Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

6. Seriṇīpetavatthu

Author: နိဿယ @ IAPT

ဥပ္ပါသုဠိကေ၊ ထွက်သော နံပါးရှိသော. ကိသိကေ၊ အရိုးအရေအကြောမျှသာ အကြွင်းရှိသော အလွန်ကြုံလှီသော ကိုယ်ရှိသော။ ဘောတိဣတ္ထိ၊ အိုမိန်းမ။ တွံ၊ သင်သည်။ နဂ္ဂါ၊ အဝတ်မရှိသည်လည်း။ အသိ၊ ဖြစ်၏။ ဒုဗ္ဗဏ္ဏရူပါ၊ မလှသော အဆင်းသဏ္ဍန်ရှိသည်လည်း။ အသိ၊ ဖြစ်၏။ ကိသာ၊ ကြုံလှီသည်လည်း။ အသိ၊ ဖြစ်၏။ ဓမနိသန္ထတာ၊ အကြောတည်းဟူသော ကွန်ယက်ဖြင့်ခင်းအပ်သော ကိုယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။ ကာနု၊ အဘယ်အမည်ရှိသော။ တွံ၊ သင်သည်။ ဣဓ၊ ဤအရပ်၌။ တိဋ္ဌသိ၊ တည်သနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂတာ၊ မကောင်းမှုကို ပြုသော သူတို့၏ ဖြစ်ရာ အပါယ်သို့လားသော။ ယမလောကိကာ၊ ယမလောကဟုဆိုအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတီ၊ ပြိတ္တာမသည်။ အမှိ၊ ဖြစ်၏
သာအဟံ၊ ထိုအကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းဖြစ်သော မကောင်းမှုကံကို။ ကရိတွာန၊ ပြုခြင်းကြောင့်။ ဣတေ၊ ဤသင်တို့ ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင် ဖြစ်၏။
ဘောတိပေတီ၊ အိုပြိတ္တာမ။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုရေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ၏ သက်ကို သတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်ဆိုခြင်း အစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော့။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါး၏ စည်းစိမ်ကို မိမိသိ့ ရှေးရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။
ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့်။ တွံ၊ သင်သည်။ ဣတော၊ ဤငါတို့ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ပတာ၊ ပဋိသန္ဓေအားဖြင့် ရှာလေသနည်း။
ဘန္တေ၊ အရှင်ဥပါသကာ။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ အနာဝဋေသု၊ တစုံတယောက်သူသည်မျှမဖြစ်အပ်ကုန်သော။ တိဋ္ဌေသု၊ မြစ်ရေကန် အစရှိကုန်သော ဆိပ်တို့၌။ မနုဿေဟိ၊ လူတို့သည်။ ဝိဿရိတံ၊ မေ့ရစ်အပ်သော တစုံတခုသော ဝတ္ထုကို။ လဘေယျနိ၊ ရငြားအံ့လည်း မသိဟု နှလုံးပြု၍။ အဍ္ဎမာသကံ၊ ပဲဝက်မျှသော ဥစ္စာကိုလည်း။ ဝိစိနိံ၊ ရှာဖွေဆည်းဘူး၏။
အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ဒေယျဓမ္မေသု၊ လှူဖွယ်ဝတ္ထုတို့သည်။ သန္တေသု၊ ရှိကုန်လျက်တည်း။ အတ္တနော၊ မိမိ၏။ ဒီပံ၊ တမလွန်ဘောကသုဂတိဘဝ၌ တည်ခြင်းအကြောင်းဖြစ်သော ကောင်းမှုကို ။ နာကာသိံ၊ မပြု။
ဘန္တေ၊ အရှင်ဥပါသကာ။ ဣဒါနိ၊ ယခုဘဝ၌။ အဟံ၊ အကျွန်ုပ်သည်။ တသိတာ၊ ရေမွတ်သည်ဖြစ်၍။ နဒိံ၊ မြစ်သို့။ ပါနီယာယ၊ ရေသောက်ခြင်းငှါ။ ဥပေမိ၊ ကပ်သည်ဖြစ်အံ့။
မမ၊ အကျွန်ုပ်၏။ ပါပကမ္မေန၊ မကောင်းမှုကံကြောင့်။ နဒီ၊ မြစ်သည်။ ရိတ္တကာ၊ ရေမရှိသည်ဖြစ်၍။ ပရိဝတ္တတိ၊ ညွတ်၏။ ဥဏှေသု၊ နေပူသောအခါတို့၌။ ဆာယံ၊ အရိပ်သို့။ ဥပေမိ၊ ကပ်သည်ဖြစ်အံ့။ အာတပေါ၊ နေပူသည်။ ပရိဝတ္တတိ၊ ဖြစ်၏။
အဂ္ဂိဝဏ္ဏေဦ၊ မီးပူနှင့်တူသော။၏ ဝါတောစ၊ လေသည်လည်း။ မေ၊ အကျွန်ုပ်အား။ ဒဟန္တော၊ လောင်လျက်။ ဥပဝါယတိ၊ ကပ်သာ၏။
ဘန္တေ၊ အရှင်ဥပါသကာ။ အဟံ၊ အကျွန်ုပ်သည်။ ဧတံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော။ ဒုက္ခဉ္စ၊ ရေမွတ်ခြင်းစသော ဆင်းရဲကိုလည်းကောင်း။ တတော၊ ထိုထက်။ ပါပကံ၊ ယုတ်မာကြမ်းကြုတ်သော။ အညံ၊ တပါးသော။ ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်းကောင်း။ အနုဝိကုံ၊ ခံစားခြင်းငှါ။ အရဟာမိ၊ ထိုက်ပချေ၏။
ဘန္တေ၊ အရှင်ဥပါသကာ။ တွံ၊ သင်သည်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာ၊ သွား၍။ ဟတ္ထိနိဂုရံ၊ ဟတ္ထိနိပြည်သို့။ ပတွာ၊ ရောက်၍။ မယှံ၊ အကျွန်ုပ်၏။ မာတရံ၊ အမိကို။ ဝဇ္ဇေသိ၊ ပြောဆိုပါလေ။
အယျေ၊ အရှင်မ။ ဒုဂ္ဂတာ၊ မကောင်းမှုကိုပြုသော သူတို့၏ ထားရာအပါယ်၌ဖြစ်သော။ ယမ‌လောကိကာ၊ ယမလောကဟုဆိုအပ်သော ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတီ၊ ပြိတ္တာမဖြစ်၍ ဖြစ်သော။ တေ၊ သင်၏။ ဓီတာ၊ သ္မီးကို။ မယာ၊ ငါသည်။ ဒိဋ္ဌာစ၊ မြင်လည်းမြင်းခဲ့၏။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းဖြစ်သော မကောင်းမှုကံကို။ ကရိတွာန၊ ပြုလေသောကြောင့်။ ဣတော၊ ဤငါတို့ဖြစ်ရာ လူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ရှာလေ၏။
ဘန္တေ၊ အရှင်ဥပါသကား။ တေ၊ သင်၏။ မီတာ၊ သ္မီးသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မယာ၊ အကျွန်ုပ်သည်။ ပလ္လကံဿ၊ အိပ်ရာမလ္လင်၏။ ဟေဋ္ဌတော၊ အောက်မှ။ နိက္ခိတ္တာနိ၊ မြှုပ်ထားအပ်ကုန်လော။ စတ္တာရိသတသဟဿာနိ၊ လေးသိန်းအတိုင်းအရှည်ရှိကုန်သော။ မေ၊ အကျွန်ု၏။ နောနိစ၊ ဥစ္စာတို့သည်လည်း။ အတ္ထိ၊ ရှိကုန်၏။ ဓနာနိစ၊ ဥစ္စာတို့သည်လည်း။ အတ္ထိ၊ ရှိကုန်၏။ တံဓနံ၊ ထိုဥစ္စာကို။ ဧတ္ထ၊ ဤမည်သော အရပ်၌။ နိက္ခိတ္တံ၊ မြှုပ်ထားအပ်ဟူ၍။ မေ၊ အကျွန်ုပ်၏။ မာတုယာ၊ အမိအား။ အနက္ခာတဉ္စ၊ ကြားလည်းမကြားအပ်ခဲ့။
တတော၊ ထိုမြှုပ်ထားအပ်သော ဥစ္စာမှ။ ဧကဒေသံ၊ အချို့ကို။ ဂဟေတွာ၊ ယူ၍။ မေ၊ အကျွန်ုပ်ကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဒါနံ၊ အလှူကို။ ဒေတု၊ ပေးပါစေ။ တဿစ၊ ထိုအကျွန်ုပ်အမိအားလည်း ။ ဇီဝိတာ၊ အသက်မွေးကြောင်းသည်။ ဟောတု၊ ဖြစ်ပါစေ။
မေ၊ အကျွန်ုပ်၏။ မာတာ၊ အမိသည်။ ဒါနံ၊ အလှူကို။ ဒတွာ၊ ပေးလျူ၍။ မေ၊ အကျွန်ုပ်အား။ အနွာဒိသာတုစ၊ အမျှပေးလည်း အမျှပေးဝေပါစေ။
တဒါ၊ ထိုအမျှပေးဝေသော အခါ၌။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗသမသမိဒ္ဓိနီ၊ ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်ဖြစ်၍။ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။ ဟေဿံ၊ ဖြစ်လတ္တံ့ဟု။ ဝုတ္တာစ၊ ငါ့ကို မှာလိုက်၏ ဟူ၍လည်း။ ဝဇ္ဇေသိ၊ ပြောဆိုပါလေ။ ဣတိ၊ ဤသို့။ အဝေါစ၊ မှာလိုက်၏။
သော၊ ထိုဥပါသကာသည်။ သာဓူတိ၊ ကောင်းပြီဟူ၍။ တဿဦ၊ ထိုသေရိနီပြိတ္တာမ၏။ ဝစနံ၊ စကားကို။ ပဋိသုဏိတွာ၊ ဝန်ခံ၍။ ဟတ္ထိနိပုရံ၊ ဟတ္ထိနိပြည်သို့။ ဂန္တွာန၊ ရောက်၍။ တဿာ၊ ထိုသေရိနီပြိတ္တာမ၏။ မာတရံ၊ အမိကို။ အဝေါစ၊ ပြောဆိုလေ၏။
အယျေ၊ ရှင်မ။ ဒုဂ္ဂတာ၊ မကောင်းမှုကို ပြုသောသူတိ့၏ ဖြစ်ရာအပါယ်သို့လားသော။ ယမလောကိကာ၊ ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတီ၊ ပြိတ္တာဖြစ်၍ ဖြစ်သော။ တေ၊ သင်၏။ မီတာ၊ သ္မီးကို။ မယာ၊ ငါသည်။ ဒိဋ္ဌာစ၊ မြင်လည်းမြင်အပ်၏။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမဖြစ်ကောင်းမှုကံကို။ ကရိတွာန၊ ပြုလေခြင်းကြောင့်။ ဣတော၊ ဤငါတို့ဖြစ်ရာ လူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ရှာလေသတည်း။
သာစ၊ ထိုသင်၏ အမိသည်လည်း။ တတ္ထ၊ ထိုတွေ့မြင်ရာ အရပ်၌။ မံ၊ ငါ့ကို။ ဧဝံ၊ ဤသို့။ သမာဒပေသိ၊ သတင်းစကားကို ယူစေ၏။ ဘန္တေ၊ အရှင်ဥပါကာ။ တွံ၊ သင်သည်။ ဣတော၊ ဤပစ္စန္တရစ်မြို့မှ။ ဂန္တွာန၊ သွား၍။ ဟတ္ထိနိပုရံ၊ ဟတ္ထိနိပြည်သို့။ ပတွာ၊ ရော၍။ မယှံ၊ အကျွန်ုပ်၏။ မာတရံ၊ အမိကို။ ဝဇ္ဇေသိ၊ ပြောဆိုပါလေ။
ဒုဂ္ဂတာ၊ မကောင်းမှုကို ပြုသော သူတိ့၏ လားရာအပါယ်၌ ဖြစ်သော။ ယမလောကိကာ၊ ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတီ၊ ပြိတ္တာမဖြစ်၍ဖြစ်သော။ တေ၊ သင်၏။ ဓီတာ၊ သ္မီးကို။ မယာ၊ ငါသည်။ ဒိဋ္ဌာစ၊ မြင်လည်းမြင်အပ်၏။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို။ ကရိတွာန၊ ပြုလေခြင်းကြောင့်။ ဣတော၊ ဤငါ့တို့ဖြစ်ရာလူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ရှာလေ၏။
ဘန္တေ၊ အရှင်ဥပါသကာ။ မီတာ၊ သင်၏သ္မီးသည်။ မယာ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ပလ္လင်္ကဿ၊ အိပ်ရာပလ္လင်၏။ ‌ဟေဋ္ဌတော၊ အောက်မှ။ နိက္ခိတ္တာနိ၊ မြှုပ်ထားအပ်ကုန်သော။ စတ္တာရိသတသဟဿာနိ၊ လေးသိတ်းအတိုင်းအရှည် ရှိကုန်သော။ မေ၊ အကျွန်ုပ်၏။ ဓနာနိ၊ ဥစ္စာတို့သည်လည်း။ အတ္ထိ၊ ရှိကုန်၏။ တံဓနံ၊ ထိုဥစ္စာကို။ ဧတ္ထ၊ ဤအမည်ရှိညသော အရပ်၌။ နိက္ခိတ္တံ၊ မြှုပ်ထားအပ်သည်ဟူ၍။ အနက္ခတဉ္စ၊ ကြားလည်း မကြားခဲ့မိ။
တတော၊ ထိုဥစ္စာမှ။ ဧကဒေသံ၊ အချို့ကို။ ဂဟေတွာ၊ ယူ၍။ မေ၊ အကျွန်ုပ်ကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဒါနံ၊ အလှူကို။ ဒဒတု၊ ပေးပါစေ။ တဿာစ၊ ထိုအကျွန်ုပ်အမိအားလည်း။ ဇီဝိကာ၊ အသက်မွေးကြောင်းသည်။ ဟောတု၊ ဖြစ်ပါလေစေ။
မေ၊ အကျွန်ုပ်၏။ မာတာ၊ အမိသည်။ ဒါနံ၊ အလှူကို။ ဒတွာ၊ ပေးလှူ၍။ မေ၊ အကျွန်ုပ်အား။ ဒက္ခိဏံ၊ အလှူကို။ အနွာဒိသတုစ၊ အမျှပေးဝေလည်း အမျှပေးဝေပါစေ။
တဒါ၊ ထိုအမျှပေးဝေသော အခါ၌။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗကာမသမဒ္ဓိနီ၊ ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍။ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။ ဟေဿံ၊ ဖြစ်ပါလတ္တံ့။ ဣတိ၊ ဤသို့။ ဝဇ္ဇေသိ၊ ပြောဆိုပါလေ။ ဣတိ၊ ဤသို့။ သမာဒပေသိ၊ သတင်းစကားပါးလိုက်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ပြောဆိုလေ၏။
သာ၊ ထိုသေရိနီပြိတ္တာမ၏ အဖြစ်သို့ရောက်သည်။ တေဿံ၊ ဖြစ်ပါလတ္တံ့ဟု။ ဝဇ္ဇေသိ၊ ပြောဆိုပါလေဟူ၍။ သမာဒပေသိ၊ သတင်းစကားပါးလိုက်၏။ ဣတိ၊ ဤသုအမိသည်။ တဿ၊ ထိုပါသကာ၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ တတောဟိတတောဧဝ၊ ထိုဥစ္စာမှသာလျှင်။ ကိဉ္စိ၊ အချို့ကို။ ဂဟေတွာ၊ ယူ၍။ တဿာ၊ ထိုသ္မီးဖြစ်သော သေရိနီပြိတ္တာမကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဒါနံ၊ အလှူကို။ အဒါသိ၊ ပေးလှူ၏။ ဒတွာ၊ ပေးလှူ၍။ တဿာ၊ ထိုသ္မီးဖြစ်သော သေရိနီပြိတ္တာအား။ ဒက္ခိဏံတံဒက္ခိဏံ၊ ထိုအလှူကို။ အာဒိသီစ၊ အမျှပေးဝေလည်းအမျှပေးဝေ၏။
ပေတီစ၊ ထိုသေရိနီပြိတ္တာမသည်လည်း။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်သည်။ အာသိ၊ ဖြစ်၏။ တဿာစ၊ ထိုသေရိနီပြိတ္တာမ၏ အမိအားလည်း ။ သုခဇိဝိတာ၊ ချမ်းသာသဖြင့် အသက်မွေးရသည်။ အာသိ၊ ဖြစ်၏။
ဆဋ္ဌံ၊ ခြောက်ခု‌မြောက်သော။ သေရိနိပေတဝတ္ထု၊ သေရိနီပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။