ဣဒါနိ၊ ယခုအခါ၌။
မယံ၊ ငါတို့သည်။
ယံဝစနံ၊ အကြင်စကားကို။
ဘဏာမ၊ ဆိုကြကုန်အံ့။
တံဝစနံ၊ ထိုစကားကို။
တုမှေ၊ သင်တို့သည်။
သုဏာထ၊ နာလင့်ကုန်။
ယဒါ၊ အကြင်အခါ၌။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
မဂ္ဂရဠာ၊ ခရီးမှားကုန်သည်ဖြစ်၍။
ယတ္ထ၊ အကြင်အသဲအတိရှိသောခရီး၌။
အဂမံသု၊ သွားကုန်၏။
တဒါ၊ ထိုခရီးမှာ၍ သွားသောအခါ၌။
ယက္ခဿစ၊ သေရသကနတ်သား၏လည်းကောင်း။
ဝါဏိဇာဝါဏိဇာနဉ္စ၊ ကုန်သည်တို့၏ လည်းကောင်း။
သမာဂမော၊ အစည်းအဝေးသ်ည။
တတ္ထ၊ ထိုသဲအတိရှိသောခရီး၌။
အဟောသိ၊ ဖြစ်၏။
တံ၊ ထိုအစည်းအဝေး၏ ဖြစ်ခြင်းကို လည်းကောင်း။
တေဟိ၊ ထိုသေရိသကနတ်သားကုန်သည်တို့သည်။
အညမညံ၊ အချင်းချင်း။
သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော။
ကတံပဝတ္တိတံ၊ ဖြစ်စေအပ်သော။
ယထာဣတရီတရေန ယံဣတရီတရဉ္စာဝီ၊ အကြင်ထိုးစကား ဤစကားသည်လည်း။
အတ္ထိ၊ ရှိ၏။
တဉ္စ၊ ထိုစကားကိုလည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တုမှေ၊ သင်တို့သည်။
သုဏထ၊ နာလင့်ကုန်။
ပါယာသိနာမ၊ ပါယာသိအမည်ရှိသော။
ယောသောရာဇာ၊ အကြင်မင်းသည်။
အတ္ထိ၊ ရှိ၏။
သောရာဇာ၊ ထိုပါယာသိ အမည်ရှိသော မင်းသည်။
ဘုမ္မာနံ၊ သုမ္မစိုး ဖြစ် ကုန်သော စတုမဟာရာဇ်နတ်တို့၏။
သဟဗျဂတော၊ အပေါင်းအဖော်၏ အဖြစ်သို့ ရောသည်။
အဟု၊ ဖြစ်၏။
ယသဿိ၊ အခြံအရံနှင့် ပြည့်စုံသော။
သောအဂမာနုသော၊ ထိုနတ်သားသည်။
သကေဝိမာနေ၊ မိမိဥစ္စာဖြစ်သော ဗိမာန်၌။
မောဒမာနော၊ မွေ့လျော်လျက်။
မာနုသေ၊ လူတို့ကို။
အဇ္ဈဘာသိ၊ ဆိုလေ၏။
ဝင်္ကေ၊ အသက်ရှင်ပါကုန်အံ့သော သေရကုန်အံ့လော ဟု တွေးတောဖွယ်ရှိသော။
အမနုဿဋ္ဌာနေ၊ မြေဘုတ်ဘီလူးအစရှိသည်တို့၏ သွားလာရာ အရပ်ဖြစ်သော။
အရညေ၊ တော၌။
ဝင်္ကေဘယာ၊ ကန္တာရသို့ မဝင်မီ ရှေးအဖို့၌ ကျီးတို့ကြောင့် ဖြစ်သောကြောင့်လန့်ခြင်း ရှိကုန်လျက်။
ကန္တရေ၊ ရေကိုဆောင်၍ သွားရာဖြစ်သော။
အပ္ပေါဒကေ၊ ရေမရှိသော။
အပ္ပဘက္ခေ၊ အစာလည်း မရှိသော။
သုဒ္ဒဂ္ဂမေ၊ အလွန်ကူးခပ်ပေါက်မြောက်ကမ်းတဖက်သို့ ရောက်နိုင်ခဲ့သော။
ဝဏ္ဏပထဿ၊ သဲအတိရှိသောခရီး၏။
မဇ္ဈေ၊ အလယ်၌။
ဂစ္ဆန္တာ၊ သွားကုန်သော။
နဋ္ဌမနာ၊ ခရီးမှားသော အားဖြင့် ပျက်သော နှလုံးရှိကုန်သော။
မနုဿာ၊ အိုလူအများတို့။
ဣဓ၊ ဤရေကို ဆောင်ယူ၍ သွားရာ ဖြစ်သော သဲအတိရှိသောခရီး၌။
ဖလာစ၊ သရက်သပြေထိန်အုန်း အစရှိကုန်သော သစ်သီးတို့သည်လည်းကောင်း။
မူလပဟာစ၊ အုန်မွှန်းတံတွေးကြွေသင်ကုန်း အစရှိကုန်သော အမြစ်ခဲဘွယ်တို့သည်လည်းကောင်း။
နဟိသန္တိ၊ မရှိကုန်သည်သာလျှင်တည်း။
ဥပါဒါနံ၊ တစုံတခုသော ရိက္ခာသည်။
နတ္ထိ၊ မရှိ။
ဒါရုဏာဟိစ၊ ကြမ်းလည်းကြမ်းကုန်ထသော။
ဥဏှာဟိစ၊ ပူလည်း ပူကုန်ထသော။
တတ္ထာဟိစ၊ လောင်လည်းလောင်ကုန်ထသော။
ပံသုဟိ၊ မြေမှုန့်တို့ကို၎င်း။
ဝါလုကာဟိစ၊ သဲတို့ကို၎င်း။
အညတြ၊ ထား၍။
ဘက္ခေါ၊ လူတိရစ္ဆာန်တို့၏ အစာသည်။
ဣဓ၊ ဤသဲကန္တာရ၌။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။
မနုဿာ၊ လူအများတို့။
ဥဇ္ဇင်္ဂလံ၊ အလွန်ခေါင်းပါးသော။
တတ္တံ၊ လောလောပူသော။
ကပါသံဣဝ၊ သံအိုးခင်းနှင့် တူသော။
အနာသယံ၊ ချမ်းသာမရှိသည်ဖြစ်၍ အသက်ဇီဝိတိန္ဒြေကို ဖျက်ဆီးတတ်သော။
ပရလောကေန၊ စင်စစ်သတ္တဝါတို့၏ အကျိုးမရှိသည်၏ အဖြစ်ကြောင့် ပရလောက ဟုဆိုအပ်သော ငရဲတွင်းနှင့်။
တုလျံ၊ တူသော။
ဣဓဋ္ဌာနံ၊ ဤသဲကန္တရအရပ်သည်။
လုဒ္ဒါနံ၊ ကြမ်းကြုတ်သော မြေဘုတ်ဘီလူးအစရှိကုန်သော သူတို့၏။
ပုရာဏံ၊ ကြာမြင့်စွာ။
အာဝါသံအာဝါသဘူတံ၊ နေရာဖြစ်၍ ဖြစ်၏။
အယံ ဘူမပဒေသော၊ ဤမြေအရပ်သည်။
ဥဇ္ဇင်္ဂတော၊ အလွန်ခေါင်းပါးသည်။
ဟောတိ၊ ဖြစ်စေ။
ပေါရာဇောဟိ၊ ရှေ့သူတော်ကောင်းတို့သည်။
အဘိသတ္တရူပေါ၊ ကျိန်ဆဲအပ်သည်နှင့်တူ၏။
အထ၊ ထိုသို့ ဖြစ်လျက်။
ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။
ကိမာသံသနာမာ၊ အဘယ်ကို တောင့်တကုန်သည်ဖြစ်၍။
တုမှေ၊ သင်တို့သည်။
ဣမံပဒေသံတိဣမံပဒေသံဧဝ၊ ဤအရပ်သို့သာလျှင်။
အနုပဝိဋ္ဌာန၊ ဝင်ကုန်ဘိသနည်း။
သဟသာ၊ အဆောတလျှင် အပြစ်အကျိုးတို့ကိုမဆင်ခြင်းပဲ။
သမစ္စေ၊ ညီညွတ်ခြင်းကိုစွဲ၍။
အနုပဝိဋ္ဌာ၊ ဝင်ကုန်သလော။
လောဘဘယာ၊ လောဘကြောင့် တစုံတယောက်သော ရန်သူသည်လိုက်ခြင်းဟု ဆိုအပ်သော ဘေးရှိကုန်သည်ဖြစ်၍။
အနုပဝိဋ္ဌာ၊ ဝင်ကုန်သလော။
အထဝါ၊ ထိုမှတပါး။
သမ္ပရုဠ၊ ခရီးမှားကုန်သည်ဖြစ်၍။
အနုပဝိဋ္ဌာ၊ ဝင်ကုန်သလော။
ယက္ခ၊ နတ်သား။
မဂဓေသု၊ မဂဓတိုင်းတို့၌၎င်း။
အင်္ဂေသုစ၊ အင်္ဂတိုင်းတို့၌၎င်း။
ဇာတသံဝဍ္ဎာ၊ ဖွားမြင်ကြီးမြောက်ကုန်သော။
သတ္တဝါဟာ၊ လှည်းကုန်သည်ဖြစ်ကုန်သော။
တေမယံ၊ ထိုအကျွန်ုပ်တို့သည်။
ပဟုတံ၊ များစွာသော။
ပဏိယံ၊ ဘဏ္ဍာကို။
အာရောပယိတွာ၊ လှည်း၌တင်ကုန်၍။
ဓနတ္ထိကာ၊ ဥစ္စာဖြင့် အလိုရှိကုန်သည်ဖြစ်၍။
ဥဒယံ၊ အမြတ်ဥစ္စာကို။
ပတ္ထယနာ၊ တောင့်တကုန်သည်ဖြစ်၍။
သိန္ဓုသောဝိရဘူမိ၊ သိန္ဓု အမည်ရှိသော အရပ်သောဝိရအမည်ရှိသောအရပ်သို့။
ယာမသေ၊ သွားကုန်၏။
ယက္ခ၊ နတ်သား။
သဗ္ဗေဝိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
မယံ၊ အကျွန်ုပ်တို့သည်။
ဒိဝါ၊ နေ့၌။
ဝိပါသံ၊ ရေမွတ်ခြင်းကို။
အနဓိဝါသယန္တာ၊ သည်းမခံနိုင် ကုန်သည်ဖြစ်၍။
ယောဂ္ဂါနုကမ္ပဉ္စ၊ နွားအစရှိကုန်သော သတ္တဝါတိ့ကို ခြီးမြှောက်ခြင်းကိုလည်း။
သမက္ခမာနာ၊ ကောင်းစွာ ဆင်ခြင်ကုန်သည်ဖြစ်၍ ။
ရတ္ထိံ၊ ညဉ့်၌။
ဧတေနဝဝေန၊ ဤသို့သောလျှင်ခြင်းဖြင့်။
ပုဗ္ဗေ၊ သင်ကိုတွေ့မြင်သည်မှ ရှေးအတို့၌။
အာယာမ၊ သွားကြကုန်၏။
ယက္ခ၊ နတ်သား။
ဝိကာလေ၊ အခါမဟုတ်သော။
ရတ္တိ့၊ ညဉ့်၌။
မဂ္ဂံ၊ ခရီးကို။
ပဋိပန္နာ၊ သွားကုန်လော။
တေမယံ၊ =ထိုအကျွန်ုပ်တို့သည်။
အရညေ၊ ဘီလူးတို့၏ သွားလာရာတော၌။
ဒုဂ္ဂမေ၊ တဖက်သို့ ရောက်ပေါက်ကူးမြောက်ခြင်းငှါခဲ့သော။
ဝဏ္ဏပထဿ၊ သဲအတိရှိသော ခရီး၏။
မဇ္ဈေ၊ အလယ်၌။
ဒုပ္ပယာတာ၊ မကောင်းသဖြင့် သွားခြင်းရှိကုန်သည် ဖြစ်၍။
အပရဒ္ဓမဂ္ဂါ၊ ချွန်လွဲသော ခရီးရှိကုန်သည်ဖြစ်၍။
အန္ဓာကုလာ၊ သူကန်းကဲ့သို့ နှောင့်ယှက်ကုန်သည်ဖြစ်၍။
ဝိမနဋ္ဌာ၊ ခရီးမှားသဖြင့် ပျက်သော စိတ်ရှိကုန်သည်ဖြစ်၍။
သံမုဠစိတ္တာ၊ တွေဝေသော စိတ်ရှိကုန်သည်ဖြစ်၍။
ဒိသံ၊ သိန္ဓုမည်သော အရပ်သော ဝိရမည်သော အရပ်ကို။
နဇာနာမ၊ မသိနိုင်ကုန်။
ယက္ခ၊ နတ်သား။
ဣဒါနိ၊ ယခုအခါ၌မူကား။
တေမယံ၊ ထိုအကျွန်ုပ်တို့သည်။
အဒိဋ္ဌပုဗ္ဗံ၊ ရှေး၌ မမြင်ဘူးသော။
ဝိမာနသောဋ္ဌဉ္စ၊ မြတ်သော ဗိမာန် ကိုလည်းကောင်း။
တုဝဉ္စ၊ သင်နတ်သားကိုလည်းကောင်း။
ဣဒဉ္စဣဒံဧဝသဗ္ဗံ၊ ဤအလုံးစုံကိုသာလျှင်။
ဒိသွာန၊ မြင်ကုန်၍။
တတော၊ ထိုသင်ကို မမြင်မီ ရှေးကာလထက်။
ဥတ္တရိ၊ အလွန်။
အဇိဝိတံ၊ အသက်ကို။
အာသမာနာ၊ တောင့်တကုန်သည်။
အမှ၊ ဖြစ်ကုန်၏။
ဒိသွာ၊ သင်နတ်သားကို တွေ့မြင်ခြင်းကြောင့်။
ပတိတာ၊ ရွှင်လန်းကုန်သည် လည်းကောင်း။
သုမနာ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကုန်သည်လည်းကောင်း။
ဥဒဂ္ဂါ၊ ပီတိဖြင့် တတ်သော စိတ်ရှိကုန်သည်လည်းကောင်း။
အမှ၊ ဖြစ်ကုန်၏။
တာတာ၊ အိုကုန်သည်တို့။
တုမှေ၊ သင်တို့သည်။
ဘောဂဟေတု၊ ဥစ္စာဟူသော အကြောင်းကြောင့်။
သမုဒ္ဒရာ၊ သမုဒ္ဒရာ၏။
ပါရံ၊ တဖက်ကမ်းသို့လည်းကောင်း။
ဣမဉ္စဝနံ၊ ဤသဲကန္တာရရှိသော တောသို့လည်းကောင်း။
ဝေတ္တာစာရံ၊ ကြိမ်နွယ်ခက်၍ သွားအပ်သော။
မဂ္ဂဉ္စ၊ ခရီးသို့လည်းကောင်း။
သင်္ကုသထံ၊ သစ်ငှက်ခလုတ်နှု၍ သွားအပ်သော။
မဂ္ဂဉ္စ၊ ခရီးသို့လည်းကောင်း။
ပန၊ ထိုမှ တပါး။
နဒီယော၊ မြစ်ကြောင်း ခရီးတို့သို့လည်းကောင်း။
ပဗ္ဗတာနံ၊ တောင်တို့၏။
ဝိသမပဒေသံ၊ မညီမညွတ်သော အရပ်သို့လည်းကောင်း။
ဧဝံ၊ ဤသို့။
ဒုဂ္ဂါ၊ ကူးမြောက်ရောက် ပေါက်ခြင်း ငှါခဲကုန်သော။
ပုထုဒ္ဒိသာ၊ များကုန်သော အရပ်မျက်နှာတို့ကို။
ဂစ္ဆထ၊ သွားကုန်၏။
ပရာဇုနံ၊ တပါးကုန်သော မင်းတို့၏။
ဝိဇိတံ၊ တိုင်းနိုင်ငံဖြစ်သော။
ပဒေသံ၊ အရပ်သို့လည်း။
ပက္ခန္ဒိယာဝ၊ ဝင့်ကုန်၍သာလျှင်။
ဝေရဇ္ဇကေ၊ တိုင်းတပါး၌နေကုန်သော။
မနုဿေ၊ လူတို့ကို။
ပေက္ခမာနာ၊ ရှုကုန်လျက်။
ဂစ္ဆထ၊ သွားကုန်၏။
ဧဝံဘူတေဟိ၊ ဤသို့အထူးထူးသော အရပ်တို့သို့ ရောက်ပေါက် ကုန်သော။
ဝေါ၊ သင်တို့သည်။
သုတံဝါ၊ ကြားဘူးသည်လည်းဖြစ်ထသော။
အထဝါပိ၊ ထိုမှတပါးလည်း။
ဒိဋ္ဌံဝါ၊ မြင်ဘူးသည်လည်း ဖြစ်ထသော။
ယံအစ္ဆေရကံ၊ အကြင်အံ့ဩဘွယ့်၏ အဖြစ်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုသင်တို့ကြားဘူးမြင်ဘူးသော အံ့ဩဘွယ်ကို။
ကထေထ၊ ဆိုကုန်လော။
ဝေါ၊ သင်တို့၏။
သန္တိကေ၊ အထံ၌။
မယံ၊ ငါတို့သည်။
သုဏောမ၊ နာကုန်အံ့။
ကုမာရ၊ ပျိုငယ်သော နတ်သား။
ဣတော၊ ဤဗိမာန်နှင့်သင်နတ်သားထက်။
အစ္ဆေရတရံ၊ ထူးမြတ်လွန်ကဲသော အံ့ဩဘွယ်ကို။
နော၊ အကျွန်ုပ်တို့သည်။
နသုတံဝါ၊ ကြာလည်းမကြားဘူး။
အထဝါ၊ ထိုမှတပါးလည်း။
နဒိဋ္ဌံဝါ၊ မြင်လည်းမမြင်ဘူး။
မာနုဿ ကမေဝ၊ လူတို့၌ ဖြစ်သော အဆင်းသဏ္ဌာန်ထက်လျှင်။
အတီတံ၊ လွန်ကဲသော ။
အနောမဝဏ္ဏံ၊ ပြည့်စုံသော အဆင်းသဏ္ဌာန်ရှိသော။
သဗ္ဗံ၊ သင်နတ်သားသင့်ဗိမာန်နှင့်စပ်သော အလုံးစုံကို။
ဒိသွာန၊ မြင်ကုန်၍။
အယံ၊ အကျွန်ုပ်တို့သည်။
နတပ္ပါမ၊ မရောင့်ရဲနိုင်ကုန်။
ဗဟုတမလျာ၊ များသော ပန်းရှိကုန်သော။
ဗဟုတပုဏ္ဍရိကာ၊ များသော ကြာဖြူပုဏ္ဍရိက်လည်းရှိကုန်ထသော။
တဝ၊ သင်၏။
ပေါက္ခရညော၊ ရေကန်တို့သည်။
ဝေဟာယသံ၊ ကောင်းကင်၌။
သဝန္တိ၊ စီးကုန်၏။
နိစ္စဖလူပပန္နာ၊ အခါခပ်သိမ်း အသီးနှင့် ပြည့်စုံသော။
တေ၊ သင်၏။
ဒုမာာစ၊ သစ်ပင်တို့သည်လည်း။
အတိဝဂန္ဓာ၊ အလွန်လျင်လည်း မြတ်သော အနံ့ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဟိ ဒုမေဟိ၊ ထိုသစ်ပင်တို့မှ။
သုရတိ၊ တင့်တယ် လျောက်ပတ်သော အနံ့တို့သည်။
ပဝါယန္တိ၊ မွေးကြိုင်လှိုင်ပျံ့ကုန်၏။
တဝ၊ သင်၏။
ဝိမာန၊ ဗိမာန်၌။
သတမုဿိတာသေ၊ အတောင်အရာမြင့် ကုန်သော။
ဝေဠုရိယထမ္ဘာစ၊ ကျောက်မျက်ရွဲဖြင့် ပြိးသော သီတိုင်တို့သည်လည်းကောင်း။
သီလာသီလမယာ၊ ဖလ်ကျောက်သလင်း ဖြင့် ပြီးကုန်သော။
ထမ္ဘာစ၊ သီတိုင်တို့သည်လည်းကောင်း။
ပါဝါဠဿ ပဝါဠမယာ၊ သန္တာဖြင့် ပြီးကုန်သော။
တမ္ဘာစ၊ သီတိုင်တို့သည်လည်းကောင်း။
အာယတံတသာ၊ ရှည်သော အမြှောင့် ရှိကုန်သော။
မသာရဂလ္လာ၊ ပတ္တမြားပြောက်ဖြင့် ပြီးကုန်သော။
တမ္ဘာစ၊ သီတို့သည်လည်းကောင်း။
လောဟိတင်္ဂါ၊ ပတ္တမြားနီဖြင့် ပြီးကုန်သော။
တမ္ဘာစ၊ သီတိုင်တို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
ဣမေ ထမ္ဘာ၊ ဤသီ တိုင်တို့သည်။
ဇောတိရသမယာသေ၊ ထွန်းပခြင်း ကိစ္စဖြင့် ပြီးကုန်၍။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသော နတ်သား။
တေသံ၊ ထိုသီတိုင်တို့၏။
ဥပရိ၊ အထက်၌။
ဌိတံ၊ တည်သော။
သဟဿထမ္ဘံ၊ ထတောင်သော သီတိုင်ရှိသော။
အတုလာနုဘာဝံ၊ မနှိုင်းယှဉ်အပ်သော အာနုဘော်ရှိသော။
အာဓုသုန္ဒရံ၊ ကောင်းမွန်စွာသော။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
ရဟနန္တရံ၊ နံရံသီတိုင်စောင်းတန်းအစရှိသည်တို့၏ အထူးထူးအပြားပြားကနု်သော ရတနာတို့နှင့်ယှဉ်၏။
ကဉ္စနဝေဒိမိဿံ၊ ရွှေဖြင့် ပြီးသော ပွတ်တိုင်တို့ဖြင့်ခြံရံအပ်၏။
တပနီယပဋ္ဋေဟိ စ၊ ထွန်းပသော အရောင်ရှိကုန်သော ရွှေပြား ငွေပြား အစရှိကုန်သော တပါးမက များကုန်သော ရတနာတို့ဖြင့်ပြီးသော အဖို့တို့ဖြင့်လည်း။
သာဓု၊ ကောင်းစွာ။
ဆန္နံ၊ မိုးအပ်၏။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
ယေဘူယျေန၊ များသောအားဖြင့်။
ဇမ္ဗောနဒုတ္တတ္တံ၊ ဦးသစ်သော ဇမ္ဗူရဇ်ရွှေအဆင်းကဲ့သို့ တပြောင်ပြောင်ထွန်းပ၏။
တဿစ၊ ထိုဗိမာန်၏လည်း။
သောသောပဒေသာ၊ ထိုထိုသို့သော အရပ်သည်။
သုမဋ္ဌော၊ အလွန်ချောမောပြေပြစ်၏။
ပါသာဒသောပါနဖလူပပန္နော၊ ထိုထိုသို့သော နှစ်သက်ဖွယ်ရှိကုန်သော ပြဿာဒ် စောင်းတန်းပျဉ်အထုတို့နှင့် ပြည့်စုံ၏။
ဒဠောစ၊ ခိုင်လည်းခိုင်ခံ့၏။
ဝဂ္ဂူစ၊ ကောင်းမြတ်လျောက်ပတ်သော အမြင်လည်းရှိ၏။
သုသင်္ဂတောစ၊ အချင်းချင်းလျောက်ပတ်ပတ်သော ပြသာဒ်အစိတ်လည်းရှိ၏။
အဘီဝနိနက္ခမော၊ အလွန်လျှင်ရှုခြင်းငှါခံ၏။
မနုညော၊ နှလုံးမွေ့လျော်ပျော်ဘွယ်လည်းရှိ၏။
ရတနန္တရသ္မိံ၊ ရတနာဖြင့် ပြီးသော ဗိမာန်၌။
ဗဟုအန္နပါနံ၊ များသော ထမင်းအဖျော်သည်။
ဝိဇ္ဇတိ၊ ရှိ၏။
အစ္ဆရာသင်္ဂဏေန၊ နတ်သ္မီးတို့၏ အပေါင်းသည်။
တံ၊ သင်ကို။
ပရိဝါရိတော၊ ခြံရံအပ်၏။
မုရဇအာလမ္ဗရတူရိယသင်္ကုဋ္ဌော၊ မုရိုးစည်ထက်စည်စသော တူရိယာ မျိုးတို့၏ အသံတို့ဖြင့် ကြွေးကြော်ခြင်းရှိ၏။
တံ၊ သင်ကို။
ထုတိဝန္ဒနာယ၊ ချီးမွမ်းခြင်းရှိခိုးခြင်းဖြင့်။
အဘိဝန္ဒိတော၊ ရှိခိုးအပ်ချီးမွမ်းအပ်သည်။
အသိ၊ ဖြစ်၏။
ယက္ခ၊ နတ်သား။
ဝေဿဝဏော၊ ဝေဿဝဏ်အမည်ရှိသော။
ရာဇာ၊ စတုမဟာရာဇ်နတ်မင်းကြီးသည်။
နာဠိန္ဒေ၊ နာဠိန္ဒ အမည်ရှိသော မွေ့လျော်ရာ၌။
မောဒတိယထာ၊ မွေ့လျော်စံပျော်သကဲ့သို့။
တထာ၊ ထို့အတူ။
အစိန္တိယော၊ ကြံခြင်းငှါ မတတ်နိုင်သော အာနုဘော်ရှိသော။
သဗ္ဗဂုဏူပပန္နော၊ နတ်တို့၏ ခပ်သိမ်းသော ကျေးဇူးနှင့် ပြည့်စုံသော ။
သောတွံ၊ ထိုသင်သည်။
မနောရမ္မေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဝိမာနပါသာဒဝရေ၊ မြတ်သော ပြဿာဒ်ဗိမာန်၌။
နာရိဂဏပဗောဓနော၊ နတ်သ္မီးတို့၏ အပေါင်းဖြင့် နိုးကြား ပွင်းလန်းသော ပီတိသောမနဿ ရှိသည်ဖြစ်၍။
မောဒသိ၊ မွေ့လျော်စံပျော်၏။
ဒေဝေါစ၊ ဝေဿဝဏ် အစရှိသော စတုမဟာရာဇ်နတ်သည်။
အသိနု၊ ဖြစ်သလော။
ဥဒဝါပိ၊ ထိုမှတပါးလည်း။
ယက္ခေါ၊ နတ်ဘီလူးသည်။
အသိနု၊ ဖြစ်သလော။
ဥဒါဟု၊ ထိုသို့ မဟုတ်မူ။
ဒေဝိန္ဒေါ၊ နတ်တို့ကို အစိုးရသော သီကြားမင်းသည်။
အသိနု၊ ဖြစ်သလော။
မနုဿဘူတော၊ လူတို့၌ ဖြစ်သော လူဇာတ်သည်။
အသိနု၊ ဖြစ်သလော။
တံ၊ သင့်ကို။
သတ္တဝါတာ၊ လှည်းကို ဆောင်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
ပုစ္ဆန္တိ၊ မေးပါကုန်၏။
ပုစ္ဆိတော၊ အကျွန်ုပ်တို့သည်မေးအပ်သော။
တွံ၊ သင်သည်။
အာစိက္ခ၊ ကြားလတ်လော။
တုဝံ၊ သင်သည်။
ကောနာမ၊ အဘယ်အမည်ရှိသော။
ယက္ခေါ၊ နတ်သားသည်။
အသိနု၊ ဖြစ်သနည်း။
တာထာ၊ အိုကုန်သည်တို့။
အဟံ၊ ငါသည်။
ကန္တာရိယော၊ ကန္တာရ၌ ယှဉ်သော။
ဝဏ္ဏပထမှီ၊ သံအတိရှိသောခရီး၌။
ဂုတ္ထော၊ စောင့်ရှောက်သော။
သေရိသကောနာမ၊ သေရိသကအမည်ရှိသော။
ယက္ခေါ၊ နတ်သည်။
အမှိ၊ ဖြစ်၏။
အဟံ၊ ငါသည်။
ဝေဿဝဏဿ၊ ဝေဿဝဏ် အမည်ရှိသော။
ရညော၊ စတုမဟာရာဇ်နတ်မင်းကြီး၏။
ဝစနကရော၊ စကားကိုလိုက်နာ၍။
ဣမံပဒေသံ၊ ဤသဲအတိရှိသော အရပ်ကို။
အဘိပါလယာမိ၊ စောင့်ရှောက်ရ၏။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသာ နတ်သား။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
တယာ၊ သင်သည်။
အဓိစ္စလဒ္ဓံ၊ အလိုအတိုင်း ရအပ်သလော။
တေ၊ သင်အား။
ပရိဏာမဇံ၊ ဆောင်သဖြင့် ညွတ်ခြင်းကြောင့် ဖြစ်သလော။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
တယာ၊ သင်သည်။
သယံသယမေဝ၊ မိမိကိုယ်တိုင်သာလျှင်။
ဒေဝိဒ္ဓိယာ၊ နတ်တန်ခိုးဖြင့်။
ကတံ၊ ပြုအပ်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူ။
ဒေဝေဟိ၊ သင်နှစ်သက် စေကုန်သော နတ်တို့သည်။
ပသာဒဝသေန၊ ကြည်ညိုသည်၏ အစွမ်းဖြင့်။
တေ၊ သင်အား။
ဒိန္နံ၊ ပေးအပ်သလော။
သတ္တဝါဟာ၊ လှည်းကို ဆောင်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
တံ၊ သင့်ကို။
ပုစ္ဆန္တိ၊ မေးပါကုန်၏။
မနုညံ၊ နှစ်သက်ဖွယ်ရှိသော။
ဣဒဝိမာနံ၊ ဤဗိမာန်ကို။
ကထံကေနကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။
တယာ၊ သင်သည်။
လဒ္ဓံ၊ ရအပ်သနည်း။
တာတာ၊ အိုကုန်သည်တို့။
ဣဒဝိမာနံ၊ ဤဗိမာန်ကို။
မယာ၊ ငါသည်။
အာမိစ္စလဒ္ဓံ၊ အလိုအတိုင်းရအပ်သည်။
နဟောတိ၊ မဖြစ်။
မေ၊ ငါ့အား။
ပရိဏာမဇံ၊ ညွတ်ခြင်းကြောင့်ဖြစ်သည်လ်း။
နဟောတိ၊ မဖြစ်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
မယာ၊ ငါသည်။
သယံ၊ ကိုယ်တိုင်သာလျှင်။
ဒေဝိဒ္ဓိယာ၊ နတ်တန်ခိုးဖြင့်။
ကတံ၊ ပြုအပ်သည်လည်း။
နဟောတိ၊ မဖြစ်။
မေ၊ ငါ့အား။
ဒေဝေဟိ၊ ငါနှစ်သက်အ့်ကုန်သော နတ်တို့သည်။
ပသာဒဝသေန၊ ကြည်ညိုသည်၏ အစွမ်းဖြင့်။
ဒိန္နံ၊ ပေးအပ်သည်လည်း။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။
ပုညေဟိ၊ မိမိ၏ ဖြစ်ရာ စိတ်ကို ဖြူစင်စေတတ်ကုန်သော။
အပပါကေဟိ၊ မယုတ်မာကုန်သော။
သကေဟိ ကမ္မေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော ကုသိုလ်ကံတို့ကြောင့်။
မနညံ့၊ နှစ်သက်ဖွယ်ရှိသော။
ဣဒံ ဝိမာနံ၊ ဤဗိမာန်ကို။
မေမယာ၊ ငါသည်။
လဒ္ဓံ၊ ရအပ်၏။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသော နတ်သား။
တေ၊ သင်၏။
ဝတံ၊ ဆောက်တည်အပ်သော အကျင့်သည်။
အကိံ၊ အဘယ်နည်း။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်သည်။
ကိံ ပန၊ အဘယ်နည်း။
အယံဝိပါကော၊ ဤအကျိုးသည်။
ကိဿသုစိဏ္ဏဿ၊ အဘယ်ဆောင်တည်အပ်သော အကျင့်အဘယ်မြတ်သော အကျင့်၏။
ဝိပါကော၊ အကျိုးတည်း။
သတ္တဝါဟာ၊ လှည်းကိုဆောင်ကုန်သော။
ပါဏိဇာ၊ ကုန်သည်တို့သည်။
တံ၊ သင့်ကို။
ပုစ္ဆန္တိ၊ မေးပါကုန်၏။
ကထံ ကေနသုစိဏ္ဏေန၊ အဘယ်သို့သော အကျင့်ကြောင့်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
တယာ၊ သင်သည်။
လဒ္ဓံ၊ ရအပ်သနည်း။
တာတာ၊ အိုကုန်သည်တို့။
အဟံ၊ ငါသည်။
ယဒါ၊ အကြင်အခါ၌။
ကောသလာနံ၊ ကောသလတိုင်း သားလူအများတို့၏။
ရဇ္ဇံ၊ မင်း၏ အဖြစ်ကို။
အကာရယိံ၊ ပြု၏။
တဒါ၊ ထိုအခါ၌။
ပါယာသီတိသမညာ၊ ပါယာသိ ဟူသော အမည်သည်။
အဟု၊ ဖြစ်၏။
နတ္ထိကဒိဋ္ဌီစ၊ ပေးအပ်သော အလှူ၏ အကျိုးမရှိသုံးအပ်သော သီလသီတင်း၏ အကျိုးမရှိသည်၏ အဖြစ်ဖြင့် ဖြစ်သော နတ္ထိကမိစ္ဆာအမြင်ရှိသည်လည်း။
အဟောသိ၊ ဖြစ်၏။
ကဒရိယောစ၊ သူတပါးကိုလည်းမြစ်တားသည်၏ အစွမ်းဖြင့် ဖြစ်သော ကြမ်းသော မစ္ဆေရရှိသည်လည်း။
အဟောသိ၊ ဖြစ်၏။
ပါပဓမ္မောစ၊ ယုတ်မာသော အကျင့်ရှိသည်လည်း။
အဟောသိ၊ ဖြစ်၏။
ဥစ္ဆေဒဝါဒီစ၊ သတ္တဝါတို့သည် ထိုထိုဖြစ်ဆဲဘဝ၌ သာလျှင် ပြန်၏ ဟူသော အယူရှိသည်လည်း။
အဟောသိ၊ ဖြစ်၏။
တဒါ၊ ထိုအခါ၌။
ဥဠာရော၊ မြတ်သော။
စိတြကထီ၊ ဆန်းကျယ်စွာသောတရားစကားကို ဟောတတ်သော။
ကုမာရကဿပေါ၊ ကုမာရကဿပအမည်ရှိသော။
သမဏောစခေါ၊ ရဟန်းသည်လည်း။
အာသိ၊ ရှိသည်ဖြစ်၏။
သော၊ ထိုကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း။
မံ၊ ငါ့ကို။
ဓမ္မကထံ၊ တရားစကားကို။
အကာသိ၊ ပြောဟော၏။
မေ၊ ငါ၏။
ဒိဋ္ဌိဝိသုကာနိ၊ မှားသော မိစ္ဆာအမြင် တည်းဟူသော အကျင့်တို့ကို။
ဝိနောဒယိ၊ ပယ်ဖျောက်၏။
အဟံ၊ ငါသည်။
တံ ဓမ္မကထံ၊ ထိုတရားစကားကို။
သုဏိတွာ၊ နာ၍။
ဥပါသကတ္တံ၊ ဥပါသကာ၏ အဖြစ်ကို။
ပဋိဝေဒယိဿံ၊ ကြားရပြီ။
ပါဏာတိပါတာ၊ သူ၏ အသက်ကို သတ်ခြင်းမှ။
ဝိရတော၊ ကြဉ်ရှောင်သည်။
အဟောသိံ၊ ဖြစ်ပြီ။
လောကေ၊ လောက၌။
အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့်မပေးအပ်သော သူတပါး၏ ဥစ္စာကို။
ပရိဝဇ္ဇယိဿံ၊ ခိုးယူခြင်းမှ ကြဉ်ရှောင်၏။
အမဇ္ဇပေါ၊ သေအရပ်စသော ယစ်မျိုးကို သောက်စားခြင်းမရှိသည်။
အဟောသိံ၊ ဖြစ်ပြီ။
မုသာ၊ မဟုတ်မမှန်သော စကားကို။
နောစ ကာဏိံ၊ ဆိုလည်းမဆို။
သကေနဒါရေနစ၊ ကိုယ်မယာဖြင့်သာလျှင်။
တုဋ္ဌော၊ ရောင့်ရဲသည်။
အဟောသိံ၊ ဖြစ်ပြီ။
တာတာ၊ အိုကုန်သည်တို့။
တံ၊ ထို သရဏဂုံယူခြင်းငါးပါးသော သီလကို ဆောက်တည်ခြင်းသည်ပင်လျှင်။
မေ၊ ငါ၏။
ဝတံ၊ ဆောက်တည်အပ်သော အကျင့်ပင်တည်း။
တံပန၊ ထိုသရဏဂုံယူခြင်း ငါးပါးသော သီလကို ဆောက်တည်ခြင်းသည်ပင်လျှင်။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ပင်တည်း။
အယံဝိပါကော၊ ဤအကျိုးသည်။
တဿာ သုစိဏ္ဏဿ၊ ထိုဆောက်တည်အပ်သော အကျင့်မြတ်သော အကျင့်၏။
ဝိပါကော၊ အကျိုးတည်း။
ပုညေဟိ၊ မိမိ၏ ဖြစ်ရာ စိတ်ကို ဖြူစင်စေတတ်ကုန်သော။
အပါပကေဟိ၊ မယုတ်မာ ကုန်သော။
တေဟေဝကမ္မေဟိ၊ ထိုကုသိုလ်ကံတို့ကြောင့်သာလျှင်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
မေမယာ၊ ငါသည်။
လဒ္ဓံ၊ ရအပ်၏။
အယံ ပုရဏ သမညာ၊ ဤရှေးသူတော်ဟောင်းတို့၏ ပညတ်ပေါဟာရသည်။
သစ္စံကိရ၊ မှန်သည်သာတည်း။
ပဏ္ဍိတာနံ၊ ပညာရှိတို့၏။
ဝစနံ၊ စကားသည်။
အနညထာ၊ ဘောက်ပြန်ခြင်းမရှိ။
ပုညကမ္မော၊ ကုသိုလ်ကံရှိသော သူသည်။
ယဟိံ ယဟိံ၊ အကြင်အကြင်အရပ်သို့။
ဂစ္ဆတိ၊ ရောက်အံ့။
တဟိံ တဟိံ၊ ထိုထိုရောက်ရာအရပ်၌။
ကာမကာမိ၊ အလိုရှိတိုင်းသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ယဟိံ ယဟိံ၊ အကြင်အကြင်အရပ်၌။
သောကပရိဒေဝေါစ၊ သူ၏ စိုးရိမ်ခြင်း ငိုကြွေးခြင်းကိုလည်းကောင်း။
ဝဓောစ၊ သူ့အသက်ကို သတ်ခြင်းကို လည်းကောင်း။
ပရိတ္တိလေသောစ၊ ဆိုအပ်ခဲ့ ပြီးသောနည်းဖြင့် သတ္တဝါတို့ကို နှိပ်စက်ပူပန်ခြင်းကို လည်းကောင်း။
ကရိယတေ၊ ပြုအပ်သည်ဖြစ်အံ့။
ပါပကမ္မော၊ မကောင်းမှုရှိသောသူသည်။
တဟိံ တဟိံ၊ ထိုထိုသို့သော အရပ်၌။
ဒုဂ္ဂတိယာ၊ မကောင်းသောအလားမှ။
ကဒါစိ၊ တရံတဆစ်မျှ။
နရစ္စတိ၊ မလွတ်။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသောနတ်။
ဇနော၊ နတ်အပေါင်းသည်။
သံရဠရူပေါဝ၊ တွေဝေသော သဘောရှိသကဲ့သို့။
အဟောသိ၊ ဖြစ်၏။
အသ္မိံ ရဟုတ္ထေ၊ ဤငါတို့ပြောဆိုကြသောခဏ၌။
ဣမဿဇနဿ၊ ဤသင်၏ အချွေအရံ ဖြစ်သောနတ်အပေါင်းအားလည်းကောင်း။
တုယှဉ္စ၊ သင်နတ်သားအား လည်းကောင်း။
ကလလီကမလလံဝိယကတော၊ ညွန်ကဲ့သို့ ဖြစ်၏။
ကေန၊ အဘယ်သို့သောအကြောင်းကြောင့်။
အပစ္စယော၊ နှလုံးမသာ ယာခြင်းသည်။
အဟောသိ နုခေါ၊ ဖြစ်သနည်း။
တာတာ၊ အိုကုန်သည်တို့။
သိရီသဝနာ၊ ကုက္ကိုတောမှ။
ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော။
သုရဘိ၊ တင့်တယ် ကုန်သော။
ဣမေစဂန္ဓာ၊ ဤအနံ့တို့ သည်သာလျှင်။
သံပဝန္တိ၊ ထက်ဝန်းကျင်မှ ပျံ့လှိုင်ကုန်၏။
တေ၊ ထိုနတ်၌ ဖြစ်ကုန်သော တင့်တယ်သောအနံ့ရှိကုန်သော ကုက္ကိုပင်တောတို့သည်။
ဒိဝါစ၊ နေ့၌လည်းကောင်း။
ရတ္တောစ၊ ညဉ့်၌ လည်းကောင်း။
တမံ၊ အရိက်ကို။
နိဟန္တွာ၊ ဖျောက်ကုန်သည်ဖြစ်၍။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
သမ္ပဝါယန္တိ၊ ထက်ဝန်းကျင်မှ လှိုင်စေကုန်၏။
ဣမေ သဉ္စခေါ၊ ဤကုက္ကိုပင်တို့၏လည်း။
ဧကမေကာ၊ တခုတခုကုန်သော။
သိပါဋိကာ၊ အသီအိမ်တို့သည်။
ဝဿသတစ္စယေန၊ အနှစ်တရာတို့၏ လွန်သဖြင့်။
ဖလန္တိ၊ ပြတ်၍အညှာမှ လွတ်ကုန်၏။
တသ္မာ၊ ထိုကြောင့်။
မယှံ၊ ငါ့အား။
မာနုသကံ၊ လူ၌ဖြစ်သော။
ဝဿသတံ၊ အနှစ်တရာသည်။
အတီတံ၊ လွန်ပြီ။
ယဒဂ္ဂေယတောပဋ္ဌာယ၊ အကြင်အခါမှစ၍။
ဣဓကာယမှိ၊ ဤနတ်တို့၏ အပေါင်း၌။
ဥပပန္နော၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏။
တတောပဋ္ဌာယ၊ ထိုအခါမှစ၍။
အဟံ၊ ငါသည်။
ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော။
ပဉ္စဝဿသတာနိ၊ အနှစ်ငါးရာတို့ပတ်လုံး။
အသ္မိံ ဝိမာနေ၊ ဤဗိမာန်၌။
ဌတွာန၊ တည်ပြီး၍။
အာယုက္ခယာ၊ အသက်၏အပိုင်းအခြားကုန်ခြင်းကြောင့် လည်းကောင်း။
ပုညက္ခယာ၊ ဇနကကုသိုလ်ကံ၏ ကုန်ခြင်းကြောင့်လည်းကောင်း။
စဝိဿံ၊ စုတေရလတ္တံ့။
တေနေဝသောကေန၊ ထိုစုတေရလတ္တံ့သည်ကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်ခြင်းဖြင့် သာလျှင်။
အဟံ၊ ငါသည်။
မုစ္ဆိတော၊ တွေဝေသည်။
အသ္မိ၊ ဖြစ်၏။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသောနတ်သား။
ယေစာဝိခေါသတ္တာ၊ အကြင်သတ္တဝါတို့သည်လည်း။
ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ကုန်၍။
ဣတ္တရံ၊ မကြာမမြင့်။
စဝေယုံ၊ စုံတေကုန်၏။
ပရိတ္တပုညာ၊ နည်းသော ကုသိုလ်ကံရှိကုန်ေူာ။
တေသတ္တာ၊ ထိုသတ္တဝါတို့သည်သာ။
မရဏံ၊ သေခြင်းကို။
ပဋိစ္စ၊ စွဲ၍။
သောစေယျုံ နူန၊ စိုးရိမ်ကုန်ရာသည်မဟုတ်လော။
ယောသတ္တော၊ အကြင်သတ္တဝါသည်။
ဣဒိသံ၊ ဤသို့ သဘောရှိသော။
အတုလံ၊ မြတ်သော။
ဝိမာနံ၊ ဗိမာန်ကို။
လဒ္ဓါ၊ ရ၏။
စိရာယစိရံကာလံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကို။
အနုဘဝေယျံ၊ ခံစားရအံ့။
တထာဝိဓော၊ ထိုသို့ သဘောရှိသော။
သောသတ္တဝေါ၊ ထိုသတ္တဝါသည်။
ကထံ၊ အဘယ်ကြောင့်။
မရဏံ၊ သေခြင်းကို။
ပဋိစ္စ၊ အကြောင်းပြု၍။
သောစေယျံနု၊ စိုးရိမ်အံ့နည်း။
တာတာ၊ အိုကုန်သည်တို့။
တုမှေ၊ သင်တို့သည်။
မံ၊ ငါကို။
ယံပေယျဝါစံ၊ အကြင်ကထံနုသောစေယျ အစရှိသည်ဖြင့် ချစ်ဖွယ်သော စကားကို။
ဝဒေထ၊ ဆိုကုန်၏။
တုမှေ၊ သင်တို့သည်။
မေ၊ ငါအား။
ဩပါဒိသံ၊ ဆုံးမသည်၏ အစွမ်းဖြင့် ဆိုအပ်သော။
တဉ္စဝစနံ၊ ထိုစကားသည်လည်း။
အနုစ္ဆဝိကံ၊ လျောက်ပတ်၏။
တုမှေ၊ သင်တို့သည်။
မံ၊ ငါ့ကို။?
ပေယျဝါစံ၊ ကထံနုသောစေယျ စသည်ဖြင့် ချစ်ဖွယ်သော စကားကို။
ဝဒေထ၊ ဆိုကုန်၏။
တံ တသ္မာ၊ ထိုကြောင့်။
အနုစ္ဆဝိကံ၊ လျောက်ပတ်သော ။
ဩဝဒိယဉ္စ၊ အဆုံးအမအားလျော်သော အမှုကိုလည်း။
မေ၊ ငါသည်။
ကတံ၊ ပြုအပ်၏။
တုမှေစ၊ သင်တို့ကိုလည်း။
အမနုဿပရိဂ္ဂဟေ၊ ဘီလူးတို့သည် သိမ်းစည်းအပ်သော။
ဣမသ္မိံ မရုကန္တာရေ၊ ဤသဲအတိရှိသော ကန္တာရ၌ ။
မယာ၊ ငါသည်။
အနုဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်၏။
ယေန၊ အကြင်ခရီးဖြင့်။
ဂန္တုံ၊ သွားခြင်းငှါ။
တုမှာကံ၊ သင်တို့အား။
ဣစ္ဆတိရုစိတံ၊ အလိုရှိအပ်၏။
တေန၊ ထိုခရီးဖြင့်။
တုမှေ၊ သင်တို့သည်။
သောတ္ထိံ၊ ချမ်းသာစွာ။
ပလေထ၊ သွားကုန်လာ။
ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသော နတ်သား။
ဓနတ္ထိကာ၊ အမြတ်ဥစ္စာဖြင့် အလိုရှိကုန်သော။
ဥဒယံ၊ အမြတ်ဥစ္စာကို။
ပတ္ထယာနာ၊ တောင့်တကုန်သော။
မယံ၊ အကျွန်ုပ်တို့သည်။
အခေမေန၊ ဘေးမရှိသဖြင့်။
သိန္ဓာသောဝိရဘူမိံ၊ သိန္ဓုအရပ်သော ဝိရအရပ်သို့။
ဂန္တွာ၊ သွားကုန်ပြီး၍။
ယထာပယောဂါ၊ ဤယခုအခါ၌ ဝန်ခံခြင်းအားလျောက်ပတ်သော လုံးလရှိကုန်သည်ဖြစ်၍။
ပရိပုဏ္ဏစာဂါ၊ ပြည့်စုံသော စွန့်ကြဲခြင်း ရှိကုန်သည်ဖြစ်၍။
ဥဠာရံ၊ များမြတ်သော။
သေရိသမဟံ၊ သေရိသကနတ်အားသဘင်ဖြင့် ပူဇော်ခြင်းကို။
ကဟာမ၊ ပြုကုန်အံ့။
တာတာ၊ အိုကုန်သည်တို့။
တုမှေ၊ သင်တို့သည်။
သေရိသမဟံ၊ သေရိသကနတ်သားအား သဘင်ဖြင့် ပူဇော်ခြင်းကို။
မာဟေဝ အကတ္ထ၊ မပြုလင့် လေကုန်။
တုမှေ၊ သင်တို့သည်။
ပစ္စာသိသန္တာ၊ ဘေးမရှိသဖြင့် သိန္ဓုသော အရပ်သို့ ရောက်ခြင်းအမြတ်ဥစ္စာကို ရခြင်းကို တောင်းတကုန်၏။
ယံဝစနံ၊ အကြင်ဂန္တွာမယံ စသော စကားကို။
ဝဒေထ၊ ဆိုကုန်၏။
တံသဗ္ဗဉ္စ၊ ထိုဘေးမရှိသဖြင့် လိုရာအရပ်သို့ ရောက်ခြင်း အမြတ်ဥစ္စာကို ရခြင်းဟု ဆိုအပ်သော အလုံးစုံသည်လည်း။
ဝေါ၊ သင်တို့အား။
တထေဝ၊ ထိုတောင့်တပြောဆိုသော စကားအတိုင်းပင်လျှင်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တုမှေ၊ သင်တို့သည်။
ပါပါနိ၊ ယုတ်မာကုန်သော။
ကမ္မာနိ၊ အကုသိုလ်ကံတို့ကို။
ပရိဝဇ္ဇယာထ၊ ကြဉ်ရှောင်လေကုန်။
ဓမ္မာနုယောဂဉ္စ၊ အလှူပေးခြင်း အစရှိသော ကုသိုလ်ဓမ္မကို အားထုတ်ခြင်း လုံ့လကိုလည်း။
အဓိဋ္ဌဟထ၊ ဆောက်တည်လေကုန်။
ဣဒံ၊ ဤကုသိုလ်ဓမ္မ၌လုံ့လ အားထုတ်၍ ဖြည့်ကျင့်ခြင်းသည်။
သေရိသကမဟံ၊ သေရိသကနတ်ကို ပူဇော်ခြင်းပင်တည်း။
ဝါဏိဇာ၊ ကုန်သည်တို့။
ဣမသ္မိံ သံဃေ၊ ဤလူအပေါင်း၌။
ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော။
သီလဝတုပပန္နောစ၊ သီလအကျင့်နှင့် လည်း ပြည့်စုံသော။
သဒ္ဓေါစ၊ ကံ ၏ အကျိုးကိုယုံကြည်ခြင်းလည်း ရှိသော။
စာဂိစ၊ ပေးကမ်း လှူဒါန်းခြင်းလည်းရှိသော။
သုပေသလောစ၊ သီလကို အလွန်မြတ်နိုးခြင်းလည်းရှိသော။
ဝိစက္ခဏောစ၊ ထိုထိုသို့သော ပြုအပ်သော အမှု၌လည်း လိမ္မာသော။
သန္တုဿီတောစ၊ ရောင့်ရဲလွယ်ခြင်းလည်း ရှိသော။
မုတိမာစ၊ ကမ္မဿက တဉာဏ်စည်ဖြင့် ပစ္စုပ္ပန် စီးပွားသံသရာ စီးပွားတို့ကို သိတတ်သည်လည်းဖြစ်သော။
ဥပါသကော၊ ဥပါသကာသည်။
အတ္ထိ၊ ရှိ၏။
သော ဥပါသကော၊ ထိုဥပါသကာသည်။
သဉ္ဇနမာနော၊ မဆိုမီ ရှေ့အဖို့၌ ဆိုစဉ်ဆဲဆဲ၌သိလျက်။
မုသာ၊ မဟုတ်မမှန်သော စကားကို။
နဘဏေယျ၊ မဆိုရာ။
ပရူပဠာတာယ၊ သူတပါးကို သတ်ခြင်းငှါ။
နစေတယေယျ၊ လုံ့လမပြုရာ။
ဝေဘူတိယံ၊ အပေါင်းအဖော်တို့၏ မြဲမြံခြင်း မရှိသည်၏ အဖြစ်ကို ပြုတတ်သော။
ပိသုဏံ၊ ဂုံးတိုက်သော စကားကို။
နောကရေယျ၊ မလိုက်နာရာ။
သဏှံ၊ သိမ်မွေ့သော။
ဝါဒဉ္စ၊ စကားကိုလည်းကောင်း။
သခိလံ၊ ပြေပြစ်ချောမောသော။
ဝါဒဉ္စ၊ စကားကိုလည်းကောင်း။
ဘဏေယျ၊ ဆိုသည်မည်၏။
သော ဥပါသကော၊ ထိုဥပါသကာသည်။
သဂါရဝေါ၊ ရိုသေအပ်သော သူတို့ကိုလည်း အရိုအသေ ပြုခြင်း ရှိ၏။
သပ္ပတိဿော၊ အလေးအမြတ်ပြုအပ်သော သူတို့၌လေးမြတ်ခြင်းနှင့် တကွဖြစ်၏။
ဝိနီတော၊ ဆုံးမအပ်သော ကိုယ်နှုတ် နှလုံးရှိ၏။
အဓိသီလေ၊ ဥပါသကာသည်စောင့်အပ်သော မြတ်သော သီလ၌။
ဝိသုဒ္ဓေါ၊ အထူးသဖြင့် စင်ကြယ်၏။
ဝါဏိဇာ၊ ကုန်သည်တို့။
ယောဇန္တု၊ အကြင်သတ္တဝါသည်။
မာတရဉ္စ၊ အမိကိုလည်းကောင်း။
ပိတရဉ္စာပိ၊ အဘကိုလည်းကောင်း။
ဓမ္မေန၊ တရားသဖြင့်။
ပေါသေတိ၊ မွေးကြွေး၏။
သောဇန္တု၊ ထိုသတ္တဝါသည်။
အရိယဝုတ္တိ၊ စင်ကြယ်သော အသက်မွေးခြင်း ရှိ၏။
ဣတိ၊ ဤသို့။
အညေမညာမိ၊ ငါမှတ်ထင်၏။
သော ဥပါသကော၊ ထိုဥပါသကာသည်။
မာတာဝိတူနံ၊ အမိအဘတို့၏။
ကာရဏာ၊ အကြောင်းကြောင့်။
ဘောဂါနိ၊ စည်းစိမ်ဥစ္စာတို့ကို။
ပရိယေသတိ၊ ရှာမှီး၏။
အတ္တဟေတု၊ မိမိဟူသော အကြောင်းကြောင့်။
နပရိယေသတိ၊ မရှာမှီး။
ယောဥပါသကော၊ အကြင်ကြောင်းကြောင့်။
မာတာပိတူနံ၊ အမိအဘတို့၏။
အစ္စယေန၊ သေလွန်သဖြင့်။
နေက္ခမ္မပေါဏော၊ နိဗ္ဗာန်သို့ ညွတ်သော စိရှိသည်ဖြစ်၍။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရိဿတိ၊ ကျင့်လတ္တံ့။
ဥဇု၊ ဖြောင့်မတ်သော။
အဝင်္ကော၊ ကောက်ကျစ်ခြင်းမရှိသော။
အဿထော၊ စဉ်းလဲစဉ်းစား မပြုတတ်သော။
အမာယော၊ မ လှည့်ပတ်တတ်သော။
သောဥပါသကော၊ ထိုဥပါသကာသည်။
လေသကပ္ပေန၊ အမြွက်မျှကို ကြံသဖြင့်။
ဝစနံ၊ လှည့်ပတ်ခြင်း စဉ်းလဲကောက်ကျစ်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော စကားကို။
နဝေါဟရေယျ၊ မမြွက်ဆိုရာ။
တာဒိသော၊ ထိုသို့သ ဘောရှိသော။
သုကထကမ္မကာရီ၊ သုစရိုက်ကုသိုလ်ကံကို ပြုလေ့ရှိသော။
ဓမ္မေ၊ ကုသိုလ်တရား၌။
ဌိတော၊ တည်သော။
သောဥပါသကော၊ ထိုဥပါသကာသည်။
ကိန္တိကေန ပကာရေန၊ အဘယ်သို့သော အပြားအားဖြင့် ။
ဒုက္ခံ၊ ဆင်းရဲကို။
လဘေထ၊ ရရာအံ့နည်း။
တံ ကာရဏာ၊ ထိုဥပါသကာတို့ အကြောင်းကြောင့်။
အဟံ၊ ငါသည်။
အတ္တနာ၊ ကိုယ်တိုင်ပင်လျှင်။
တုမှာကံ၊ သင်တို့အား။
ပါတုကတော၊ ထင်စွာပြုအပ်သည်။
အမှိ၊ ဖြစ်၏။
အဟံ၊ ငါသည်။
အတ္တာနံ၊ မိမိကိုယ်ကို။
တုမှာကံ၊ သင်တို့အား။
ပါတုကတော၊ ထင်စွာပြုသည်။
အမှိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
တုမှေ၊ သင်တို့သည်။
စရိတဗ္ဗံ၊ ကျင့်အပ်သည်၏ ဖြစ်ကို။
ကတွာ၊ ပြု၍။
ပဿထ၊ ရှုကြကုန်လော။
တုမှေ၊ သင်တို့သည်။
တေန၊ ထိုဥပါသကာကို။
အညတြ၊ ကြဉ်၍။
စေအာဂတာ၊ အကယ်၍ လာကုန်သည်ဖြစ်အံ့။
အရညေ၊ တော၌။
အန္ဓာကုလာ၊ သူကန်းကဲ့သို့နှောင့်ရှောက်ကုန်သည်ဖြစ်၍။
ဝိပန္နဋ္ဌာ၊ ခရီးမှားသဖြင့် ပျက်သော နှလုံးရှိကုန်သော။
တုမှေ၊ သင်တို့သည်။
ဣဟ၊ ဤသဲကန္တာရ၌။
တံခိပ္ပမာနေန၊ ထိုကန္တာရ၌ဖြစ်သော ဘေးရန်၏ နှိပ်စက်ခြင်းဖြင့်လည်းကောင်း။
ပရေန၊ တပါးသော ဘေးရန်၏ နှိပ်စက်ခြင်းဖြင့်လည်းကောင်း။
လဟုံ၊ လျှင်စွာ။
တသ္မိံ တသ္မဘာဝံ၊ ပြာ၏ အဖြစ်သို့။
ဘဝေထဂစ္ဆေယျာထ၊ ရောက်ကုန်ရာ၏။
သပ္ပုရိတေန၊ သူတော်ကောင်းနှင့်။
သင်္ဂဟေ၊ ပေါင်းဖော်ခြင်းသည်။
ဟဝေ၊ စင်စစ်။
သုခေါ၊ ချမ်းသာ၏။
ယက္ခ၊ နတ်သား။
တွံ၊ သင်သည်။
ယဿဥပါသကဿ၊ အကြင်ဥပါသကာကို။
အနုကမ္ပာယ၊ သနားသဖြင့် ချီးမြှောက်ခြင်းငှါ။
ဣဓ၊ ဤသဲကန္တာရသို့။
အာဂတော၊ လာရောက်သည်။
အသိ၊ ဖြစ်၏။
သောဥပါသကော၊ ထိုဥပါသကာသည်။
နာမသော၊ အမည်အားဖြင့်။
ကိံကောနာမ၊ အမည်ရှိသနည်း။
သောဥပါသကော၊ ထိုဥပါသကာသည်။
ကသိဝါဏိဇာဒီသု၊ လယ်လုပ်ခြင်းကုန်သွယ်ခြင်း အစရှိကုန်သော အမှုတို့တွင်။
ကိဉ္စိကမ္မံ၊ အဘယ်သို့ သောအမှုကို။
ကရောတိ၊ ပြုလုပ်သနည်း။
တိဿောတျာဒီသု၊ တိဿဟူသော အမည်အစရှိသည်တို့တွင်။
တဿဥပါသကဿ၊ ထိုဥပါသကာအား။
ကိန္နာမဓေယျံ၊ အဘယ်အမည်နှင့် စပ်သနည်း။
မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။
နံဥပါသကံ၊ ထိုဥပါသကာကို။
ဒဋ္ဌုကာမာ၊ ဖူးမြင်လိုကုန်သည်။
အမှ၊ ဖြစ်ကုန်၏။
ယက္ခ၊ နတ်သား။
ယဿဥပါသကဿ၊ အကြင်ဥပါသကာကို။
တုဝံ၊ သင်သည်။
ဝိဟေသိ၊ ချစ်၏။
တဿ ဥပါသကဿ၊ ထိုဥပါသကာသည်။
ဟိတသုခါ၊ စီးပွားချမ်းသာတို့ကို။
လာဘာဟိလာဘာဧဝ၊ ရတော်မူကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဝါဏိဇာ၊ ကုန်သည်တို့။
ကောစ္ဆဖလူပဇီဝိ၊ တိုအစရှိသည်တို့၏ ပမာဏကို နှိုင်းယှဉ်ခြင်း အမှု ကုန်သွယ်ခြင်းအမှုကို မှီ၍ အသက်မွေးသော။
သမ္ဘဝနာမဓေယျော၊ သမ္ဘဝဟူသော အမည်နှင့် စပ်ယှဉ်သော။
ကပ္ပကော၊ ဆတ္တာသည်ဖြစ်သော။
ယောဥပါသကော၊ အကြင်ဥပါသကာသည်။
အတ္ထိ၊ ရှိ၏။
နံဥပါသကံ၊ ထိုဥပါသကာကို။
တုမှေ၊ သင်တို့သည်။
ဇာနာထ၊ သိသင့်ကုန်။
သော၊ ထိုဥပါသကာသည်။
တုမှာကံ၊ သင်တို့၏။
ပေသိယောပေသနကာရကော၊ စေခြင်းဖြင့် အမှုကို ပြုလုပ်တတ်သော သူတည်း။
သော၊ ထိုဥပါသကာသည်။
သုပေသလော၊ သီလကို အလွန်ချစ်မြတ်နိုး၏။
နံ၊ ထိုဥပါသကာကို။
တုမှေ၊ သင်တို့သည်။
မာစခေါဟီဠိတ္တ၊ မရိုမသေမပြုကြကုန်လင့်။
ယက္ခ၊ နတ်သား။
ယံဥပါသကံ၊ အကြင်ဥပါသကာကို။
နာမာဒိနာ၊ သမ္ဘဝဟူသော အမည်အစရှိသည်ဖြင့်။
တွံ၊ သင်သည်။
ဝဒေသိ၊ ပြောဆို၏။
နံ၊ ထိုဥပါသကာတို့။
မယံ၊ အကျွန်ုပ်တို့သည်။
သရူပတော၊ သရုပ်အားဖြင့်။
ဇာနာမသေ၊ သိကုန်၏။
ဂုဏတော၊ ဂုဏ်အားဖြင့် မူကား။
ဧဒိသောတိ၊ ဤသို့ သဘောရှိ၏ဟူ၍။
နခေါဇာနာမသေ၊ မထိပါကုန်။
ယက္ခ၊ နတ်သား။
တုယှံ၊ သင်၏။
ဥဠာရံ၊ မြတ်သော။
ဝစနံ၊ စကားကို။
သုတွာန၊ ကြားကုန်၍။
မယံ၊ အကျွန်ုပ်တို့သည်။
နံ၊ ထို ဥပါသကာကို။
ပူဇယိဿာမ၊ ပူဇော်ကုန်အံ့။
ဝါဏိဇာ၊ ကုန်သည်တို့။
ဣမသ္မိံ သတ္ထေ၊ ဤလှည်း၌။
နဝါ၊ အငယ်လည်း ဖြစ်ကုန်ထသော။
မဟန္တာ၊ အရွယ်အားဖြင့် ကြီးသည်လည်းဖြစ်ကုန်ထသော။
အထ၊ ထိုမှတပါး။
မဇ္ဈိမာ၊ အရွယ်အားဖြင့် အလယ်လည်း ဖြစ်ကုန်ထသော။
ယေကေစိမနုဿာ၊ အကြင်ခပ်သိမ်းကုန်သော လူတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသဗ္ဗေဝ၊ ထိုခပ်သိမ်းကုန်သော လူတို့သည်ပင်လျှင်။
မမ၊ ငါ၏။
ဝိမာနံ၊ ဗိမာန်သို့။
အာရောဟန္တု၊ တတ်ကုန်သော။
ကဒရိယာ၊ ဝန်တိုဆို့ပိတ်တတ်သော မစ္ဆေရရှိကုန်သော သူတို့သည်။
ပုညာနံ၊ ကောင်းမှုတို့၏။
ဖလံ၊ အကျိုးကို။
ပဿန္တု၊ ရှုကုန်သော။
တတ္ထ၊ ထိုအရပ်၌။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖစ်ကုန်သော။
တေဝါဏိဇာ၊ ထိုကုန်သည်တို့သည်။
အဟံပုရေတိ၊ ငါးရှေးငါရှေးဟူ၍။
ဝတွာ၊ ဆိုကုန်၍။
တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။
တံကပ္ပကံ၊ ထိုဆတ္တာသည် ဥပါသကာကို။
ပုရက္ခိတွာ၊ ရှေးသွားပြုကုန်၍။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
တေ၊ ထိုကုန်သည်တို့သည်။
ဝါသဝဿ၊ သိကြားမင်း၏။
မသက္ကသရံဝိယ၊ နေရာဗိမာန်ကဲ့သို့။
သောဘမာနံ၊ တင့်တယ်သော။
ဝိမာနံ၊ သေရိသကနတ်သား၏ ဗိမာန်ကို။
အာဘိရုဟိံ သု၊ တက်ကုန်၏။
တတ္ထ၊ ထိုဗိမာန်၌။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
တေ၊ ထိုကုန်သည်တို့သည်။
အဟံပုရေတိ၊ ငါရှေးငါရှေးဟု။
ဝတွာ၊ ဆိုကုန်၍။
ဥပါသကတ္တံ၊ ဥပါသကာ၏ အဖြစ်ကို။
ပဋိဝေဒယိံသု၊ ကြားကုန်၏။
ပါဏာတိပါတာ၊ သူ၏ အသက်ကို သတ်ခြင်းမှ။
ပဋိဝိရတာ၊ ကြဉ်ရှောင်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
လောကေ၊ လူ၌။
အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါး၏ ဥစ္စာကို။
ပရိဝဇ္ဇယိံ သု၊ ခိုးယူခြင်းမှ ကြဉ်ရှောင်ကုန်၏။
အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကို မသောက်စားကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
သကေနဒါ ရေနစ၊ ကိုယ်မယားဖြင့်သာ။
တုဋ္ဌာ၊ ရောင့်ရဲကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏
သဗ္ဗေဝ၊ အလုံးစုံကုန်သာလျှင် ဖြစ်ကုန်သော။
တေ၊ ထိုကုန်သည်တို့သည်။
အဟံပုရေတိ၊ ငါရှေးငါရှေးဟု။
ဝတွာ၊ ဆိုကုန်၍။
ဥပါသကတ္တံ၊ ဥပါသကာ၏ အဖြစ်ကို။
ပဋိဝေဒယိတွာ၊ ကြားကုန်ပြီး၍။
သတ္ထော၊ လှည်းလည် သည်အပေါင်းသည်။
ယက္ခိဒ္ဓိယာ၊ သေရိသကနတ်သား၏ တန်ခိုးဖြင့်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
အနုမောဒမာနော၊ ဝမ်းမြောက်လျက်။
အနုမတော၊ အလိုအားဖြင့်။
ပက္ကမိ၊ သွားလေ၏။
ဓနတ္တိကာ၊ ဥစ္စာဖြင့် အလိုရှိကုန်သော။
ဥဒ္ဒယံ၊ အမြတ်ဥစ္စာကို။
ပတ္ထယာနာ၊ တောင့်တကုန်သော။
တေဝါဏိဇာ၊ ထိုကုန်သည်တို့သည်။
သိန္ဓုသောဝိရဘူမိံ၊ သိန္ဓု အရပ်သော ဝိရအရပ်သို့။
ဂန္တွာန၊ ရောက်ကုန်၍။
ယထာပယောဂါ၊ မိမိတို့ ၏ အလိုအတိုင်းပြုအပ်သောလုံ့လရှိကုန်သည်ဖြစ်၍။
ပရိပုဏ္ဏလာဘာ၊ ပြည့်စုံသော လာဘ်ရှိကုန်သည်ဖြစ်၍။
အက္ခတံအနုရူပံ၊ လျောက်ပတ်သော။
ပါဋလိပုတ္တံ၊ ပါဋလိပုတ်ပြည်သို့။
ဂစ္စာဂမိံ သု၊ တဘန်ပြန်လေကုန်၏။
တေ၊ ထိုကုန်သည်တို့သည်။
သောတ္ထိဝန္တော၊ ချမ်းသာသော အဖြစ်ရှိကုန်သည်ဖြစ်၍။
သဃရံ၊ မိမိအိမ်သို့။
ဂန္တွာန၊ ရောက်ကုန်၍။
ပုတ္တေဟိ၊ သားသမီးတို့နှင့်လည်းကောင်း။
ဒါရေဟိ၊ မယားတို့နှင့် လည်းကောင်း။
သမင်္ဂိဘူတာ၊ တကွဖြစ်ကုန်လျက်။
အာနန္ဒစိတ္တာ၊ အလွန်နှစ်သက်သော စိတ်ကုန်လျက်။
သုမနာ၊ ဝမ်းမြောက်ကုန်လျက်။
ပတိတာ၊ ရွှင်ကုန်လျက်။
ဥဠာရံ၊ ကြီးမြတ်သော။
သေရိသမဟံ၊ သေရိသကနတ်သားအား သဘင်ဖြင့်ပူဇော်ခြင်းကို။
အကံသု၊ ပြုကုန်၏။
သေရိသကံ၊ သေရိသက အမည်ရှိသော။
ပရိဝေဏအာဝါသံ၊ ပြသာဒ် စုထစ်မွန်းချွန်အပ်သော အိမ်စသည်တို့နှင့် ပြည်စုံသောနေရာကို။
မာပယိံသု၊ ဖန်ဆင်းပြုစုကုန်၏။
သပ္ပုရိသာနံ၊ သူတော်ကောင်းတို့ကို။
သေဝနာ၊ မှီဝဲခြင်းသည် လည်းကောင်း။
ဓမ္မဂုဏာနံ၊ တရားတော်၏ မဖောက်မပြန်သော ဂုဏ်ကျေးဇူးတို့ကို။
သေဝနာ၊ မှီဝဲခြင်းသည် လည်းကောင်း။
ဧတာဒိသာ၊ ဤသို့ အကျိုးမဲ့ ကိုဖျောက်၍ ကောင်းကျိုးကို ပြီးစေခြင်းသဘောရှိသော။
မဟိဒ္ဓိယာ၊ များမြတ်သော အကျိုးအာနိသင်ရှိသည်။
အဟောသိ၊ ဖြစ်၏။
ဧကဿ၊ တယောက်သော။
ဥပါသကဿ၊ သမ္ဘဝ အမည်ရှိသော ဥပါသကာ၏။
အတ္ထာယ၊ အကျိုးငှါ။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
သတ္ထာ၊ လှည်းကုန်သည်နှင့် အကျုံဝင်ကုန်သော သတ္တဝါတို့သည်။
သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
အဝေါစ၊ ဆို၏။
ဒုတိယံ၊ နှစ်ခုမြောက်သော။
သေရီသကပေတဝတ္ထု၊ ကုက္ကိုပင်ရှိသော ဗိမာန်၌ ဖြစ်သော ပါယာသိနတ်သား၏ အကြောင်းသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
တတိယံ၊ သုံးခုမြောက်သော။
သာဏဝါရံ၊ ဘာဏဝါရသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။