Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

5. Maṭṭhakuṇḍalīpetavatthu

Author: နိဿယ @ IAPT

မာဏာ၊ လုလင်။ တွံ၊ သင်သည်။ မဋ္ဌကုဏ္ဍထီ၊ ချူးပန်းချူးနွယ်စသည်နှင့်မရောပြေပြစ်ချောမောသော နားဍောင်းရှိ၏။ မာထာဓာရီ၊ ပန်းကိုပန်ခြင်းလည်းရှိ၏။ ဟရိစန္ဒနူဿာဒေါ၊ စန္ဒကူးနီဖြင့် လမ်းကျံအပ်သော ကိုယ်လည်းရှိ၏။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ကိံ ဒုက္ခိတော၊ အဘယ်သို့သော ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍။ ဝနမဇ္ဈေ၊ တော၏ အလယ်၌။ ဗာဟာ၊ လက်မောင်းတို့ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ ကန္ဒသိ၊ ငိုကြွေးသတည်း။
ဗြာဟ္မဏ၊ ပုဏ္ဏား။ သောဝဏ္ဏမယော၊ ရွှေဖြင့် ပြီးသော။ ပဘဿရော၊ ပြိုးပြိုးပြက်ထွက်သော အရောင်ရှိသော။ ရထပဉ္စရော၊ လှည်းခွက်သည်။ မမ၊ ငါ့အား။ ဥပ္ပန္နော၊ ဖြစ်၏။
နဝိန္ဒာမိ၊ မရ။ တေနဒုက္ခေန၊ ထိုလှည်းဘီးစက် အစုံကို မရခြင်းကြောင့် ဆင်းသော ဆင်းရဲဖြင့်။ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ဇီဝိတံ၊ အသက်ကို။ ဇဟာမိ၊ စွန့်ရလတ္တံ့။
ဘဒ္ဒမာဏဝ၊ ကောင်းမြတ်သော အဆင်းရှိသော လုလင်။ တွံ၊ သင်သည်။ သော ဝဏ္ဏမယံ၊ ရွှေဖြင့် ပြီးသော လှည်းဘီးအစုံကို။ ဣစ္ဆာသိ၊ အလိုရှိသလော။ မဏိမယံ၊ ပတ္တမြားဖြင့် ပြီးသော လှည်းဘီးအစုံကို။ ဣစ္ဆသိ၊ အလိုရှိသလော။ လောဟမယံ၊ ပတ္တမြားနီဖြင့်ပြီးသော လှည်းဘီးအစုံကို။ ဣစ္ဆသိ၊ အလိုရှိသလော။ အထ၊ ထိုမှတပါး။ ရူပိယမယံ၊ ငွေစင်ဖြင့်ပြီးသော လှည်းဘီးအစုံကို။ ဣစ္ဆသိ၊ အလိုရှိသလော။ ဘဒ္ဒမာဏဝ၊ ကောင်းမြတ်သော အဆင်းရှိသော လုလင်။ ပုစ္ဆိသာ၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါအား။ အာစိက္ခထ၊ ကြားလတ်သော။ တေ၊ သင်အား။ ရထစက္ကယုဂံ၊ လှည်း၏ လှည်းဘီး အစုံကို။ အဟံ၊ ငါသည်။ ပဋိပါဒယာမိ၊ ပြည့်စုံအောင် ပြုလုပ်ပေးအံ့။
သောမာဏဝေါ၊ ထိုလုလင်သည်။ ထဿ၊ ထို ပုဏ္ဏားအား။ ပါဝဒိ၊ ဆို၏။ ကိံပါဝဒိ၊ အဘယ်သို့ ဆိုသနည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧထ္ထ၊ ဤလောက၌။ ဝေဟာယသံ၊ ဟင်းလင်း အပြင်သို့။ ဂမာ၊ သွားကုန်သော။ ဥဘယာ၊ နှစ်ပါးစုံကုန်သော။ ဘာထရော၊ ညီနောင် သဘွယ်ဖြစ်ကုန်သော။ စန္ဒသူရိယာ၊ လနေတို့သည်။ ဒိဿရေ၊ ထင်ကုန်၏။
တေနစက္ကယုဏေန၊ ထို လနေ တည်းဟူသော လှည်းဘီးအစုံဖြင့်။ မမ၊ ငါ၏။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော ။ ရထာ၊ လှည်းသည်။ သောဘတိ၊ တင့်တယ်၏။ ဣတိ၊ ဤသို့။ ပါဝဒိ၊ ဆို၏။
မာဏဝ၊ လုလင်။ တွံ၊ သည်။ ဗာလောခေါ၊ ရိက်သည်သာလျှင်။ အသိ၊ ဖြစ်၏။ ယောတွံ၊ အကြင်သင်သည်။ အပ္ပတ္ထိယံ၊ မတောင့်တအပ်သည်။ ပတ္ထယသေ၊ တောင့်တသိ၏။
မာဏဝ၊ လုလင်။ ဟိယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ စန္ဒိမသူရိယေ၊ လနေတို့ကို။ နလစ္ဆိသိ၊ မရလတ္တံ့။ တသ္မာ၊ ထိုကြောင့်။ တုဝံ၊ သင်သည်။ မရိဿတိ၊ သေလတ္တံ့။ ဣတိ၊ ဤသို့။ ညောမိ၊ ငါအောက်မေ့၏။
ဗြဟ္မဏ၊ ပုဏ္ဏား။ ဝီထိယာ၊ ကောင်းကင်ခရီး၌။ ဂမနာဂမနမ္ပိ၊ သွားခြင်းလာခြင်းသည်လည်း။ ဒိဿတိ၊ ထင်၏။' ဥဘယတ္ထ၊ လနေ နှစ်ပါး၌။ ဝဏ္ဏဓာတု၊ အဆင်သဏ္ဌာန်သည်။ ဒိဿတိ၊ ထင်၏။
ပေတော၊ ဝိညာဉ်ကင်းသည်ဖြစ်၍။ ကာလင်္ဂတောပန၊ သေသော သူသည်ကား။ နဒိဿတိ၊ မထင်မမြင်။ ဣဓဠာနော၊ ဤအရပ်၌။ ကန္ဒတံ ကန္ဒန္တာနံ၊ ငိုမြည်တမ်းကုန်သော။ ဒွိန္နံ၊ သင်နှင့် ငါနှစ်ယောက်တို့တွင်။ ကော၊ အဘယ်သူသည်။ ဗာလတရော၊ အမိုက်လွန်သနည်း။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ သစ္စံခေါ၊ မှန်သော စကားကိုသာလျှင်။ ဝဒေသိ၊ ဆိုပေ၏။ မာဏာဝ၊ လုလင်။ အဟံ၊ ငါသည်။ စန္ဒံ၊ လကို။ အဘိပထ္ထယန္တော၊ တောင့်တလျက်။ ရုဒံရုဒန္ထော၊ ငိုမြည်တမ်းသော။ ဒါရကောဝိယ၊ သူငယ်ကဲ့သို့။ ပေတံ၊ ဝိညာဉ်ကင်းသည်ဖြစ်၍။ ကာလင်္ကတံ၊ သေသောသူကို။ အဘိပထ္ထယိံ၊ တောင့်တ၏။ မာဏဝ၊ လုလင်။ ဣဓ၊ ဤအရပ်၌။ ကန္ဒတံ ကန္ဒန္တာနံ၊ ငိုမြည်တမ်းကုန်သော သင်နှင့်ငါနှစ်ယောက်တို့တွင်။ အဟမေဝ၊ ငါသည်သာလျှင်။ ဗာလတရော၊ အမိုက်လွန်ချေ၏။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဃတသိတ္တံ စ ဃတသိတ္တံဧဝ၊ ထောပတ်ဖြင့်သွန်းလောင်းအပ်သည် သာလျှင်ဖြစ်သော။ အာဒိတ္တံ၊ ရဲရဲတောက်သော။ ပါဝကံ၊ မီးကို။
ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိဝိယ၊ သွန်းလောင်းဘိသကဲ့သို့။ အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးသည်လောင်အပ်သည်ဖြစ်၍။ သန္တံသမာနံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံစိတ္တဒရထံ၊ စိတ်၏ ပူပန်ခြင်းကို။ နိဗ္ဗာပယေဝတ၊ ငြိမ်းစေပြီးတကား။
မာဏာဝ၊ လုလင်။ ဟောတွံ၊ အကြင်သင်သည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သားကြောင့် ဖြစ်သော စိုးရိမ်ခြင်းကို။ အနုပါဒိ၊ ပယ်ဖျောက်၏။ တေနတယာ၊ ထိုသင်သည်။ မေ၊ ငါ၏။ ဟဒယနဿိတံ၊ စိတ်၌ မှီသော။ သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော။ သလ္လံ၊ ငြောင့်တံသင်းကို။ အဗ္ဗုဠံဝထ၊ နှုတ်အပ်ပြီးတကား။
မာဏဝ၊ လုလင်။ တဝ၊ သင်၏။ တစနံ၊ စကားကို။ သုတွာ၊ ကြား၍။ အဟံ၊ ငါသည်။ အဗ္ဗုဠသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ သီတိဘူတော၊ ဖြစ်သော ငြိမ်းအေးခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ နိဗ္ဗုတော၊ ငြိမ်းအေးခြင်းသို့ ရောက်သော။ သောအဟံ၊ ထိုငါသည်။ ဣဒါနိ၊ ယခုအခါ၌။ နသောစာမိ၊ မစိုးရိမ်း။ နရောဒါမိ၊ မငို။
မာဏာ၊ လုလင်။ တွံ၊ သင်သည်။ ဒေဝတာ၊ ဝေဿဝဏ် အစရှိသော ထင်ရှားသော စတုမဟာရာဇ်နတ်သည်လည်း။ အသိနု၊ ဖြစ်သလော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်လည်း။ အသိနု၊ ဖြစ်သလော။ အဒု၊ ထိုသို့ မဟုတ်မူ။ ပုရိန္ဒဒေါ၊ ရှေး၌အလှူကို ပေးတတ်သော။ သက္ကော၊ သိကြားမင်းသည်လည်း။ အသိနု၊ ဖြစ်သလော။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ကောဝါ၊ အဘယ်မည်သော သူနည်း။ ကဿ၊ အဘယ်အမည်ရှိသော သူ၏။ ပုတ္တောဝါ၊ သနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေရ၊ သိရကုန်အံ့နည်း။
ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ အာဠာဟနေ၊ သုသာန်၌။ သယံ၊ ကိုယ်တိုင်။ ဒဟိတွာ၊ မီးဖြင့်တိုက်ပြီး၍။ သဉ္စပုတ္တံ၊ အကြင်သင်၏ သားမဠကုဏ္ဍထီ တို့သည်။ ဥဒ္ဒိဿ၊ ရည်၍။ ကန္ဒသိ၊ ငိုမြည်တမ်း၏။ ယဉ္စယုတ္တံ၊ အကြင်သင်၏သားဖြစ်သော မဋ္ဌကုဏ္ဍလီ ကိုလည်း။ ဥဒ္ဒိဿ၊ ရည်၍။ ရေဒသိ၊ မျက်ရည်ကိုဖြစ်စေ၏။ သောပုတ္တော၊ ထိုသင့်အား မဋ္ဌကုဏ္ဍလီသည်။ အဟံ၊ ငါပင်တည်း။
ဗြဟ္မဏ၊ ပုဏ္ဏား။ သွာသံ၊ သော။ အဟံ၊ ထိုငါသည်။ ကုသလံ၊ ကုသိုလ်ဖြစ်သော။ ကမ္မံ၊ ကံကို။ ကရိတွာန၊ ပြုခြင်းကြောင့်။ တိဒဿာနံ၊ တာဝတိံသာနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။ ပတ္တော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။
မာဏဝ၊ လုလင်။ သကေအဂါရေ၊ မိမိအိမ်၌ ။ ဒဒန္တဿ၊ ပေးလှူသော။ တဝ၊ သင်၏။ အပ္ပံ၊ အနည်းငယ်သော။ ဒါနံဝါ၊ အလှူကို လည်းကောင်း။ ဗဟုံ၊ များစွာသော။ ဒါနံဝါ၊ အလှူကိုလည်းကောင်း။ မယံ၊ ငါတို့သည်။ နအဒ္ဒသာမ၊ မမြင်ရကုန်။
တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဥပေါသထကမ္မံ၊ ဥပုသ်သံဒးသော အမှုကိုလည်း။ မယံ၊ ငါတို့သည်။ နအဒ္ဒသာမ၊ မမြင်ရကုန်။ မာဏဝ၊ လုလင်။ ကေနကမ္မေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။ တွံ၊ သင်သည်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂတော၊ ရောက်သည်။ အသိ၊ ဖြစ်သနည်း။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ သကေနိဝေသနေ၊ မိမိအိမ်၌။ သာဗာဓိကော၊ အနာရှိသော။ ဒုက္ခိတော၊ အနာဖြင့် ဆင်းရဲခြင်း သို့ရောက်သော။ အာကုရရူပေါ၊ ဒုက္ခဝေဒနာဖြင့် အလွန်ကြင်နာသော ကိုယ်ရှိသော။ ဂိလာနော၊ သူနာသသည်။ အမှိ၊ ဖြစ်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ တဒါ၊ ထိုနာသော အခါ၌။ ဝိဂတရဇံ၊ ကင်းသော ရာဂအစရှိသော မြူရှိတော်မူထသော။ ဝိတိဏ္ဏကင်္ခံ၊ လွန်မြောပြီးသော ယုံမှားခြင်းရှိတော်မူထသော။ သုဂတံ၊ အရိယမဂ်တည်းဟူသော တင့်တယ်သော ခရီးဖြင့် နိဗ္ဗာန်သို့ ကြွတော် မူတတ်ထသော။ အနောမပညံ၊ ပြည့်စုံသော ပညာရှိတော်မူထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒက္ခိံ၊ မြင်ပြီ။
သွာဟံ၊ သော။ အဟံ၊ ထိုငါသည်။ ပမောဒိတမနော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ တထာဂတဿ၊ မြတ်စွာဘုရားအား။ အဉ္ဇလိံ၊ ထက်အုပ်ကို။ အကရိံ၊ ပြုပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ကုသလံ၊ ကိုသိုလ်ဖြစ်သော။ တံကမ္မံ၊ ထိုမြတ်စွာဘုရားအား ကြည်ညိုနှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီကံကို။ ကရိတွာန၊ ပြုခြင်းကြောင့်။ တိဒသာနံ၊ တာဝတိံသာနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။ ဂတော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။
မာဏဝ၊ လုလင်။ အစ္ဆရိယံဝတ၊ အံဘွယ်ရှိစွတကား။ အဗ္ဘုတံဝတ၊ မဖြစ်စဘူးဖြစ်၏ တကား။ မာဏဝ၊ လုလင်။ အဉ္ဇလိကမ္မဿ၊ လက်အုပ်ချီကာမျှဖြစ်သော ကုသိုလ်ကံ၏။ အယံ ဝိပါကော၊ ဤအကျိုးသည်။ ဣဒိသော၊ ဤသိ့ သဘောရှိ၏။
အဟမ္ပိ၊ ငါသည်လည်း။ မုဒိတမနော၊ ဝမ်းမြောက်သော နှလုံးရှိ၏။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိ၏။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာမိ၊ ဆည်းကပ်တော့အံ့။
ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့၌ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော။ ဓမ္မဉ္စ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော။ သံဃဉ္စ၊ သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော။
တထေဝ၊ ထိုရတနာသုံးပါးတို့၏ အပေါင်းကို ဆည်းကပ်သော အတူသာလျှင်။ ပသန္နစိတ္တော၊ ပစ္စုပ္ပန်လောကတမလွန်လောက၌ စီးပွားချမ်းသာကိုဆောင်တတ်သော ယုံကြည်သော စိတ်ရှိသည်ဖြစ်၍။ သိက္ခာယ၊ မြတ်သော သီလတည်းဟူသော သိက္ခာ၏။ ပဒါနိ၊ အဖို့ဖြစ်၍ ဖြစ်ကုန်သော။ ပဉ္စသိလာနိ၊ ပဉ္စသီလာနိငါးပါးသော သီလတို့ကို။ အက္ခဏ္ဍဖုလ္လာနိ၊ မကျိုး မပြတ်သည်တို့ကို။ ကတွာ၊ ပြု၍။ သမာဒိယသု၊ ဆောက်တည်လေလော့။
ဗြဟ္မဏ၊ ပုဏ္ဏား။ ပါဏာတိပါတာ၊ သူ၏ အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိရမဿု၊ ကြည်လေလော့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ််နှုတ်တို့ဖြင့် မပေးအပ်သော သူတပါး၏ ဥစ္စာကို။ ပရိဝဇ္ဇယဿု၊ ခိုးယူခြင်းမှ ကြဉ်လေလော့။
အမဇ္ဇပေါ၊ သေအရပ်စသော ယစ်မျိုးကို မသောက်သည်။ ဟောတိ၊ ဖြစ်လေလော။ မုသာစ၊ မဟုတ်မမှန်သော စကားကိုလည်း။ မာဘဏာဟိ၊ မဆိုတော့လင့်။ သကေနဒါရေန၊ မိမိမယားဖြင့်။ တုဋ္ဌောစ၊ ရောင့်ရဲသည်လည်း။ ဟောတိ၊ ဖြစ်လေလော။
ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမော၊ အကျိုးကို အလိုရှိသည်လည်း။ အသိ၊ ဖြစ်ပေ၏။ ဟိတကာမော၊ အစီးအပွားကို အလိုရှိသည်လည်း။ အသိ၊ ဖြစ်ပေ၏။ ဒေဝတေ၊ နတ်သား။
တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အဟံ၊ ငါသည်။ ကရောမိ၊ လိုက်နာအံ့။ တွမ္ပိ၊ သင်သည်လည်း။ မမ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်၏။
ဒေဝပုတ္ထ၊ နတ်သား။ အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။ အနုတ္တရံ၊ အတုမရှိသော မိမိထက်လွန်မြတ်သော။ ဓမ္မဉ္စာပိ၊ တရားတော်မြတ်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။
နရဒေဝဿ၊ မြတ်စွာဘုရား၏။ သံဃဉ္စ၊ တပည့်သားသံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်၏။
ဒေဝပုတ္တ၊ နတ်သား။ ပါဏာတိပါတာ၊ သူ၏ အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိဟရမာမိ၊ ကြဉ်ပါ၏။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ခိုးယူခြင်းမှ ကြဉ်ပါ၏။
အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကို မသောက်သည်လည်း။ ဟောမိ၊ ဖြစ်၏။ မုသာစ၊ မဟုတ်မမှတ်သော စကားကိုလည်း။ နောဘာဏာမိ၊ မဆိုပါ။
သကေနဒါရေန၊ မိမိမယားဖြင့်။ တုဋ္ဌောစ၊ ရောင့်ရဲသည်လည်း။ ဟောမိ၊ ဖြစ်ပါ၏။
ပဉ္စမံ၊ ငါးခုမြောက်သော။ မဋ္ဌကုဏ္ဍလီပေတဝတ္ထု၊ မဋ္ဌကုဏ္ဍလီ အမည်ရှိသော ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။