[ပုဒ်စဉ် ၁၈၃- အတိုင်းအပြည့်အစုံပေးပါ။] အာဝုသော၊ တို့။ ကိံ၊ အဘယ်သို့နည်း။ (ဘယ်လိုလဲ)။ တထာဂတော၊ သတ္တဝါတို့သည်။ မရဏာ၊ သေရာအခါမှ။ ပရံ၊ နောက်၌။ ဟောတိ နုခေါ၊ ဖြစ်ပါသလော။ ဣဒမေဝ၊ ဤ ငါ၏အမြင်သည်သာ။ ဝါ၊ ဤ ငါ၏အယူသည်သာ။ သစ္စံ၊ မှန်သလော။ အညံ၊ အခြားသောအယူသည်။ မောဃံ၊ အချည်းနှီးပါလော။ (အမှားပါလော)။ ဣတိ၊ ဤသို့ ပြောကုန်ရာ၏။ ပေ။ အာဝုသော၊ တို့။ တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ ၌။ ဟောတိ၊ ၏။ ဣဒမော၊ သည်သာ။ သစ္စံ၊ ၏။ အညံ၊ အခြားအယူသည်။ မောဃံ၊ ၏။ ဣတိ၊ သို့။ ဧတံ၊ ဤ ပြဿာနကို။ ဝါ၊ ဤအယူကို။ ဘဂဝတာ၊ သည်။ အဗျာကတံ၊ မဖြေဆိုအပ်။ ဝါ၊ မိန့်တော်မမူအပ်။ ဣတိ၊ ဤသို့ ပြောဆိုထိုက်ကုန်၏။ ပေ။
အာဝုသော၊ ကိံ ပန၊ အဘယ်သို့နည်း။ တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ ၌။ န ဟောတိ ပန၊ မဖြစ်ပါသလော။ (မဖြစ်ဖူးလား)။ ပေ။ ဟောတိစ၊ တစ်ချို့လည်းဖြစ်ပါလော။ နစ ဟောတိ၊ တစ်ချို့လည်း မဖြစ်ပါသလော။ ပေ။ နေဝ ဟောတိ၊ ဖြစ်သည်မဟုတ်သလော။ န နဟောတိ၊ မဖြစ်သည်လည်း မဟုတ်သလော။ [ဖြစ်သည်ဟုလည်း မဆိုနိုင်, မဖြစ်သည်ဟုလည်း မဆိုနိုင်ဖူးလား- ဟူလို]။ ပေ။
အာဝုသော၊ တို့။ ကသ္မာ၊ ကြောင့်။ ဧတံ၊ ဤပြဿနာ လေးရပ်ကို။ ဝါ၊ ဤအယူလေးမျိုးကို။ သမဏေန ဂေါတမေန၊ သည်။ အဗျာကတံ၊ ဖြေတော်မမူအပ်သနည်း။ ဝါ၊ မိန့်တော်မမူအပ်သနည်း။ ဣတိ၊ ဤသို့ ပြောကုန်ရာ၏။ အာဝုသော၊ တို့။ ဧတံ၊ ဤပြဿနာလေးရပ်သည်။ ဝါ၊ ဤအယူလေးမျိုးသည်။ အတ္ထသံဟိတံ၊ ဤလောက နောက်လောကစီးပွားနှင့်စပ်သည်။ ဝါ၊ ဤလောက နောက်လောကအကျိုးနှင့်စပ်သည်။ န၊ မဟုတ်။ ဓမ္မသုံဟိတံ၊ လောကုတ္တရာတရား ကိုးပါးနှင့်စပ်သည်။ န၊ မဟုတ်။ အာဒိ ဗြဟ္မစရိယကံ၊ သာသနဗြဟ္မစရိယ၏ အခြေခံအစသည်။ န၊ မဟုတ်။ နိဗ္ဗိဒါယ၊ ငှာ။ န သံဝတ္တတိ၊ မဖြစ်။ [ပုဒ်စဉ် (၁၈၃)၌ အနက်ပေးခဲ့ပြီ။] ပေ။ တသ္မာ၊ ကြောင့်။ တံ၊ ထိုပြဿနာလေးရပ်ကို။ ဝါ၊ ထိုအယူလေးမျိုးကို။ ဘဂဝတာ၊ သည်။ အဗျာကတံ၊ ဣတိ၊ ဤသို့ ပြောဆိုထိုက်ကုန်၏။