နိဂြောဓဿ ပဇ္ဈာယန၊ အဖွင့်။
ဘန္တေ။ အရဟံ၊ ဝါသနာနှင့် တကွ တထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတေည်မူပြီးသော။ ဝါ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ မဖေါက်မပြန် အမှန်ကိုယ်တိုင် အလုံးစုံသော တရားတို့ကို သိတော်မူပြီးသော။ အယံ သောဘဂဝါ၊ ဤသို့သော ထို မြတ်စွာဘုရားသည်။ ( ဤသို့ အရှင်ရည်ရွယ်၍ ပြောဆိုအပ်သော ထိုမြတ်စွာဘုရားသည် )။ ဣဓ၊ ဤ အရပ်သို့။ အနုပ္ပေတ္တာ၊ ရောက်တော်မူနေပါပြီ။ နံ၊ ထို ဘုရားရှင်ကို။ အပရိသာဝစရံ၊ ပရိတ်သတ်သို့ မဝင်နိုင်သည်ကို။ ဝါ၊ ပရိတ်သတ်သို့မဝင်ဝံ့အောင်။ ကရောထ၊ ပြုပါကုန်။ [ " ပန " အနက် မရှိ။ ] ပရိယန္တစာရိနိံ၊ အစွန် အဖျားကျသော အရပ်၌ လှည့်လည်လေ့ရှိသော။ ဂောကာဏံ၊ ကာဏ်းသောနွားမကို။ ဝါ၊ ကာဏ်းသောနွားမဖြစ်အောင်။ ကရောထ။ ဧကပေဉှနေဝ၊ ပြဿနာ တခုတည်းဖြင့်ပင်။ နံ၊ ကို။ သံသာဒေထ၊ တွန့်ဆုတ်ပင်ပန်းစေပါကုန်။ [ တွန့်ဆုတ် ပင်ပန်းအောင်ပြုပါကုန်။ ] တုစ္ဆကုမ္ဘိဝ၊ ရေမရှိသည့် အချည်းအနှီးသော အိုးကဲ့သို့။ နံ၊ ကို။ ဩရောဓေထ၊ ပိတ်ဆို့ ထားပါကုန်။ ဝါ၊ ဝါဒဖြင့် ချုပ်နှောင်ထားပါကုန်။ ဣတိ၊ ဤသို့ လျှောက်ပြီ။ [ အဝေါစသို့ ပြန်လှည့်သည်။ ]
''' **ကရောထ**။ ။ နိဂြောဓပရိဗိုဇ် တပါးတည်းကိုပင် လေးစားသော အနေဖြင့် "ကရောထ" ဟု ဗဟုဝုစ် သုံးသည်။ ဤ ပုဒ်မျိုး၌ "ကရောထ၊ ပြုကြပါကုန်" ဟု "ကြ" မထည့်ပဲ "ကရောထ= ပြုပါကုန်" ဟု ဆရာမြတ်တို့ အနက်ဆိုစေလေ့ရှိသည်။
'''
ပရိဗ္ဗာဇကာနံ၊ ပရိဗိုဇ်တို့၏ ( အထံမှ )။ သုတံ၊ ကြားအပ်ဖူးသနည်း။ [ ပရိဗ္ဗဇကာနံ၊ ပရိဗ်ိုဇ်တို့၏ စကားကို။ သုတံ၊ ကြားအပ်ဖူးသနည်း။ ဤသို့လည်း ပေးနိုင်၏။ ] ( ကိံ )။ အတီတံ၊ လွန်ပြီးသော။ အဒ္ဒါနံ၊ ကာလ၌။ အရဟန္တော၊ ပူဇော်အထူးကို ခံထိုက်ကုန်သော။ ယေ တေ သမ္မသမ္ဗုဒ္ဓါ၊ အကြင် ဘုရားရှင်တို့သည်။ အဟေသုံ၊ ဖြစ်တော်မူကုန်ပြီ။ ( ပွင့်တော်မူကုန်ပြီ )။
''' **ယသာ ဗာလေန**။ ။ မေနှင့် အရတူသောကြောင့် ဤ ၃ ပုဒ်ကို ဝိသေသနလုပ်၍ ယထာ ဗာလေန၊ အကြင်အကြင် မိုက်သော။ ယထာမူဠှေန= သော။ ယထာ အကုသလေန= သော။ မေ= တပည့်တော်သည်။ ဤသို့လည်း ပေးနိုင်၏။ မြန်မာစကားချောအောင် နိဿယ၌ ပေးထားပါသည်။
'''
ဗုဒ္ဓေါ၊ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူပြီးသည်။ (ဟုတွာ)။ ဗောဓာယ၊ သတ္တဝါများ၏ သစ္စလေးပါးကို သိခြင်းငှါ။ (သိဖို့ရာ)။ ဓမ္မံ ဒေသေတိ။ [ မိမိ၏ ဘုရားဖြစ်ကြောင်း သိစေလို၍ ဟောတာ်မူသည်မဟုတ်။ ] သော ဘဂဝါ။ ဒန္တော၊ စက္ခုစသား ခြောက်ပါးသောဣန္ဒြေတို့၌ ကိုယ်တိုင် ဆုံးမတော်မူအပ်ပြီ။ ဝါ၊ စက္ခုစသား ခြောက်ပါးသောဒွ်ရတို့၌ ကိုယ်တိုင် ယဉ်ကျေးတော်မူပြီးသည်။ (ဟုတွာ)။ ဒမထာယ၊ သတ္တဝါများ၏ စက္ခုစသား ခြောက်ပါးသော ဒွါရတို့၌ ဆုံးမခြင်းငှါ။ ဝါ၊ ယဉ်းကျေးအောင်။ ဓမ္မံ ဒေသေတိ။ [ ဝါဒပြိုင်ဖို့ရာ ဟောတော်မူသည် မဟုတ်။ ] သော ဘဂဝါ။ သန္တော၊ ရာဂ ဒေါသ မောဟစသည်တို့မှ ကိုယ်တော်တိုင် အေးမြတော်မူပြီးသည်။ ဝါ၊ ငြိမ်သက်တော်မူပြီးသည်။ (ဟုတွာ)။ သမထာယ၊ သတ္တဝါများ၏ ရာဂ ဒေါသ မောဟစသည်တို့မှ အေးမြခြင်းငှါ။ ဝါ၊ ငြိမ်သက်ခြင်းငှါ။ ဓမ္မံ ဒေသေတိ။ [ မိမိတပည့်များ ဖြစ်စေလိုသောကြောင့် ဟောတော်မူသည် မဟုတ်။ ] သော ဘဂဝါ။ တိဏ္ဏော၊ ဩဃလေးအင် ရေအယဉ်မှ ကိုယ်တော်တိုင် ကူးမြောက်တော်မူပြီးသည်။ ( ဟုတွာ)။ တရဏာယ၊ သတ္တာဝါများ၏ ဩဃလေးအင် ရေအယဉ်မှ ကူးမြောက်ခြင်းငှာ။ ဓမ္မံ ဒေသေတိ။ သောဘဂဝါ၊ သည်။ ပရိနိဗ္ဗုတော၊ ကိုယ်တော်တိုင် ကိိလေသာခပ်သိမ်း အေးငြိမ်းတော်မူပြီးသည်။ ( ဟုတွာ )။ ပရိနိဗ္ဗာနာယ၊ သတ္တဝါများ၏ ကိလေသာခပ်သိမ်း အေးငြိမ်းခြင်းငှါ။ ဓမ္မံ ဒေသေတိ။ [ လာဘသက္ကာရအကျိုးငှါဟောတော်မူသည်မဟုတ်။ ] ဣတိ၊ ဤသို့အကြံမဖြစ်။ ဣတိ၊ ဤသို့မိန့်တော်မူပြီ။
''' **သေယျထာပိ တွံ**။ ။ ရှေးဝါကျရှိပုဒ်များကို လိုက်စေ၍ အနက်ပေးလိုလျှင် "ဧတရဟိ၊ ၌။ သာစရိယကော= သော။ တွံ= သည်။ သင်္ဂမ္မ= ၍။ သမာဂမ္မ= ၍။ ဥန္နဒီ= သည်။ ဥစ္စာသဒ္ဒမဟာသဒ္ဒေါ= သည်။ (ဟုတွာ)။ ပေ။ အနုယုတ္တော= လျက်။ ဝိဟရသိ သေယျထာပိ= နေသကဲ့သို့" ဤသို့ ပေးရမည်။ "သေယျထာ ပါဟံ ဧတရဟိ" ဝါကျ၌လည်း နည်းမှီ သိပါ။ နိဿယ၌ လွယ်ကူအောင် ပေးထားပါသည်။
'''