ယထာဘဂဝါ ဓမ္မံစသည်။ ။ ဤဝါကျ၌ အနက်နှစ်နည်း ပေးရပုံကို ဘာသာဋီကာ (၂၄၉)၌ ပြခဲ့ပြီ, တံ ဘဂဝါ အသေသံ အဘိဇာနတော စသော ဝါကျများ၌လည်း အဋ္ဌကထာကြည့်၍ အနက်ပေးထားပါသည်၊ နောက်နောက် ဒေသနာတို့၌ ဤဒေသနာတော်ကို နည်းမှီ၍ပေးပါ၊ ထူးရာကိုသာ အနက်ရေးတော့မည်။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။ ဝါ၊ အပြစ်မရှိကုန်သော။ ဓမ္မေသု၊ တရားတို့ကြောင့်။ ဘဂဝါဝ၊ သည်သာ။ အနုတ္တရော၊ အတူမရှိ မြတ်တော်မူပါပေ၏။ ဝါ၊ အမြတ်ဆုံးပါတည်း။ (တစ်နည်း) ယထာ၊ အကြင် ဒေသနာတော်ဟူသော အခြင်းအရာအားဖြင့်။ ကုသလေသု၊ ကုန်သော။ ဓမ္မေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဘဂဝါဓမ္မံ ဒေသေတိ၊ ဧတံ၊ ဤဒေသနာတော်သည်။ အပရံ၊ သော။ အနုတ္တရိယံ၊ ပါတည်း။
**မှတ်ချက်**။ ။ ဝိ+အတိ+ရိစ ဓာတ်သည် "ဘိန္န-ကွဲပြားခြင်း၊ ရှေ့အနက်မှ ကွဲပြားအောင် ခွဲခြားခြင်း" အနက်ဟောဟု ထောမနိမိဆို၏၊ ထို့ကြောင့် ဤနေရာ၌ အနွယ၏ ပြောင်းပြန် ဗျတိရေကမျိုး မဟုတ်- ဟု မှတ်ပါ၊ "ဝိသေသံ ဇောတေတိ"ကိုကြည့်၍ "စ- အထူးကား"ဟု ပေးပါ။
ဥဘယတော အဗ္ဗောစ္ဆိန္နံ။ ။ ဤစတုတ္ထဒဿနသမာပတ္တိ၌ "ဥဘယတောအဗ္ဗောစ္ဆိန္နံ"ဟု တွေ့ရ၏၊ (အ) သဒ္ဒါ ပိုနေဟန်တူ၏၊ ရဟန္တာ၏ စိတ်သည် ဤဘဝ၌လည်း ဆန္ဒရာဂဖြင့် မတည်, နောက်ဘဝ၌လည်း ဆန္ဒရာဂဖြင့် မတည်၊ ထို့ကြောင့် "ဣဓ လောကေ အပ္ပတိဋ္ဌိတဉ္စ ပရလောကေ အပ္ပတိဋ္ဌိတဉ္စ" ဟု ပါဠိတော်ရှိ၏၊ ဤ "ရဟန္တာ၏ စိတ်သည် ဤဘဝ နောက်ဘဝ နှစ်ပါးစုံသော အဖို့အားဖြင့် ဆက်သွယ်မှု မရှိပဲ ပြတ်စဲနေပြီ"ဟု အဓိပ္ပါယ်ရ၏၊ သို့ဖြစ်၍ "အဗ္ဗောစ္ဆိန္နံ"နေရာဝယ် "ဝေါစ္ဆိန္နံ"ဟု ပါဌ်ရှိသင့်သည်၊ တတိယ ဒဿနသမာပတ္တိ၌ကား "ဣဓလောကေပတိဋ္ဌိတဉ္စ ပရလောကေ ပတိဋ္ဌိတဉ္စ"ဟူသော နောက်စကားနှင့် လိုက်လျောစွာ "ဥဘယတော အဗ္ဗောစ္ဆိန္နံ"ဟု ရှိခဲ့ရသည်။ [ဋ္ဌ, ဋီ အဖွင့်၌ ပါဠိတော်အဓိပ္ပါယ်ကို သတိပြုပါ။] ဣဓလောကေ၊ ဤလောက၌။ ပတိဋ္ဌိတဉ္စ၊ ဆန္ဒရာဂဖြင့် တည်သည်လည်းဖြစ်သော။ ပရလောကေ၊ နောက်လောက၌။ ပတိဋ္ဌိတဉ္စ၊ လည်းဖြစ်သော။ ပုရိသဿ၊ ၏။ ဝိညာဏသောတံ၊ ဝိညာဉ်အလျဉ်ကို။ ဝါ၊ စိတ်အစဉ်ကို။ ပဇာနာတိ၊ စေတောပရိယဉာဏ်ဖြင့် ကွဲကွဲပြားပြားသိ၏။
ဘန္တေ၊ ဤသာသနာတော်၌။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော၊ အချို့သော ရဟန်းသည်။ မုသာဝါဒူပဉှိတံ၊ မုသာဝါဒနှင့် စပ်ယှဉ်သော။ ဝါစံ စေဝ၊ စကားကိုလည်း။ န ဘာသတိ၊ မပြော။ ဝေဘူတိယံစ၊ တစ်ဦးနှင့် တစ်ဦး အသီးအခြား ဖြစ်ခြင်း၌ ယှဉ်သော စကားကိုလည်း။ ဝါ၊ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်သောစကားကိုလည်း။ န ဘာသတိ၊ မပြော။ ပေသုဏိယံစ၊ ချစ်ခြင်း၏ ကင်းဆိတ်ခြင်းကို ပြုတတ်သောစကားကိုလည်း။ ဝါ၊ ဂုန်းတိုက်ကြောင်း စကားတို့လည်း။ န ဘာသတိ၊ ဇယာပေက္ခော၊ အောင်ခြင်း၌ ရှုငဲ့သည်ဖြစ်၍။ ဝါ၊ အနိုင်ရလိုသည်ဖြစ်၍။ သာရမ္ဘဇံစ၊ ခြုတ်ခြယ်စော်ကားကြောင်း ဒေါသကြောင့် ဖြစ်သောစကားကိုလည်း။ နဘာသတိ၊ မန္တာ၊ ပညာဖြင့်။ မန္တာစ၊ သိ၍လည်း။ ဝါ၊ စဉ်းစားနှိုင်းချိန်၍လည်း။ ကာလေန၊ သင့်လျော်ရာအခါ၌။ နိဓာနဝတိံ၊ စိတ်တည်းဟူသော သိုမှီးသိမ်းဆည်းထားရာရှိသော။ ဝါ၊ စိတ်ထည်း၌ သိမ်းဆည်းထားထိုက်သော။ ဝါစံ၊ ကို။ ဘာသတိ၊ ပေ။
ပုရိသသီလ သမာစာရေ၊ ယောကျာ်းပုဂ္ဂိုလ်၏ စင်ကြယ်သော သီလ, စင်ကြယ်သော စိတ်အကျင့်၌။ ပေ။
ဘန္တေ၊
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စော၊ အချို့သော ရဟန်းသည်။
သစ္စောစ၊ မှန်သော စကားရှိသည်လည်းကောင်း။
ဝါ၊ မှန်သော စကားကို ပြောသည်လည်းကောင်း။
သဒ္ဓေါစ၊ သဒ္ဓါရှိသည်လည်းကောင်း။
အဿ၊ ဖြစ်ရာ၏။
ကုဟကောစ၊ လူအပေါင်းကို အံ့ဩစေတတ်သူသည်လည်း။
န၊ မဟုတ်။
လပကောစ၊ မြှောက်ပင့်၍ ပြောဆိုတတ်သူသည်လည်း။
န၊ မဟုတ်။
နေမိတ္တိကောစ၊ ပစ္စည်းလှူဖို့ရန် အရိပ်နိမိတ်ကို ပြုခြင်းအလေ့ရှိသူသည်လည်း။ဣဓ ဧကစ္စော။ ။ အဋ္ဌကထာ၌ ဧကစ္စောအရ ဘိက္ခုကို ဖွင့်ထား၏၊ ထို့ကြောင့် "ဣဓ-ဤသာသနာတော်၌" ဟု ပေးသည်၊ ထိုသို့ အထူးမဖွင့်သောနေရာ, သို့မဟုတ်သာသနာတော်နှင့်မသက်ဆိုင်သော နေရာ၌မူ "ဣဓ-ဤလောက၌၊ ဧကစ္စော- အချို့သူသည်၊ (အချို့ပုဂ္ဂိုလ်သည်)"ဟု ပေးရသည်။
စတုရင်္ဂသမန္နာဂတ သုဘာသိတဝါစာ။ ။ "န စေဝ မုသာဝါဒူပသဉှိတံဝါစံ ဘာသတိ"စသည်ကို ကြည့်၍ ဘာသာဋီကာ၌ အင်္ဂါ(၄)ပါးကို ရေတွက်ပြခဲ့၏၊ ဓမ္မသင်္ဂဏီမူလဋီကာ ဝစီကမ္မဒွါရကထာ အဖွင့် (၇၅)၌ သဂါထာဝဂ္ဂဝင်္ဂီသသုတ်ကို မှီး၍ဖွင့်ထားလေသည်၊ ထို ဋီကာအဖွင့်နှင့် ဘာသာဋီကာ၌ပြခဲ့သော ရှေးနိဿယအဆိုသည် ညီညွတ်ပေသည်။ န၊ မဟုတ်။
နိပ္ပေသိကောစ၊ ဒါယကာ၏ဂုဏ်ကို ကြိတ်ချေဖျက်ဆီးခြင်းအလေ့ရှိသူသည်လည်း။
န၊ မဟုတ်။
လာဘေန၊ တစ်အိမ်၌ ရအပ်သောညံ့သော လာဘ်ဖြင့်။
လာဘံ၊ အခြားတစ်အိမ်၌ရမည့် ကောင်းသော လာဘ်ကို။
နိဇိဝီသနကောစ၊ ရှာမှီးတတ်သူသည်လည်း။
န၊ မဟုတ်။
ဣန္ဒြိယေသု၊ စက္ခုစသား ၆-ပါးသော ဣန္ဒြေတို့၌။ ဂုတ္တဒွါရော၊ စောင့်စည်းအပ်သော ဒွါရရှိ၏။ ဝါ၊ သတိဟူသော တံခါးရွက်ဖြင့် စောင့်စည်း ပိတ်ဆို့ထားအပ်သော တံခါးပေါက်ရှိ၏။ ဘောဇနေ၊ ဘောဇဉ်၌။ ဝါ၊ ဘောဇဉ်ကို မှတ်, လေးရပ်သောပစ္စည်း၌။ မတ္တညူ၊ ရှာမှီး ခံယူသုံးဆောင် စွန့်လှူရာဝယ်အတိုင်းအရှည်ကို သိ၏။ သမကာရီ၊ အညီအမျှ ပြုလေ့ရှိ၏။ [ကာယဒုစရိုက်စသည်ကို ပယ်၍ ကုသိုလ်တရားကို ကျင့်ခြင်းတည်း။] ဇာဂရိယာနုယောဂံ၊ နိုးကြားသူ၏အဖြစ်ကို အဖန်ဖန် အားထုတ်မှုကို။ ဝါ၊ နိုးကြားမှုကို အဖန်ဖန်အားထုတ်မှုကို။ အနုယုတ္တော၊ လွန်စွာ အားထုတ်၏။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိ။ အာရဒ္ဓဝီရိတော၊ အားထုတ်အပ်သော ဝီရိယရှိ၏။
ဈာယီ၊ ကသိုဏ်းစသော အာရုံ, အနိစ္စစသော လက္ခဏာကို ရှုလေ့ရှိ၏။ သတိမာ၊ သတိရှိ၏။ ကလျာဏပဋိဘာနော၊ ကောင်းသော ရှေးရှုထင်လာသောဉာဏ်ရှိ၏။ ဝါ၊ ကောင်းသောဉာဏ်အား ရှေးရှုထင်လာသော စကားလည်းရှိ၏။ ဂတိမာ၊ မကြားနာအပ်သေးသော တရားတော်ကို သိစွမ်းနိုင်သောပညာရှိ၏။ ဓိတိမာ၊ ကြားနာအပ် သင်ယူအပ်ပြီးသောတရားတော်ကို ဆောင်ထားမှတ်သားနိုင်သောပညာရှိ၏။ မတိမာ၊ တရားတော်ကို သိစွမ်းနိုင်သောပညာရှိ၏။ ကာမေသု၊ ဝတ္ထုကိလေသာ နှစ်ဖြာသော ကာမတို့၌။ ဂိဒ္ဓေါစ၊ လိုချင် မက်မောသူသည်လည်း။ န၊ မဟုတ်။ သတောစ၊ ရှေ့တိုး နောက်ဆုတ်စသော ကိစ္စစု၌သတိမပြတ် အမှတ်လည်း ရတတ်၏။ နိပကောစ၊ ပညာအားဖြင့်လည်း ရင့်ကျက်၏။
မတိမာ။ ။ မတိမာနေရာဝယ် ဋီကာ၌ "မုတိမာ"ဟု ပါဌ်ရှိ၏၊ ထိုအလို "မုတိမာ-စဉ်းစားနှိုင်းချိန်နိုင်သော (အနုမာန)ပညာရှီ၏"ဟု ပေး။
သေယျထိဒံ၊ အဘယ် ပုဗ္ဗေနိဝါသကိုနည်း။ (တစ်နည်း) သေယျထိဒံ၊ ထိုပုဗ္ဗေနိဝါသဟူသည် အဘယ်နည်း။ ဧကမ္ပိ ဇာတိံ။ပေ။ အနုဿာရတိ။ [ဥဒုမ္ဗရိကသုတ်, ပုဒ်စဉ်နံပါတ်(၇၂)၌ အနက်ရေးခဲ့ပြီ။]
သော၊ ထို သမဏ ဗြာဟ္မဏသည်။ (ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ရသော ထိုသမဏ ဗြာဟ္မဏသည်)။ (ဒိဋ္ဌိဂတိတော၊ မိစ္ဆာအယူရှိသည်။) (ဟုတွာ)။ အာတပ္ပမနွာယ။ ။ အာတပ္ပစသည်တို့၏အနက်ကို သီလက္ခန် ဋ္ဌ၊ သဿတဝါဒ အဖွင့်အတိုင်း အနက်ပေးထားသည်၊ ပုဒ်စဉ် (၁၄၉)၌ကား ဤအဋ္ဌကထာအဖွင့်အတိုင်း အနက်ပေးခဲ့သည်။
သမသမာ။ ။ "ဘိယျောဘိညတရာ"ကို ကြည့်၍ "သမသမာ-ဉာဏ်အားဖြင့် ထပ်တူထပ်မျှ တူကုန်သော"ဟု ဆိုပါသည်၊ သီလစသော လောကီလောကုတ္တရာဂုဏ်အားလုံးကို ရည်ရွယ်လျှင် "သမသမာ-ဂုဏ်အားဖြင့် ထပ်တူထပ်မျှ တူကုန်သော"ဟု ဆိုပါ။