ဝါသေဋ္ဌဘာရဒွါဇ၊ အဖွင့်။
ဝါ၊ မဟာဗြဟ်မာ၏ ခြေထောက်မှ မွေးဖွားကုန်သော။ သမဏကေ၊ ရဟန်းစုတ်တို့ကို။ အဇ္စ◌ျုပဂတာ၊ ကပ်ရောက်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ [ " ယဒိဒံ " အနက်မရှိ။ ] တုမှေ၊ တို့သည်။ သမဏကေ၊ တို့သို့။ အဇ္စ◌ျုပဂတာ၊ ကုန်သည်။ ယံ အတ္ထ၊ အကြင် ဖြစ်ကုန်၏။ တယိဒံ၊ ထိုသို့ ဖြစ်ခြင်းသည်။ ( ထိုသို့ ရဟန်းစုတ်တို့ကို ကပ်ရောက်ခြင်းသည် )။ န သာဓု၊ မကောင်း။ တယိဒံ၊ သည်။ န ပဋိရူပံ၊ မသင့်တော်။ ဣတိ၊ ဤသို့ ပြောကြပါပြီ။ ဘန္တေ။ ဧဝံ ခေါ၊ ဤသို့လျှင်။ ဝါ၊ ဤနည်းဖြင့်။ နော၊ တို့ကို။ ပေ။ ပရိဘာသန္တိ။ ဣတိ၊ ပြီ။
''' **ယဒိဒံ**။ ။ ဤပုဒ်ကို အနက်မရှိကြံ၍ ပေးလိုက်သည်။ " အနက်ရှိသည်" ဟု ယူလျှင် "မုဏ္ဍာကာ၊ ကုန်သော။ ဣဗ္ဘာ= ကုန်သော။ ကဏှာ= ကုန်သော။ ဗန္ဓူ= ကုန်သော။ ပါဒါပစ္စာ= ကုန်သော။ ယဒိဒံ ယေ ဣမေ သမဏကာ= တို့သည်။ ( သန္တိ ) ။ မုဏ္ဍကေ= ကုန်သော။ ပေ။ ပါဒါပစ္စေ= ကုန်သော။ (တေ) သမဏကေ= ထို ရဟန်းစုတ်တို့သို့။ အဇ္စျုပဂတာ အတ္ထ" ဤသို့ပေးပါ။
ဗန္ဓူ ပါဒါပစ္စေ။ ။ ဗန္ဓူတိ မာရဿ ဗန္ဓုဘူတေ မာရပက္ခိကေ။ ပါဒါပစ္စေတိ မဟာဗြဟ္မုနောပါဒါနံ အပစ္စဘူတေ ပါဒတောဇာနေ။ ဤသို့ အဋ္ဌကထာဖွင့်သောကြောင့် " ဗန္ဓူ" ဟြ ဗဟုဝုစ်ဖြင့်လည်းကောင်း ပါဒါပစ္စေနှင့် ဝါကျအဖြစ်ဖြင့် လည်းကောင်း ရှိပါစေ။ ယခု ပါဠိတော်သာအုပ်များ၌ "ဗန္ဓုပါဒါပစ္စေ" ဟု ရှိသည်မှာ ဤအဋ္ဌကထာနှင့် မညီ။
'''
တေ၊ ထို ဗြာဟ္မဏတို့သည်။ ဗြဟ္မာနဉ္စေဝ၊ ဗြဟ္မာတို့သည်။ အဗ္ဘစိက္ခန္တိ၊ လွှမ်းမိုး၍ ပြောကုန်၏။ ( စွပ်စွဲကုန်၏ )။ မုသာစ၊ မမှန်သော စကားကိုလည်း။ ဘာသန္တိ၊ ပြောကုန်၏။ ဗဟုံစ၊ များစွာလည်း။ အပုညံ၊ မကောင်းမှုကို။ ပသဝန္တိ၊ ဖြစ်စေကုန်၏။ [ ပ ပုဗ္ဗ+ ဘူဝါဒိသုဓာတ်+ ဇနန အနက်ဟော။ ] ဝါ၊ ဆည်းပူးကြကုန်၏။ [ သုဓာတ် ဥပစိတ အနက်ဟော။ ] ''' အမ္ဗဋ္ဌသုတ်။ ။ အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၌မူ " ဗန္ဓုပါဒါပစ္စေ" ဟု သမာသ်ပုဒ် တပုဒ်တည်း ဖွင့်ပြထား၏။ ထို့ကြောင့် ထို၌ ပါဠိတော်ဝယ် " ဗန္ဓုပါဒါပစ္စေ" ဟု သမာသ်ရှိခဲ့ရသည်။
**ယံ တုမှေ**။ ။ ယံကို " ကြိယာမသနအနက်" ဟု ယူ၍ " ယံ အတ္ထ၊ အကြင်ဖြစ်ကုန်၏" ဟု ကြိယာနှင့်တွဲ၍ ပေးပါသည်။ ဟိတ်အနက်ဟော နိပါတိ (သို့မဟုတ်) ယ သဗ္ဗနာမ်နောင် ဟိတ်အနက်၌ ပဌမာသက်ထားသောပုဒ်ဟု ယူလျှင် "ယံ= အကြင် အကြောင်းကြောင့်။ တုမှေ။ ပေ။ အဇ္စျူပဂတာ။ အတ္ထ= ဖြစ်ကုန်၏။ တယိဒံ= ထို အကြောက်းသည်။ န သာဓု" ဟု ပေးပါ။ ကပ်ရောက်ခြင်း၏ အကြောင်းမှာ သမဏတို့ကို အထင်မကြီးထိုက်ပဲလျက် အထင်ကြီးခြင်း, အစားကောင်း အသောက်ကောင်းကို မက်မောခြင်းဟု ဗြာဟ္မဏတို့က ပြောလိုကြသည်။ '''
စတုဝဏ္ဏသုဒ္ဓိ၊ အဖွင့်။
**အကုသလသင်္ခါတာ**။ ။ အဋ္ဌကထာ၌ ဖွင့်ခဲ့ပြီ။ "အကုသလသင်္ခါတာ၊ အကုသိုလ်တို့ဟု ဆိုအပ်ကုန်၏ "ဤသို့ အကာသလကို ဗဟုဝုစ် ပြန်ရမည် ဖြစ်သော်လည်း မြန်မာစကား ချောအောင် " အကုသလာသင်္ခါတာ= အကာသိုလ် ဟု ဆိုအပ်ကုန်၏" ဟု ဧကဝုစ် ပြန်လိုက်သည်။```
**တံ ကိဿဟေသု**။ ။ တံ တေသံ ဝိညူ နာနူဇာနန္တီတိ၊ ဟူသော။ ယံ= အကြင်စကားကို။ ဝုတ္တံ= ငါဆိုအပ်ပြီ။ တံ= ထိုစကားကို။ ကိဿဟေတု= အဘယ် အကြောင်းကြောင့်။ ဝုတ္တံ= ဆိုအပ်သနည်း။ ဤသို့ အဋ္ဌကထာဖွင့်အတိုင်း အနိဟမဝါကျထည့်၍ ပေးနိုင်၏။ ဤ၌မူ လွယ်ကူအောင် ပေးထားသည်။ နေရာတိုင်း ဤနည်းမှီပါ။
**မှတ်ချက်**။ ။ သာမိစိ၊ ဟု ပါဌ်မှန်ရှိသင့်ပုံကို မောဂ္ဂလ္လာန်နိဿယသစ် ဏာဒိကဏ္ဍ ၆၉= သုတ်၌လည်းကောင်း, ကစ္စည်းဘာသာဋီကာ ဘာဝတဒ္ဓိတ် အခန်း၌ လည်းကောင်း ဆရာမြတ်တို့ ဆုံးဖြတ်ထားသည်။
အတ္ထ၊ ဖြစ်ကုန်၏။ တုမှေ၊ တို့သည်။ ကေ၊ အဘယ်သူတို့နည်း။ ( ဘယ်လိုသဘောရသလဲ )။ ဣတိ၊ ဤသို့။ ပုဋ္ဌာ၊ မေးအပ်ကုန်သည်။ ( အမေ့ခံရကုန်သည် )။ သမာနာ၊ ဖြစ်ကုန်လသော်။ သကျပုတ္တိယာ၊ သာကိဝင်မင်းသား ဘုရားသားတော်ဖြစ်ကုန်သော။ သမဏာ၊ ရဟန်းတို့သည်။ အမှ၊ ဖြစ်ကုန်၏။ ဣတိ၊ သို့။ ပဋိဇာနာထ၊ ဝန်ခံကြကုန်လော့။
''' နာနာဇစ္စာ စသည်။ ။ ဤပုဒ်အားလုံးကို ရှေးနိဿယ၌ အပါဒါန်ပေး၏။ ဤ၌ကား နာနာဇစ္စာ စသော သုံးပုဒ်ကို ပဌမန္တ အဖြစ်ဖြင့်သည်လည်းကောင်း, နာနာကုလာအဂါရသ္မာ နှစ်ပုဒ်ကို ဥပ္ပါတဝိသယအပါဒါန် အဖြစ်ဖြင့်လည်းကောင်း ဆရာများ၏ နည်းအတိုင်း ပေးလိုက်သည်။
'''
ဝါသေဋ္ဌ။ ဟိ၊ အကြင်ကြောင့်။ ဓမ္မကာယော ဣတိပိ၊ ဓမ္မကာယဟူသော အမည်သည်လည်းကောင်း။ [ တရားဟူသော ကိုယ်ရှိသူဟူသသော အမည်သည်လည်းကောင်း။ ] ဗြဟ္မကာယော ဣတိပိ၊ သည်လည်းကောင်း။ ( တရားတည်းဟူသော မြတ်သောကိုယ်ရှိသူဟူသော အမည်သည်လည်းကောင်း )။ ဓမ္မဘူတော ဣတိပိ၊ သည်လည်းကောင်း။ ( တရားချည်း ဖြစ်နေသူဟူသော အမည်သည်လည်းကောင်း )။ ဗြဟ္မဘူတောဣတိပိ၊ ဗြဟ္မဘူတဟူသော အမည်သည်လည်းကောင်း။ ( အမြတ်ချည်း ဖြစ်နေသူဟူသော အမည်သည်လည်းကောင်း )။ ဧတံ၊ ဤအမည်အားလုံးသည်။ တထာဂတဿ၊ ၏။ အဓိဝစနံ၊ အမည်တော်တည်း။ ( တသ္မာ၊ ထို့ ကြောင့်တည်း )။
''' နာနာဇစ္စာ စသည်။ ။ ဤပုဒ်အားလုံးကို ရှေးနိဿယ၌ အပါဒါန်ပေး၏။ ဤ၌ကား နာနာဇစ္စာ စသော သုံးပုဒ်ကို ပဌမန္တ အဖြစ်ဖြင့်သည်လည်းကောင်း, နာနာကုလာအဂါရသ္မာ နှစ်ပုဒ်ကို ဥပ္ပါတဝိသယအပါဒါန် အဖြစ်ဖြင့်လည်းကောင်း ဆရာများ၏ နည်းအတိုင်း ပေးလိုက်သည်။
'''
ကျင်ကြီး ကျင်ငယ်လမ်း။ ။ မှန်၏- မြေဆီ မြေလွှာ မြေနွယ်တို့ကို စားသုံးရာအခါဝယ် ခန္ဓာကိုယ်၌ အဆီအသားဖြစ်ပြီးနောက် အဖတ် အကာ အနည်းငယ်သာကြွင်းကျန်၏၊ ထို အဖတ် အကာများလည်း ဝမ်းမီးလောင်ရုံဖြင့် ကုန်ခန်းနိုင်ကြသည်၊ သလေးထမင်းကို စားသည့်အခါ၌မူ ဝမ်းမီးလောင်ရုံမျှဖြင့် မကုန်နိုင်ဘဲ အရည်အဖတ် (ကျင်ကြီး ကျင်ငယ်) များစွာ ကြွင်းကုန်နေ၏၊ ကမ္ဘာဦး လူဖြစ်စက ကျင်ငယ်လမ်း ကျင်ကြီးလမ်းများ မပါချေ၊ ယခုအခါ ခန္ဓာကိုယ်တို့၏ အတွင်းမှာရှိသော ဝါယောဓာတ်က ထို အရည်အဖတ်များကို မှုတ်ထုတ်နေပြီ၊ သို့ဖြစ်၍ အရည် အဖတ်များ ထွက်ဖို့ရာ ကျင်ငယ်လမ်းပေါက် ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်ရပေသည်။
မေထုနံ။ ။ "ရာဂထကြွခြင်းအားဖြင့် အချင်းချင်းအလိုတူသူတို့၏ ဥစ္စာဖြစ်သော၊ ဝါ- မေထုန်ဖြစ်သော၊ ဓမ္မံ- အကျင့်ကို" ဟု သဒ္ဒတ္ထဆိုပါ၊ မေထုနံဓမ္မံ- မေထုန်အကျင့်ကိုဟု အလွယ်ဆိုထားသည်။ ခိပန္တိ၊ အညေ၊ ဂေါမယံ၊ နွားချေးကို။ ခိပန္တိ၊ (ကိံ၊ အဘယ်သို့ ပြော၍ပစ်ကုန်သနည်း။)
ယတြဟိ နာမ။ ။ ယတြ၌ တြပစ္စည်းသည် ပဌမာအနက်၌ သက်၊ ဟိ အနက်မရှိ၊ နာမသည် ဂရဟာဇောတကနိပါတ်၊ ပရိဘုဉ္ဇသိနှင့်တွဲပါ၊ ဤကြိယာ ကို ကြည့်၍ "ယော-အကြင် သင်သည်"ဟု ပေးသည်။
ခတ္တိယော။ ။ "ခေတ္တာနံ+အဓိပတိ"ဟု ဖြစ်စေ၊ "ခေတ္တာနံ+ဣဿရော"ဟု ဖြစ်စေ ပြု၍ဣယပစ္စည်း သက်, ခေ၌ ဧကို(အ)ပြု။
ရာဇာ။ ။ ရဓဉ္ဇတီတိ ရာဇာ၊ ရန္ဇဓာတ်, ကာရိတ်ကျေ၊ ဏပစ္စည်း၊ ဓာတွန်နကို ချေ, ရ၌ ဝုဒ္ဓိ၊ ရာဇာဒိဂိုဏ်းတည်း။ (အမည်နာမပညတ်ဟူသော စကားလုံးဖြင့်။) အဘိနိဗ္ဗတ္တိ၊ ဖြစ်ပေါ်လာခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ တေသံ ယေဝ သတ္တာနံ၊ ထိုသတ္တဝါတို့၏ (အတွက်)သာ။ (အဘိနိဗ္ဗတ္တိ အဟောသိ)။ အညေသံ၊ အခြားသတ္တဝါတို့၏အတွက်။ (အဘိနိဗ္ဗတ္တိ)။ န(အဟောသိ)၊ ဖြစ်သည်မဟုတ်။
ထိုစကားလုံးများဖြစ်ပေါ်လာသောအခါ ခတ္တိယအသိုင်းအဝိုင်းလည်းဖြစ်ပြီးဖြစ်၏၊ ထိုစကားလုံးများသည် ခတ္တိယ အသိုင်းအဝိုင်းဖြစ်သော သတ္တဝါများအတွက် ဖြစ်ပေါ်လာသည်၊ အခြားသတ္တဝါများအတွက် မဟုတ်၊ ခတ္တိယနှင့် အမျိုးတူသတ္တဝါများအတွက် ဖြစ်ပေါ်လာ၏၊ အမျိုးမတူသူများအတွက် မဟုတ်၊ မဟာဇနသမ္မတ, ခေတ္တာနံ အဓိပတိ, ပရေ ဓမ္မေန ရဉ္ဇေတိဟူသော တရားသော အကြောင်းများကြောင့်ဖြစ်ပေါ်လာသည်၊ မတရားဖြစ်ပေါ်လာသည်မဟုတ်။
မှတ်ချက်။ ။ ဤ ဓမ္မေနကိုထောက်၍ အများစုက သမုတ်မှ (အသိအမှတ်ပြုမှ) သမ္မတဟုလည်းကောင်း, လယ်ပိုင်ရှင်များက မိမိတို့ပိုင်မြေစုကို ကြည်ကြည်ပျူပျူပေးမှ "ခတ္တိယ"ဟုလည်းကောင်း တိုင်းပြည်သား လူအများကို တရားသဖြင့်ကြေနပ်အောင် အုပ်ချုပ်မှ "ရာဇာ"ဟုလည်းကောင်း အမှန်စင်စစ်ခေါ်နိုင်ပေမည်။
မျှော။ ။ ဝါဟ(ဝါဟယ)၊ မျောစေ-ဟု သဒ္ဒတ္ထ၊ မျှောဟု အဓိပ္ပါယတ္ထဖြစ်၏၊ တစ်စုံတစ်ရာကို ရေထဲ မျှောပစ်လိုက်သလို မကောင်းမှုများကို ခန္ဓာကိုယ်မှ ပြင်ဖက်သို့ထုတ်ပစ်သည်ကို "မျှော"ဟု ဆိုသည်၊ သီလက္ခန် ဋီကာသစ်၌ကား ဗဟဓာတ်ကြံ၍ ဗဟိကရဏအနက်ဟော ဟု ဖွင့်သည်။
ဈာယန္တိ။ ။ ဈေဓာတ်၏ ဩလောကနအနက်ကိုကြည့်၍ "အာရုံကို စူးစူးစိုက်စိုက်ရှုကုန်၏" ဟုလည်းကောင်း, ဒဟနအနက်ကို "နီဝရဏတို့ကို လောင်မြှိက်ကုန်၏"ဟု လည်းကောင်း ဆိုနိုင်သည်၊ လွယ်ကူအောင် "ဈာန်ဝင်စားကုန်၏" ဟု ပေးလိုက်သည်။ ဧဝံ၊ သို့။ အာဟံသု၊ ပြောကြကုန်ပြီ။
တေသညေဝ သတ္တာနံ စသည်။ ။ ထိုဗြာဟ္မဏဈာယက အဇ္ဈာယကဟူသော စကားလုံးများသည် ဗြာဟ္မဏပုဂ္ဂိုလ်တို့အတွက်သာဖြစ်၏၊ အခြားသတ္တဝါတို့အတွက်မဟုတ်၊ ဗြာဟ္မဏတို့နှင့် အမျိုးတူ သတ္တဝါတို့အတွက်သာ ဖြစ်၏၊ အမျိုးမတူသောသတ္တဝါတို့အတွက် မဟုတ်၊ တရားသဖြင့်သာ ဖြစ်ပေါ်လာ၏၊ မတရားဖြစ်ပေါလာသည်မဟုတ်၊ ထို့ကြောင့် "တေသံ ယေဝ သတ္တာနံ အနညေသံ၊ သဒိသာနံ နော အသဒိသာနံ၊ ဓမ္မေနေဝ နော အဓမ္မေန"ဟု ဟောတော်မူသည်။
ဣမေဟိ မဏ္ဍလေဟိ၊ ဤ အသိုင်းအဝိုင်းတို့ဖြင့်။ (ခတ္တိယ ဗြာဟ္မဏ ဝေဿ သုဒ္ဒ အသိုင်းအဝိုင်းတို့ဖြင့်)။ သမဏ မဏ္ဍလဿ၊ သမဏ အသိုင်းအဝိုင်း၏။ အဘိနိဗ္ဗတ္တိ၊ ဖြစ်ပေါ်လာခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။
တေသံယေဝ သတ္တာနံ၊ ထိုသတ္တဝါတို့အတွက်သာ။ (တောထွက်လျက်ရဟန်းပြုကြသော ထို သတ္တဝါတို့အတွက်သာ) (အဘိနိဗ္ဗတ္တိ အဟောသိ၊)။ အညေသံ၊ အခြားသတ္တဝါတို့အတွက်။ (အဘိနိဗ္ဗတ္တိ)န အဟောသိ၊ မဟုတ်။ သဒိသာနံယေဝ၊ သမဏနှင့် အကျင့်တူသူတို့အတွက်သာ။ (အဘိ နိဗ္ဗတ္တိအဟောသိ)။ အသဒိသာနံ၊ အကျင့်မတူသူတို့အတွက်။ (အဘိနိဗ္ဗတ္တိ)နော(အဟောသိ)၊ ဓမ္မေန၊ တရားဖြင့်သာ။ (အဘိနိဗ္ဗတ္တိ။ အဟောသိ)။ အဓမ္မေန၊ မတရားအားဖြင့် (အဘိနိဗ္ဗတ္တိ။) နော(အဟောသိ)၊ မဟုတ်။
ဗြာဟ္မဏများအတွက်။ ။ မကောင်းမှုကို မျောဟေမှု ဈာန်ဝင်စားမှု ကျမ်းဂန်ပြုစုမှုတို့ကို ထောက်၍ မဟာကုသိုလ်နှင့် ရူပကုသိုလ် ဈာန်များကို ဓမ္မအရ ယူသင့်၏၊ "ဓမ္မေနေဝ- တရားဖြင့်သာ"ဟု အနက်ဆိုပါ။
ဝေဿတို့အတွက်။ ။ လယ်လုပ် နွားမွေး ကုန်သွယ်ရေးတို့ကို ကြည့်၍ ဝေဿတို့၏အတွက် ကုသလကမ္မပထ တရားဆယ်ပါးကို ဓမ္မအရ ယူသင့်၏၊ "ဓမ္မေနေဝ- တရားဖြင့်သာ"ဟု ဆိုပါ၊ သုဒ္ဒတို့အတွက်မှာမူ မုဆိုး တံငါစသော အပြစ်မကင်းသော အလုပ်များလည်း ပါနေသောကြောင့် "ဓမ္မေနေဝ-ဟုတ်မှန်သော သဘောဖြင့်သာ" ဟု အနက်ဆိုသင့်၏၊ မှန်၏-သုဒ္ဒဖြစ်ဖို့အကြောင်းဖြစ်သော လုဒ္ဒါစာရ ခုဒ္ဒါစာရတို့ကိုပင် "ဓမ္မ"ဟု ဆိုလိုပေသည်။
သမဏမဏ္ဍလအတွက်ကား။ ။ လောကုတ္တရာတရားကို "ဓမ္မ"ဟု ယူသင့်သည်၊ မှန်၏- ဗြာဟ္မဏတို့ထက်ပင် တစ်ဆင့်တက်၍ ကိလေသာကို ငြိမ်းစေနိုင်လောက်အောင် မြင့်မြတ်သော တရားရှိရဦးမည်ဖြစ်၍ လောကုတ္တရာတရားသာ ဖြစ်သင့်သည်။
ယော ဟောတိဘိက္ခု။ ။ ဣမေသံ စတုန္နံယော ဟောတိ-ဟု ထားပုံကိုကြည့်၍ ယောကို ဘိက္ခုနှင့် မတွဲပဲ သီးခြား ခွဲပေးပါသည်၊ အဋ္ဌကထာပုဒ်စဉ် ၁၁၆အဖွင့်၌ "ယသ္မာ ဣမေသံစတုန္နံ ယောဘိက္ခု"ဟု ယောနှင့် ဘိက္ခု တွဲဖွင့်ထားပုံကို ကကြည့်လျှင် ယောနှင့် ဘိက္ခုကို တွဲ၍လည်း ပေးနိုင်သည်၊ ယောဘိက္ခု- အကြင်ရဟန်းသည်၊ (အမျိုးလေးပါးမှ တောထွက်လာသော အကြင်ရဟန်းသည်)ဟု ဆိုပါ။
အရဟံစသည်။ ။ အရဟံ ခီဏာသဝေါစသော ပုဒ်တို့ကို ဘိက္ခု၏ ဝိသေသနအဖြစ်ဖြင့်လည်း ပေးနိုင်၏၊ ဟောတိ၏ ဝိသေသကတ္တား အဖြစ်ဖြင့်လည်း ပေးနိုင်၏၊ ပုဒ်စဉ် ၁၁၆-၌ ဝိသေသကတ္တား ပေးခဲ့သည်။]
(ကိံ- နည်း)။ ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊ ပေ၊ သော သေဋ္ဌော ဒေဝမာနုသေတိ၊ ဟူ၍။ (ဘာသိတာ)။
ဧတသ္မိံ ဇနေ၊ ဤ လူအပေါင်း၌။ ဝါ၊ ဤလူအပေါင်းတွင်။ ယေ၊ အကြင်သူတို့သည်။ ဂေါတ္တ ပဋိသာရိနော၊ အနွယ်ကို အားကိုးရာဟုပြုကြကုန်၏။ (တေသု၊ ထိုသူတို့တွင်)။ [အနွယ်ကို အားကိုးသူတို့တွင်။] ခတ္တိယော၊ ခတ္တိယသည်။ ဝါ၊ မင်းမျိုးမင်းနွယ်သည်။ သေဋ္ဌော၊ အမြတ်ဆုံးတည်း။ (ယော၊ အကြင်သူသည်။) ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏနှင့် ပြည့်စုံ၏။ (အသိဉာဏ်, အကျင့်နှင့် ပြည့်စုံ၏)။ သော၊ ထိုသူသည်။ ဧဒဝမာနုသေ၊ နတ် လူအပေါင်း၌။ ဝါ၊ တွင်။ သေဋ္ဌော၊ တည်း။