Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
莊春江讀經站
繁体中文
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

Brāhmaṇamaṇḍalaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝါသေဋ္ဌ၊ အထခေါ၊ ၌။ တေသံယေဝ သတ္တာနံ၊ ထိုသတ္တဝါတို့ပင်။ ဧကစ္စာနံ၊ အချို့သော သတ္တဝါတို့၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ (ကိံ)၊
ပါပကာဝတ၊ ပေ၊ ပညာယိဿတိ။ [၁၂၉, ၁၃ဝ- ကြည့်ဆိုပါ။]
မယံ၊ ပါပကေ၊ မကောင်းကုန်သော။ (ယုတ်မာကုန်သော။) အကုသ‌လေ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေ၊ တို့ကို။ ယံနူနဝါဟေယျာမ၊ အကယ်၍ မျှောကြရပါမူ ကောင်းလေစွ။တေသံယေဒ သတ္တာနံ။ ။ ကမ္ဘာဦးက ခတ္တိယ အသိုင်းအဝိုင်းဟု သီးခြားမရှိ၊ နောက်မှ ပါဠိတော်၌ဟောတော်မူသည့်အတိုင်း "မဟာသမ္မတ"ဟူသောစကားလုံး "ခတ္တိယ"ဟူသော စကားလုံး, "ရာဇာ"ဟူသော စကားလုံးများဖြစ်ပေါ်လာသည်။
ထိုစကားလုံးများဖြစ်ပေါ်လာသောအခါ ခတ္တိယအသိုင်းအဝိုင်းလည်းဖြစ်ပြီးဖြစ်၏၊ ထိုစကားလုံးများသည် ခတ္တိယ အသိုင်းအဝိုင်းဖြစ်သော သတ္တဝါများအတွက် ဖြစ်ပေါ်လာသည်၊ အခြားသတ္တဝါများအတွက် မဟုတ်၊ ခတ္တိယနှင့် အမျိုးတူသတ္တဝါများအတွက် ဖြစ်ပေါ်လာ၏၊ အမျိုးမတူသူများအတွက် မဟုတ်၊ မဟာဇနသမ္မတ, ခေတ္တာနံ အဓိပတိ, ပရေ ဓမ္မေန ရဉ္ဇေတိဟူသော တရားသော အကြောင်းများကြောင့်ဖြစ်ပေါ်လာသည်၊ မတရားဖြစ်ပေါ်လာသည်မဟုတ်။
မှတ်ချက်။ ။ ဤ ဓမ္မေနကိုထောက်၍ အများစုက သမုတ်မှ (အသိအမှတ်ပြုမှ) သမ္မတဟုလည်းကောင်း, လယ်ပိုင်ရှင်များက မိမိတို့ပိုင်မြေစုကို ကြည်ကြည်ပျူပျူပေးမှ "ခတ္တိယ"ဟုလည်းကောင်း တိုင်းပြည်သား လူအများကို တရားသဖြင့်ကြေနပ်အောင် အုပ်ချုပ်မှ "ရာဇာ"ဟုလည်းကောင်း အမှန်စင်စစ်ခေါ်နိုင်ပေမည်။
ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ တေ၊ ထို သတ္တဝါတို့သည်။ ပေ။ ဝါဟေသုံ၊ မျှောကုန်ပြီ။
ဝါသေဋ္ဌ၊ ပါပကေ။ပေ။ ဝါဟေန္တိ၊ မျှောတတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဗြာဟ္မဏာ ဗြဟ္မဏာတွေဝ၊ ဗြဟ္မဏတို့ ဗြဟ္မဏတို့ဟူ၍သာ။ ပဌမံ၊ သော။ အက္ခရံ၊ အက္ခရာသည်။ (စကားလုံးသည်)။ ဥပနိဗ္ဗတ္တံ၊ ပြီ။
တေ၊ ထို ဗြဟ္မဏတို့သည်။ အရညာယတနေ၊ တောအရပ်၌။ ပဏ္ဏကုဋိယော၊ သစ်ရွက် အမိုးရှိသော ကျောင်းငယ်တို့ကို။ ကရိတွာ၊ ၍။ ပဏ္ဏကုဋီသု၊ တို့၌။ ဈာယန္တိ၊ ဈာန်ဝင်စားကုန်၏။ ဝီဘင်္ဂါရာ၊ ကင်းသော မီးကျီးရှိကုန်သည်။ ဝီတခူမာ၊ ကင်းသော မီးခိုရှိကုန်သည်။ [ချက်ပြုတ်ဖို့ရာ မီးကျီး မီးခိုး မရှိကုန်သည်။] ပန္နမုသလာ၊ ချထားအပ်ပြီးသောကျည့်ပွေ့ရှိကုန်သည်။ (ထောင်းထုချက်ပြုတ်စရာကျည်ပွေ့ မရှိကုန်သည်)။ ဟုတွာ၊ သာယံ၊ ညနေ၌။ သာယမာသာယ၊ ညနေစာအကျိုးငှာ။ ပါတော၊ နံနက်၌။ ပါတရာသာယ၊ နံနက်စာအကျိုးငှာ။ ဃာသံ၊ အစာကို။ ဧသမာနာ၊ ရှာကုန်လျက်။ (ဆွမ်းခံသောအားဖြင့်)။ ဂါမနိဂမ ရာဇဓာနိယော၊ ရွာ, နိဂုမ်း, မင်းနေပြည်တို့သို့။ ဩသရန္တိ၊ သွားရောက်ကြကုန်၏။
တေ၊ တို့သည်။ ဃာသံ၊ ကို။ ပဋိလဘိတွာ၊ ရ၍။ (ရလျှင်)။ ပုနဒေဝ၊ တစ်ဖန်သာလျှင်။ အရညာယတနေ၊ ၌။ ပဏ္ဏကုဋီသု၊ တို့၌။ ဈာယန္တိ၊
တမေနံ၊ ထိုသူတို့ကို။ [တောကျောင်း၌ ဈာန်ဝင်စားနေကြသော ထိုဗြာဟ္မဏတို့ကို-ဟု အကျယ်စွဲပါ။] တမေနံသည် ဝစနဝိပလ္လာသ။] မနုဿာ၊ ဒိသွာ၊ တွေ့မြင်၍။ဝါဟေန္တိ။ ။ ဤပါဠိတော်ကိုထောက်၍ "ပါပေ+ဝါဟေန္တိ(ဝါဟယန္တီ)တိ- ဗြဟ္မဏာ"ဟု ပြု၊ ဝဟဓာတ်+ကာရိတ်ကျေ, ယုပစ္စည်း၊ ဝါဟ+ယု ဟု ဖြစ်ပြီးနောက် ယုကို အနပြု၊ နိရုတ္တိနည်းဖြင့် ဝကို ဗြပြု၊ (မ) ထာ၍ ဗြာဟ္မဏ ပြီးသည်၊ အခြားနည်းများဖြင့် ရုပ်ပြီးပုံကို ပါရာဇိကဏ်ဘာသာဋီကာ ပဌမတွဲ၌ ပြထားပြီ။
မျှော။ ။ ဝါဟ(ဝါဟယ)၊ မျောစေ-ဟု သဒ္ဒတ္ထ၊ မျှောဟု အဓိပ္ပါယတ္ထဖြစ်၏၊ တစ်စုံတစ်ရာကို ရေထဲ မျှောပစ်လိုက်သလို မကောင်းမှုများကို ခန္ဓာကိုယ်မှ ပြင်ဖက်သို့ထုတ်ပစ်သည်ကို "မျှော"ဟု ဆိုသည်၊ သီလက္ခန် ဋီကာသစ်၌ကား ဗဟဓာတ်ကြံ၍ ဗဟိကရဏအနက်ဟော ဟု ဖွင့်သည်။
ဈာယန္တိ။ ။ ဈေဓာတ်၏ ဩလောကနအနက်ကိုကြည့်၍ "အာရုံကို စူးစူးစိုက်စိုက်ရှုကုန်၏" ဟုလည်းကောင်း, ဒဟနအနက်ကို "နီဝရဏတို့ကို လောင်မြှိက်ကုန်၏"ဟု လည်းကောင်း ဆိုနိုင်သည်၊ လွယ်ကူအောင် "ဈာန်ဝင်စားကုန်၏" ဟု ပေးလိုက်သည်။
ဧဝံ၊ သို့။ အာဟံသု၊ ပြောကြကုန်ပြီ။
(ကိံ)၊ ဘော၊ အရှင်တို့။ ဣမေ၊ သတ္တာတို့သည်။ ပေ။ ဈာယန္တိ၊ ဣတိ၊ ဤသို့ ပြောကြကုန်ပြီ။
ဝါသေဋ္ဌ၊ ဈာယန္တိ၊ ဈာန်ဝင်စားကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဈာယကာ ဈာယကာတွေဝ၊ ဈာယက ဈာယကတို့ ဟူ၍သာ။ ဒုတိယံ အက္ခရံ ဥပနိဗ္ဗတ္တံ။
ဝါသေဋ္ဌ၊ တေသံယေဝ သတ္တာနံ၊ ထိုသတ္တဝါတို့တွင်ပင်။ (ထိုသတ္တဝါတွေထဲကပင်)။ ဧကစ္စေ၊ တစ်ချို့ကုန်သော။ သတ္တာ၊ တို့သည်။ အရညာယတနေ၊ ၌။ ပဏ္ဏကုဋီသု၊ တို့၌။ တံ ဈာနံ၊ ထိုဈာန်သို့။ အနဘိသမ္ဘုဏမာနာ၊ ကောင်းစွာမရောက်နိုင်ကုန်သည် (ဖြစ်၍)။ (တစ်နည်း) တံ ဈာနံ၊ ကို။ အနဘိသမ္ဘုဏမာနာ၊ အားထုတ်ခြင်းငှာ မစွမ်းနိုင်ကုန်သည်(ဖြစ်၍)။ ဂါမသာမန္တံ၊ ရွာ၏အနီးသို့။ နိဂမသာမန္တံ၊ သို့။ ဩသရိတွာ၊ ရောက်လာ၍။ ဂန္ထေ၊ ဝေဒကျမ်းစာတို့ကို။ ကရောန္တာ၊ ပြုစီရင်ကုန်လျက်။ အစ္ဆန္တိ၊ နေကုန်၏။
တမေနံ၊ ထိုသူတို့ကို။ အဟံသု၊
(ကိံ)။ ဘော၊ တို့။ ဣမေ သတ္တာ၊ တို့သည်။ ပေ။ အစ္ဆန္တိ၊ ဒါနိ၊ ယခုအခါ၌။ ဣမေ၊ ဤသူတို့သည်။ န ဈာယန္တိ၊ ဈာန်မဝင်စားနိုင်ကြတော့ကုန်။ ဣတိ၊ ဤသို့ ပြောကြကုန်ပြီ။
ဝါသေဋ္ဌ၊ ဒါနိ၊ ၌။ ဣမေ၊ န ဈာယန္တိ၊ ကုန်။ ဣတိ၊ ထို့ကြောင့်။ အဇ္ဈာယကာ အဇ္ဈာယကာတွေဝ၊ တို့ဟူ၍သာ။ တတိယံ အက္ခရံ ဥပနိဗ္ဗတ္တံ၊
ဝါသေဋ္ဌ၊ (တံ၊ ထိုဝေဒကျမ်းစာကိုပြုစီရင်မှုကို။ ဝါ၊ ထိုဝေဒကျမ်းစာကို အာဂုမ်နှုတ်တက် ဆောင်ရွက်ပို့ချမှုကို။) တေန သမယေန၊ ထိုအခါ၌။ (ကမ္ဘာဦးအခါ၌)။ ဟီနသမ္မတံ၊ နိမ့်ကျ၏ဟု သမုတ်အပ်သည်။ ဟောတိ။ [ဈာန်မဝင်စားနိုင်၍ ကျမ်းစာအလုပ်၌ အားထုတ်နေသောကြောင့် နိမ့်ကျ၏ ဟု သမုတ်အပ်သည်။] တံ၊ ထို ဝေဒကျမ်းစာကို ပြုစီရင်မှုကို။ ဝါ၊ ကို။ ဧတရဟိ၊ ၌။ သေဋ္ဌသမ္မတံ၊ အမြတ်ဟု သမုတ်အပ်ပြီ။ဗြာဟ္မဏမဏ္ဍလဿ။ ။ ကမ္ဘာဦးက ဗြဟ္မဏအသိုင်းအဝိုင်းဟု သီးခြား မရှိသေး၊ နောက်မှ"ပါပကေ ဝါဟေသုံ" အရ မကောင်းမှုကို မျှောကြသောသတ္တဝါများဖြစ်ပေါ်လာသောအခါ ဗြာဟ္မဏဟူသော စကားလုံးဖြစ်ပေါ်လာ၏၊ ထိုအချိန်မှစ၍ ဗြာဟ္မဏအသိုင်းအဝိုင်းလည်းဖြစ်ပေါ်ပြီးဖြစ်သည်၊ ထို့ကြောင့် "ဣတိ ခေါ ဝါသေဋ္ဌဧဝမေတဿ ဗြာဟ္မဏမဏ္ဍလဿ အဘိနီဗ္ဗတ္တိ အဟောသိ"ဟု ဟောတော်မူသည်။
တေသညေဝ သတ္တာနံ စသည်။ ။ ထိုဗြာဟ္မဏဈာယက အဇ္ဈာယကဟူသော စကားလုံးများသည် ဗြာဟ္မဏပုဂ္ဂိုလ်တို့အတွက်သာဖြစ်၏၊ အခြားသတ္တဝါတို့အတွက်မဟုတ်၊ ဗြာဟ္မဏတို့နှင့် အမျိုးတူ သတ္တဝါတို့အတွက်သာ ဖြစ်၏၊ အမျိုးမတူသောသတ္တဝါတို့အတွက် မဟုတ်၊ တရားသဖြင့်သာ ဖြစ်ပေါ်လာ၏၊ မတရားဖြစ်ပေါလာသည်မဟုတ်၊ ထို့ကြောင့် "တေသံ ယေဝ သတ္တာနံ အနညေသံ၊ သဒိသာနံ နော အသဒိသာနံ၊ ဓမ္မေနေဝ နော အဓမ္မေန"ဟု ဟောတော်မူသည်။