ကုဏ္ဍိနာဂရိယော၊ ကုဏ္ဍိမြို့သျှင်ဖွားရာရှိသော။
သာဏဝါသိ နိဝါသိကော၊ သာဏဝါသိ အမည်ရှိသော တောင်၌နေသော။
ထေရော၊ မထေရ်သည်။
နာမေန၊ အမည်အားဖြင့်။
ပေါဋ္ဌပါဒေါတိ၊ ပေါဋ္ဌပါဒဟူသော အမည်ရှိ၏။
ဘာဝိတိန္ဒြိယော၊ အရိယမဂ်တည်းဟူသော ဘာဝနာဖြင့် ပွါးစေအပ်ပြီးသော သဒ္ဓါစသော ဣန္ဒြေ ရှိသော။
သမဏော၊ ရဟန္တာသည်။
အဟောသိ၊ ဖြစ်၏။
တဿ၊ ထိုသာဏဝါသီထေရ်၏။
မာတာပီတာစ၊ အမိအဘတို့သည်လည်းကောင်း။
ဘာသာစ၊ အစ်ကိုညီတို့သည် လည်းကောင်း။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိ သို့လားကုန်သော။
ယမလောကိကာ၊ ယမလောကဟု ဆိုအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်ကုန်သော။
ပေတာ၊ ပြိတ္တာတို့သည်။
အဟေသုံ၊ ဖြစ်ကုန်၏
တေ၊ ထိုသာဏဝါသီထေရ်၏ မိဘစသော အဆွေအမျိုးတို့သည်။
ပါပကမ္မံ၊ သူ့အသက်ကို သတ်ခြင်း အစရှိသော အကုသိုလ်ကံ ကို။
ကရိတွာ၊ ပြုကုန်၍။
ဣတော၊ ဤလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအာဖြင့်ဖြစ်လေ့ရှိကုန်၏။
ကုရုဒ္ဒိနော၊ ကြမ်းကြုတ်သော အမှုရှိကုန်သည်ဖြစ်၍။
ဒုဂ္ဂဘာ၊ ဒုဂ္ဂဘိသို့ထားကုန်သော။
တေပေတာ၊ ထိုပြိတ္တာတို့သည်။
သူစိကဋ္ဋာ၊ အပ်ကဲ့သို့ ထိုးဆွတတ်ကုန်သော ဆာလောင်ငတ်မွတ်ခြင်း သည်ပြင်းစွာနှိပ်စက်အပ်ကုန်သည်။
ကိလန္တာ၊ ပင်ပန်းသော ကိုယ်စိတ်ရှိကုန်သည်။
နဂ္ဂိနော၊ အဝတ်မရှိကုန်သည်။
ကိသာ၊ အရိုးအရေမျှသာဖြစ်သော အလွန်ကြုံလှီသော ကိုယ်ရှိကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
တေပိတ္တာ၊ ထိုပြိတ္တာတို့သည်။
ဥတ္တသန္တာ၊ ဤငါ၏သားသည်ရဟန်းဖြစ်ပေသည် တကား ဟု ထိတ်လန့်ကုန်သည်ဖြစ်၍။
မဟတ္တာသာ၊ ရှေ့၌ပြုအပ်သော နှင်ထုတ်ခြင်း အမှုကိုစွဒ၍ ဖြစ်သော ကြီးစွာသော ကြောက်ခြင်း ရှိကုန်သည်ဖြစ်၍။
ထေရဿ၊ အရှင်သာဏဝါသီထေရ်အား။
နဒဿေန္တိ၊ မိမိကိုယ်ကို မပြဝံ့ကုန်။
တဿ၊ ထိုအရှင်သာဏဝါသီထေရ်၏။
ဘာတာ၊ အစ်ကိုသည်။
ဝိတရိတွာ၊ ထိတ်လန့်ခြင်းကိုလွန်၍။
နဂ္ဂေါ၊ အဝတ်မရှိဘဲ။
ဧကကော၊ တယောက်တည်းလည်း။
ဧကပထေ၊ တယောက်ခြေဖြင့် သွားရာခရီး၌။
စတုကုဏ္ဍိကော၊ လေးဘက်တွားသွား၍ ပုဆစ်နှစ်ဖက်တို့ဖြင့် သွားသည်ရပ်သည်။
ဘဝိတွာန၊ ဖြစ်၍။
ထေရဿ၊ သာဏဝါသီထေရ်အား။
တုမံ၊ မိမိကိုယ်ကို။
ဒဿယိ၊ ပြ၏။
ထေရောစ၊ အရှင်သာဏဝါသီထေရ်သည်လည်း။
အမနသိကတွာ၊ ဤအမည်ရှိသော သူဟု နှလုံးမမူဘဲ။
အတိက္ကမိ၊ လွန်သွား၏။
သောစပေတော၊ ထိုပြိတ္တာသည်လည်း။
အဟံ၊ အကျွန်ုပ်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
တဝ၊ အရှင်ဘုရား၏။
ဘာတာ၊ အစ်ကိုပင်တည်း။
ဣဒါနိ၊ ယခုမူကား။
ပေတော၊ ပြိတ္တာဖြစ်၍။
အာဂတော၊ အရှင်ဘုရားထံသို့လာသည်။
အမှိ၊ ဖြစ်၏။
ဘန္တေ၊ အရှင်ဘုရား။
တေ၊ အရှင်ဘုရား၏။
မာတာစ၊ အမိသည်၎င်း။
ပိတာစ၊ အဘသည်၎င်း။
ဒုဂ္ဂတာ၊ ဒုဂ္ဂဘိသို့လားကုန်သည်ဖြစ်၍။
ယမလောကိကာ၊ ယမလောကဟုဆိုအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်ကုန်သော။
ပေတာ၊ ပြိတ္တာတို့သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
တေ၊ ထိုအရှင်ဘုရား၏ မိဘအစရှိကုန်သော အဆွေအမျိုးတို့သည်။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို။
ကရိတွာန၊ ပြုကုန်သောကြောင့်။
ဣတော၊ ဤအရှင်ဘုရားတို့ဖြစ်ရာလူ့ဘုံမှ။
ပေတေလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ကုန်၏။
ကုရုဒ္ဒိနော၊ ကြမ်းကြုတ်သော အမှုကို ပြုကုန်သည်ဖြစ်၍။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိပြိတ္တာဘုံ၌ဖြစ်ကုန်သော။
တေပေတာ၊ ထိုအရှင်ဘုရား၏ မိဘအစရှိကုန်သော ပြိတ္တာတို့သည်။
သူစိကဋ္ဋာ၊ ဆာလောင်ငတ်မွတ်ခြင်းသည်ပြင်းစွာနှိပ်စက်အပ်ကုန်သည်။
ကိလန္တာ၊ ပင်ပန်းသော ကိုယ်စိတ်ရှိကုန်သည်။
နဂ္ဂိနော၊ အဝတ်မရှိကုန်သည်။
ကိသာ၊ အရိုးအရေ စုသာဖြစ်သောကြောင့် ကြုံလှီသော ကိုယ်ရှိကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
တေပေတာ၊ ထိုပြိတ္တာတို့သည်။
ဩတ္တပ္ပန္တာ၊ ငါတို့၏ သားဖြစ်သော ဤသူကားရဟန်းပေတည်းဟု ထိတ်လန့်ကုန်သည်ဖြစ်၍။
မဟတ္တသာ၊ ရှေးဘဝ၌အရှင်ဘုရားကို နှင့် ထုတ်ဘူးသော အမှုကို စွဲ၍ ဖြစ်သော ကြီးစွာသော ကြောက်ခြင်း ရှိသည်ဖြစ်၍။
တဝ၊ အရှင်ဘုရားအား။
နဒဿေန္တိ၊ မိမိကိုယ်ကို မပြုဝံ့ကုန်။
ဘန္တေ၊ အရှင်ဘုရား။
နော၊ အကျွန်ုပ်တို့ကို။
အနုကမ္ပဿှ၊ သနားပါလော။
ကာရုဏိကော၊ သနားခြင်း ရှိတော်မူသော။
တွံ၊ အရှင်ဘုရားသည်။
ဒါနံ၊ အလှူကို။
ဒတွာ၊ ပေးလှူ၍။
နော၊ အကျွန်ုပ်တို့အား။
အနွာဒိသာဟိ၊ အမျှပေးဝေပါသော။
တဝ၊ အရှင်ဘုရား၏။
ဒိန္နေန၊ ပေးလှူအပ်သော။
ဒါနေန၊ အလှူဖြင့်။
ကုရုဒ္ဒိနော၊ ကြမ်းကြုတ်သော အမှုကို ပြုဘူးကုန်သော။
ပေတာ၊ ပြိတ္တာတို့သည်။
ယာပေဿန္တိ၊ မျှရကုန်လတ္တံ့။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။
စရိတွာ၊ သွား၍။
အညေ၊ အရှင်သာဏဝါသီမှ တပါးကုန်သော။
ဒွါဒသဘိက္ခူစ၊ တကျိပ်နှစ်ယောက်ကုန်သောအတူနေ ရဟန်းတို့သည်လည်း။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။
စရိတွာ၊ သွားကုန်၍။
ဘတ္တဿဂ္ဂကာရဏာ၊ ဆွမ်းစားခြင်း ကိစ္စဟူသောအကြောင်းကြောင့်။
ဧကမန္တံ၊ သင့်အပ်လျောက်ပတ်သော အရပ်၌။
သန္နိပတံသု၊ တပေါင်းတတည်းစည်းဝေးကုန်၏။
ထေရော၊ အရှင်သာဏဝါ သီထရ်သည်။
တေသဗ္ဗေစ၊ ထိုအလုံးစုံသော ရဟန်းတို့ကိုလည်း။
တုမှေ၊ အရှင်ဘုရားတို့သည်။
ယထာလဒ္ဓံ၊ ရတိုင်သော ဆွမ်းကို။
မေ၊ အကျွန်ုပ်၏။
ဉာတီနံ၊ ပြိတ္တာဘုံ၌ဖြစ်ကုန်သော မိဘစသော အဆွေအမျိုးတို့ကို။
အနုကမ္ပာယ၊ သနားသဖြင့်။
သံဃဘတ္တံ၊ သံဃာအားလှူအပ်သော ဆွမ်းကို။
ကရိဿမိ၊ ပြုပါအံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
တေဘိက္ခူ၊ ထိုတကျိပ်နှစ်ယောက်သော ရဟန်းတို့သည်။
ထေရဿ၊ အရှင်သာဏ ဝါသီထေရ်အား။
နိယာဒယိံ သု၊ ပေးကုန်၏။
ထေရော၊ သာဏဝါသီမထေရ်သည်။
သံဃံ၊ တကျိပ်နှစ်ယောက်သော ရဟန်းတို့၏ အပေါင်းဖြစ်သော သံဃာကို။
တံဘတ္တံ၊ ထိုဆွမ်းကို။
ဒါတုံ၊ ပေးလှူအံ့သောငှါ။
နိမန္တယိ၊ ပင့်ဖိတ်၏။
ဒတွာ၊ ပေးလှူပြီး၍။
ထောရာ၊ အရှင်သာဏဝါသီ ထေရ်သည်။
ဣဒံဒါနံ၊ ဤဆွမ်းဟူသော အလှူသည်။
မေ၊ ငါ၏။
ပိတုစ၊ အဘအားလည်း ကောင်း။
မာတုစ၊ အမိအား လည်းကောင်း။
ဘာတုနောစ၊ အစ်ကိုအားလည်းကောင်း။
ဟောတု၊ ဖြစ်စေသတည်း။
ဣဒံဒါနံ၊ ဤဆွမ်းဟူသော အလှူသည်။
မေ၊ ငါ၏။
ဉာတီနံ၊ အဆွေအမျိုးဖြစ်ကုန်သော ပြိတ္တာတို့အား။
ဟောတု၊ ဖြစ်စေသတည်း။
ဉာတယော၊ မိဘအစရှိကုန်သော ငါ၏ အဆွေအမျိုးပြိတ္တာတို့သည်။
ဣဒံဒါနဖလံ၊ ဤအလှူ၏ အကျိုးကို။
ပစ္စယာ နူဘောန္တော၊ ခံစားကုန်လျက်။
သုခိဘာ၊ ချမ်းသာခြင်း သို့ရောက်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
အနွာဒီသိ၊ အမျှပေးဝေ၏။
သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌။
သုစိ၊ စင်ကြယ်သန့်ရှင်းသော။
ပဏီတံ၊ ကောင်းမြတ်သော။
သမ္ပန္နံ၊ ချိုမြိန်သော အရသာရှိသော။
အနေကရသဗျဉ္ဇနံ၊ အထူးထူးသော အရသာရှိသော ဟင်းလျာနှင့်ယှဉ်သော။
ဘောဇနံ၊ ဘောဇဉ်သည်။
ဥဒပဇ္ဇထ၊ ဖြစ်လေ၏။
တတော၊ ထိုဘောဇဉ်ကို ရပြီးသောနောင်မှ။
ဘာတာ၊ သာဏဝါသီထေရ်၏ အစ်ကိုဖြစ်ဘူးသော ပြိတ္တာသည်။
ဝဏ္ဏဝါ၊ အဆင်းလှသည်။
ဗလဝါ၊ အားရှိသည်။
သုခီ၊ ချမ်းသာခြင်းနှင့်ပြည့်စုံသည်။
ဟုတွာ၊ ဖြစ်၍။
ထေရဿ၊ အရှင်သာဏဝါသီထေရ်အား။
အတ္တာနံ၊ မိမိကိုယ်ကို။
ဥဒ္ဒိဿတိ၊ ပြပြန်၏။
ဘန္တေ၊ အရှင်ဘုရား။
တဝ၊ အရှင်ဘုရား၏။
ဒါနနုဘာဝေန၊ ဒါန၏ အာနုဘော်အားဖြင့်။
ပဟုတံ၊ များစွာသော။
ဘောဇနံ၊ ဘောဇဉ်ကို။
အမှေဟိ၊ အကျွန်ုပ်တို့သည်။
လဒ္ဓံ၊ ရအပ်ပြီ။
ဘန္တေ၊ အရှင်ဘုရား။
ပဿ၊ ရှုပါလော။
မယံ၊ အကျွန်ုပ်တို့သည်။
နဂ္ဂါမှသေ၊ အဝတ်မရှိကုန်သေး။
ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်။
မယံ၊ အကျွန်ုပ်တို့သည်။
ဝတ္ထံ၊ အဝတ်ကို။
လဘာမသေ၊ ရကုန်ရာ၏။
တထာ၊ ထိုသို့သော အခြင်းအရာဖြင့်။
ပရက္ကမ၊ လုံ့လပြုပါလော။
ဣတိ၊ ဤသို့လည်း။
အဝေါစ၊ လျှောက်၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
သင်္ကာရကူဋတော၊ ထိုထိုသို့သော ထမြက်ချေးစုရာအရပ်မှ။
နန္တကေ၊ ပုဆိုးကြမ်းတို့ကို။
ဥစ္စိနိတွာန၊ ရှာဖွေကောက်ယူ၍။
ဝိသောတိကပဋံ၊ ပုဆိုးကြမ်းဖြင့် ပြီးသော သင်္ကန်းကို။
ကတွာ၊ ပြု၍။
စာတုဒ္ဒိသေ၊ အရပ်လေးမျက်နှာတို့မှလာသော။
သံဃေစ၊ သံဃာအားလည်း။
အဒါ၊ ပေးလှူ၏။
ဒတွာ၊ ပေးလှူပြီး၍။
ထေရော၊ အရှင်သာဒဏဝါသီထေရ်သည်။
ဣဒံဒါနံ၊ ဤသင်္ကန်းဟူသော အလှူသည်။
မေ၊ ငါ၏။
ပိတုစ၊ အဘအားလည်းကောင်း။
မာတုစ၊ အမိအားလည်းကောင်း။
ဘာတုနောစ၊ အစ်ကိုအားလည်းကောင်း။
ဉာတီနဉ္စ၊ မိဘအစ်ကိုမှ ကြွင်းကုန်သော ပြိတ္တာဘုံ၌ ဖြစ်ကုန်သော ဆွေမျိုးတို့အားလည်းကောင်း။
ဟောတု၊ ဖြစ်စေသတည်း။
ဉာတယော၊ မိဘအစရှိကုန်သောငါ၏ ဆွေမျိုး ပြိတ္တာတို့သည်။
ပစ္စာနုဘောန္တော၊ ခံစားကုန်လျက်။
သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
အနွာဒိသိ၊ အမျှပေးဝေ၏။
သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌။
ဝတ္ထာနိ၊ အဝတ်တို့သည်။
ဥဒပဇ္ဇိံသု၊ ဖြစ်ကုန်၏။
တတော၊ ထိုအဝတ်အရုံကို ရပြီးသည်နောက်မှ။
ဘာတာ၊ သာဏဝါသီထေရ်၏ အစ်ကို ဖြစ်ဘူးသော ပြိတ္တာသည်။
သုဝတ္ထဝသနော၊ ကောင်းသော အဝတ်ကို ငတ်ပြီးသည်။
ဟုတွာ၊ ဖြစ်၍။
ထေရဿ၊ အရှင်သာဏဝါသီထေရ်အား။
တုမံ၊ မိမိကိုယ်ကို ။
ဒဿယိ၊ ပြပြန်၏။
ဘန္တေ၊ အရှင်ဘုရား။
နန္ဒရာဇဿ၊ နန္ဒမင်း၏။
ဝိဇိတသ္မိံ၊ နိုင်ငံ၌။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
ပဋိစ္ဆာဒါ၊ အဝတ်တို့သည်။
သန္တိ၊ ရှိကုန်၏။
တတော၊ ထိုနန္ဒမင်း၏နိုင်ငံ၌ ရှိကုန်သော အဝတ်တို့ထက်။
နော၊ အကျွန်ုပ်တို့၏။
ဝတ္ထစ္ဆာဒနာနိ၊ အဝတ်အရုံတို့သည်။
ဗဟုတရာဗဟုထရာနိ၊ များမြတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဘန္တေ၊ အရှင်ဘုရား.
ဝိပုလာစ၊ အလျားရှည်ခြင်း အနံပြန့်ခြင်းလည်းရှိကုန်ထသော။
မဟဂ္ဃာစ၊ များမြတ်သော အဘိုးလည်း ထိုက်ထသော။
ကောသေယသကမ္ဗလာနိစ၊ ပိုးချည်ဖြင့် ပြီးသော ပုဆိုး သားမွေးဖြင့်ပြီးကုန်သော ပုဆိုးတို့သည်လည်းကောင်း။
ခေါမကပ္ပာသိကာစ၊ ခေါမမည်သော ချည်ဖြင့်ပြီးကုန်သော ပုဆိုးဝါချည်ဖြင့် ပြီးကုန်သော ပုဆိုးတို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
တေစ၊ ထိုပုဆိုးအဝတ်တို့သည်လည်း။
အာကာသေဝအာကာသေဧဝ၊ ကောင်းကင်၌သာလျှင်။
လမ္ဗရေ၊ တွဲရရွဲဆွဲကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
ယံယံဝတ္ထစ္ဆာဒနံ၊ အကြင်အကြင်သို့သော အဝတ်အရုံကို။
မနသောဝိယံ၊ အကျွန်ုပ်၏ စိတ်သည် ချစ််နှစ်သက်အပ်၏။
တေ၊ ထိုအဝတ်အရုံတို့ကို။
မယံ၊ အကျွန်ုပ်တို့သည်။
ပရိဒဟာမ၊ ဝတ်ရုံကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
မယံ၊ အကျွန်ုပ်တို့သည်။
နဂေဟာမှသေ၊ အိမ်မရှိပါကုန်။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
မယံ၊ အကျွန်ုပ်တို့သည်။
ဂေဟေ၊ အိမ်တို့ကို။
လဘာမသေ၊ ရကုန်ရာ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
တွံ၊ အရှင်ဘုရားသည်။
ပရက္ကမ၊ လုံ့လပြုပါလော့။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်ပြန်၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ပဏ္ဏကုဋိံ၊ သက်ရွက်မိုးသော ကုဋိကို။
ကတွာ၊ ဆောက်လုပ်စေ၍။
စာတုဒ္ဒိသေ၊ အရပ်လေးမျက်နှာတို့မှလာသော။
သံဃေ၊ သံဃာတော်အား။
အဒါ၊ ပေးလှူ၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ဒတွာစ၊ ပေးလှူပြီး၍လည်း။
ဣဒံဒါနံ၊ ဤကျောင်းဟူသော အလှူသည်။
မေ၊ ငါ၏။
ပိတုစ၊ အဘအားလည်း ကောင်း။
မာတုစ၊ အမိအားလည်းကောင်း။
ဘာတုနောစ၊ အစ်တို့အားလည်းကောင်း။
ဉာတီနဉ္စ၊ အမိအဘအစ်ကိုမှ ကြွင်းကုန်သော ပြိတ္တာဘုံ၌ ဖြစ်ကုန်သော ဆွေမျိုးတို့အားလည်းကောင်း။
ဟောတု၊ ဖြစ်စေသတည်း။
ဉာတယော၊ မိဘအစရှိကုန်သော ငါ၏ ဆွေမျိုးပြိတ္တာတို့သည်။
ဣဒံဒါနဖလံ၊ ဤကျောင်းဟူသော အလှူ၏ အကျိုးကို။
ပစ္စာနုဘောန္တော၊ ခံစားကုန်လျက်။
သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
ဥဒ္ဒိသိ၊ အမျှပေးဝေ၏။
သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌.
ဝိဘတ္တာဝိဘတ္တာနိ၊ လေးတောင်အလျားအဝန်းသဏ္ဍာန်အစရှိသော အားဖြင့်ဝေဘန်အပ်ကုန်သော။
ဘာဂသော၊ အဖို့အားဖြင့်။
မိတာမိတာနိ၊ နှိုင်းယှဉ်အပ်ကုန်သော။
ကူဋဂါရနိပေသာနော၊ စုလစ်မွန်းချွန်လည်းတပ်ကုန်သော။
ဃရာနိ၊ အိမ်တို့သည်။
ဥဒပဇ္ဇထ၊ ဖြစ်ကုန်၏။
ဣဓ၊ ဤပြိတ္တာဘုံ၌။
နော၊ အကျွန်ုပ်တို့၏။
ဃရာ၊ အိမ်တို့သည်။
ယာဒိသာ၊ အကြင်သဘောရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ။
ဃရာ၊ အိမ်တို့သည်။
မနုဿေသု၊ လူတို့၌။
နသန္တိ၊ မရှိကုန်။
ဒိဗ္ဗေသု၊ နတ်ပြည်တို့၌။
ဃရာ၊ အိမ်တို့သည်။
ယာဒိသာ၊ အကြင်သို့သဘောရှိကုန်၏။
ဣဓ၊ ဤပြိတ္တာဘုံ၌။
နော၊ အကျွန်ုပ်တို့အား။
ဃရာ၊ အိမ်တို့သည်လည်း။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒဒ္ဒလမာနာ၊ အရောင်ဖြင့် ထွန်းပကုန်လျက်။
သမန္တာ၊ ထက်ဝန်းကျင်မှ။
စတုရော ဒိသာ၊ အရပ်လေးမျက်နှာတို့ကို။
အာဘေန္တိ၊ တင့်တယ် စေ့ကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
အယံ၊ အကျွန်ုပ်သည်။
နဝိဝါမသေ၊ ရေမသောက်ရကုန်သေး။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
ကတေ၊ ပြုအပ်သည်ရှိသော်။
မယံ၊ အကျွန်ုပ်တို့သည်။
ပါနီယံ၊ သောက်ရေကို။
လဘာမသေ၊ ရကုန်ရာ၏။
တထာ၊ ထိုအခြင်းဖြင့်။
တွံ၊ သင်သည်။
ပရက္ကမ၊ လုံ့လပြုသော။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်ပြန်၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ကရဏံ၊ ဓမ္မကရိုဏ်းကို။
ပူရေတွာ၊ ပြုစေ၏။
စာတုဒ္ဒိသေ၊ အရပ်လေးမျက်နှာတို့မှလာသော။
သံဃေ၊ သံဃာအား။
အဒါ၊ ပေးလှူ၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ဒတွာ၊ ပေးလှူပြီး၍လည်း။
ဣဒံဒါနံ၊ ဤရေဟူသော အလှူသည်။
မေ၊ ငါ၏။
ပိတုစ၊ အဘအားလည်းကောင်း။
မာတုစ၊ အမိအားလည်းကောင်း။
ဘာတုစ၊ အစ်ကိုအားလည်းကောင်း။
ဉာတိနဉ္စ၊ မိဘအစ်ကိုမှ ကြွင်းကုန်သော ပြိတ္တာဘုံ၌ဖြစ်ကုန်သော အဆွေအမျိုးတို့အားလည်းကောင်း။
ဟောတု၊ ဖြစ်စေသတည်း။
ဉာဘယော၊ အမိအဘအစရှိကုန်သောငါ၏ အဆွေအမျိုးပြိတ္တာတို့သည်။
ဣဒံဒါနဖလံ၊ ဤမေအလှူ၏ အကျိုးကို။
ပစ္စာနုဘောန္တော၊ ခံစားရကုန်လျက်။
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
အနွာဒိသိ၊ အမျှပေးဝေ၏။
သမနန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌။
ပါနီယံ၊ သောက်ရေသည်။
ဥဒပဇ္ဇထ၊ ဖြစ်လေ၏။
သေဒကာ၊ ပြုသောသဲတို့ဖြင့် ထက်ဝန်းကျင်ပြွမ်းသည်ဖြစ်၍ ဖြူသော ရေလည်းရှိကုန်ထသော။
သုပတိတ္ထာစ၊ ကောင်းသော ဆိပ်လည်း ရှိကုန်ထသော။
သီဘာစ၊ ချမ်းအေးသောရေလည်းရှိကုန်ထသော။
အပ္ပဋိဂန္ဓိယာစ၊ စက်ဆုပ်ဖွယ်သော အနံ့မှလည်းကင်းကုန်ထသော။
ပဒုမုပ္ပလသဉ္ဆန္နာစ၊ ကြာပဒုမာကြာညိုစသော ကြာမျိုးတို့ဖြင့် ဖုံးလွှမ်းခြင်းလည်းရှိကုန်ထသော။
ဝါရိကိဉ္စိကပူရိတာ၊ ကြာပဒုမာကြာညိုစသော ကြာမျိုးတို့၏ ဝတ်ဆံတို့ဖြင့် ပြည့်သော ရေလည်းရှိကုန်ထသော။
ဂမ္ဘီရာစ၊ နက်လည်းနက်ကုန်ထသော။
စတုရဿာစ၊ လေးထောင့်လည်းရှိကုန်ထသော။
ပေါက္ခရညော၊ ရေကန်တို့ကို။
သုမာပိတာ၊ ဖန်ဆင်းအပ်ကုန်၏။
တတ္ထ၊ ထိုရေကန်တို့၌။
နှတွာစ၊ ရေချိုးကုန်၍လည်းကောင်း။
ပိဝိတွာစ၊ သောက်ကုန်ပြီး၍လည်းကောင်း။
ထေရဿ၊ အရှင်သာဏဝါသီထေရ်အား။
အတ္တာနံ၊ မိမိကိုယ်ကို။
ပဋိဒဿယုံ၊ ပြကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
တာ၊ သင်၏။
ဒါနာနုဘာဝေန၊ အလှူ၏ အာနုဘော်အားဖြင့်။
ပဟုတံ၊ များသော။
ပါနီယံ၊ သောက်ရေကို။
အမှေဟိ၊ အကျွန်ုပ်တို့သည်။
လဒ္ဓံ၊ ရအပ်ပြီ။
နော၊ အကျွန်ုပ်တို့၏။
ပါဒါ၊ ခြေတို့သည်။
ဒုက္ခာ၊ ကျင်နာကုန်၏။
ဖလန္တိ၊ ဖနောင့်အပိုင်းအခြားစသည်တို့၌ ပြတ်ကွဲကုန်၏။
အာဟိန္ဒမာနာ၊ လှည့်လည်ကုန်သည်ရှိသော်။
သက္ခရေ၊ ကျောက်ပြုတ်ရှိသော အရပ်၌ လည်းကောင်း။
ကုသကဏ္ဋကေ၊ ဆူးငြောင့်ရှိသော အရပ်၌လည်းကောင်း။
ခဇ္ဇာမ၊ ခွင်သဖြင့် သွားလာရကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
ယထာ၊ အကြင်သို့သော အခြင်းအရာဖြင့်။
ကတေ၊ ပြုအပ်သည်ရှိသော်။
မယံ၊ အကျွန်ုပ်တို့သည်။
ယာနံ၊ ယာဉ်ကို။
လဘာမသေ၊ ရကုန်၏။
တထာ၊ ထိုသို့သော အခြင်းအရာဖြင့်။
တွံ၊ အရှင်ဘုရားသည်။
ပရက္ကမ၊ လုံ့လပြုပါလော။
ဣတိ၊ ဤသို့။
အဝေါစုံ၊ လျှောက်ကုန်၏။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
သိပါဋိကံ၊ တထပ်သာရှိသောဘိနပ်ကို။
သဒ္ဓါ၊ ရ၍။
စတုဒ္ဒိသေ၊ အရပ်လေးမျက်နှာတို့မှ လာသော။
သံဃေ၊ သံဃာအား။
အဒါ၊ ပေးလှူ၏။
ဒတွာ၊ ပေးလှူပြီး၍။
ထေရော၊ အရှင်သာဏဝါသီထေရ်သည်။
ဣဒံ၊ ဤဘိနပ် ဟူသော အလှူသည်။
မေ၊ ငါ၏။
ပိတုစ၊ အဘအားလည်းကောင်း။
မာတုစ၊ အမိအားလည်းကောင်း။
ဘာတုနောစ၊ အစ်ကိုအားလည်းကောင်း။
ဉာတီနံ၊ မိဘအစ်ကိုမှ ကြွင်းကုန်သော ပြိတ္တာဘုံ၌ ဖြစ်ကုန်သော ဆွေမျိုးတို့အားလည်းကောင်း။
ဟောတု၊ ဖြစ်စေသတည်း။
ဉာတယော၊ မိဘအစရှိကုန်သော ငါ၏ အဆွေအမျိုးပြိတ္တာတို့သည်။
ဣဒံဒါနဖလံ၊ ဤဘိနပ် လှူသော အကျိုးကို။
ပစ္စာနုဘောန္တော၊ ခံစားကုန်လျက်။
သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
အနွာဒိသိ၊ အမျှပေးဝေ၏။
သမန္တရာအမနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏ အခြားမဲ့၌။
ပေတာ၊ အရှင်သာဏဝါသီထေရ်၏ အဆွေအမျိုးဖြစ်ကုန်သောပြိတ္တာတို့သည်။
ရထေန၊ ရထားဖြင့်။
ထေရဿ၊ အရှင်သာဏဝါသီထေရ်၏။
သန္တိတံ၊ အထံသို့။
အာဂမုံ၊ လာလတ်ကုန်၏။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
ဘတ္တေစ၊ ဆွမ်းကိုလှူခြင်းဖြင့်လည်းကောင်း။
အစ္ဆာဒနေနစ၊ အဝတ်အရုံကိုပေးလှူခြင်းဖြင့်လည်းကောင်း။
ဃာရေနစ၊ ကျောင်းကိုပေးလှူခြင်းဖြင့်လည်းကောင်း။
ပါနီယဒါနေနစ၊ သောက်ရေကို ပေးလှူခြင်းဖြင့်လည်းကောင်း။
ယာနဒါနေနစ၊ ယာဉ်ကို လှူခြင်းဖြင့်လည်းကောင်း။
ဥဘယံဥဘယေန၊ ယာဉ်ကို ပေးလှူခြင်း ဆွမ်းစသော ပစ္စည်းလေးပါးကို ပေးလှူခြင်းဟု ဆိုအပ်သော နှစ်ပါးသော ပေးလှူခြင်းဖြင့်။
တယာ၊ အရှင်ဘုရားသည်။
မယံ၊ အကျွန်ုပ်တို့ကို။
အနုကမ္ပိတာ၊ သနားချီးမြောက်အပ်ကုန်သည်။
အမှ၊ ဖြစ်ကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
လောကေ၊ သတ္တလောက၌။
ကာရုဏိကံ၊ သနားခြင်း ရှိပေသော။
မုနိံ၊ မိမိကောင်းကျိုးသူတပါးတို့၏ ကောင်းကျိုးကို သိတတ်သော။
တံ၊ အရှင်ဘုရားကို။
ဝန္ဒိတုံ၊ ရှိခိုးခြင်းငှါ။
မယံ၊ အကျွန်ုပ်တို့သည်။
အာဂတာ၊ လာပါကုန်၏။
ဣတိ၊ ဤသို့။
အဝေါစုံ၊ လျှောက်ကုန်၏။
ဒုတိယံ၊ နှစ်ခုမြောက်သော ။
သာဏဝါသီထေရပေတဝတ္ထု၊ သာဏဝါသီထေရ်၏ အမျိုးဖြစ်သော ပြိတ္တာတို့၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။