စက္ကဝတ္တိအရိယဝတ္တံ၊ အဖွင့်။
တာတ။ တေနဟိ၊ ထိုသို့ဖြစ်လျှင်။ ( စကြာမင်း ကျင့်ဝတ်ကို ကျင့်လိုလျှင် )။ တွံ။ ဓမ္မံယေဝ၊ ကုသလကမ္မပထတရားကိုသာ။ နိဿာယ၊ မှီ၍။ ဓမ္မံ၊ ကို။ သက္ကရောန္တော၊ ကောင်းစွာ ပြုလျက်။ ဓမ္မံ။ ဂရုံ၊ လေးစားမှုကို။ ကရောန္တော၊ လျက်။ ဓမ္မံ။ မာနေန္တော၊ မြတ်နိုးလျက်။ ဓမ္မံ။ ပူဇေန္တော၊ ပူဇော်လျက်။ (ပန်းစသည်ဖြင့် ပူဇော်လျက် )။ ဓမ္မံ။ အပစာယမာနော၊ ရိုသေလျက်။ ( တရားတော်ကိုမှန်း၍ လက်အုပ်ချီမှု ပြုလျက်)။ ဓမ္မဒ္ဓဇော၊ ကုသလကမ္မပထ တရားဟူသော အလံရှိသည်။ ( ကုသလကမ္မပထတရားကို အလံကဲ့သို့ လွှင့်ထူထားသည် )။ ဓမ္မကေတု၊ ကုသလကမ္မပထတရားဟူသော မှန်ကင်းရှိသည်။ [ အဆောက်အဦး၌ တပ်ထားအပ်သော အမြင့်ဆုံးအရာကို "မှန်ကင်း" ဟု ဆိုကြ၏။ တရားကို ထို မှန်ကင်း ကဲ့သို့ အထွဋ်အမြတ်ထားသည်၊ ဟူလို။ ] ဓမ္မာဓိပတေယျော၊ ကုသလကမ္မပထ တရားဟူသော အကြီးအကဲ၏အဖြစ် ရှိသည်။ [ အရာရာ၌ တရားကိုသာ အမှူးထားသည်။ ] (ဟုတွာ)။ [ သံဝိဒဟဿု ၌စပ််။ ] အန္တောဇနသ္မိံ၊ အတွင်းလူ အပေါင်း၌လည်းကောင်း။ [ မိဖုရား, သားတော်, သမီးတော်များတည်း။ ] ဗလကာယသ္မိံ၊ စစ်သည် ဗိုလ်ပါ အပေါင်း၌လည်းကောင်း။ [ စစ်စား စစ်ဗိုလ်မှ စ၍ စစ်မှုထမ်းများ။ ] ခတ္တိယေသု၊ ဘိသိက် သွန်းအပ်ပြီ သော မင်းမျိုးတို့၌လည်းကောင်း။ [ ဘိသိက်ခံပြီးသော မင်းများ။ ] အနုယန္တေသု၊ နောက်လိုက် မင်းမျိုးတို့၌လည်းကောင်း။ [ ဘိသိက်မခံရသော မင်းမျိုးများ။ ] ဗြာဟ္မဏဂဟပတိကေသု၊ ဗြာဟ္မဏ ဂဟပတိကတို့၌လည်းကောင်း။ (ပုန်ဏား, အိမ့်ရှင်သူကြွယ်များ)။ နေဂမဇာနပဒေသု၊ နိဂုမ်း၌နေသူ, ဇနပုဒ်၌ နေသူတို့လည်းကောင်း။ သမဏဗြာဟ္မဏေသု၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း။ [ ဤ ဗြာဟ္မဏများကား တရားကျင့်နေသူများတည်း။ ] မိဂပက္ခီသု၊ သား, ငှက်တို့၌လည်းကောင်း။ ဓမ္မိကံ၊ တရားရှိသော။ ရက္ခာဝရဏဂုတ္တိံ၊ စောင့်ရှောက်ခြင်း, တားမြစ်ခြင်း, လုံခြုံစေခြင်းကို။ သံဝိဒဟဿု၊ ကောင်းစွာ စီစဉ်ပါ။
''' အနုယန္တေလု။ ။ ခတ္တိယေသု၌ “ အသိသိတ္တ ခတ္တိယ “ ဟု အဋ္ဌကထာ ဖွင့်သောကြောင့် ရှင်ဘုရင် ဖြစ်ပြီးနောကါ ဘ်သိက်ခံပြီးသေဋ မင်းမျိုးမင်းနွယ် များတညါး၊ အနုယန္တေသု၌ သိဘိတမခံ- မခံ အထူး မဖွင့်၊ သို့ရာတွင် ဘိသိတ် မခံရသော နောက်လိုက် မင်းမျိုးမင်းနွယ် မှန်သမျှကို “ အနုယန္တ” ဟု မှတ်ပါ။
မှတ်ချက်။ ။ “ အနုယန္တေသု” ပါဌ်အမျိုးမျိုး ရှိပုံကို သီလက္ခန် ဘာသာဋီကာ စတုတ္ထအုပ် စာမျက်နှာ ( ၁၉) ၌ ပြထားပြီး။
'''
ဘန္တေ။ ကိံ၊ အဘယ် အရာသည်။ ကုသလံ၊ ကုသိုလ်ပါနည်း။ ကိံ၊ သည်။ အကုသလံ၊ အကုသိုလ်ပါနည်း။ ကိံ၊ သည်။ သာဝဇ္ဇံ၊ အပြစ်ရှိပါသနည်း။ ကိံ၊ သည်။ အနဝဇ္ဇံ၊ အပြစ်မရှိပါသနည်း။ ကိံ၊ အဘယ်အရာကို။ သေဝိတဗ္ဗံ၊ မှီဝဲထိုက် အားထုတ်ထိုက်ပါသနည်း။ ကိံ၊ ကို။ န သေဝိတဗ္ဗံ၊ မမှီဝဲထိုက် အားမထုတ်ထိုက်ပါသနည်း။ မေ၊ ၏။ (အဟိတာယ ဒုက္ခာယ ၌စပ်)။ ဝါ၊ သည်။ (ကရီယမာနံ- ပြုအပ်သော်။) (ပြုအပ်လျက်)။ ဒီဃရတ္တံ၊ ရှည်စွာသော ညဉ့်ပတ်လုံး။ (ညဉ့်ပေါင်းများစွာ ရက်ပေါင်း ကြာရှည်စွာ)။ အဟိတာယ၊ စီးပွားမဲ့အလို့ ငှါ။ ဒုက္ခာယ၊ ဆင်းရဲဖို့ရာ။ အဿ၊ ဖြစ်ရာပါသနည်း။ မေ၊ ၏။ ဝါ၊ သည်။ ကိံ ဝါပန၊ အဘယ်အရာကိုလည်း။ ကရီယမာနံ။ ပေ။ အဿ၊ နည်း။ ဣတိ၊ ဤသို့ မေးမြန်း စုံစမ်းပါ။
''' ပဝတ္တိတ္ထိ။ ။ မာ ပဝတ္တိတ္ထ- မဖြစ်ပါစေနှင့်- ဟူရာ၌ “ စေ” ကား ကာရိတ် “ စေ” မဟုတ်, အာဏတ္တိတည်း၊ ထိုကြောင့် “ အဓမ္မကာရော” ဟု ကတ္တားရှိရမည်၊ ပဝတ္တိတ္ထ၌ အဇ္ဇတ္တနီ အတ္တနောပုဒ် ( အာ) ကို (တ္ထ) ပြု ထားသည်။
'''