Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

4. Revatīpetavatthu

Author: နိဿယ @ IAPT

သုပါပဓမ္မေ၊ ရဟန်းသူတော် ကောင်းတို့ကို ဆဲရေခြင်းဘေးဖြင့် ခြိမ်းခြောက် ဆိုမည်ခြင်း အစရှိ အကျင့်ဖြင့် အလွန်ယုတ်မာသော အကျင့်ရှိသော။ အပါရုတဒွါရေ၊ မပိတ်အပ်သော အပါယ်တံခါးလည်းရှိသော အကျင့်ရှိသော။ အပါရုတဒွါရေ၊ မပိတ်အပ်သော အပါယ်တံခါးလည်း ရှိသော။ အဒါနသီလေ၊ တစုံတယောက်သော ဝတ္ထုကိုအမျှပေးလှူလေ့လည်းမရှိသော။ ရေဝတေ၊ ရေဝတီ။ ဥဋ္ဌေဟိ၊ ထလော။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိသို့ ထားကုန်သော မကောင်းမှု ရှိကုန်သော သူတို့၏ ဖြစ်ရာ အပါယ်ဘုံသို့လားကုန်သော။ နေရယိကဒုက္ခေန၊ ငရဲ၌ဖြစ်သောဆင်းရဲနှင့်။ သမပ္ပိတာ၊ ပြည့်စုံကုန်သော။ သတ္တာ၊ ငရဲသူသတ္တဝါတို့သည်။ ယတ္ထ၊ အကြင်ငရဲ၌။ နိက္ခမိတုံ၊ ထွက်ခြင်းငှါ။ အလဘန္တာ၊ မရကုန်လည်းဖြစ်၍။ ထုနန္တိ၊ ကြည်းညည်းကုန်၏။ တတ္ထ၊ ထိုငရဲသို့။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ နေဿာမ၊ ဆောင်ကုန်အံ့။
ဣစ္စေဝဣတိဧဝံ၊ ဤဥဋ္ဌေဟိရေဝတေအစရှိသည်ဖြင့်။ ဝတွာန၊ ဆိုကုန်၍။ ယမဿ၊ ယမမင်း၏။ ဒူတာဒူတာသဒိသာ၊ တမန်နှင့်တူကုန်သော။ ဗြဟန္တာ၊ ကြီးသော ကိုယ်ရှိကုန်သော။ လောဟိတက္ခာ၊ ချင်းချင်းနီးသော မျက်စိလည်း ရှိကုန်သော။ တေဒွေယက္ခာ၊ ထိုဘီလူးနှစ်ယောက်တို့သည်။
ပစ္စေကဗာဟာသု၊ အသီးအသီးသော မောင်းတို့၌။ ရေဝတိံ၊ ရေဝတီကို။ ဂဟေတွာ၊ ကိုင်ကုန်၍။ ဒေဝဂဏဿ၊ တာဝတိံသာနတ်အပေါင်း၏။ သန္တိကံ၊ အထံသို့။ ပက္ကမိံ သုဥပနေသုံ၊ ဆောင်လေကုန်၏။
တာတာ၊ အမောင်တို့။ အာစိဒ္ဒဝဏ္ဏံ၊ နေကဲ့သို့ ထွန်းပသော အဆင်းရှိသော။ ရုစိရံ၊ နှလုံးမွေ့လျော်ဘွယ်လည်း ရှိထသော။ ပဘဿရံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်လည်းရှိထသော။ သုဘံ၊ တင့်တယ်ကောင်းမြတ်သော သဏ္ဌာန်လည်းရှိထသော။ ကဉ္စနဇာသစ္ဆန္နံ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းခြင်းလည်းရှိထသော။ ဗျမှံ၊ နတ်တို့၏ နေရာဖြစ်သော။ ယံဝိမာနံ၊ အကြင်ဗိမာန်သည်။ အတ္ထိ၊ ရှိ၏။
အာကိဏ္ဏဇနံ၊ နတ်သား နတ်သ္မီးတို့ဖြင့် ပြွမ်းသော။ သူရိယဿ၊ နေ၏။ ရံသိံရိဝရသိဏ္ဏာ၊ အရောင်ကဲ့သို့။ ဇောတမာနံ၊ တပြောင်ပြောင်ထွန်းပသော။ ဧတံ ဝိမာနံ၊ ထိုဗိမာန်သည်။ ကဿ၊ အဘယ်သူ၏ ။ ဝိမာနံ၊ ဗိမာန်နည်း။
စန္ဒနသာရလိတ္တာ၊ အနှစ်ဖြစ်၍ ဖြစ်သော စန္ဒကူးနံ့သာဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကနု်သော။ နာရိဂဏာ၊ နတ်သ္မီးအပေါင်းတို့သည်။ ဥဘတောဝိမာနံ၊ ဗိမာန်၏ အတွင်းအပနှစ်ပါးစုံကို။ ဥပသောဘယန္တိ၊ တင့်တယ်စေကုန်၏။
တံဝိမာနံ၊ ထိုဗိမာန်သည်။ သူရိယသမာနဝဏ္ဏံ၊ နေနှင့်တူသော အဆင်းအရောင်သည်။ ဒိဿတိ၊ ထင်၏။ ကော၊ အဘယ်သူသည်။ သဂ္ဂပတ္တော၊ နတ်ပြည်သို့ ရောက်သည်ဖြစ်၍။ ဝိမာနေ၊ ဗိမာန်၌။ မောဒတိ၊ မွေ့လျော်စံပျော်ရသနည်း။
ရေဝတေ၊ ရေဝတီ။ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌။ အစ္ဆရီ၊ ဝန်ဆို ဆို့ပိတ်တတ်သော မစ္ဆေရ စိတ်မရှီသော။ ဒါနပတိ၊ အလှူရှင်ဖြစ်သော။ ဝဒညူ၊ အလှူခံတို့၏ ဆိုသော စကားကို သိတတ်သော အလေ့ရှိသော။ နိန္ဒိယောနာမ၊ နန္ဒိယောနာမ။ ဥပါသကော၊ ဥပါသကာသည်။ အာသိ၊ ရှိသည်ဖြစ်၏။
အာကိဏ္ဏဇနံ၊ နတ်သ္မီးနတ်သားတို့ဖြင့် ပြွမ်းသော။ သူဓရိယဿ၊ နေ၏။ ရံသီရိဝ၊ အရောင်ကဲ့သို့။ ဇောတမာနံ၊ တပြောင်ပြောင်ထွန်းတောက်ပသော။ ဧတံဝိမာနံ၊ ဤဗိမာန်သည်။ တဿ၊ ထိုနန္ဒိယအမည်ရှီသော ဥပါသကာ၏။ ဝိမာနံ၊ ဗိမာန်တည်း။
စန္ဒနသာရလိတ္တာ၊ အနှစ်ဖြစ်၍ဖြစ်သော စန္ဒကူးနံ့သာဖြင့် လိမ်ကျံအပ်သော ကိုယ်ရှိကုန်သော။ နာရိဂဏာ၊ နတ်သ္မီး အပေါင်းတို့သည်။ ဥဘတောဝိမာနံ၊ ဗိမာန်၌ အတွင်းအပနှစ်ပါးစုံကို။ ဥပသောဘယန္တိ၊ တင့်တယ်စေကုန်၏။ တံဝိမာနံ၊ ထိုဗိမာန်သည်။ သူရိယသမာနဝဏ္ဏံ၊ နေနှင့်တူသော အရောင်အဆင်းရှိသည်ဖြစ်၍။ ဒိဿတိ၊ ထင်၏။
သော၊ ထိုနန္ဒိယဥပါသကာသည်။ သဂ္ဂပတ္တော၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍။ ဝိမာနေ၊ ဗိမာန်၌။ မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
တာတာ၊ အမောင်တို့။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒိယဿ၊ နန္ဒိယဥပါသကာ၏။ သဗ္ဗကုလဿ၊ အိမ်၌နေသော အမျိုးသားလုံးကို။ ဣဿရာ၊ အစိုးရသော။ အဂါရိနီ၊ အိမ်ရှင်မဖြစ်သော။ ဘရိယာ၊ မယားသည်။ အမှိ၊ ဖြစ်၏။
ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ ဘတ္တနော၊ လင်နန္ဒိယနတ်သား၏။ ဝိမာနေ၊ ဗိမာန်၌။ ရမိဿာမိ၊ မွေ့လျော်စံပျော်အံ့။ နိရယံ၊ ငရဲသို့။ ဒဿနာယ၊ ရှုခြင်းငှါ။ နပတ္ထယေ၊ မတောင့်တ။
သုပါပဓမ္မေ၊ အလွန်ယုတ်မာသော အကျင့်ရှိသော။ ရေဝတေ၊ ရေဝတီ။ ယသ္မာ၊ အကြင့်ကြောင့်။ တယာ၊ သင်သည်။ ဇီဝတော၊ လူ့ပြည်၌။ ပုညံ၊ ကောင်းမှုကို။ အကတဉ္စ၊ မပြုအပ်သည်သာလျှင်တည်း။ တသ္မာ၊ ထို့ကြောင့်။ ဧသောနိရယော၊ ဤငရဲသည်။ တေ၊ သင်၏။ ဥရယော၊ ကြာမြင့်စွာသောကာလပတ်လုံး ဆင်းရဲကို ခံရာဖြစ်သော ငရဲတည်း။
ရေဝတီ၊ ရေဝတီ။ မစ္ဆရိ၊ မိမိ၏ စီးစိမ်ဥစ္စာကိုလျှို့ဝှက်ခြင်းလက္ခဏာ ရှိသော မစ္ဆေရနှင့် ပြည့်စုံသော။ ရောသကာ၊ သူတပါးတို့ကို ချုပ်ချယ်တတ်သော သဘောရှိသော။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသောသူသည်။ သဂ္ဂမဂ္ဂါနံ၊ နတ်ပြည်သို့ သွားရာခရီးတို့၏။ သဟဗျတံ၊ အပေါင်းအဖေါ်၏ အဖြစ်ကို။ နလဘတိ၊ မရ။
တာတာ၊ အမောင်တို့။ ကိံနု၊ အသို့နည်း။ ယတ္ထ၊ အကြင်ငရဲ၌။ ဂူထဉ္စ၊ ကျင်ကြီးသည် လည်းကောင်း။ ရတ္တဉ္စ၊ ကျင်ယ်သည်လည်းကောင်း။ အသုစိ၊ မစင်ကြယ်သော ဝတ္ထုသည်။ ပဋိဒိဿတိ၊ ထင်၏။
ဒုဂ္ဂန္ဓံ၊ မကောင်းသော အနံ့ရှိသော။ မိဠံ၊ ကျင်ကြီးအတိပြည့်သော။ ဣဒံနိရယံ၊ ဤငရဲသည်။ ကိံ နိရယံ၊ အဘယ်မည်သော ငရဲနည်း။ ကိံနု၊ အဘယ်ကြောင့်။ ဧတံ နိရယံ၊ ထိုငရဲသည်။ ဥပပါယတိ၊ မကောင်းသော အနံ့ဖြင့် လှိုင်သနည်း။
(စာကျန်) တုဝံ၊ သင်သည်။ ဝဿသဟဿာနိ၊ အနှစ်တထောင်တို့ပတ်လုံး။ ပစ္စသိ၊ ခံရလတ္တံ့။ ဂမ္ဘီရော၊ နက်စွာသော။ သတပေါရိသော၊ အသူတရာရှိသော။ ဧသဧသောနိရယော၊ ထိုငရဲသည်။ သံသဝကောနာမ၊ သံသဝကငရဲမည်၏။
တာတာ၊ အမောင်တို့။ ကိံနု၊ အသို့နည်း။ မယာ၊ အကျွန်ုပ်သည်။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ့အသက်ကို သတ်ခြင်း စသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုအပ်သလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း အစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုအပ်သလော။
မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါး၏ စည်းစိမ်ကို ရှေးရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုအပ်သလော။ ကေန၊ အဘယ်အကုသိုလ်ကံကြောင့် ။ မယာ၊ အကျွန်ုပ်သည်။ သကပေါရိသော၊ အသူတရာနတ်သော။ သံသဝကော၊ ကျင်ကြီးကျင်ငယ်စသော မစင်ကြယ်သော ဝတ္ထုကို ယိုစီးတတ်သော။ နိရယော၊ ငရဲကို။ လဒ္ဓေါ၊ ရအပ်သနည်း။
ရေဝတေ၊ ရေဝတီ။ တွံ၊ သင်သည်။ သမဏေစ၊ ရဟန်းတို့ကိုလည်းကောင်း။ ဗြဟ္မဏေစာပိ၊ ပုဏ္ဏားတို့ကိုလည်းကောင်း။ အညေ၊ ရဟန်း သူတော်ကောင်းတို့မှ တပါးကုန်သော။ ဝဏိဗ္ဗကေစာပိ၊ ကျေးဇူးကို ချီးမွမ်းတောင်းစားတတ်ကုန်သော သူတို့ကိုလည်းကောင်း။
မုသာဝါဒေန၊ မဟုတ်မမှန်သော ဖောက်ပြန်သော စကားဖြင့်။ ဝဉ္စေသိ၊ လှည့်ပတ်တတ်၏။ တယာ၊ သင်သည်။ တံပါပံ၊ ထိုရဟန်းသူတော်ကောင်းစသော သူတို့ကို လှည့်ပတ်ခြင်းဟု ဆိုအပ်သော အကုသိုလ်ကံကို။ ပကတံ၊ ပြုအပ်၏။
တေန၊ ထိုမကောင်းမှု အကုသိုလ်ကံကြောင့်။ ဂမ္ဘိရော၊ နက်စွာသော။ သတပေါရိသော၊ အသူတရာရှိသော။ သံသဝကော၊ ကျင်ကြီးကျင်ငယ်စသော မစင်ကြယ်သော ဝတ္ထုကို ယိုစီးတတ်သော။ နိရယော၊ ငရဲကို။ တယာ၊ သင်သည်။ လဒ္ဓေါ၊ ရအပ်၏။
တတ္ထ၊ ထိုသံဝကငရဲ၌။ ဝဿသဟဿာနိ၊ အနှစ်တစ်ထောင်တို့ပတ်လုံး။ တုဝံ၊ သင်သည်။ ပစ္စသိ၊ ခံရလတ္တံ့။ ရေဝတေ၊ ရေဝတီ။ တတော၊ ထိုသံသဝကငရဲမှ။ ဥတ္တိဏ္ဏာယ၊ တတ်သော။ တဝ၊ သင်၏။ ဟတ္ထေပိ၊ လက်တို့ကိုလည်း။ ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့။
အထော၊ ထိုမှတါး။ ပါဒေဝိ၊ ခြေတို့ကိုလည်း။ ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဥဏ္ဏေဝိ၊ နားတို့ကိုလည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့။ အထော၊ ထိုမှတပါး။ နှာသမ္ပိ၊ နှာခေါင်းကိုလည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့။
အထော၊ ထိုမှတပါး။ ဝိပ္ဖန္ဒမာနံ၊ တုန်လှုပ်သော ။ တံ၊ သင့်ကို။ ကာကောလဂဏာ၊ ကြီးလင်းတစွန့်ရဲအစရှိကုန်သော ငှက်အပေါင်းတို့သည်။ သမစ္စေ၊ ပေါင်းရုံးကုန်၍။ ခါဒန္တိ၊ ခဲကုန်လတ္တံ့။
တာတာ၊ အမောင်တို့။ သာဓုခေါ၊ တောင်းပန်ပါ၏။ မံ၊ အကျွန်ုပ်ကို။ မနုဿလောကံ၊ လူ့ပြည့်သို့။ ပဋိနေထ၊ တဖန်ပို့ဆောင်ပါကုန်လော့။ သတ္တာ၊ သတ္တဝါတို့သည်။ ယံကုသလံ၊ အကြင်ကုသိုလ်ကံကို။ ကတွာ၊ ပြုကုန်၍။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပစ္ဆာ၊ နောက်ကာလ၌။ နစအနုတပ္ပရေ၊ အဖန်တလဲလဲ ပူပန်ခြင်းလည်း မရှိကုန်။ အဟံ၊ အကျွန်ုပ်သည်။ ဒါနေနစ၊ အလှူပေးခြင်းဖြင့် လည်းကောင်း။ သမစရိယာယစ၊ သီလအစရှိသော ကုသိုလ်ကို ဖြည့်ကျင့်ခြင်းဖြင့်လည်းကောင်း။ သံယမေနစ၊ ဗုဒ္ဓါနုဿတိ အစရှီသော သမထကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြင့်လည်းကောင်း။ ဒမေနစ၊ ခန္ဓာငါးပါးစသော သင်္ခါရတို့ကို အနိစ္စအစရှိသော အခြင်းအရာဖြင့် ရှုတတ်သော ဝိပဿနာကို ပွားစေခြင်းဖြင့် လည်းကောင်း။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကံကို။ ကာဟာမိ၊ ပြုပါအံ့။
ရေဝတေ၊ ရေဝတီ။ တုဝံ၊ သင်သည်။ ပုရေ၊ ရှေးကာလ၌။ ပမဇ္ဇိတွာ၊ မေ့လျော့၍။ ဣဒါနိ၊ ယခုအခါ၌။ ပရိဒေဝသိ၊ ငိုမြည်တမ်း၏။
သယံ၊ မိမိသည်။ ကထာနံ၊ ပြုအပ်ကုန်သော။ ကမ္မာနံ၊ ကံတို့၏။ ဝိပါကံ၊ အကျိုးကို။ တွံယေဝ၊ သင်သည်ပင်လျှင်။ အနုဘောဿသိ၊ ခံစားရလတ္တံ့သတည်း။
တာတာ၊ အမောင်တို့။ ကော၊ အဘယ်မည်သော နတ်သားသည်။ ဒေဝလာကတော၊ နတ်ပြည်မှ ။ မနုဿလောကံ၊ လူ့ပြည်သို့။ ဂန္တွာ၊ လာရောက်၍။ ပုဋ္ဌော၊ အကျွန်ုပ်မေးအပ်သည်ရှိသော်။ မံ၊ အကျွန်ုပ်ကို။ ဝဒေယျ၊ ဆိုပါအံ့နည်း။
တွံ၊ သင်သည်။ နိက္ခိတ္တဒဏ္ဍေသု၊ ချအပ်သော ဒဏ်ရှိကုန်သော ရဟန်းသူတော်ကောင်းတို့အား။ ဒါနံ၊ အလှူကို။ ဒဒါဟိ၊ ပေးလှူလော့။ အစ္ဆာဒနံ၊ အရုံကိုလည်းကောင်း။ သေယျံ၊ ကျောင်းအိပ်ရာနေရာကိုလည်းကောင်း။ တ္ထံ၊ အဝတ်ကိုလည်းကောင်း။ အန္နပါနံ၊ ထမင်းအဖျော်ကို၎င်း။ ဒဒါဟိ၊ ပေးလှူလော့။
မစ္ဆရီ၊ မိမိစည်းစိမ်ဥစ္စာကိုလျှို့ဝှက်ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မစ္ဆေရ နှင့် ပြည့်စုံသော။ ရောသကော၊ သူတပါးကိုချုပ်ချယ်တတ်သော သဘောရှိသော။ ပါပဓမ္မော၊ လောဘအစရှိသော အကုသိုလ်တို့နှင့် ပြည့်စုံခြင်းကြောင့် ယုတ်မာသော အကျင့်ရှိသော သူသည်။ သဂ္ဂုပဂါမံ၊ နတ်တို့၏။ သဟဗျတံ၊ တကွဖြစ်သည်၏ အဖြစ်ကို။ နဟိလဘတိ၊ မရသလျှင်ကတည်း။
ဣတိ၊ ဤသို့။ ကော၊ အဘယ်မည်သော နတ်သည်။ ဂန္တွာ၊ လာရောက်၍။ ပဒေယျ၊ ဆိုပါအံ့နည်း။ မယာ၊ အကျွန်ုပ်သည်။ ဣဒံ၊ ဤမကောင်းမှုရှိသော သူတို့သည်ခံစားအပ်သော ဆင်းရဲကို။ သာမံ၊ ကိုယ်တိုင်ပင်လျှင်။ ယသ္မာ၊ အကြင့်ကြောင့်။ ဒိဋ္ဌံ၊ မြင်အပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ သာဟံသာအဟံ၊ ထိုအကျွန်ုပ်သည်။ နူန၊ အကြံရှိ၏။ ဣတော၊ ဤငရဲမှ။ **(စာကျန်)**၊ လူ့ပြည်၌ ဖြစ်သော။ ယောနိ၊ ပဋိသန္ဓေကို။ လဒ္ဓါ၊ ရ၍။
ဝဒညူ၊ အလှူခံတို့ဆိုသော စကားကိုသိသည်။ သီလသမ္ပန္နာ၊ သီလနှင့် ပြည်စုံသည်။ ဟုတွာ၊ ဖြစ်၍။ ဒါနေနစ၊ အလှူပေးခြင်းဖြင့်လည်းကောင်း။ သမစရိယာယစ၊ သီလကိုဆောက်တည်ခြင်းစသော ကုသိုလ်ကံကို ဖြည့်ကျင့်ခြင်း လည်းကောင်း။ သံယမေနစ၊ ဗုဒ္ဓါနုဿတိ အစရှိသော သမထကမ္မဋ္ဌာန်း ကို စီးဖြန်းခြင်းဖြင့်လည်းကောင်း။ ဒမေနစ၊ ခန္ဓာငါးပါးအစရှိသောသင်္ခါရတို့ကို အနိစ္စ အစရှိသော အခြင်းအရာဖြင့် ရှုတတ်သော ဝိပဿနာကို ပွါးစေခြင်းဖြင့်လည်းကောင်း။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကံကို။ ကာဟာမိ၊ ပြုအံ့။
အာရာမာနိစ၊ သစ်သီးအရံပန်းအရံတို့ကိုလည်း။ ရေပိဿံ၊ စိုက်ပျိုးအံ့။ ဒုဂ္ဂေ၊ ရေညွန်ရှိ၍ ကူးခတ်သော အရပ်၌။ သင်္ကမာနာနိစ၊ တံတားတို့ကိုလည်း။ ကရိဿံ၊ ဆောက်လုပ်အံ့။
ကူပဉ္စ၊ ရေတွင်းရေကန်ကိုလည်းကောင်း။ ဥဒပါနဉ္စ၊ ရေအိုးစင်ကိုလည်းကောင်း။ ကရိဿံ၊ တူးဆည်းဆောက်လုပ်အံ့။
ဝိပ္ပသန္နေန၊ ကြည်ညိုစွာသော စေကသာ စိတ်ဖြင့်။ ပက္ခဿ၊ လ္ဆန်းပက္ခလ္ဆုတ်က္ခ၏။ စာတုဒ္ဒသိံ၊ တဆဲ့လေးရက်တို့၏ ပြည့်ကြောင်း ဖြစ်သော နေ့၌၎င်း။ ယာအဋ္ဌမိ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့သည်။ အတ္ထိ၊ ရှိ၏။
တဿံအဋ္ဌမိတဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း။ ပါဋိဟရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းသော အဖန်တလဲလဲ ဆောင်အပ်ဖြစ်အပ်သောကြောင့် ပါဋိဟာရိသ မည်သော နေ့တိုင်း အမြဲစောင့်အပ်သော ဥပုသ်ကိုလည်းကောင်း။ အဋ္ဌင်္ဂါသုသမာဟိတံ၊ ပါဏာတိပါတမှ ကြဉ်ခြင်းအစရှိကုန်သော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်ကိုလည်းကောင်း။ ဥပဝသိဿံ၊ စောင့်သုံးအံ့။ သဒါ၊ အခါခပ်သိမ်းသော နေ့တို့၌။ သီလသံဝုတော၊ ငါးပါးသော သီလကို စောင့်စည်းသည်။ ဟေဿံ၊ ဖြစ်အံ့။
ဒါနေစ၊ အလှူပေးခြင်း၌လည်း။ နပမဇ္ဇိဿံ၊ မမေ့လျော့အံ့။
ဣစ္စေဝံ ဣတိ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဝိပလန္တိံ၊ မြည်တမ်းသော ။ ဖန္ဒမာနံ၊ တုန်လှုပ်ခြင်း ရှိသော ရေဝတီကို။ နိရယပါလာ၊ ငရဲထိန်းတို့သည်။ ဥဒ္ဓံပါဒံ၊ အထက်သို့ ခြေမိုးမျှော်။ အဝံသီရံ၊ အောက်သို့ ဥက္ခေါင်းရှိသည်ကို။ ကတွာ၊ ပြုကုန်၍။ ဂဏှန္တာ၊ ကိုင်ကုန်လျက်။ တတောတတော၊ ထိုထိုသို့သော အရပ်မှ။ ဃောရေ၊ ပြင်းသောသဘောရှိသော။
နိရယေ၊ ငရဲ၌။ ခိပိံသု၊ ပစ်ချကုန်၏။
အဟံ၊ ငါသည်။ ပုရေ၊ ရှေးဘဝ၌။ မစ္ဆရိနီ၊ မိမိဥစ္စာကို ဖုံလွမ်းလျှိုဝှက်ခြင်း လက္ခဏာရှိသော မစ္ဆေရရှိသည်။ **(စာကျန်)** သမဏဗြဟ္မဏာနံ၊ ရဟန်း ပုဏ္ဏားတို့ကို။ ပရိဘာသကာ၊ ရေရွတ်တတ်သည်။ အဟောသိံ၊ ဖြစ်၏။
အဟံ၊ ငါသည်။ ဝိတထေန၊ မဟုတ်မမှန်သဖြင့်။ သာမိကဉ္စ၊ လင်ကိုလည်း။ ဝဉ္စယိတွာ၊ လှည့်ပတ်၍။ ဃောရရူပေ၊ ပြင်းထန်သော သဘောရှိသော။ နိရယေ၊ ငရဲ၌။ ပစ္စာမိ၊ ခံရ၏။
စတုတ္ထံ၊ လေးခုမြောက်သော။ ရေဝတီပေတဝတ္ထု၊ ရေဝတီပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။