသော အဖို့ရှိကုန်သည်။ ဘဝါမ၊ ဖြစ်ကုန်၏။
ဘေပေတာ၊ ထိုပြိတ္တာတို့သည်။ မနုဿေသု၊ လူတို့၌။ ဥပ္ပဇ္ဖမာနာပိ၊ ဖြစ်သာကုန်သော်လည်း။ ပုနပ္ပုနံ၊ ကြိမ်ဖန်များစွာ။ ဝေနိဝါ၊ နှီးသည်မျိုးတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဝညာစ၊ မထီမဲ့မြင်အောက်မေ့အပ်ကုန်သော အမျိုးတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ရထကာရာစ၊ သားရေနှင့်စပ်သော အမှုကို ပြုလုပ်ကုန်သော အမျိုးတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဒုဗ္ဘိကာစ၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားနှိပ်စက်တတ်ကုန်သော သူတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ စဏ္ဍာလီစ၊ စဏ္ဍာလမျိုတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကမဏာစ၊ သူတပါးတို့ အလွန်သနားအပ်သော အဖြစ်သို့ ရောက်ကုန်သော အထီးကျန်သော အထီးကျန်သော အမျိုးတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကမ္ပကာစ၊ တုန်လှုပ်သော အမျိုးတို့သည်မူလည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
အညာနိပိ၊ ဆိုအပ်ပြီးသည်မှ တပါးလည်းဖြစ်ကုန်သော။ ယာနိယာနိ၊ အကြင်အကြင်သို့ သဘောရှိကုန်သော။ ဟီနာနိ၊ ယုတ်ညံ့ကုန်သော။ ကုလာနိစ၊ မုဆိုးတံငါပန်းမှိုက်သွန်စသော အမျိုးတို့သည်မှလည်း။ ဟောန္တိ၊ ဖြစ်ကုန်၏ အညာနိပိ၊ ဆိုအပ်ပြီးသည်မှ တပါးလည်းဖြစ်ကုန်သော။ ယာနိယာနိ၊ အကြင်အကြင်သို့ သဘောရှိကုန်သော။ ဟီနာနိ၊ ယုတ်ညံ့ကုန်သော။ ကုလာနိစ၊ မုဆိုးတံငါပန်းမှိုက်သွန်စသော အမျိုးတို့သည်လည်းကောင်း။ ကပဏာနိ၊ နှိပ်စက်အပ်ကုန်သော ။ ကုလာနိစ၊ အမျိုးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
တေသုတေသွေဝကုလေသု၊ ထိုထိုယုတ်ညံ့ကုန်သော အမျိုးတို့၌သာလျှင်။ ဇာယန္တိ၊ ဖြစ်ကုန်၏။ ဧသာ၊ ဤသို့ ယုတ်ညံ့သော အဖြစ်သည်။ မစ္ဆရိနော၊ ဝန်တိုဆို့ပိတ် မစ္ဆေရစိတ်ရှိသော သတ္တဝါ၏။ ဂတိ၊ လားရာတည်း။
ပုဗ္ဗေဝ၊ ရှေးဘဝ၌သာလျှင်။ ကထကလျာဏာ၊ ပြုအပ်ပြီးသော ကုသိုလ်ရှိကုန်သော။ ဒါယကာ၊ ပေးလှူလေ့ရှိကုန်သော။ ဝီတမစ္ဆရာ၊ ကင်းသော ဝန်တိုခြင်းရှိကုန်သော။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။
တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ သဂ္ဂံ၊ နတ်ပြည်ကို။ ပရိပူရေန္တိ၊ ပြည့်စေကုန်၏။ နန္ဒနံ၊ နန္ဒဝန်ဥယျဉ်ကို။ ဩဘာသန္တိစ၊ မိမိကိုယ်ရောင် အဝတ်တန်ဆာရောင်တို့ဖြင့် ထွန်းလင်းစေကုန်၏။
ဝေဇယန္တေ၊ ဝေဇယန္တာ အမည်ရှိသော ။ ပါသာဒေစ၊ ပြာသာဒ် တို့၌လည်း။ ရမိတွာ၊ မွေ့လျော်စံပျော်ကုန်၍။ ကာမကာမိနော၊ အလိုရှိအပ်သော စည်းစိမ်ချမ်းသာတို့ကို အလိုအတိုင်းခံစားခြင်းရှိကုန်သော။
တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ တတော၊ ထိုနတ်ပြည်မှ။ စုတာ၊ စုတေမနေသေလွန်သည်ရှိသော်။ သဘောဂေသု၊ များမြတ်သော စည်းစိမ်ဥစ္စာရှိကုန်သော။ ဥစ္စကုလေသု၊ မင်းမျိုးပုဏ္ဏားမျိုးအစရှိကုန်သော မြင့်မြတ်သောအမျိုးတို့၌။ ဇာယန္တိ၊ ဖြစ်ကုန်၏။
ကုလေ၊ မြင့်မြတ်သော အမျိုး၌။ ဇာတာ၊ ဖြစ်ကုန်သော။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ကူဋာဂါရေစ၊ အထွတ်တပ်သော အိမ်၌ လည်းကောင်း။ ပါသာဒေစ၊ ပြသာဒ်၌ လည်းကောင်း။ ဂေါဏသန္တတေ၊ ရှည်သော အမွေးရှိသော ကော်ဇော်ဖြင့် ခင်းအပ်သော အခင်းရှိသော။ ပလ္လင်္လေစ၊ ပလ္လင်၌လည်းကောင်း။ မောရဟတ္ထေ၊ ဥဒေါင်းမြီးတို့ဖြင့် တန်ဆာဆင်အပ်သော ယပ်စွဲကုန်သော လက်တို့ဖြင့်။ ဗီဇတင်္ဂါ၊ ယပ်ဖြင့် ယပ်အပ်သော ကိုယ်ကုန်သည်ဖြစ်၍။ ရမန္တိ၊ မွေ့လျော်စံပျော်ရကုန်၏။
ဒဟရကာလေပိ၊ ငယ်သောအခါ၌လည်း။ အင်္ဂတော၊ တဦးသော အဆွေအမျိုးအထိန်းအယတို့၏ ရင်ခွင်မှ။ အင်္ဂံ၊ တဦးသော အဆွေအမျိုးအထိန်းအယတို့၏ ရင်ခွင့်သို့။ ဂစ္ဆန္တိ၊ ပြောင်းသွားရကုန်၏။
သုခမေသိနော၊ ထိုသူငယ်၏ ချမ်းသာကို အလိုရှိကုန်သော။ ဘတိယော၊ အထန်းအယတို့သည်။ မာသဘာရိအလင်္ကတာ၊ ပန်းတန်ဆာတို့ဖြင့် ဆင်ယင်ကုန်လျက်။ သဒယံပါတံ၊ ညဉ့်နံနက်။ ဥပတိဋ္ဌန္တိ၊ ခစားကုန်၏။
အသောကံ၊ စိုးရိမ်ခြင်း မရှိထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်လည်းရှိထသော။ တိဒဿာနံ၊ တာဝတိံသာနတ်တို့၏။ မဟာဝနံ၊ မြတ်သော ဥယျာဉ်ဖြစ်သော။ နန္ဒနံ၊ နန္ဒဝန်ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ ဣဒံနန္ဒနံ၊ ဤနန္ဒဝန် ဥယျာဉ်သည်။ အကတပုညာနံ၊ မပြုအပ်သောကိုသိုလ်ရှိကုန်သော သတ္တဝါတို့အား။ နဟောတိ၊ မဖြစ်။ ဣဒံနန္ဒနံ၊ ဤနန္ဒဝန်ဥယျာဉ်သည်။ ကတပုညာနမေဝ၊ ပြုအပ်ပြီးသော ကောင်းမှုရှိကုန်သော သတ္တဝါတို့အားသာလျှင်။ ဟောတိ၊ ဖြစ်၏။
အကတပုညာနံ၊ မပြုအပ်သောကုသိုလ်ရှိကုန်သော သတ္တဝါတို့အား။ ဣစေ၊ ဤပစ္စုပ္ပန်ဘဝ၌၎င်း။ ပရတ္ထစ၊ တမလွန်ဘဝ၌၎င်း။ သုခ၊ ချမ်းသာသည်။ နတ္ထိ၊ မရှိ။
ကတပုညာနဉ္စ၊ ပြုအပ်ပြီးသောကောင်းမှုရှိကုန်သော သတ္တဝါတို့အားသာလျှင်။ ဣဓေဝစ၊ ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း။ ပရတ္ထစ၊ တမလွန်ဘဝ၌ လည်းကောင်း။ သုခံ၊ ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။
တေသံတေဟိဒေဝေဟိ၊ ထိုသို့ ဆိုအပ်ခဲ့ကုန်ပြီးသော နတ်တို့နှင့်။ သဟဗျာကာမာနံ၊ တကွဖြစ်ခြင်းကို အလိုရှိကုန်သော။ ဟိ၊ အကျိုးကိုဆိုဦးအံ့။ ကတပုညာ၊ ပြုအပ်ပြီးသော ကောင်းမှုရှိကုန်သော သတ္တဝါတို့သည်။ သဂ္ဂေ၊ နတ်ပြည်၌။ ဘောဂသမင်္ဂိနော၊ နတ်၌ဖြစ်ကုန်သော စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍။ မောဒန္တိ၊ မွေ့လျော်စံပျော်ရကုန်၏။ ဣတိ၊ ဤသို့။ အဝေါစုံ၊ ဆိုကုန်၏။
ပဌမံ၊ ရှေးဦးစွာသော။ အဘိဇ္ဇမာနပေတဝတ္ထု၊ ဝန်ဆိုဆို့ပိတ် မစ္ဆေရစိတ်ရှိသော ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။