Issues
Select Version
နိဿယ
မြန်မာဘာသာ
Petavatthupāḷi

7. Dhanapālaseṭṭhipetavatthu

Author: နိဿယ @ IAPT

မာရိသ၊ အချင်း။ တွံ၊ သင်သည်။ နဂ္ဂေါ၊ အဝတ်မရှိသည်လည်း။ အသိ၊ ဖြစ်၏။ ဒုဗ္ဗဏ္ဏရူပေါ၊ အဆင်းမလှသော ကိုယ်ရှိသည်လည်း။ အသိ၊ ဖြစ်ပြီ။ ကိသော၊ ကြုံလှီသည်လည်း။ အသိ၊ ဖြစ်၏။ ဓမနီသန္ထတော၊ အကြောတည်းဟူသော ကွန်ယက်ဖြင့် ခင်းအပ်သော ကိုယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။
ဥပ္ပါသုဠိကော၊ ထွက်သော နံပါးရှိသည်လည်း။ အသိ၊ ဖြစ်၏။ ကိသိကော၊ အရိုးအရေ အကြောမျှသာ ကြွင်းသော အလွန်ကြုံလှီသော ကိုယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။ မာရိသ၊ အချင်း။ တွံ၊ သင်သည်။ ကော၊ အဘယ်အမည်ရှိသော သူသည်။ အသိနု၊ ဖြစ်သနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ အတံ၊ အကျွန်ုပ်သည်။ ဒုဂ္ဂတော၊ မကောင်းမှုရှိသော သူတို့၏ ဖြစ်ရာအပါယ်သို့လားသော။ သယလောကိကော၊ ပြိတ္တာဘုံ၌ အကျုံးဝင်သဖြင့် သိအပ်သော။ ပေတော၊ ပြိတ္တာသည်။ အမှိ၊ ဖြစ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ အဟံ၊ အကျွန်ုပ်သည်။ ပါမကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို။ ကရိတွာ၊ ပြုမိသောကြောင့်။ ဣတော၊ ဤသင်တို့ဖြစ်ရာ လူ့ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတော၊ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်၏။
မာရိသ၊ အချင်း။ ကိံနု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သူ၏ အသက်ကို သတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှတ်ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါး၏ စည်းစိမ်ကို မိမိသို့ ရှေးရှုကြံခြင်း အစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုခဲ့ဘူးသလော။
သမ္မ၊ အချင်း။ ကိဿကမ္မဝိပါကေန၊ အဘယ်ဒုစရိုက် အကုသိုလ်ကံ၏အကျိုးအားဖြင့်။ တွံ၊ သင်သည်။ ဣတော၊ ဤငါတို့ ဖြစ်ရာလူ့ ပြည်မှ။ ပေတလောကံ၊ ပြိတ္တာဘုံ၌။ ဂတော၊ ပဋိသန္ဓေ ၏ အစွမ်းဖြင့် ဖြစ်လေသနည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ပဏ္ဏာနံ၊ ပဏ္ဏတိုင်း၌ နေကုန်သော မင်းတကျိပ်တို့၏။ ဧရကစ္ဆန္တိ၊ ဧရကစ္ဆဟူ၍။ ဝိဿုတံ၊ အရပ်ထက်ဝန်းကျင် မှ ကျော်စောထင်ရှားသော။ နဂရံ၊ ပြည်သည်။ အတ္ထိ၊ ရှိ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ပုရေ၊ ရှေးလွန်လေပြီးသော အတ္တဘော၌။ အဟံ၊ အကျွန်ုပ်သည်။ တတ္ထ နဂရေ၊ ထိုပြည်၌ ။ သေဋ္ဌိ၊ သူဋ္ဌေးသည်။ အာသိ၊ ဖြစ်၏။ မံ၊ အကျွန်ုပ်ကို။ ဓနပါလောတိ၊ ဓနပါသသူဋ္ဌေးဟူ၍။ မနုဿ၊ လူတို့သည်။ ဝိနု၊ သိကြကုန်၏။
မေ၊ အကျွန်ုပ်၏။ ဟိရညဿ၊ ငွေ အသပြား၏။ ပမာဏံ၊ အတိုင်းအရှည်သည်။ သကဋဝါဟာနံ၊ လှည်းဝန်းတို့၏။ အသီတိ၊ ရှစ်ဆယ်ရှိသည်။ အဟောသိ၊ ဖြစ်၏။
ဇာတရူပံ၊ ရွှေသည်လည်း။ မေ၊ အကျွန်ုပ်အား။ ပဟုတံ၊ များသော အတိုင်းအရှည်ရှိသည်။ အဟောသိ၊ ဖြစ်၏။ မုတ္တာ၊ ပုလဲတို့သည်လည်းကောင်း။ ဝေဠုရိယာ၊ ကျောက်မျက်ရွဲတို့သည်လည်းကောင်း။ ဗဟူ၊ များကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ တာဝ၊ ထိုမျှလောက်။ မဟာဓနဿာပိ၊ များသောဥစ္စာရှိလျက်။ မေ၊ အကျွန်ုပ်အား။ ဒါနံ၊ အလှူကို။ ဒါဘုမ္ပိ၊ ပေးလှူခြင်းငှါလည်း။ စိတ္တံ၊ စိတ်သည်။ ယံယသ္မာ၊ အကြင် ကြောင့်။ နအဟု၊ မဖြစ်။ တသ္မာ၊ ထိုကြောင့်။ ယာစနကာ၊ ဖုန်းတောင် စားတို့သည်။ မံ၊ ငါကို။ မာအဒ္ဒသုံ၊ မမြင်စေလင့်ကုန်။ ဣတိ၊ ဤသို့။ မနသိကရိတွာ၊ နှလုံးမူ၍။ ဒွါရံ၊ တံခါးကို။ ပိဒဟိတွာ၊ ပိတ်၍။ ဘုဉ္ဇာမိ၊ စား၏။
အဟံ၊ အကျွန်ုပ်သည်။ အသဒ္ဓေါ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းမရှိသည်။ အာသိံ၊ ဖြစ်ပြီ။ မစ္ဆာရီစ၊ ဝန်တိုခြင်း ရှိသည်လည်း။ အာသိံ၊ ဖြစ်ပြီ။ ကဒရိယောစ၊ ကြမ်းသော ဝန်တိုခြင်း ရှိသည်လည်း။ အာသိံ၊ ဖြစ်၏။
ဒါနာနိ၊ အလှူတို့ကို။ ဒဒန္တာနံဒဒန္တေ၊ ပေးလှူကုန်သော သူတို့ကိုလည်းကောင်း။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကရောန္တာနံ ကရောန္တေ၊ ပြုကုန်သော သူတို့ကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ ပရိဘာသကော၊ ဘေးဖြင့် ခြိမ်းခြောက်တတ်သည်။ အာသိံ၊ ဖြစ်ပြီ။ ဗဟုဇနေ၊ ပေးလှူကုန်သော ကောင်းမှုပြုကုန်သော သူတို့၏ အပေါင်းဖြစ်သောများသော လူတို့ကို။ ပုညကမ္မတော၊ ကုသိုလ်ကံမှ။ ဝါရိယိဿံ၊ မြစ်တတ်၏။
ဒါနဿ၊ ဒါနကုသိုလ်၏။ ဖလံ၊ အကျိုးသည်။ နတ္ထိ၊ မရှိ။ သံယမဿ၊ သီလတည်းဟူသော စောင့်စည်းခြင်း ၏။ ဖလံ၊ အကျိုးသည်။ ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။ ဣတိ၊ ဤသို့။ မိစ္ဆာဒိဋ္ဌီကော၊ ဖောက်ပြန်သော အမြင်ရှိသည်။ အာသိံ၊ ဖြစ်ပြီ။
ပေါက္ခရညောဒပါနာနိစ၊ ရေတွင်းရေကန်တို့ကိုလည်းကောင်း။ ရောပိတေရောဝိတာနိ၊ စိုက်ပျိုးအပ်ကုန်သော။ အာရာမာနိစ၊ သစ်သီးအရံပန်းအရံတို့ကိုလည်းကောင်း။
ပပါယောစ၊ ရေအိုးစဉ်တို့ကိုလည်းကောင်း။ ဒုဂ္ဂေ၊ ရေညွန်အစရှိသည်တို့၏ အစွမ်းသွားခက်သောအရပ်၌။ သင်္ကမနာနိစ၊ တံတားတို့ကိုလည်းကောင်း။ ဝိနာသေသိံ၊ ဖျက်ဆီးပြီ။
ဘဒန္တေ၊ အရှင်ကောင်းတို့။ အကတကလျာဏော၊ မပြုအပ်သော ကုသိုလ်ကံရှိသော။ ကတပါပေါ၊ ပြုအပ်သော အကုသိုလ်ရှိသော။ သွာဟံ၊ သော။ အဟံ၊ ထိုအကျွန်ုပ်သည်။ တတော၊ ထိုဓနပါလသူဋ္ဌေး၏ အဖြစ်မှ။ စုတော၊ ရွေ့သည်ရှိသော်။
ပေတ္တိဝိသယံ၊ ပြိတ္တာဘုံ၌။ ဥပပန္နော၊ ပဋိသန္ဓေ ၏ အစွမ်းဖြင့်ဖြစ်၍။ ခုပ္ပိဝါသသမဂ္ဂိတော၊ ဆာလောင်ငတ်မွတ်ခြင်းနှင့်ပြည့်စုံသော။ ပေတော၊ ပြိတ္တာသည်။ အမှိ၊ ဖြစ်၏။
အဟံ၊ အကျွန်ုပ်သည်။ ယတော၊ အကြင်အခါမှ။ ပဋ္ဌာယ၊ စ၍။ ကာလင်္ကတော၊ သေလွန်၏။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ ပဉ္စပဏ္ဏာသဝဿာနိ၊ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး။ ဘုတ္တံ၊ စားအပ်သော။ ဘောဇနံဝါ၊ ဘောဇဉ်ကို လည်းကောင်း။ ပီတံ၊ သောက်အပ်သော။ ပါနီယံဝါပန၊ ရေကိုလည်းကောင်း။ နာဘိဇာနာမိ၊ မသိစဘူး။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ယောသံသမော၊ အကြင် ထောဘစသည်တို့၏ အစွမ်းဖြင့် တစုံတယောက်သော သူအားလည်း မပေးမလှူခြင်းသည်။ အတ္ထိ၊ ရှိ၏။ သော သံယမော၊ ထိုမပေးမလှူခြင်းသည်။ ပေတယောနိယံ၊ ပြိတ္တာမျိုး၌။ နိဗ္ဗတ္တပေတာနံ၊ ဖြစ်ကုန်သော ပြိတ္တာတို့၏။ မဟာဗျသနဿ၊ ကြီးစွာသော ပျက်စီးခြင်း၏။ တေတုဘာဝတော၊ အကြောင်းဖြစ်သောကြောင့်။ ဝိနာသော၊ မပေးမလှူရက်သော သတ္တဝါတို့၏ ပျက်စီးကြောင်းမည်၏။ ယောဝိနာသော၊ အကြင်ပျက်စီးကြောင်းသည်။ အတ္ထိ၊ ရှိ၏။ သောဝိနာသော၊ ထိုပျက်စီးကြောင်းသည်။ သံယမော၊ မပေးမလှူရက်ခြင်းပင်တည်း။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ယောသံယမော၊ အကြင်မပေးမလှူရက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သောသံယမော၊ ထိုမပေးမလှူရက်ခြင်းသည်။ ဝိနာသော၊ ပျက်စီးကြောင်းတည်း။ ဣတိ၊ ဤသို့။ ပေတာဟိပေတာဧဝ၊ ပြိတ္တာတို့သည်သာလျှင်။ ဇာနန္တိကိရ၊ သိကုန်သတတ်။
အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌။ ဗဟုတေ၊ များစွာသော။ ဓနေ၊ ဥစ္စာသည်။ ဝိဇ္ဇမာနေ၊ ရှိလျက်။ သံယမိဿံ၊ အလှူပေးခြင်းစသော ကောင်းမှုမှ တွန့်တိုခြင်းသည်။ အာသိံ၊ ဖြစ်ပြီ။
ဒေယျဓမ္မေသု၊ လှူဘွယ်ဝတ္ထုတို့သည်။ သန္တေသု၊ ရှိကုန်လျက်လည်း။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီခိုရာကျွန်းကြီးသဘွယ် ဖြစ်သော။ ကမ္မံ၊ ကုသိုလ်ကံကို။ နာကာသိံ၊ မပြုမိ။
သွာဟံ၊ သော။ အဟံ၊ ထိုအကျွန်ုပ်သည်။ အတ္တကမ္မဖလူပဂေါ၊ ကိုယ်သည်ပြုအပ်သော အကုသိုလ်ကံ အကျိုးသို့ ကပ်သည်ဖြစ်၍။ ပစ္ဆာနုတပ္ပာမိ၊ နောက်၌ အဖန်တလဲလဲ ပူပန်ရ၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ စတူဟိမာသေဟိ စတုန္နံမာသာနံ၊ လေးလတို့၏ ။ ဥဒ္ဓံ၊ အထက်၌။ မမ၊ အကျွန်ုပ်၏။ ကာလံသရိယာ၊ သေခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အဟံ၊ အကျွန်ုပ်သည်။ ဧကန္တကဋုကံ၊ စင်စစ်ဆင်းရဲသော။ ဃောရံ၊ ပြင်ထန်စွာသော။ နိရယံ၊ အဝီစိငရဲသို့။ ပပတိဿံ၊ ကျလတ္တံ့။
တံနိရယံ၊ ထိုငရဲကြီးသည်။ စတုကဏ္ဏံ၊ လေးထောင့်ရှိ၏။ စတုဒွါရံ၊ တံခါးလေးခုနှင့်ယှဉ်၏။ တံ၊ ထိုငရဲကြီးကို။ ဝိဘတ္တံ၊ ကောင်းစွာ ဝေဘန်အပ်၏။ ဘာဂသော၊ အတို့အားဖြင့်။ မိတံ၊ နှိုင်းယှဉ်အပ်၏။
အယောပါကာရပရိယန္တံ၊ သံတံတိုင်းဖြင့် ထက်ဝန်းကျင်ရံအပ်၏။ အယသာ၊ သံပြားဖြင့်။ ပဋိကုဇ္ဇိတံ၊ ပိတ်ဖုံးအပ်၏။
တဿ၊ ထိုငရဲကြီး၏ ။ အယောမယာ၊ သံဖြစ်ပြီးသော။ ဘုမိ၊ မြေသည်။ ဇလိတာ၊ အလျှံတပြောင်ပြောင်တောက်၏။ တေဇသာယုတာ၊ ထက်ဝန်းကျင်မှ ထွက်သော အလျှံရှိသောများသော မီးနှင့် မပြတ်ယှဉ်၏။
တဿ၊ ထို ငရဲကြီး၏။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ဗဟိ၊ အပသို့။ သမုဋ္ဌိတာ၊ ထွက်သော။ ဇာလာ၊ မီးလျှံသည်။ သဗ္ဗဒိသာသု၊ ခပ်သိမ်းသော အရပ်မျက််နှာတို့၌။ ယောဇနသတံ၊ ယုဇနာ တရာတိုင်တိုင်။ ဖရိတွာ၊ နှံ့၍။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ တိဋ္ဌတိ၊ တည်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ မယာ၊ အကျွန်ုပ်သည်။ ကတဿ၊ ပြုအပ်သော။ ပါပဿ၊ ယုတ်မာသော။ ကမ္မဿ၊ အကုသိုလ်ကံ၏။ ဖလံ၊ အကျိုးဖြစ်သော။ ဒုက္ခဝေဒနံ၊ ဆင်းရဲဝေဒနာကို။ တတ္ထ၊ ထိုငရဲကြီး၌။ ဒီဃံ၊ ကြာမြင့်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ အဟံ၊ အကျွန်ုပ်သည်။ ဝေဒိဿံ၊ ခံစားရလတ္တံ့။ တသ္မာ၊ ထိုကြောင့်။ ဘုသံ၊ ပြင်းစွာ။ အဟံ၊ ငါသည်။ သောစာမိ၊ စိုးရိမ်၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ တံတသ္မာ၊ ထိုကြောင့်။ ဝေါ၊ သင်တို့ကို။ အဟံ၊ အကျွန်ုပ်သည်။ ဩဝါဒဝသေန၊ ဆုံးမသည်၏ အစွမ်းဖြင့်။ ဝဒါမိ၊ ဆို၏။ ဝေါတုမှာကံ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဧတ္ထ၊ ဤအရပ်သို့။ သမာဂတာ၊ အညီအညွတ်ရောက်လာကုန်၏။
တေသဗ္ဗေ၊ ထိုအလုံးစုံကုန်သော သင်တို့သည်။ မမ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာကြကုန်လော။ တုမှေ၊ သင်တို့သည်။ အာဝိဝါ၊ ထင်စွာလည်း။ ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ အကုသိုလ်ကံကို။ မာအကတ္ထ၊ မပြုလေကုန်လင့်။ ယဒိ၊ ထိုမှ တပါး။ ရဟောဝါ၊ ပုန်းကွယ်သည်ဖြစ်၍လည်း။ ပါပကံ၊ ယုတ်မာသော ။ ကမ္မံ၊ အကုသိုလ်ကံကို။ မာအကတ္တ၊ မပြုလေကုန်လင့်။ တုမှေ၊ သင်တို့သည်။ ပါပကံ၊ ယုတ်မာသော။ တံကမ္မံ၊ ထထိုအကုသိုလ်ကံကို။ အာယတိံ၊ နောင်အခါ၌။ သစေကရိဿထ၊ အကယ်၍ ပြုကုန်သည်ဖြစ်အံ့။ ဧတရဟိဝါ၊ ယခုအခါ၌မူလည်း။ ကရောထ၊ ပြုကုန်အံ့။
တဿ၊ ထိုအကုသိုလ်ကံ၏။ ဖသဘူတာ၊ အကျိုးဖြစ်၍ဖြစ်သော။ ဒုက္ခာ၊ ဆင်းရဲမှ။ ဥပေစ္စဥပတိတွာ၊ ပြန်၍။ ပလာယတံပသာယန္တာနံပိ၊ ပြေးကုန်သော်လည်း။ ဝေါ၊ သင်တို့အား။ ရတ္တိ၊ လွတ်ခြင်းသည်။ နအတ္ထိ၊ မရှိ။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ဝေါ၊ သင်တို့သည်။ မေတ္တေယျာ၊ အမိကိုလုပ်ကျွေးကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော။ ပေတ္တေယျာ၊ အဘကို လုပ်ကျွေးကုန်သည်လည်း။ ဟောထ၊ ဖြစ်ကုန်လော။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာယိကာ၊ အသက်ဂုဏ်ဖြင့် ကြီးကုန်သော သူတို့အား အရိုအသေ ပြုကုန်သ်ည။ ဟောထ၊ ပြုကုန်လော။
သာမညာ၊ ရဟန်းတို့ကို လုပ်ကျွေးကုန်သည်လည်း။ ဟောထ၊ ပြုကုန်သော။ ဗြဟ္မဏာ၊ သူတော်ကောင်းတို့ကို လုပ်ကျွေးကုန်သည်လည်း ။ ဟောထ၊ ဖြစ်ကုန်လော။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ကောင်းမှုတိ့ကို ပြုကုန်သည်ရှိသော်။ တုမှေ၊ သင်တို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿထ၊ လားရကုန်လတ္တံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုပြီ။
သတ္တမံ၊ ခုနစ်မြောက်သော ။ ဓနပါသပေတဝတ္ထု၊ ဓနပါလ သူဋ္ဌေးပြိတ္တာ၏ အကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။