Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

4. Bhusapetavatthu

Author: နိဿယ @ IAPT

ဘောဣတ္ထိ၊ အိုမိန်းမ။ ဧကော၊ တယောက်သော ယောင်္ကျားသည်။ သာလိံ သာလိနော၊ သလေးစပါး၏။ ဘသာနိ။ အလျှံပြောင်ပြောင်တောက်ကုန်သော စပါးဖျင်းတို့ကို။ အတ္တနော၊ မိမိ၏။ သီသေ၊ ဥက္ခေါင်း၌။ အဝကိရယတိ၊ ကြဲဖြန့်၏။ အပရေအပရော၊ ထိုမှတပါးသော ယောင်္ကျားတယောက်သည်။ အယောမုဂ္ဂရေဟိ၊ သံဆောက်ပုတ်တို့ဖြင့်။ အတ္တနော၊ မိမိ၏။ သီသံ၊ ဥက္ခေါင်းကို။ ဘိန္ဒိ၊ ရိုက်ခွဲရာ၏။ အယံစနာရီ၊ ဤမိန်းမသည်လည်း။ သကမံသယောဟိတံ၊ မိမိ၏ ကြောသားကြောသေးကို။ ပရိဘုဉ္ဇတိ၊ ထက်လည်းတို့ဖြင် ခြစ်၍ ခြစ်၍ သုံးဆောင်စားသောရ၏။
တုဝဉ္စ၊ သင်သည်လည်း။ အသုစိံ၊ မစင်ကြယ်သော။ အကန္တံ၊ မနှစ်သက်အပ်သော။ ဂူထံ၊ ကျင့်ကြီးကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏။ ဘောဣတ္ထိ၊ အိုမိန်းမ။ အယံဝိပါကော၊ ဤမကောင်းကျိုးသည်။ ဘိဿကမ္မဿ၊ အဘယ်မကောင်းမှုအကုသိုလ်ကံ၏။ ဝိပါကော၊ အကျိုးနည်း။
ဘန္တေ၊ အရှင်ဘုရား။ အယံ ပုရိသော၊ ဤသံဆောင်ပုတ် နှစ်ခုတို့ဖြင့် မိမိဥက္ခေါင်းကိုကိုယ် အလိုလိုရိုက်ခွဲရသော ယောင်္ကျားသည်။ ပုရေ၊ ရှေးဘဝ၌။ မာတရံ၊ မိမိ၏ အမိကို။ ဟိံ သတိ၊ ရိုက်ပုတ်ညှဉ်းဆဲခဲ့ဘူး၏။ အယံ ပနပုရိသော၊ ဤသလေးစပါး၏ ပြောင်ပြောင် တောက်သော စပါးဖျင့်တို့ကို မိမိဥက္ခေါင်းထက်၌ ကြဲဖန့်ရသော ယောင်္ကျားကား။ ကူဋဝါဏိဇော၊ စဉ်းလဲစဉ်းစား သူတပါးတို့ကို လှည့်ပတ်တတ်သော ကုန်သည်လည်း။ အဟု၊ ဖြစ်ခဲ့ဘူး၏။
အယံဣတ္ထိ၊ မိမိကြောသားကြောသွေားကိုလက်သည်းတို့ဖြင့် ခြစ်ဖြတ်၍ စားတတ်သောမိန်းမသည်။ ပုရေ၊ ရှေးဘဝ၌။ မံသာနိ၊ အကျွန်ုပ်ကို အိမ်းသားအားလုံးတို့၏ အလို့ငှါထားအပ်သော အမဲသားတို့ကို။ ခါဒိတွာ၊ စားပြီး၍။ ရသာဝါဒေန၊ မဟုတ်မမှန်သော စကားဖြင့်။ ဝဉ္စေသိ၊ လှည့်ပတ်၏။
ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ မနုဿေသု၊ လူတို့၌။ မနုဿဘူတာ၊ လူဖြစ်၍ ဖြစ်သည်ရှိသော်။ သဗ္ဗကုလဿ၊ အိမ်၌နေသောလူခပ်သိမ်းကို။ ဣဿရာ၊ စိုးအုပ်ရသော။ အဂါရိနီ၊ အိမ်ရှင်မသည်။ အမှိ၊ ဖြစ်၏။
ဥပကရဏေသု၊ သူတပါးငှါးတောင်းအပ်သော အဆောက်အဦတို့သည်။ သန္တေသု၊ ရှိကုန်သည်ဖြစ်လျက်။ ပရိဂုဟာမိ၊ လျှို့ဝှက်ဘူး၏။ ဣတော၊ ဤအကျွန်ုပ်ဥစ္စာမှ။ ကိဉ္စိ၊ တစုံတခုမျှကိုလည်း။ ပရဿ၊ အလိုရှိသောသူတပါးအား။ မာအဒံနအဒါသိ၊ မစေးစဘူး။
ဧတံ၊ ဤသင်တို့ အလိုရှိအပ်သော အဆောက်အဦးဥစ္စာသည်။ မမ၊ အကျွန်ုပ်၏။ ဂေဟေ၊ အိမ်၌။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ မုသာဝါဒေန၊ မဟုတ်မမှန်သော စကားဖြင့်။ ဆာဒေမိ၊ ဖုံးလွမ်းဘူး၏။
အဟံ၊ အကျွန်ုပ်သည်။ သန္တိ၊ ထင်ရှားရှိသော ဥစ္စာကို။ သစေနိဂုဟာမိ၊ အကယ်၍ လျို့ဝှက်သည်ဖြစ်အံ့။ ဘဝေဘဝေ၊ ဘဝတိုင်းဘဝတိုင်း။ မေ၊ အကျွန်ုပ်၏။ ဘောဇနံ၊ အစားသည်။ ဂူထော၊ ကျင်ကြီးသည်။ ဟောတု၊ ဖြစ်စေသတည်း။ သပတဉ္စ၊ ကျိန်ခြင်းကိုလည်း။ အကရိ၊ ပြုဘူး၏။
ဘန္တေ၊ အရှင်ဘုရား။ ကဿကမ္မတဿကမ္မဿစ၊ ထိုသို့လျို့ဝှက်ဝန်တိုခြင်းဟူသော ကံ၏လည်းကောင်း။ မုသာဝါဒဿစ၊ မဟုတ်မမှန်ဆိုခြင်းဟူသော မုသာဝါဒကံ၏လည်းကောင်း။ ဥဘယံ ဥဘယဿ၊ နှစ်ပါးသော။ ကမ္မဿ၊ အကုသိုလ်ကံ၏။ ဝိပါကေန၊ အကျိုးအားဖြင့်။ သုဂန္ဓံသာလိနော၊ ကောင်းသော သလေးဆံ၏။ ဘတ္တံ၊ ထမင်းသည်။ မေ၊ အကျွန်ုပ်၏။ ဂူထံ၊ ကျင်ကြီးသည်။ ဟုတွာ၊ ဖြစ်၍။ ပရိဝတ္တတိ၊ ညွတ်ပါ၏။
ဘန္တေ၊ အရှင်ဘုရား။ ကမ္မာနိ၊ ကံတို့သည်။ အဝဇ္ဈာနိအမောဃာနိ၊ အချည်းနှီးမရှိချေကုန်။ ဟိယသ္မာ၊ အကြင်ကြောင့်။ ကမ္မံ၊ ဆည်းဘူးသော ကံသည်။ ဖလံ၊ အကျိုးကို။ အဒတွာ၊ မပေးမူ၍။ နဝိနဿတိ၊ မပျောက်။
တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂန္ဓံ၊ စက်ဆုပ်ဖွယ်သော အနံ့ဖြင့်လှိုင်သော။ ကိမိနံ၊ ဝိုးလောက်အတိအပြည့်ရှိသော။ မိဠံ၊ ကျင်ကြီးကို။ ဘုဉ္ဇာမိ၊ စားလည်းစားရ၏။ ပိဝါမိစ၊ သောက်လည်း သောက်ရ၏။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်၏။
စတုတ္ထံ၊ လေးခုမြောက်‌သော ။ ဘုသပေတဝတ္ထု၊ ပြောင်ပြောင်တောက်သောသလေးစပါးဖျင်းတို့ကို မိမိဥက္ခောင်း၌ကြဲသော ပြိတ္တာမ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။