Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

6. Kaṇhapetavatthu

Author: နိဿယ @ IAPT

ကဏှ၊ ကဏှနွယ်ဖြစ်သော။ ကေသဝ၊ ကေသဝ အမည်ရှိသော မင်းမြတ် ။ ဥဋ္ဌေဟိ၊ ထလော။ ကိံ၊ အဘယ်ကြောင့်။ သေသိ၊ အိပ်သနည်း။ သုပိနေန၊ အိပ်ခြင်းဖြင့်။ တေ၊ သင်မင်းမြတ်အား။ ကောအတ္ထော၊ အဘယ်အကျိုးရှိသနည်း။
ကဏှ၊ ကဏှအနွယ်ဖြစ်သော။ ကေသဝ၊ ကေသဝ အမည်ရှိသော မင်းမြတ်။ တုယှံ၊ သင်မြင်းမြတ်၏။ သကောဘာတာ၊ တဝမ်းတည်းကျိန်းတော်ညီတော်ဖြစ်သော။ ဟဒယံဟဒယသဒိသော၊ နှလုံးနှင့်တူသော။ စက္ခုဒက္ခိဏံ ဒက္ခိဏစက္ခုသဒိသော၊ သင်္ကျာမျက်စိနှင့်တူသော။ ယောဃဍော၊ အကြင်ဃဋပဏ္ဍိတသည်။ အတ္ထိ၊ ရှိ၏။
တဿ၊ ထိုဃဋပဏ္ဍိတအား။ ဝါတာ၊ ရှုခြင်းကို ဖြစ်စေတတ်ကု်သော သေတို့သည်။ ဗလိယန္တိ၊ အားကြီးကုန်၏။ ဃောဃဋော၊ ထိုဃဋပဏ္ဍိတသည်။ ဇပ္ပတိ၊ ယုန်ပေကုန်ပေကုန်ဟု ဆိုမည်တမ်း၏။
ဥပါသကာ၊ ဥပါသကာ။ ရောဟိဏေယျဿ၊ ရောဟိဏေယျ အမည်ရှိသော။ တဿ၊ ထိုအမတ်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ ကေသဝေါ၊ ကေသဝအမည်ရှိသော မင်းသည်။ ဘာတုသောကေန၊ ညီကြောင့်ဖြစ်သော စိုးရိမ်ခြင်းသည်။ အဋိတော၊ နှိပ်စက်ပ်သည်ဖြစ်၍။ တရမာနရူပေါ၊ ဆောလျှင်သော သဘောရှိသည်ဖြစ်၍။ ဝုဋ္ဌာသိ၊ ထ၏။
ဘဒ္ဒမုခ၊ ကောင်းသော မျက်နှာ ရှိသောဃဋပဏ္ဍိတ။ ကိံနု၊ အသို့နည်း။ တွံ၊ သင်သည်။ ဥမ္မတ္တရူပေါဝ၊ ဥမ္မတ္တကောဝိယ ရူးသွပ်သကဲ့သို့။ ကေဝလံ၊ အလုံးစုံသော။ ဣမံဒွါရကံ၊ ဤဒွါရဝတီမြို့ကို။ ဝိစရန္တော၊ လှည့်လည်လျက်။
သသော သသောတိ၊ ယုန်ယုန်ဟု။ လပသိ၊ ဆိုမြည်တမ်းဘိသနည်း။ ဘဒ္ဒမုခ၊ ကောင်းသော မျက်နှာရှိသော ဃဋပဏ္ဍိတ။ တွံ၊ သင်သည်။ ကီဒိသံ၊ အဘယ်သို့ သဘောရှိသော။ သသံ၊ ယုန်ကို။ ဣစ္ဆတိ၊ အလိုရှိသနည်း။
သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း။ ဣစ္ဆတိ၊ အလိုရှိသလော။ မဏိမယံ၊ ပတ္တမြားဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း။ ဣစ္ဆသိ၊ အလိုရှိသလော။ လောဟမယံ၊ ကြေးနီဖြစ်ပြီးသော ယုန်ရုပ်ကိုလည်း။ ဣစ္ဆတိ၊ အလိုရှိသလော။ အထ၊ ထိုသို့ မဟုတ်မူ။ ရုပိယမယံ၊ ရွှေဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း။ ဣစ္ဆတိ၊ အ လိုရှိသလော။
သင်္ခသိလာပပါဠမယံ၊ ခရုသင်းကျောက်သလင်း သန္တာဖြင့် ပြီးသော ယုန်ရုပ်ကိုလည်း။ ဣစ္ဆတိ၊ အလိုရှိသလော။ တေ၊ သင်အား။ သသံ၊ ယုန်ရုပ်ကို။ ကာရယိဿာမိ၊ ပြုလုပ်စေအံ့။
ဘဒ္ဒမုခ၊ ကောင်းသော မျက်နှာရှိသော ဃတပဏ္ဍိတ။ အညေ၊ ယုန်ရုပ်မှ တပါးကုန်သော။ အရညာ၊ တော၌ ဖွားကုန်သော။ ဝနဂေါစရာ၊ တော၌ကျက်စားကုန်သော။ သသကာပိ၊ ယုန်တို့သည်လည်း။ သန္တိ၊ ရှိကုန်၏။
တေပိ၊ ထို ယုန်တို့ကိုလည်း။ တေ၊ သင်အား။ အာနယိဿာမိ၊ ဆောင်ပါအံ့။ တွံ၊ သင်သည်။ ကိဒိသံ၊ အဘယ်သို့ သဘောရှိသော။ သသံ၊ ယုန်ကို။ ဣစ္ဆသိ၊ အလိုရှိသနည်း။
ကေသဝ၊ ကေသဝ အမည်ရှိသော မင်းမြတ်။ ယေသသာ၊ အကြင်ယုန််တို့သည်။ ပတဝိံ၊ မြေ၌။ သိဘာ၊ မှီကုန်၏။ ဧတေသသေ၊ ထိုယုန်တို့ကို။ အဟံ၊ အကျွန်ုပ်သည်။ နဣစ္ဆေ၊ အလိုမရှိ။
ကေသဝ၊ ကေသဝအမည်ရှိသော မင်းမြတ်။ စန္ဒတော၊ လမှ။ သသံ၊ ယုန်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဣစ္ဆာမိ၊ အလိုရှိ၏။ တံ၊ ထိုလနှင့်ယုန်ကို။ တွံ၊ သင်သည်။ မေ၊ ငါအား။ ဩဟရ၊ ချီဆောင်၍ပေးသော။ ဉာတိ၊ ဆွေင်း ညီစစ်ဖြစ်သော ဃတပဏ္ဍိတ။ ယောတွံ၊ အကြင်သင်သည်။ အပတ္တယံ၊ မတောင့်တအပ်သော ဝတ္ထုကို။ ပတ္ထယသိ၊ တောင့်တ၏။ စန္ဒတော၊ မှ။ သသံ၊ ယုန်ကို။ ဣစ္ဆသိ၊ အလိုရှိ၏။
ဉာတိ၊ ဆွေရင်းဖြစ်သော ဃဋပဏ္ဍိတ။ သောတွံ၊ ထိုသင်သည်။ မဓုရံ၊ အလွန်ကောင်းသော။ အတ္တနော၊ မိမိ၏ ။ ဇီဝိတံ၊ အသက်ကို။ ဇဟိဿသိနုနဇဟိဿသိမညေ၊ စွန့်ရလတ္တံ့သည်ဟု ငါမှတ်ထင်၏။
ကဏှ၊ ကဏှအမည်ရှိသော မင်းမြတ်။ အလဗ္ဘနေယျဝတ္ထု၊ တောင့်တ၍ မရအပ်သော ဝတ္ထုကို။ နပတ္ထေတဗ္ဗံ၊ မတောင့်တအပ်။ ဣတိ၊ ဤသို့။ စေဇာနာသိ၊ အကယ်၍ သိငြားအံ့။ ယထာဇာနန္တော၊ ကိုယ်သိသည်အလျောက်လည်း။ အညံ၊ ကိုယ်မှတပါးသော သူကို။ စေအနုသာသသိ၊ အကယ်၍ ဆုံးမအံ့။
ဧဝံ၊ ဤသို့ မိမိသ်၍ သိသည်၏ အလျောက်သူတပါးကို ဆုံးမလျက်။ ကသ္မာ၊ အဘယ်ကြောင့်။ ပုရေ၊ ဤနေ့မှ ရှေ့လေးလတို့၏ အထက်၌။ မတံ၊ သေလွန်သော။ ပုတ္တံ၊ သားကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ အဇ္ဇပိ၊ ယခုအခါ၌ လည်း။ အနုသောစသိ၊ အဖန်တလဲလဲ စိုးရိမ် တိသနည်း။
ကဏှ၊ ကဏှအမည်ရှိသော နောင်တော်မင်းမြတ်။ အယံ အလဗ္ဘိယံ၊ အကြင်တောင့်တ၍ မရအပ်သော မအိုခြင်း မသေခြင်း အစရှိသော အရာကို။ မနုဿေနုဝါ၊ လူသည်လည်းကောင်း။ ပန၊ ထိုမှတပါး။ အမနုဿေနဝါ၊ နတ်သည်လည်းကောင်း။ နလဗ္ဘံ၊ တောင့်တ၍ မရအပ်။
တံအလဗ္ဘိယံ၊ ထိုတောင့်တ၍ မရအပ်သော အရာကို။ တွံ၊ သင်သည်။ ပထ္ထေသိ၊ တောင့်တ၏။ ကဏှ၊ ကဏှအမည်ရှိသော နောင်တော်မြတ်။ ဇာတော၊ ဖွားသော။ မေ၊ ငါ၏။ ပုတ္တော၊ သားသည်။ မာမရိ၊ မသေစေသင့်။ ဣတိ၊ ဤသို့။ ပထ္ထယိတွာ၊ တောင့်တ၍။ ကုတော၊ အဘယ်အကြောင်းဖြင့်။ သဒ္ဓါ၊ ရခြင်း ငှါတက်နိုင်အံ့နည်း။ ဧတံ၊ ဤအရာသည်။ အလဗ္ဘိယံ၊ တောင့်တ၍ မရအပ်သော အရာမည်၏။
ကဏှ၊ ကဏှအမည်ရှိသော နောင်တော်မင်းမြတ်။ တွံ၊ သင်သည်။ ယံပေတံ၊ အကြင်သေသော သူကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ အနုသောပသိ၊ အဖန်တလဲလဲ စိုးရိမ်၏။ တံပေတံ၊ ထိုသေသောသူကို။ မန္တာမန္တေန၊ မန္တန်ကို မန်းမှုတ်ခြင်းဖြင့် လည်းကောင်း ။ မူလဘောဇ္ဇာမူလဘေသဇ္ဇေန၊ အဖြစ်ပေါင်းဖြစ်သော ဆေးဖြင့်လည်းကောင်း။ ဩသဓေဟိဝါ၊ အထူးထူး အပြားပြား ရှိကုန်သော ဆေးတို့ဖြင့် လည်းကောင်း။
ဓနေနဝါ၊ များစွာသော ဥစ္စာဖြင့် လည်းကောင်း။ အာနယိတုံ၊ ဆောင်ယူခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဘာဘိက၊ နောင်တော်မင်းမြတ်။ မဟဒ္ဓနာ၊ မြေ၌ မြုပ်ထားအပ်သော ဥစ္စာ ရှိကုန်ထသော။ မဟာဘောဂါ၊ နတ်၏ စည်းစိမ်ချမ်းသာနှင့်တူသော များသော စည်းစိမ်ချမ်းသာနှင့်လည်း ပြည့်စုံကုန်ထသော။ ပဟုတဓနဓညာသေ၊ သုံးနှစ်တို့၏ အလို့ငှါသိုမှီ၍ ထားအပ်သော နေ့တိုင်းမပြတ်သုံးဆောင်အပ်သော ရွှေငွေအသပြာ ဥစ္စာ စပါးလည်းရှိကုန်ထသော။ ယေခတ္တိယာ၊ အကြင်မင်းမြတ်တို့သည်။ သန္တိ၊ ရှိကုန်၏။
တေခတ္တိယာ၊ ထိုမင်းမြတ်တို့သည်။ အဇရာမရာ၊ မအိုမသေကုန်သည်။ နော ဟောန္တိ၊ မဖြစ်ကုန်။ ဘာတိက၊ နောင်တော်မင်းမြတ်။ လောကေ၊ လောက၌။
ယေခတ္တိယာ၊ အကြင်းမင်းမျိုးတို့သည်လည်းကောင်း။ ယေဗြာဟ္မဏာ၊ အကြင် ပုဏ္ဏားမျိုးတို့သည်လည်းကောင်း။ ယေဝေဿာ၊ အကြင်ကုန်သည် သူကြွယ်မျိုးတို့သည်၎င်း။ ယေသုဒ္ဒါ၊ အကြင်သူဆင်းရဲမျိုးတို့သည်လည်းကောင်း။ ယေစဏ္ဍာလာ၊ အကြင်စဏ္ဍာလမျိုးတို့သည်လည်းကောင်း။ ယေပုတ္တုသာ၊ အကြင်ပန်းမှိုက်စွန့်မျိုးတို့သည်လည်းကောင်း။
ဧတေစ၊ ထိုဆိုအပ်ခဲ့ပြီးသော အမျိုးလျှင် အကြောင်းရှိကုန်သော မင်းအစရှိကုန်သော သူတို့သည်လည်းကောင်း။ အညေ၊ ထိုမှတပါးကုန်သော။ ဇာတိယာစ၊ အမျိုးအနွယ်လျှင် အကြောင်းရှိကုန်သော အမ္ဗဋ္ဌအစရှိကုန်သော သူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုခပ်သိမ်းကုန်သော သူတို့သည်လည်း။ အဇရာမရာ၊ မအိုမသေကုန်သည်။ နောဟောန္တိ၊ မဖြစ်ကုန်။
ဘာတိက၊ နောင်တော်မင်းမြတ်။ ယေဗြဟ္မဏာ၊ အကြင် ပုဏ္ဏားတို့သည်။ ဗြဟ္မစိန္တိတံ၊ ဗြဟ္မာသည်ဟောအပ်သော။ ဆဠင်္ဂံ၊ အင်္ဂါခြောက်ပါးနှင့်ယှဉ်သော။ မန္တံ၊ ဗေဒင်ကို။ ပရိဝတ္တေန္တိ၊ မိမိတို့လည်း သရဇ္ဈာယ်ကုန်သူတပါးတို့ကိုလည်း သင်စေကုန်၏။
ဧတေစ၊ ထို ပုဏ္ဏားတို့သည်လည်းကောင်း။ ဝိဇ္ဇာယ၊ အတတ်နှင့်။ သမန္နာဂတာ၊ ပြည့်စုံကုန်သော။ အညေစ၊ တပါးကုန်သော သူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုအတတ်နှင့်ပြည့်စုံကုန်သော သူတို့သည်လည်း။ အဇရာမရာ၊ မအိုမသေကုန်သည်။ နောဟောန္တိ၊ မဖြစ်ကုန်။
ဘာသိတ၊ နောင်တော်မင်းမြတ်။ သန္တာ၊ ကိုယ်နှုတ်ဖြင့်ငြိမ်းသက်သော သဘောရှိကုန်ထသော။ သညတ္တာ၊ ‌ရာဂ အစရှိသည်တို့မှ စောင့်ရှောက်တတ်သော စိတ်ရှိကုန်ထသော။ တပဿိနော၊ ကိုယ်၏ ပူပန်ခြင်းဟု ဆိုအပ်သော အကျင့်လည်းရှိကုန်ထသော။ ယေပိတေဣသယော၊ အကြင်ရသေ့ရဟန်းတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေဝိဣသယော၊ ထို ရသေ့ ရဟန်းတို့သည်လည်း။ ကာလေ၊ သေချိန်ရောက်သော အခါ၌။ သရိရံ၊ ကိုယ်ကို။ ဝိဇဟန္တိ၊ စွန့်ရကုန်၏။
ဘာသိတ၊ နောင်တောင်မင်းမြတ်။ ဘာဝိတတ္တာ၊ ပွါးစေအပ်ပြီးသော စိတ်ရှိကုန်ထသော။ ကတကိစ္စာ၊ လေးပါးသော မဂ်တို့ဖြင့် ပြုအပ်ပြီးသော ကိစ္စလည်းရှိကုန်ထသော။ အနာသဝါ၊ ကင်းပြီးသော အာသဝေါလည်းရှိကုန်ထသော။ အရဟန္တောပိ၊ ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာတို့သည်လည်း။ ပုညဿ၊ ဇနကကုသိုလ်ကံ၏။ ဥပပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ ဣမံဒေဟံ၊ ဤကိုယ်ကို။ နက္ခိပန္တိ၊ စွန့်ပစ်ရကုန်၏။
ဘာသိတ၊ ညီတော်ဃဋပဏ္ဍိတ။ တွံ၊ သင်သည်။ ဃတသိတ္တံဝ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သည်သာလျှင်ဖြစ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ဓေဖြင့်။ ဩသိဉ္စိဝိယ၊ သွန်းလောင်းဘိသကဲ့။ အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးသည် လောင်အပ်သည် ဖြစ်၍။ သန္တံ သမာနံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ သဗ္ဗံ၊ အလုံးစုံသော ။ ဒရံ၊ စိတ်၏ ပူပန်ခြင်းကို ။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေ၏။
ဘာသိတ၊ ညီတော ဃဋပဏ္ဍိတ။ ယောတွံ၊ အကြင် သင်သည်။ သောကပရေထဿ၊ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သားကို အကြောင်းပြု၍ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်ဖျောက်၏။ သောတွံ၊ ထိုသင်သည်။ မေ၊ ငါ၏။ ဟဒယနိဿိတံ၊ စိတ်၌မှီသော ။ သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော။ သလ္လံ၊ ငြောင့်တံ့သင်းကို။ ဝတ၊ စင်စစ်။ အဗ္ဗုဠံ၊ နှုတ်အပ်ပြီ။
ဘာတိက၊ ညီတောဃဋပဏ္ဍိတ။ သော အဟံ၊ ထိုငါသည်။ အဗ္ဗုဠသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ငြောင့်တသင်းရှိသည်။ အသ္မိံ၊ ဖြစ်၏။ သီတိဘူတော၊ ဖြစ်သော စိတ်ငြိမ်ခြင်း ရှိသည်။ အသ္မိံ၊ ဖြစ်၏။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ နိဗ္ဗုတော၊ ငြိမ်းပြီးသော စိတ်ရှိသော။ သောအဟံ၊ ထိုငါသည်။ ဣဒါနိ၊ ယခုအခါ၌။ နသောစာမိ၊ မစိုးရိမ်။ နရောဒါမိ၊ မငို။
‌ဘော၊ အိုအချင်တို့။ ဃဋော၊ ငါ၏ ညီတော်ဃဋ ပဏ္ဍိတသည်။ ဇေဋ္ဌံ၊ ရှေးဦးစွာဖွားသော။ ဘာတရံ၊ မိမိ၏ နောင်တော်ဖြစ်သော ငါ့ကို။ ကရောတိဣဝ၊ ပြုသကဲ့သို့။ အညေပိ၊ တပါးလည်းဖြစ်ကုန်သော။ ယေသပ္ပညာ၊ အကြင်ပညာရှိတို့သည်။ အနုကမ္ပကာ၊ သနားချီးမြှောက်စောင့်ရှောက် တတ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေသပ္ပညာ၊ ထို ပညာရှိတို့သည်။ ဧဝံ၊ ဤသို့ ညီတော်ဃဋပဏ္ဍိတအတူ။ ကရောန္တိ၊ ပြုကုန်၏။ သောကမှာ၊ စိုးရိမ်ခြင်းမှ။ မိဝတ္တယန္တိ၊ နစ်စေကုန်၏။
ဥပါသက၊ ဥပါသကား။ ဃဋော၊ ဃဋပဏ္ဍိတသည်။ ပုတ္တသောကပရေတံ၊ သားကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သော။ ဇေဋ္ဌဘာတရံ၊ နောင်တော်အကြီးဖြစ်သော။ ပါသုဒေဝံ၊ ပါသုဒေဝအမည်ရှိသော မင်းကို။ သောကဟရဏတ္ထာယ၊ စိုးရိမ်ခြင်းဆောင်ခြင်းအကျိုးငှါ။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်။ အန္ဒေတိဣဝ၊ အစဉ်လိုက်သကဲ့သို့။ အညဿပိ၊ ဝါသုဒေမင်းမှတပါးလည်းဖြစ်သော။ ယဿ၊ အကြင်မင်းအစရှိသော သူအား။ ပဏ္ဍိတာ၊ ပညာရှိကုန်သော။ အမစ္စာ၊ အမတ်တို့သည်လည်းကောင်း။ ပရိစာရိကာ၊ အခြွေအရံတို့သည်လည်းကောင်း။ ဧတာဒိသာ၊ ဤသို့သဘောရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဏ္ဍိတာ၊ ပညာရှိကုန်သော။ အမစ္စာ၊ အမတ်တို့သည်လည်း ကောင်း။ ပရိစာရိကာ၊ အခြွေအရံ တို့သည်လည်းကောင်း။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်။ အနွေန္တိ၊ အစဉ်လိုက်ရကုန်၏။ တဿ၊ ထိုမင်းအစရှိသော သူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ ဣတိ၊ ဤသို့။ ပသံသတိ၊ ချီးမွမ်းပြောဆို၏။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။ ကဏှပေတဝတ္ထု၊ ကဏှအမည်ရှိသော ပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။