Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

9. Aṅkurapetavatthu

Author: နိဿယ @ IAPT

ဘော၊ အရှင်အင်္ကုရမင်းသား။ မယံ၊ အကျွန်ုပ်တို့သည်။ ယဿ၊ အကြင်ဥစ္စာ၏။ အတ္ထာယ၊ အကြောင်းကြောင့်။ ဓနဟာရကာ၊ ဘဏ္ဍာကို ရောင်းသဖြင့် ရအပ်သော ဥစ္စာကို ဆောင်လိုကုန်သည်ဖြစ်၍။ ကမ္ဗောဇံ၊ ကမ္ဗောဇတိုင်းသို့။ ဂစ္ဆာမ၊ သွားကုန်၏။
အယံယက္ခော၊ ဤနတ်သားသည်။ ကာမဒဒေါ၊ အလိုရှိသမျှ ပေးတတ်၏။ ဣမံယက္ခံ၊ ဤနတ်သားကို။ နယာမသေ၊ ဆောင်ကုန်အံ့။
မယံ၊ အကျွန်ုပ်တို့သည်။ ဣမံယက္ခံ၊ ဤနတ်သားကို။ သာဓုကေနဝါ၊ တောင်းပန်သဖြင့် လည်းကောင်း။ ပသယှဝါ၊ အနှိုင်းအထက်နှိပ်စက်၍လည်းကောင်း။ ဂဟေတွာန၊ ဖမ်းယူကုန်၍။ ယာနံ၊ ယာဉ်သို့။ အာရောပယိတွာန၊ တင်ကုန်၍။ ဒွါရကံ၊ ဒွါရဝတီမြို့သို့။ ခိပ္ပံ၊ လျှင်စွာ။ ဂစ္ဆာမ၊ သွားကုန်အံ့။
မယံ၊ အကျွန်ုပ်တို့သည်။ ဣမံယက္ခံ၊ ဤနတ်သားကို။ သာဓုကေနဝါ၊ တောင်းပန်သဖြင့် လည်းကောင်း။ ပသယှဝါ၊ အနှိုင်းအထက်နှိပ်စက်၍လည်းကောင်း။ ဂဟေတွာန၊ ဖမ်းယူကုန်၍။ ယာနံ၊ ယာဉ်သို့။ အာရောပယိတွာန၊ တင်ကုန်၍။ ဒွါရကံ၊ ဒွါရဝတီမြို့သို့။ ခိပ္ပံ၊ လျှင်စွာ။ ဂစ္ဆာမ၊ သွားကုန်အံ့။
သမ္မ၊ အချင်းပုဏ္ဏား။ ယော၊ အကြင်သူသည်။ ယဿရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျဝါ၊ ထိုင်နေမူလည်း ထိုင်နေဘူးအံ့။ သယေယျဝါ၊ အိပ်မူလည်း အိပ်ဘူးအံ့။
သော၊ ထိုသူသည်။ တဿ၊ ထိုသစ်ပင်၏။ သာခံ၊ အခက်ကို။ နဘဉ္ဇေယျ၊ မချိုးရာ။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းတို့၌ ဖျက်ဆီးတတ်သောသူသည်။ ပါပကော၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ နဘဉ္ဇေယျ၊ မချိုးရာ။
ဘော၊ အရှင်အင်္ကုရမင်းသား။ ယော၊ အကြင်သူသည်။ ယဿရုပက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသိဒေယျဝါ၊ ထိုင်နေမူလည်း ထိုင်နေရာ၏။ သယေယျဝါ၊ အိပ်မူလည်း အိပ်ရာ၏။
သော၊ ထိုသူသည်။ တာဒိသော၊ ထိုသို့ သဘောရှိသော အဆောက်အဦးဖြင့်။ အတ္ထော အတ္ထိကော၊ အလိုရှိသည်။ စေသိယာ၊ အကယ်၍ ဖြစ်အံ့။ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်။ တဿ၊ ထို သစ်သစ်၏။ ခန္ဓမ္ပိ၊ ပင်စည်ကိုလည်း။ ဆိန္ဒေယျ၊ ဖြတ်ရာ၏။
သမ္မ၊ အချင်းပုဏ္ဏား။ ယော၊ အကြင်သူသည်။ ယဿရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျဝါ၊ ထိုင်နေမူလည်း ထိုင်နေဘူးအံ့။ သယေယျဝါ၊ အိပ်မူလည်းအိပ်ဘူးအံ့။
သော၊ ထိုသူသည်။ တဿ၊ ထိုသစ်ပင်၏။ ပတ္တံ၊ အရွက်ကိုမျှလည်း။ နဟိံ သေယျ၊ မညှဉ်းဆဲရာ။ ဟိယသ္မာ၊ အကြင့်ကြောင့်။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းတို့၏ အကျိုးမဲ့ ကို ဖြစ်စေတတ်သော သူသည်။ ပါပကော၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ နဟိံ သေယျ၊ မညှဉ်းဆဲရာ။
ဘော၊ အရှင်အင်္ကုရမင်းသား။ ယော၊ အကြင်သူသည်။ ယဿရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျဝါ၊ ထိုင်နေမူလည်း ထိုင်ရော၏။ သယေယျဝါ၊ အိပ်မူလည်း အိပ်ရာ၏။
သော၊ ထိုသူသည်။ တာဒိသော၊ ထိုသို့သဘောရှိသော အမြစ်စသော အဆောက်အဦဖြင့်။ အတ္ထော၊ အလိုရှိသည်။ စေသိယာ၊ အကယ်၍ဖြစ်ပါအံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ တံ၊ ထိုသစ်ပင်ကို။ သမူလံဝီ၊ အမြစ်နှင့်တကွလည်း။ အဗ္ဗုဟေ၊ နှုတ်ရာ၏။
သမ္မ၊ အချင်းပုဏ္ဏား။ ယဿ၊ အကြင် သူတို့၏။ ဃရေ၊ အိမ်၌။ ဧကရတ္တိမ္ပိ၊ တညဉ့်မျှလည်း။ ဝသေယျ၊ နေငြားအံ့။ ယတ္ထ၊ အကြင်သူ၏ အထံ၌။ ပုရိသော၊ ယောင်္ကျားသည်။ အန္နပါနံ၊ ထမင်းအဖျော်ကို။ လဘေထ၊ ရငြားအံ့။
တဿ၊ ထိုသူအား။ ပါပံ၊ မကောင်းသော အမှုကို။ မနသာဝိ၊ စိတ်ဖြင့်လည်း ။ နိစိန္တယေ၊ မကြံရာ။ ဟိကသ္မာ၊ အဘယ်ကြောင့်နည်း။ ကတညုတာ၊ သူတပါးသည်ပြုအပ်သော ကျေးဇူးကို သိတတ်သော သူ၏ အဖြစ်ကို။ သပ္ပုရိသေဟိ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်။ ဝဏ္ဏိတာ၊ ချီးမွမ်းအပ်၏။
တသ္မာ၊ ထို့ကြောင့်။ နစိန္တယေ၊ မကြံရာ။ သမ္မ၊ အချင်းပုဏ္ဏား။ ယဿ၊ အကြင်သူ၏။ ဃရေ၊ အိမ်၌။ ဧကရတ္တိမ္ပိ၊ တညဉ့်မျှလည်း။ ဝသေယျ၊ နေဘူးအံ့။ ယော၊ အကြင်သသည်။ အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန၊ အဖျော်ဖြင့်လည်းကောင်း။ ဥပဋ္ဌိတော၊ လုပ်ကျွေးဘူးသည်။ သိယာ၊ ဖြစ်ငြားအံ့။
တဿ၊ ထိုသူအား။ ပါပံ၊ မကောင်းသော အမှုကို။ မနသာပိ၊ စိတ်ဖြင့်လည်း။ နစိန္တယေ၊ မကြံရာ။ မယ္မာ၊ အကြင်ကြောင့်။ အဒုဗ္ဘပါဏိ၊ မညှဉ်းဆဲ တတ်သော လက်ရှိသော သူသည်။ မိတ္တဒုဗ္ဘိံ၊ အဆွေခင်ပွန်းတို့ကို ပြစ်များတတ်သော သူကို။ ဒဟတိဝိနာ သေတိ၊ ဖျက်ဆီးတတ်၏။ တသ္မာ၊ ထို့ကြောင့်။ နစိန္တယေ၊ မကြံရာ။
သမ္မ၊ အချင်းပုဏ္ဏား။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်သော ကျေးဇူးရှိသည်။ သိယာ၊ ဖြစ်ငြားအံ့။ တံ ပုဗ္ဗကာရိံ၊ ထိုရှေး၌ ပြုဘူးသော ကျေးဇူးရှိသော သူကို။ ပစ္ဆာ၊ နောက်ကာလ၌။ ပါပေန၊ မကောင်းသော အမှုဖြင့်။ နဟိံ သတိ၊ မညှဉ်းဆဲရာ။ ကသ္မာ၊ အဘယ်ကြောင့်နည်း။
အနဗ္ဘိပါဏိဟတော၊ ကျေးဇူးပြုခြင်းတည်းဟူသော ရေဖြင့် စွမ်းသော ထက်ရှိသော သူကို နှိပ်စက်တတ်သော။ ဝါဟတော၊ ရှေး၌ပြုဘူးသော ကျေးဇူးရှိသော သူကို နှိပ်စက်တတ်သော။ အဒုဗ္ဘဏိ၊ ကျေးဇူးကို မသိတတ်သော။ သောပေါသော၊ ထိုသတ္တဝါသည်။ ဘဒြာနိ၊ ကောင်းသော အကျိုးတို့ကို။ နပဿတိနဝိန္ဒတိ၊ မရ။ တသ္မာ၊ ထို့ကြောင့်။ နဟိံသ တိ၊ မညှဉ်းဆဲရာ။
မာရိသ၊ အချင်းတို့။ အဟံ၊ ငါ့ကို။ ဒေဝေနဝါ၊ နတ်သည်လည်းကောင်း။ မနုဿေနဝါ၊ လူသည်လည်းကောင်း။ ဣဿရိယေနဝါ၊ တန်ခိုးရှိသော နတ်လူသည်လည်းကောင်း။ နပ္ပသယှော၊ ညှဉ်းဆဲနှိပ်စက် ခြင်းငှါ မတတ်နိုင်။ အဟံ၊ ငါ့ကို။ အပ္ပသယှော အပ္ပာသိယော၊ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။
မာရိသ၊ အချင်းတို့။ အဟံ၊ ငါသည်။ ပရမိဒ္ဓိပက္ကော၊ မြတ်သော နတ်၏ တန်ခိုးနှင့် ပြည့်စုံသော။ ဒူရင်္ဂမော၊ တခဏ ခြင်းဖြင့် ဝေးသော အရပ်သို့လည်း သွားခြင်းငှါ စွမ်းနိုင်သော။ ဝဏ္ဏဗလူပပန္နော၊ အဆင်းလှခြင်းခွန်အားကြီးခြင်းနှင့် ပြည့်စုံသော။ ယက္ခော၊ နတ်သည်။ အသ္မိ၊ ဖြစ်၏။
ဘန္တေ၊ အရှင်နတ်မင်း။ တေ၊ သင်၏။ သဗ္ဗသောဝဏ္ဏော၊ အလုံးစုံရွှေအဆင်းကဲ့သို့သော အဆင်းရှိ‌သော။ ပါဏိ၊ လင်္ကျာလက်သည်။ ပဉ္စဓာရော၊ ငါးခုသော လက်ချေင်းတို့ဖြင့် သူတပါးတို့သည် အလိုရှိအပ်သော ဝတ္ထုကို ဆောင်ခြင်း ရှိ၏။ မဓုဿဝေါ၊ ချိုမြိန်ကောင်းမြတ်သော အရသာကို ယိုစီးစေတတ်၏။ တေ၊ သင်၏။ ပါဏိမှာ၊ လင်္ကျာထက်မှ။ နာနာရသာ၊ အချို့အခါးအဖန်စသော အထူးအထူးအပြားပြားရှိကုန်သော အရသာတို့သည်။ ပဂ္ဃရန္တိ၊ ယိုစီးကုန်၏။
ဘန္တေ၊ အရှင်နတ်မင်း။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ သင့်ကို။ ပုရိန္ဒဒံ၊ ရှေးဘဝ၌ အလှူကို ပေးတတ်သော။ သက္ကံဣတိ၊ သိကြားမင်းဟူ၍။ မညေမညာမိ၊ မှတ်ထင်၏။
အင်္ကုရ၊ အင်္ကုရမင်းသား။ အဟံ၊ ငါသည်။ ဒေဝေါ၊ ဝေဿဝဏ်အစရှိသော ထင်ရှားသော နတ်သည်။ နအမှိ၊ မဖြစ်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုး ဖြစ်သောနတ်သည် လည်း။ နအမှိ၊ မဖြစ်။ ပုရိန္ဒဒေါ၊ ‌ရှေးဘဝ၌ အလှူကို ပေးတတ်သော။ သက္ကော၊ သိကြားမင်းသည်လည်း။ နအမှိ၊ မဟုတ်။
အင်္ကုရ၊ အင်္ကုရမင်းသာ။ မံ၊ ငါ့ကို။ ရောရုဝမှာ၊ ရောရုဝမြို့မှ။ ဣဓ၊ ဤပညောင်ပင်သို့။ အာဂတံ၊ ပဋိသန္ဓေအားဖြင့်သာရောက်သော။ ပေတံ၊ ပြိတ္တာဟူ၍။ တွံ၊ သင်သည်။ ဇာနာတိ၊ သိလော။ ဘန္တေ၊ အရှင်နတ်မင်း။ ပုရေ၊ ရှေးဘဝ၌။ ရောရုဝသ္မိံ၊ ရောရုဝမြို့၌။ ဝသန္တော၊ နေသော။ တုဝံ၊ သင်သည်။ ကိံ သီလော၊ အဘယ်သို့ သီလရှိသည်။ အ‌ဟောသိ၊ ဖြစ်သနည်း။
ကိံ သမာစာရော၊ အဘယ်သို့သော ကောင်းမြတ်သော အကျင့်ရှိသည်။ အဟောသိ၊ ဖြစ်သနည်း။ ကေနဗြဟ္မစရိယေန၊ အဘယ်သို့သော မြတ်သော အကျင့်ဖြင့်။ တေ၊ သင်၏။ ပါဏိမှိ၊ လင်္ကျားထက်၌။ ပုညံပုညံဖလံ၊ ကောင်းမှု၏ အကျိုးသည်။ ဣဇ္ဈတိ၊ ပြည့်စုံသနည်း။
အင်္ကုရ၊ အင်္ကုရမင်းသား။ အဟံ၊ ငါသည်။ ပုရေ၊ ရှေးဘဝ၌။ ရောရုဝသ္မိံ၊ ရောရုပမြို့၌။ တုန္နဝါယော၊ အပ်လျှိုသမားသည်။ အာသိံ၊ ဖြစ်ခဲ့ဘူး၏။ တဒါ၊ ထိုအပ်လျှိုသမားဖြစ်သောအခါ၌။ သုကိစ္ဆဝုတ္တိ၊ အလွန်ငြိုငြင်ဆင်းရဲသဖြင့် အသက်မွေးရသော။ ကပဏော၊ အထီးကျန်သော သူသည်။ အာသိံ၊ ဖြစ်၏။
ဒါတဝေ၊ ရဟန်းပုဏ္ဏားတို့အား ပေးလှူခြင်းငှါ။ ကိဉ္စိ၊ တစုံတခု မျှသောလှူဘွယ်ဝတ္ထုသည်။ မေ၊ ငါ့အား။ နဝိဇ္ဇတိ၊ မရှိ။ ‌
မေ၊ ငါ့အား။ နဝိဇ္ဇတိ၊ မရှိ။ မေ၊ ငါ၏။ နိဝေသနဉ္စ၊ အိမ်သည်လည်း။ သဒ္ဓဿ၊ ကံကံ၏ အကျိုးကို ယုံကြည်သော။ ဒါနပတိနော၊ အလှူကြောင့်လူအပေါင်း၏ အရှင်သဘွယ်ဖြစ်သော။ ကတပုညဿ၊ ပြုအပ်သော ကောင်းမှုရှိသော။ သဇ္ဇိနော၊ မကောင်းမှုမှ စက်ဆုပ်ခြင်း သဘောရှိသော။ အသယှဿ၊ အသယှ အမည်ရှိသော သူဋ္ဌေး၏။ ဥပန္တိကေ၊ အနီး၌။ အာသိံ၊ ဖြစ်၏။
တတ္ထ၊ ထိုငါ၏နေရာအိမ်၌။ နာနာဂေါတ္တာ၊ အထူးထူးသော အနွယ်ရှိကုန်သော။ ယာစကာ၊ သူတောင်းစား တို့သည်လည်းကောင်း။ ဝဏိဗ္ဗကာ၊ ပေးလှူသူ၏ ကျေးဇူကောင်းမှု၏ အကျိုးစသည်ကို ချီးမွမ်း၍ တောင်းတတ်ကုန်သော သူတို့သည်လည်းကောင်း။ ယန္တိ၊ လာရောက်ကုန်၏။
တေစ၊ ထိုသူတောင်းစား အစရှိကုန်သော သူတို့သည်လည်း။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ မယံ၊ ငါတို့သည်။ ကတ္ထ၊ အဘယ်အရပ်သို့။ ဂစ္ဆာမ၊ သွားရကုန်အံ့နည်း။
ကတ္တ၊ အဘယ်အရပ်၌။ အသယှသေဋ္ဌိနာ၊ အသယှသူဋ္ဌေးသည်။ ဒါနံ၊ အလှူကို။ ပဒိယျတိ၊ ပေးအပ်သနည်း။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အသယျဿ၊ အသယှသူဋ္ဌေး၏။ နိဝေသနံ၊ အိမ်ကို။ ပုစ္ဆန္တိ၊ မေးကုန်၏။
အင်္ကုရ၊ အင်္ကုရမင်းသား။ တေဟိ၊ ထိုသူတောင်းစား စသော သူတို့သည်။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ တုမှေ၊ သင်တို့သည်။ ဧတ္ထ၊ ဤအရပ်သို့။ ဂစ္ဆထ၊ သွားလေကုန်။ အသယျသေဋ္ဌိနာ၊ အသယှ သူဋ္ဌေးသည်။ ဧတ္ထ၊ ဤအရပ်၌။ ဒါနံ၊ အလှူကို။ ပဒိယျတိ၊ ပေးအပ်၏။ ဣတိ၊ ဤသို့။ အသယှဿ၊ အသယှသူဋ္ဌေး၏။ နိဝေသနံ၊ အိမ်ကို။ အက္ခာမိ၊ ကြား၏။
တေန၊ ထို့ကြောင့်။ မေ၊ ငါ၏။ ပါဏိ၊ လင်္ကျာလက်သည်။ ကာမဒ‌ဒေါ၊ အလိုရှိအပ်သမျှသော ဝတ္ထုကို ပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ မေ၊ ငါ၏။ ပါဏိ၊ လင်္ကျာလက်သည်။ မုဓုဿဝေါ၊ ကောင်းမြတ်သော ဝတ္ထုကို ယိုစီးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။
တေနဗြဟ္မစရိယေန၊ ထိုသို့သော မြတ်သော အကျင့်ကြောင့်။ မေ၊ ငါ၏။ ပါဏိမျိ၊ လင်္ကျာလက်၌။ ပုညံ ပုညံ ဖလံ၊ အကောင်းမှု၏ အကျိုးသည်။ ဣဇ္ဈတိ၊ ပြည့်စုံ၏။
ဘန္တေ၊ အရှင်နတ်မင်း။ တွံ၊ သင်သည်။ သကပါဏီဟိ၊ မိမိလက်တို့ဖြင့်။ ကဿစိ၊ တစုံတယောက်သော သူအား။ ဒါနံ၊ အလှူကို။ နအဒါ၊ မပေးလှူ။
ပရဿ၊ သူတပါး၏။ ဒါနံ၊ အလှူကို။ အနုမောဒမာနော၊ ဝမ်းမြောက်လျက်။ ပါဏိံ၊ လင်္ကျာလက်ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ ပါဝဒိ၊ သူတောင်းစား စသည်တို့အားပြောဆို၏။
တေန၊ ထိုကြောင့်။ တေ၊ သင်၏ ။ ပါဏိ၊ လင်္ကျာလက်သည်။ ကာမဒဒေါ၊ အလိုရှိအပ်သမျှသော ဝတ္ထုကို ပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ တေ၊ သင်၏။ ပါဏိ၊ လင်္ကျာလက်သည်။ မုဓုဿဝေါ၊ ကောင်းမြတ်သောဝတ္ထုကို ယိုစီးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။
တေနဗြဟ္မစရိယေန၊ ထိုသို့သော မြတ်သော အကျင့်ကြောင့်။ တေ၊ သင်၏။ ပါဏိမှိ၊ လင်္ကျာလက်၌။ ပုညံပုညဖလံ၊ ကောင်းမျု၏ အကျိုးသည်။ ဣဇ္ဈတိ၊ ပြည့်စုံ၏။ ဣတိ၊ ဤသို့။ ကိရ၊ ငါကြားရပြီ။
ဘန္တေ၊ အရှင်နတ်မင်း။ ယောသော၊ အကြင်အသယှသူဋ္ဌေးသည်။ ပသန္နော၊ ကံကံ၏ အကျိုးကို ယုံကြည်လျက်။ သကပါဏီဟိ၊ မိမိလက်တို့ဖြင့်။ ဒါနံ၊ အလှူကို။ အဒဒါ၊ ပေးလှူ၏။
သော၊ ထိုအသယှ သူဋ္ဌေးသည်။ မနုသံ၊ လူ၌ဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ဟိတွာ၊ စွန့်၍။ ကိံ နုဒိသတံ၊ အဘယ်အရပ်သို့။ ဂတော၊ လားလေသနည်း။
အင်္ကုရ၊ အင်္ကုရ မင်းသား။ အင်္ဂီရဿ၊ ကိုမှ ထွက်သော အရောင်ရှိသော။ အသယျသာဟိနော၊ ပေးကမ်းစွန့်ကြဲခွဲဝေခြင်းတည်းဟူသော သူတော်ကောင်းတို့၏ ဝန်ကိုရွက်ဆောင်နိုင်သော အသယှသူဋ္ဌေး၏။ ဂတိံ ဝါ၊ ဤလူ့ပြည်မှ သွားရာ ဘဝသစ်ကိုလည်းကောင်း။ အာဂတိံ ဝါ၊ ဤလူ့ပြည်သို့ လာလတ္တံ့သော ဘဝသစ်ကိုလည်းကောင်း။ သက္ကဿ၊ သိကြားမင်း၏ ။ သဟဗျတံ၊ အပေါင်းအဘော်၏ အဖြစ်သို့။ ဂတော၊ ရောက်သည်။ အဟောသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝေဿဏဿ၊ ဝေဿဝဏ်နတ်မင်း၏။ သန္တိကေ၊ အထံ၌။ မေ၊ ငါသည်။ သုတဉ္စသုတံဧဝ၊ ကြားဘူးသည်သာလျှင်တည်း။
ဘော၊ အချင်းတို့။ ဣမဿ၊ ဤနတ်သား၏။ ကာမဒဒံ၊ အလိုရှိအပ်သမျှသော ဝတ္ထုကို ပေးတတ်သော။ ပါဏိံ၊ လင်္ကျာထက်ကို။ ဒိသွာ၊ မြင်၍။ ကလျာဏံ၊ ကောင်းမှုကို။ ကာတုံ၊ ပြုခြင်း ငှါ။ အထမေဝ၊ သင်သည် သာလျှင်တည်း။ ယထာရဟံ၊ မိမိ၏ စည်းစိမ်ဥစ္စာ ပါသည့်အလျောက်။ ဒါနံ၊ အလှူကို။ ဒါတုံ၊ ပေးခြင်းငှါ။ အလမေဝ၊ လျောက်ပတ်သည်သာလျှင်တည်း။ ဘော၊ အချင်းတို့။ မာဒိသော၊ ငါကဲ့သို့သော။ ကော၊ အဘယ်မည်သော သူသည်။ ပုညံ၊ သံသရာ ၌ မိမိ၏ တည်ရာဖြစ်သော ကောင်းမှုကို။ နကရိဿတိ၊ မပြုဘဲရှိလှည့်ငြားအံ့နည်း။
သောဟံသောအဟံဧဝ၊ ထိုငါသည် သာလျှင်။ နုန၊ အကြံရှိ၏။ ဣတော၊ ဤသဲသန္တာရမှ။ ဂန္တွာ၊ သွား၍။ ဒွါရကံ၊ ဒွါရာဝတီမြို့သို့။ အနုပ္ပတွာန၊ ရောက်၍။
ယံဒါနံ၊ အကြင်လှူသည်။ မမ၊ ငါ၏။ သုခါဝဟံ၊ ချမ်းသာကို ရွက်ဆောင်သည်။ အဿ၊ ဖြစ်ရာ၏။ တံဒါနံ၊ ထိုအလှူကို။ ပဋ္ဌပယိဿာမိ၊ ဖြစ်စေအံ့။
အန္နပါနဉ္စ၊ ထမင်းအဖျော်ကိုလည်းကောင်း။ ဝတ္ထသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာနေရာတို့ကိုလည်းကောင်း။ ပပဉ္စ၊ ရေအိုးစင်ကို လည်းကောင်း။ ဥဒပါနဉ္စ၊ ရေတွင်းရေကန်ကိုလည်းကောင်း။ ဒုဂ္ဂေ၊ ရေညွန်ရှိသဖြင့် ကူးခတ်သော အရပ်၌။ သကံမာနာနိစ၊ တံတားတို့ကိုလည်းကောင်း။ ဒဿာမိ၊ လှူအံ့။
ဘောပုရိသ၊ အိုယောင်္ကျား။ ကေန၊ အဘယ်ကြောင့်။ တေ၊ သင်၏။ အင်္ဂုလိ၊ လက်ချောင်းခြေချောင်းတို့သည်။ ကုဏ္ဍာ၊ ကောက်ကုန်သနည်း။ မုခဉ္စ၊ မျက်နှာသည်လည်း။ ကုဏလိကတံ၊ တွန့်ကောက်သနည်း။
အက္ခီနိစ၊ မျက်စိတို့သည်လည်း။ ပဂ္ဃရန္တိ၊ မျက်ချေးယိုစီးကုန်သနည်းး။ ဘောပုရိသ၊ အိုယောင်္ကျား။ ပုဗ္ဗေ၊ ရှေးဘဝ၌။ တယာ၊ သင်သည်။ ကိံပါပံ၊ အဘယ်မကောင်းမှုကို။ ပကတံ၊ ပြုခဲ့ဘူးသနည်း။
မာရိသ၊ အချင်းအင်္ကုရမင်းသား။ အဟံ၊ ငါသည်။ ဃရံဃရမဇ္ဈေ၊ အိပ်ရာထောင်သော လူတို့၏ ဘောင်၌။ ဧသိနောအာဝသန္တဿ၊ နေသော။ သဒ္ဓဿ၊ ကံကံ၏ အကျိုးကို ယုံကြည်သော။ အင်္ဂိရဿ၊ ကိုယ်မှထါက်သော အရောင်ရှိသော ။ တဿဂဟပတိနော၊ ထိုသယှသူဋ္ဌေး၏။ ဒါနဝိဿဂ္ဂေ၊ စွန့်ကြဲရာ အရပ်၌။ ဒါနေ၊ ပေးလှူစွန့်ကြဲသော သူ၏ အရာ၌။ အဓိဂတောဋ္ဌိတော၊ ထားအပ်သော သူသည်။ အဟုံ၊ ဖြစ်၏။
မာရိသ၊ အချင်းအင်္ကုရမင်းသား။ အဟံ၊ ငါသည်။ တတ္ထ၊ ထိုပေးလှူစွန့်ကြဲရာအရပ်သို့။ အာဂတာဂတေ၊ လာရောလာ‌ရောက်ကုန်သော။ ဘောဇနတ္ထိကေ၊ အသုံးအဆောင်ဖြင့် အလိုရှိကုန်သော။ ယာစနကေ၊ သူတောင်းစား စသည်တို့ကို။ ဒိသွာ၊ မြင်၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်သို့။ အပက္ကမ၊ ဖဲ၍။ ကုဏလိံမုခံ၊ တွန့်ရှမ့်သော မျက်နှာကို။ အကာသိ၊ ပြုခဲ့မိ၏။ စက္ခုကာလုဿိယံ၊ မျက်စိ၏နှောင့်ရှက်ခြင်းကို။ ဥပ္ပါဒေသိံ၊ ဖြစ်စေခဲ့ဘူး၏။
မာရိသ၊ အချင်းအင်္ကုရမင်းသား။ တေန၊ ထိုမစ္ဆေရ၏ အစွမ်းဖြင့် ပေးလှူစွန့်ကြဲရာ မှ ဖဲခြင်းမိမိလက်ဖြင့် မပေးမလှူမစွန့်ကြဲ ခြင်း မျက်နှာတွန့်ရှုပ်ခြင်း မျက်စိ၏ နှောင့်ရှက်ခြင်းကိုဖြစ်ခြင်းကြောင့်။ မေ၊ ငါ၏။ အင်္ဂုလိယော၊ လက်ချောင်းခြေချောင်းတို့သည်။ ကုဏ္ဍာ၊ ကောက်ကုန်၏။ မုခဉ္စ၊ မျက်နှာသည်လည်း။ ကုဏလိကတံ၊ ကောက်တွန့်၏။
အက္ခီနိစ၊ မျက်စိတို့သည်လည်း။ ပဂ္ဃရန္တိ၊ မျက်ချေးမျက်ရည်ယိုထွက်ကုန်၏။ မာရိသ၊ အချင်းအင်္ကုရမင်းသား။ မယာ၊ ငါသည်။ ထံပါပံ၊ ထိုသို့ မကောင်းမှုကံကို။ ပကတံ၊ ပြုအပ်၏။
ကာပုရိသ၊ ယုတ်မာသော ယောင်္ကျား။ ယံယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ ပရဿ၊ သူတပါး၏ ။ ဒါနဿ၊ ဒါနသ္မိံ၊ အလှူ၌။ ကုဏလိမုခံ၊ တွန့်ရှုံသော မျက်နှာကို။ အကာသိ၊ ပြု၏။ စက္ခုကာလိဿိယံ၊ မျက်စိ၏ နှောင့်ရှာက်ခြင်းကို။ ဥပ္ပါဒေသိ၊ ဖြစ်စေ၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဓမ္မေနယုတ္တေနပကာရဏေန၊ သင့်သောအကြောင်းဖြင့် သာလျှင်။ တေ၊ သင်၏။ မုခဉ္စ၊ မျက်နှာသည်လည်း။ ကုဏလိကတံ၊ ကောာက်တွန့်၏။ အက္ခီနိစ၊ မျက်စိတို့သည်လည်း။ ပဂ္ဃရန္တိ၊ မျက်ချေးမျက်ရည်ယိုထွက်ကုန်၏။
ဘော၊ အိုအချင်းတို့။ ဒါနံ၊ အလှူကို။ ဒဒမာနော၊ ပေးလှူသော။ အသယှော၊ အသယျသူဋ္ဌေးသည်။ ကထံဟိကေန ကာရဏေန၊ အဘယ်သို့သော် အကြောင်းကြောင့်။ ပရပတ္တိယံ၊ သူတပါးသည် ပြီးစေအပ်သည်၏ အဖြစ်ကို။ ကရေယျ၊ ပြုတိသနည်း။
အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။ ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း။ ဝတ္ထသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာ နေတို့ကိုလည်းကောင်း။ သဟတ္ထေနောဝ၊ မိမိထက်ဖြင့်သာလျှင်။ ဒဒေယျ၊ ပေးရာ၏။ သယံဝါဗျာကဋော၊ မိမိလုံ့လ ပြုအပ်သည်မူလည်း။ ဘဝေယျ၊ ဖြစ်ရာ၏။
ဘော၊ အချင်းတို့။ သောဟိသော ဧဝ အဟံ၊ ထိုငါသည်သာလျှင်။ နူန၊ အကြံရှိ၏။ ဣတော၊ ဤသဲကန္တာရမှ။ ဂန္တွာ၊ သွား၍။ ဒွါရကံ၊ ဒွါရဝတီမြို့သို့။ အနုပတွာန၊ ရောက်၍။ ယံဒါနံ၊ အကြင်အလှူသည်။
မမ၊ ငါ၏။ သုခါဝဟံ၊ ချမ်းသာသည်ရွက်ဆောင်တတ်သည်။ အဿ၊ ဖြစ်ရာ၏။ တံဒါနံ၊ ထိုအလှူကို။ ပဋ္ဌပယိဿာမိ၊ ဖြစ်စေအံ့။
အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။ ပါနဉ္စ၊ အဖျော်ကိုလည်း။ ဝတ္ထသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာနေရာကိုလည်းကောင်း။
ပပဉ္စ၊ ရေအိုးစဉ်ကို လည်းကောင်း။ ဥပဒါနဉ္စ၊ ရေတွင်းရေကန်ကို လည်းကောင်း။ ဒုဂ္ဂေ၊ ညွန်ရှိ၍ ကူးခတ်သော ခရီး၌။ သင်္ကမာနာနိစ၊ တံတားတို့ကိုလည်းကောင်း။ ဒဿာမိ၊ ပေးလှူအံ့။
သောအင်္ကုရော၊ ထိုအင်္ကုရမင်းသားသည်။ တတောဟိတတောဧဝ၊ ထိုသဲကန္တာရမှသာလျှင်။ နိဝတ္တိတွာ၊ ပြန်နစ်၍။ ဒွါရကံ၊ ဒွါရဝတီမြို့သို့။ အနုပတွာန၊ ရောက်၍။ ယံဒါနံ၊ အကြင်အလှူသည်။
အတ္တနော၊ မိမိ၏။ သုခါဝဟံ၊ မျက်မှောက်၍ ချမ်းသာ နောင်အခါ၌ ချမ်းသာကို ရွက်ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။ တံဒါနံ၊ ထိုသို့သော အလှူကို။ ပဋ္ဌတိ၊ ဖြစ်စေ၏။
ဝိပ္ပသန္နေန၊ အထူးသဖြင့် ကြည်ညိုသော။ စေတသာ၊ စိတ်ဖြင့်။ အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။ ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း။ ဝတ္ထသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာနေရာတို့ကိုလည်းကောင်း။
ပပဉ္စ၊ ရေအိုးစဉ်ကို လည်းကောင်း။ ဥဒပါနဉ္စ၊ ရေတွင်းရေကန်ကို၎င်း။ အဒါ၊ ပေးခဲ့ဘူး၏။
ကော၊ အဘယ်သူသည်။ ဆာတော၊ ထမင်းအာဟာရငတ်သနည်း။ သော၊ ထိုထမင်းအာဟာ၌ဖြင့် ငတ်သောသူသည်။ အာဂန္တွာ၊ အထံသို့လာ၍။ ယထာရုစိ၊ အလိုအတိုင်း ။ သုဉ္ဇတု၊ စားစေသတည်း။ ကော၊ အဘယ်သူသည်။ တသိတော၊ ရေအဖျော်မွတ်သနည်း။ ကော၊ ထိုအရေအဖျော်ဖြင့်မွတ်သော သူသည်။ အာဂန္တွာ၊ လာ၍။ ယထာရုစိ၊ အလိုရှိတိုင်း။ ပိဝတု၊ သောက်စေသတည်း။ ကော၊ အဘယ်သူသည်။ ဝတ္ထံ၊ အဝတ်အရုံကို။ ပရိဒဟိဿတိ၊ ဝတ်ရုံလတ္တံ့နည်း။ သော၊ ထိုအလိုဝတ်အရုံလိုသော သူသည်။ အာဂန္တွာ၊ လာ၍ ။ ပရိဒဟတု၊ ဝတ်ရုံစေသတည်း။
ကဿ၊ အဘယ်သူ၏။ ယောဂ္ဂါန၊ လှည်းယဉ်တို့သည်။ သန္တာနိ၊ ပင်ပန်းခြင်းသို့ရောသတည်း။ ဣတော၊ ဤယာဉ်အပေါင်းမှ။ ဝါဟနံ၊ ယာဉ်ကို။ ယောဇန္တု၊ ကစေကုန်သတည်း။
ကော၊ အဘယ်သူသည်။ ဆတ္တိံ၊ ထီးကို၎င်း။ ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း။ ဣစ္ဆသိ၊ အလိုရှိသနည်း။ သော၊ ထိုအလိုရှိသော သူသည်။ ဂဏှတု၊ ယူလာလှည့်။ ကော၊ အဘယ်သူသည်။ မာလံ၊ ပန်းကို။ ဣစ္ဆိသိ၊ အလိုရှိသနည်း။ သော၊ ထိုအလိုရှိသော သူသည်။ ဂဏှသု၊ ယူလာလှည့်။ ကော၊ အဘယ်သူသည်။ ဥပါဟနံ၊ ဘိနစ်ကို။ ဣစ္ဆတိ၊ အလိုရှိသနည်း။
သော၊ ထိုအလိုရှိသော သူသည်။ ဂဏှတု၊ ယူလာလှည့်။ ဣတိ၊ ဤသို့ အဘယ်သူဆာမွတ်သနည်း။ တတ္ထအင်္ကုရနိဝေသနေ၊ ထိုအင်္ကုရမင်းသား၏ အိမ်၌။ ကပ္ပတာ၊ ဆတ္တာသည်တို့သည်လည်းကောင်း။ သုဒါ၊ စဖိုသည်တို့သည်လည်းကောင်း။ ပဋဝါ၊ နံ့သာသည်တို့လည်းကောင်း။
သဒါ၊ အခါခပ်သိမ်း။ သာယဉ္စ၊ ညဉ့်အခါ၌ လည်းကောင်း။ ပါတဉ္စ၊ နံနက်အခါ၌လည်းကောင်း။ ဃောသန္တိ၊ ကြွေးကြော်ကုန်၏။
သိန္ဒုက၊ သိန္ဒုကလုလင်။ အင်္ကုရော၊ အင်္ကုရမင်းသားသည်။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ ဣတိ၊ ဤသို့။ ဇနော၊ သူအပေါင်းသည်။ ဇာနာတိ၊ သိ၏။
အဟံ၊ ငါသည်။ ယံယသ္မာ၊ အကြင့်ကြောင်း။ ယာစကေ၊ သူတောင်းစားတို့ကို။ နပဿာမိ၊ မမြင်။ တသ္မာ၊ ထိုသို့မမြင်သောကြောင့်။ ဒုက္ခံ၊ ဆင်းရဲစွာ ။ သုပါမိ၊ အိပ်ရ၏။
အင်္ကုရော၊ အင်္ကုရမင်းသားသည်။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်၏။ ဣတိ၊ ဤသို့။ ဇနော၊ လူသည်။ မံ၊ ငါ့ကို။ ဇာနာတိ၊ သိ၏။
အဟံ၊ ငါသည်။ ဝဏိဗ္ဗကေ၊ ကျေးဇူးကို ချီးမွမ်း၍ တောင်းစားတတ်သော သူသည်။ အပ္ပကေ၊ နည်းသည်ရှိသော။ ဒုက္ခံ၊ ဆင်းရဲစွာ။ သုပါမိ၊ အိပ်ရ၏။
အယျ၊ အရှင်မင်းသား။ တာဝတိသာနံ၊ တာဝတိံသာနတ်တို့၏ လည်းကောင်း။ သဗ္ဗဿလောကဿ၊ ခပ်သမ်းသော လူ၏ လည်းကောင်း။ ဣဿရော၊ အရှင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ တေ၊ သင်မင်းသားအား။ ဝရံ၊ တောင့်တအပ်သော ဆုကို။ စေဒဇ္ဇာ၊ အကယ်၍ ပေးငြားအံ့။
ဝရမာနော၊ ဆုကိုအလိုရှိသော။ တွံ၊ အရှင်မင်းသားသည။ ကိဿကီဒိသံ၊ အဘယ်သို့ သဘောရှိသော ။ ဝရံ၊ ဆုကို။ ဝရေ၊ အလိုရှိမည်နည်း။
သိန္ဒု၊ သိန္ဒုကလုလင်။ တာဝတိံသာနံ၊ တာဝတိံသာနတ်တို့၏။ ဣဿရော၊ အရှင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ စေဒဇ္ဇာ၊ အကယ်၍ ပေးငြားအံ့။
ကာလေ၊ နံနက်အခါ၌။ ဥဋ္ဌိတဿ၊ အလှူခံတို့အား အရိုအသေ ပြုခြင်းလုပ်ကျွေးခြင်း စသည်တို့၏ အစွမ်းဖြင့် ထကြွလုံ့လရှိသည်။ သတောသန္တဿ၊ ဖြစ်သော။ မေ၊ ငါ၏။ သူရိယဂ္ဂမနံပတိ၊ နေတက်သောအခါ၌။
ဒိဗ္ဗာဘက္ခာ၊ နတ်၌ဖြစ်ကုန်သော အစာအာဟာရတို့သည်။ ပါတုဘဝေယျုံ၊ ထင်စွာ ဖြစ်ကုန်အံ့။ သီလဝန္တော၊ သီလရှိကုန်သော။ ယာစကာစ၊ သူတောင်းစားစသော သူတို့သည်လည်း။ ပါတုဘဝေယျုံ၊ ထင်စွာဖြစ်ကုန်အံ့။
ဒဒတော၊ လာတိုင်းလာတိုင်းသော သူတို့အားပေးလှူသော။ မေ၊ ငါ၏။ ဒေယျဓမ္မောစ၊ လှူဘွယ် ဝတ္ထုသည်လည်း။ နခိယျေထ၊ ကုန်ခြင်းသို့ မရောက်အံ့။ အဟံ၊ ငါသည်။ ဒတွာ၊ ပေးလှူရသောကြောင့်။ နာနုဒတပေယျံ၊ နောင်တဘန်မပူပန်ရာ။
ဒဒံဒဒန္တော၊ ပေးလှူသော။ အဟံ၊ ငါသည်။ စိတ္တံ၊ ငါ၏ စိတ်ကို။ ပသာဒေယျံ၊ ကြည်လင်စေအံ့။ သက္က၊ သိကြားမင်း၏။ ဧတံ တိဝိဓံ၊ ဤလှူဘွယ်ဝတ္ထု၏ ပြည့်စုံခြင်းအလှူခံ၏ ပြည့်စုံခြင်း အလှူပေး၏ ပြည့်စုံခြင်းဟု ဆိုအပ်သော သုံးပါးအပြားရှိသော။ ဝရံ၊ ဆုကို။ ဒေဟိ၊ ပေလော့။ ဣတိ၊ ဤသို့။ ဝရေဝရေယျံ၊ တောင်းယူအံ့။ ဣတိ၊ ဤသို့။ အဘာသိ၊ ရွတ်ဆို၏။
အယျ၊ အရှင်မြင်းသား။ သဗ္ဗဝိတ္တာနိ၊ အလုံးစုံသက်ရှိသက်မဲ့ ဥစ္စာတို့ကို။ ပရေပရဿ၊ သူတပါးအား။ နပဝစ္ဆေ၊ မပေးလှူရာ။ ဒါနဉ္စ၊ အလှူကိုလည်း။ ဝိဘဝါနူရူပံ၊ စည်းစိမ်ဥစ္စာရှိပါသည်အလျောက်။ ဒဒေယျ၊ ပေးလှူရာ၏။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ ရက္ခေ၊ စောင့်ရှောက်ရာ၏။
ယသ္မာ၊ အကြင်ကြောင့်။ ဒါနံ၊ အလှူပေးခြင်းသည်။ ဓနမူလကံ၊ ဥစ္စာလျှင် အကြောင်းရှိ၏။ တသ္မာ ဟိ တသ္မာဝေ၊ ထိုကြောင့်သာလျှင်။ ဒါနာ၊ ပေးလှူခြင်းတက်။ ဓနမေဝ၊ ဥစ္စာသည်သာလျှင်။ သေယျော၊ ကောင်းမြတ်၏။ အပ္ပဒါနေန၊ အလွန်အလှူပေးခြင်းဖြင့်။ ကုလာနိ၊ အမျိုးအနွယ်တို့သည်။ နဟောန္တိ၊ မဖြစ်ကုန်။
အယျ၊ အရှင်မင်းသား။ အဒါနဉ္စ၊ အချင်းခပ်သိမ်း မပေးမလှူခြင်းကိုလည်းကောင်း။ အတိဒါနဉ္စ၊ အတိုင်းအရှည်ထက်လွန်၍ ပေးလှူခြင်းကို လည်းကောင်း။ ပဏ္ဍိတ၊ ပညာရှိတို့သည်။ နပသံသန္တိ၊ မချီးမွမ်းကုန်။
ယသ္မာ၊ အကြင့်ကြောင့်။ ဒါနံ၊ အလှူသည်။ ဓနမူလကံ၊ ဥစ္စာလျှင် အကြောင်းရှိ၏။ တသ္မာ ဟိ တသ္မာဧဝ၊ ထို့ကြောင့်သာလျှင်။ ဒါနာ၊ ပေးလှူခြင်းထက်။ ဓနမေဝ၊ ဥစ္စာသည်သာလျှင်။ သေယျော၊ ကောင်းမြတ်၏။ အယျ၊ အရှင်မင်းသား။ သမေနဉာယေန၊ အသင်းအားဖြင့်။ ဝတ္တေယျ၊ ကျင့်ရာ၏။ သော၊ ထိုဆိုအပ်ခဲ့ပြီးသောအကျင့်သည်။ ဓီရဓမ္မော၊ နီတိနည်း၌ လိမ္မာကုန်သော ပညာရှိတို့၏ အကျင့်တည်း။
အယျ၊ အရှင်သိန္ဒုက လုလင်။ ဒါနံ၊ ပေးလှူခြင်းသည်။ မေ၊ ငါအား။ အဟောဝတ၊ ဩကောင်းစွတကား။ အဟံ၊ ငါသည်။ ဒါနံ၊ အလှူကို။ ဒဇ္ဇံဧဝ၊ အလှူသည်သာလျှင်တည်း။ တသ္မိံဒါနေ၊ ထိုငါပေးသော အလှူ၌။ သန္တော၊ ငြိမ်သက်သော ကိုယ်နှုတ်နှလုံးရှိကုန်သော။ သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။ ဘဇေယျုံ၊ ကပ်ကုန်ရာ၏။
အယျ၊ အရှင်သိန္ဒုကလုလင်။ မေဃော၊ ရိဃ်းသည်။ နိန္နံနိန္နဋ္ဌာနံ၊ နိမ့်ရှိုင်းချိုင်းရာ အရပ်သို့။ ပရိပူရယန္တော၊ ပြည့်စေလျက်။ ဝဿယေဝိယ၊ ရွာသကဲ့သို့။ အဟံ၊ ငါသည်။ သဗ္ဗဝနိဗ္ဗကာနံ၊ ကျေးဇူးကိုချီးမွမ်း၍ တောင်းစားသော သူအစရှိကုန်သော ခပ်သိမ်းသော အလှူခံတို့၏။ အဓိပ္ပါယံ၊ အလိုကို။ ပူရယန္တော၊ ပြည့်စေလျက်။ သတ္တပ္ပဟေ သန္တပ္ပေယျံ၊ ကောင်းစွာ ရောင့်ရဲစေအံ့။
အရေ၊ လုလင်။ ယာစနကေ၊ သူတောင်းစား စသည်တို့ကို။ ဒိသွာ၊ မြင်သောကြောင့်။ ယဿ၊ အကြင်သူ၏။ မုခဝဏ္ဏော၊ မျက်နှာ အဆင်းသည်။ ပသီဒတိ၊ ကြည်လင်အံ့။
ဒတွာ၊ ပေးလှူပြီး၍။ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်အံ့။ ဃရံဃရေ၊ အိမ်၌။ ဝသတောဝသန္တဿ၊ နေသော။ တဿ၊ ထိုသူ၏။ တံ၊ ထိုမျက်နာ၏ ကြည်လင်ခြင်း နှစ်သက်ဝမ်းမြောက်သော စိတ်ရှိခြင်းသည်။ သုခံ၊ ချမ်းသာခြင်း၏ အကြောင်းတည်း။
အရေ၊ လုလင်။ ယာစနကေ၊ သူတောင်းစားတို့ကို။ ဒိသွာ၊ မြင်ခြင်းကြောင့်။ ယဿ၊ အကြင်သူ၏။ ရခဝဏ္ဏော၊ မျက်နှာအဆင်းသည်။ ပသီဒတိ၊ ကြည်လင်အံ့။
ဒတွာ၊ ပေးလှူပြီး၍။ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်။ ဟောတိ၊ ဖြစ်အံ့။ တဿ၊ ထိုသူ၏။ သော၊ ဤမျက်နှာအဆင်းကြည်လင်နှစ်သက်ဝမ်းမြောက်ခြင်းသည်။ ယညဿ၊ အလှူ၏။ သမ္ပဒါ၊ ပြည့်စုံခြင်းတည်း။
အရေ၊ လုလင်။ ယော၊ အကြင်သူသည်။ ဒါနာ၊ ပေးလှူသည်မှ။ ပုဗ္ဗေဝ၊ ရှေ့အဖို့၌သာလျှင်။ သုမနော၊ နှစ်သက်ဝမ်းမြောက်သည်။ ဟောတိ၊ ဖြစ်အံ့။ ဒဒံဒဒန္တော၊ ပေးလှူသော သူသည်။ စိတ္တံ၊ စိတ်ကို။ ပသာဒယေ၊ ကြည်လင်စေအံ့။
ဒတွာ၊ ပေးလှူပြီး၍လည်း။ သုမနော၊ နှစ်သက်ဝမ်းမြောက်သည်။ ဟောတိ၊ ဖြစ်အံ့။ တဿ၊ ထိုသူ၏။ ဧသာ၊ ဤသို့ သော ပြည့်စုံခြင်းသည်။ ယညဿ၊ အလှူ၏။ သမ္ပဒါ၊ ပြည့်စုံခြင်းတည်း။
ပုညပေက္ခသ၊ အလှူပေးခြင်းကို အလိုရှိသော။ အင်္ကုရဿ၊ အင်္ကုရမင်းသား၏။ နိဝေသနေ၊ အိမ်၌။ နိစ္စံဒိဝသေဒိဝသေ၊ နေ့တိုင်းနေ့တိုင်း။ ဇန္တုနော၊ သတ္တဝါအပေါင်းအား။ သဋ္ဌိပါဟသဟဿာနိ၊ အတင်းနှစ်ဆယ်ပင်ကုန်သောလှည်းတို့ ၏ ခြောက်သောင်းအတိုင်းအရှည်တို့ကို။ ဘောဇနံ၊ ဘောဇဉ်စားဘွယ်ကို။ ဒိယျတေ၊ ပေးလှူအပ်၏။
ယညဿ၊ အလှူကြီးကို။ ဒါနေ၊ ပေးလှူပူဇော်ရာ၌။ ဝါဝဋာ၊ လုံလပြုကုန်သော။
အာမုတ္တမဏိကုဏ္ဍလာ၊ ပတ္တမြားနားဍောင်းဝတ်ကုန်သော။ တိသဟဿာနိတိသဟဿာ၊ သုံးထောင်အတိုင်းအရှည်ရှိကုန်သော။ သုဒ္ဒါဘတ္တကာရကာစ၊ စဖိုသည်တို့သည်လည်း။ အင်္ကုရံ၊ အင်္ကုရမင်းသားကို။ ဥပဇီဝန္တိ၊ မှီ၍ အသက်မွေးကုန်၏။
အာမုတ္တမဏိကုဏ္ဍလာ၊ ပတ္တမြားနားဍောင်းဝတ်ဆင်ကုန်သော။ မာဏဝါ၊ ပျိုငယ်ကုန်သော။ သဋ္ဌိပုရိသသဟာဿာနိသဋ္ဌိသဟဿပုရိသာ၊ ခြောက်သောင်းကုန်သော ယောင်္ကျားတို့သည်။
အင်္ကုရဿ၊ အင်္ကုရမင်းသား၏။ မဟာဒါနေ၊ အလှူကြီးကို ပေးရာ၌။ ပစနာယ၊ ချက်စိမ့်သောငှါ။ ကဋ္ဌံ၊ ထင်းကို။ ဖာလေန္တိ၊ ခွဲကုန်၏။
သဗ္ဗာလင်္ကာရဘူသိတာ၊ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော။ နာရိဘော၊ ငယ်စဉ်ကာလကမိဘစသော သူတို့သည်ဆောင်အပ်သောကြောင့် နာရီဟု ဆိုအပ်ကုန်သော။ သောဠသိတ္ထိသဟဿာနိသောဠာသဘဿဣတ္ထိယော၊ တသောင်းခြောက်ထောင်ကုန်သော မိန်းမတို့သည်။
အင်္ကုရဿ၊ အင်္ကုရမင်းသား၏ ။ မဟာဒါနေ၊ အလှူကြီးကို ပေးရာ၌။ ဝိဓာဝိဓာတဗ္ဗာနိ၊ အလုံအခဲပြုလုပ်အပ်ကုန်သော ခဲဘွယ်တို့ကို။ မိဏ္ဍေန္တိ၊ လုံးကုန်၏။
သဗ္ဗာလင်္ကာရဘူသိတာ၊ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော။ သောဠသိတ္ထိသဟဿာနိ သောဠဿသဟဿဣတ္ထိယော၊ တသောင်းခြောက်ထောင်ကုန်သော မိန်းမတို့သည်။
အင်္ကုရဿ၊ အင်္ကုရမင်းသား၏။ မဟာဒါနေ၊ အလှူကြီး တို့ကို ပေးရာ၌။ ဒဗ္ဗိဂါဟာ၊ ယောင်းမဟင်းချိုကိုင်စွဲကုန်လျက်။ ဥပဋ္ဌိတာ၊ အနည်း၌တည်ကုန်၏။
ခတ္တိယော၊ မင်းမျိုးဖြစ်သော။ အင်္ကုရော၊ အင်္ကုရမင်းသားသည်။ စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ဗဟာန္နံ၊ များစွာကုန်သော သူတို့အား။ ဗဟုံ၊ များစွာသော လှူလွယ်ဝတ္ထုတို့ကို။ ပါဒါသိ၊ အပြားအားဖြင့် ပေးလှူ၏။
သက္ကစ္စဉ္စ၊ အရိုအသေပြု၍လည်းကောင်း။ သဟတ္ထာသကတ္ထေနစ၊ မိမိ၏ထက်ဖြင့် လည်းကောင်း။ စိတ္တီကတွာစ၊ အသေးအမြတ်ပြု၍လည်းကောင်း။ ပုနပ္ပုနံ၊ အကြိမ်းများစွာ။ ပါဒါသိ၊ အပြားအားဖြင့် ပေးလှူ၏။
အင်္ကုရော၊ အင်္ကုရမင်းသားသည်။ ဗဟုမာသေစ၊ များစွာသော လတို့ပတ်လုံးလည်းကောင်း။ ပက္ခေဗဟုပက္ခေစ၊ များစွာသော ပက္ခတို့ပတ်လုံးလည်းကောင်း။ ဥတုသံဝစ္ဆရာနိဗဟုဥတုသံပစ္ဆရာနိစ၊ များစွာသောဥတုတို့ပတ်လုံး၎င်း။
ဒီဃမန္တရေဒီဃမန္တရံ၊ ကြာမြင့်စွာသောအပိုင်းအခြားရှိသော ကာလပတ်လုံး။ မဟာဒါနံ၊ ကြီးစွာသော အလှူကို။ ပဝတ္တေသိ၊ ဖြစ်စေ၏။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ သောအင်္ကုရော၊ ထိုအင်္ကုရမင်းသားသည်။ ဒီဃမန္တရေဒီဃမန္တရံ၊ ကြာမြင့်စွာသော အပိုင်းအခြားရှိသော ကာလပတ်လုံး။ ကောသစ္ဆိဒက္ခိဏေယျာနံ၊ အချို့သော အလှူခံတို့အား။ ဧကစ္စဿဒေယျဓမ္မဿ၊ အချို့သော လှူဘွယ်ဝတ္ထုကို။ ပရိဝဇ္ဇနဝသေန၊ စွန့်သည်၏ အစွမ်းဖြင့် ။ ဒတွာစ၊ ပေးလျူ၍ လည်းကောင်း။ သဗ္ဗေသံ၊ ခပ်သိမ်းသောအလှူခံတို့အား။ ယထာက္ကမံ၊ အလိုအတိုင်း။ ဒါနဝသေန၊ ပေးလှူသည်၏ အစွမ်းအားဖြင့်။ ယဇိတွာစ၊ ပူဇော်၍ လည်းကောင်း။ မနုသံ၊ လူ၌ဖြစ်သော။ ဒေဟံ၊ ကိုယ်ကို။ ဟိတွာန၊ စွန့်၍။ တာဝတိံသူပဂေါ၊ တာတတိံသာ နတ်ပြည်သို့လားသည်။ အဟု အဟောသိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။ တာဝတိံသေသု၊ တာဝဝတိံသာနတ်တို့၌။ ယောဣန္ဒကော၊ အကြင်ဣန္ဒကနတ်သားသည်။ အတ္ထိ၊ ရှိ၏။ သောဣန္ဒကော၊ ထိုဣန္ဒကနတ်သားသည်။ ပုရေ၊ ရှေးဘဝ၌။ အနုရုဒ္ဓါဿ၊ အနုရုဒ္ဓါအား။ ကဋစ္ဆုသိက္ခံ၊ တဟင်းချိုမျှသော ဆွမ်းကို။ ဒတွာန၊ ပေးလှူ၍။
မနုသံ၊ လူ၌ဖြစ်သော။ ဒေဟံ၊ ကိုယ်ကို။ ဟိတွာ၊ စွန့်၍။ တာဝတိံ၊ သူပဂေါ။ တာဝတိံ၊ သာနတ်ပြည်သို့လားသည်။ အဟုအဟောသိ၊ ဖြစ်၏။
သောဣန္ဒကော၊ ထိုဣန္ဒကနတ်သားသည်။ ဒသဟိ၊ ဆယ်ပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ အင်္ကုရံ၊ အင်္ကုရမင်းသားကို။ အတိရောစတိ၊ လွှမ်းမိုး၍တင့်တယ်၏။
မနောရမ္မေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော ။ ရူပေစ၊ ရူပါရုံ၏ ပြည့်စုံခြင်းကြောင့်၎င်း။ သဒ္ဒေစ၊ သဒ္ဒါရုံ၏ ပြည့်စုံခြင်းကြောင့်၎င်း။ ရသေစ၊ ရသာရုံ၏ ပြည့်စုံခြင်းကြောင့်လည်းကောင်း။ ဂန္ဓေစ၊ ဂန္ဓာရုံ၏ ပြည့်စုံခြင်းကြောင့်လည်းကောင်း။ ဖောဋ္ဌဗ္ဗေစ၊ ဖောဋ္ဌဗ္ဗာရုံ၏ ပြည့်စုံခြင်းကြောင့်လည်းကောင်း။
အာယုနာစ၊ အသက်ရှည်ခြင်းဖြင့်လည်းကောင်း။ ယသသာစေဝ၊ အခြံအရံ၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း။ ဝဏ္ဏေနစ၊ သဏ္ဌာန်၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း။ အဓိပစ္စေနစ၊ အစိုးရသော အဖြစ်ဖြင့်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒသဟိ၊ ဆယ်ပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣန္ဒကော၊ ဣန္ဒကံနတ်သား သည်။ အင်္ကုရံ၊ အင်္ကုရမင်းသားကို။ အတိဝိရောစတိ၊ သာလွန်၍တင့်တယ်၏။
ယဒါ၊ အကြင်အခါ၌။ ပုရိသုတ္တမော၊ ယောင်္ကျားတကာတို့ထက်မြတ်သော။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ တာဝတိံသေ၊ တာဝတိံသာနတ်ပြည်မှ။ ပါရိဆတ္တကမူလမှိ၊ ပင်လယ်ကသစ်၏ အနီး၌။ ပဏ္ဍုကမ္ပလေ၊ ပဏ္ဍုကမ္ပလာအမည်ရှိသော။ သိလာယ၊ ကျောက်နေရာ၌။ ဝိဟာသိ၊ နေတော်မူ၏။
ဘဒါ၊ ထိုအခါ၌။ ဒဿသုလောကဓာတု၊ တသောင်းသော လောကဓာတ်တို့၌။ တသန္တာ၊ နေကုန်သော။ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်။ ပန္နိပတိတွာန၊ စည်းဝေးကုန်၍။ နဂရဒ္ဓိနိ၊ မြင့်မိုရ်တောင်ထိပ်၌။ ဝသန္တံ၊ နေတော်မူသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ မယိရုပါသန္တိ၊ ဆည်းကပ်ကုန်၏။
ကောစိ၊ တစုံတယောက်သော။ ဒေဝေါ၊ နတ်ဗြဟ္မာသည်။ ဝဏ္ဏေန၊ အဆင်းအရောင်ဖြင့်။ သမ္ဗုဒ္ဓံ၊ ဘုရားရှင်ကို။ န အတိဝိရောစတိ၊ သာလွန်၍ မတင့်တယ်။ သမ္ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားသည်သာလျှင်။ သဗ္ဗေဒေဝေ၊ ခပ်သိမ်းသော နတ်ဗြဟ္မာတို့ကို။ အဓိဂ္ဂယှ၊ သာလွန်၍။ ဝိရောစတိ၊ တင့်တယ်၏။
တဒါ၊ ထိုအခါ၌။ အယံ အင်္ကုရော၊ ဤအင်္ကုရနတ်သားသည်။ သတ္ထု၊ ဘုရားရှင်၏။ နိသိန္နဌာနကော၊ ထိုင်နေတော်မူရာအရပ်မှ။ ဒသယောဇနာနိစ၊ ဆယ်ယူဇနာတို့ကို လည်းကောင်း။ ဒွေစယောဇနာနိ၊ နှစ်ယူဇနာ တို့ကိုလည်းကောင်း။ အန္တရံ၊ အခြားပြု၍။ နိသိန္နော၊ ထိုင်နေသည်။ အဟု၊ ဖြစ်၏။ ဣန္ဒကော၊ ဣန္ဒကနတ်သားသည်။ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အဝိနူရေ၊ အနီး၌။ နိသိန္ဓော၊ ထိုင်နေသည်။ အဟု၊ ဖြစ်၏။
ဣန္ဒကောြ၊ ဣန္ဒကနတ်သားသည်။ အင်္ကုရဿ၊ အင်္ကုရနတ်သားထက်။ အတိရောစတိ၊ သာလွန်၍တင့်တယ်၏။ တဒါ၊ ထိုအခါ၌။ သမ္ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ အင်္ကုရဉ္စာပိ၊ အင်္ကုရနတ်သားကိုလည်းကောင်း။ ဣန္ဒကဉ္စာပိ၊ ဣန္ဒက နတ်သားကိုလည်းကောင်း။ ဩလောကေတွာ၊ ကြည့်တော်မူ၍။ ဒက္ခိဏေယျံ၊ အလှူခံ၏ ပြည့်စုံခြင်းကို။ သမ္ဘာဝေန္တာ၊ ထင်စွာ ပြတော်မူလိုသည်ဖြစ်၍။ ဣဒံဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ ဆိုတော်မူ၏။
အင်္ကုရ၊ အင်္ကုရနတ်သား။ တယာ၊ သင်သည်။ ဒီဃမန္တရေဒီဃံမန္တရံ၊ ကြာမြင့်စွာ အပိုင်းအခြား ရှိသော ကာလပတ်လုံး။ မဟာဒါနံ၊ ကြီးစွာသော အလှူကို။ ဒိန္နံ၊ ပေးလှူအပ်၏။
ကသ္မာ၊ အဘယ်ကြောင့်။ တွံ၊ သင်သည်။ အတိဒူရေ၊ အလွန်ဝေးသော အရပ်၌။ နိသိန္နော၊ ထိုင်နေသည်။ အသိ၊ ဖြစ်သနည်း။ မမ၊ ငါဘုရား၏။ သန္တိကံ၊ အထံသို့။ အာဂစ္ဆ၊ လာခဲ့သော။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆိုတော်မူ၏။
ဘာဝိတတ္တေန၊ ပါရမီသည် ထုန်အပ်သော အရိယမဂ်ဘာဝနာဖြင့် ပွါးစေအပ်သော စိတ်ရှိတော်မူသော။ သမ္ဗု‌ဒ္ဓေန၊ မြတ်စွာဘုရားသည်။ စောဒိတော၊ တိုက်တွန်းအပ်သော။ အင်္ကုရေ၊ အင်္ကုရနတ်သားသည်။ ဣဒံဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ ဆို၏။
ဘန္တေ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တဒါ၊ ထိုအခါ၌။ မမ၊ အကျွန်ုပ်၏။ ဒါနံ၊ အလှူလည်း။ ဒက္ခိဏေယျ၊ အလှူကိုခံထိုက်သော သူမှ။ သုညတံ၊ ဆိတ်၏။ တေန ဒါနေန၊ ထိုအလှူဖြင့်။ မယှံ၊ အကျွန်ုပ်အား။ ကိံ၊ အဘယ်မူစအံ့နည်း။
ဣန္ဒတော၊ ဣန္ဒက အမည်ရှိသော။ အယံသောယက္ခော၊ ဤနတ်သားသည်။ ပရိတ္တကံ၊ အနည်းငယ်သော။ ဒါနံ၊ အလှူကို။ ဒဇ္ဇဒဇ္ဇိတွာ၊ ပေးလှူ၍။
တာရဂဏေ၊ ကြယ်အပေါင်း၌။ စန္ဒော၊ လသည်။ အတိဝိရောစတိယထာ၊ သာလွန်၍ တင့်တယ်ဘိသကဲ့သို့။ အမှေဟိ၊ အကျွန်ုပ်တို့ထက်။ အတိဝိရောဂတိ၊ အလွန်သာ၍တင့်တယ်၏။
ဥဇ္ဇင်္ဂလေ၊ အလွန်ကြမ်းသော မြေအဖို့ရှိ‌သော။ ခေတ္တေ၊ အဘယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗိဇံ၊ မျိုးစေ့သည်။ ဗဟုပိ၊ များသော်လည်း။
ဝိပုလဖလံ၊ များမြတ်သောအသီးရှိသည်။ န ဟောတိယထာ၊ မဖြစ်သကဲ့သို့။ ကဿတံ၊ လယ်ရှင်ကို။ နာဝိကောသေတိယထာ၊ နှစ်သက်ခြင်းကိုလည်း မဖြစ်စေနိုင် သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ ဒုဿီလေသု၊ သီလမရှိကုန်သောအလှူခံတို့၌။ ပတိဋ္ဌိတံ၊ တည်သော။ ဒါနံ၊ အလှူသည်။ ဗဟုကံပိ၊ များသော်လည်း။ ဝိပုလဖလံ၊ ပြန့်ပြောကောင်းမြတ်သော အကျိုးသည်။ နဟောတိ၊ မဖြစ်။ ဒါယကံ၊ အလှူရှင်ကို။ နာပိတောသေပိ၊ နှစ်သက်ခြင်းကိုလည်း မဖြစ်စေနိုင်။
ဘဒ္ဒကေ၊ ကောင်းမြတ်သော အဖို့ရှိသော။ ခေတ္တေ၊ လယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗိဇံ၊ မျိုးစေ့သည်။ အပ္ပမ္ပိ၊ အနည်းငယ်ပင်ဖြစ်‌သော်လည်း။ ဓာရံ၊ မိုဃ်းရည်အယဉ်သည်။ သမ္မာပဝစ္ဆန္တေ၊ ကောင်းစွာ ရွာသည်ရှိသော်။ ဖလံ၊ အသီးသည်။ ကဿကံ၊ လယ်လုပ်သော ယောင်္ကျားကို။ တောသေတိယထာပိ၊ နှစ်သက်စေနိုင်သကဲ့သို့လည်း။
တထေဝ၊ ထိုအတူသာလျှင်။ သီလဝန္တေသု၊ သီလရှိကုန်သော။ ဂုဏဝန္တေသု၊ ဂုဏ်ကျေးဇူးနှင့်ယှဉ်ကုန်သော။ တာဒီသု၊ ဣဋ္ဌာရုံ စသည် တို့၌သည်းခံခြင်းသို့ ရောက်ကုန်သော အလှူခံတို့၌။
ကတံ၊ ပြုအပ်သော။ ကာရံ၊ ကျေးဇူး ဥပကာရသည်။ အပ္ပကံပိ၊ အနည်းငယ်ပင်ဖြစ်သော်လည်း။ ပုညံ၊ ကောင်းမှုသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
ယတ္ထ၊ အကြင်ကောင်းသော လယ်မြေခေတ်နှင့်တူထသော အလှူခံ၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ အကျိုးကြီးမြတ်၏။ တတ္ထ၊ ထိုကောင်းသောလယ်မြေခေတ်နှင့်တူသော အလှူခံ၌။ ဝိစေယျ၊ ပညာဖြင့် စူးစမ်း၍။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။
ဝိစေယျ၊ ပညာဖြင့် ဆင်ခြင်းစူးစမ်း၍။ ဒါနံ၊ အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ ဒါယကာ၊ ပေးလှူတတ်ကုန်သော သူတို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂစ္ဆန္တိ၊ လားရကုန်၏။
ဝိစေယျ၊ ပညာဖြင့် ဆင်ခြင်စူးစမ်း၍။ ဒါနံ၊ ပေးလှူခြင်းကို။ သုဂတပသတ္ထံ၊ မြတ်စွာဘုရားသည်ချီးမွမ်းတော်မူအပ်၏။ ဣဓဇီဝလောကေ၊ ဤသတ္တလောက၌။ ယေဒ‌က္ခိဏေယျာ၊ အကြင်အလှူကိုခံထိုက်ကုန်သော ရဟန္တာသောကလျာဏ ပုထုဇဉ်အလှူခံတို့သည်။ သန္တိ၊ ရှိကုန်၏။
သုခေတ္တေ၊ ကောင်းသောလယ်မြေခေတ်၌။ ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗိဇာနိ၊ မျိုးစေ့တို့သည်။ မဟပ္ဖလာနိ၊ များမြတ်သော အသီးရှိကုန်သည်။ ဟောန္တိယထာ၊ ဖြစ်ကုန်သကဲ့သို့။ တေသု၊ ထိုအလှူခံခြင်းငှါ ထိုက်ကုန်သောရဟန္တာ ။ သေက္ခကလျာဏ၊ ပုထုဇဉ်အလှူခံတို့၌။ ဒိန္နာနိ၊ ပေးလှူအပ်ကုန်သော အလှူတို့သည်။ မဟပ္ဖလာနိ၊ အကျိုးကြီးမြတ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
နဝမံ၊ ကိုးခုမြောက်သော။ အင်္ကုရပေတဝတ္ထု၊ အင်္ကုရမင်းသား၏ ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။