ပရိသုဒ္ဓပပဋိကပ္ပတ္တကထာ၊ အဖွင့်။
ပုန။ ပေ။ တံ ကိံ မညသိ နိဂြောဓ။ ယဒိ ဧဝံ သန္တေ၊ အကယ်၍ ဤသို့ဖြစ်လသော်။ တပေါဇိဂုစ္ဆာ၊ သည်။ ပရိသုဒ္ဓါဝါ၊ စင်ကြယ်သည်သော်လည်း။ ဟောတိ၊ ဖြစ်သလား။ အပရိသုဒ္ဓါဝါ၊ မစင်ကြယ်သည်သော်လည်း။ ဟောတိ၊ လား။
''' [** ဣသုကီစသည်**။ ။ ဤပုဒ်တို့၏ ဝိဂ္ဂဟကို အဋ္ဌကထာနှင့် ဋီကာမှာ ပြထားပြီ။ ထိုကို ကြည့်၍ တဿီလမပါသောကတ္တားအနက်, တဿီလအနက်, အဿတ္ထိအနက်များကို လျှော်သလို ပေးထားသည်။
**ယဒိမေ**။ ။ ဤပုဒ်၌ "ယဒိ+ ဣမေ" ဟု ပုဒ်ဖြတ်ရကြောင်းသာ ပြ၏။ အဋ္ဌကထာ ဋီကာတို့ အထူးမဖွင့်ကြ။ ရှေးနိဿယ အနက်ပေးပုံမှာလည်း စဉ်းစားစရာ။ ရှေ့နောက်သောက်၍ တပေါဇိဂုစ္ဆာ" ဟူသော ပါဌ်ကို အတည်ပြုပြီး အနက်ပေးထားသည်။ မှန်၏၊ ဣမေနှင့် တပေါဇိဂုစ္ဆာသည် လိန်မတူ။ ဥပက္ကိလေသတို့လည်း "တပေါဇိဂုစ္ဆာယ အနေကဝိဟိတေ ဥပက္ကိလေသ" ဟု သဗ္ဗန်+သမ္ဗန္ဓီ သုံးစွဲတော်မူသည့်အတိုင်း တပေါဇိဂုစ္ဆာ ပုဒ်၏ သမ္ဗန္ဓီသာ ဖြစ်သင့်ပါသည်။ [** ဧဝံ သန္တေသု**။ ။ ရှေ့၌ သစေ ယဒိ ရှိလျှင် ဧဝံသတိ ဟုလည်းကောင်း။ ဗဟုဝုစ် ဖြစ်လျှင် ဧဝံ သန္တေသု၊ ဟု လည်းကောင်း ထည့်ရသည်။ ဧဝံသတိကိုပင် "ဤသို့ဖြစ်ကုန်လသော်" ဟု ဗဟုဝုစ်အနက်ဆိုလျှင် နာမ်ပုဒ် မဟုတ်။ နိပါတ်ဟု မှတ်ပါ။ ရှေ့ကြိယာကို လျော်အောင် ပြင်၍ "ယဒိဟောတိ (ဧဝံ ဟောန္တေ)။ ယဒိ ဟောန္တိ (ဧဝံ ဟောန္တေသု)။ ယဒိ ဂစ္ဆတိ (ဧဝံ ဂစ္ဆန္တေ)။ ယဒိ ဂစ္ဆန္တိ (ဧဝံ ဂစ္ဆန္တေ)" ဤသို့ စသည့်ဖြင့် အနက်ပေးနိုင်ပါသည်။
'''