Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

အာယုဝဏ္ဏာဒိပရိယာနိကထာ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အာယုဝဏ္ဏာဒိပရိယာနိကထာ၊ အဖွင့်။

အထခေါ၊ ၌။ (သံတော်ဦးတင်ကြရာ ထိုအခါ၌)။ ပေ။ မန္တဿာ ဇီဝိနော၊ တို့ကိုလည်းကောင်း။ သန္နိပါတေတွာ၊ စည်းဝေးစေပြီး၍။ အရိယံ စက္က ဝတ္တိ ဝတ္တံ ပုစ္ဆိ
တဿ၊ ထိုမင်းအား။ တေ၊ ထို အမတ်စသူတို့သည်။ ပေ။ ပုဋ္ဌာ (သမာနာ)။ ဗျာကရိံ သု၊ ဖြေကုန်ပြီ။
တေသံ၊ ထို အမတ်စသူတို့၏ (စကားကို)။ သုတွာ၊ ကြားရ၍။ ဓမ္မံကံ၊ သော။ ရက္ခာဝရဏဂူတ္တိံ ဟိ၊ ကိုသာ။ [ ဓမ္မိကဥှိမှ (ဟိ) ကို ယူသည်။ ထို "ဟိ"သည် ဧဝ အနက် ရှိ၏။ ] သံဝိဟိဒဟိ၊ စီစဉ်ပြီ။ စခေါ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ (ထိုသို့ ဓမ္မိကရက္ခာဝရဏဂုတ္တိတို့ကို စီစဉ်ပါသော်လည်း)။ အဓနာနံ၊ ဥစ္စာမရှိသူတို့အား။ (လူဆင်းရဲတို့အား)။ ဓနံ၊ ကို။ နော အနုပ္ပဒါသိ၊ လျော်စွာမပေး။ (သင့်တော်သလိုကြည့်၍ မပေး)။ အဓနာနံ၊ တို့အား။ ဓနေ၊ ကို။ အနနဒပ္ပဒိယမာနေ၊ လျော်စွာ မပေးအပ်သော။
ဒါလိဒ္ဒိယံ၊ ဆင်ရဲသူတို့၏အဖြစ်သည်။ (ဆင်းရဲခြင်းသည်)။ ဝိပုလံ၊ ကျယ်ပြန့်သည်၏အဖြစ်သို့။ (ကျယ်ပြန့်ခြင်းသို့)။ အဂမာသိ၊ ရောက်ပြီ။
ဒါလိဒ္ဒိယေ၊ သည်။ ဝေပုလ္လံ၊ သို့။ ဂတေ၊ ရောက်လသော်။ အညတရော ပုရိသော။ ပရေသံ၊ သူတပါးတို့၏။ အဒိန္နံ၊ မပေးအပ်သောဥစ္စာကို။ ထေယျသင်္ခါတံ၊ ခိုးသူ၏ ဖြစ်ကြောင်းစိတ်အစုဖြင့်။ (ခိုးလိုသောစိတ်များဖြင့်)။ အာဒိယိ၊ ယူပြီ။
တမေနံ၊ ထိုယောကျာ်းကို။ အဂ္ဂဟေသုံ၊ ဖမ်းကြကုန်ပြီ။
ဂဟေတွာ၊ ဖမ်းပြီး၍။ ခတ္တိယဿ။ ပေ။ ရညှော၊ အား။ ဒဿေသုံ၊ ပြကြကုန်ပြီ။ (ကိံ၊ အဘယ်သို့ သံတော်ဦးတင်၍ ပြကြသနည်း)။
ဣတိ၊ ဤသို့ သံတော်ဦးတင်၍ ပြကြကုန်ပြီ။ ပေ။ အမ္ဘောပုရိသ၊ အမောင်ယောကျာ်း။ တွံ၊ သည်။ ပေ။ အာဒိယိ ကိရ၊ ယူသတဲ့ဟူ ကြားရသည်မှာ။
သစ္စံ၊ မှန်သလား။ ဣတိ၊ ဤသို့ မေးပြီ။ ဒေဝ။ သစ္စံ၊ ပါ၏။ ဣတိ၊ ဤသို့ သံတော်ဦးတင်ပြီ။
ကိံ ကရဏာ၊ အဘယ် အကြောင်းကြောင့်နည်း။
ဣတိ၊ ပြီ။ ဒေဝ။ န ဇီဝါမိ၊ အသက်မမွေးနိုင်ပါ (မစားလောက်ပါ။) ဣတိ၊ ပြီ။
အထခေါ။ ပေ။ အနုပ္ပဒါ၊ ပြီ။ (ကိံ၊ အဘယ်သို့ပြော၍ ပေးသနည်း။)
အမ္ဘော ပုရိသ။ တွံ။ ဣမိနာ ဓနေန၊ ဤ ဥစ္စာဖြင့်။ အတ္တနာစ၊ ကိုယ်တိုင်လည်း။ ဇီဝါဟိ၊ အသက်မွေးပါ။ မာတာပိတာရောစ၊ မိဖတို့ကိုလည်း။ ပေါသေဟိ၊ မွေးမြူပါ။ ပုတ္တဒါရဉ္စ၊ သားသမီး ဇနီးကိုလည်း။ ပေါသေဟိ။ ကမ္မန္တေစ၊ အလုပ်တို့ကိုလည်း။ ပယောဇေဟိ၊ ယှဉ်စေပါ။ (အရင်းအနှီးလုပ်ပါ)။ သမဏဗြာဟ္မဏေသု၊ တို့၌။ ဥဒ္ဓဂ္ဂိကံ၊ အထက် ကာမဘုံ ဟူသော အကျိုးရှိသော။ သောဝဂ္ဂိကံ၊ နတ်ပြည်၏ စီးပွားဖြစ်သော။ သုခဝိပါကံ၊ ချမ်းသာသော အကျိုးရှိသော။ သဂ္ဂသံဝတ္တနိကံ၊ လွန်စွာ ကောင်းမြတ်သော ရူပါရုံ အစရှိသည်တို့ကို ဖြစ်စေနိုင်သော။ ဒက္ခိဏံ၊ အလှူကို။ ပတိဋ္ဌာပေတိ၊ တည်စေပါ။ ဣတိ၊ ဤသို့ ပြော၍ ပေးပြီ။ [ ဒက္ခိဏံ၊ ကြီးပွားကြောင်း အလှူကို= သဒ္ဒတ္ထ ပေးပါ။ ] ပေ။ ပစ္စဿောတိ၊ [ လွယ်ပြီ။ ]
မနုဿာ။ အဿောသုံ၊ ကြားသိကုန်ပြီ။ (ကိံ)။
ဣတိ၊ ဤသို့ ကြားကြကုန်ပြီ။ သုတွာန၊ ကြားခြင်းကြောင့်။ တေသံ၊ ထို လူတို့၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ။ (ကိံ)။
မယမ္ပိ၊ ငါတ်ို့သည်လည်း။ ပေ။ ယံနူန အာဒိယေယျာမ၊ အကယ်၍ ယူရပါမူ ကောင်းလေစွ။
ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ ပေ။ န ဟိ ဒေဝ ဇိဝါမီတိ။ [ ၆၁၊ ကြည့် ဆိုပါ။ ] န ခေါ။ ပေ။ အဟံ။ [ အနုပ္ပဒဿာမိ၊ ၌စပ်။ ] ယော ယော၊ အကြင် အကြင် သူသည်။ ပေ။ အာဒိယိဿတိ၊ ယူအံ့။ တဿ တဿ၊ ထိုသူ ထိုသူအား။ ဓနံ၊ ကို။ သစေ အနုပ္ပဒဿာမိ၊ အကယ်၍ ပေးအံ့။ ဧဝံ၊ ဤသို့ ပေးလသော်။ (ပေးလျှင်)။ ဣဒံ အဒိန္နာဒါနံ၊ ဤ မပေးအ်သော ဥစ္စာကို ခိုးယူခြင်းသည်။ (ဤ အဒိန္နာဒါနသည်)။ ပဝဍ္ဎိဿတိ၊ တိုးပွားလိမ့်မည်။ အဟံ။
ဣမံ ပုရိသံ၊ ကို။ သုနိသေဓံ၊ ကောင်းစွာ တားမြစ်အပ်သည် မည်လောက်အောင်။ ယ့နူန နိသေဓေယျံ၊ အကယ်၍ တားမြစ်ရပါမူ ကောင်းလေစွ။ မူလဃစ္စံ၊ အရင်း၌ ဖြတ်အပ်သည့် မည်လောက်အောင်။ (အမြစ်ပြတ်အောင်)။ ယံနူန ကရေယျံ၊ အကယ်၍ ပြုရပ်မူ ကောင်းလေစွ။ အဿ၊ ဤ ယောကျာ်း၏။ သီသံ၊ ဦးခေါင်းကို။ ယံနူန ဆိန္ဒေယျံံ၊ အကယ်၍ ဖြတ်ရပါမူ ကောင်းလေစွ။ ဣတိ၊ ဤသို့ အကြံ ဖြစ်ပြီ။
အထခေါ။ ပေ။ ပုရိသေ၊ မင်းမှုထမ်း ယောကျာ်းတို့ကို။ အာဏာပေသိ၊ စေခိုင်းပြီး။ [ အာဏာပေသိ၊ အာဏာပေးပြီး။ (အမိန့်ပေးပြီး)။ ဤသို့လည်း ပေးနိုင်၏။ ]
(ကိံ)။ ဘဏေ၊ အမောင်တို့။ တေနဟိ၊ ငါတိုက်တွန်း၏။ ဣမံ ပုရိသံ၊ ကို။ ဒဠှာယ၊ ခိုင်ခံ့သော။ ရဇ္ဇုယာ၊ ကြိုးဖြင်။ ပစ္ဆာဗာဟံ၊ နောက်၌ လက်မောင်းရှိသော။ (လက်ပြန်ကြိုး)။ ဂါဠှဗန္ဓနံ၊ တင်းကြပ်စွာ ဖွဲ့ချည်အပ်သည် မည်လောက်အောင်။ ဗန္ဓိတွာ၊ ချုပ်နှောင်၍။ ခုရမုဏ္ဍံ၊ ကြမ်းတမ်းဖြင့် ဦးခေါင်းရိတ်မှုကို (ခေါင်းတုံးမှုကို)။ ကရိတွာ, ခရဿရေန၊ ကြမ်းတမ်းသော အသံရှိသော။ ပဏဝေန၊ ထက်စည်ဖြင့်။ ရထိယာက၊ ရထားလမ်းမတခုဖြင့်။ ရထိကံ၊ ရထားလမ်းမ တခုသို့။ သိင်္ဃာတကေန၊ လမ်းဆုံး တခုဖြင့်။ သိင်္ဃာတကံ၊ လမ်းဆုံတခုသို့။ ပရိနေတွာ၊ လှည့်လည် ဆောင်ယူ၍။ ဒက္ခိဏေန၊ တောင်ဖက်ဖြစ်သော။ ဒွါရေန၊ မြို့တံခါးဖြင့်။ နိက္ခမိတွာ၊ ထွက်၍။ နဂရဿ၊ မြို့၏။ ဒက္ခိဏတော၊ တောင်အရပ်၌။ သုနိသေဓံ၊ အောင်။ နိသေ‌ေူထ၊ တားမြစ်ကြ။ ပေ။ ဆိန္ဒထ၊ ဖြတ်ကြ။ ဣတိ၊ ဤသို့ အမိန့်ပေးပြီ။ ပေ။ ဆန္ဒသု၊ ကုန်ပြီ။
မနုဿာ။ အသောသုံ။ ( ကိံ )။
ဘော၊ တို့။ ယေ။ ပေ။ အာဒိယန္တိ။ တေ၊ တို့ကို။ ရာဇာ၊ သည်။ သု နိသေဓံ၊ အောင်။ နိသေဓေသိ ကိရ၊ တားမြစ်သတဲ့။ ပေ။ ဆိန္ဒတိ ကိရ၊ တဲ့။ ဣတိ၊ ဤသို့ ကြားကုန်ပြီ။
သုတွာန၊ ကြောင့်။ ပေ။ ( ကိံ )။
မယမ္ပိ၊ တို့သည်လည်း။ တိဏှာန၊ ထက်ကုန်သော။ ( အစွမ်းထက်ကုန်သော)။ သတ္ထာနိ၊ လက်နက်တို့ကို။ ယံနူန ကာရာပေဿာမ၊ အကယ်၍ ပြုစေကြရပါမူ ကောင်းလေစွ။ ပေ။အာဒိဿာမ+ ကုန်အံ့။ [ ဤပုဒ်ကို ယံနူန နှင့် မတွဲရ။ ] တေ၊ ထို ဥစ္စာရှင်တို့ကို။ သုနိသေဓံ၊ ကောင်းစွာ တားမြစ်အပ်သည် မည်လောက်အောင်။ ယံနူန နိသေဓေဿာမ၊ အကယ်၍ တားမြစ်ကြရပါမူ ကောင်းလေစွ။ မူလဃစ္စံ၊ အောင််။ ယံနူန ကရိဿာမိ၊ ကုန်အံ့။ တေသံ၊ ထို ဥစ္စာရှင်တို့၏။ သီသာနိ၊ ဦးခေါင်းတို့ကို။ ယံနူန ဆိန္ဒဿာမိ၊ အကယ်၍ ဖြတ်ကြရပါမူ ကောင်းလေစွ။ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။
ဣတိ၊ ဤသို့ ကြံပြီး၍။ ပေ။ ကာရာပေသုံ၊ ပြုလုပ်စေတတ်ပြီ။ [ လက်နက်လုပ်တတ်သူများအား အလုပ်ခိုင်း ကြကုန်ပြီ။ ] ပေ။ ဂါမဃာတံပိ၊ ရွာကို လုယက် ဖျက်စီးမှုကိုလည်း။ ကာတုံ၊ ခြင်းငှါ။ ဥပက္ကမိံ သု၊ အားထုတ်ကြကုန်ပြီ။ နိဂမဃာတံမိ၊ နိဂုမ်းကို လုယက် ဖျက်စီးမှုကိုလည်း။ ပေ။ နဂရဃာတံပိ၊ မြို့ကို လုယက် ဖျက်စီးမှုကိုလည်း။ ပေ။ ပန္တဒုဟနံ ပိ၊ လမ်းခရီး၌ လုယက် ဖျက်စီးမှုကိုလည်း။ ( ခရီးသွားများကို လုယက် ဖျက်စီးမှုကိုလည်း)။ ပေ။
တေ၊ ထို သူခိုး ဒါးမြတို့သည်။ ယေသံ၊ အကြင် ဥစ္စာရှင်တို့၏။ အဒိန္နံ၊ ကို။ ထေယျသင်္ခါတံ၊ ဖြင့်။ အဒိယန္တိ။ တေ၊ ထို ဥစ္စာရှင်တို့ကို။ သုနိဓေတံ။ နိသေဓေန္တိ။ ပေ။ ဆိန္ဒန္တိ။ [ မိမိတို့ ခိုးမှု ပေါ် မည်စိုး၍ ဥစ္စာရှင်တို့ကို ခေါင်းဖြတ်သတ်ကြသည်။ ]
ဘိက္ခဝေ။ ဣတိခေါ၊ လျှင်။ ပေ။ သတ္ထံ၊ လက်နက်သည်။ ဝေပုလ္လံ၊ ကျယ်ပြန့် များပြားသည်၏ အဖြစ်သို့။ အဂမာသိ၊ ရောက်ပြီ။ သတ္ထေ၊ သည်။ ဝေပုလ္လံ၊ သို့။ ဂ‌တေ၊ လသော်။ ပါဏာတိပါဏော၊ သည်။ ဝေပုလ္လံ၊ သို့။ အဂမာသိ။ ပါဏာတိပါတေ၊ သည်။ ဝေပုလ္လံ၊ သို့။ ဂတေ၊ လသော်။ တေသံ သတ္တာနံ၊ ထို သတ္တဝါတို့၏။ အာယုပိ၊ အသက်သည်လည်း။ ပရိဟာယိ၊ ဆုတ်ယုတ်ပြီ။ ဝဏ္ဏောပိ၊ အဆင်းသည်လည်း။ ပရိဟာယိ။

အာယုနာပိ၊ အသက်အားဖြင့်လည်း။ ပရိဟာယမာနာနံ၊ ဆုတ်ယုတ်ကုန်လသော်။ ဝါ၊ ဆုတ်ယုတ်ကုန်သော။ ဝဏ္ဏေနပိ၊ အားဖြင့်လည်း။ ပရိဟာဟမာနာနံ၊ ကုန်လသော်။ ဝါ၊ ကုန်သော။ အသီဘိဝဿ သဟဿာယုကာနံ၊ အနှစ်ရှစ်သောင်း အသက်ရှိကုန်သော။ ( အနှစ်ရှစ်သောင်းအသက်ရှည်ကုန်သော။ ) တေသံ မနုဿာနံ၊ ထိုလူတို့၏။ ( ပုတ္တာ၊ ၌စပ် )။ စတ္တာရီသဝဿသဟဿာယုကာ၊ အနှစ်လေးသောင်း အသက်ရှိကုန်သော။ ပုတ္တာ၊ သာသမီးတို့သည်။ အဟေသုံ၊ ဖြစ်ကြကုန်ပြီ။

''' **အသီဝိဝဿ။ ပေ။ ပုတ္တာ**။ ။ ဤပါဠိတော်၌ သတ္တဝါတို့၏ အကုသိုလ် ကံ အား လျော်စွာ အနှစ် ရှစ်သောင်းတမ်းမှ လေးသောင်းတမ်းသို့ ဆုတ်သည့်၊ ဟု ဟောတော်မူ၏။ ဤ အလို အသက်တမ်း တဝက်တဝက်လျော့သည်= ဟု မှတ်ရ​ေပလိမ့်မည်။ လောကပညတ္ထိကျမ်း၌ကား အနှစ်တရာကြာမှ ဆယ်နှစ်ဆုတ်သည်= ဟု ဆိုသတတ်။ ( အနှစ်တရာကြာလျှင် တနှစ်ဆုတ်သည်၊ ဟု ယခုကာလ ပြောကြ၏)။ သို့ရာတွင် ယခု မျက်မ မြင်အားဖြင့် စဉ်းစားလျှင် တခါတရံ အတော်များများ ဆုတ်၍ တခါတရံ၌ကား မဆုတ်ပဲ ရှိဟန်တူသည်။ ဘုရားမပွင့်မီ အတော်ကြာကြာကာလကပင် အသက်တရာတမ်းသည် ဘုရားပွင့်တော်မူသည့် အခါတိုင်အောင် " တရာတမ်း" ဟုပင် ဆိုကြ၏။ ယခုအခါ တရာတမ်းရှိတော့မည် မဟုတ်။ သာသနာသက္ကရာဇ် ၂၅၂၆၊ ခုနှစ်။ မြန်မာ ၁၃၄၅= ခုနှစ် ကဆုန်လဆန်း (၁၃) ရက်တွင် အနှစ်တရာလျှင် တနှစ်ဆုတ်ဖြင့် ရေတွက်ဦးတော့ (၇၅) နှစ်တမ်းလောက်သာ ရှိတော့မည်။ [ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကမူ (၆၅) နှစ်ဟု ကြေညာသည်။ ]

**စတ္တာရီသ။ ပေ။ မနု​ေဿသု**။ ။ စတ္တာရီသ ဝဿသဟဿယုကေသု၊ အနှစ်လေးသောင်း အသက်ရှည်ကုန်သော။ မနု​ေဿသု= တို့တွင်။ ဤသို့ ရှေးနိဿယ၌ နိဒ္ဓါရဏအနက်ပေး၍ အညတရော၌ စပ်သည်။ လက္ခဏ လက္ခဏဝန္တပေး၍ အသက်တမ်း ရှိရာကာလကို အရကောက်သင့်သည်။ လူတို့ အနှစ်လေးသောင်း အသက်တမ်းရှိရာ အခါ၌ မုသာဝါဒအမှုပေါ်လာသည်။ နောက်ဝါရများ၌လည်း ဤသို့ နှစ်နည်း မှတ်ပါ။

[ ဆောင် ] လက္ခနှင့်ပေါင်း, ကျိုးကြောင်း ပြန်ရ, လက္ခဏ, မုချ ဟိတ်လည်းဝင်။ ကြောင်းကျိုး နှစ်တန်, မပြန်နိုင်ပါ လက္ခဏာ, အာဓာသဘောပင်။

'''

ဘိက္ခဝေ။ မနုဿေသု၊ တို့သည်။ စတ္တာရီသဝဿသဟဿာ ယုကေသု၊ အနှစ်လေးသောင်း အသက်တမ်းရှိကုန်လသော်။ ဝါ၊ အသက်တမ်းရှိရာ အခါ၌။ အညတရော။ ပေ။ အာဒိယိ ကိရ၊ ယူသတဲ့ ဟု ကြားရသည်မှာ။ သစ္စံ၊ မှန်သလား။ ဣတိ၊ ပြီ။ ဒေဝ။ န ဟိ၊ မမှန်ပါ။ ( မယူပါ )။
ဣတိ၊ သို့။ သမ္ပဇာနမုသာ၊ ကောင်းစွာ အပြားအားဖြင့်သိလျက် မမှန်သောစကားကို။ အဘာသိ၊ ပြောပြီ။ [ ပုဒ်စဉ် (၉၁) အတိုင်း အပြည့်အစုံ ဆိုပါ။ "သစ္စံ ဒေဝ" ဟု သံတော်ဦးတင်လျှင် အသတ်ခံရမည်စိုး၍ လိမ်ပြောကြသည်။ ]
ဣတိခေါ။ ပေ။ မုသာဝါဒေါ၊ မုသာဝါဒသည်။ ဝေပုလ္လ မဂမာသိ။ ပေ။ အာယုနာ ပိ၊ ဖြင့်လည်း။ ပရိဟာယမာနာနံ၊ ကုန်လသော်။
ဝါ၊ ကုန်သော။ ဝဏ္ဏေန ပိ၊ အားဖြင့်လည်း။ ပရိဟာယမာနာနံ၊ ကုန်လသော်။ ဝါ၊ ကုန်သော။ စတ္တာရိသဝဿ သဟဿာယုကာနံ၊ အနှစ်လေးသောင်းအသက်ရှိကုန်သော။ ( အသက် ရှည်ကုန်သော )။ တေသံ မနုဿာနံ၊ တို့၏။ ( ပုတ္တာ၊ ၌စပ် )။ ဝီသတိ ဝဿသဟဿာယုကာ၊ အနှစ် နှစ်သောင်း အသက်ရှိကုန်သော။ ဝါ၊ အသက်ရှည်ကုန်သော။ ပုတ္တာ အဟေသုံ။
ဘိက္ခဝေ။ မနုဿေသု၊ တို့သည်။ ဝီသတိ ဝဿသဟဿာယုကေသု၊ အနှစ် နှစ်သောင်း အသက်တမ်း ရှိလကုန်သော။ ဝါ၊ အနှစ် နှစ်သောင်း အသက်ရှိရာအခါ၌။ ပေ။ အာရောစေသိ၊ လျှောက်ပြီ၊။ ( သံတော်ဦးတင်ပြီ )။ ဒေဝ။ ဣတ္ထန္နာမော၊ ဤ အမည်ရှိသော။ ပုရိသော။ ပေ။ အာဒိယိ၊ ယူပါပြီ။ ဣတိ၊ သို့။ ပေသုညံ၊ ကုန်းတိုက်မှုကို။ ( ရန်တိုက်မှုကို )။ အကာသိ၊ ပြုပြီ။
ဣတိ ခေါ။ ပေ။ ပိသုဏာ၊ ညီညွတ်သူတို့ကို ကွဲပြားအောင် ချေမှုန်းတတ်သော။ ဝါ၊ ရန်တိုက်ကြောင်းဖြစ်သော။ ဝါစာ၊ စကားသည်။ ဝေပုလ္လံ အဂမာသိ။ ပေ။ ဝိသတိ ဝဿသဟဿာယုကာနံ၊ ကုန်သော။ တေသံ အနုဿနံ၊ တို့၏။ ဒသ ဝဿသဟဿာယုကာ၊ အနှစ်တသောင်း အသက်ရှည်ကုန်သော။ ပုတ္တာ။ အဟေသုံ။
ဘိက္ခဝေ။ မနုဿေသု၊ တို့သည်။ ဒသ ဝဿသဟဿာယုကေသု၊ အနှစ်တသောင်း အသက်တမ်း ရှိလကုန်သော်။ ဝါ၊ အသက်တမ်းရှိရာ အခါ၌။ [ ဧကံဒံ၊ ဧကေ+ ဣဒံ။ ] ဧကေ၊ တချို ကုန်သော။ သတ္တာ၊ တို့သည်။ ဝဏ္ဏဝန္တော၊ လှပသော အဆင်း ရှိကုန်သည်။ ဧကေ သတ္တာ။ ဒုဗ္ဗဏ္ဏာ၊ မကောင်းသော အဆင်း ရှိကုန်သည်။ ဟောန္တိ။ [ ဣဒံ အနက်မရှိ။ ]
တတ္ထ၊ ထို နှစ်မျိုးသော သတ္တဝါတို့တွင်။ ယေတေသတ္တာ၊ တို့သည်။ ဒုဗ္ဗဏ္ဏာ၊ ကုန်၏။ တေ၊ တို့သည်။ ဝဏ္ဏဝန္တေ၊ လှပသော အဆင်းရှိကုန်သော။ သတ္တေ၊ တို့ကို။ အဘိဇ္စ◌ျာယန္တာ၊ ရှေးရှုတပ်မက်ကုန်လျက်။ ဝါ၊ မတရား ကြံစည်ကုန်လျက်။ ပရေသံ၊ တို့၏။ ဒါရေသု၊ ဇနီးတို့၌။ စာရိတ္တံ၊ မှားမှားယွင်ယွင်း ကျင့်မှုသို့။ အာပဇ္ဇိိံ သု၊ ရောက်ကုန်ပြီ။
ဣတိ ခေါ။ ပေ။ ကာမေသု မိစ္ဆာစာရော၊ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်း ကျင့်မှုသည်။ ပေ။ ဒသ ဝဿသဟဿာယုကာနံ၊ အနှစ် တသောင်း အသက်ရှိကုန်သော။ ( ရှည်ကုန်သော )။ တေသံ မနုဿနံ၊ တို့၏။ ပဉ္စတဿသဟဿာယုကာ၊ အနှစ် ငါးထောင် အသက် ရှိကုန်သော။ ( ရှည်ကုန်သော )။ ပုတ္တာ အဟေသုံ။
မနုဿေသု၊ တို့သည်။ ပဉ္စ ဝဿသဟဿာယုကေသု၊ အနှစ် ငါးထောင် အသက်တမ်း ရှိကုန်လသော်။ ဝါ၊ အနှစ် ငါးထောင် အသက်တမ်း ရှိကြရာ အခါ၌။ ဒွေ၊ နှစ်မျိုးကုန်သော။ ဓမ္မာ၊ တို့သည်။ တေပုလ္လံ။ အဂမံသု၊ ရောက်ကုန်ပြီ။ ဖရုသဝါစာ၊ ကြမ်းတမ်းသော စကားလည်းကောင်း။ သမ္ဖပ္ပလာပေါစ စီးပွားကို ဖျက်စီးတတ်သော စကားလည်းကောင်းတည်း။ ပေ။
ပဉ္စ ဝဿသဟဿာယုကာနံ၊ အနှစ် ငါးထောင် အသက်ရှိကုန်သော။ ( အသက် ရှည်ကုန်သော )။ တေသံ မနုဿာနံ၊ တို့၏။ (ပုတ္တာ၊ ၌စပ် )။ အပ္ပေကစ္စေ၊ အချို့ ကုန်သော။ အဍ္ဎတေယျ ဝဿ သဟဿာယုကာ၊ အခွဲအားဖြင့် အနှစ် သုံးထောင် အသက်ရှိကုန်သော။ [ အနှစ် နျစ်ထောင့်ငါးရာ ( ၂၅၀၀ ) အသက်ရှိကုန်သော။ ] အပ္ပေကစ္စေ၊ ကုန်သော။ ဒွေ ဝဿသဟဿာယုကာ၊ အနှစ် နှစ်ထောင် အသက်ရှိကုန်သော။ ပုတ္တာ အဟေသုံ။
မနုဿေသု၊ တို့သည်။ အဍ္ဎတေယျ ဝဿသဟဿာယုကေသု၊ အနှစ် နှစ်ထောင့် ငါးရာ အသက်တမ်း ရှိကုန်လသော်။ ဝါ၊ အသက်တမ်းရှိရာအခါတို့၌။ အဘိဇ္စ◌ျာ ဗျာပါဒါ၊ တို့သည်။ ဝေပုလ္လံ။ အဂမံသု၊ ရောက်ကုန်ပြီ။
ပေ။ ဍ္ဎတေယျ ဝဿသဟဿာယုကာနံ မနုဿနံ။ ဝဿသဟဿာယုကာ၊ အနှစ်တထောင် အသက်ရှိကုန်သော။ ပုတ္တာ။ အဟေသုံ။
မနုဿေသု။ ဝဿ သဟဿာယုကေသု၊ အနှစ်တထောင် အသက်တမ်း ရှိကုန်လသော်။ ဝါ၊ အနှစ်တထောင် အသက်တမ်းရှိရာအခါတို့၌။ မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူသည်။ ( နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ စသည်ဖြင့် ဥစ္ဆေဒအဖို့ကို ယူတတ်သော မှားသောအယူသည်။ ) ဝေပုလ္လ မဂမာသိ။
ပေ။ ဝဿ သဟဿာယုကာနံ။ တေသံ မနုဿာနံ၊ တို့၏။ ပဉ္စ ဝဿသဟဿာယုကာ၊ အနှစ်ငါးရာ အသက်ရှိကုန်သော ( ရှည်ကုန်သော )။ ပုတ္တာ ဟေသုံ။
မနုဿေသု။ ပဉ္စဝဿသတာယုကေသု၊ အနှစ်ငါးရာ အသက်တမ်း ရှိလကုန်သော်။ ဝါ၊ အနှစ်ငါးရာ အသက်တမ်းရှိရာတို့အခါ၌။ တယော၊ သုံးမျိုး ကုန်သော။ ဓမ္မာ၊ တို့သည်။ ဝေပုလ္လ မဂမံသု။

အဓမ္မရာဂေါ၊ မတရားသောရာဂလည်းကောင်း။ ( ရာဂ မဖြစ်သင့်သော အရာ၌ ဖြစ်သောရာဂ )။ ဝိသမလောဘော၊ မညီမမျှသော လောဘလည်းကောင်း။ မိစ္ဆာဓမ္မော၊ မှားယါင်းသော လောဘတရား လည်းကောင်းတည်း။ [ အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ပြထားပြီ။ ]

''' **အပ္ပေကစ္စေစသည်**။ ။ တေသံ မနုဿာနံ၊ တို့၏။ ပုတ္တာ= သားသမီးတို့သည်။ အပ္ပေကစ္စေ= တချို့ကုန်သော။ ဝါ= တချို့က။ အဎုတေယျဝဿ သဟဿာယုကည= အခွဲအားဖြင့် အနှ်စ်သုံးထောင် အသက်ရှိကုန်သည်လည်းကောင်း။ [ နှစ်ထောင့်ငါးရာ (၂၅၀၀) အသက်ရှိကုန်သည်လည်းကောင်း။ ] အပ္ပေကစ္စေ= ဒွေ ဝဿ သဟဿာယုက= အနှစ်နှစ်ထောင် အသက်ရှိကုန်သည်လည်းကောင်း။ အဟေသုံ။ ဤသို့လည်း ပေးနိုင်သည် နောက်ဝါကျများ၌လည်ူ နည်းတူသိပါ။

'''

ပေ။ ပဉ္စဝဿသတာယုကာနံ တေသံ မနုဿနံ၊ တို့၏။ အပ္ပေကစ္စေ၊ အချို့ ကုန်သော။ အဍ္ဎတေယျဝဿသတာယုကာ၊ အခွဲအားဖြင့် အနှစ်သုံးရာ အသက်ရှိကုန်သော။ [ အနှစ် နှစ်ရာ့ငါးဆယ် (၂၅၀ ) အသက်ရှည်ကုန်သော။ ] ဒွေ ဝဿသတာယုကာ၊ အနှစ်နှစ်ရာ အသက်ရှိကုန်သော။ ပုတ္တာ အဟေသုံ။
မနုဿေသု၊ တို့သည်။ အဍ္ဎတေယျဝဿသတာယုကေသု၊ အနှစ် (၂၅၀ ) နှစ်ရာ့ငါးဆယ် အသက်တမ်း ရှိကုန်လသော်။ ဝါ၊ ရှိရာအခါတို့၌။ ဣမေ ဓမ္မာ။ ဝေပုလ္လ မဂမံသု။ အမတ္တေယျတာ၊ အမိ၏ စီးပွားမဟုတ်သူ၏ အဖြစ်လည်းကောင်း။ ( အမိအပေါ်၌ ကောင်းစွာမကျင့်မှုလည်းကောင်း )
အပေတ္တယျတာ၊ အဖ၏ စီးပွားမဟုတ်သူ၏ အဖြစ်လည်းကောင်း။ အဗြာဟ္မညတာ၊ ဗြာဟ္မဏ၏ စီးပွားမဟုတ်သူ၏ အဖြစ်လည်းကောင်း။ ( မြင့်မြတ်သူ၌ ကောင်းစွာ မကျင့်မှုသည်လည်းကောင်း )။ ကုလေ၊ အမျိုး၌။ န ဇေဋ္ဌာပစာယိတာ၊ ကြီးသူတို့အား ရိုသေလေးစားလေ့မရှိသူ့၏အဖြစ် လည်းကောင်းတည်း။ [ အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ပြထားပြီ။ ]
ဣတိ ခေါ။ ပေ။ ပရိဟာယိ။ [ ရှေ့အတိုင်းပေးပါ။ ] အာယုနာ ပိ၊ အားဖြင့်လည်း။ ပရိဟာယမာနာနံ၊ ကုန်လသော်။ ဝါ၊ ကုန်သော။ တဏ္ဏေန ပိ၊ အားဖြင့်လည်း။ ပရိဟာယမာနာနံ၊ ကုန်လသော်။ ဝါ၊ ကုန်သော။ ဍ္ဎတေယျဝဿသတာယုကာနံ၊ တေသံ မနုဿနံ= တို့၏။ ဝဿသတာယုကာ၊ အနှစ်တရာ အသက်ရှိကုန်သော။ ( ရှည်ကုန်သော )။ ပုတ္တာ အဟေသုံ။