အာယုဝဏ္ဏာဒိဝဍ္ဎနကထာ၊ အဖွင့်။
( ကိံ )။ မယံ။ အကုသလာနံ ဓမ္မာနံ၊ တို့ကို။ သမာဒါနဟေတု၊ ကောင်းစွာယူခြင်း ဟူသော အကြောင်းကြောင့်။ ( ဆောက်တည်ခြင်းဟူသော အကြောင်းကြောင့် )။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ အာယတံ၊ ကြီးစွာသော။ ဝါ၊ ရှည်စွာသော။ ဉာတိက္ခယံ၊ ဆွေမျိုးတို့၏ ကုန်ခမ်းပျက်စီးခြင်းသို့။ ပတ္တာ၊ ရောက်ခဲ့ကြရကုန်ပြီ။
''' ဒိဋ္ဌာ ဘော သတ္တာ ဇီဝသိ။ ။ အများကြီး သေကုန်ကြပြီ။ ကျုပ်တို့ အသက်ရှင်နေသေးလို့ သေတဲ့ သူတွေကို မြင်ကြရတယ်။ ကဖွနု်ပ် အသက် ရှင်နေသလို အသင်လဲ အသက် ရှင်နေသေးတယ်နော်။ ဤသို့ နှုတ်ဆက်စကား ဝမ်းမြောက်ဝမ်းသာ ပြောကြသည်။
'''
တေသံ မနုဿာနံ၊ တို့၏။ စတ္တာရီသဝဿာယုကာ၊ အနှစ်လေးဆယ် အသက်ရှိကုန်သော။ ( အသက် ရှည်ကုန်သော )။ ပုတ္တာ ဘဝိဿန္တိ။ (၁)။ [ ဤမှ နောက်၌ သင်္ချာပုဒ်တို့၏အနက်ကိုသာ ရေးပါမည်။ ပါဠိတော်ကြည့်ပါ အပြည့်အစုံပေးပါ။ ] (၂) အသီတိဝဿ၊ အနှစ်ရှစ်ဆယ်။ (၃) သဋ္ဌိဝဿသတ၊ အနှစ် တရာ့ခြောက်ဆယ်။ (၄) ဝီသတိ တိဝဿသတ၊ နှစ်ဆယ်ပို အလွန်ရှိသော သုံးရာ။ ဝါ၊ သုံးရာ့ နှစ်ဆယ်။ (၅) စတ္တာရီသ ဆဗ္ဗဿသတ (ဆ+ ဝဿသတ )၊ လေးဆယ်အပို အလွန်ရှိသော ခြောက်ရာ။ ဝါ၊ ခြောက်ရာ့ လေးဆယ်။ (၆) ဒွေဝဿ သဟဿ၊ [ ခြောက်ရာ့လေးဆယ်ကို နှစ်ဆတက်လျှင် တထောင့််နှစ်ရာ့ရှစ်ဆယ်ဖြစ်၏။ ထို၌ နှစ်ဆယ်လျှော့သည်ကို ပဓာန မပြုတော့ပဲ " ဒွေဝဿ၊ နှစ်ထောင် " ဟု ဟောတေ်ာမူသည်။ ] (၇) စတ္တာရိ ဝဿသဟဿ၊ လေးထောင်။ (၈) အဋ္ဌဝဿသဟဿ၊ ရှစ်ထောင်။ (၉) ဝီသတိဝဿသဟဿ၊ နှစ်သောင်း [ ရှစ်ထောင်ကို နှစ်ဆတက်လျှင် တသောင်းခြောက်ထောင် ဖြစ်၏။ ထိုတွင် လိုနေသော လေးထောင်ကို ပဓာနမပြုပဲ အဓိကသင်္ချာ အဖြစ်ဖြင့် " နှစ်သောင်း " ဟု ဟောတော်မူသည်။ ] (၁၀) စတ္တာရီသဝဿသဟဿ၊ လေးသောင်း။ (၁၁) အသီတိဝဿသဟဿ၊ ရှစ်သောင်း။ ဘိက္ခဝေ။ မနုဿေသု၊ တို့သည်။ အသီတိဝဿသဟဿာယုကေသု၊ အနှစ်ရှစ်သောင်း အသက်တမ်းရှိကုန်လသော်။ ဝါ၊ အနှစ်ရှစ်သောင်း အသက်တမ်းရှိရာအခါတို့၌။ ပဉ္စဝဿသတိကာ၊ အနှစ်ငါးရာအသက်ရှိကုန်သော။ ကုမာရိကာ၊ အမျိုးသမီးတို့သည်။ ပလံပတေယျာ၊ လင်အား ထိုက်တန်ကုန်ပြီ။ ( လင် ပေးစားထိုက်ကုန်သည် )။ ဘဝိဿန္တိ။
''' **ယံ နူန မယံ**။ ။ ကာမေသု မိစ္ဆာစာရာ ဝိရမေယျာမ စသော နောက်ဝါကျများ၌ " ယံ နူန မယံ " နှစ်ပုဒ်ကို ပေယျာလ မြှပ်ထားသည်၊ ဟု မှတ်ပါ။ ယံ နူနသည် ပရိဝိတက္ကန ( ကြံစည်ခြင်း )အနက်ဟော နိပါတ်တည်း။ ဝိရမေယျာမ၌ ဧယျဝိဘတ်လည်း ပရိကပ္ပအနက်ဟောတည်း။ ထို ဝိရမေယျာမ ကြီယာသည် ဟောအပ်သော အနက်ကိုပင် ယံနူိ နိပါတ်က ထွန်းပြသည်။ ယံနူန၏ အနက်မှာ " ယဒိပန+ သာဓုဝတ " ပုဒ်၏ အနက်နှင့်တူသည်။ အကျယ်ကို ပါရာဇိကဏ် ဘာသာဋီကာ, ပ, ၄၇။ ဒု, ၁၈၆ ၌ ပြထားပြီ။
စတ္တာရီသဝဿညယုက စသည်။ ။ ပါဏာတိပါတမှ ရှောင်ကြဉ်မှုကြောင့် ဆယ်နှစ်တမ်းမှ အသက် နှစ်ဆယ်တမ်းသို့ တိုးတက်လာပုံကို ဟောတော်မူခဲ့၏။ ထို့နောက် အဒိန္နာဒါနမှ ရှောင်ကြဉ်ပုံ, မုသာဝါဒမှ ရှောင်ကြဉ်ပုံ စသည်နှင့် နောက်ဆုံး၌ " မတ္တေယျ ပေေတ္တယျ။ ပေ။ ကုလေ ဇေဋ္ဌာပစာယီ "ဖြစ်ပုံကို ဟောတော်မူ၏။ ထိုသို့ ဟောတော်မူပြီးမှ အနှစ်နှစ်ဆယ်သက်တမ်းမှ အနှစ်လေးဆယ် သက်တမ်းသို့ တိုးတက်ပုံစသည်ကို ဟောတော်မူသည်။
အစဉ်အတိုင်းသိ။ ။ ထိုသို့ ဟောတော်မူရာ၌ အဒိန္နာဒါနမှ ရှောင်ကြဉ်မှုကြောင့် အနှစ် နှစ်ဆယ်မှ လေးဆယ်သို့လည်းကောင်း, ကာမေသု မိစ္ဆာစာရမှ ရှောင်ကြဉ်မှုကြောင့် အနှစ်လေးဆယ်မှ ရှစ်ဆယ်သို့လည်းကောင်း, ဤသို့ စသည်ဖြင့် ကုသိုလ်ကံ တမျိုးမျိုးကြောင့် အသက်တမ်း တိုးတိုးလာပုံကို သိပါ။ အဒိန္နာဒါန ရှောင်ကြဉ်မှုမှ စ၍ မတ္တေယျ ဖြစ်မှု အထိ ( ၁၁ ) မျိုး ရှိ၏။ ထို့ အတူပင် အနှစ်လေးဆယ်မှ အနှစ်ရှစ်သောင်းအထိ (၁၁) မျိုးပင် ရှိသည်။
'''