Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

12. Ambavanapetavatthu

Author: နိဿယ @ IAPT

ဘောယက္ခ၊ အိုနတ်သား။ သုရမ္မာစ၊ အလွန်နှလုံးမွေ့လျော်ဘွယ်လည်းရှိထသော။ သမာသမတသာစ၊ ညီညွတ်သော အပြင်လည်း ရှိထသော။ သုတိတ္တာစ၊ ရတနာဖြင့် ပြီးသော စောင်းတန်းရှိသည်၏ အဖြစ်ကြောင့်ကောင်းသော ဆိပ်လည်း ရှိထသော။ မဟောဒကာစ၊ များသော ရေလည်းရှိထသော။
သုပုပ္ဖိတာစ၊ ကောင်းစွာပွင့်သော ကြာနီကြာဖြူ စသော ပန်းလည်းရှိထသော ။ ဘမရဂဏာနုကိဏ္ဏာ၊ ပျားပိတုန်းတို့၏ အပေါင်းဖြင့် ပြွမ်းခြင်းလည်းရှိထသော။ တေ၊ သင်၏။ အယဉ္စပေါက္ခရဏီ၊ ဤရေကန်သည်လည်း။ အတ္ထိ၊ ရှိ၏။ မနုညာ၊ နှစ်သက်ဖွယ်ရှိသော။ အယံပေါက္ခရဏီ၊ ဤရေကန်ကို။ တယာ၊ သင်သည်။ ကထံကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။ လဒ္ဓါ၊ ရအပ်သနည်း။
ယက္ခ၊ နတ်သား။ တေ၊ သင်၏။ ဣဒဉ္စအမ္ဗဝနံ၊ ဤသရက် ဥယျာဉ်သည်လည်း။ သုရမ္မံ၊ အလွန်နှလုံးမွေ့လျော်ဘွယ်ရှိ၏။ သဗ္ဗောတုကံ၊ အပွင့်အသီးအစရှိသည်တို့။ (စာကျန်)၊ တို့၌ ချမ်းသာကို ရွက်ဆောင်တတ်၏။ ဖလာနိ၊ အသီးတို့ကို။ ဓာရယတိ၊ ဆောင်၏။
သုပုပ္ဖိတံ၊ အခါခပ်သိမ်းပွင့်၏။ ဘမရဂဏာနုကိဏ္ဏံ၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏။ ဘယာ၊ သင်သည်။ ဣဒံဝိမာနံ၊ ဤဗိမာန်ကို။ အထံကေနကာရဏေန၊ အဘယ်သို့ သောအကြောင်းဖြင့်။ လဒ္ဓံ၊ ရအပ်သနည်း။
ဝါဏိဇာ၊ ကုန်သည်တို့။ မယှံ၊ အကျွန်ုပ်၏။ ဓိတာ၊ သမီးသည်။ မမ၊ အကျွန်ုပ်ကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဘဂဝတောစ၊ မြတ်စွာဘုရားအားလည်းကောင်း။ ဘိက္ခုနဉ္စ၊ ရဟန်းတို့အားလည်းကောင်း။ ယံဒါနံ၊ အကြင်အလှူကို။ ဒေတိ၊ ပေးလှူ၏။ မမ၊ အကျွန်ုပ်၏။ တေန ဒိန္နဒါနေ၊ ထိုသို့ ပေးလှူအပ်သော အလှူကြောင့်။ ဣဓ၊ ဤသရက်တော်၌။ သဗ္ဗောတုကံ၊ ခပ်သိမ်းသော ဥတုတို့၌ ချမ်းသာကို ဆောင်တတ်သော။ အမ္ဗပက္ကံ၊ သရက်သီးမှည့်ကိုလည်းကောင်း။ ဣမိဿာပေါက္ခရဏိယာ၊ ဤရေကန်၌။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ ဥဒကံ၊ ရေကိုလည်းကောင်း။ ဝိမာနကပ္ပရုက္ခာဒီသု၊ ဗိမာန်ပဒေသာပင် အစရှိသည်တို့၌။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ သီတစ္ဆာယာ၊ ချမ်းအေးသော အရိပ်ကို။ မေမယာ၊ အကျွန်ုပ်သည်။ လဗ္ဘတိ၊ ရအပ်၏။
ဘော၊ အချင်းတို့။ ဒါနဿ၊ အလှူပေးခြင်း၏ လည်းကောင်း။ ဒမဿ၊ ဣန္ဒြေကို ဆုံးမခြင်း၏ လည်းကောင်း။ သံယမဿ၊ သီလစောင့်ရှောက်ခြင်း၏ လည်းကောင်း။ သန္ဒိဋ္ဌိကံ၊ မျက်မှောက်၌ရှုအပ်သော။ ဝိပါကံဧဝ၊ အကျိုးကို သာလျှင်။ ပဿထ၊ ရှုကုန်လော။
အဟံ၊ အကျွန်ုပ်သည်။ အယျကုလေသု၊ အရှင်အိမ်တို့၌။ ဒါသီ၊ ကျွန်မသည်။ ဟုတွာ၊ ဖြစ်ပြီး၍။ ဣဒါနိ၊ ယခုအခါ၌။ အဂါရဿ၊ အိမ်ကို။ ဣသရာ၊ အစိုးရသော။ သုဏိဿ၊ ချွေးမသည်။ ဟောမိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ဒွါဒသမံ၊ တဆဲ့နှစ်ခုမြောက်သော။ အမ္ဗပေတဝတ္ထု၊ သရက်ဥယျဉ် စောင့်သော ပြိတ္တာအကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။