ဥပါသကာ၊ ဥပါသကာတို့။
ဟိမဝန္တဿ၊ ဟိမဝန္တာတောင်၏။
ပဿတောဝဿေ၊ နံပါး၌။
ပဝတ္တံ၊ ဖြစ်သော။
သာဝတ္တံနာမနဂရံ၊ သာဝတ္ထိအမည်ရှိသော မြို့သည်။
အတ္ထိ၊ ရှိ၏။
တတ္ထ၊ ထိုသာဝတ္ထိံ မည်သော ပြည်၌။
ဒွေ ကုမာရာ၊ နှစ်ယောက်ကုန်သော လုလင်တို့သည်။
အာသုံ၊ ရှိသည်ဖြစ်ကုန်၏။
ရာဇပုတ္တာတိ၊ မင်းသားတို့ဟူ၍။
မေမယာ၊ ငါဘုရားသည်။
သုတံ၊ ကြားအပ်၏။
တေရာဇပုတ္တာ၊ ထိုမင်းသားနှစ်ယောက်တို့သည်။
သမ္မတ္တာ၊ အပြားအားဖြင့် ယစ်မေ့ကုန်သည်။
ရဇနိယေသု၊ တပ်မက်အပ်ကုန်သော။
ကာမဂုဏေသု၊ ရူပါရုံ အစရှိကုန်သော ကာမဂုဏ်ငါးပါးတို့၌။
အသာဒါဘိနန္ဒိနော၊ သာယာသည်၏ အစွမ်းအားဖြင့် အလွန်နှစ်သက်သော အလေ့ရှိကုန်သည် ။
ပစ္စုပ္ပန္နသုစေ၊ ပစ္စုပ္ပန်၌ဖြစ်သော ချမ်းသာ၌။
ဂိဒ္ဓါ၊ မက်မောကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
အနာဂတံ၊ နောင်ခါလူတို့၌ရအပ်သော ချမ်းသာကို။
နပဿိံ သု၊ မမြင်ကုန်။
တေရာဇပုတ္တာ၊ ထိုမင်းသားတို့သည်။
ဣတောမနုဿတော၊ ဤလူ၏ အဖြစ်မှ။
စုတာစ၊ စုတေကုန်သည်ဖြစ်၍လည်း။
ပရလောကံ၊ လူ့ပြည်မှတပါးဖြစ်သော ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေ အားဖြင့် ဖြစ်ကုန်၏။
တေစပေတာ၊ ထိုမင်းသားဖြစ်ကုန်သော ပြိတ္တာတို့သည်။
သာဝတ္ထိယာ၊ သာဝတ္ထိပြည်၏။
သမီပေ၊ အနီးဖြစ်သော အရပ်၌။
နဒိဿန္တာ၊ မထင်သော အရုပ်အသွင်းရှိကုန်သည်ဖြစ်၍။
ပုဗ္ဗေ၊ ရှေးဘဝ၌။
အမှေဟိ၊ ငါတို့သည်။
ကထံ၊ ပြုအပ်သော။
အတ္တနေ၊ မိမိ၏။
ဒုက္ကဋံ၊ ကာယဒုစရိုက်အစရှိသော မကောင်းမှု၏ အကျိုးကို။
ဣဒါနိ၊ ယခုအခါ၌။
မယံ၊ ငါတို့သည်။
အနုဘောမ၊ ခံစားရကုန်၏။
ဣတိ၊ ဤသို့။
ဃောသန္တိ၊ မြည်တမ်းကုန်၏။
(စာကျန်)၊ ။
ပုဗ္ဗေ၊ ရှေးဘတ၌။
ဗဟူသု၊ များစွာကုန်သော။
ဒက္ခိဏေယျေသု၊ အလှူခံခြင်းကို ငှါထိုက်ကုန်သော သူတို့သည်။
သန္တေသု၊ ရှိပေကုန်လျက်။
ဒေယျဓမ္မေစ၊ လှူဘွယ်ဝတ္ထုကိုလည်း။
ဥပဋ္ဌိတေလဗ္ဘမာနေ၊ ရအပ်သည်ဖြစ်လျက်။
သုခါဝဟံ၊ နောင်အခါ၌ချမ်းသာကို ရွက်ဆောင်တတ်သော။
ပရိတ္တံ၊ အနည်းငယ်မျှသော။
ပုညံ၊ ကုသိုလ်ကံကို။
ကတွာ၊ ပြုကုန်၍။
အတ္တာနံ၊ မိမိတို့၏ ကိုယ်ကို။
သောတ္ထိ၊ ချမ်းသာစွာ။
ကာတုံ၊ ပြုခြင်းငှါ။
နသက္ခိမှာ ဝတ၊ မတတ်နိုင်ချေကုန်တကား။
ယံယေနပါပေန၊ အကြင်မကောင်းမှုကြောင့်။
နောမယံ၊ ငါတို့သည်။
ရာဇကုလာ၊ မင်းမျိုးမှ။
စုတာ၊ စုတေကုန်သည်ဖြစ်၍။
ပေတ္တိဝိသယံ၊ ပြိတ္တာဘုံ၌။
ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ကုန်၍။
ခုပ္ပိပါသသမပ္ပိတာ၊ ဆာလောင်ငတ်မွတ်ခြင်းနှင့် ပြည့်စုံကုန်လျက်။
ဝိစရာ၊ သွားလာကျင်လည်ရကုန်၏။
တတော၊ ထိုမကောင်းမှုကြောင့် ။
ပါပကံ၊ မကောင်းကျိုးသည်။
အဿ၊ ဖြစ်၏။
အညံ၊ မကောင်းကျိုးမှ တပါးသော ကောင်းကျိုးသည်ကား။
ကိံအဿ၊ အဘယ်မှာ ဖြစ်ရာအံ့နည်း။
ဥပါသကာ၊ ဥပါသကာတို့။
တေရာဇပုတ္တာ၊ ထိုမင်းသားတို့သည်။
ဣဓ၊ ဤလောက၌။
ယသ္မိံ ယေဝဋ္ဌာနေ၊ အကြင်အရပ်၌ပင်လျှင်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
သာမိနော၊ လူတို့ ၏ အရှင်တို့သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဝိရစန္တိ၊ ကျင်လည်သွားလာကုန်၏။
ဣဒါနိ၊ ယခုမူကား။
တဟိံ တသ္မိံ ယေဝဋ္ဌာနေ၊ ထိုအရပ်၌ ပင်လျှင်။
အသာမိနော၊ အရှင်မဟုတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေရာဇ ပုတ္တာ၊ ထိုမင်းသားတို့၏။
မနုဿာ မနုဿကာလေ၊ လူဖြစ်သောအခါ၌။
ဥဏ္ဏတာ၊ လူတို့၏ အရှင်ဖြစ်သဖြင့် မြင့်မြတ်ကုန်သည်ဖြစ်၍။
ရမန္တိ၊ မွေ့လျော်ရကုန်၏။
ကာလေ၊ သေသောအခါ၌။
ကမ္မဗလေန၊ ကံ၏ အစွမ်းကြောင့်။
ဩဏတာ၊ ယုတ်သော ပြိတ္တာ၏ အဖြစ်သို့ ညွတ်ကုန်သည်ဖြစ်၍။
ခုပ္ပိပါသာယ၊ ဆာလောင်ငတ်မွတ်ခြင်းဖြင့်။
စရန္တိ၊ သွားလာကျင်လည်ရကုန်၏။
သံသာရပကတိံ၊ သံသရာ၏ သဘောကို။
တုမှေ၊ သင်တို့သည်။
ပဿထ၊ ရှုကုန်လော။
ဥပါသကာ၊ ဥပါသကာတို့။
နရော၊ သတ္တဝါတို့သည်။
ဣဿရမဒသမ္ဘဝံ၊ အစိုးရခြင်းကို မှီ၍ ဖြစ်သော မာန်ယစ်ခြင်းကြောင့်ဖြစ်သော။
ဧတံ အာဒီနဝံ၊ အပါယ်၌ ဖြစ်ခြင်းဟု ဆိုအပ်သော ထိုအပြစ်ကို။
ဥတွာ၊ သိ၍။
ဣဿရိယံ၊ အစိုးရခြင်းကိုမှီ၍ ဖြစ်သော မာန်ယစ်ခြင်းကို။
မဟာယ၊ စွန့်ပစ်၍။
သဂ္ဂဂတော၊ နတ်ပြည်သို့လားသည်။
ဘဝေ၊ ဖြစ်ရာ၏။
သပ္ပညော၊ ပညာရှိသော။
သောနရော၊ ထိုသတ္တဝါသည်။
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှ။
ပရံ၊ နောက်၌။
သဂ္ဂံ၊ နတ်ပြည်၌။
ဥပပဇ္ဇတိ၊ ဖြစ်၏။
(စာကျန်)၊
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။
ကုမာရပေတဝတ္ထု၊ ကောသလမင်းသားကိတဝ မင်းသာ ပြိတ္တာနှစ်ယောက်တို့၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။