ဘောပုရိသ၊ အိုယောင်္ကျား။
တွံ၊ သင်သည်။
မာလိနိ၊ နတ်၌ဖြစ်ကုန်သော ပန်းတို့ဖြင့် တန်ဆာဆင်ခြင်းရှိ၏။
ကိရိဋီ၊ ဥရစ် ပေါင်းသော ဥက္ခေါင်းလည်းရှိ၏။
ကာယုရိ၊ လက်ကောက်စသော လက်တန်ဆာတို့လည်းရှိ၏။
တေ၊ သင်အား။
စန္ဒနုဿဒါ၊ စန္ဒကူးနံ့ သာရေဖြင့်လိမ်းကျံ အပ်ကုန်သော။
ဂတ္တာ၊ ကိုယ်အစိတ်တို့သည်။
သန္တိ၊ ရှိကုန်၏။
ပသန္နရခဝဏ္ဏော၊ ကြည်ညိုဘွယ်သော မျက်နှာအဆင်းသည်လည်း။
အသိ၊ ရှိသည်ဖြစ်၏။
တွံ၊ သင်သည်။
သူရိယဝဏ္ဏောဝ သူရိယဝဏ္ဏော၊ တက်သစ်သော နေလုလင်နှင့် တူသောအဆင်းရှိသည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
သောဘသိ၊ တင့်တယ်၏။
ဘောပုရိသ၊ အိုယောင်္ကျား။
ပါရိသဇ္ဇာ၊ ပရိသတ်၌ အကျုံးဝင်ကုန်သော။
တေ၊ သင်၏။
ယေဣမေပရိစာရိကာ၊ အကြင်အခြွေအရံတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ ပရိစာရိကာ၊ ထိုအခြွေအရံတို့သည်။
အမာနုသာ၊ နတ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ၊ သင်၏။
ပါရိစာရိကာ၊ အခြွေအရံမိန်းမဖြစ်ကုန်သော။
ယာဣမာဒသကညာသဟဿာနိ၊ အကြင်တသောင်း အတိုင်းအရှည်ရှိကုန်သော နတ်သ္မီးတို့သည်။
သန္တိ၊ ရှိကုန်၏။
ကမ္ဗုကာယုရဓရာ၊ ခရုသင်းလက်ကောက်ကိုဆောင်ကုန်သော။
ကဉ္စနာဝေဠဝိဘူသိတာ၊ ရွှေအုပ်ဆောင်းပန်းတို့ဖြင့် ဆင်ယင်အပ်သော ဆံပင်ရှိကုန်သော။
တာ၊ ထိုတသောင်းကုန်သော နတ်သ္မီးတို့သည်။
ကာ၊ အဘယ်နတ်ပြည်၌ အကျုံးဝင်ကုန်သော နတ်သ္မီးတို့နည်း။
ဘောပုရိသ၊ အိုယောင်္ကျား။
တုဝံ၊ သင်သည်။
မဟာနုဘာဝေါ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိသည်။
အသိ၊ ဖြစ်၏။
လောမဟံသနရူပဝါ၊ ရှုကုန်သော သူတိ့၏ ကြက်သီးမွှေးညှင်း ထခြင်းကို ဖြစ်စေတတ်သော အဆင်းသဏ္ဌာန်ရှိသည်လည်း ။
အသိ၊ ဖြစ်၏။
သောတွံ၊ ထိုသို့သော အဆင်းသဏ္ဌာန်ခြွေရံပရိသတ်နတ်၏ တန်ခိုးနှင့် ပြည့်စုံသော သင်သည်။
အတ္တနော၊ မိမိ၏။
ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသာတို့ကို။
သာမံ၊ ကိုယ်တိုင်။
ဥက္ကစ္စ၊ ခြစ်၍ခြစ်၍။
ခါဒသိ၊ စားရ၏။
ဘောပုရိသ၊ အိုယောင်္ကျား။
ကိံနု၊ အသို့နည်း။
တွံ၊ သင်သည်။
ပုရေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ သူ့အသက်ကိုသတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ သူစည်းစိမ်ကို မိမိသို့ ရှေးရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဘူးသလော။
ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှု အကုသိုလ်ကံ၏ အကျိုးအားဖြင့်။
တွံ၊ သင်သည်။
ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။
ဥက္ကစ္စ၊ ခြစ်၍ခြစ်၍ ။
ခါဒတိ၊ စားရဘိသနည်း။
နာရဒ၊ အရှင်နာရဒ။
အဟံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
ဇီဝလောကေ၊ လူပြည်၌။
ပေသုညမုသာဝါဒေနစ၊ သူနှစ်ဦးတို့၏ ညီညွတ်ခြင်းကို ဖျက်ဆီးတတ်သော ဂုံးတိုက်သော စကားမဟုတ်မမှန် ချွတ်ယွင်းဖောက်ပြန်သော စကားဖြင့်လည်းကောင်း။
နိကတိဝဉ္စနာယစ၊ ကောက်ကျစ်စဉ်းလဲခြင်း သူတပါးကို လှည့်ပတ်ခြင်းဖြင့်လည်းကောင်း။
အတ္တနော၊ မိမိ၏။
အနတ္ထာယ၊ အကျိုးမရှိစိမ့်သောငှါ။
အာစရိသံ၊ ကျင့်ခဲ့ဘူး၏။
တတ္ထ၊ ထိုလူ့ပြည်၌။
အဟံ၊ အကျွန်ုပ်သည်။
ပရိသံ၊ ပရိသတ်သို့။
ဂန္တွာ၊ သွား၍။
သစ္စကာလေ၊ အမှန်ဆိုခြင်းငှါလျောက်ပတ်သော အခါသည်။
ဥပဋ္ဌိတေ၊ ဖြစ်လတ်သော်။
အတ္ထံ၊ အကျိုးကိုလည်းကောင်း။
ဓမ္မံ၊ အကြောင်းကိုလည်းကောင်း။
နိရံကတွာတဋ္ဋေတွာ၊ စွန့်ပစ်၍။
အဓမ္မံ၊ အကြောင်းမဟုတ်သည်သို့။
အနုဝတ္တိသံ၊ လိုက်ခဲ့ဘူး၏။
တဿကမ္မဿ၊ ထိုမကောင်းမှုကံ၏။
ဝိပါကေန၊ အကျိုးအားဖြင့်။
အဟံ၊ ငါသည်။
ပိဋ္ဌမံသာနိ၊ ကျောက်သားတို့ကို။
ဥတ္တစ္စ၊ ခြစ်၍ခြစ်၍။
ခါဒါမိ၊ စားရ၏။
နာရဒ၊ အရှင်နာရဒ။
ယောသတ္တော၊ အကြင်သတ္တဝါသည်။
ပိဋ္ဌိမံသိကော၊ သူနှစ်ဦးတို့၏ ညီညွတ်ခြင်းကို ဖျက်တတ်သော ဂုံးတိုက်သော စကားကိုဆိုခြင်း အစရှိသောအကျင့်ဖြင့် သူတပါးတို့၏ ခြစ်၍ခြစ်၍ စားသကဲ့သို့ပြုတတ်သည်။
ဟောတိ၊ ဖြစ်၏။
သောသတ္တော၊ ထိုသတ္တဝါသည်။
အဇ္ဇ၊ ယခု။
အဟံ၊ အကျွန်ုပ်သည်။
အတ္တနော၊ မိမိ၏။
ပိဋ္ဌိမံသာနိ၊ ကျောကုန်းသားတို့ကို။
ဥက္ကစ္စ၊ ခြစ်၍ခြစ်၍။
ခါဒါမိယထာ၊ စားရသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အတ္တာနံ၊ မိမိကိုယ်ကို။
ခါဒိတော၊ စားရသည်
ဟေဿတိ၊ ဖြစ်လတ္တံ့။
နာရဒ၊ အရှင်နာရဒ။
မမ၊ အကျွန်ုပ်၏။
ဣဒံဒုက္ခံ၊ ဤမိမိ၏ ကျောက်သားကို ကိုယ်တိုင်ခြစ်၍ခြစ်၍ စားရခြင်းဆင်းရဲကို။
တယာ၊ အရှင်နာရဒသည်။
သာမံ၊ ကိုယ်တိုင်ပင်လျှင်။
ဒိဋ္ဌံ၊ မြင်အပ်ပြီ။
နာရဒ၊ အရှင်နာရဒ။
အနုကမ္ပကာ၊ သနားတတ်သော အလေ့ရှိကုန်သော။
ကုသလာ၊ သူတပါးတို့၏ အစီးအပွါးဖြစ်ကြောင်းကောင်းသော အကျင့်၌ လိမ္မာကုန်သော။
ယေဗုဒ္ဓါဒယော၊ အကြင်ဘုရား အစရှိသော သူတော်ကောင်းတို့သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝဒေယျုံ၊ ဆိုကုန်ရာ၏။
တေသံ၊ ထိုဘုရားအစရှိသော သူတော်ကောင်းတို့၏။
တံဝစနံ၊ ထိုစကားကို။
အဟံ၊ အကျွန်ုပ်သည်။
ဝဒါမိ၊ ဆို၏။
တုဝံ၊ အရှင်နာရဒသည်။
ပေသုဏံ၊ သူနှစ်ဦးတို့၏ ညီညွတ်ခြင်းကို ဖျက်တတ်သော ဂုံးတိုက်သော စကားကို။
မာအဘာဏိ၊ မဆိုသင့်။
မုသာစ၊ မဟုတ်မမှန်ချွတ်ယွင်းဖောက်ပြန်သော စကားကိုလည်း။
မာအဘာဏိ၊ မဆိုလင့်။
အဟံဝိယ၊ အကျွန်ုပ်ကဲ့သို့။
ပိဋ္ဌိမံသိကော၊ ကျောက်ကုန်းသားကို ခြစ်၍ခြစ်၍ စားရသော ပြိတ္တာသည်။
မာခေါ အသိ၊ မဖြစ်လေလင့်။
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်၏။
နဝမံ၊ ကိုးခုမြောက်သော။
ကုဋဝိနိစ္ဆယိကပေတဝတ္ထု၊ တရားကို ကောက်ကျစ်စဉ်းလဲ၍ ဆုံးဖြတ်တတ်သော ပြိတ္တာအကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။