ဘိက္ခဝေ။
အထ ခေါ၊ (အုပ်စိုး၍နေရာ) ထိုအခါ၌။
ဒဠှနေမိ၊ သော။
ရာဇာ၊ သည်။
ဗဟုန္နံ၊ များစွာကုန်သော။
ဝဿာနံ၊ နှစ်တို့၏။
ဗဟုန္နံ။
ဝဿသတာနံ၊ နှစ်အရာတို့၏။
ဗဟုန္နံ။
ဝဿသဟဿာနံ၊ နှစ် အထောင်တို့၏။
အစ္စယေန၊ ကျော်လွန်ရာအခါ၌။
အညတရံ၊ တယောက်သော။
ပုရိသံ၊ ကို။
အာမန္တေသိ၊ မိန့်ပြီ။
(ကိံ)။
အမ္ဘော ပုရိသ၊ အမောင် ယောကျာ်း။
ယဒါ၊ အကြင်အခါ၌။
တွံ။
ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။
စက္ကရတနံ၊ ကို။
ဩသက္ကိတံ၊ အနည်းငယ် အောက်သို့ရောက်သည်ကို။
ဝါ၊ အောက်သို့ကျသည်ကို။
ဌာနေ၊ တည်ရာမှ။
စုဘံ၊ ရွေ့နေသည်ကို။
ပဿေယျာသိ၊ မြင်ရာ၏။
အထ၊ ဤသို့ မိန့်ပြီ။
မေ၊ အား။
အာရောစေယျာသိ၊ သံတောဦးတင်ပါ။
ဣတိ၊ ဤသို့ မိန့်ပြီ။
ဒေဝ၊ မင်းမြတ်။
ဧဝံ၊ ကောင်းပါပြီ။
ဣတိ ခေါ၊ လျှင်။ သော ပုရိသော= သည်။
ဒဠှနေမိဿ၊ သော။
ရညော၊ ၏ (စကားကို)။
ပစ္စဿေသိ။
ဘိက္ခဝေ။
ပေ။
စကကရတနံ၊ ကို။
ဩသကီိတံ၊ ကို။
ဌာနေ၊ မှ။
စုတံ၊ ကို။
အဒ္ဒသာ၊ မြင်ပြီ။
ဒိသွာန၊ ကြောင့်။
ပေ။
အဝေါစ၊ သံတော်ဦးတင်ပြီ။
(ကိံ)။
ဒေဝ။
ယဂ္ဃေ၊ တိုက်တွန်းပါ၏။
ဇာနေယျာသိ၊ သိတော်မူပါ။
တေ၊ အရှင်မင်းမြတ်၏။
ဒိဗ္ဗံ၊ သော။
စက္ကရတနံ၊ သည်။
ဩသက္ကိသံ၊ အနည်းငယ်အောက်သို့ရောက်နေပါပြီ။
ဌာနာ၊ မှာ။
စုတံ၊ ရွေ့နေပါပြီ။
ဣတိ၊ ဤသို့ သံတော်ဦးတင်ပြီ။
ဘိက္ခဝေ။
အထခေါ၊ ၌။
ဒဠှနေမိ၊ သော။
ရာဇာ၊ သည်။
ဇေဋ္ဌပုတ္တံ၊ သားတော်ကြီး ဖြစ်သော။
ကုမာရံ၊ ကို။
အာမန္တာပေတွာ၊ ခေါ်စေ၍။
ဧတံ အဝေါစ။
(ကိံ)။
တာတ ကုမာရ၊ သားတော်မင်းသား။
မေ၊ ၏။
ဒိဗ္ဗံ။
စက္ကရတနံ၊ သည်။
ဩသက္ကိတံ ကိရ၊ အနည်းငယ် အောက်သို့ ရောက်သွားပြီတဲ့။
ဌာန၊ မှ။
စုတံ (ကိရ)၊ ရွေ့နေပြီတဲ့။
မေ၊ ခမည်းတော်သည်။
ဧတံ၊ ဤ အကြောင်းကို။
သုတံ၊ ကြားအပ်ပြီ။
(ကြားဖူးပြီ)။
(ကိံ)။
စက္ကဝတ္တိဿ၊ သော။
ယဿ ရညော၊ ၏။
ပေ။
စဝတိ။
ဒါနိ၊ ယခု။
တေန ရညာ၊ သည်။
စိရံ၊ ကြာရှည်စွာ။
ဇီဝိတဗ္ဗံ၊ အသက်ရှင်ထိုက်သည်။
န ဟောတိ၊ မဖြစ်တော့။
ဣတိ၊ ဤသို ကြားဖူးပြီ။
မေ၊ သည်။
မာနုသကာ၊ လူ၌ ဖြစ်ကုန်သော။
ကာမာ၊ ကာမဂုဏ်တို့ကို။
ဘုတ္တာ၊ သုံးဆောင်ခံစားအပ်ကုန်ပြီ။
ဒါနိ၊ ယခု။
မေ၊ ၏။
ဒိဗ္ဗေ၊ နတ်၌ ဖြစ်ကုန်သော။
ကာမေ၊ တို့ကို။
ပရိယေသိတုံ၊ ရှာခြင်းငှါ။
သမယာ၊ အခါတည်း။
တာတကုမာရ။
ဧဟိ၊ လာပါ။
တွံ။
သမုဒ္ဒပရိယန္တံ၊ သမုဒ္ဒရာတစင်း အပိုင်းအခြားရှိသော။
ဣမံ ပထဝိံ၊ ဤ ဇမ္ဗူဒိပ် မြေအပြင်ကို။
ပဋိပဇ္ဇ၊ သိမ်းပိုက် အုပ်စိုးပါ။
အဟံ ပန၊ သည်ကား။
ကေသမဿုံ၊ ဆံ မုတ်ဆိတ် ကျင်စွယ်ကို။
ဩဟာရေတွာ၊ ပယ်ရှား၍။
ကာသာယာနိ၊ ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော [ သစ်ခေါက်ရည်ကိုပင် "ဖန်ရည် " ဟုခေါ်သည်။ ]
ဝတ္ထာနိ၊ အဝတ်တို့ကို။
အစ္ဆာဒေတွာ၊ ဖုံးလွှမ်း ဝတ်ရုံ၍။
အဂါရသ္မာ၊ အိမ်မှ။
(အိမ်ယာ တည်ထောင် လူ့ ဘောင်မှ)။
နိက္ခမိတွာ၊ ထွက်၍။
အနဂါရိယံ၊ အိမ်၌ နေခြင်း၏ စီးပွာ'ဖြစ်သော လယ်ထွန် ကုန်ပေး နွားမွေးမှု မရှိရာ ရဟန်းအဖြစ်သို့။
(ရဟန်းဘောင်သို့)။
ပဗ္ဗဇိဿာမိ၊ ကပ်ရောက်တော့မည်။
ဣတိ၊ ဤသို့ ပြောပြီ။
'''
သမုဒ္ဒပရိယန္တံ။ ။ ဤ၌ သမုဒ္ဒရာတစင်း အပိုင်းအခြားရှိသော အိန္ဒိယနိုင်ငံကို ရှေးခေတ်က "ဇဗ္ဗူဒိပ်" ဟု ခေါ်ကြ၏။ သမုဒ္ဒရာ လေးစင်းလုံးဖြင့် ပိုင်းခြားအပ်သော မြေအပြင်သည် စကြာမင်း၏ ဘုန်းကံကြောင့် ဖြစ်ပေါလာ၏။ ထို မြေပြင်ကို သားတော်အား ပေး၍မဖြစ်။ မျိုးရိုးစဉ်ဆက် အုပ်ချုပ်ခံ ဇဗ္ဗူဒိပ်ကိုသာ ပေးနိုင်သည်။
ကေသမဿုံ ဩဟာရေတွာ စသည်။ ။ တာပသပဗ္ဗဇ္ဇာခေါ် ရသေ့, ဝတ်ခါနီးဝယ် ဆံမုတ်ဆိတ် ကျင်စွယ်ကို ပယ်ကြ၏။ ပဌမတကြီမ် ပယ်ပြီးနောက် နောက်ထပ် ပေါ်လာသော ဆံပင်များကိုမူ မရိတ်တော့ပဲ ထုံးထားကြသည်။ သင်္ကန်းကိုလည်း ရသေ့ဖြစ်စဉ် သစ်ခေါက်ဆိုး အဝတ်များကို ဝတ်၏။ နောင်အခါ၌မူ ဝတ္တလ (လျှော်တေ) ခေါ် သစ်ခွ သစ်ရွက်တို့ကိုလည်း ဝတ်ကြသည်။
'''