ဒုတိယာဒိစက္ကဝတ္တိကထာ၊ အဖွင့်။
ဒုတိယောပိ၊ နှစ်ပါးမြောက်လည်းဖြစ်သော။ စက္ကဝတ္တီ၊ သော။ ရာဇာ၊ သည်။ ပေ။ [ ပုဒ်စဉ် (၈၂, ၃) ကြည့်။ ]
''' စကြာမင်းကျင့်ဝတ်။ ။ ( ၁) အန္တေဇနဗလကာယ၊ (၂) ခတ္တိယ၊ (၃) အနုယန္တ၊ ( ၄) ဗြာဟ္မဏဂဟပတိက၊ ( ၅) နေဂမ ဇာနပဒ ၊ ( ၆) သမဏဗြာဟ္မဏ၊ ( ၇) မိဂပက္ကီ၊ [ ဤပုဂ္ဂိုလ်တို့ အပေါ်၌ ဓမ္မိကရက္ခဋဝရဏဂုတ္တိကို စီစဉ်ခြင်း။] ( ဂ) အဓမ္မကာရ ပဋိက္ခေပ၊ (၉) အဓနာနံ ဓနာနုပ္ပါဒန၊ ( ၁၀) သမဏ ဗြာဟ္မဏေဥပသင်္ကမိတွာ ပဉှာပုစ္ဆေန၊ [ ဤသို့ ဆယ်ပါးရှိသည်။]
အနည်း။ ။ ထိုဆယ်ပါးတွင် ဗြာဟ္မဏနှင့် ဂဟပတ်ကကိုလည်းကောင်း၊ မိဂနီင့် ပက္ခီကို လည်းကောငါး တပါးစီ တပါးစီ ခွဲယူလျှင် ( ၁၂) ပါးဖြစ်သည်။
တနည်း။ ။ ထိုသို့ မခွဲလျှင်လည်း ( ၁) အဓာဂပဟာန၊ ( မတပ်မက်သင့်သော အရာ၎င်း တပ်မက်မှုကို ပယ်ခြင်း)၊ (၂) ဝိသမလောဘပဟာန ( သင့်တော်သော အရာ၌ ဖြစ်သော်လည်း လွန်လွနါကဲကဲ တပ်မက်မှုကို ပယ်ခြင်း)၊ ဤ နှစ်ပါးထည့်လျှင်( ၁၂)ပါး ဖြစ်သည်။
'''
ဘိက္ခဝေ။ အထ ခေါ၊ ၌။ (တိုင်းပြည် မကြီးပွားမစည်ပင်ရာ ထို အခါ၌)။ အမစ္စာ၊ အမတ်တို့သည်လည်းကောင်း။ (မင်းမှုထမ်းတို့သည်လည်းကောင်း)။ ပါရိသဇ္ဇာ၊ ပရိတ်သတ်၌ ပါဝင်သူတို့သည်လည်းကောင်း။ (ဆွေတော် မျိုးတော် သဋ္ဌေး သူကြွယ်တို့သည် လည်းကောင်း။) ဂဏကာ၊ မင်းတို့၏ ဝင်ငွေ ထွက်ငွေကို ရေတွက်ရသူတို့သည် လည်းကောင်း။ မဟာမေတ္တာ၊ အမတ်ကြီးတို့သည် လည်းကောင်း။ အနီကဋ္ဌာ၊ ဆင်တပ်တို့၌ ပါဝင်သူ ဆင်စရာ စသူတို့သည်လည်းကောင်း။ ဒေါဝါရိကာ၊ တံခါး၌ ယှဉ်သူ တံခါးမှူးတို့သည်လည်းကောင်း။ မန္တဿာဇီဝိနော၊ ပညာကို မှီ၍ အသက်မွေးသူ (ဥပဒေပြုမတ်) တို့သည် လည်းကောင်း။ [ မင်းတိုင်ပင်အမတ်များ။ ] သန္နိပတိတွာ၊ စည်းဝေး၍။ ခတ္တိယံ၊ မင်းမျိုး မင်းနွယ် ဖြစ်သော။ မုဒ္ဓါဘိသိတ္တံ၊ ဦးထိပ်၌ ဘိသိက် ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော။ ရာဇာနံ၊ ကို။ ဧတံ၊ ဤ စကားကို။
''' အမစ္စာ။ ။ တတ္ထတတ္ထ ရာဇကိစ္စေ ရညာ အမာ သဟ ဝတ္တန္တီတိ အမစ္စာ၊ ယေယိ ( ယင်းအမတ်တို့နှင့်) ဝိနာ ( ကင်း၍)၊ ရာဇကိစ္စံ န ပဝ က္ကတိ။ [ အမာ+ ဝတ္တန္တီတိ အမစ္စာ- ဟုပြု၊ အမာနိပါတ်နောင် ဝတ္တန္တိအနက်၌ တျပစ္စည်းသက်၊ တျသို့( စ) ပြု၊ စဒွေတော်လာ၊ မာ၌ ရဿပြု။]
ပါရိသဇ္ဇာ။ ။ ပရမ္ပရာဂတာ ဟုတွာ ( အဆက်ဆကါ လာကုန်သည်ဖြစ်၍) ရညောပရိသာယ ဘဝါတိ ပါရိသဇ္ဇာ၊ [ ပရိသာနောင် ဏျ သကါ၊ ဏ အနုဗန်ချေ၊ ( ဒ်) လာ၊ ဒျကို ဇပြု၊ ဇ ဒွေဘော်လာ၊ ပ၌ ဝုဒ္ဓိ, သာ၌ ရဿပြု။]
**ဂဏကာ **။ ။ တသ္မိံ ဌာနန္တေး ဌပိတာ ဟုတွာ ( ထိုရာထူး၌ထားအပ်ကုန်သည်ဖြစ်၍) ရညော အာယံ ဝယဉ္စ ( မင်း၏ ဝင်ငွေ ထွက်ငွေ) ယာထာဝတော ( မှန်ကန်စွာ) ဂဏေန္တီတိ ဂဏကာ။ [ ဘဏ္ဍာရေးဆိုင်ရာ အမှုထမ်းများ။]
'''
တဿ တေ၊ ထို အရှင်မင်းမြတ်အား။ မယံ၊ တို့သည်။ အရိယံ။ စက္ကဝတ္တိဝတ္တံ၊ ကို။ ပုဋ္ဌာ။ (သမာနာ၊ ဖြစ်ကုန်လသော်)။ ဗျာကရိဿာမိ၊ ဖြေဆိုကြပါမည်။ ဣတိ၊ ဤသို့ သံတော်ဦးတင်ကြကုန်ပြီ။
''' မဟာမတ္တာ။ ။ ဇာတိကုလ သုတစာရာဒိဝသေန ဂတ္တာ (ကြီးကျယ်သည်၏ အဖြစ်သို့ ရောက်သောကြောင့်) မဟတီ+ မတ္တာ ဧတေသန္တိ မဟာမတ္တာ (ကြီးကျယ်သော အတိုင်းအရှည်ရှိသူများ) တေ ပန မဟာနုဘာဝါ အမစ္ဏာ ဧဝ။
**မှတ်ချပ်**။ ။ ဤစကားကိုထောက်၍ ပဌမ အမစ္စာသည် အမတ်ငယ်များတည်း။ ဤ မဟာမတ္တာကား ရာထူးကြီးသော အမတ်ကြီးများတည်း၊ ဟု မှတ်ပါ။ ထို့ပြင်= ဂဏကနှင့် မဟာမတ္တာကို ခွဲ၍ ဖွင့်သောကြောင့် ပါဠိတော်နှင့် ဂဏက မဟာမတ္တာ= ဟု သမာသ်မရှိပဲ ဂဏကာ, မဟာမတ္တာ= ဟု ဝါကျရှိသင့်သည်။ အဋ္ဌကထာ သံဝဏ္ဏေတဗ္ဗ၌လည်း ဝါကျပင် ရှိသင့်သည်။ ထိုနှစ်ပုဒ်ကို အရကွဲအောင် "အစ္ဆိန္နကာဒိ ပါဌဂဏကာစေဝ မဟာအမစ္စာစ" ဟု အဋ္ဌကထာဖွင့်သည်။
**အနီကဋ္ဌာ**။ ။ ယေ ရညော ဟတ္ထာနီကာဒီသု (ဆင်တပ် အစရှိသည်တို့၌) အဝဋ္ဌိတာ, တေ အနီကဋ္ဌာ။ [ ဆင်ဆရာ စသူများ။၊ ] မန္တဿာဇီဝိနော၏ အဖွင့်ကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြခဲ့ပြီ။
'''