တေန ခေါပန သမယေန၊ ထိုအခါ၌။
(မြတ်စွာဘုရား၏ သက္ကတိုင်းဝေဓညသာကီဝင်တို့၏ သရက်ဥယျာဉ်အတွင်း ဆောက်လုပ်ထားအပ်သော ပြာသာဒ်ရှည်ဝယ် သီတင်းသုံးတော်မူရာ ထိုအခါ၌)။
နာဋပုတ္တော၊ နာဋ၏သားဖြစ်သော)။
နိဂဏ္ဌော၊ နိဂဏ္ဌဆရာကြီးသည်။
အဓုနာ၊ အခုမှ (မကြာမီအချိန်က)။
ကာလင်္ကတော၊ ပြုအပ်ပြီးသော သေခြင်းရှိသည်။
ဝါ၊ သေခြင်းကို ပြုပြီးသည်)။
ဟောတိ၊
တဿ၊ ထို နိဂဏ္ဌ နာဋပုတ္တဆရာကြီး၏။
ကာလင်္ကိရိယာယ၊ သေခြင်းကိုပြုခြင်းကြောင့်။
နိဂဏ္ဌာ၊ အခြားနိဂဏ္ဌတို့သည်။
ဘိန္နာ၊ ကွဲကုန်သည်။
ဒွေဓိကဇာတာ၊ ဖြစ်သော နှစ်ဖို့နှစ်စုရှိကုန်သည် (နှစ်ဖက်, နှစ်ဂိုဏ်း ကွဲကုန်သည်)။
ဘဏ္ဍနဇာတာ၊ ဖြစ်သော ခိုက်ရန်ပွားကြောင်း ကြိမ်းမောင်းကြောင်း စိတ်ရှိကုန်သည်။
ကလဟဇာတာ၊ ဖြစ်သော ခိုက်ရန်ရှိကုန်သည်။
ဝိဝါဒါပန္နာ၊ ဆန့်ကျင်ဖက် ပြောခြင်းသို့ ရောက်ကုန်သည်။
(ဟုတွာ)။
အညမညံ၊ အချင်းချင်း။
မုခသတ္တီဟိ၊ နှုတ်တည်းဟူသော လှံတို့ဖြင့်။
ဝိတုဒန္တာ၊ ထိုးကုန်လျက်။
ဝိဟရန္တိ၊ နေကြကုန်၏။
(ကိံ၊ အဘယ်သို့ နှုတ်လှံထိုးလျက် နေကြကုန်သနည်း)။
တွံ၊ သည်။
ဣမံဓမ္မဝိနယံ၊ ဤဓမ္မဝိနယကို။
ဝါ၊ ဤသာသနာကို။
န အာဇာနာသိ၊ မသိ။
အဟံ၊ သည်။
ဣမံဓမ္မဝိနယံ၊ ကို။
အာဇာနာမိ၊ ၏။
ကိံ၊ အဘယ်ကြောင့်။
တွံ၊ သည်။
ဣမံဓမ္မဝိနယံ၊ ကို။
အာဇာနိဿသိ၊ သိလိမ့်မည်နည်း။
တွံ၊ သည်။
မိစ္ဆာပဋိပန္နော၊ ချွတ်ယွင်းဖောက်ပြန် မမှန်သောအားဖြင့် ကျင့်သည်။
အသိ၊ ဖြစ်၏။
အဟံ၊ သည်။
သမ္မာပဋိပန္နော၊ မှန်သောအားဖြင့် ကျင့်သည်။
အမှိ၊ ဖြစ်၏။
မေ၊ ၏(စကားသည်)။
သဟိတံ၊ ရှေ့နောက်နှစ်ရပ် ဆက်စပ်၏။
ဝါ၊ ရှေ့နောက်နှစ်တွေ ပြေပြစ်၏။
တေ၊ သင်၏ (စကားသည်)။
အသဟိတံ၊ ရှေ့နောက်နှစ်ရပ် မဆက်စပ်။
ဝါ၊ ရှေ့နောက်မညီ။
ပုရောဝစနီယံ၊ ရှေး၌ ပြောဆိုထိုက်သော စကားကို။
(ရှေးဦးစွာပြောရမည့်စကားကို။)
ပစ္ဆာ၊ နောက်၌။
(နောက်မှ)။
အဝစ၊ သင်ပြောဆိုပြီ။
ပစ္ဆာဝစနီယံ၊ နောက်၌ ပြောဆိုထိုက်သော စကားကို။
(နောက်မှပြောရမည့်စကားကို)။
ပုရေ၊ ၌။
အဝစ၊ ပြီ။
တေ၊ သင်၏။
ဝါ၊ သည်။
အဓိစိဏ္ဏံ၊ ကြာရှည်နေ့ရက် လေ့ကျက်အပ်သော အကြောင်းအရာသည်။
(အယူအဆသည်)။
ဝိပရာဝတ္တံ၊ ငါ့အကြောင်းပြကြောင်း ပြောင်းပြန်ဖြစ်ပြီ။
တေ၊ သင့်အပေါ်၌။
ဝါဒေါ၊ ပြောဆိုကြောင်း အပြစ်ကို။
အာရောပိတော၊ ငါတင်အပ်ပြီ။
တွံ၊ သည်။
ဝါ၊ ကို။
နိဂ္ဂဟိတော၊ နှိပ်အပ်ပြီးသည်။
(နှိမ်အပ်ပြီးသည်)။
အသိ၊
ဝါဒပ္ပမောက္ခာယ၊ ငါတင်အပ်သော အပြစ်မှ လွတ်ခြင်းအကျိုးငှာ။
စရ၊ ဟိုဟို ဒီဒီ ဆရာ့ဆီတို့ လှည့်လည်ချေပါဦး။
[ယခု သင်ထားအပ်သော ပညာဖြင့် မလုံလောက်သေး ဟိုဟိုဒီဒီ လှည့်လည်၍ ပညာသင်ချေပါဦး-ဟူလို။]
သစေ ပဟောသိ၊ (ငါတင်အပ်သောအပြစ်ကို ဖြေရှင်းခြင်းငှာ) အကယ်၍စွမ်းနိုင်အံ့။
နိဗ္ဗေဌေဟိဝါ၊ ယခုချက်ချင်းပင်လည်း ဖြေရှင်းပါ။
ဣတိ၊ ဤသို့နှုတ်လှံထိုးလျက် နေကြကုန်၏။
နာဋပုတ္တိယေသု၊ နာဋပုတ္တဆရာကြီး၏ တပည့်ဖြစ်ကုန်သော။
နိဂဏ္ဏေသု၊ တို့၌။
ဝဓောဧယဝ၊ သေခြင်းသည်ပင်။
ဝတ္တဝိမညေ၊ ဖြစ်သည်ဟု ထင်၏။
[နိဂဏ္ဌများ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်ကြသည်မှာ အချင်းချင်း သတ်ဖြတ်သဖြင့်သေသည်ဟု ပင် ထင်ရသည်-ဟု ဆိုလိုသည်။]
နာဋပုတ္တဿ၊ သော။
နိဂဏ္ဌဿ၊ နိဂဏ္ဌဆရာကြီး၏။
ဂိဟီ၊ လူဝတ်ကြောင် ဖြစ်ကုန်သော။
ဩဒါတဝသနာ၊ ဝတ်အပ်သော ဖြူသောအဝတ်ရှိကုန်သော။
ဝါ၊ အဝတ်ဖြူကို ဝတ်ခြင်းရှိကုန်သော။
ယေပိ သာဝကာ၊ အကြင် တပည့်တို့သည်လည်း။
(သန္တိ)၊
တေပိ၊ ထိုလူဝတ်ကြောင့် သာဝကတို့သည်လည်း။
နာဋပုတ္တိယေသု၊ ကုန်သော။
နိဂဏ္ဌေသု၊ တို့၌။
[နိဂဏ္ဌရဟန်း ရဟန်းမ သာမဏေ သာမဏေမတို့၌။]
နိဗ္ဗိန္နရူပါ၊ ငြီးငွေ့သူ၏ အဖြစ်ဟူသော သဘောရှိကုန်၏။
(ငြီးငွေ့စိတ်ပျက်ခြင်းသဘောရှိကုန်၏။)
ဝိရတ္တရူပေါ၊ နှစ်သက် မြတ်နိုးခြင်းကင်းသူ၏ အဖြစ်ဟူသော သဘောရှိကုန်၏။
ဝါ၊ နှစ်သက် မြတ်နိုးကင်းခြင်းသဘောရှိကုန်၏။
ပဋိဝါနရူပါ၊ နောက်ဆုံးဖြစ်ခြင်း သဘောရှိကုန်၏။
ဒုရက္ခာတေ၊ မကောင်းသဖြင့် ဟောအပ်သော။
ဒုပ္ပဝေဒိတေ၊ မကောင်းသဖြင့် သိစေအပ်သော။
အနိယျာနိကေ၊ ဝဋ်ဆင်းရဲမှထွက်မြောက်ခြင်း၌ မယှဉ်သော။
ဝါ၊ မဂ်ဖိုလ်အကျိုးငှာ မဖြစ်သော။
အနုပ သမ သံဝတ္တနိကေ၊ ရာဂစသည်တို့၏ ငြိမ်းအေးခြင်း အကျိုးငှာ မဖြစ်သော။
အသမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတေ၊ သမ္မာသမ္ဗုဒ္ဓ မဟုတ်သူသည် သိစေအပ်သော။
ဘိန္နထူပေ၊ ပျက်စီးပြီးသော ပုထိုးပမာ မှီခိုစရာ(နာဋပုတ္တ)ဆရာရှိသော။
(အဋ္ဌကထာနည်း)။
ဘိန္နထူပေ၊ ပျက်စီးပြီးသော (ဓမ္မ)၏ နိယျာနိကအဖြစ်ရှိသော။
(ဋီကာနည်း)။
အပ္ပဋိသရဏေ၊ ကိုးကွယ်စရာ (နာဋတ္တ) ဆရာမရှိသော။
ဝါ၊ ကိုးကွယ်စရာ(ဓမ္မ)၏ နိယျာနိကအဖြစ်မရှိသော။
ဓမ္မဝိနယ၊ ၌။
ဝါ၊ သာသနာ၌။
(နိဗ္ဗိန္န ဝီရတ္တ ပဋိဝါနရူပေဟိ၊ ငြီးငွေ့ခြင်းသဘောရှိသူ, နှစ်သက်မြတ်နိုးမှုကင်းခြင်းသဘောရှိသူ, နောက်ဆုတ်ခြင်း သဘောရှိသူတို့သည်။
ဘဝိတဗ္ဗံ)ယထာ၊ ဖြစ်ရာသကဲ့သို့။
တထေဝ၊ ထို့အတူပင်။
ဇာတာ၊ ဖြစ်ကုန်ပြီ။
အထခေါ၊ ၌။
သမဏုဒ္ဒေသော၊ သမဏုဒ္ဒေသမည်သော။
ဝါ၊ သာမဏေဖြစ်သော။
စုန္ဒော၊ အရှင်စုန္ဒသည်။
ပါဝါယံ၊ ပါဝါမြို့၌။
ဝဿံ၊ မိုးလပတ်လုံး။
ဝုဋ္ဌော၊ နေပြီးသည်။
(ဝဿံဝုဋ္ဌော၊ ဝါကျွတ်ပြီးသည်။
ဟုတွာ၊ ၍။)
ယေန၊ အကြင်အရပ်၌။
သာမဂါမော၊ သာမရွာသည်။
(လမန်းစပါးပေါများသောကြောင့် သာမမည်သောရွာသည်)။
(အတ္ထိ)၊
ယေန၊ ၌။
အာယသ္မာ အာနန္ဒော၊ သည်။
(မိမိ၏ ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာသည်)။
(အတ္ထိ)၊
တေန၊ ထို သာမရွာ အရှင်အာနန္ဒာရှိရာအရပ်သို့။
ဥပသင်္ကမိ၊
ပေ၊
အဝေါစ။
ဘန္တေ၊ အရှင်ဘုရား။
နာဋပုတ္တော၊ သော။
နိဂဏ္ဌော၊ သည်။
ပါဝါယံ၊ ၌။
အဓုနာ၊ မှ။
ကာလင်္ကတော၊
ပေ၊
အပ္ပဋိဿရဏေ၊
ဣတိ၊ ဤသို့လျှောက်ပြီ။
ဧဝံ၊ သို့။
ဝုတ္တေ၊ လျှောက်အပ်သော်။
ပေ။
အဝေါစ၊
(ကိံ)။
အာဝုသော စုန္ဒဘဂဝန္တံ၊ ကို။
ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။
ဣဒံ ကထာပါဘတံ၊ ဤတရားစကား၏ အကြောင်းသည်။
အတ္ထိ ခေါ၊ ရှိသည်သာ။
[ရှေးက "ကထာပါတတ၊ စကားလက်ဆောင်"ဟု ပေးကြ၏။]
အာဝုသော စုန္ဒ၊
အာယမ၊ လာ သွားကြစို့။
ပေ၊
ဧတမတ္ထံ၊ ဤအကြောင်းကို။
ဘဂဝတော၊ အား။
အာရောစေဿာမ၊ လျှောက်ထားကြချေစို့။
ဣတိ၊ ပြီ။
ပေ။
ပစ္စဿောသိ၊
အထခေါ၊ ၌။
အာယသ္မာ အာနန္ဒော၊ သည်လည်းကောင်း။
သမဏုဒ္ဒေသော၊ သော။
စုန္ဒောစ၊ သည်လည်းကောင်း။
ပေ၊
အပ္ပဋိဿရဏေ၊
ဣတိ၊ ဤသို့လျှောက်ပြီ။အမှာ။ ။ "အနိယျာနိက"ပုဒ်၏ အနက်အမျိုးမျိုးကို ဘာသာဋီကာစာမျက်နှာ(၃၉၂-၃၉၆)၌ ပြထားပြီ။ "ဓမ္မဝိနယ"နှင့် စပ်၍ မှတ်ဖွယ်ကိုဘာသာဋီကာ (၃၉၃)-၌ ကြည့်။
စုန္ဒော သမဏုဒ္ဒေသော။ ။ အရှင်စုန္ဒသည် အရှင်သာရိပုတ္တရာ၏ ညီဖြစ်သော ရဟန္တာ အရှင်မြတ်တည်း၊ ထိုအရှင်မြတ်သည် ထိုအချိန်၌ ရဟန်းဖြစ်နေပြီ၊ သို့ရာတွင် ငယ်စဉ်က သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်၍ ရဟန်းမဖြစ်မီ သာမဏေဘဝက စုန္ဒသာမဏေ (ကိုရင်စုန္ဒ) ဟု အမည်ရခဲ့၏။ ရဟန်းဖြစ်ပြီးသော ယခုအချိန်၌လည်း ထိုနာမည်သည်ပင် တွင်ကျယ်နေပေသည်။
စုန္ဒော သမဏုဒ္ဒေသော။ ။ အရှင်စုန္ဒသည် အရှင်သာရိပုတ္တရာ၏ ညီဖြစ်သော ရဟန္တာ အရှင်မြတ်တည်း၊ ထိုအရှင်မြတ်သည် ထိုအချိန်၌ ရဟန်းဖြစ်နေပြီ၊ သို့ရာတွင် ငယ်စဉ်က သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်၍ ရဟန်းမဖြစ်မီ သာမဏေဘဝက စုန္ဒသာမဏေ (ကိုရင်စုန္ဒ) ဟု အမည်ရခဲ့၏။ ရဟန်းဖြစ်ပြီးသော ယခုအချိန်၌လည်း ထိုနာမည်သည်ပင် တွင်ကျယ်နေပေသည်။