ကတမေ၊ ပေ၊ ဧဝံဝါဒိနော၊ [၁၉၁-အတိုင်းပေးပါ။] အတ္တာ၊ အတ္တသည်။ ရူပီ၊ ဖောက်ပြန်ခြင်းရှိသည်။ ဝါ၊ ရုပ်သဘောရှိသည်။ ဟောတိ၊ မရဏာ၊ မှ။ ပရံ၊ ၌။ အရောဂေါ၊ ရောဂါမရှိ။ (ဝါ၊ ပျက်စီးခြင်း မရှိ)။ ပေ။ အရူပီ၊ ဖောက်ပြန်ခြင်း မရှိသည်။ ဝါ၊ ရုပ်သဘော မရှိသည်။ ပေ။ ရူပီစ၊ သည်လည်းကောင်း။ အရူပီစ၊ သည်လည်းကောင်း။ ဟောတိ၊ ပေ။ နေဝရူပီ၊ ဖောက်ပြန်ခြင်းရှိသည်လည်း မဟုတ်သည်။ ဝါ၊ သည်။ နာရူပီ၊ ဖောက်ပြန်ခြင်း မရှိသည်လည်း မဟုတ်သည်။ ဟောတိ၊ ပေ။ သညီ၊ သညာရှိသည်။ ဟောတိ၊ အသညီ၊ သညာမရှိသည်။ ပေ။ နေဝသညီ၊ သညာရှိသည်လည်း မဟုတ်သည်။ နာသညီ၊ သညာမရှိသည်လည်း မဟုတ်သည်။ ပေ။ ဥစ္ဆိဇ္ဇတိ၊ ပြတ်၏။ ဝိနဿတိ၊ ပျက်စီး၏။ မရဏာ၊ မှ။ ပရံ၊ ၌။ န ဟောတိ၊ မဖြစ်တော့။ (မရှိတော့)။ ပေ။ တတြ၊ စုန္ဒ၊ ပေ။ အဓိပညတ္တိ၊ [ပုဒ်စဉ်- ၁၈၂-ကို နည်းမှီပေးပါ။ ရူပစသောပုဒ်တို့၏ အဖွင့်ကိုသီလက္ခန်ဘာသာဋီကာ ဒုတိယတွဲ(၁၂၈-၁၂၉)၌ ပြထားပြီ။]
အနက်ထူးမရှိ။ လွယ်ပြီ။
စုန္ဒ၊ ပုဗ္ဗန္တသဟဂတာနံ၊ ကုန်သော။ ဣမေသဉ္စ ဒိဋ္ဌိနိဿယာနံ၊ ဤ နောက်နောက် ဒိဋ္ဌိတို့၏ မှီရာဖြစ်သော ရှေးရှေး ဒိဋ္ဌိတို့ကိုလည်းကောင်း။ ဝါ၊ ဤမိစ္ဆာ အယူတို့ကိုလည်းကောင်း။ အပရန္တသဟဂတာနံ၊ ကုန်သော။ ဣမေသဉ္စ ဒိဋ္ဌိဿယာနံ၊ တို့ကိုလည်းကောင်း။ ပဟာနာယ၊ ပယ်ခြင်းငှာ။ သမတိက္ကမာယ၊ လွန်မြောက်ခြင်းငှာ။ ဧဝံ၊ သို့။ မယာ၊ သည်။ စတ္တာရော၊ ကုန်ရော။ သတိပဋ္ဌာနာ၊ တို့ကို။ ဒေသိတာ၊ ဟောတော်မူအပ်ကုန်ပြီ။ ပညတ္တာ၊ ပညတ်အပ်ကုန်ပြီ။ ဝါ၊ ဝေနေယျတို့သန္တာန်၌ ထားအပ်ကုန်ပြီ။ ကတမေ စတ္တာရော၊ နည်း။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤ သာသနာတော်၌။ ဘိက္ခု၊ သည်။ ကာယေ၊ ရုပ်အပေါင်း၌။ ကာယာနုပဿီ၊ ရုပ်အပေါင်းကို အဖန်ဖန် ရှုလေ့ရှိသည်။ အာတာပီ၊ ကိလေသာတို့ကို လွန်စွာလောင်မြှိုက်တတ်သော သမ္မပ္ပဓာန် လုံးလဝီရိယရှိသည်။ သတိမာ၊ သတိရှိသည်။ လောကေ၊ ရူပကာယဟူသော လောက၌။ ဝါ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌။ အဘိဇ္ဈာ ဒေါမနဿံ၊ အဘိဇ္ဈာဒေါမနဿကို (လောက ဒေါသကို)။ ဝိနေယျ၊ ပယ်ဖျောက်၍။ ဝိဟရတိ၊ နေ၏။
ဝေဒနာသု၊ တို့၌။ ဝေဒနာနုပဿီ၊ ဝေဒနာကို အဖန်ဖန်ရှုလေ့ရှိသည်။ ပေ။ စိတ္တေ၊ ၌။ စိတ္တာနုပဿီ၊ သည်။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿီ၊ သည်။ ပေ။ ပညတ္တာ၊ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။ [ကာယေ ကာယာနုပဿီ စသည်တို့၏ အနက်အမျိုးမျိုးကို သုတ်မဟာဝါ ဘာသာဋီကာ တတိယတွဲ(၇၃၇)၌ ပြထားပြီ။]
တေန ခေါ ပန သမယေန၊ ၌။ အာယသ္မာ ဥပဝါဏော၊ သည်။ ဘဂဝတော၊ ၏။ ပိဋ္ဌိတော၊ နောက်၌။ ဝါ၊ က။ ဘဂဝန္တံ၊ ကို။ ဗီဇယမာနော၊ ယပ်ခပ်လျက်။ ဌိတော၊ တည်နေသည်။ ဟောတိ၊ အထခေါ၊ ၌။ အာယသ္မာဥပဝါဏော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ (ကိံ)၊ ဘန္တေ၊ မြတ်စွာဘုရား။ အစ္ဆရိယံ၊ အံ့ဩဖွယ်ကောင်းပါပေစွ။ ဘန္တေ၊ အဗ္ဘုတံ၊ မဖြစ်စဖူး ထူးဆန်းပါပေစွ။ ဘန္တေ၊ အယံ ဓမ္မပရိယာယော၊ ဤတရားဒေသနာတော်သည်။ ပါသာဒိကော ဝတ၊ စိတ်၏ကြည်လင်ခြင်းကို ဖြစ်စေတတ်ပါပေစွ။ ဘန္တေ၊ အယံဓမ္မပရိယာယော၊ သည်။ ကောနာမ၊ အဘယ် အမည်ပါသနည်း။ ဣတိ၊ ဤသို့ လျှောက်ပြီ။ ဥပဝါဏ၊ တသ္မာ၊ ကြောင့်။ ဣဟ၊ ၌။ တွံ၊ သည်။ ဣမံဓမ္မပရိယာယံ၊ ကို။ ပါသာဒိကောတွေဝ၊ ပါသာဒိက ဟူ၍သာ။ ဓာရေဟိ၊ စိတ်၌ ဆောင်လော။ ဝါ၊ မှတ်လော။ ဣတိ၊ ပြီ။ ဘဂဝါ၊ သည်။ ဣဒံ၊ ဤစကားတော်ကို။ အဝေါစ၊ မိန့်တော်မူပြီ။ အာယသ္မာ ဥပါဝါဏော၊ သည်။ အတ္တမနော၊ မိမိစိတ်ရှိသည်။ (ဟုတွာ)၊ ဘဂဝတော၊ ၏။ ဘာသိတံ၊ မိန့်တော်မူအပ်သော စကားတော်ကို။ အဘိနန္ဒိ၊ ဝမ်းမြောက်နှစ်သက် ရွှင်အားတက်လျက်လက်ခံပြီ။ ဣတိ၊ ဤသို့။ (သုတံ၊ နာယူမှတ်သား ဆောင်ထားအပ်ပါပြီ။) ဣတိ၊ ပါသာဒိကသုတ်တော် အပြီးတည်း။
ဆဋ္ဌံ၊ ခြောက်သုတ်မြောက်သော။ ပါသာဒိကံ၊ ပါသာဒိကသုတ်တော်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။