Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
莊春江讀經站
繁体中文
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

Itthipurisaliṅgapātubhāvo

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝါသေဋ္ဌ၊ ယထာ ယထာ၊ ဖြင့်။ တေ သတ္တာ၊ အကဋ္ဌပါကံ၊ သော။ သာလိံ၊ သလေးဆန်ကို။ ပရိဘုဉ္ဇန္တာ။ပေ။ ပညာယိတ္ထု။ [ပုဒ်စဉ် ၁၂၂- ကြည့်] ဣတ္ထိယာစ၊ မိန်းမ၏လည်း။ (ရှေးရှေးဘဝက မိန်းမဖြစ်ခဲ့ဖူးသူ၏လည်း။) အမှာ။ ။ "ယံတံ-အကြင် သလေးဆန်ကို"ဟု ရှေးနိဿယ၌ ပေး၏၊ ဤ၌ကား "ပက္ကံ ပဋိဝိရုဠှံ နာပဒါနံ"တို့ကို ထောက်၍ "သလေးကောက်ပင်"ဟု ပေးလိုက်ပါသည်၊ မှန်၏၊- "ပြန်၍ ပေါက်နေသည်"ဟု ဆိုသဖြင့် သလေးဆန်သီးသက်သက်သီးသောကောက်ပင် ရှိရပေဦးမည်၊ သို့မှလည်း ရိတ်စရာ ကောက်ပင်ရှိ၍ ရိတ်ထားအပ်သော နေရာမှာပင် ပြန်ပေါက်နေသဖြင့် ရိတ်မထားသလို ဖြစ်နေပေမည်၊ ရိတ်သူက စပါးနှံ(ဆန်သီးနှံ)သက်သက်ကို ရိတ်သည်ဖြစ်စေ, အပင်အခြေက ရိတ်သည်ဖြစ်စေ, သတ္တဝါများ၏ ကံအစွမ်းကြောင့် အစားပြန်ပေါက်၍ အဆင်သင့်ချက်ဖို့ရာဖွဲ ဆန်ကွဲ မပါသော ဖြူဖြူဖွေးဖွေး ဆန်သီးကလေးတွေ သီး၍ မှည့်ရင့်နေပေမည်။ [အကဋ္ဌပါကော၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။] ဣတ္ထိလိင်္ဂံ၊ ဣတ္ထိလိန်သည်လည်းကောင်း။ (မိန်းမ၏ ဘာဝရုပ်နှင့်တကွအသွင်အပြင်သည်လည်းကောင်း။) ပုရိသဿစ၊ ၏လည်း။ (ရှေးရှေးဘဝကယောကျ်ားဖြစ်ခဲ့ဖူးသူ၏လည်း)။ ပုရိသလိင်္ဂံ၊ သည်လည်းကောင်း။ (ပုရိသဘာဝရုပ်နှင့်တကွ အသွင်အပြင်သည်လည်းကောင်း)။ ပါတုရဟောသိ။
ဣတ္ထီစ၊ သည်လည်း။ ပုရိသံ၊ ကို။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍။ (ကြည့်သင့်သော အတိုင်းအတာကိုလွန်၍)။ ဥပနိဇ္ဈာယတိ၊ ကပ်၍ ကြည့်ရှု၏။ (မျက်လုံးကို ထိုအာရုံမှ မခွါဘဲ စူးစူးစိုက်စိုက် ကြည့်၏။) ပုရိသောစ၊ သည်လည်း။ ဣတ္ထိံ၊ ကို။ (အတိဝေလံ ဥပနိဇ္ဈာယတိ)။
တေသံ၊ ထိုသူတို့၏။ (သာရာဂေါ၌စပ်)။ ဝါ၊ တို့သည်။ အတိဝေလံ၊ ၍။ အညမညံ၊ အချင်းချင်း။ (တစ်ယောက်ကို တစ်ယောက်)။ ဥပနိဇ္ဈာယတံ၊ ကပ်၍ကြည့်ရှုကုန်လသော်။ (တစ်စိမ့်စိမ့် စိုက်ကြည့်ကုန်လသော်။) သာရာဂေါ၊ လွန်စွာ တက်မက်မှုသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။ ပရိဠာဟော၊ ရာဂ ပူလောင်မှုသည်။ ကာယသ္မိံ၊ ၌။ ဩက္ကမိ၊ ရောက်လာပြီ။ (ဖြစ်ပြီ)။
တေ၊ တို့သည်။ ပရိဠာဟပစ္စယာ၊ ရာဂပူလောင်ခြင်းဟူသောအကြောင်းကြောင့်။ မေထုနံ ဓမ္မံ၊ မေထုန်အကျင့်ကို။ ပဋိသေဝိံသု၊ မှီဝဲကြကုန်ပြီ။
ဝါသေဋ္ဌ၊ တေန သမယေန၊ ၌။ (ထို ကမ္ဘာဦးအခါ၌)။ ယေသတ္တာ၊ တို့သည်။ မေထုနံ ဓမ္မံ၊ ကို။ ပဋိသေဝန္တေ၊ မှီဝဲနေသူတို့ကို။ ပဿန္တိ၊ မြင်ကုန်အံ့။ အညေ၊ အခြားသူတို့က။ ပံသုံ၊ မြေမှုံကို။ ခိပန္တိ၊ ပစ်ကုန်၏။ အညေ၊ သေဋ္ဌိံ၊ ပြာကို။ဘာဝရုပ်ဖြစ်ပုံ။ ။ ဗြဟ္မာ့ပြည်သို့ မရောက်ခင်တုန်းက မိန်းမဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ်ဖြစ်ပေါ်လာသည်၊ ထို၏ အကျိုးဆက်ဖြစ်သော ကျင်ကြီးကျင်ငယ် လမ်းပေါက်များနှင့် မိန်းမအမူအရာ အသွင်သဏ္ဌာန်များလည်း ပေါ်ပေါက် လာပေမည်။
ကျင်ကြီး ကျင်ငယ်လမ်း။ ။ မှန်၏- မြေဆီ မြေလွှာ မြေနွယ်တို့ကို စားသုံးရာအခါဝယ် ခန္ဓာကိုယ်၌ အဆီအသားဖြစ်ပြီးနောက် အဖတ် အကာ အနည်းငယ်သာကြွင်းကျန်၏၊ ထို အဖတ် အကာများလည်း ဝမ်းမီးလောင်ရုံဖြင့် ကုန်ခန်းနိုင်ကြသည်၊ သလေးထမင်းကို စားသည့်အခါ၌မူ ဝမ်းမီးလောင်ရုံမျှဖြင့် မကုန်နိုင်ဘဲ အရည်အဖတ် (ကျင်ကြီး ကျင်ငယ်) များစွာ ကြွင်းကုန်နေ၏၊ ကမ္ဘာဦး လူဖြစ်စက ကျင်ငယ်လမ်း ကျင်ကြီးလမ်းများ မပါချေ၊ ယခုအခါ ခန္ဓာကိုယ်တို့၏ အတွင်းမှာရှိသော ဝါယောဓာတ်က ထို အရည်အဖတ်များကို မှုတ်ထုတ်နေပြီ၊ သို့ဖြစ်၍ အရည် အဖတ်များ ထွက်ဖို့ရာ ကျင်ငယ်လမ်းပေါက် ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်ရပေသည်။
မေထုနံ။ ။ "ရာဂထကြွခြင်းအားဖြင့် အချင်းချင်းအလိုတူသူတို့၏ ဥစ္စာဖြစ်သော၊ ဝါ- မေထုန်ဖြစ်သော၊ ဓမ္မံ- အကျင့်ကို" ဟု သဒ္ဒတ္ထဆိုပါ၊ မေထုနံဓမ္မံ- မေထုန်အကျင့်ကိုဟု အလွယ်ဆိုထားသည်။
ခိပန္တိ၊ အညေ၊ ဂေါမယံ၊ နွားချေးကို။ ခိပန္တိ၊ (ကိံ၊ အဘယ်သို့ ပြော၍ပစ်ကုန်သနည်း။)
အသုစိ၊ မစင်ကြယ်သူ (ညစ်ပတ်သူ)။ နဿ၊ ပျက်စီးပေတော့။ အသုစိ၊ သူ။ နဿ၊ တော့။
ဣတိ၊ ဤသို့ပြော၍ ပစ်ကြကုန်၏။ ကထံဟိ၊ အဘယ့်ကြောင့်။ သတ္တော၊ သတ္တဝါတစ်ယောက်သည်။ သတ္တဿ၊ အခြားသတ္တဝါတစ်ယောက်၏အပေါ်၌။ ဧဝရူပံ၊ ဤသို့ သဘောရှိသောအမှုကို။ ကရိဿတိနာမ၊ ပြုရဘိသနည်း။ (ပြုရပါလိမ့်)။ ဣတိ၊ ဤသို့လည်း ပြောကြကုန်၏။ တံ၊ ထို မြေမှုံကိုပစ်ခြင်း အစရှိသည်ကို။ ဝါ၊ ထိုမြေမှုံဖြင့်ပစ်ခြင်း အစရှိသည်ကို။ (ထိုခဲပေါက်မှုကို)။ အနုဂန္တွာ၊ အစဉ်လိုက်၍။ (အတုလိုက်၍)။
ဧတရဟိပိ၊ ၌လည်း။ မနုဿာ၊ ဧကစ္စေသု၊ တစ်ချို့ကုန်သော။ ဇနပဒေသု၊ ဇနပုဒ်တို့၌။ (နယ်တို့၌)။ ဝဓုယာ၊ ချွေးမကို။ နိဗ္ဗုယှမာနာယ၊ ဆောင်ယူအပ်သော်။ (မင်္ဂလာဆောင်ရာအခါ၌။) အညေ။ပေ။ ခိပန္တိ။ပေ။ အာဇာနန္တိ။ [ပုဒ်စဉ် (၁၂၂) ပြန်ကြည့်။]