Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

10. Dhātuvivaṇṇapetavatthu

Author: နိဿယ @ IAPT

ဘောပုရိသ၊ အိုယောင်္ကျား။ တွံ၊ သင်သည်။ အန္တလိက္ခသ္မိံ၊ ကောင်းကင်၌။ တိဋ္ဌန္တော၊ တည်သည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ မကောင်းသော အနံ့ရှိသည်လည်း။ အသိ၊ ဖြစ်၏။
တဝ၊ သင်၏။ မုခတော၊ ခံတွင်းမှ။ ပူတိ၊ ပုပ်သော အနံ့သည်။ ဝါယသိ၊ လှိုင်၏။ ပူတိဂန္ဓံ၊ ပုပ်သော အနံ့ဖြင့် လှိုင်သော။ တေ၊ သင်၏။ မုခဉ္စ၊ ခံတွင်းကိုလည်း။ ကိမိယော၊ ပိုးလောက်တို့သည်။ ခါဒန္တိ၊ ခဲကုန်၏။ တွံ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝပ။ ကိံ ကမ္မံ၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံကို။ အကာသိ၊ ပြုခဲ့ဘူးသနည်း။
ဘောပုရိသ၊ အိုယောင်္ကျား။ ကမ္မသဉ္စောဒိတာ၊ ကံသည် တိုက်တွန်းအပ်ကုန်သော။ သတ္တာ၊ သတ်ဖြတ်ခြင်းကို ပြုတတ်ကုန်သော သတ္တဝါတို့သည်။ သတ္ထံ၊ ထက်စွာသွေးအပ်သော သန်လျက်ကို။ ဂဟေတွာ၊ ကိုင်ကုန်၍ ထိုအပုပ်အနံ့၏ လှိုင်ခြင်းကြောင့်။ ဥပရိ၊ အထက်၌။ ပုနပ္ပုနံ၊ အကြိမ်ကြိမ်။ တဝ၊ သင်၏။ မုခံ၊ ခံတွင်းကို။ ဩက္ကန္တန္တိ၊ လှီးဖြတ်ကုန်၏။ ပုနပိ၊ တဘန်လည်း။ တသ္မိံ အဝကန္တိ တဋ္ဌာနေ၊ ထိုရှေ့လှီးဖြတ်ရာ အရပ်၌ ပင်လျှင်။ ခါရေန၊ ဆားငန်ရေဖြင့်။ ပရိဖေါသိတွာ၊ ဖျန်းကုန်၍။ ပုနပ္ပုနံ၊ အကြိမ်ကြိမ် ။ ဩက္ကန္တန္တိ၊ လှီးဖြတ်ကုန်၏။
ဘောပုရိသ၊ အိုယောင်္ကျား။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေး၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ့အသက်ကို သတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုအပ်ခဲ့ဘူးသလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်သော စကားကိုပြောဆိုခြင်း အစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါးစီး စည်းစိမ်ကို ရှေးရှုကြံခြင်း အစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။
ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမျု အကုသိုလ်ကံ၏ အကျိုအားဖြင့်။ တွံ၊ သင်သည်။ ဣဒံ ဒုက္ခံ၊ ဤသို့ သော ဆင်းရဲသို့။ နိဂစ္ဆသိ၊ ခံရသတည်း။
မာရိသ၊ အရှင်မဟာ ကဿပ။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ရမဏီယေ၊ နှစ်သက်ဖွယ်ရှိသော။ ဂိရိဗ္ဗဇေ၊ ဝေဘာရဝေပုလ္လပဏ္ဍဝဣသိဂိလိဂိဇ္ဈကုဋ်တည်းဟူသော တောင်ငါးလုံးအရံရှိထသော။ ရမ္မေ၊ လာလာသသူရှင် လူအပေါင်းတို့၏ နှလုံးမွေ့လျော်ဘယ်လည်း ရှိထသော။ ရာဇဂ‌ဟေ၊ ရာဇင်္ဂြိုဟ်ပြည်၌။ သုပဟုတဿ၊ အလွန်များသော။ ဓနဓညဿ၊ ရွှေငွေကျောက်သံစပါးဆန်စသော သက်ရှိသက်မဲ့ ဥစ္စာ၏။ ဣဿရော၊ အရှင်ဖြစ်သော။ ဂဟပတိ၊ သူကြွယ်သည်။ အသိ၊ ဖြစ်ဘူး၏။
မာရိသ၊ အရှင်မဟာကဿပ။ ပုဗ္ဗေ၊ ရှေးဘဝ၌။ တဿမေ၊ ထိုအကျွန်ုပ်၏။ အယံဘရိယာစ၊ ဤမယားသည်လည်းကောင်း။ အယံမီတာစ၊ ဤသ္မီးသည်လည်းကောင်း။ မေ၊ အကျွန်ုပ်၏။ အယံ သုဏိသာစ၊ ဤချွေးမသည်၎င်း။ ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍။ ဂန္ဓပုပ္ဖာဒီနိ၊ နံ့သာပန်း အစရှိကုန်သော ပူဇော်ဘွယ်ဝတ္ထုတို့ကို။ ဂဟေတွာ၊ ယူကုန်၍။ ဓာတုဋ္ဌာနံ၊ ဓာတ်တော်ထားရာ အရပ်သို့။ ဂန္တုံ၊ သွားခြင်းငှါ။ အာရဗ္ဘန္တိ၊ အားထုတ်ကုန်၏။
ထူပံ၊ စေတီတော်ကို။ ပူဇိတုံ၊ ပူဇော်ခြင်းငှါ။ မာလဉ္စ၊ ပန်းကိုလည်းကောင်း။ ဥပ္ပသဉ္စာပိ၊ ကြာကိုလည်းကောင်း။ ပစ္စဂ္ဃံ၊ အသစ်ဖြစ်သော။ ဝိလေပနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း။ ဟရန္တိယော၊ ဆောင်ကုန်သော။ တာ၊ ထိုအကျွန်ုပ်၏ သ္မီးမယား ချွေးမတို့ကို။ ဝါရေသိ၊ မြစ်ဘူး၏။ တံပါပံ၊ ထိုဓာတ်တော်ထားရာစေတီကို ပူဇော်ခြင်းကိုကဲ့ရဲ့သဖြင့် မြစ်မိခြင်းတည်းဟူသော မကောင်းမှုကံကို။ မယာ၊ အကျွန်ုပ်သည်။ ပကတံ၊ ပြုအပ်၏။
ဘန္တေ၊ အရှင်မဟာကဿပ။ ပစ္စတ္တဝေဒနာ၊ အသီးအသီး မိမိတို့ ခံစားအပ်သော ကြီးစွာသော ဆင်းရဲဝေဒနာရှိကုန်သော။ ဆဠာသီတိသဟဿာနိ၊ ရှစ်သောင်းခြောက်ထောင်အတိုင်းအရှည်ရှိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ ထူပပူဇံ၊ ဓာတ်တော်ထားရာစေတီကို ပူဇော်ခြင်းကို။ ဝိဝဏ္ဏေတွာ၊ ကဲ့ရဲ့ကုန်၍။ နိရယံ၊ ပြင်းစွာ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငရဲနှင့်တူသော ပြိတ္တာဘုံ၌။ ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ကုန်၏။ ဘုသံ၊ လွန်စွာသော ဆင်းရဲကို။ ပစ္စာမ၊ ခံရကုန်၏။
ဘန္တေ၊ အရှင်မဟာကဿပ။ ယေစခေါပုဂ္ဂသာ၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း။ အရဟတော၊ ကိလေသာတို့မှ အလွန်ဝေးတော်မူသော။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ထူပံ၊ ဓာတ်တော် ထားရာစေတီကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ မဟေ၊ ပူဇော်ခြင်းသည်။ ဝတ္တန္တောတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အဟံဝိယ၊ အကျွန်ုပ်ကဲ့သို့။ ထူပပူဇာယ၊ ဓာတ်တော်ထားရာ စေတီကို ပူဇော်ခြင်း၏။
အာဒီနဝံ၊ အပြစ်ကို။ ပကာသေန္တိ၊ ပြကုန်၏။ နေပုဂ္ဂလေ၊ ထိုပုဂ္ဂိုလ်တို့ကို။ တတော၊ ထိုမကောင်းမှုမှ။ ဝိဝေစရေထ၊ ကြဉ်ပါစေကုန်လော။
ဘန္တေ၊ အရှင်မဟာကဿပ။ မာလာသာရိ၊ နတ်၌ဖြစ်ကုန်သော ပန်းတို့ကို ပန်ဆင်ကုန်လျက်။ အလင်္ကာတာ၊ နတ်၌ ဖြစ်ကုန်သော အဝတ်တန်ဆာ တို့ကို ဝတ်ဆင်ကုန်လျက်။ အာယန္တိယော၊ လာကုန်သော။ ဣမာစဣတ္ထိယော၊ ဤအကျွန်ုပ်၏မယားချွေးမသ္မီးဖြစ်ဘူးကုန်သော နတ်သ္မီးတို့ကိုလည်း။ ပဿ၊ ရှုတော်မူလော။ တောဣတ္ထိယော၊ ထို နတ်သ္မီးတို့သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မာလာဝိပါကံ၊ ပန်းဖြင့်ဓာတ်တော်ထားရာ စေတီကို ပူဇော်ခြင်းအကျိုးကို။ အနုဘောန္တီ၊ ခံစားရကုန်သည်ဖြစ်၍။ ဣဒ္ဓါ၊ နတ်၌ဖြစ်ကုန်သော။ ယသဿိနိယော၊ အခြံအရံနှင့်ပြည့်စုံကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဘန္တေ၊ အရှင်မဟာကဿပ။ အစ္ဆေရံ၊ အံဘွယ်ရှိသော။ အဗ္ဘုတံ၊ မဖြစ်စဘူးဖြစ်သော။ လောမဟံသနံ၊ ကြက်သီးမွှေးညှင်း ထခြင်းကို ဖြစ်စေတတ်သော။ တဉ္စတံဧဝဝိပါကံ၊ ထိုသို့သော အကျိုးကို သာလျှင်။ ဒိသွာ၊ ညဏ်မျက်စိဖြင့် မြင်ကြကုန်၍။ သပ္ပညာ၊ ပညာရှိကုန်သော။ ဣမာဣတ္ထိယော၊ ဤအကျွန်ုပ်၏ မယားသ္မီး ချွေးမဖြစ်ဘူးကုန်သော နတ်သ္မီးတို့သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ နမော၊ ရှိခိုးခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ တံ မဟာမုနိံ၊ ထိုမြတ်စွာဘုရား၏ ဓာတ်တောထားရာစေတီကို။ ဝန္ဒန္တိ၊ ရှိခိုးကုန်၏။
ဘန္တေ၊ အရှင်မဟာကဿပ။ နူန၊ အကျွန်ုပ်အကြံရှိ၏။ ဣတော၊ ဤပြိတ္တာ၏ အဖြစ်မှ။ ဂန္တွာ၊ စုတေ၍။ မာနုဿိံ၊ လူပြည်၌ ဖြစ်သော။ ယောနိံ၊ ပဋိသန္ဓေကို။ သဒ္ဓါန၊ ရ၍။ အဟံ၊ အကျွန်ုပ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍။ ပုနပ္ပုနံ၊ အကြိမ်ကြိမ်။ ထူပပူဇံ၊ ဓာတ်တော်ထားရာစေတီကို ပူဇော်ခြင်းကို။ ကရိသာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်၏။
ဒသမံ၊ ဆယ်ခုမြောက်သော။ ဓာတုဝိဝဏ္ဏ ပေတဝတ္ထု၊ ဓာတ်တော်ကို ပူဇော်ခြင်း၏ ကျေးဇူမဲ့ကိုဆိုခြင်းကြောင့် ပြိတ္တာဖြစ်သော သူကြွယ်၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
တတ္ထ၊ ထိုစူဠဝဂ်၌။ ဥဒါနံ၊ ဥဒါန်းသည်ကား။ အဘဇ္ဇာမာန၊ ခြေချသဖြင့် မပြတ်သော ဂင်္ဂါရေအပြင်၌ အညာသို့ ဆန်သွားသော ပြိတ္တာ။ ကောဏ္ဍိကော၊ ကုဏ္ဍိမြို့လျှင် ဖွားရာရှိသော သာဏဝါသီထေရ်။ ရထကာရီ၊ ရထကာရအိုင်၏ အနီး၌ ဖြစ်သော ပြိတ္တာမ။ ဘုသေနာစ၊ ပြောင်ပြောင်တောက်သော သလေး စပါးဖျင်းတို့ကို မိမိဥက္ခောင်းထက်၌ ကြဖျန့်ရသော ကုန်သည်စဉ်းလဲ ပြိတ္တာနှင့်သဟတကွ။
ကုမာရော၊ သုသာန်စွန့်ပစ်အပ်သော ပြည်တန်ဆာမ၏ သားသူငယ်။ ပဏိကာစေဝ၊ ဇနပုဒ်မြို့၏ ကျုံးပြင်၌ ပြိတ္တာဖြစ်သော သေရိနီ ပြည်တန်ဆာမ။ ဒွေလုဒ္ဒေါ၊ သားမုဆိုးပြိတ္တာနှစ်ယောက်တို့။ ပိဋ္ဌိ၊ မိမိကျောက်ကုန်သားကို ကိုယ်တိုင်ခြစ်၍ ခြစ်၍ စားရေသော တရားသူကြီး စဉ်းလဲပြိတ္တာ။ ပူဇကော၊ ဓာတ်တော်ကို ပူဇော်ခြင်း၏ ကျေးဇူးမဲ့ကို ဆိုခြင်းကြောင့် ပြိတ္တာဖြစ်သောသူကြွယ်။ ဣတိဣဒံ၊ ဤသည်လျှင်တည်း။ တတိယော၊ သုံးခုမြောက်သော။ စူဠဝဂ္ဂေါ၊ စူဠဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။