Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

ဒသဝဿာယုကသမယ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒသဝဿာယုကသမယ၊ အဖွင့်။

ဘိက္ခဝေ။ ယံ၊ အကြင်အခါ၌။ ဣမေသံ မနုဿာနံ၊ တို့၏။ ဒသဝဿယုကာ၊ တယ်နှစ်အသက်ရှိကုန်သော။ ( ရှည်ကုန်သော )။ ပုတ္တာ၊ သားသ္မီးတို့သည်။ ဘဝိဿန္တိ၊ ဖြစ်ကြလိမ့်မည်။ သော သမယော၊ ထို အခါသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။ မနုဿေသု၊ တို့သည်။ ဒသဝဿာယုကေသု၊ ဆယ်နှစ်အသက်တမ်း ရှိကုန်လသော်။
ဝါ၊ ဆယ်နှစ် အသက်တမ်းရှိရာအခါတို့၌။ ပဉ္စဝဿိကာ၊ ငါးနှစ် အသက်ရှိကုန်သော။ ( ငါးနှစ်အရွယ် ရှိကုန်သော )။ ကုမာရိကာ၊ အမျိုးသမီးတို့သည်။ အလံ ပတေယျာ၊ လင်အား ထိုက်တန်ကုန်သည်။ ( လင် ပေးစားထိုက်ကုန်သည် )။ ဘဝိဿန္တိ။
ပေ။ ဣမာနိ ရသာနိ၊ ဤ အရသာတို့သည်။ အန္တရဓာယိဿန္တိ၊ ကွယ်ပျောက်ကြလိမ့်မည်။ သေယျထိဒံ၊ ထို အရသာတို့ ဟူသည် အဘယ်နည်း။ သပ္ပိ၊ ထောပတ်။ နဝနီတံ၊ ဆီဦး။ တေလံ၊ ဆီ။ မဓု၊ ပျားရည်။ ဖာဏိတံ၊ တင်လဲ။ လောဏံ၊ ဆား။
ပေ။ ကုဒြူသကော၊ လူးသည်။ ဘောဇနာနံ၊ ဘောဇဉ်တို့တွင်။ အဂ္ဂံ၊ အမြတ်ဆုံးသည်။ ( အကောင်းဆုံးသည် )။ ဘဝိဿတိ။
ဘိက္ခဝေ ဧတရဟိ၊ ယခုအခါ၌။ သာလိမံသောဒနော၊ အသားဖြင့် သွန်းလောင်း ထည့်ခပ်အပ်သော သလေး ထမင်းသည်။ ( အသား ရောပြွမ်း ဒံပေါက်ထမင်းသည် )။ ဘောဇနာနံ၊ တို့တွင်။
အဂ္ဂံ သေယျထာပိ၊ အမြတ်ဆုံ ( အကောင်းဆုံး ) ဖြစ်သကဲ့သို့။ ပေ။ ဘဝိဿတိ။ [ သလေး ဟူသည် ကောက်ကြီးစပါး တမျိုးတည်း အကျယ်ကို အဘယာရာမ ဆရာတော်၏ အဘိဓာန် နိဿယသစ်၌ ကြည့်ပါ။ ]
ဘိက္ခဝေ။ ပေ။ ဒသ၊ ဆယ်ပါးကုန်သော။ ကုသလကမ္မပထာ၊ ကုသလကမ္မပထတို့သည်။ သဗ္ဗေန၊ အလုံးစုံအားဖြင့်။ သဗ္ဗံ၊ အလုံးစုံ အကုန်စင်။ ( တနည်း )။ သဗ္ဗေန သဗ္ဗံ၊ အခါခပ်သိမ်း။ အန္တရဓာယိဿန္တိ၊ ကွယ်ပျောက်ကြလိမ့်မည်။ ဒသ။ အကုသလကမ္မပထာ၊ တို့သည်။ အတိဗျာဒိပ္ပိဿန္တိ၊ အလွန်အကဲ ထွန်းကားကြလိမ့်မည်။
ပေ။ ကုသလန္တိပိ၊ ကုသိုလ်ဟူသော အမည်သည်လည်း။ န ဘဝိဿတိ၊ ဖြစ်တော့မည်မဟုတ်။ ( ကုသိုလ်ဟူသော စကားသော်မှ ရှိတော့မည် မဟုတ် )။ ကာသလဿ၊ ကုသိုလ်ကို။ ကာရကော၊ ပြုမည့်သူသည်။ ကုတောပန၊ အဘယ်မှာ ရှိတော့မည်နည်း။
ပေ။ ယေတေ၊ အကြင်သူတို့သည်။ အမတ္တေယျာ၊ အမေ၏ စီးပွား မဟုတ်သူတို့သည် လည်းကောင်း။ အပေတ္တေယျာ၊ အဖ၏စီးပွား မဟုတ်သူတို့သည် လည်းကောင်း။ အဗြာဟ္မညာ၊ ဗြဟ္မဏ ( မြင့်မြတ်သူ ) ၏ စီးပွား မဟုတ်သူတို့သည် လည်းကောင်း။ ကုလေ၊ ၌။ နဇေဋ္ဌာပစာယိနော၊ ကြီးသူတို့အား ရိုသေလေးစားလေ့ မရှိသူတို့သည်လည်းကောင်း။ ဘဝိဿန္တိ။ တေ၊ ထိုသူတို့သည်။ ပုဇ္ဇာစ၊ ပူဇော်ထိုက်ကုန်သည်လည်းကောင်း။ ( အပူဇော်ခံရကုန်သည်လည်းကောင် )။ ပါသံသာစ၊ ချီးမွမ်းထိုက်ကုန်သည်လည်းကောင်း။ ( ချီးမွမ်းခံရကုန်သည်ည်းကောင်း )။ ဘဝိဿန္တိ။
ဘိက္ခဝေ။ ဧတရဟိ၊ ၌။ မတ္တေယျာ၊ အမေ၏ စီးပွားဖြစ်သူတို့သည်။ ပေ။ ကုလေ၊ ၌။ ဇေဋ္ဌာပစာယိနော၊ ကြီးသူတို့အား ရိုသေလေးစားလေ့ ရှိသူတို့သည်။ ပုဇ္ဇာစ။ ပါသံသာစ။ ( ဟောန္တိ ) သေယျာထာပိ၊ ဖြစ်ကြသကဲ့သို့။ ဧဝမေဝ။ ပေ။ ပါသံသာစ။
ဘိက္ခဝေ။ ပေ။ မာတာတိဝါ၊ အမေဟူ၍ သော်လည်းကောင်း။ ( ဤသူသည် ငါ၏ အမေဟူ၍သော်လည်းကောင်း )။ မာတုစ္ဆာတိဝါ၊ အမေ၏ ညီမ အမဟူ၍ သော်လည်းကောင်း။ ( မိထွေး, မိကြီ )။ မာတုလာနီတိဝါ၊ ဦးကြီး ( ဦးလေး ) ၏ ဇနီးဟူ၍လည်းကောင်း။ အာစရိယဘရိယာတိဝါ၊ ဆရာ၏ဇနီးဟူ၍သော်လည်းကောင်း။ ဂရုနံ၊ လေးစားထိုက်သူတို့၏။ ( ဘကြီး, ဘထွေး စသူတို့၏ )။ ဒါရာတိဝါ၊ ဇနီးတို့ဟူ၍လည်းကောင်း။ န ဘဝိဿတိ၊ ဖြစ်လိမ့်မည်မဟုတ်။ ( လေးစားသောစိတ် ြဖစ်လိမ့်မည်မဟုတ် )။
အဇေဋ္ဌကာ၊ ဆိတ်, သိုးတို့သည်လည်းကောင်း။ ကုက္ကဋသူကရာ၊ ကြက် ဝက်တို့သည် လည်းကောင်း။ သောဏသိင်္ဂါလာ၊ အိမ်ခွေး တောခွေးတို့သည်လည်းကောင်း။ သမ္ဘေဒံ၊ ရာဂ၏ အစွမ်းဖြင့် ပေါင်းဖေါ်ခြင်းသို့။ ဝါ၊ စည်းကမ်းအပိုင်းအခြား ပျက်ခြင်းသို့။ ( ဂစ္ဆန္တိ ) ယထာ၊ ရောက်ကုန်သတဲ့သို့။ ဧဝံ။ လောကော၊ လူအပေါင်းသည်။ သမ္ဘေဒံ၊ သို့။ ဂမိဿတိ၊ ရောက်လိမ့်မည်။
ဘိက္ခဝေ။ ပေ။ တေသံ သတ္တာနံ၊ တို့၏။ အညမညမှိ၊ အချင်းချင်း(အပေါ် )၌။ တိဗ္ဗော၊ ထက်မြက် အားကြီးသော။ အာဃာတော၊ စိတ်ကို လွန်စွာထိပါးနှိပ်စက်တတ်သော ဒေါသသည်။ ဝါ၊ ရန်ညိုးသည်။ ပစ္စုပဋ္ဌိတော၊ ရှေ့ရှုတည်သည်။ ဝါ၊ အကြိမ်ကြိမ်အဖန်ဖန် တည်သည်။ ဘဝိဿတိ။ တိဗ္ဗော၊ သော။ ဗျာပါသော၊ ဗျာပါဒသည်။ ( မိမိ သူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာကို ဖျက်စီးတတ်သောဒေါသသည်။) တဗ္ဗော။ မနောပဒေါသော၊ စိတ်ကို ဖျက်စီးတတ်သော ဒေါသသည်။ တိဗ္ဗံ။ ဝဓကစိတ္တံ၊ သတ်ကြောင်းစိတ်သည်။ ( သတ်လိုသော စိတ်သည် )။ ( ပစ္စုပဋ္ဌိတံ ဘဝိဿတိ )။
မာတုပိ၊ အမေ၏လည်း။ ပုတ္တမှိ၊ သားအပေါ်၌လည်းကောင်း။ ပုတ္တဿပ ၏လည်း။ မာတရိ၊ အမေအပေါ်၌လည်းကောင်း။
ပိတုပိ၊ အဖေ၏လည်း။ ပုတ္တမှိ၊ ၌လည်းကောင်း။ ပုတ္တဿပိ၊ ၏လည်း။ ပိတရိ၊ အဖေအပေါ်၌လည်းကောင်။
ဘာတုပိ၊ ညီ ( အကို ) ၏လည်း။ ဘဂိနိယာ၊ အမ ( နှမ ) အပေါ်၌လည်းကောင်း။ ဘဂိနိယာပိ၊ ၑလည်း။ ဘာတရိ၊ မောင်ကြီး မောင်လေး အပေါ်၌လည်းကောင်း။ တိဗ္ဗော။ အာဃာတော ပစ္စပဋ္ဌိတော ဘဝိဿတိ။ ပေ။ မာဂဝိကဿ၊ သားမုဆိုး၏။ ( သားကောင်တို့ကိုသတ်ဖြတ်၍ အသက်မွေးသော မုဆိုး၏ )။ မိဂဲံ၊ သားကောင်ကို။ ဒိသွာ၊ မြင်လျှင်။ တိဗ္ဗော၊ သော။ အာဃာတော၊ သည်။ ပစ္စုပဋ္ဌိတော၊ သည်။ ဟောတိ သေယျထာပိ၊ ကဲ့သို့။ ပေ။ ဝဓကစိတ္တံ၊ သည်။ ( ပစ္စုပဋ္ဌိတံ။ ဟောတိ။ ) သေယျထာပိ၊ ကဲ့သို့။ ဧဝမေဝ။ ပေ။ ဝဓကစိတ္တံ (ပစ္စုပဋ္ဌိတံ ဘဝိဿတိ )။
ဘိက္ခဝေ။ ပေ။ သတ္တာဟံ၊ ခုနစ်ရက်လုံးလုံး။ သတ္ထန္တရကပ္ပေါ၊ သတ္တန္တရကပ်သည်။ ( လက်နက်ကြောင့် ကမ္ဘာပျက်ချိန်မရောက်မီ အကြား၌ သတ္တဝါ အပေါင်း၏ ပျက်စီးခြင်းသည် )။ ဘဝိဿတိ။
တေ၊ ထို လူတို့သည်။ ( ဆယ်နှစ်သက်တမ်း ရှည်သောကာလ၌ ဖြစ်ကြသောလူတို့သည် )။ အညမညမှိ၊ ၌။ မိဂသညံ၊ သားကောင် ဟု ဖြစ်သော အမှတ်ကို။ ပဋိလဘိဿန္တိ၊ ရကြလိမ့်မည်။ [ ဒေါသကြောင့် တယောက်နှင့် တယောက်လူဟု မထင်တော့ပဲ သတ်ဖြတ်စရာ တိရစ္ဆာန်လောက်သာ ထင်ကြလိမ့်မည်၊ ဟု ဆိုလိုသည်။ ]
တေသံ၊ တို့၏။ ဟတ္ထေသု၊ လက်တို့၌။ တိဏှာနိ၊ ထက်မြက်ကုန်သော။ ( အစွမ်းထက်ကုန်သော )။ သတ္တာနိ၊ လက်နက်တို့သည်။ ပါတုဘဝိဿန္တိ၊ ထင်ရှားဖြစ်ကြလိမ့်မည်။
တေ၊ တို့သည်။ တိဏှေန၊ ထက်မြက်သော။ သတ္ထေန၊ ဖြင့်။ ( ဝေါရောပေဿန္တိ၊ ၌စပ် )။ ဧသ၊ ဤအကောင်သည်။ မိဂေါ၊ သားကောင်တည်း။ ( အမဲကောင်တည်း )။ ဧသ၊ သည်။ မိဂေါ၊ တည်း။ ဣတိ၊ ဤသို့ပြောပြီ။၊ အညမညံ၊ အချင်းချင်း။ ဇီဝိတာ၊ ဇီဝိတိန္ဒြမှ။ ( အသက်မှ )။ ဝေါရောပေဿန္တိ၊ ခွဲကြလိမ့်မည်။ [ အသက်မှ ခန္ဓာကိုယ်ကို ခွဲပစ်ကြလိမ့်မည်၊ ဟု ဆိုလိုသည်။ ]
ဘိက္ခဝေ။ အထခေါ၊ ၌။ ( အချင်းချင်း သတ်ဖြတ်ကြရာ ထိုအခါ၌ )။ ဧကစ္စာနံ၊ အချို့ ကုန်သော။ တေသံ သတ္တာနံ၊ တို့၏။ ဧဝံ၊ ဤ အကြံသည်။ ဘဝီဿတိ။ ( ကိံ၊ အဘယ်သို့ ဖြစ်လိမ့်မည်နည်း )။
မယံ စ၊ ငါတို့သည်လည်း။ ကဉ္စိ၊ တစုံတယောက်ကို။ ( ဇီဝိတာ၊ အသက်မှ )။ မာ ( ဝေါရောပယိမှာ )၊ မခွဲလိုကုန်။ အမှေစ၊ တို့ကိုလည်း။ ကောစိ၊ တစုံတယောက်က။၊ ( ဇီဝိတာ၊ မှ။ မာဝေါရောပယိ၊ မခွဲပါစေနှင့် )။ [ အဋ္ဌကထာ၌ အဇ္ဇတ္တနီ ( အာ ) ကို တ္ထ ပြ၍ "ဝေါရောပယိတ္ထ" ဟု ရှိ၏။ ဤ၌ သာ၍ရှင်းအောင် အဇ္ဇတ္တနီ ဤဖြင့် ဂဝေါရောပယိ" ဟု ပါဌသေသထည့်သည်။ ]

မယံ။ တိဏဂဟနံဝါ၊ မြက်တို့ဖြင့် ရှုပ်ထွေးသော အရပ်သို့သော်လည်းကောင်း။ ( မြက်ချုံသို့သော်လည်းကောင်း )။ ဝနုဂဟနံဝါ၊ တောတို့ဖြင့် ရှုပ်ထွေးသော အရပ်သို့သော်လည်းကောင်း။ ရုက္ခဂဟန၊ သစ်ပင်တို့ဖြင့် ရှုပ်ထွေးသောအရပ်သို့သော်လည်းကောင်း။ နဒိဝိဒုဂ္ဂံဝါ၊ မြစ်တို့၏ အထူးအသွားအလာခက်သော အရပ်သို့သော်လည်းကောင်း။ [ မြစ်လယ် ကျွန်းများ ။ ] ဝါ၊ မြစ်တို့ဖြင့် အထူးအသွားအလာခက်သော အရပ်သို့သော်လည်းကောင်း။ ( မြစ်နှစ်မြစ်, ချောင်းနှစ်ချောင်းစသည်တို့၏အကြားအရပ် )။ ပဗ္ဗတဝိသမံဝါ၊ တောင်တို့ဖြင့် မညီညွတ်သော အရပ်သို့သော်လည်းကောင်း။ [ တောင်ကြီးတလုံး၌ အခေါင်းချောက် ဖြစ်နေသောအရပ်။ ] ပဝိသိတွာ၊ ဝင်၍။ ဝနမူလဖလာဟာရာ၊ တော၌ဖြစ်သော သစ်မြစ် သစ်သီးဟူသော အာဟာရ ရှိကုန်သည်။ ( ဟုတွာ )။ ယံ နူန ယာပေယျာမ၊ အကယ်၍ရှည်သော ကာလသို့ ရောက်စေကြရပါမူ ကောင်းလေစွ။ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ တေ၊ ထိုသတ္တဝါတို့သည်။ တိဏဂဟနံဝါ။ ပေ။ ယာပေဿန္တိ၊ ရှည်သောကာလသို့ ရောက်စေကြလိမ့်မည်။ [ ဝနဂဟနံဝါ စသည်တို့၏ အဖွင့်ကို ဘာသာဋီကာ ၁၂၉-၌ပြထားပြီ။ ]

''' **တိဏှာနိ သတ္ထာနိ**။ ။ ဤပါဠိတော်၌ ဆယ်နှစ် အသက်တမ်းရှိရာ ကာလဝယ် အစွမ်ူထက်သော လက်နက်များ အထင်အရှား ဖြစ်ကြလိမ့်မည်၊ ဟု ဟောတော်မူထား၏။ ယခုအချိန်မှာပင် နိုင်ငံတိုင်းလိိုလို ထို အစွမ်းထက်သော လက်နက်များ ပိုင်ဆိုင်နေကြပြီ။ ထို့ပြင် အဋ္ဌကထာ၌ ဆယ်နှစ်တမ်း ကာလဝယ် မည်သည့် အရာဝတ္ထုမဆို ကိုင်လိုက်လျှင် ( သစ်ရွက်ပင် ဖြစ်ပစေ ) အားလုံး လက်နက်ဖြစ်ကြလိမ့်မည်= ဟု မိန့်သည်။ ထိုခေတ်၌ လက်နက်များ အလွန်ပေါကြောင်း, အလွယ်တကု ရနိုင်ကြောင်း, ဒေါသကြောင့် မည်သို့မှ မစဉ်းစားတော့ပဲ တွေ့ရာမြင်ရာ ကိုင်စွဲ၍ ဆ တိုက်ခိုက် သတ်ဖြတ်ကြမည် ဖြစ်ကြောင်းကို ပြလိုရင်း ဖြစ်သည်။

'''

တေ၊ တို့သည်။ ၆တဿ သတ္တာဟဿ၊ ထို ခုနစ်ရက်၏။ အစ္စယေန၊ ကျော်လွန်ရာအခါ၌။ ပဗ္ဗတဝိသမာ၊ မှ။ နိက္ခမိတွာ၊ ထွက်လာ၍။ အညမညံ၊ အချင်းချင်း။ အာလိင်္ဂိတွာ၊ လည်ပင်း ဖက်၍။ သဘာဂါယိဿန္တိ၊ အသက်ရှည်မှုအားဖြင့် သဘောတူသူ ( ညီညွတ်သူ ) တို့ကို ပုကြလိမ့်မည်။ ( အသက်ရှည်မှုအားဖြင့် သဘောတူအောင် ပြုကြလိမ့်မည် )။ မသဿာသိဿန္တိ၊ သက်သာရာ ရကြလိမ့်မည်။ ( ကိံ၊ အဘယ်သို့ သက်သာရာ ရကြလိမ့်မည်နည်း )။
ဘော၊ အမောင်တို့။ သတ္တာ၊ သေကျေပျက်စီးသော သတ္တဝါတို့ကို။ ဒိဋ္ဌာ၊ တွေ့မြင်အပ်ကုန်ပြီ။ ဇီဝသိ၊ အသက်ရှင်သေးတယ်နော်။ ဘော။ သတ္တာ၊ တို့ကို။ ဒိဋ္ဌာ၊ ကုန်ပြီ။ ဇီဝသိ၊ နော်။ ဣတိ၊ ဤသို့ပြော၍ သက်သာရာ ရကြလိမ့်မည်။