Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

ပရိဗ္ဗာဇကာနံ ပဇ္ဈာယန= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပရိဗ္ဗာဇကာနံ ပဇ္ဈာယန၊ အဖွင့်။

နိဂြောဓ။ သိယာ၊ တခါတရံ။ တေ၊ ၏။ ဝါ၊ မှာ။ ဧဝံ၊ ဤ အကြံသည်။ အဿ၊ ဖြစ်ရာ၏။ (ဖြစ်ပေလိမ့်မည်)။ (ကိံ)။
အန္တေဝါသိကမျတာ၊ အနီးနေတပည့်တို့ကို လိုလားသူ၏ အဖြစ်ကြောင့်။ (တပည့် လိုချင်နေသောကြောင့်)။ နော၊ ငါတို့ကို။ သမဏော ဂေါတမော၊ သည်။ ဧဝံ၊ ဤသို့ အကြံ ဖြစ်ရာ၏။
နိဂြောဓ။ ဧတံ၊ ဤ အကြောင်းအရာကို။ (ဤ ဧတု ဝိညူ ပုရိသော အစရှိသော စကားကို မိန့်တော်မူရခြင်း၏ အကြောင်းကို)။ ဧဝံ၊ ဤ အသင် ကြံစည်အပ်သည့် အတိုင်း။ န ခေါဒဋ္ဌဗ္ဗံ၊ မမှတ်ထိုက်။
ယောဧဝ၊ အကြင်သူသည်ပင်။ ဝေါ၊ သင်တို့၏။ အာစရိယော၊ ဆရာတည်း။ (ပင်ကိုယ်ဆရာတည်း)။ သောဧဝ၊ ထို ဆရာသည်ပင်။ ဝေါ၊ တို့၏။ အာစရိယာ၊ သည်။ ဟောတု၊ ဖြစ်ပါစေ။ [ သင်တို့ရဲ့ နဂိုဆရာသည်ပင် ဆရာဖြစ်ပါစေ။ ငါက သင်တို့ကို တပည့်မလုပ်လိုပါ၊ ဟု မိန့်တော်မူလိုသည်။ နောက်၌ ဤသို့ အပြည့်အစုံပေးပါ။ ထူးရာ၌သာ ရေးပါမည်။ ]
ဥဒ္ဒေသာ၊ ကျမ်းစာကို သင်ယူခြင်းမှ။ ဝါ၊ သင်ယူအပ်သော ကျမ်းစာမှ။ နော၊ ငါတို့ကို။ စာဝေတုကာမော၊ ရွှေ့စေလိုသည်။ (ရွှေ့ပြောင်းလိုသည်)။ (ဟုတွာ)။
ပေ။ ယောဧဝ၊ အကြင်အရာသည်ပင်။ ဝေါ၊ တို့၏။ ဥဒ္ဒေသော၊ သင်ယူအပ်သော ကျမ်းတည်း။ သောဧဝ၊ ထို ဥဒ္ဒေသသည်ပင်။ ဝေါ၊ တို့၏။ ဥဒ္ဒေသော ဟောတု။ [ သင်တို့ သင်ယူနေကျ ကျမ်းစာသည် သင်တို့၏ ဥဒ္ဒေသ ဖြစ်ပါစေ။ တရားသဘော အစဉ်အလာကို သိစေလို၍သာ မိန့်သည်။ ငါဘုရားသည် ပါဠိတော်များကို သင်တို့အား သင်စေလို၍ မဟုတ်ပါ၊ ဟူလို။ ]
အာဇီဝါ၊ အသက်မွေးမှုမှ။ ပေ။ ယော ဧဝ၊ အကြင် အရာသည်ပင်။ ဝေါ၊ တို့၏။ အာဇီဝေါ၊ အသက်မွေးမှုတည်း။ သော ဧဝ၊ ထို အာဇီဝ သည်ပင်။ ဝေါ၊ တို့၏။ အာဇီဝေါ ဟောတု။
ယေ ဓမ္မော၊ အကြင် တရားတို့သည်။ သာစရိယကာနံ၊ ဆရာနှင့်တကွ ဖြစ်ကုန်သော။ နော၊ ငါတို့၏ (အယူ၌)။ အကုသလာ၊ အကုသိုလ်တို့တည်း။ အကုသလသင်္ခါတာ၊ အကုသိုလ်အဖို့အစုတို့တည်း။ ဝါ၊ အကုသိုလ်ဟုဆိုအပ်ကုန်သည်။ တေသု၊ ထို တရားတို့၌။ ပတိဋ္ဌာပေတုကာမော၊ တည်စေလိုသည်။ (ဟုတွာ)။ ပေ။ သာစရိယကာနံ၊ ကုန်သော။ ဝေါ၊ တို့၏ (အတွက်)။ တေဓမ္မာ၊ တို့သည်။
အကုသလာစေဝ၊ တို့သည်လည်းကောင်း။ အကုသလသင်္ခါတာစ၊ သို့သည်လည်းကောင်း။ (ဟောန္တု၊ ဖြစ်ပါစေကုန်)။ [ သင်တို့ နဂိုက အကုသိုလ်လို့ ဟူဆထားသော တရားများသည်ပင် အကုသိုလ် ဖြစ်ပါစေ၊ ဟု ဆိုလိုသည်။ ] ပေ။ ယေဓမ္မာ၊ တို့သည်။ သာစရိယကာနံ၊ ကုန်သော။
တေဟိ၊ ထို တရားတို့မှ။ ဝိဝေစေတုကာမော၊ ကင်းဆိတ်စေလိုသည်။ (ကင်းကွာစေလိုသည်။ ဟုတွာ)။ ပေ။ တေဓမ္မာ၊ တို့သည်။ သာစရိယကာနံ၊ ကုန်သော။ ဝေါ၊ တို့၏ (အတွက်)။ ကုသလာစေဝ၊ တို့သည် လည်းကောင်း။ ကုသလသင်္ခါတာစ၊ တို့သည်လည်းကောင်း။ ဟောန္တု။

နိဂြောဓ။ ဣတိ ခေါ၊ လျှင်။ အဟံ။ အန္တေဝါသီကမျတာ၊ တပည့်တို့ကိုလိုလားသူ၏အဖြစ်ကြောင့်။ ဧဝံ၊ သို့။ နေဝ ဝဒါမိ၊ မိန့်တော်မူနေသည် မဟုတ်။ ဥဒ္ဒေသာ၊ မှ။ စာဝေတုကာမောပိ၊ ရွေ့စေခြင်းငှါ (ရွေ့ပြောင်းခြင်းငှါ) အလိုရှိသည် ဖြစ်၍လည်း (ရွေ့ပြောင်းစေလို၍လည်း)။ ဧဝံ။ န ဝဒါမိ။ အာဇီဝေါ၊ မှ။ စာဝေတုကာမောပိ၊ ဖြစ်၍လည်း။ ပေ။ ယေ ဓမ္မာ၊ တို့သည်။ သာစရိယကာနံ၊ ကုန်သော။ ဝေါ၊ သင်တို့၏ (အယူ၌)။ အကုသလာ၊ တို့တည်း။ အကုသလသင်္ခါတာ၊ တို့တည်း။ တေသု၊ တို့၌။ ပတိဋ္ဌာပေတုကာမောပိ၊ တည်စေခြင်းငှါ အလိုရှိသည် ဖြစ်၍လည်း။ (တည်စေလို၍လည်း)။ ဧဝံ န ဝဒါမိ။ ယေ ဓမ္မာ၊ တို့သည်။ သာစရိယကာနံ၊ ကုန်သော။ ဝေါ၊ တို့၏ (အယူ၌)။ ကုသလာ၊ တို့တည်း။ ကုသလသင်္ခါတာ၊ တို့တည်း။ ဝိဝေစေတုကာမောပိ၊ ဖြစ်၍လည်း။ (ကင်းကွာစေလို၍လည်း)။ ဧဝံ န ဝဒါမိ။

''' **န ပိ**။ ။ ဤပုဒ်မျိုး၌ ပိကို ကြိယာနှင့် တွဲ၍ " န ပိ ဝဒါမိ၊ မိန့်တော်မူသည်လည်းမဟုတ် " ဤသ်ို့ ပေးရိုးရှိ၏။ ဤ၌ ကတ္တားနှင့် တွဲ၍ " စာဝေတုကာမောပိ= ရွေ့စေခြင်းငှါ အလိုရှိသည် ဖြစ်၍လည်း " ဟု ပေးလိုက်ပါသည်။ ဤ၌ " ဖြစ်၍ " သည် " ဟုတွာ " မထည့်ပဲ ထို အနက်ကို ယူ၍ ပေးထားသည်၊ ဟု မှတ်ပါ။

'''

နိဂြောဓ။ အပ္ပဟီနံ၊ မပယ်အပ်သေးကုန်သော။ သံ ကိလေသိကာ၊ ညစ်နွမ်းကြောင်း ကိလေသာရှိကုန်သော။ ဝါ၊ ညစ်နွမ်းကြောင်း ကိလောသာ၌ ယှဉ်ကုန်သော။ ပေါနော ဘဝိကာ၊ နောက်ထပ် ဘဝကို ပြုတတ်ကုန်သော။ ဝါ၊ ဘဝသစ်ကို ပြုတတ်ကုန်သော။ သဒရာ၊ ကိလေသာဟူသော ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သော။ [ အဋ္ဌကထာ၌ " သဒရထာ " ဟု ရှိ၏။ ] ဒုက္ခဝိပါကာ၊ ဆင်းရဲသော အကျိုးရှိကုန်သော။ အာယတိံ၊ နောင်အခါ၌။ ဇာတိ ဇရာ မရဏိယာ၊ ဇာတိ ဇရာ မရဏတို့၏ အစီးအပွား ဖြစ်ကုန်သော။ (ဇာတိ ဇရာ မရဏတို့၏ အကြောင်းဖြစ်ကုန်သော)။ အကုသလာ ဓမ္မာ၊ တို့သည်။ (တနည်း) အကုသလာဓမ္မာ၊ တဏှာတည်း ဟူသော အကုသိုလ် တရားတို့သည်။ သန္တိ စ ခေါ၊ ရှိကုန်သည်သာ။ [ အကုသလဓမ္မ မရ အကုသိုလ်စိတ် ၁၂ပါး။ (တနည်း) တဏှာကို ယူပါ။ ] ယေသံ၊ ယင် အကုသိုလ်တရားတို့ကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ (ပယ်ဖို့ရာ)။ အဟံ ဓမ္မံ ဒေသေမိ။

ယထာပဋိပန္နနံ၊ ယင်း (ဟောအပ်တိုင်းသော) အခြင်းအရာအားဖြင့်ကျင့်ကုန်သော။ ဝေါ၊ သင်တို့၏ (သန္တာန်၌)။ [ အဘိဝဍ္ဎိဿန္တိ၌စပ်။] ဝါ၊ သင်တို့သည်။ သံကိလေသသိကာ၊ ကုန်သော။ ဓမ္မာ၊ တို့ကို။ ပဟီယိဿန္တိ၊ ပယ်အပ်ကုန်လိမ့်မည်။ (ပယ်နိုင်ကြလိမ့်မည်)။ ဝေါဒါနီယာ၊ သတ္တဝါတို့ကို ဖြူစင်စေတတ်ကုန်သော။ ဝါ၊ ဖြူစင်ခြင်း၏ အစီးအပွားဖြစ်ကုန်သော။ ဓမ္မာ သမထဝိပဿနာတရားတို့သည်။ အဘိဝဍ္ဎိဿန္တိ၊ တိုးပွားကြလိမ့်မည်။ ပညာပါရိပုရိံ၊ မဂ်ပညာ၏ထက်ဝန်းကျင် ပြည့်စုံခြင်းကိုလည်းကောင်း။ ဝေပုလ္လတ္တဉ္စ၊ ဖိုလ်ပညာ၏ ကျယ်ပြန်သည်၏ အဖြစ်ကိုလည်းကောင်း။ (တနည်း) ပညာပါရိပူရိံ၊ မဂ်ပညာ ဖိုလ်ပညာ၏ ထက်ဝန်းကျင် ပြည့်စုံခြင်းကိုလည်းကောင်း။ ဝေပုလ္လတ္တဉ္စ၊ မဂ်ပညာ ဖိုလ်ပညာ၏ ပြန့်ကျယ်သည်၏ အဖြစ်ကိုလည်ကောင်း။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟူသော ပစ္စက္ခအတ္တဘော၌ပင်။ ဝါ၊ ဤ ဘဝ၌ပင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် သိ၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ၊ ပြီးစေ၍။ ဝါ၊ ရောက်၍။ ဝိဟရိဿထ၊ နေကြရလိမ့်မည်။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။

''' **ဇာတိ ဇရာမရဏိယာ စသည်**။ ။ ဇာတိ ဇရာမရဏာနံ+ ဟိတာတိ၊ ဇာတိ ဇရာမရဏိယာ။ သံကိလေသော+ ဧတ္ထ။ သံကိလေသေ ဝါ နိယုတ္တာတိ သံကိလေသိကာ။= ဋီကာ။

**ဝေါဒါနိယာ**။ ။ သတ္တေဝေါဒါပေန္တိကိုကြည့်၍ ဝေါဒါပေန္တီတိ ဝေါဒါနီယာ။ ဝ+ အဝ+ ဒါဓာတ်+ ကာရိုက်ကျေ။ ကတ္တားဟော အနီယ ဟု ကြံ။ ဋီကာ၌မူ ဝေါဒါပေန္တိကို အဓိပ္ပါယ်ဖွင့်ဟု ယူ၍ " ဝေါဒါနံ ဝုစ္စတိ ဝိသုဒ္ဓိ။ တဿ ပစ္စယ ဘူတ္တာ ဝေါဒါနိယာ "၊ ဟု ဖွင့်သည်။ ထို အလို ဝေါဒါနဿ+ ဟိတာ ဝေါဒါနိယာ= ဟု ဟိတ တဒ္ဓိတ်ပြု။ ဝေါဒါနိယာ= ဟု ရဿံရှိပါစေ။

'''

ဧဝံ၊ သို့။ ဝုတ္တေ၊ မိန့်တော် မူအပ်သော်။ မာရေန၊ မာရ်နတ်သည်။ ပရိယုဋ္ဌိတစိတ္တာ၊ ထက်ဝန်းကျင် လူယူအပ်သော စိတ်ရှိကုန်သည်။ ဝါ၊ လွှမ်းမိုး နှောက်ရှက်အပ်သော စိတ်ရှိကုန်သည်။ (ဟုတွာ)။ (နိသီဒန္တိ) ယထာ၊ ထိုင်နေကြသကဲ့သို့။ (ဧဝမေဝ၊ ဤအတူပင်)။ ဧတ ပရိဗ္ဗာဇကော၊ တို့သည်။ တုဏှီဘူတာ၊ ဆိတ်ဆိတ်ဖြစ်၍ ဖြစ်ကုန်သည်။ မင်္ကုဘူတာ၊ မျက်နှာ မသာမယာ ဖြစ်၍ဖြစ်ကုန်သည်။ ပတ္တက္ခန္ဓာ၊ အောက်သို့ကျသော ပခုံးရှိကုန်သည်။ (လည်ဂုတ်ရှိကုန်သည်)။ အဓော မုခါ၊ အောက်၌ မျက်နှာရှိကုန်သည်။ (ဟုတွာ)။ ပဇ္စ◌ျာယန္တာ၊ ကြံမှိုင်ကုန်လျက်။ (ဟိုဟို ဒီဒီ ကြံစည် ငေးမှိုင်လျက်)။ အပ္ပဋိဘာနာ၊ ရှေ့ရှု ထင်လာသော စကား မရှိကုန်ပဲ။ (စကားဆိုစရာ မရှိကြပဲ)။ နိသီဒိံ သု၊ ထိုင်နေကြရကုန်ပြီ။ [ ယယာ တံ မာရေန စသော စကားသည် ဥပမာစကားမဟုတ်, မာရ်နတ်က ထို ပရိဗိုဇ်တို့ကို အမှန်ပင် နှောက်ရှက်ထားသည်။ ]
အထခေါ၊ ထိုအခါ၌။ ဘဂဝတော၊ ၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ဖြစ်တော်မူပြီ။ (ကိံ)။
သဗ္ဗေဝိ၊ ကုန်သော။ ဣမေ မောဃပုရိသာ၊ ဤ စ◌ျာန်မဂ်ဖိုလ် မရှိသည့် အချည်းအနှီးသော ယောကျာ်းတို့ကို။ ပါပိမတာ၊ ယုတ်မာသောအလိုရှိသော မာရ်နတ်သည်။ ဝါ၊ ယုတ်မာသော မကောင်းမှုရှိသော မာရ်နတ်သည်။ ဖုဋ္ဌာ၊ ထိပါးနှိပ်စက်အပ်ကုန်ပြီ။
ယတြ၊ ယင်း ပရိဗိုဇ်တို့တွင်။ ကေဿပိ၊ တယောက်၏လည်း။ ဝါ၊ တယောက်မှလည်း။ ဧဝံ၊ ဤသို့သော အကြံသည်။ န ဟိ ဘဝိဿတိ နာမ၊ မဖြစ်ပါပေ။ (ကိံ၊ အဘယ်သို့ မဖြစ်သနည်း)။

ဟန္ဒ၊ ယခု။ မယံ၊ တို့သည်။ အညာဏတ္ထံပိ၊ သိခြင်း အကျိုးငှါလည်း။ သမဏေ ဂေါတမေ၊ ရဟန်းဂေါတမ (အထံ) ၌။ ဗြဟ္မစရိယံ၊ ကို။ စရာမ၊ ကျင့်ကြစို့။ သတ္တာဟော၊ ခုနစ်ရက်သည်။ (ရဟန်းဂေါတမ ပိုင်းခြားထားအပ်သော ထို ခုနစ်ရက်သည်)။ အမှာကံ၊ ငါတို့မှာ)။ ကိံ၊ အဘယ် မချမ်းသာမှုကို။ ကရိဿတိ၊ ပြုလိမ့်မည်နည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။ ဣတိ၊ ဤသို့ အကြံဖြစ်တော်မူပြီ။

''' ကိံ ကရိဿတိ သတ္တာဟော။ ။ ကိံ ဖြင့် အဖါသုကံကိုစွဲ။ "အမှာကံ " ဟု သမ္ဗန်ထည့်ပါ။ ရဟန်းဂေါတမ ပိုင်းခြားထားအပ်သော ခုနစ်ရက်သည် ငါတို့၏ တစုံတရာ မချမ်းသာမှုကို ပြုနိုင်မှာလဲ။ ခုနစ်ရက်လောက်နဲ့တော့ ဆင်းရဲမသွားပါ။ ခုနစ်ရက်အတွင်း တရားရနိုင် မရနိုင် သိရအောင် ကျင့်ကြည့်ကြစို့။ ဤသို့ ဆိုလိုသည်။

**တနည်း**။ ။ ကိံ၊ အဘယ်ကို။ (ဘာကို)" ဟု စွဲ။ " ဧတေသ= ဤ ပျင်းရိသော ပရိဗိုဇ်တို့၏" ဟု သမ္ဗန်ထည့်ပါ။ ဧတေသံ= ဤ ပျင်းရိသော ပရိဗိုဇ်တို့၏ (အတွက်)။ သတ္တာဟော= ခုနစ်ရက်သည်။ ကိံ= အဘယ်ကို။ ကရိဿတိ= ပြုနိုင်လိမ့်မည်နည်း။ (ကိံကရိဿတိ= ဘာလုပ်နိုင်မည်နည်း)။ ဤသို့ အနက်ပေးပါ။

**ဆိုလိုရင်း**။ ။ တရားသိဖို့ရန် ရဟန်းဓေါတမအထံ၌ မြတ်သောအကျင့်ကို ကျင့်ကြစို့၊ ဟု တရက်တလေတောင်မှ စိတ်မဖြစ်ကြ။ ပျင်းရိသော ထို ပရိဗိုဇ်တို့အတွက် ခုနစ်ရက်ကျင့်ဖို့ဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ= ဟူလို။

'''

အထခေါ၊ ၌။ (အကြံဖြစ်တော်မူပြီးရာ ထိုအခါ၌)။ ဘဂဝါ။ ဥဒုမ္ဗရိကာယ၊ ၏။ ပရိဗ္ဗာဇကာရာမေ၊ ၌။ သီဟနာဒံ၊ မြတ်သောစကားသံကို။ ဝါ၊ မရွံ့မကြောက် ခြ‌‌ေင်္သ့ဟောက်သို့ ရဲရဲတောက် အသံကို။ (ခြ‌ေင်္သ့မင်း၏ ဟောက်ခြင်းအလားကြောက်ရွံ့ခြင်းကင်း ရဲတင်းသော စကားကို)။ န ဒိတွာ၊ မိန့်မြွက်တော်မူပြီး၍။ ဝေဟာသံ၊ ကောင်းကင််သို့။ အဗ္ဘုဂ္ဂန္တွာ၊ ရှေးရှု တက်သွား၍။ ဂိဇ္စ◌ျကူဋေ၊ သော။ ပဗ္ဗတေ၊ ၌။ ပစ္စုဋ္ဌာသိ၊ တဖန် တည်နေတော်မူပြီ။
သန္ဓာနော၊ သော။ ဂဟပတိ ပန၊ သည်ကား။ တာဝဒေဝ၊ ထို ခဏ၌ပင်။ ရာဇဂဟံ၊ သို့။ ပါဝိသိ၊ ဝင်သွားပြီ။ ဣတိ၊ သို့။ သုတံ၊ နာယူမှတ်သား ဆောင်ထားအပ်ပါပြီ။ [ ဧဝံ သုတံမှ သုတံသို့ ပြန်လှည့်သည်။ ] ဣတိ၊ ဥဒုမ္ဗရိကသုတ် အပြီးတည်း။ [ ဣတိတလုံး အကျေကြံပါ။ ] ဒုတိယံ၊ နှစ်သုတ်မြောက်ဖြစ်သော။ ဥဒုမ္ဗရိကသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီးပြီ။