Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Cūḷavagga-aṭṭhakathā
(SP) Cūḷavagga-aṭṭhakathā

Salākabhattakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပန၊ ကား။ သလာကဘတ္တေ၊ သလာဘတ်၌။ ဝါ၊ စာရေးတံမဲချ၍ ညွှန်ပြအပ်သောဘတ်၌။ (အယံ၊ ဤဆိုအပ်လတံ့ကား။ နယော၊ ဆောင်ကြောင်းနည်းတည်း)။ [ယောဇနာ၌ကား "သလာဘဘတ္တံ ပန ဧဝံ ဝေဒိတဗ္ဗန္တိ ယောဇနာ " ဟု ရှိ၏၊ "ဥဒ္ဒေသဘတ္တာဒီသု အယံ န ယော" ဟု ရှိခဲ့သောကြောင့် ဤ၌လည်း "သလာက ဘတ္တေ" ဟု အချို့စာ၌ ရှိ၏၊ ကောင်းပါသည်။ ] ဘိက္ခဝေ၊ တို့။ သလာကာယဝါ၊ သစ်သားခြမ်း၌ သော်လည်းကောင်း။ ပဋ္ဋိကာယဝါ၊ ဝါးပြား စသည်၌သော်လည်းကောင်း။ ဥပနိဗန္ဓိတွာ၊ အက္ခရာတို့ကို ဖွဲ့ထား၍။ ဝါ၊ စာရေး၌။ (ဥပနိဗန္ဓိတွာတိ လိခိတွာ၊ ဋီကာ)။ ဩပုဉ္ဇိတွာ၊ စုပေါင်း၍။ (တောင်း စသည်တို့၏ အတွင်း၌ စုပေါင်း၍)။ ဥဒ္ဒိသိတုံ၊ ညွှတ်ချခြင်းငှါ။ အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏။ ဣတိ၊ သို့။ ဝစနတော၊ မိန့်တော်မူခြင်းကြောင့်။သလာကာယဝါ။ ။ဆွမ်းဒါယကာဘတ်၌ တစ်ဦးသာမက, အများဖြစ်၍ ဆွမ်းလည်း အကောင်းအဆိုးမျိုးမျိုးရှိတတ်သောကြောင့် ဆွမ်းဒါယကာများ၏ နာမည်ကို သစ်သားခြမ်း စသည်၌ ရေးထားရသည်၊ ယခုခေတ်ဝယ် စာရွက်၌ ရေး၍ ထိုစာရွက်ကို လိပထားသည်၊ ထိုအခြမ်း, အလိပ်များကို နာမ် (နာမယ်) ပါသောကြောင့် "မယ်လိပ်, ဝါ- မဲလိပ်" ဟု ခေါ်ကြသည်၊ ထိုမယ်လိပ်ချခြင်းကို" မယ်ချသည်" ဝါ" မဲချသည်" ဟု ခေါ်စမှတ် ပြုကြသည်။
မှတ်ချက်။ ။ "ရုက္ခသာရမယာယ သလာကာယဝါ, ဝေဠုဝိလီဝတာလပဏ္ဏာဒိမယပဋ္ဋိကာယဝါ" ဟူသော အဖွင့်များအရ "သလာက" ဟူသည် စားရေး၍ဖြစ်သော သစ်သားခြမ်း,ဝါးချမ်း, ထန်းရွက်များသာတည်း၊ သို့သော် အားလုံး နှုတ်တ်ပြီးဖြစ်သောကြောင့ သလာကကို "စာရေးတံ" ဟုပင် အနက်ပေးရတော့မည်။
(နောက် "ဘတ္တုဒ္ဒေသက သမ္မုတိကထာ" ၌ မိန့်တော်မူခြင်းကြောင့်)။ ရုက္ခသာရမယာယ၊ သစ်သားနှင့် ဖြင့် ပြုအပ်သော။ သလာကာယဝါ၊ သစ်သားခြမ်း၌ သော်လည်းကောင်း။ ဝေဠုဝိလီဝဝါလပဏ္ဏာဒိမယာယ၊ ဝါးနှီး, ထန်းရွက် အစရှိသည်တို့ဖြင့် ပြုအပ်သော။ ပဋ္ဋိကာယ ဝါ၊ အပြား၌သော်လည်းကောင်း။ အသုကဿနာမ၊ ထိုမည်သော ဆွမ်းဒါယကာ၏။ သလာကဘတ္တံ၊ သလာကဘတ်တည်း။ ဣတိ ဧဝံ၊ သို့။ အက္ခရာနိ၊ တို့ကို။ ဥပဗန္ဓိတွာ၊ ဖွဲ့ထား၍။ ဝါ၊ ရေးသား၍။ ပစ္ဆိယံ ဝါ၊ တောင်း၌သော်လည်းကောင်း။ စီဝရဘောဂေ ဝါ၊ သင်္ကန်း အခွေ၌သော်လည်းကောင်း။ ကတွာ၊ ၍။ ဝါ၊ ထား၍။ သဗ္ဗာ၊ ကုန်သော။ သလာကာယော၊ စာရေဂတံတို့ကို။ ဩပုဉ္ဇိတွာ၊ စုပေါင်း၍။ ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကာ။ ("ဟေဋ္ဌု ပရိယဝသေနေဝ အထက်အောက်ကို ပြုခြင်း၏ အစွမ်းဖြင့်သာလျှင်" ဟု ရှိ၏။) အာလောဠေတွာ၊ မွှေနောက်၍။ ပဉ္စင်္ဂသမန္နာဂတေန၊ ၅ ပါးသော အင်္ဂါနှင့် ပြည်စုံသော။ (အင်္ဂါ ၅ ပါးသည် နောက် ဘတ္တုဒ္ဒေသကသ္မုတိကထာ၌ လာဘတံ့။) ဘတ္တုဒ္ဒေသကေန၊ ဘတ်ကို ညွှန်ချတတ်သော ရဟန်းသည်။ ဌိတိကာ၊ သည်။ သစေ အတ္ထိ၊ အံ့။ (ဧဝံ သတိ)၊ ဌိတိကတော၊ မှ။ ပဋ္ဌာယ၊ စ၍ လည်းကောင်း။ (ဌိတိကာ၊ သည်။)
နော စေ အတ္ထိ၊ အံ့။ (ဧဝံ သတိ)၊ ထေရာသနတော၊ မှ။ ပဋ္ဌာယ၊ ၍လည်းကောင်း။ သလာကာ၊ စားရေတံတို့ကို။ ဒါတဗ္ဗာ၊ ပေးထိုက်ကုန်၏။
ပစ္ဆာ၊ နောက်၌။ (သူတို့၏ အစဉ်လွန်ပြီးမှ နောက်၌)။ အာဂတာနမ္ပိ၊ ရောက်လာသော ရဟန်းတို့အား လည်းကောင်း။ ဧကာဗဒ္ဓဝသေန၊ တစ်ဆက်တည်း စပ်ခြင်း၏ အစွမ်းဖြင့်။ (တစ်ဆယ့် နှစ်တောင်အတွင်း၌ တစ်ဆက်တည်း စပ်ခြင်း၏ အစွမ်းဖြင့်)။ ဒူရေ၊ အဝေး၌။ (မဲချရာ အရပ်မှ အဝေး၌)။ ဌိတာနမ္ပိ၊ တည်သော ရဟန်းတို့အားလည်းကောင်း။ ဥဒ္ဒေသဘတ္တေ၊ ဥဒ္ဒေသဘတ်၌။ ဝုတ္တနယေနေဝ၊ ဖြင့်ပင်။ ဒါတဗ္ဗာ၊ ထိုကုန်၏။
ဝိဟာရဿ၊ ကျောင်းတိုက်၏။ သမန္တတော၊ ပတ်ဝန်းကျင်၌။ ဗဟူ၊ များစွာကုန်သော။ ဂေါစရဂါမာ၊ ဆွမ်းခံရွာတို့သည်။ သစေ (ဟောန္တိ)၊ အကယ် ၍ ရှိကုန်အံ့။ ဘိက္ခူ ပန၊ တို့သည်ကား။ ဗဟုကာ၊ များကုန်သည်။ သစေ န (ဟောန္တိ)၊ ကုန်အံ့။ ဂါမဝသေနပိ၊ ရွာ၏ အစွမ်းဖြင့်လည်း။ ဝါ၊ ရွာနှင့် စပ်သဖြင့်လည်း။ သလာကာယော၊ စာရေးတံတို့သည်။ သစေ ပါပုဏန္တိ၊ အကယ်၍ ရောက်နိုင်ကုန်အံ့။ (ဧဝံ သတိ) တုမှာကံ၊ အရှင်ဘုရားတို့၏ အထံသို့။ အသုကဂါမေ၊ ထိုမည်သော ရွာ၌။ သလာက ဘတ္တံ၊ သည်။ ပါပုဏာတိ၊ ၏။ ဣတိ၊ သို့။ ဂါမဝသေနေဝ၊ ဖြင့်ပင်။ ဂါဟေတဗ္ဗာ၊ ယူစေထိုက်ကုန်၏။ ဌိတိကတော။ ။ ထိုသို့ မဲချသောအခါ ထေရ်စဉ် ဝါစဉ်အတိုင်း ချရသည်၊ အရင်နေ့က ကျန်နေသော ထေရ်စဉ်ရှိလျှင် ထိုကျန်သော ထေရ်စဉ်မှ စ၍ မဲချပါ၊ ကျန်သော ထေရ် မရှိလျှင် ထေရ်ကြီးက စ၍ မဲချပါ။
ဧဝံ၊ ဤသို့။ ဂါဟေန္တေန၊ ယူစေသော ဘတ္တုဒ္ဒေသကရဟန်းသည်။ ဧကေကသ္မိံ၊ ၁ ခု ၁ ခုသော။ ဂါမေ၊ ၌။ နာနပ္ပကာရာနိ၊ အထူးထူးသော အပြားရှိကုန်သော။ သဋ္ဌိသလာကဘတ္တာနိ၊ ခြောက်ဆယ်သော သလာကဘတတို့သည် ။ သစေ ပိ (ဟောန္တိ)၊ အကယ်၍မူလည်း ရှိစေကုန်ဦးတော့။ (ဧဝံသတိ) သဗ္ဗာနိ၊ အလုံးစုံသော သလာကဘတ်တို့သည်။ ဝါ၊ တို့ကို။ ဂါဟိတာနေဝ၊ ယူစေအပ်ပြီးကုန်သည်သာ။ ဟောန္တိ၊ ကုန်၏။ [ထိုရွာ၌ မဲကျသော ရဟန်းက ထိုရွာ၌ ရှိသော သလာကဘတ် တို့ကို ရပြီးဖြစ်သည် ဟူလို။] တဿ၊ ထိုရဟန်း၏။ ပတ္တဂါမသမီပေ၊ ရောက်အပ်သော ရွာ၏ အနီး၌။ အညာနိပိ၊ အခြားလည်း ဖြစ်ကုန်သော။ ဒွေတီဏီ (ဒွတ္တီဏိ)၊ နှစ်ခု သုံးခုကုန်သော။ သလာကဘတ္တာနိ၊ တို့သည်။ (ဟောန္တိ၊ ရှိကုန်အံ့)။ တာနိပိ၊ ထိုသလာကဘတ်တို့ကိုလည်း။ တဿေဝ၊ ထိုရဟန်း ၁ ပါးအားသာ။ ဒါတဗ္ဗာနိ၊ ပေးထိုက်ကုန်၏။
ဟိ၊ မှန်။ (တစ်နည်း) ကသ္မာ၊ ကြောင့်။ တဿေဝ၊ အားသာ။ ဒါတဗ္ဗာနိ၊ ကုန်သနည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ တေသံ၊ ထို နှစ်ခု သုံးခုကုန်သော သလာက ဘတ်တို့၏။ ကာရဏာ၊ အကြောင်းကြောင့်။ အညံ၊ အခြားသော။ ဘိက္ခုံ၊ ကို။ သဟိဏိတုံ၊ စေလွှတ်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ထို့ကြောင့်။ (တဿေဝ၊ အားသာ။ ဒါတဗ္ဗာနိ၊ ကုန်၏.) [ရဟန်းက နည်း၍ သလာကဘတ်တို့ကို များနေသောကြောင့် ဤသို့ စီစဉ်ရသည်။]
ဧကစ္စေသု၊ အချို့ကုန်သော။ ဂါမေသု၊ တို့၌။ ဗဟူနိ၊ များစွာကုန်သော။ သလာကဘတ္တာနိ၊ တို့သည်။ သစေ (ဟောန္တိ)၊ အကယ်၍ ရှိကုန်အံ့။ (ဧဝံ သတိ)၊ [ဗဟူနိ သလာကဘတ္တာနီတိ တိံသံ ဝါ စတ္တာလီသံ ဝါ ဘတ္တာနိ၊ "သစေဟောန္တိ" တိ အဇ္ဈာဟရိတွာ ယောဇေတဗ္ဗံ၊ ဝိမတိ။ ] သလ္လက္ခေတွာ၊ မှတ်သား၍။ သတ္တန္နမ္ပိ၊ ၇ ပါးလည်းဖြစ်ကုန်သော။ အဋ္ဌန္နမ္ပိ၊ ၈ ပါးလည်း ဖြစ်ကုန်သော။ ဘိက္ခူနံ၊ တို့အား။ ဒါတဗ္ဗာနိ၊ ကုန်၏။ [သလ္လက္ခေတွာတိ တာနိ ဘတ္တာနိ ပမာဏဝသေန သလ္လက္ခေတွာ၊ ဝိမတိ။]
ပန၊ ဆက်။ ဒဒန္တေန၊ ပေးသော ဘတ္တုဒ္ဒေသကရဟန်းသည်။ စတုန္နံ၊ ၄ ခုကုန်သော။ ဘတ္တာနံ၊ တို့၏သော်လည်းကောင်း။ ပဉ္စန္နံ၊ ၅ ခုကုန်သော။ ဘတ္တာနံ၊ တို့သော်လည်းကောင်း။ သလာကာယော၊ စာရေးတံတို့ကို။ ဧကတော၊ တစ်ပေါင်းတည်း။ ဗန္ဓိတွာ၊ ဖွဲ့၍။ ဒါတဗ္ဗာနိ၊ ပေးထိုက်ကုန်၏။ ("သလာကဘတ်က သုံးဆယ်ရှိ၍ ရဟန်းက ၆ ပါးရှိသော် ၁ ပါးလျှင် ၅ ခုစီဖွဲ့၍ ပေးပါ" ဟူလို။)
တံ ဂါမံ၊ ထိုများစွာသော သလာကဘတ်ရှိရာ ရွာကို။ အတိက္ကမိတွာ၊ ကျော်လွန်၍။ အညော၊ သော။ ဂါမော၊ သည်။ သစေ ဟောတိ၊ အကယ် ၍ ရှိအံ့။ တသ္မိံ စ၊ ထိုရွာ၌လည်း။ ဧကမေဝ၊ တစ်ခုတည်းသာလျှင် ဖြစ်သော။ သလာကဘတ္တံ၊ သည်။ (သစေ ဟောတိ၊ အံ့)။ ပန၊ ထိုသို့ ပင် တစ်ခုတည်းသော ရှိပါသော်လည်း။ တံ၊ ထို သလာကဘတ်ကို။ ပါတောဝ၊ စောစောကပင်။ ဝါ၊ အလျင်။ သစေ ဒေန္တိ၊ အကယ်၍ လှူကုန်အံ့။ (ထိုသလာကဘတ် တစ်ခုသာ ရှိသော ရွာက လှူကုန်အံ့၊ ဧဝံ သတိ)။ တမ္ပိ၊ ထိုသလာကဘတ်ကိုလည်း။ ဧတေသု ဘိက္ခူသု၊ ဤ ရဟန်း ၇ ပါး, ၈ ပါးတို့တွင်။ ဧကဿ၊ တစ်ပါးသော ရဟန်းအား။ (အချို့စာ၌ "ဧတဿ" ဟု ရှိ၏၊ မကောင်း၊) နိဂ္ဂဟေန၊ နှိပ်ခြင်းအားဖြင့်။ ဒတွာ၊ ပေးပြီး၍။ ပါတောဝ၊ စောစောကပင်။ တံ၊ ထိုသလာကဘတ်ကို။ ဂဟေတွာ၊ ၍။ ပစ္ဆာ၊ ၌။ ဩရိမဂါမေ၊ ဤမှာဘက်ရွာ၍။ ဣတရာနိ၊ အခြားကုန်သော။ ဘတ္တာနိ၊ တို့ကို။ ဂဏှာတိ၊ ယူပါလော။ ဣတိ၊ သို့။ ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏။
ဩရိမဂါမေ၊ ၌။ သလာကဘတ္တေသု၊ တို့ကို။ အဂါဟိတေသွေဝ၊ မယူစေအပ်ကုန်သေးမီပင်။ ဂါဟိတသညာယ၊ ယူစေအပ်ပြီးဟူသော အမှတ်သညာဖြင့်။ သစေ ဂစ္ဆတိ၊ အံ့။ (ဧဝံ သတိ) ပရဘာဂဂါမေ၊ ထိုမှာအဘက်ဖို့ ရွာ၌။ သလာကဘတ္တံ၊ ကို။ ဂဟေတွာ၊ ခံယူ၍။ ပုန၊ တစ်ဖန်။ ဝိဟာရံ၊ သို့။ အာဂန္တွာ၊ ပြန်လာ၍။ ဣတရာနိ၊ အခြားသော ဘတ်တို့ကို။ ဂါဟေတွာ၊ ယူစေပြီး၍။ ဩရိမဂါမော၊ ဤမှာဘက်ရွာသို့။ ဂန္တဗ္ဗော၊ ၏။
ဟိ၊ မှန်။ (တစ်နည်း) ကသ္မာ၊ ကြောင့်။ ပုန ဝိဟာရံ အာဂန္တွာ ဣတရာနိ ဂါဟေတွာ ဩရိမဂါမော ဂန္တဗ္ဗော၊ နည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ ဗဟိသီမာယ၊ ဥပစာရသိမ်၏ ပြင်ပ၌။ သံဃလာဘော၊ သံဃလာဘ်ကို။ ဂါဟေတုံ၊ ယူစေခြင်းငှာ။ဧကဿ နိဂ္ဂဟေန ဒတွာ။ ။ န ဂို မဲချအပ်ပြီးသော ရဟန်း ၇ ပါး, ၈ ပါးတွင် ၁ ပါးကို "ဧကဿ" ဟု ဆိုသည်၊ ထို ၁ ပါးဟူသည်လည်း အဝေးသိ့ မသွားလိုသော ၁ ပါးတည်း၊ ထို့ကြောင့် "နိဂ္ဂဟေန ဒတွာ" ဟု ဆိုသည်။ [နိဂ္ဂဟေန ဒတွာတိ ဒူရံ ဂန္တုံ အနိစ္ဆန္တဿ နိဂ္ဂဟေန သံပဋိစ္ဆာပေတွာ ဒတွာ၊ ဝိမတိ။] နဂိုက် ဤဘက်ရွာမှာ ဘက်တွေကို ချရာဝယ် ဤရဟန်းလည်း ပါသောကြောင့် "ပါတောဝ တံ ဂဟေတွာ ၊ပေ၊ ဝတ္တဗ္ဗော" ဟု ဆိုသည်။
သစေ ဩရိမဂါမေ ၊ပေ၊ ဂန္တဗ္ဗော။ ။ သလာကဘက်အများရှိရာ ဤဘက်ရွာနှင့် သလာကဘတ် ၁ ခုသာရှိရာ ဟိုဘက် အဝေး "ရွာ" ဟု ၂ မျိုး ရှိကြောင်းကို လည်းကောင်း ဘတ္တုဒ္ဒေသကရဟန်းတစ်ပါးတည်းသာ ရှိကြောင်းကိုလည်းကောင်း သတိပြုပါ၊ "ဂါဟေတွာ" အရ ယူစေဟူသည်မှာလည်း "ဤသလာကဘတ်သည် ငါ့ထံသို့ ရောက်၏" ဟု မိမိကိုယ်ကိုယူစေခြင်းပင်တည်းဟု သတိပြုပါ၊ ဘတ္တုဒ္ဒေသကရဟန်းသည် ဤဘက်ရွာအတွင်း သလာက ဘတ်တို့ကို ယူစေအပ်ပြီး မဟုတ်ပါဘဲလျက် "ယူစေအပ်ပြီး" ဟု ထင်၍ ထိုဘက်ရွာသို့ သွားအံ့၊ ထိုဘတ်ရှိရာရွာ၌ သလာကဘတ်ကို ခံယူပြီးမှ သတိရ၍ ဤဘက်ရွာက သလာကဘတ်ကို ယူစေလိုလျှင် ကျောင်းတိုက်သို့ ရောက်အောင် ပြန်လာပြီးမှ "ဤဘက်ရွာက သလာကဘတ်တို့ကိုလည်း မိမိအထံသို့ ရောက်စေ၍ ဤဘက်ရွာသို့ ထပ်မံ သွားရမည်" ဟူလို။
န လဗ္ဘတိ၊ မရအပ်။ ဣတိ၊ ကြောင့်။ (ပုန ဝိဟာရံ အာဂန္တွာ ဣတရာနိ ဂါဟေတွာ ဩရိမဂါမော ဂန္တဗ္ဗော)၊ အယံ နယော၊ ဤနည်းကို။ ကုရုန္ဒိယံ၊ ၌။ ဝုတ္တော၊ ပြီ။
ပန၊ ဆက်။ ဘိက္ခူ၊ တို့သည်။ ဗဟူ၊ များကုန်သည်။ သစေ ဟောန္တိ၊ ကုန်အံ့။ (များကုန်သည်၏ အဖြစ်ကြောင့်)။ ဂါမဝသေန၊ ရွာ၏ အစွမ်းဖြင့်။ သလာကာ၊ တို့သည်။ သစေ န ပါပုဏန္တိ၊ အကယ်၍ မရောက်ကုန်အံ့။ (မလောက်ကုန်အံ့။ ဧဝံ သတိ)၊ ဝီထိဝသေန ဝါ၊ လမ်း၏အစွမ်းဖြင့်သော်လည်းကောင်း။ ဝီထိယံ၊ ၌။ ဧကဂေဟဝသေန ဝါ (ဧကဗာဟဝသေန ဝါ)၊ တစ်ဖက်သော အိမ်အစဉ်တန်း၏ အစွမ်းဖြင့်သော်လည်းကောင်း။ ကုလဝသေန ဝါ၊ အမျိုး၏ အစွမ်းဖြင့်သော်လည်းကောင်း။ ဂါဟေတဗ္ဗာ၊ ယူစေထိုက်ကုန်၏။
စ၊ ဆက်။ ဝီထိအာဒီသု၊ လမ်း အစရှိသည်တို့တွင်။ ယတ္ထ၊ အကြင်အရပ်၌။ ဗဟူနိ၊ များစွာကုန်သော။ ဘတ္တာနိ၊ သလာဘဘတ်တို့သည်။ (ဟောန္တိ၊ ရှိကုန်၏)။ တတ္ထ၊ ထိုအရပ်၌။ ဂါမေ၊ ၌။ ဝုတ္တနယေနေဝ၊ ဖြင့်ပင်။န ဟိ ၊ပေ၊ လဗ္ဘတိ။ ။ ["ဤစကားသည် ၁ ပါးတည်းသာ ရှိသော ကျောင်းတိုက် အတွက် ဆိုအပ်သော စကားဖြစ်သည်" ဟု သတိပြုပါ။] အဘယ့်ကြောင့် မူလကျောင်းတိုက်သို့ ပြန်လာပြီးမှ မေ့၍ ကျန်နေရစ်သော သလာကဘတ်တို့ကို ယူစေရပါသနည်းဟုမေးဖွယ်ရှိသောကြောင့် "န ဟိ ၊ပေ၊ လဗ္ဘတိ" ဟု မိန့်သည်၊ သလာကဘတ်ရှိရာ ကျောင်းတိုက်၏ ဥပစာရ သိမ်ပြင်ဘက်၌ သံဃလာဘ်ကို ယူစေခွင့်မရ၊ ထို့ကြောင့် သံဃာ့လာဘ်ရှိရာ ကျောင်းတိုက်သို့ ပြန်လာ၍ ယူစေရသည်။
ဝိမတိ။ ။ ဝိမတိ၌ "ပုန ဝိဟာရ အာဂန္တွာ" ဟု ဆိုသောလည်း ကျောင်းတိုက်သို့ ပြန်မလာဘဲ ဤဘက်ရွာက ဆွမ်းတို့ကို ခံယူပြီးမှ ကျောင်းတိုက်သို့ ရောက်သောအခါ " ဤဘက်ရွာက သလာကဘတ်များလည်း ငါ့ထံသို့ ရောက်၏" ဟု ညွှန်ချ၍စားခွင့်ရသည်ဟု ဆို၏၊ ပုန ဝိဟာရံ အာဂန္တွာတိ ဧတ္ထ ဝိဟာရံ အနာဂန္တွာ ဘတ္တံ ဂဟေတွာ ("ဘတ္တာနိ ဂဟေတွာ" ဟု ရှိလျှင် ကောင်း၏၊) ပစ္ဆာ ဝိဟာရေ အတ္တနော ပါပေတွာ ဘုဉ္ဇိတုမ္ပိ ဝဋ္ဋတိ။
ဝီထိဝသေန ဝါ၊ ပေ၊ ဂါဟေတဗ္ဗာ။ ။ ရွာ၏ အစွမ်းအားဖြင့် မဲ မချလောက်လျှင် ထိုရွဦ၏ အတွင်း၌ ရှိသောလမ်း၏ အစွမ်းအားဖြင့် မဲချပါ၊ ထိုသို့ လမ်း၏ အစွမ်းအားဖြင့် မဲမချလောက်လျှင် ၁ လမ်း ၁ လမ်း၌ ဝဲဘက်အစဉ်အတန်း, သို့မဟုတ် ယာဘက်အစဉ်အတန်း၏ အစွမ်းအားဖြင့် မဲချပါ၊ အိမ်အစဉ်အတန်း၏ အစွမ်းအားဖြင့် မဲမချလောက်လျှင် တစ်ဝင်းတည်း၌ ရှိကြသော အမျိုးတစ်မျိုး၏ အစွမ်းအားဖြင့် မဲချပါ။
ဋီကာ။ ။ "ဧကဂေဟဝသေနာတိ ဧကာယ ဃရပါဠိယာ ဝသေန" ဟု သာရတ္ထ၌ လည်းကောင်း, "ဧကဂေဟဝသေနာတိ ဝီထိယမ္ပိ ဧကပဿေ ဃရပါဋိယာ ဝသေန" ဟု ဝိမတိ၌ လည်းကောင်း, ဧကဗာဟဝသေန ဝါတိ ဧကာယ ဃရပါဠိသင်္ခါတာယ ဗာဟာယဝသေနဝါ "ဟု ယောဇနာ၌လည်းကောင်း ဖွင့်၏၊ ရှေးဋီကာစာအုပ်များ၌လည်း "ဧကဗာဟဝသေန" ဟု ရှိ၏၊ ထို့ကြောင့် ဝီထိတစ်ခု၏ ဝဲဘက် ယာဘက်၌ ရှိသော အိမ်အစဉ်သည် လမ်း၏ လက်ရုံး ၂ ဖက်နှင့်တူရကား "ဧကဗာဟဝသေန" သာ ပါဌ်မှန်ဟု မှတ်ပါ။
ဗဟူနံ၊ ကုန်သော။ ဘိက္ခူနံ၊ တို့ဖို့။ ဂါဟေတဗ္ဗာနိ၊ ယူစေထိုက်ကုန်၏။ (ဘတ္တုဒ္ဒေသကရဟန်းက ယူစေထိုက်ကုန်၏)။
သလာကာသု၊ စာရေးတံတို့သည်။ အသတိ၊ မရှိကုန်လတ်သော်။ ဥဒ္ဒိသိတွာပိ၊ ညွှန်ချ၍လည်း။ ဂါဟေတဗ္ဗာနိ၊ ကုန်၏။ [စာရေးတံ, မဲလိပ်များ ကုန်သွား၍ မရှိလျှင်" မည်သည့်အိမ်၌ အရှင်ဘုရားဖို့ သလာကဘတ် ရောက်ပါသည်"ဟု နှုတ်ဖြင့်လည်း ညွှန်ပါ ဟူလို၊ ဥဒ္ဒိသိတွာပီတိ အသုကကုလေသလာကဘတ္တာနိ တုယှံ ပါပုဏာတီတိ ဝတွာ၊ ဝိမတိ။]
ပန၊ ဆက်။ သလာကဒါယကေန၊ စာရေးတံကို ပေးသော ရဟန်းသည်။ ဝတ္တံ၊ ကို။ ဇာနိတဗ္ဗံ၊ သိထိုက်၏
ဟိ၊ ချဲ့။ တေန၊ ထိုရဟန်းသည်။ ကာလဿေဝ၊ စောစောကပင်။ ဝုဋ္ဌာယ၊ ထ၍။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ ဂဟေတွာ၊ ယူ၍။ ဘောဇနသာလံ၊ ဆွမ်းစားဇရပ်သို့။ ဂန္တွာ၊ ၍။ အသမ္မဋ္ဌာဋ္ဌာနံ၊ တံမြက်မလှည်းအပ်သေးသော အရပ်ကို။ (အချို့စာ၌ "အသမ္မဇ္ဇနဋ္ဌာနံ" ဟု ရှိ၏)။ သမ္မဇ္ဇိတွာ၊ တံမြက်လှည်းပြီး၍။ ပါနီယံ၊ သောက်ရေကိုလည်းကောင်း။ ပရိဘောဇနီယံ၊ သုံးရေကိုလည်းကောင်း။ ဥပဋ္ဌာပေတွာ၊ တည်စေပြီး၍။ ဣဒါနိ၊ ယခုအခါ၌။ ဘိက္ခူဟိ၊ တို့သည်။ ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ (တံမြက်လှည်းခြင်း စသော ဝတ်ကြီးဝတ်ငယ်ကို)။ ကတံ၊ ပြုအပ်ပြီးသည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ ဣတိ၊ သို့။ ကာလံ၊ အချိန်ကို။ သလ္လက္ခေတွာ၊ မှတ်သား၍။ ဃဏ္ဋိံ၊ တီးခေါက်အပ်သော ခေါင်းလောင်းစသည်ကို။ ပဟရိတွာ၊ တီးခေါက်၍။ ဘိက္ခူသု၊ တို့သည်။ သန္နိပတိတေသု၊ စုဝေးပြီးကုန်လတ်သော်။ ပဌမမေဝ၊ ရှေးဦးစွာသာလျှင်။ ဝါရဂါမေ၊ အလှည်ကျအားဖြင့် သွားရမည် ရွာ၌. သလာကံ၊ ကို။ ဂါဟေတဗ္ဗံ၊ ယူစေထိုက်၏။ [ဝါရဂါမေဟိ အတိဒူရတ္တာ ဝါရနေ ဂန္တဗ္ဗဂါမေ၊ အလွန်ဝေးသည့်အတွက် မသွားလိုရကား အလှည်ကျအားဖြင့် သွားထို်ကသော ရွာ၌၊ ဝိမတိ။]
တုယှံ၊ အရှင်ဘရားဖို့။ အသုကသ္မိံနာမ၊ ထိုမည်သော။ ဝါရဂါမေ၊ အလှည့်ကျအားဖြင့်သွားရမည့် ရွာ၌။ သလာကာ၊ စာရေးတံသည်။ ပါပုဏာတိ၊ ရောက်ပါ၏။ တတြ၊ ထိုရွာသို့။ ဂစ္ဆ၊ ကြွပါလော။ ဣတိ၊ သို့။ ဝတ္တဗ္ဗံ၊ လျှောက်ရာ၏။
အတိရေကဂါဝုတေ တစ်ဂါဝုစ်ထက် လွန်သော အရပ်၌။ ဂါမော၊ သည်။ သစေ ဟောတိ၊ အကယ်၍ ရှိအံ့။ တံ ဒိဝသံ၊ ထို့နေ့၌။ ဂစ္ဆန္တာ၊ သွားကုန်လတ်သော်။ သစေ ကိလမန္တိ၊ အကယ်၍ ပင်ပန်းကုန်အံ့။ (ဧဝံ သတိ) သွေ၊ နက်ဖြန်၌။ တုယှံ၊ အရှင်ဘုရား၏ (အထံသို့)။ ဝါရဂါမေ၊ ၌။ (သလာကာ၊ သည်)။ ပါပုဏာတိ၊ ရောက်ပါ၏။ ဣတိ၊ ဤသို့ လျှောက်၍။ အဇ္ဇေဝ၊ ယနေ့၌ပင်။ ဂါဟေတဗ္ဗံ၊ ယူစေထိုက်၏။
ယော၊ အကြင်ရဟန်းသည်။ ဝါရဂါမံ၊ သို့။ ပေသိယမာနော၊ စေလွှတ်အပ်သော်။ န ဂစ္ဆတိ၊ မသွားလို။ အညံ၊ အခြားသော။ ကလာကံ၊ ကို။ မဂ္ဂတိ၊ ရွာ၏။ (တဿ၊ ထိုရဟန်းအား)။ န ဒါတဗ္ဗာ၊ မပေးထိုက်။ ( ကသ္မာ၊ ကြောင့်။ န ဒါတဗ္ဗာ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ သဒ္ဓါနံ၊ သဒ္ဓါရှိကုန်သော။ မနုဿာနံ၊ တို့၏။ ပုညဟာနိ၊ ကောင်းမှု၏ ယုတ်လျော့ခြင်းသည်လည်းကောင်း။ (ထိုကိုယ်တော်က မသွားသည့်အတွက် ထိုလူတို့မှာ ကောင်းမှု၏ ယုတ်လျော့ခြင်းသည်လည်းကောင်း)။ သံဃဿ၊ ၏။ လာဘစ္ဆေဒေါစ၊ လာဘ်၏ပြတ်စဲခြင်းသည်လည်းကောင်း။ ဟောတိ၊ ၏။ (တသ္မာ၊ ကြောင့်။ န ဒါတဗ္ဗာ)၊ တသ္မာ၊ ထိုသို့ မပေးထိုက်သည်၏ အဖြစ်ကြောင့်။ တဿ၊ ထိုရဟန်းအား။ (ပျင်း၍ မသွားလိုသော ထိုရဟန်းအား)။ ဒုတိယေပိ ဒိဝသေ၊ ဒုတိယနေ့၌ လည်းကောင်း။ တတိယေပိ ဒိဝသေ၊ တတိယနေ့၌လည်းကောင်း။ အညာ၊ အခြားသော။ သလာကာ၊ ကို။ န ဒါတဗ္ဗာ၊ မပေးထိုက်။ အတ္တနော၊ ၏။ ပတ္တဋ္ဌာနံ၊ ရောက်အပ်သော အရပ်သို့။ (အဝေးရွာသို့)။ ဂန္တွာ၊ ၍။ ဘုဉ္ဇာဟိ၊ စားချေလော။ ဣတိ၊ သို့။ ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။ ပန၊ ဆက်။ တီဏိဒိဝသာနိ၊ သုံးရက်တို့ပတ်လုံး။ (ပဌမရက်နှင့်တကွ တတိယရက်အထိ သုံးရက်တို့ပတ်လုံး)။ အဂစ္ဆန္တဿ၊ မသွားသော ရဟန်းအား။ ဝါရဂါမတော၊ မှ။ ဩရိမဝါရဂါမေ၊ ဤဘက် ၌ ဖြစ်သော အလှည့်ကျအားဖြင့် သွားရမည့် ရွာ၌။ သလာကာ၊ ကို။ ဂါဟေတဗ္ဗာ၊ ထိုက်၏။
တံ၊ ထိုစာရေးတံကို။ စေန ဂဏှာတိ၊ အကယ်၍ မယူအံ့။ (ဧဝံ သတိ) တတော၊ ထို့နေ့မှ။ ပဋ္ဌာယ၊ ၍။ တဿ၊ ထိုရဟန်းအား။ အညံ၊ သော။ သလာကံ၊ ကို။ ဒါတုံ၊ ငှါ။ န ဝဋ္ဋတိ၊ မသင့်။ ပန၊ ဆက်။ ဒဏ္ဍကမ္မံ၊ ဒဏ်အမှုကို။ ဒါဠှံ၊ တင်းကြပ်စွာ။ ကာတဗ္ဗံ၊ ပြုထိုက်၏။ သဋ္ဌိတောဝါ ‌၊ ရေအလုံး ခြောက်ဆယ်မှ သော်လည်းကောင်း။ ပဏ္ဏာသတော ဝါ၊ ရေအလုံး ငါးဆယ်မှသော်လည်းကောင်း။ န ပရိဟာပေတဗ္ဗံ၊ မယုတ်စေထိုက်။ ဝါ၊ လျှော့မပေးထိုက်။ [သဋ္ဌိတော ဝါ ပဏ္ဏာသတော ဝါတိ ဒဏ္ဍကမ္မတ္ထာယ ဥဒကဃဋံ သန္ဓာယ ဝုတ္တံ၊ ဝိမတိ။]
ဝါရဂါမေ၊ အလှည်ကျအားဖြင့် သွားရမည့် ရွာ၌။ ဂါဟေတွာ၊ ယူစေပြီး၍။ ဝိဟာရဝါရော၊ ‌ကျောင်းစောင့်လှည့်ကို။ ဂါဟေတဗ္ဗော၊ ထိုက်၏။ [ဝိဟာရဝါရောတိ သဗ္ဗဘိက္ခူသု သိက္ခာတ္ထာဘ ဂတေသု ဝိဟာရက္ခဏဝါရော၊ ဝိမတိ။] တုယှံ၊ အရှင်ဘုရားဖို့။ ဝိဟာရဝါရော၊ သည်။ ပါပုဏာတိ၊ ၏။ ဣတိ၊ သို့။ ဝတ္တဗ္ဗံ၊ လျှောက်ရာ၏။
ဝိဟာရဝါရိကဿ၊ ကျောင်းစောင့်အလှည့်ကျသော ရဟန်းအား။ (ဝိဟာရ ဝါရိကာနံ၊ တို့အား။) ဒွေတိဿော၊ (ဒွတ္တိသော) ၂ ခု, ၃ ခုကုန်သော။ ယာဂုသလာကာယော၊ ယာဂု စားရေတံတို့ကိုလည်ကောင်း။ ဝိဟာရဝါရိကဿ။ ။ ဝိဟာရဿ- ကျောင်း၏၊ ဝါ- ကျောင်စောင့်ခြင်း၏၊ (ကျောင်းဖြင့် ကျောင်းစောင့်ခြင်းတိုင်အောင် ယူပါ။) ဝွရော- အလှည့်တည်း၊ ဝိဟာရဝါရော၊ ဝိဟာရဝါရေ+နိယုတ္တော ဝိဟာရဝါရိ‌ကော၊ "ဘဏ္ဍာဂါရေ+ နိယုတ္တော ဘဏ္ဍာဂါရိကော" ကဲ့သို့ နိယုတ္တအနက်၌ ဣကပစ္စည်း သက်။ [ဝိဟာရဝါရေ နိယုတ္တာ ဝိဟာရဝါရိကာ၊ ဝါရေန ဝိဟာရရက္ခဏကာ၊ သာရတ္ထ။] သလာကာယော၊ ယာဂု စာရေးတံတို့ကိုလည်းကောင်း။ တိဿော ဝါ၊ ၃ ခုသော်လည်းဖြစ်ကုန်သော။ စတဿော ဝါ၊ ၄ ခုသော်လည်းဖြစ်ကုန်သော။ ဘတ္တသလာ ကာယောစ၊ ဆွမ်းစာရေးတံတို့ကိုလည်းကောင်း။ ဒါတဗ္ဗာ၊ ပေးထိုက်ကုန်၏။ ပန၊ ထိုသို့ပင် ပေးထိုက်ပါကုန်သော်လည်း။ နိဗဒ္ဓံ၊ အမြဲကို။ ကတွာ၊ ၍။ န ဒါတဗ္ဗာ၊ ကုန်။ (ကသ္မာ၊ ကြောင့်။ နိဗဒ္ဓံ ကတွာ န ဒါတဗ္ဗာ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ ယာဂု ဘတ္တဒါယကာ၊ ယာဂုဒါယကာ, ဆွမ်းဒါယကာတို့သည်။ အမှာကံ၊ တို့၏။ ယာဂု ဘတ္တံ၊ ကို။ ဝိဟာရေဂေါပကာဝ၊ ကျောင်းစောင့် ရဟန်းတို့ချည်းသာ။ ဘုဉ္ဇန္တိ၊ စားကြကုန်၏။ ဣတိ၊ ဤသို့ တွေး၍။ အညတ္ထတ္တံ၊ ကြည်ညိုခြင်းမှ တစ်ပါးသော အပြား၏ အဖြစ်သို့။ (သဒ္ဓါတရား ပျက်ခြင်းသို့)။ အာပဇ္ဇေယျံ၊ ရောက်ကုန်ရာ၏။ (တသ္မာ၊ ကြောင့်။ နိဗဒ္ဓံ ကတွာ န ဒါတဗ္ဗာ)၊ တသ္မာ၊ ထိုသို့ အမြဲပြု၍ မပေးထိုက်သည်၏ အဖြစ်ကြောင့်။ အညေသု၊ အခြားကုန်သော။ ကုလေသု၊ အမျိုးတို့၌။ ဒါတဗ္ဗာ၊ ပေးထိုကုန်၏။ (ပြောင်းရွှေ့၍ ပေးထိုက်ကုန်၏)။
ဝိဟာရဝါရိကာနံ၊ ကျောင်းစောင့် အလှည့်ကျသော ရဟန်းတို့အား။ သဘာဂါ၊ သဘောတူသော ရဟန်းတို့သည်။ အာဟရိတွာ၊ ဆောင်ယူ၍။ သစေ ဒေန္တိ၊ အကယ်၍ ပေးကုန်အံ့။ (ကျောင်းစောင့်နေသည့်အတွက် ဆွမ်းခံ မသွားရသော ကြောင့် အဖော်ရဟန်းများက ဆွမ်းကို ဆောင်ယူ၍ ပေးကုန်အံ့)။ ဣတိ၊ ဤသို့ပေးကုန်လတ်သော်။ ဧတံ၊ ဤသို့ ပေးခြင်းသည်။ ကုသလံ၊ ကောင်း၏။
နော စေ (ဒေန္တိ)၊ အကယ်၍ မပေးကုန်အံ့။ (ဆောင်ယူ၍ ပေးမယ့်သူ မရှိကုန်အံ့)။ (ဧဝံ သတိ) ဝါရံ၊ အလှည့်ကို။ ဂါဟေတွာ၊ ယူစေ၍။ တေသံ၊ ထိုကျောင်းစောင့် ရဟန်းတို့ဖို့။ ယာဂုဘတ္တံ၊ ယာဂုဆွမ်းကို။ အာဟရာပေတဗ္ဗံ၊ ဆောင်ယူစေထိုက်၏။ (အခြားရဟန်းတို့ကို တစ်လှည့်စီ ဆောင်ယူစေထိူက်၏)။
တာဝ၊ ထိုကျောင်းစောင့် နေသမျှကာလပတ်လုံး။ နေသံ၊ ထိုကျောင်းစောင့်ရဟန်းတို့၏။ သလာကာ၊ စာရေးတံတို့သည်။ ဖာတိကမ္မမေဝ၊ တိုးပွားအောင် ပြုအပ်သော လာဘ်သည်သာလျှင်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ဝိဟာရဝါရိကာနံ။ ။ သာရတ္ထ၌ ဗဟုဝုဏ် ဖွင့်သောကြောင့် "ဝိဟာရဝါရိကာနံ" ဟု ဗဟုဝုစ်ရှိရမည်၊ နောက်၌လည်း "ဝိဟာရဝါရိကာနံ" ဟုလည်းကောင်၊ "တေသံ" ဟုလည်း‌ကောင်း, ‌"နေသံ" ဟုလည်းကောင်း ရှိသောကြောင့် ဝိဟာရဝါရိကာနံသည်သာ ရှေးပါဌ်ဖြစ်ဟန်တူသည်၊ သို့သော် ကျောင်းတိုက်၏ အကြီးငယ်လိုက်၍ ဝိဟာရဝါရိကကို တစ်ပါး နှစ်ပါး စသည် ထားရပေလိမ့်မည်၊ ထိုပုဂ္ဂိုလ်အား တစ်ပါးလျှင် ယာဂုသလာက, ဘတ္တသလာက တစ်ခုကျစီ မကဘဲ ၂ ခု, ၃ ခ, ၄ ခု ပေးရခြင်း၏ အကြောင်းမှာ နောက်၌ ထင်ရှားလတံ့။
တာဝ ၊ပေ၊ ဇာတိကမ္မမေဝ။ ။ ဖာတိကမ္မမေဝ ဘဝန္တီတိ ဝိဟာရက္ခဏတ္ထာယ သံဃေန ဒါတဗ္ဗ အတိရေကလာဘာ ဟောန္တိ၊ သာရတ္ထ၊ ဖာတိကမ္မကိုပင် "အတိရေက လာဘာ" ဟု ဖွင့်သည်၊ "တိုးပွားအာင် ပြုအပက်သော လာဘ်" ဟူလို၊ အခြား ပုဂ္ဂိုလ်တို့မှာ ယာဂုသလာက, ဘတ္တသလာက တစ်ခုစီသာ ‌ရသောလည်း ထိုဝိဟာရဝါရိတ ရဟန်းတို့မှာ ယူ၍ ပေးရမည့် ပုဂ္ဂိုလ်တွေအတွက်ပါ တိုးပွား၍ ပြုအပ်, အပိုပေးအပ်သော သလာကများ ဖြစ်ကြသည်၊ "အပိုရကြသည်" ဟူလို။ [ဝိမတိ၌ "ဖာတိကမ္မမေဝါတိ ဝိဟာရရက္ခဏကိစ္စဿ မဟောနကပဋိပါဒနမေဝ" ဟု ဖွင့်၏၊ "ကျောင်းစောင့်ခြင်း ကိစ္စ ပြီးစီးလောက်အောင် အပိုသလာကများ ရကြသည်" ဟူလို။]
ပန၊ ဆက်။ ဝဿဂ္ဂေန၊ ဝါအပိုင်းအခြားအားဖြင့်။ (ဝါစဉ်အားဖြင့်)။ ပတ္တဋ္ဌာနေ၊ ရောက်အပ်သော အရပ်၌။ အညမ္ပိ၊ အခြားလည်းဖြစ်သော။ (ဝိဟာရဝါရိက အတွက် ရအပ်သော သလာကမှ အခြားလည်းဖြစ်သော)။ ပဏီတဘတ္တသလာကံ၊ မွန်မြတ်သော ဆွမ်း၏ စာ‌ရေးတံကို။ ဂဏှိတုံ၊ ယူခြင်းငှါ။ လဘန္တိယေဝ၊ ရကုန်သည်သာ။ (ဝိဟာရဝါရိကတို့သည် အလှည့်ကျအားဖြင့် ရအပ်သော ပဏီတ ဘောဇန သလာကရှိလျှင် ထိုသလာကကိုလည်း ရကြသည်သာ။)
အတိရေကဥတ်တရဘင်္ဂဿ၊ အပိုအလွန် လက်သုပ်ဟင်းလျာ ပါရှိသော။ ဧကစာရိကဘတ္တဿ၊ ဧကစာရိကဘတ်၏။ (မွန်မြတ်သည့်အတွက် တစ်မျိုးတည်း သီးခြားလှည့်လည် ခြင်းရှိသော ဘတ်၏)။ ဝိသုံ၊ သီးခြား။ ဌိတိကံ၊ ကို။ ကတွာ၊ ၍။ သလာကာ၊ ကို။ ဒါတဗ္ဗာ၊ ထိုက်၏။ [လက်သုပ်ဟင်းလျာ အပိုပါသောကြောင့် ထိုဘတ်အတွက် သီးခြားထေရ်စဉ် ဝါစဉ်ပြု၍ စာရေးတံမဲ ချပါ။]
ယေန၊ အကြင်ရဟန်းသည်။ သလာကာ၊ စာရေးတံကို။ (သီးခြား ဌိတိကာပြု၍ ပေးအပ်သော စာရေးတံကို)။ လဒ္ဓါ၊ ရအပ်ပြီ။ သော၊ ထိုရဟန်းသည်။ တံ ဒိဝသံ၊ ထိုနေ့၌။ တံ ဘတ္တံ၊ ထိုဆွမ်းကို။ (ဥတ္တရိဘင်္ဂါပါသော ထိုဆွမ်းကို)။ သစေ န လဘတိ၊ အံ့။ (ဧဝံသတိ ) ပုနဒိဝသေ၊ နောက်နေ့၌။ ဂါဟေတဗ္ဗံ၊ ၏။ (ထပ်၍ ယူစေပါ)။
ဘတ္တမေဝ၊ ကိုသာ။ (သစေ) လဘတိ၊ အံ့။ ဥတ္တဘင်္ဂံ၊ ကို။ (သစေ ) န (လဘတိ)၊ အံ့။
(ဧဝမ္ပိ၊ ဤသို့ဖြစ်ပြန်သော်လည်း။ ပုန၊ ဖန်။ ဂါဟေတဗ္ဗံ၊ ၏။
ခီရဘတ္တဿ၊ နို့ရည်ဆွမ်း၏။ သလာကာယပိ၊ ၌လည်း။ ဧသေဝနယော၊ တည်း။ ("ဧကစာရိကဘတ္တဋ္ဌိတိကာပြု၍ စာရေးတံ ချပါ" ဟူလို)။
ပန၊ ဆက်။ ခီရမေဝ၊ နို့ရည်ကိုသာ။ သစေ လဘတိ၊ အံ့။ ဘတ္တံ၊ ကို။ (သစေ) န (လဘတိ)၊ အံ့။
(ဧဝံသတိ) ခီရလာဘတော၊ နို့ရည်ကို ရရာအခါမှ။ ပဋ္ဌာယ၊ ၍။ ပုန၊ ဖန်။ န ဂါဟေတဗ္ဗံ၊ ထိုက်။ (မွန်မြတ်သော အာဟာရဖြစ်သော နို့ရည်ကို ရပြီးဖြစ်သောကြောင့်တည်း)။
ဒွေတီဏိ (ဒွတ္တီဏိ)၊ ၂ ခု ၃ခုကုန်သော။ ဧကစာရိကဘတ္တာနိ၊ တို့သည်။ ဧကဿေဝ၊ တစ်ပါးတစ်ပါးသော ရဟန်း၏အထံသို့သာ။ ပါပုဏန္တိ၊ ရောက်တတ်ကုန်၏။ ဒုဗ္ဘိက္ခသမယေ၊ ငတ်မွတ်ခေါင်းပါး အစာရှားရာအခါ၌။ ဧကဿေဝ ၊ပေ၊ ဂါဟေတဗ္ဗံ။ ။ ပဏီတဖြစ်သော ဧကစာရိကဘတ် ၂ မျိုး ၃ မျိုးတို့သည် ရဟန်း ၁ ပါး ၁ ပါးတို့၏ အထံသို့ ရောက်နေတတ်ကုန်၏၊ ထိုသို့ဖြစ်ရာ၌ ထိုအစဉ်အတိုင်းပင် သံဃာအငယ်ဆုံး ရဟန်း ရအပ်ပြီးရာအခါ၌ (ဒုဗ္ဘိက္ခသမယလည်း ဖြစ်နေလျှင်) ထို ၂ မျိုးကို တစ်ပြိုင်နက် မရအောင် ဖြေရှင်း၍ (ခွဲခြား၍) အသီးအသီး တစ်ခုစီ တစ်ခုစီသာ ရအောင် ယူပါစေ ဟူလို၊ ဥပမာ- ဧကစာရိကဘတ်က ၂ မျိုးဖြစ်၍ တစ်ပြိုင်နက် ချသောအခါ ရဟန်း ၁ ပါး ၁ ပါးအား သလာက၃ ခုစီ ရနေလျျင် ထေရ်ကြီးမှ စ၍ ၃ မျိုး မရစေဘဲ ဆယ်မျိုး ၃ လီကို ဖြေရှင်းလိုက်သောအခါ တစ်မျိုးစီသာ ရက်ပေါင်း သုံးဆယ် ထိအောင် ဧကစာရိက သလာကဘတ် ပေးနိုင်သည်။ "ဒုဗ္ဘိက္ခသမယေ" ဟု ဆိုသောကြောင့် ရှားပါးသော အခါ၌သာ ‌ဤသို့ ဖြေရှင်းရမည်၊ သုဘိက္ခသမယဖြစ်မူ ဖြေရှင်းဖွယ် မလိုပါ။ သံဃနဝကေန၊ သံဃနောရဟန်းသည်။ လဒ္ဓကာလေ၊ ရအပ်ပြီးရာ အခါ၌။ ဝိဇဋေတွာ၊ ဖြေရှင်း၍။ ဝိသုံ၊ သီးခြား။ ဂါဟေတဗ္ဗာနိ၊ ကုန်၏။ ပါကတိကသလာကဘတ္တံ၊ ပင်ကိုယ်အတိုင်းဖြစ်သော သလာကဘတ်ကို။ (ပဏီတမဟုတ် ရိုးရိုးသလာကဘတ်ကို)။ အလဒ္ဓဿာပိ၊ မရသော ရဟန်းဖို့လည်း။ ပုနဒိဝသေ၊ နောက်နေ့၌။ ဂါဟေတဗ္ဗံ၊ ထိုက်၏။
ခုဒ္ဒကော၊ ငယ်သော။ ဝိဟာရော၊ ကျောင်းတိုက်သည်။ သစေ ဟောတိ၊ အံ့။ သဗ္ဗေ၊ ကုန်သော။ ဘိက္ခူ၊ တို့သည်။ ဧကသမ္ဘောဝါ၊ တူသော အာမိသကို သုံးစွဲခြင်းရှိကြကုန်သည်။ (အာမိသကိုအတူတကွ သုံးစွဲကြကုန်သည်)။ (သစေ ဟောန္တိ၊ ဧဝံ သတိ၊ )။ ဥစ္ဆုသလာကံ၊ ကြံစာရေးတံကို။ ဂါဟေန္တေန၊ ယူစေသော ဘတ္တုဒ္ဒေသကရဟန်းသည်။ ယဿကဿစိ၊ အမှတ်မထား တစ်ပါးပါးသော။ သမ္မုခီဘူတဿ၊ မျက်မှောက်ဖြစ်၍ ဖြစ်သော ရဟန်း၏ ထံသို့။ ပါပေတွာ၊ ရောက်စေ၍။ မဟာထေရာဒီနံ၊ မဟာထေရ် အစရှိသည်တို့အား။ ဒိဝါ၊ နေ့အခါ၌။ တစ္ဆေတွာ၊ ရွေ့၍။ (အခွံခွာ၍)။ ဒါတုံ၊ ပေးခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။ဋီကာ။ ။ ဧကဿေဝ ပါပုဏန္တီတိ ဒိဝသေ ဒိဝသေ ဧကေကဿေဝ ပါပိတာနီတိ အတ္ထော၊ ဝိမတိ။ "သံဃနဝကေန လဒ္ဓကာလေပိ ဒိဝသေ ဒိဝသေ ဧကေကဿ ပါပိတာနိ ဒွေတီဏိ ဧကစာရိကဘတ္တာနိ တေနေဝ နိယာမေန အတ္တနော ပါပုဏနဋ္ဌာနေ သံဃနဝကန ‌လဒ္ဓကာလေ၊ သာရတ္ထ။
ယဿကဿစိ သမ္မုခီဘူတဿ။ ။ အခြား ပုဂ္ဂိုလ်ုတိ့က ဥပစာရသိမ်ပြင်ဘက် ရောက်နေလျှင် ထေရ်စဉ် ဝါစဉ်ကို မငဲ့ဘဲ ရှေးရှုရောက်လာသော ပုဂ္ဂိုလ်ား ဥစ္ဆုသာလက စာရေးတံကို ပေးနိုင်သည်၊ ဘာ့ကြောင်နည်း - တစ်ပါးရလျှင် ဧကသမ္ဘောဂကျောင်းတိုက် ဖြစ်သည့်အတွက် အများဝေ၌ သုံးစွဲကြသောကြောင့်တည်း၊ [ယဿကဿစိ ၊ပေ၊ ပါပေတွာတိ ဧတ္ထ "‌ယျေဘုယျေန စေ ဘိက္ခူ ဗဟိသီမဂတာ ဟောန္တိ၊ သမ္မုခီဘူတဿ ယဿကဿစိ ပါပေတဗ္ဗံ၊ သဘာဂတ္တာ ဧကေန လဒ္ဓံ သဗ္ဗေသံ ဟောတိ၊တသ္မိံ မ္ပိ အဿတိ အတ္တနော ပါပေတွာ (မိမိအထံသို့ ရောက်စေ၍) ဒါတဗ္ဗ" န္တိ ပဏ္ဌိပဒေသု ဝုတ္တံ၊ သာရတ္ထ။]
ရသသလာကံ၊ ကြံရည်စာရေးတံကို။ [ရသသလာကန္တိ ဥစ္ဆုရသသလာကံ, ဋီကာ] ပါပေတွာ၊ ရောက်စေ၍။ ပစ္ဆာဘတ္တံ၊ ဆွမ်း၏ နောက်အဖို့၌။ ပရိဿာဝေတွာ ဝါ၊ စစ်၍ သော်လည်းကောင်း။ ဖာဏိတံ၊ တင်လဲကို။ ကာရေတွာ ဝါ၊ ပြုစေ၍သော်လည်းကောင်း။ ပိဏ္ဍပါတိကာဒီနံပိ၊ ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်း အစရှိသော ပုဂ္ဂိုလ်တို့အားလည်း။ ဒါတဗ္ဗံ၊ ရာ၏။ (အာဒိဖြင့် အခြားရသသလာက ရသေးသော ပုဂ္ဂိုလ်များကို ယူ။)
အာဂန္တုကာနံ၊ အာဂန္တုကရဟန်းတို့၏။ အာဂတနာနာဂတဘာဝံ၊ ရောက်လာကုန်သည်၏ အဖြစ်, မရောက်လာကုန်သေးသည်၏ အဖြစ်ကို။ ဉတွာ၊ ၍။ ဂါဟေတဗ္ဗာ၊ ၏။ မဟာ အာဝါသေ၊ ကျောင်းတိုက်ကြီး၌။ ဌိတိကံ၊ တည်နေရာ အစဉ်ကို။ ကတွာ၊ ၍။ ဂါဟေတဗ္ဗာ၊ ကုန်၏။
တက္ကသလာကံပိ၊ ရက်တက်ရည် စာရေးတံကိုလည်း။ သဘာဂဋ္ဌာနေ၊ သဘောတူသော ပုဂ္ဂိုလ်တို့၏ တည်ရာအရပ်မှ။ ပါပေတွာ၊ ရောက်စေ၍။ ပစာပေတွာဝါ၊ ချက်စေပြီး၍သော်လည်းကောင်း။ ဓူမာပေတွာ ဝါ၊ ချင်း, ငြုပ်စသော အခိုးအထုံကိုထည့်ခတ်စေပြီး၍သော်လည်းကောင်း။ ထေရာနံ၊ တို့အား။ ဒါတုံ၊ ငှါ။ ဝဋ္ဋတိ၊ သင့်၏။
မဟာအာဝါသေ၊ ကျောင်းတိုက်ကြီး၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာ၏။ (ထေရ်စဉ် ဝါစဉ်ပြု၍ ယူစေပါ ဟူလို)။ ဖလသလာကပူပသလာက ဘေသဇ္ဇဂန္ဓမာလသလာကာယောပိ၊ သစ်သီးစာရေးတံ,မုန့်စာရေးတံ, ဆေးစာရေးတံ, နံံံသာပန်းစာရေးတံတို့ကိုလည်း။ ဝိသုံ၊ သီးခြား။ (ဘတ္တယာဂု စသည်တို့မှ သီးခြား)။ ဌိတိကာယ၊ အားဖြင့်။ ဂါဟေတဗ္ဗာ၊ ကုန်၏။
စ၊ ဆက်။ ဧတ္ထ၊ ဤစာရေးတံတို့တွင်။ ဘေသဇ္ဇာဒိသလာကာယော၊ ဆေးအစရှိသော စာရေးတံတို့သည်။ ပိဏ္ဍပါတိကာနမ္ပိ၊ တို့အားလည်း။ ကိဉ္စာပိ ဝဋ္ဋန္တိ၊ အကယ်၍မူလည်း အပ်ပါပေကုန်၏။ ပန၊ ထိုသို့ပင်အပ်ပါကုန်သော်လည်း။ သလာကဝသေန၊ စာရေးတံ၏ အဖြစ်ဖြင့်။ ဂါဟိတတ္တာ၊ ယူစေအပ်သည်၏ အဖြစ်ကြောင့်။ န သာဒိတဗ္ဗာ၊ မသာယာထိုက်ကုန်။သဘာဂဋ္ဌာနေ ၊ပေ၊ ဝဋ္ဋတိ။ ။ "သဘာဂဋ္ဌာနေ" အရသဘောတူ ပုဂ္ဂိုလ်တို့နေရာဧကသမ္ဘောဂကျောင်းတိုက်ကိုပင် ဆိုလိုဟန်တူသည်။ "ပါပတွောဝါ" ဝါရှိသည်မျာ ဝိကပ်ပြု စရာ မရှိသောကြောင့် ပိုဟန်တူသည်၊ ပစာပေတွာ ဝါ ဓူမာပေတွာ ဝါတို့၌ ဝါသဒ္ဒါတို့ကား အချင်းခင်း ဝိကပ်ပြုနိုင်၏၊ "ရက်တက်ရည်ကို ကျက်အောင်သော်လည်း ချက်ပါ၊ သို့မဟုတ် ချင်း,ငြုပ် စသော အချို့အတုံများကို လည်း ခတ်ပါ " ဟူလို။
**ဝဋ္ဋဝိ ၊‌ပေ, သာဒိတဗ္ဗာ၊ ပိဏ္ဍပါတိကရဟန်းတို့သည် "သံဃဘတ္တစ သော အာမိသဖြစ်သော အတိရေကလာဘ်ကိုသာ ပယ်ပါ၏" ဟု အဓိဋ္ဌာန်ခဲ့ကြ၏။ ဘေသဇ္ဇ စသည်တို့ကာ အာမိသ မဟုတ်သောကြောင့် ပယ်ဖို့ရန် အဓိဋ္ဌာန်ရာတွင် မပါဝင်ကြ၊ ထို့ကြောင့် အပ်ပါ၏၊ "သို့သော် ထိုအတိရေလာဘ်တွင် ပါဝင်သော သလာကဘတ္တနှင့် ရော၍ သလာကအမည်ဖြင့် ယူစေအပ်သည့်အတွက် မသာယာထိုက်ကုန်" ဟု ဆိုလိုသည်။ ["သလာက ဝသေန ဂါဟိတတ္တာ ပန န သာဒိတဗ္ဗာတိ ဣဒံ အသာရုပ္ပဝသေန ဝုတ္တံ၊ န ဓုတင်္ဂဘေဒဝသေန၊ "သံဃတော နိရာမိသသလာကာ၊ ပေ၊ ဝဋ္ဋတိယေဝါ" တိဟိ ဝိသုဒ္ဓိမဂ္ဂေ ဝုတ္တံ၊ ဝိမတိ၊ သာရတ္ထ ၌ကား အကျယ်ဆိုလေသေး၏။]
အဂ္ဂဘိက္ခာမတ္တံ၊ အဦးအဖျား တစ်ဇွန်းမျှဖြစ်သော။ သလာကဘတ္တံ၊ ကို။ ဒေန္တိ၊ ပေးလှူတတ်ကြကုန်၏။ [အဂ္ဂဘိက္ခာမတ္တန္တိ ဧကကဋစ္ဆုဘိက္ခာမတ္တံ၊ ဝိမတိ၊ အဂ္ဂတော ဒါတဗ္ဗ ဘိက္ခာ အဂ္ဂဘိက္ခာ၊ သာရတ္ထ၊ တစ်ဇွန်း တစ်ပန်းကန်မျှဖြစ်သော ဆွမ်းဦးကလေးကို "အဂ္ဂဘိက္ခာမတ္တ" ဟု ဆိုလိုဟန်တူသည်။] ဌိတိကံ၊ ကို။ ပုစ္ဆိတွာ၊ မေး၍။ ဂါဟေတဗ္ဗံ၊ ယူစေထိုက်၏။
ဌိတိကာယ၊ သည်။ အသတိယာ၊ မရှိလတ်သော်။ ထေရာသနတော၊ မှ။ ပဋ္ဌာယ၊ ၍။ ဂါဟေတဗ္ဗံ၊ ယူစေထိုက်၏။
တာဒိသာနိ၊ ထိုကဲ့သို့ ရှုအပ်ကုန်သော။ ဘတ္တာနိ၊ တို့သည်။ (အဂ္ဂဘိက္ခာ မတ္တဘတ်တို့သည်)။ ဗဟူနိ၊ များကုန်သည်။ သစေ ဟောန္တိ၊ ကုန်အံ့။ (ဧဝံ သတိ) ဧကေကဿ၊ တစ်ပါး တစ်ပါးသော။ ဘိက္ခုနော၊ အား။ ဒွေတီဏိ (ဒွတ္တီဏိ)၊ နှစ်ခု သုံးခုတို့ကို။ ဒါတဗ္ဗာနိ၊ ပေးထိုက်၏။ (ဗဟူနိ၊ များကုန်သည်။ နော စေ (ဟောန္တိ)၊ အကယ်၍ မဖြစ်ကုန်အံ့။
(ဧဝံ သတိ) ဧကေကမေဝ၊ တစ်ခုစီ တစ်ခုစီကိုသာလျှင်။ ဒတွာ၊ ၍။ ပဋိပါဋိယာ၊ အစဉ်သည်။ ဂတာယ၊ ကုန်လွန်သွားပြီးလတ်သော်။ ပုန၊ ဖန်။ ထေရာသနတော၊ မှ။ ပဋ္ဌာယ၊ ၍။ ဒါတဗ္ဗံ၊ ပေးရာ၏။
အန္တရာဝ၊ အကြား၌သာ။ (သံဃနဝရဟန်းသို့ မရောက်မီ အကြား၌သာ)။ သစေ ဥပစ္ဆိဇ္ဇတိ၊ အကယ်၍ ပြတ်သွားအံ့။ (အဂ္ဂဘိက္ခာ အလှူပြတ်သွားအံ့၊ ဧဝံ သတိ)၊ ဌိတိကာ၊ ကို။ သလ္လက္ခတဗ္ဗာ၊ မှတ်သားထိုက်၏။ [မည်သည့်ဝါစဉ်၌ ကုန်၍ သွားသည်" ဟု မှတ်သားထိုက်၏။]
ပန၊ ဆက်။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သော။ (အဂ္ဂဘိက္ခာမတ္တ ဖြစ်သော)။ ဘတ္တံ၊ သည်။ နိဗဒ္ဓမေဝ၊ အမြဲမပြတ် ဖွဲ့စပ်အပ်သည်သာ။ ယဒိ ဟောတိ၊ အံ့။ (ဧဝံသတိ) ယဿ၊ အကြင်ရဟန်း၏ အထံသို့။ ပါပုဏာတိ၊ ၏။ သော၊ ထိုရဟန်းကို။ ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။ (ကိံ) လဒ္ဓါဝါ၊ ရပြီးဖြစ်၍ ဖြစ်စေ။ အလဒ္ဓါဝါ၊ မရသေးမူ၍ ဖြစ်စေ။ သေပိ၊ နက်ဖြန်၌လည်း။ ဂဏှေယျာသိ၊ ခံယူလှည့်ပါလော။ ဣတိ၊ ဤသို့။ (ဝတ္တဗ္ဗော)၊
ဧကံ၊ အချို့သော အဂ္ဂဘိက္ခာမတ္တသလာကဘတ်သည်။ အနိဗဒ္ဓံ၊ အမြဲမပြတ် မဖွဲ့စပ်အပ်သည်။ ဟောတိ၊ ၏။ ပန၊ ထိုသို့ပင် မမြဲပါသော်လည်း။ လဘနဒိဝသေ၊ ရရာနေ့၌ ။ ယာဝဒတ္ထံ၊ အလိုရှိတိုင်း။ လဘတိ၊ ၏။ အလဘနဒိဝသာ၊ မရရာနေ့တို့သည်။ လဒ္ဓါ ဝါ အလဒ္ဓါဝါ။ ။ ယခုမဲကျသော်လည်း မဲကျရာအိမ်သို့ သွား၍ ခံယူသောအခါ ရသည်လည်း ရှိတတ်၏၊ မရဘဲလည်း ရှိတတ်၏၊ ထို့ကြောင့် "လဒ္ဓါ ဝါ အလဒ္ဓါ ဝါ" ဟု ဆိုသည်၊ အဂ္ဂဘိက္ခာဘတ်သည် အနည်းငယ်မျှသာ ဖြစ်၍ သူ့ချည်းသက်သက်တစ်ထပ်စာ မလောက်သောကြောင့်လည်းကောင်း အမြဲမပြတ် ရနေသောကြောင့်လည်းကောင်း "ယနေ့ရသည်ဖြစ်, မရသည်ဖြစ်စေ နက်ဖြန် ယူလှည့်ပါ" ဟု လျှောက်ရသည်။ [လဒ္ဓါ ဝါ အလဒ္ဓါ ဝါတိ လဘိတွာ ဝါ အလဘိတွာ ဝါ၊ နိဗဒ္ဓါယ အဂ္ဂဘိက္ခာယ အပ္ပမတ္တိကာယ ဧဝ သမ္ဘဝတော လဘိတွာပိ ပုနဒိဝသေ ဂဏှိတုံ ဝုတ္တံ၊ အဂ္ဂဘိက္ခမတ္တန္တိ ဟိ ဧတ္ထ မတ္တသဒ္ဒေါ, ဗဟုဘာဝံ နိဝတ္တေတိ၊ သာရတ္ထ။ ] ဗဟုတရာ၊ များကုန်သည်။ ‌ဟောန္တိ၊ ကုန်၏။ တံ၊ ထိုသလာကဘတ်သည်။ ယဿ၊ အကြင်ရဟန်း၏ အထံသို့။ ပါပုဏာတိ၊ ၏။ (စာရေးတံမဲ ကျ၏)။ သော၊ ထိုရဟန်းသည်။ အလဘိတွာ၊ မရမူ၍။ (မရလတ်သော်)။ သွေ၊ နက်ဖြန်၌။ ဂဏှေယျာသိ၊ ခံယူပါလော။ (စာရေးတံကို ယူပါလော)။ ဣတိ၊ သို့။ ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။
ယော၊ အကြင်ရဟန်းသည်။ သလာကာသု၊ တို့ကို။ ဂါဟိတေသု၊ ယူစေအပ်ကုန်ပြီးလတ်သော်။ [အချို့စာ၌ "ဂဟိတာသု- ပြီးကုန်လတ်သော်" ဟု ရှိ၏။] ပစ္ဆာ၊ နောက်၌။ (မဲချပြီးမှ)။ အာဂစ္ဆတိ၊ လာ၏။ တဿ၊ ထိုရဟန်းအား။ ဝါ၊ ၏အတွက်။ အတိက္ကန္တာဝ၊ လွန်ပြီးသည်သာလျှင်ဖြစ်သော။ သလာကာ၊ စာရေးတံကို။ ဥပဋ္ဌာပေတွာ၊ ရှေးရှုတည်စေ၍။ ("ပဋ္ဌပေတွာ" ဟု ရှိလျှင် "စတည်စေ၍" ဟု ပေး)။ န ဒါတဗ္ဗာ၊ မပေးထိုက်။ ["အများပြီးမှ ရောက်လာသည့်အတွက် သူ့အား ဆက်၍ မပေးနှင့်" ဟူလို။ ဤစကားနှင့် စပ်၍ စာရေးတံယူနည်းကို ပြလိုသောကြောင့် သလာကံနာမ စသည်မိန့်။]
သလာကံနာမ၊ စာရေးတံမည်သည်။ ဃဏ္ဋိပ္ပဟရဏတော ‌၊ ကျောက်စည်, ခေါင်းလောင်းတီးခတ်ရာ အခါမှ။ (အချိန်သတ်မှတ်သည့် ကုလားတက်, တုံး စသည်ကို ခေါက်ပြီးရာအခါမှ)။ ပဋ္ဌာယ၊ ၍။ အာဂန္တွာ၊ လာ၍။ ဟတ္ထံ၊ လက်ကို။ ပသာရေန္တောဝ၊ ဆန့်တန်းသော ရဟန်းသည်သာ။ လဘတိ၊ ၏။ (စာရေးတံ ယူဖို့ လက်ဆန့်သော ရဟန်းသည်သာ ရ၏)။
အညဿ၊ လက်ဆန့်တန်းသော ရဟန်းမှ အခြားသော။ အာဂန္တွာ၊ ၍။ သမီပေ၊ ၌။ ဌိတဿာပိ၊ ရပ်နေသော ရဟန်း၏ အတွက်လည်း။ အတိက္ကန္တာ၊ လွန်ပြီးသော စာရေးတံသည်။ အတိက္ကန္တာဝ၊ လွန်ပြီးသည်သာ။ ဟောတိ၊ ၏။
ပန၊ ဆက်။ အဿ၊ ထိုရဟန်းဖို့။ အညော၊ သော။ ဂဏှန္တော၊ အစားယူမည့် ပုဂ္ဂိုလ်သည်။ သစေ အတ္ထိ၊ အံ့။ (ဧဝံ သတိ) သယံ၊ ကိုယ်တိုင်။ အနာဂတော၊ မလာသည်။ (သမာနော) ပိ၊ ဖြစ်ပါသော်လည်း။ လဘတိ၊ ၏။
သဘာဂဋ္ဌာနေ၊ သဘောတူသော ရဟန်းတို့၏ တည်ရာအရပ်၌။ အသုကော၊ ထိုမည်သော ရဟန်းသည်။ အနာဂတော၊ မလာသေး။ ဣတိ၊ သို့။ ဉတွာ၊ ၍။ အယံ၊ ဤစာရေးတံသည်။ တဿ၊ ထိုမလာသေးသော ရဟန်း၏။ သလာကာ၊ စာရေးတံတည်း။ ဣတိ၊ ဤသို့ ပြော၍။ ထပေတုံ၊ ထားခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။
အနာဂတဿ၊ ကိုယ်တိုင် မလာသော ရဟန်းအား. (သလာကာ၊ ကို)။ န ဒါတဗ္ဗာ၊ ထိုက်။ ဣတိ၊ သို့။ ကတိကံ၊ ကတိကဝတ်ကို။ သစေ ကရောန္တိ၊ ကုန်အံ့။ (ဧဝံ သတိ၊ ကတိကာြ၊ သည်)။ အဓမ္မိကာ၊ တရားနှင့် မယှဉ်သည်။ ဝါ၊ တရားအားမလျော်သည်။ ဟောတိ၊ ၏။
ဟိ၊ မှန်။ အန္တောဥပစာရေ၊ ဥပစာရသိမ်၏ အတွင်း၌။ ဌိတဿ၊ တည်သော ရဟန်း၏ အထံသို့။ ဘာဇနီယဘဏ္ဍံ၊ ဝေဖန်ထိုက်သော ဘဏ္ဍာသည်။ ပါပုဏာတိ၊ ၏။
ပန၊ ဆက်။ အနာဂတဿ၊ မလာသော ရဟန်းအား။ ဒေထ၊ ပါကုန်။ ဣတိ၊ သို့။ မဟာသဒ္ဒံ၊ ကျယ်စွာသော အသံကို။ သစေ ကရောန်တိ၊ ကုန်အံ့။ (ဧဝံ သတိ) ဒဏ္ဍကမ္မံ၊ ဒဏ်အမှုကို။ ထပေတဗ္ဗံ၊ ထားထိုက်၏။ အာဂန္တွာ၊ လာ၍။ ဂဏှန္တု၊ ယူကြကုန်လော။ ဣတိ၊ သို့။ ဝတ္တဗ္ဗံ၊ ပြောရာ၏။
ဆပဉ္စ၊ ၆ ခု, ၅ ခုကုန်သော။ သလာကာ၊ တို့သည်။ နဋ္ဌာ၊ ‌ပျောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်အံ့။ ဘတ္တု‌ဒ္ဒေသကော၊ သည်။ ဒါယကာနံ၊ ဆွမ်းဒါယကာတို့၏။ နာမံ၊ အမည်ကို။ နဿရတိ၊ မမှတ်မိအံ့။ သော၊ ထိုဘတ္တုဒ္ဒေသကရဟန်းသည်။ နဋ္ဌကလာကာ၊ ပျောက်သော စာရေးတံတို့ကို။ မဟာထေရဿ ဝါ၊ မဟာထေရ်၏ အထံသို့ သော်လည်းကောင်း။ အတ္တနောဝါ၊ မိမိ၏ အထံသို့ သော်လည်းကောင်း။ ပါပေတွာ၊ ရောက်စေပြီး၍။ ဘိက္ခူ၊ တို့ကို။ စေ ဝဒေယျ၊ အကယ်၍ လျှောက်အံ့။ (ကိံ) မယာ၊ တပည့်တော်သည်။ အသုကဂါမေ၊ ထိုမည်သော ရွာ၌။ သလာကဘတ္တံ၊ ကို။ မယှံ၊ တပည့်တော်အထံသို့။ ပါပိတံ၊ ရောက်စေအပ်ပါပြီ။ တုမှေ၊ အရှင်ဘုရားတို့သည်။ တတ္ထ၊ ထိုရွာ၌။ လဒ္ဓံ၊ ရအပ်သော။ သလာကဘတ္တံ၊ ကို။ ဘုဉ္ဇေယျာထ၊ ဘုဉ်းပေးကြပါကုန်လော။ ဣတိ၊ သို့။ (စေ ဝဒေယျ၊ အံ။ ဧဝံ သတိ)၊ ဝဋ္ဋတိ၊ ၏။
ပန၊ ဆက်။ ဝိဟာရေ၊ ကျောင်းတိုက်၌။ (ကျောင်းတိုက်တုန်းက )။ အပါပိတံ ‌၊ ရောက်စေအပ်သည်မဟုတ်‌ော။ အာသနသာလာယ၊ ထိုင်နေရာစရပ်၌။ (ရွာတွင်းဆွမ်းစားစရပ်ကျမှ)။ တံ ဘတ္တံ၊ ထိုသလာကဘတ်ကို။ သရိတွာ၊ ၍။ တတ္ထေဝ၊ ထိုဆွမ်းစားဇရပ်၌ပင်။ ပါပေတွာ၊ ရောက်စေ၍။ ဘုဉ္ဇိတုံ၊ ငှာ။ န ဝဋ္ဋတိ၊ မအပ်။
အဇ္ဇ၊ ယနေ့မှ။ ပဋ္ဌာယ၊ ၍။ မယှံ၊ တပည့်တော်၏။ သလာကဘတ္တံ၊ ကို။ ဂဏှထ၊ ယူပါကုန်။ ဣတိ၊ သို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ တတြ၊ ထိုရွာ၌။ အာသနသာလာယ၊ ၍။ ဂါဟေတုံ၊ ငှါ။ န ဝဋ္ဋတိ၊ မအပ်။ ဝိဟာရံ၊ သို့။ အာနေတွာ၊ ဆောင်ယူပြီး၍။ ဝိဟာရေ၊ ပေ၊ န ဝဋ္ဋတိ။ ။ အချို့စာအုပ်များ၌ "န " မပါဘဲ" ဝဋ္ဋတိ" ဟု ရှိ၏၊ သလာကဘတ်ဟူသည် ကျောင်းတိုက်ကို ရည်မှန်း၍ လှူဒါန်းအပ်သောဘတ်တည်း၊ ကျောင်းတိုက်အတွင်း၌ မရောက်စေဘဲ ရည်မှန်း၍ လှူဒါန်းအပ်သော ဘတ်တည်း၊ ကျောင်းတိုက်အတွင်း၌ မရောက်စေဘဲ ရွာတွင်း ဆွမ်းစားစရပ်ကျမှ ရောက်စေအပ်သော ဘတ်ကို စားခြင်းငှါ မအပ်၊ ထို့ကြောင့် "န ဝဋ္ဋတိ" ဟုသာ ရှိထိုက်သည်။ [သလာကဘတ္တံနာမ ဝိဟာရေ ယေဝ ဥဒ္ဒိသီယတိ ဝိဟာရမေဝ ဒိယျမာနတ္တာတိ အာဟ ဝိဟာရေ အပါပိတံ ပနာတိ အာဒိ၊ သာရတ္ထ။] ဂါဟေတဗ္ဗံဲ၊ ယူစေထိုက်၏။ [ဝိဟာရံ အာနေတွာ ဂါဟေတဗ္ဗံတိ တထာ ဝတွာ ("အဇ္ဇ ပဋ္ဌာယ မယှံ သလာကဘတ္တံ ဂဏှထ" ဟု ‌‌လျှောက်၍။) တသ္မိံ ဒိဝသေ ဒိန္နဘတ္တံ ဝိဟာရမေဝ အာနေတွာ ဌိတိကာယ ဂါဟေတဗ္ဗံ၊ သာရတ္ထ။]
ပန၊ ဆက်။ သွေ၊ နက်ဖြန်မှ။ ပဋ္ဌာယ၊ ၍။ (မယှံ သလာကဘတ္တံ ဂဏှထ၊ ကုန်)။ ဣတိ၊ သို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ ဘတ္တုဒ္ဒေသကဿ၊ အား။ အာစိက္ခိတဗ္ဗံ၊ ပြောပြရာ၏။ (ကိံ) သွေ၊ နက်ဖြန်မှ။ ပဋ္ဌာယ၊ ၍။ အသုကကုလံနာမ၊ ထိုမည်သော အမျိုးသည်။ သလာကဘတ္တံ၊ ကို။ ဒေတိ၊ ၏။ သလာကဂ္ဂါဟဏကာလေ၊ စာရေးတံကို ယူစေရာ အခါ၌။ သရေယျာသိ၊ အမှတ်ရပါလော။ ဣတိ၊ သို့။ (အာစိက္ခိတဗ္ဗံ၊ ဒါယကာ၏ လျှောက်ထားပင့်ဖိတ်ခြင်းကို ခံရသော ရဟန်းတို့က တစ်ဆင့် ပြောရမည်။)
ဒုဗ္ဘိက္ခေ၊ ငတ်မွတ်ခေါင်းပါး အစာရှားရာ အခါ၌။ သလာကဘတ္တံ၊ ကို။ ပစ္ဆိန္ဒိတွာ၊ ဖြတ်၍။ သုဘိက္ခေ၊ သာယာဝပြော အစာပေါရာ အခါသည်။ ဇာတေ၊ ဖြစ်လတ်သော်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဘိက္ခုံ၊ ကို။ ဒိသွာ၊ ၍။ အဇ္ဇ၊ မှ။ ပဋ္ဌာယ၊ ၍။ အမှာကံ၊ တို့၏။ သလာကဘတ္တံ၊ ကို။ ဂဏှထ၊ ယူပါကုန်။ ဣတိ၊ ဤသို့လျှောက်၍။ ပုန၊ ဖန်။ ပဋ္ဌပေန္တိ၊ စတည်စေကြကုန်အံ့။ (ဧဝံ သတိ) အန္တောဂါမေ၊ ရွာတွင်း၌။ အဂါဟေတွာ၊ မယူစေမူ၍။ ဝိဟာရံ၊ သို့။ အာနေတွာဝ၊ ဆောင်ယူ၍သာ။ ဂါဟေတဗ္ဗံ၊ ၏။
ဟိ၊ မှန်။ (တစ်နည်း) (ကသ္မာ အန္တောဂါမေ အဂါဟေတွာ ဝိဟာရံ အာနေတွာဝ ဂါဟေတဗ္ဗံ၊ ယူစေရာသနည်း)။ ဟိ (ယသ္မာ)၊ ကြောင့်။ ဣဒံ သလာကဘတ္တံနာမ၊ ဤသလာကဘတ်မည်သည်။
ဥဒ္ဒေသဘတ္တသဒိသံ၊ ဥဒ္ဒေသဘတ်နှင့် တူသည်။ န ဟောတိ၊ မဖြစ်။ ဝိဟာရမေဝ၊ ကိုသာ။ သန္ဓာယ၊ ရည်ရွယ်၍။ ဒိယျတိ၊ ပေးလှူအပ်၏။ တသ္မာ၊ ကြောင့်။ ဗဟိဥပစာရေ၊ ဥပစာရသိမ် ပြင်ပ၌။ ဂါဟေတုံ၊ ငှါ။ န ဝဋ္ဋတိ၊ မအပ်။ (တသ္မာ အန္တောဂါမေ အဂါဟေတွာ ဝိဟာရံ အာနေတွာဝ ဂါဟေတဗ္ဗံ ၏)။
ပန၊ ဆက်။ သွေ၊ မှ။ ပဋ္ဌာယ၊ ၍။ (အမှာကံ သလာကဘတ္တံ ဂဏှထ)၊ ဣတိ၊ သို့။ ဝုတ္တေ၊ အပ်သော်။ ဝိဟာရေ၊ ၌။ ဂါဟေတဗ္ဗမေဝ၊ ယူစေထိုက်သည်သာ။
ဂမိကော၊ ခရီးသွားမည့်ဖြစ်သော။ ဘိက္ခု၊ သည်။ ယံ ဒိသာဘာဂံ၊ အကြင်အရပ်အဖို့သို့။ ဂန္တုကာမော၊ သွားလိုသည်။ (ဟောတိ)၊ တတ္ထ၊ ထိုအရပ်အဖို့၌။ အညေန၊ အခြားသော ရဟန်းသည်။ (ဂမိကရဟန်းမှ အခြားသော ရဟန်းသည်)။ ဝါရဂါမသလာကာ၊ အလှည်ကျအားဖြင့် သွားရမည့် ရွာ၌ စာရေးတံကို။ လဒ္ဓါ၊ ရအပ်ပြီးသည်။ ဟောတိ၊ အံ့။ တံ၊ ထိုဝါရဂါမသလာကကို။ ဂဟေတွာ၊ ယူ၍။ ဣတရံ၊ အခြား‌သော။ ဘိက္ခုံ၊ ကို။ (ခရီးမသွားသော ရဟန်းကို)။ မယှံ၊ တပည့်တော်၏ အတွက်။ ပတ္တသလာကံ၊ ရောက်အပ်သော စာရေးတံကို။ တွံ၊ သည်။ ဂဏှာဟိ၊ ယူရစ်ပါလော။ ဣတိ၊ ဤသို့။ ဝတွာ၊ လျှောက်၍။ ဂန္တုံ၊ ငှါ။ ဝဋ္ဋတိ၊ အပ်၏။ [ဆိုလိုရင်း "မိမိသွားမည့် အရပ်၌ ရှိသော စာရေးတံကို မိမိရပြီးသော စာရေးတံနှင့် လဲ၍ ယူသွားပါ" ဟူလို။ သို့သော် မိမိရအပ်သော စာရေးတံကလည်း အနှီးဖြစ်မှ ကျန်ရစ်သော ပုဂ္ဂိုလ်ကလက်ခံပေလိမ့်မည်။]
ပန၊ ဆက်။ တေန၊ ထိုရဟန်းသည်။ (ခရီးမသွားသော ရဟန်းသည်)။ တသ္မိံ၊ ထိုခရီးသွားမည့် ရဟန်းသည်။ ဥပစာရသီမံ၊ ကို။ အနတိက္ကန္တေယေဝ၊ မလွန်သေးမီသာလျှင်။ တဿ၊ ထိုခရီးသွားမည့် ရဟန်း၏။ သလာကာ၊ ကို။ ဂဟေတဗ္ဗာ၊ ယူထိုက်၏။
ဆဍ္ဍိတဝိဟာရေ၊ စွန့်ပစ်အပ်သော ကျောင်းတိုက်၌။ မနုဿာ၊ တို့သည်။ ဗောဓိစေတိယာဒီနိ၊ ဗောဓိပင်, စေတီတော် အစရှိသည်တို့ကို။ ဇဂ္ဂိတွာ၊ သုတ်သင်၍။ (စောင့်ရှောက်၍)။ ဘုဉ္ဇန္တု၊ ဘုန်းပေးကြပါကုန်။ ဣတိ၊ ဤသို့ လျှောက်၍။ သလာကဘတ္တံ၊ ကို။ ပဋ္ဌပေန္တိ၊ ဖြစ်စေကြကုန်၏။ ဘိက္ခူ၊ တို့သည်။ သကဋ္ဌာနေသု၊ မိမိနေရာ ကျောင်းတို့၌။ ဝသိတွာ၊ နေပြီး၍။ ကာလဿေဝ၊ စောစော၌ပင်။ ဂန္တွာ၊ ၍။ တတ္ထ၊ ထိုကျောင်းတိုက်၌။ (ထိုဆဍ္ဍိတဝိဟာရ၌)။ ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ ကရိတွာ၊ ၍။ တံ ဘတ္တံ၊ ကို။ ဘုဉ္ဇန္တိ၊ စားကုန်အံ့။ ဝဋ္ဋတိ၊ အပ်၏။
တေသု၊ ထိုရဟန်းတို့သည်။ သွာတနာယ၊ နက်ဖြန်ဆွမ်းစားခြင်း အကျိုးငှာ။ အတ္တနော၊ မိမိ၏ အထံသို့။ ပါပေတွာ၊ ရောက်စေ၍။ ဂတေသု၊ သွားပြီးကုန်လတ်သော်။ အာဂန္တုကော၊ အာဂန္တုကဖြစ်သော။ ဘိက္ခု၊ သည်။ ဆဍ္ဍိတဝိဟာရေ၊ ၌။ ဝသိတွာ၊ ၍။ ကာလဿေဝ၊ ၌ပင်။ ဝတ္တံ၊ ကို။ ကတွာ၊ ၍။ ဃဏ္ဋိံ၊ ခေါင်း‌လောင်းကို။ ပဟရိတွာ၊ တီ‌ခေါက်၍။ သလာကဘတ္တံ၊ ကို။ အတ္တနော၊ သို့။ ပါပေတွာ၊ ၍။ အာသနသာလံ၊ သို့။ ဂစ္ဆတိ၊ သွားအံ့။ သောဝ၊ ထိုအာဂန္တုကရဟန်းသည်သာ။ တဿ ဘတ္တဿ၊ ထိုသလာကဘတ်၏။ ဣဿရော၊ အစိုးရသော အရှင်တည်း။ [အာဂန္တုက ရဟန်းက ဝတ်ကြီးဝတ်ငယ် ပြု၍ ယူသော ကြောင့် အစိုးရ၏၊ "အတ္တနော ပါပေတွာ ဂတေသု" အရ မနေ့က ယူသွားသူတို့မှာ ဝတ်ကြီးဝတ်ငယ် မပြုသေးသောကြောင့် အစိုးမရ။] တေန ၊ပေ၊ ဂဟေတဗ္ဗံ။ ။ ဒိသံဂမိကရဟန်းအား မိမိ၏ ဝါရဂါမသလာကကို ပေးလိုက်သော ရဟန်းသည် ထိုဒိသံဂမိကရဟန်း၏ စာ‌ရေးတံကို ယူသောအခါ ဒိသံဂမိက ရဟန်းက ဥပစာရသိမ်ကို မလွန်မီ ယူထိုက်၏၊ ဘာ့ကြောင့်နည်း သလာကမှန်သမျှ ဥပစာရသိမ်အတွင်း၌ တည်သော ပုဂ္ဂိုလ်သာ ရခွင့်ရှိသောကြောင့်တည်း (ဂဟေတဗ္ဗာ နေရာ၌ "ဂါဟေ တဗ္ဗာ" ဟု စာအုပ်တို့၌ ရှိ၏၊ "တေန" ဟု ရှိသောကြောင့် ထိုရဟန်းက သူတစ်ပါးကို ယူစေဖွယ် မလို၊ သူကိုယ်တိုင်သာ‌ ယူရမည်ဖြစ်သည်၊ ထို့ကြောင့် "ဂဟေတဗ္ဗာ" ဟု ရှိသင့်၏။) [အနတိက္ကန္တေယေဝ တသ္မိံ တဿ သလာကာ ဂဟေတဗ္ဗာတိ ယသ္မာ ဥပစာရသီမဋ္ဌဿေဝ သလာကာ ပါပုဏာတိ၊ တသ္မာ တသ္မိံ ဒိသံဂမိကေ ဥပစာရသီမံ အနတိက္ကန္တေယေဝ တဿ ဒိသံဂမိကဿ ပတ္တသလာကာ အတ္တနော ပါပေတွာ ဂဟေတဗ္ဗာ၊ သာရတ္ထ။]
ပန၊ ဆက်။ ယော၊ အကြင်ရဟန်းသည်။ ဘိက္ခူသု၊ တို့သည်။ ဝတ္တံ၊ ကို။ ကရောန္တေသုယေဝ၊ ပြုနေကုန်စဉ်ပင်။ ဘူမိယံ၊ မြေ၌။ ဒွေတယော (ဒွတ္တယော) ၂ ချက် ၃ ချက်ကုန်သော။ သမ္မုဉ္ဇနိပ္ပဟာရေ၊ တံမြက်စည်း ခတ်ခြင်းတို့ကို။ ဒတွာ၊ ပေးပြီး၍။ ဃဏ္ဋိံ၊ ကို။ ပဟရိတွာ၊ ၍။ ဓုရဂါမေ၊ ပဓာနဖြစ်သော ရွာ၌။ ဝါ၊ အနီးဖြစ်သော ရွာ၌။ သလာကဘတ္တံ၊ သည်။ မယှံ၊ ငါ၏ အထံသို့။ ပါပုဏာတိ၊ ၏။ ဣတိ၊ ဤသို့ ပြော၍။ ဂစ္ဆတိ၊ ၏။ တဿ၊ ထိုရဟန်း၏ အထံသို့။ တံ၊ ထိုသာလကဘတ်သည်။ စောရိကာယ၊ ခိုးသူ၏ အမူအရာဖြင့်။ ဂဟိတတ္တာ၊ ယူအပ်သည်၏ အဖြစ်ကြောင့်။ နပါပုဏာတိ၊ မရောက်။ ဝတ္တံ၊ ကို။ ကတွာ၊ ၍။ ပါပေတွာ၊ ရောက်စေ၍။ ပစ္ဆာ၊ နောက်မှ။ ပတဘိက္ခူနံယေဝ၊ သွားသော ရဟန်းတို့၏အတွက်သာ။ ဟောတိ၊ ဖြစ်၏။ ("ဝတ္တံ ကရောန္တေသု" ဟု ဆိုခဲ့သော ရဟန်းတို့အတွက်သာ ဖြစ်၏)။
ဧကော၊ တစ်ခုသော။ ဂါမော၊ သည်။ အတိဒူရေ၊ အလွန်ဝေးသော အရပ်၌။ ဟောတိ၊ ရှိ၏။ ဘိက္ခူ၊ တို့သည်။ နိစ္စံ၊ အမြဲ။ ဂန္တုံ၊ ငှါ။ န ဣစ္ဆန္တိ၊ အလိုမရှိကြကုန်။ မနုဿာ၊ တို့သည်။ မယံ၊ ငါတို့သည်။ ပုညေန၊ ကောင်းမှုမှ။ ပရိဗာဟိရာ၊ အပတို့သည်။ ဟောမ၊ ဖြစ်ကြရကုန်၏။ ဣတိ၊ သို့။ ဝဒန္တိ၊ ပြောကြကုန်၏။ (ညည်းရှာကြကုန်၏)။ တဿ ဂါမဿ၊ ၏။ အာသန္နဝိဟာရေ၊ အနီးဖြစ်သော ကျောင်းတိုက်၌။ ယေ သဘာဂဘိက္ခူ၊ အကြင်သဘောတူ ရဟန်းတို့သည်။ (သန္တိ၊ ရှိကုန်၏)။ တေ၊ ထိုသဘောတူသော ရဟန်းတို့ကို။ ဝတ္တဗ္ဗာ၊ လျှောက်ထိုက်ကုန်၏။ (ကိံ) ဣမေသံ ဘိက္ခူနံ၊ ဤရဟန်းတို့၏။ (အဝေးကျောင်း၌ နေသော စာရေးတံမဲ ကျသော ရဟန်းတို့၏)။ အနာဂတဒိဝသေ၊ မလာရာ‌နေ့၌။ တုမှေ၊ တို့သည်။ (ရွာနှင့်နီးသော ကျောင်း၌နေသော အရှင်တို့သည်)။ ဘုဉ္ဇထ၊ ဘုန်းပေးကြပါကုန်။ ဣတိ၊ သို့။ (ဝတ္တဗ္ဗာ)၊ အနာဂတဒိဝသေ။ ။ "လာ, မလာကို အဘယ်သို့ သိရသနည်း" ဟု မေးအံ့၊ အခြားအနီး‌ကျောင်းမှ ကိုယ်တော်များသည် ရွာတွင်းဆွမ်းစားစရပ်၌ ရောက်နေကြသည့် အချိန်ဝယ်ထိုအဝေးကျောင်းက ကိုယ်တော်များ မရောက်လာကြလျှင် "ယနေ့အဖို့ မလာကြ" ဟု သိနိုင်၏။ "ထိုသို့ မလာမှန်းသိလျှင် မိမိတို့က သူတို့အစား သလာကဘတ်ကို ခံယူ၍ ဘုန်းပေးနိုင်သည် - ဟူလို၊ သာရတ္ထ။
**ဒေဝသိကံ ပါပေတဗ္ဗာ**။ ။ ဒေဝသိကံ ပါပေတဗ္ဗာတိဥပစာရသီမာယ ဌိတဿ ယဿကဿစိ(အမှတ်မထား တစ်ပါးပါး၏ အထံသို့) ဝဿဂ္ဂေန ပါပေတဗ္ဗာ၊ ဧဝံ )ဤသို့ ရောက်စေအပ်ကုန်လတ်သော်)။ ဧတေသု အဂတေသု အာသန္နဝဟာရေ၊ ထိုရွာ၏ အနီးကျောင်း၌)။ ဘိက္ခူနံ ဘုဉ္ဇိတုံ ဝဋ္ဋတိ၊ ဣတရထာ (နေ့တိုင်း စားရေးတံ မချလျှင်) သံဃိကထာ (စာရေးတံတို့၏ သံဃိအဖြစ်သည်)။ (ဟောတိ ဝိမတိ။
ပန၊ ထိုသို့ပင် လျှောက်ထိုက်ပါကုန်သော်လည်း။ သလာကာ၊ စာရေးတံတို့ကို။ ဒေဝသိကံ၊ နေ့တိုင်း။ ပါပေတဗ္ဗဦ၊ ရောက်စေထိုက်ကုန်၏။ တာစ၊ ထိုစာရေးတံတို့သည်လည်း။ ဃဏ္ဋိပ္ပဟရဏမတ္တေန ဝါ၊ ခေါင်းလောင်းကို တီးခေါက်ခြင်းမျှဖြင့်သော်လည်းကောင်း။ ပစ္ဆိာလနမတ္တေနဝါ၊ တောင်းကို လှုပ်စေခြင်းမျှဖြင့်သော်လည်းကောင်း။ ပါပိတာ၊ ရောက်စေအပ်ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ (ခေါင်းလောင်း တီးရုံ, မဲထည့်ရာ တောင်းကို လှုပ်စေရုံမျှဖြင့် စာရေးတံမဲ ချရာ မရောက်ကုန်သေး)။ ပန၊ အနွယ။ ပစ္ဆိံ၊ စာရေးတံထည့်ရာ တောင်းကို။ ဂဟေတွာ၊ ယူ၍။ သလာကာ၊ တို့ကို။ ပီဌကေ၊ အင်းပျဉ်ပေါ်၌။ အာကိရိတဗ္ဗာ၊ လောင်းထည့်ထိုက်ကုန်၏။ ပန၊ ထိုသို့ပင် တောင်းကို ကိုင်၍ လောင်းထည့်ထိုက်ပါကုန်သော်လည်း။ ပစ္ဆိ၊ တောင်းကို။ မုခဝဋ္ဋိယာ၊ နှုတ်ခမ်းရစ်မှ။ န ဂဟေတဗ္ဗာ၊ မကိုင်ထိုက်။ (ကသ္မာ မုခဝဋ္ဋိယံ န ဂဟေတဗ္ဗာ၊ နည်း)။
ဟိ(ယသ္မာ)၊ ‌ ကြောင့်။ တတ္ထ၊ ထိုတောင်း၌။ အဟိဝါ၊ မြွေသည်သော်လည်းကောငး်။ ဝိစ္ဆိကော ဝါ၊ ကင်းမြီးကောက်သည်သော်လည်းကောင်း။ သစေ ဘဝေဘျ၊ အကယ်၍ ရှိအံ့။ (ဧဝံ သတိ) ဒုက္ခံ၊ ဒုက္ခကို။ ဥပ္ပါဒေယျ၊ ဖြစ်စေရာ၏။
(တသ္မာ၊ ကြောင့်။ မုခဝဋ္ဋိယံ န ဂဟေတဗ္ဗာ)၊ တသ္မာ၊ ကြောင့်။ (ထိုသို့ နှုတ်ခမ်းရစ်၌ မကိုင်ထိုက်သည်၏ အဖြစ်ကြောင့်)။ ဟေဋ္ဌဦ၊ အောက်၌။ ဝါ၊ က။ ဂဟေတွာ၊ ကိုင်၍။ ပစ္ဆိံ၊ ကို။ ပရမ္မုခံ၊ တစ်ဖက်၌ မျက်နှာဝရှိသည်ကို။ ကတွာ၊ ၍။ သလာကာ၊ တို့ကို။ အာကိရိတဗ္ဗာ၊ လောင်းချထိုက်ကုန်၏။ [တောင်းကို ဖင်ကကိုင်ပြီးလျှင် ‌တောင်းမျက်နှာဝကို ကိုယ့်ဘက် မလှည့်ဘဲ စာရေးတံတို့ကို အင်းပျဉ်ငယ်ပေါ်၌ သွန်ချပါ။] (ကိံ၊ အဘယ်သို့ ကြ့၍ လောင်းချထိုက်သနည်း)။ သပ္ပေါ၊ မြွေသည်။ သစေ ပိ ဘဝိဿတိ၊ အကယ်၍ မူလည်းရှိအံ့။ [ကြံဆ အပ်သော စကားဖြစ်၍ "ဘဝိဿတိ" ဟု အနာဂတ်ဖြင့် သုံးသည်။] (ဧဝံသတိပိ) ဧတ္တောဝ၊ ဤလောင်းချအပ်ရာ အရပ်မှပင်။ ပလာယိဿတိ၊ ပြေးလတံ့။ ဣတိ၊ ဤသို့ ကြံ၍ လောင်းချထိုက်၏။
ဧဝံ၊ ဤသို့။ သလာကာ၊ တို့ကို။ အာကိရိတွာ၊ လောင်းချပြီး၍။ ဂါမာဒိဝသေန၊ ရွာအစရှိသည်တို့၏ အစွမ်းဖြင့်။ (အာဒိဖြင့် ရှေ့၌ ပြခဲ့သည့်အတိုင်း ဝီထိ, ဧကာဗာဟ, ကုလတို့ကို ယူ။) ပုဗ္ဗေ၊ ၌။ ဝုတ္တနယေနေဝ၊ ဖြင့်ပင်။ ဂါဟေတဗ္ဗာ၊ ကုန်၏။
[စာရေးတံ ဝေနည်း ၁ မျိုးကို ပြလို၍ အပိစ စသည်မိန့်။] အပိစ၊ သည်သာမကသေး။ ဧကံ၊ တစ်ခုသော စာရေးတံကို။ မဟာထေရဿ၊ ၏ အထံသို့။ ပါပေတွာ၊ ရောက်စေ၍။ အဝသေသာ၊ ကြွင်းသော စာရေးတံတို့သည်။ မယှံ၊ ငါ၏ အထံသို့။ ပါပုဏန္တိ၊ ကုန်၏။ ဣတိ၊ သို့။ အတ္တနော၊ မိမိ၏ အထံသို့။ ပါပေတွာ၊ ၍။ ဝတ္တံ၊ ကို။ ကတွာ၊ ၍။ စေတိယံ၊ ကို။ ဝန္ဒိတွာ၊ ဝပ်ချ၍။ ဝိတက္ကမာဠကေ၊ တရားကို ကြံစည်ရာတန်းဆောင်းဝန်း၌. ဌိတေဟိ၊ တည်နေကုန်သော။ ဘိက္ခူဟိ၊ တို့သည်။ အာဝုသော၊ ငါ့ရှင်။ သလာကာ၊ တို့ကို။ ပါပိတာ၊ ရောက်စေအပ်ကုန်ပြီး‌လော။ ဣတိ၊ သို့။ ဝုတ္တေ၊ မေးအပ်သော်။ ဘန္တေ၊ တို့။ အာမ၊ မှတ်ပါ။ တုမှေ၊ တို့သည်။ ဂတဂတဂါမေ၊ ရောက်အပ်‌ရောက်အပ်သော ရွာ၌။ သလာကဘတ္တံ၊ ကို။ ဂဏှာထ၊ ခံယူပါကုန်။ ဣတိ၊ သို့။ ဝတ္တဗ္ဗံ၊ လျှောက်ရာ၏။
ဟိ၊ မှန်။ ဧဝံ၊ ဤနည်းအားဖြင့်။ ပါပိတာပိ၊ ရောက်စေအပ်သော စာရေးတံတို့သည်လည်း။ သုပါပိတာဝ၊ ကောင်းစွာ ရောက်စေအပ်ကုန်သည်သာ။ ဟောန္တိ၊ ကုန်၏။ ("အသီးအသီး စာရေးတံကို မဝေသော်လည်း မိမိတို့ သွားရာအရပ်၌ သလာကဘတ် ရနိုင်ကြသည်" ဟူလို။)
ဘိက္ခူ၊ တို့သည်။ သဗ္ဗရတ္တိံ၊ အလုံးစုံသော ညဉ့်ပတ်လုံး။ ဓမ္မဿဝနတ္ထံ၊ တရားနားခြင်းအကျိုးငှာ။ အညံ၊ သော။ ဝိဟာရံ၊ ကျောင်းတိုက်သို့။ ဂစ္ဆန္တာ၊ သွားကုန်လတ်သော်။ မယံ၊ တပည့်တော်တို့သည်။ တတ္ထ၊ ထိုကျောင်တိုက်၌။ ဒါနံ၊ ဒါနကို။ အဂ္ဂဟေတွာဝ၊ မခံယူမူ၍သာ။ အမှာကံ၊ တို့၏။ ဂေါစရဂါမေဝ၊ ဆွမ်ခံရွာ၌သာ။ ပိဏ္ဍာယ၊ ငှာ။ စရိတွာ၊ လှည့်လည်၍။ အာဂမိဿာမ၊ လာခဲ့ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှောက်၍။ သလာကာ၊ တို့ကို။ အဂ္ဂဟေတွာဝ၊ မယူမူ၍သာ။ ဂတာ၊ သွားကြကုန်ပြီ။ ဝိဟာရေ၊ ကျောင်းတိုက်၌။ ထေရဿ၊ ၏အထံသို့။ ပတ္တသလာကဘတ္တံ၊ ရောက်အပ်သော သလာကဘတ်ကို။ ဘုဉ္ဇိတုံ၊ ငှါ။ အာဂစ္ဆန္တိ၊ လာကုန်အံ့။ ဝဋ္ဋတိ၊ အပ်၏။
အထ၊ သို့မဟုတ်။ မဟာထေရောပိ၊ သည်လည်း။ အဟံ၊ သည်။ ဣဓ၊ ဤကျောင်း၌။ ကိံ၊ အဘယ်ကို။ ကရောမိ၊ ပြုရအံ့နည်း။ ဣတိ၊ ဤသို့ ပြော၍။ တေဟိယေဝ၊ ထိုရဟန်းတို့နှင့်သာ။ သဒ္ဓိံ၊ တကွ။ ဂစ္ဆတိ၊ လိုက်သွားအံ့။ (တရားနာလိုက်သွားအံ့)။ ဂတဝိဟာရေ၊ ရောက်အပ်သော ကျေင်းတိုက်၌။ အဘုဉ္ဇိတွာဝ၊ မစားမူ၍သာ။ ဂေါစရဂါမံ၊ ကို။ အနုပ္ပတ္တေဟိ၊ အစဉ်ရောက်လာကုန်သော။ တေဟိ၊ ထိုရဟန်းတို့သည်။ ("ပတ္တာ န ဒါတဗ္ဗာ" ၌ စပ်)။ ဘန္တေ၊ တို့။ ပတ္တေ၊ တို့ကို။ ဒေထ၊ ပေးကြပါကုန်။ သလာကယာဂုအာဒီနိ၊ စာရေးတံယာဂု အစရှိသည်တို့ကို။ အာဟရိဿာမ၊ ဆောင်ယူပါကုန်အံ့။ ဣတိ၊ သို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ (ဒါယကာတို့က လျှောက်အပ်သော်)။ ပတ္တာ၊ တို့ကို။ န ဒါတဗ္ဗာ၊ ကုန်။ အမှာကံ ၊ပေ၊ ဝဋ္ဋတိ။ ။ အမှာကံ ဂေါစရဂါမေဝါတိ သလာကဘတ္တဒါယကာနံ ဂါမံ သန္ဓာယ ဝုတ္တံ၊ ဝိဟာရ ထေရဿ ပတ္တသလာကဘတ္တန္တိ ဝိဟာရေ ဧကေကဿေဝ ဩဟီနတ္ထေရဿ သဗ္ဗသလာကာနံ အတ္တနော ပါပနဝသေန ပတ္တသလာကဘတ္တံ၊ ဝိမတိ၊ အမှာကံ ဂေါစရဂါမေဟိ သလာကဘတ္တဒါယကာနံ ဂါမေ၊ ဘုဉ္ဇိတုံ အာဂစ္ဆန္တီတိ မဟောထေရော ဧကကောဝ ဝိဟာရေ ဩဟီနော၊ အဝဿံ သဗ္ဗသလာကာ အတ္တနော ပါပေတွာ ဌိတောတိ ("မဟာထေရ်သည် ဧကန် စာရေးတံအားလုံးတို့ကို မိမိအထံသို့ ရောက်စေ၍ တည်နေမှာဘဲ" ဟု) မညမာနာ အာဂစ္ဆန္တိ၊ သာရတ္ထ။
ဘန္တေ၊ တို့။ ကသ္မာ၊ ကြောင့်။ န ဒေထ၊ မပေးကြပါကုန်သနည်း။ ဣတိ၊ ဤသို့ မေးကုန်အံ့။ ဝိဟာရဋ္ဌကံ၊ ကျောင်းတိုက်၌တည်သော။ ဘတ္တံ၊ သလာကဘတ်သည်။ ဝိဟာရေ၊ ၌။ ဝုတ္ထာနံ၊ နေပြီးကုန်သော ရဟန်းတို့၏ အထံသို့။ ပါပုဏာတိ၊ ၏။ မယံ၊ တို့သည်။ အညသ္မိံ၊ သော။ ဝိဟာရေ၊ ၌။ ဝုတ္တာ၊ နေခဲ့ကြကုန်ပြီ။ ဣတိ၊ ဤသို့ ပြောရာ၏။ [ဆိုလိုရင်းကား "သလာကဘတ်ရှိရာ ကျောင်း၌ အရုဏ်မတက်စေဘဲ အခြားကျောင်းတိုက်၌ အရုဏ်တက်စေခဲ့ကြသည်" ဟူလို။]
ဘန္တေ၊ တို့။ ဒေထ၊ ပေးကြပါကနု်။ မယံ၊ တို့သည်။ ဝိဟာရေ၊ ကျောင်း၌။ ပါလိကာယ၊ စောင့်ရှောက်ခြင်းငှါ။ န ဒေမ၊ လှူကြကုန်သည် မဟုတ်ပါ။ တုမှာကံ၊ တို့အား။ ဒေမ၊ လှူပါကုန်၏။ အမှာကံ၊ တို့၏။ ဘိက္ခံ၊ ဆွမ်းကို။ ဂဏှထ၊ ခံယူကြပါကုန်။ ဣတိ၊ သို့။ ဝုတ္တေ ပန၊ လျှောက်အပ်သော်ကား။ (ပတ္တေ၊ တို့ကို)။ ဒါတုံ၊ ငှါ။ ဝဋ္ဋတိ၊ အပ်၏။ [ပါလနံ၊ စောင့်ရှောက်ခြင်း။ ပါလိကာ၊ ခြင်း။ ဏျ ပစ္စည်း၊ တစ်နည်း- ပါလိကာနံ" ဟု ရှိလျှင် ကောင်း၏၊ "စောင့်ရှောက်သော ရဟန်းတို့အား " ဟု ပေး။]
သလာကဘတ္တကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။