Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

2. Udumbarikasuttaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

နိဂြောဓပရိဗ္ဗာဇကဝတ္ထု၊ အဖွင့်။

ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ။ [ ပါထိကသုတ်အတိုင်း ပေးပါ။ " ဣဒံ၊ ဤ ဥဒုမ္ဗရိကသုတ်တော်ကို " ဟု ဆိုရုံသာ ထူး၏။ ] ရာဇဂဟေ၊ ရာဇဂြိုလ်မြို့၌။ ဝါ၊ ရာဇဂြိုလ်မြို့၏အနီးဖြစ်သော။ ဂိဇ္စျကူဋေ၊ ဂိဇ္စျကုဋ်မည်သော။ ပဗ္ဗတေ၊ တောင်၌။
ဝိဟရတိ၊ ဣရိယာတပါး, ညောင်းညာများကို, တပါးဖြင့်ဖြတ်မကျလတ်အောင်, အတ္တဘောကို ဆောင်တော်မူ၏။ ( သဒ္ဒတ္ထ )။ ဝါ၊ နေတော်မူ၏။ တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ( မြတ်စွာဘုရား၏ ရာဇဂြိုလ်မြို့အနီး ဂိဇ္စျကုဋ်တောင်ဝယ် နေတော်မူရာ ထိုအခါ၌။ ) နိဂြောဓော၊ နိဂြောဓမည်ကော။ ပရိဗ္ဗာဇကော၊ သည်။ ဥဒုမ္ဗရိယာယ၊ ဥဒုမ္ဗရိကာ မိဖုရား၏။ ပရိဗ္ဗာဇကောရာမေ၊ ပရိဗိုဇ်အာရာမ်၌။ [ ဥဒုမ္ဗရိကာမိဖုရား လှူထားအပ်သော ပရိဗိုဇ်အာရာမ်၌၊ ဟု ဆိုလိုသည်။ ] မဟတိယာ၊ များစွာသော။ ပရိဗ္ဗာဇက ပရိသာယ၊ ပရိဗိုဇ် ပရိသတ်နှင့်။ တိံ သမတ္တေဟိ၊ သုံးဆယ် အတိုင်းအရှည်ရှိကုန်သော။ ပရိဗ္ဗာဇက သတေဟိ၊ ပရိဗိုဇ်အရာတို့နှင့်။ [ တိံ သမတ္တေဟိ ပရိဗ္ဗာဇကတေဟိ၊ သုံးထောင်သော ပရိဗိုဇ်တို့နှင့်။ ] သဒ္ဓိံ၊ အတူ။ ပဋိဝသတိ၊ နေ၏။
အထခေါ၊ ၌။ သန္ဓာနော၊ သန္ဓာနမည်သော။ ဂဟပတိ၊ အိမ့်ရှင် သူကြွယ်သည်။ ဒိဝဿ၊ နေ၏။ ဒိဝါ၊ နေ့အခါ၌။ ဝါ၊ မွန်းတည့်ပြီးခါစ အခါ၌။ [ ဤအချိန်ကို " နေ့လည် " ဟု ခေါ်၏။ " နေ့ကြီးတောတော " ဟု ရှေးကသုံးသည်။ ] ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ မြင်ဖူးခြင်းငှါ။ ရာဇဂဟာ၊ ရာဇဂြိုလ်မြို့မှ။ နိက္ခမိ၊ ထွက်လာပြီ။ ပေ။ အဟောသိ။ ( ကိံ )။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ငှါ။
အကာလော၊ အခါမဟုတ်သေား။ ဘဂဝါ၊ သည်။
ပဋိသလ္လီနော၊ အာရုံများစွာ စိတ်ကိုခွါ၍ သင့်ရာကောင်းမြတ် စျာန်အာရုံ၌ ငြိကပ်တော်မူပြီ။ ဝါ၊ တပါးတည်း နေတော်မူပြီ။
မနောဘာဝနီယာနံ၊ စိတ်ကို တိုးပွားစေတတ်ကုန်သော။ ( ထို အရှင်တို့ကို အာရုံပြုသူ၏ စိတ်သည် ကြည်လင်တက်ကြွ ရွှင်လန်းလာသည်။ ) ဘိက္ခိုနမ္ပိ၊ တို့ကိုလည်း။ ဒဿနာယ၊ ငှါ။ အသမယော၊ အချိန်မဟုတ်သေး။
မနောဘာဝနီယာ၊ ကုန်သော။ ဘိက္ခူ၊ တို့သည်။ ပဋိသလ္လီနာ၊ ကုန်ပြီ။
အဟံ။ ယေန၊ ၌။ ဥဒုမ္ဗရိကာယ၊ ၏။ ပရိဗ္ဗာဇကာရာမော ( အတ္ထိ )။ ယေန၊ ၌။ နိဂြောဓော ပရိဗ္ဗာဇကော (အတ္ထိ )။ တေန၊ ထိုအရပ်သို့။ ( ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အာရာမ်ဝယ် နိဂြောဓပရိဗိုဇ် ရှိရာ ထိုအရပ်သို့ )။ ယံနုန ဥပသင်္ကမိယျံ၊ အကယ်၍ သွားရပါမူ ကောင်းလေစွ။ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ ပေ။ ဥပသင်္ကမိ။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ( သန္ဓာန သူကြွယ်၏ ဥဒုမ္ဗရိကာ ပရိဗိုဇ်အာရာမ်သို့သွားရာ ထိုအခါ၌။ ) နိဂြောဓော ပရိဗ္ဗာဇကော။ ဥန္နာဒိနိယာ၊ မြင့်ကျယ်သော အသံရှိသော။ ဝါ၊ ပဲ့တင်ထပ်သော အသံရှိသော။ ဥစ္စာသဒ္ဒမဟာသဒ္ဒါယ၊ အထက်သို့ မြင့်တက်သော အသံ, ဘေးသို့ကျယ်ပြန့်သော အသံရှိသော။ အနေကဝိဟိတံ၊ တပါးမက များသော အပြားရှိသော။ တိရစ္ဆာနကတံ၊ သုဂတိလမ်း နိဗ္ဗာန်လမ်း၏ ဖီလာကန့်လန့် ဖြစ်သော စကားကို။ ( ဆန့်ကျင်ဖက် ဖြစ်သော စကားကို )။ ကထေန္တိယာ၊ ပြောဆိုနေသော။ မဟတိယာ၊ များစွာသော။ ပရိဗ္ဗာဇကပရိသာယ၊ ၏။ သဒ္ဓိံ၊ အတူ။ နိသိန္နော၊ ထိုင်နေသည်။ ဟောတိ

သေယျထိဒံ၊ ထို တိရစ္ဆာနကထာဟူသည် အဘယ်နည်း။ ရာဇကထံ၊ မင်းနှင့်စပ်သော စကားကိုလည်းကောင်း။ [ စောရ၊ သူခိုး, ဒါးမြ, သူပုန်။ မဟာမတ္တ၊ အမတ်ကြီး။ သေနာ၊ စစ်တပ်။ ဘဟ၊ ဘေး။ ယုဒ္ဓ၊ စစ်တိုက်ခြင်း။ အန္န၊ စားဖွယ်။ ပါန၊ သောက်ဖွယ်။ ဝတ္ထ၊ အဝတ်။ သယန၊ အိပ်ရာနေရာ။ မာလာ၊ ပန်း။ ဂန္ဓ၊ နံ့သာ။ ဉာဘိ၊ ဆွေမျိုး။ ယာန၊ ယာဉ်။ ဂါမ၊ ရွာ။ နိဂမ၊ နိဂုမ်း။ နဂရ၊ မြို့။ ဇနပဒ၊ ဇနပုဒ်။ ( တိုင် )။ ဣတ္ထီ၊ အမျိုးသ္မီး။ သူရ၊ သူရဲကောင်း။ ဝိသိခါ၊ လမ်းဆုံ လမ်းမ။ ကုမ္ဘဋ္ဌာန၊ အိုး၏တည်ရာ ရေဆိပ်။ ဝါ၊ အိုးလုပ်သမကျွန်မ။ ] ပုဗ္ဗပေတကထံ၊ ရှေးရှေးက ကွယ်လွန်ပြီးသော ဆွေးမျိုးတို့နှင့်စပ်သော စကားကိုလည်းကောင်း။ နာနတ္တကထံ၊ အမျိုးမျိုးသောသဘောရှိသော စကားကိုလည်းကောင်း။ လောကက္ခာယိကံ၊ လောကကို ပြောဆိုကြောင်း စကားကိုလည်းကောင်း။ သမုဒ္ဒက္ခာယိကံ၊ သမုဒ္ဒရာကို ပြောဆိုကြောင်းစကားကိုလည်းကောင်း။ ဣတိ ဘဂဝါတဝ ကထံ၊ ဤအကြောင်းကြောင့် ကြီးပွား၏။, ဤအကြောင်းကြောင့် ဆုတ်ယုတ်၏ဟု ပြောဆိုကြောင်း စကားကိုလည်းကောင်း။ ဣတိဝါ၊ ဤသို့ အစရှိသော စကားကိုလည်းကောင်း။ ဝါ၊ ဤ စကားနှင့် အလားတူ အခြား စကားကိုသော်လည်းကောင်းတည်း။

''' **တိရစ္ဆာနကထံ**။ ။ ဤပုဒ်တို့၏အနက်ကျယ်ကို သီလက္ခန်ဘာသာဋီကာ ပဌမတွဲ ၆၂၀ ၌လည်းကောင်း။ ဥန္နာဒိယာ စသည်တို့၏ အကျယ်ကို သီလက္ခန်ဘာသာဋီကာ စတုတ္ထတွဲ ၁၆၄ ၌လည်းကောင်း ပြထားပြီ။ဤ၌ လွယ်ကူအောင် အကျဥ်းပေးထားပါသည်။ တိရစ္ဆာန်နကထာ၌ သုဂတိလမ်းကို သဂ္ဂမဂ္ဂ, နိဗ္ဗာန်လမ်းကို မောက္ခမဂ္ဂဟု ပရိယာယ်ဆိုနိုင်၏။ ထို့ကြောင့် "တိရစ္ဆာန်နကထာ၊ သဂ္ဂလမ်း မောက္ခလမ်းတို့၏ ဖီလာကန့်လန့် ဖြစ်သော စကား" ဟု အနက်ဆိုနိုင်သည်။

**သေယျထိဒံ**။ ။ သရုပ် သာမညကို မေးသော ပုစ္ဆာအဖြစ်ဖြင့် "သေယျထိဒံ၊ ထို တိရစ္ဆာနကထာဟူသည် အဘယ်နည်း" ဟု ပေးပါသည်။ ကြိယာကိုကြည့်၍လည်းကောင်း, သရုပ်ထုတ်ထားအပ်သော ပုဒ်များ၏ ဝိဘတ်ကို ကြည့်၍လည်းကောင်း "သေယျထိဒံ= အဘယ် တိရစ္ဆာနကထာကိုနည်း" ဟု ဒုတိယန္တလည်း ပေးနိုင်ပါသည်။

'''

နိဂြောဓော။ ပရိဗ္ဗာဇကော၊ သည်။ သန္ဓာနံ။ ဂဟပတိံ၊ ကို။ ဒူရတောဝ၊ အဝေး၌ပင်။ (အဝေးကြီးကပင်)။ အာဂစ္ဆန္တံ၊ လာနေသည်ကို။ အဒ္ဒသာ၊ မြင်ပြီ။
ဒိသွာ၊ မြင်၍။ သကံ၊ မိမိဥစ္စာဖြစ်သော။ (မိမိအပိုင်ဖြစ်သော)။ ပရိသံ၊ ကို။ [ သကံ ပရိသံ၊ မိမိပရိတ်သတ်ကို။ ဤသို့လည်း ပေးပါ။ ] သဏ္ဌာပေသိ၊ ကောင်းစွာတည်စေပြီ။ (ငြိမ်သက်စေပြီ)။
(ကိံ) ဘဝန္တော၊ အရှင်တို့သည်။ အပ္ပသဒ္ဒါ၊ တိုးသောအသံရှိသူတို့သည်။ (အသံတိုးသူတို့သည်)။ ဟောန္တု၊ ဖြစ်ကြပါ။ ဘဝန္တော၊ တို့။ (တုမှေ)။ သဒ္ဒံ၊ အသံကို။ မာ အကတ္ထ၊ မပြုကြပါနှင့်။
သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမ၏။ သာဝကော၊ တပည့်ဖြစ်သော။ သန္ဓာနော၊ သော။ အယံ ဂဟပတိ၊ သည်။
ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိကုန်သော။ သမဏဿ ဂေါတမဿ၊ ၏။ သာဝကာ၊ တပည့်ဖြစ်ကုန်သော။ ဩဒါတဝသနာ၊ ဖြူသောအဝတ်ရှိကုန်သော။ ဝါ၊ ဝတ်ဖြူစင်ကြယ် ဝတ်ကြကုန်သော။ ဂိဟီ၊ လူဝတ်ကြောင်တို့သည်။ ရာဇဂဟေ၊ ၌။ ပဋိဝသန္တိ၊ နေကုန်၏။ သန္ဓာနော၊ သော။ အယံ ဂဟပတိ၊ သည်။
တေသံ၊ ထု လူဝတ်ကြောင် သာဝကတို့တွင်။ အညတရော၊ တယောက် အပါအဝင်တည်း။ [ အနာဂါမ်လူဝတ်ကြောင် ငါးရာတို့တွင် တယောက်အပါအဝင်ဖြစ်သည်။ ] ဧတေ အာယသ္မန္တော၊ ဤ အရှင်တို့သည်။ (ဤ ဘုရားရှင်၏ တပည့်ဖြစ်သော အရှင်တို့သည်)။ အပ္ပသဒ္ဒကာမာ၊ တိုးသောအသံရှိသူ၏အဖြစ်ကို လိုလားကုန်၏။ (အသံတိုးတိုးကို လိုလားကုန်၏)။ အပ္ပသဒ္ဒဝိနီတာ၊ တိုးသော အသံရှိသူဖြစ်အောင် ဆုံးမထားအပ်ကုန်၏။ (အဆုံးအမ ခံထားရကုန်၏)။ အပ္ပသဒ္ဒဿ၊ တိုးသောအသံရှိသူ၏။ ဝဏ္ဏဝါဒိနော၊ ဂုဏ်ကို ပြောလေ့ရှိကုန်၏။
အပ္ပသဒ္ဒံ၊ တိုးသောအသံရှိသော။ ပရိသံ၊ ကို။ ဝိဒိတွာ၊ သိ၍။ ဥပသင်္ကမိတဗ္ဗံ၊ ချဉ်းကပ်ထိုက်၏ဟူ၍။ အပ္ပေဝနာမ မညေယျ၊ မှတ်ထင်တန်ရာ၏။ ဣတိ၊ ဤသို့ ပြော၍ ကောင်းစွာတည်စေပြီ။ ဧဝံ၊ သို့။ ဝုတ္တေ၊ ပြောအပ်သော်။ တေ ပရိဗ္ဗာဇကာ၊ တို့သည်။ တုဏှီ၊ တိတ်တိတ်။ (ဆိတ်ဆိတ်)။ အ‌ဟေသုံ၊ ဖြစ်ကုန်ပြီ။
အထခေါ၊ ၌။ (အာရာမ်သို့ရောက်လာပြီးရာ ထိုအခါ၌)။ ပေ။ တေန၊ သို့။ ဥပသင်္ကမိ၊ သွားပြီ။ ဥပသင်္ကမိတွာ၊ သွားပြီး၍။ (တနည်း) ဥပသင်္ကမိ၊ ပြီ။ ဥပသင်္ကမိတွာ၊ ထို့ထက် နီးကပ်သောအရပ်သို့ ရောက်အောင် သွားပြီး၍။ နိဂြောဓေန ပရိဗ္ဗာဇကေန သဒ္ဓိံ။ သမေ္၎င်းာဒိ၊ ခမနီယ စသည်သဘော မေးမြန်းပြောလျက် ရောနှောမိပြီ။
သမ္မော ဒနီယံ၊ ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ ဝါ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော။ သာရဏီယံ၊ အဆက်မပြတ်ဖြစ်စေထိုက်သော။ ဝါ၊ မပြတ်မလပ် အမှတ်ရထိုက်သော။ ကထံ၊ စကားကို။ ဝီတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် တခုသော အရပ်အဖို့၌။ နိသိဒိ၊ ထိုင်ပြီ။ [ ဤ ဝါကျ၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ ဝေရဉ္ဇာကဏ္ဍ၌ ပြထားပြီ။ ]
ဧကမန္တံ၊ ၌။ နိသိန္နော၊ ထိုင်ပြီးသော။ သန္ဓာနော။ ပေ။ အဝေါစ၊ ပြောပြီ။ (ဥဒါန်းကျူးသောအားဖြင့် ပြောပြီ)။
အညထာ ခေါ၊ တပါးသော အခြင်းအရာအားဖြင့်သာ။ ဘဝန္တော၊ အရှင်ဖြစ်ကုန်သော။ အညတိတ္ထိယာ၊ သာသနာတော် အယူမှ တပါးသောအယူရှိကုန်သော။ (တနည်း)။ သသနာတော်အယူရှိသူတို့မှ အခြားသော အယူရှိကုန်သော။ ဣမေ ပရိဗ္ဗာဇကာ၊ တို့သည်။ သင်္ဂမ္မ၊ ကောင်းစွာရောက်၍။ သမာဂမ္မာ၊ အညီအမျှရောက်၍။ (စုဝေး၍)။ ဥန္နာဒိနော၊ မြင့်ကျယ်ကုန်သော အသံရှိကြကုန်သည်။ ဝါ၊ ပဲ့တင်ထပ်သော အသံရှိကုန်သည်။ ဥစ္စာ သဒ္ဒ မဟာသဒ္ဒါ၊ အထက်သို့ မြင့်တက်သောအသံ, ဘေးသို့ ကျယ်ပြန်သောအသံ ရှိကုန်သည်။ (ဟုတွာ)။ အနေကဝိဟိတံ၊ သော။ တိရစ္ဆာနကထံ၊ ကို။ အနုယုတ္တာ၊ အဖန်ဖန် အားထုတ်ကုန်လျက်။ ဝိဟရန္တိ။ ပေ။ ဣတိဝါ၊ တည်း။
အညထာခေါ၊ ဖြင့်သာ။ (ပရိဗိုဇ်တို့၏ နေပုံ ထိုင်ပုံမှ တပါးသော အခြင်းအရာအားဖြင့်)။ သော ဘဂဝါ၊ ထို ဘုရားရှင်သည်။ အရည ဝနပတ္တာနိ၊ တော၏ လက္ခဏာသို့ ရောက်သော တောကျောင်း ဖြစ်ကုန်သော)။ ပန္တာနိ၊ အစွန်အဖျား ဖြစ်ကုန်သော။ အပ္ပသဒ္ဒါနိ၊ အသံ မရှိကုန်သော။ (ခရီးသွားသူ လူတို့၏ အသံ မရှိကုန်သော)။ အပ္ပနိဂ္ဃောသာနိ၊ မြို့ရွာတွန်သံ မရှိကုန်သော။ (မြို့ထဲ ရွာထဲမှာ အုတ်အုတ်ကျက်ကျက် ဆူဆူညံညံ အသံ မကြားရကုန်သော)။ ဝိဇနဝါတာနိ၊ ကျောင်းတိုက် အတွင်း၌ လှည့်လည်သွားလာသူ လူအပေါင်း၏ လေ မရှိကုန်သော။ [ ကျောင်းတိုက်အတွင်း လှည့်လည် သွားလာသူလူအပေါင်း၏ ကိုယ်နံ့ မရှိကုန်သော။ ] မနုဿရာဟဿေယျကာနိ၊ လူတို့၏ဆိတ်ကွယ်ရာအရပ်၌ဖြစ်သော အမှုကိစ္စကို ပြုထိုက်ကုန်သော။ [ လူအများ၏ ဆိတ်ကွယ်ရာ အရပ်၌ ပြုလေ့ရှိသော အမှုကိုပင် ပြု၍ ဖြစ်လောက်အောင် လူသူကင်းရှင်းကုန်သော။ ] ပဋိသလ္လာန သာရုပ္ပါနိ၊ တပါးတည်းနေခြင်းအားလျောက်ပတ်ကုန်သော။ သေနာသနာနိ၊ ကျောင်း အိပ်ရာ နေရာတို့ကို။ ပဋိသေဝတိ၊ မှီဝဲ သုံးစွဲတော်မူ၏။ဣတိ= ဤသို့ ပြောပြီ။
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ပြောဆိုအပ်သော်။ (ဥဒါန်းကျူးအပ်သော်)။ ပေ။ အဝေါစ။ (ကိံ)။ ဂဟပတိ၊ အိမ့်ရှင်သူကြွယ်။

ယဂ္ဃေ၊ ပြောစမ်းပါရစေ။ ဇာနေယျာသိ၊ သိပါ။ သမဏော ဂေါတမော၊ သညါ။ ကေန၊ အဘယ်အကြောင်းကြောင်းအဘယ်သူနှင့်။ စဒ္ဓိံ၊ တူ။ သလ္လပတိ၊ စကားပြောမည်နည်း။ ကေန၊ အဘယ်အကြောင်းကြောင့် အဘယ်သူနှင့်။ သာကစ္ဆံ၊ အတူ ပြောဆိုခြင်းသို့။ (ဆွေးနွေးနှီးနှောခြင်းသို့)။ သမာပဇ္ဇတိ၊ ရောက်မည်နည်း။ ကေန၊ အဘယ် အကြောင်းကြောင့် အဘယ်သူနှင့်။ ပညာဝေယျတ္တိယံ၊ ပညာအားဖြင့် ထက်မြက်သူ၏ အဖြစ်သို့။ သမာပဇ္ဇတိ၊ နည်း။

''' **ကေန သလ္လပတိ**။ ။ စကားပြောစရာ အကြောင်းရှိလျှင် တစုံတယောက်ကလည်း ရဟန်းဂေါတမထံ သွားလျှင် သူလဲ စကားပြောမှာပဲ။ ယခုတော့ သူ့မှာ စကားပြောဖို့ရာ အကြောင်း မရှိပါ။ သူ့ ထံ တယောက်မှလဲ မသွားပါ။ သို့ဖြစ်လျှင် ရဟန်းဂေါတမဟာ ဘာအကြောင်းကြောင့် ဘယ်သူနဲ့ စကားပြောရတော့မှာလဲ။ စကားမပြောလျှင် ဘယ်မှာ ဆူဆူညံညံဖြစ်နေတော့မှာလဲ။ စကားပြောစရာအကြောင်း ရှိလို့ အခြားသူနှင့် ပြောရလျှင် ဒို့လိုပဲ ဆူညံနေမှာပေါ့၊ ဟု နိဂြောဓပရိဗိုဇ်က ဆိုလိုသည်။ [ "ကေန" ၏ ဝိဘတ်နက်ကို ဘာသာဋီကာ (၅၇) ကြည့်။ ]

''

သမဏဿ ဂေါတမဿ၊ ၏။ ပညာ၊ သည်။ (ဗောဓိပင်အောင်၌ ရအပ်ခဲ့သော အနီးငယ်သော ပညာသည်)။ သုညာဂါရဟတာ၊ ဆိတ်ငြိမ်ရာကျောင်းတို့၌ ပျက်သွားပြီ။ သမဏော ဂေါတမော၊ သည်။ အပရိသာဝစရော၊ ပရိတ်သတ်သို့ မသက်ဝင်နိုင်။ (ပရိတ်သတ်သို့ မဝင့်ဝံ့)။ သလ္လာပါယ၊ အတူတကွ စကားပြောခြင်းငှါ။ (သူများနှင် စကားပြောခြင်းငှါ)။ နာလံ၊ မစွမ်းနိုင်။
သော၊ သည်။ အန္တမန္တာနေဝ၊ အစွန်အဖျားဖြစ် အစွန်အဖျားဖြစ်သော ကျောင်းတို့ကိုသာ။ သေဝတိ၊ မှီဝဲ သုံးစွဲ၏။
သေယျထာပိ နာမ၊ ဥပမာ မည်သည်ကား။ ဂေါကာဏာ၊ မျက်လုံးတဖက်ကာဏ်းသော နွားမသည်။ ပရိယန္တစာရိနီ၊ အစွန်အဖျား ဖြစ်သောအရပ်၌ လှည့်လည်လေ့ရှိသည်။ ဝါ၊ အစွန်အဖျား ဖြစ်သော အရပ်၌ လှည့်လည်ရခြင်း ရှိသည်။ (ဟုတွာ)။ အန္တမန္တာနေဝ၊ အစွန်အဖျားကျ အစွန်အဖျားကျသော အရပ်တို့ကိုသာ။ သေဝတိ၊ မှီဝဲနေရ၏။

ဧဝမေဝ၊ ဤအတူပင်။ ပေ။ သေဝတိ။ ဂဟပတိ။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ သမဏော ဂေါတမော၊ သည်။ ဣမံ ပရိသံ၊ သို့။ (ဤ ငါ့ ပရိတ်သတ်သို့)။ အာဂစ္ဆေယျ၊ လာရာပါ၏။ ဝါ၊ လာစမ်းပါစေ။ ဧက ပဉှေနေဝ၊ ပြဿနာတခုတည်းဖြင့်ပင်။ သံသာဒေယျာမ၊ တွန့်ဆုတ် ပင်ပန်းစေကုန်ရာ၏။ (တွန့်ဆုတ် ပင်ပန်းအောင် ပြုနိုင်ကုန်ရာ၏)။ နံ၊ ထို ရဟန်းဂေါတမကို။ တုစ္ဆကုမ္ဘီဝ၊ ရေမရှိသည့် အချည်းနှီးသော အိုးကဲ့သို့။ ဩရောဓေယျာမ မညေ၊ ပိတ်ဆို့ ထားနိုင်ကုန်ရာ၏။ ဝါ၊ ဝါဒဖြင့် ချုပ်နှောင်ထားနိုင်ကုန်ရာ၏။ ဣတိ၊ ဤသို့ ပြောပြီ။

''' သုညာဂါရဟတာ။ ။ ဤဝါကျဖြင့် စကားပြောစရာ မရှိနိုင်းခြင်း၏ အကြောင်းကို နိဂြောဓက ပြသည်။ရဟန်းဂေါတမသည် ဗောဓိပင် အောက်၌ ပညာအနည်းငယ် ရခဲ့၏။ ထို ပညာသည်လည်း ဆိတ်ငြိမ်သော ကျောင်းများ၌ တပါးတည်း နေသဖြင့် (အသုံးမချရသည့်အတွက်) ပျက်သွားပြီ။ ထို့ကြောင့် ပညာမရှိသည့်အတွက် ပရိတ်သတ်ထဲသို့ မဝင့်ဝံ့။

**ဂေါကာဏာ စသည်**။ ။ မျက်စိတဖက် ပျက်နေသော နွားမသည် သူ၏မျက်စိ နောက်ထပ် ထိခိုက်မိမှာစိုးသဖြင့် တောဖက်သို့လည်း မလှည့်ဝံ့။ နွားများဖက်သို့လည်း မလှည့်ဝံ့သဖြင့် အစွန်အဖျားကျကျ အရပ်ဒေသ၌သာ လှည့်လည်ကျက်စားနေရသလို ရဟန်း ဂေါတမလည်း အစွန်းအဖျား ချောက်ကျသော ကျောင်းများ၌သာ နေထိုင်ရပါသည်။ တေကျောင်းကို နှစ်သက်၍ နေသည် မဟုတ်ပါ၊ ဟု နိဂြောဓပရိဗိုဇ်က စွပ်စွဲလေသည်။

'''

ဘဂဝါ။ ဒိဗ္ဗာယ၊ နတ်၌ ဖြစ်သော သောတပသာဒနှင့် တူသော။ ဝိသုဒ္ဓါယ၊ အထူးသဖြင့် စင်ကြယ်သော။ အတိက္ကန္တမာနုသိကာယ၊ လူတို့၏ ဥစ္စာဖြစ်သော ပသာဒသောတတို့ လွန်သော။ (ကျော်လွန်၍ ကြားနိုင်သော)။ သောတဓာတုယာ၊ သောတဓာတ်ဖြင့်။ (ဒိဗ္ဗသောတ အသိညာဉ်ဖြင့်)။ သန္ဓာနဿ ဂဟပတိဿ၊ ၏။ နိဂြောဓေန ပရိဗ္ဗာဇကေန၊ နှင့်။ သဒ္ဓိံ၊ အတူ။ ဣမံ ကထာသလ္လာပံ၊ ဤ (အပြန်အလှန်) စကားပြောသံကို။ ဿောသိ၊ ကြားတော်မူပြီ။
အထခေါ၊ ၌။ ပဗ္ဗတာ၊ မှ။ ဩရောဟိတွာ၊ ဆင်းတော်မူ၍။ ယေန၊ ၌။ သုမာဂဓာယ၊ သုမာဂဓာရေကန်၏။ တီရေ၊ ကမ်းနား၌။ မောရနိဝါပေါ၊ ကဒေါင်းတို့အား အစာပေးရာဖြစ်သော အရပ်သည်။ (ဥဒေါင်းတို့အား ဘေးမဲ့ပေး၍ အစာကျွေးထားရာဖြစ်သော အရပ်သည်)။ (အတ္ထိ)။ ပေ။ အဗ္ဘောကာသေ၊ လွင်ပြင် အရပ်၌။ စင်္ကမိ၊ စင်္ကြန် ကြွတော်မူပြီ။
နိဂြောဓော။ ပရိဗ္ဗာဇကော၊ သည်။ ဘဂဝန္တံ၊ ကို။ ပေ။ စင်္ကမန္တံ၊ စင်္ကြန်ကြွတော်မူနေသည်ကို။ သဒ္ဒသာ၊ ပြီ။ ပေ။ မညေယျ။ [ ပုဒ်စဉ် ၅၁၊ ၌ ရေးခဲ့ပြီ။ ]
သမဏော ဂေါတမော။ ဣမံ ပရိသံ၊ သို့။ သစေ အာဂစ္ဆေယျ၊ အကယ်၍ရောက်လာအံ့။ ဧဝံ သတိ။ တံ၊ ထိုရဟန်းဂေါတမကို။ ဣမံ ပဉှံ၊ ဤပြဿနာကို။ ပုစ္ဆေယျာမ၊ မေးကုန်ရာ၏။

(ကိံ)။ ယေန၊ အကြင်တရားဖြင့်။ ဘဂဝတာ၊ သည်။ ဝိနီတာ၊ ဆုံးမအပ်ကုန်သော။ သာဝကာ၊ တပည့်တို့သည်။ အဇ္စ◌ျာသယံ၊ လွန်ကဲသော မှီရာဖြစ်သော။ အာဒိဗြဟ္မစရိယံ၊ ရှေးဦးအစဖြစ်သော မြတ်သော အကျင့်ကို။ ဝါ၊ ရှေးဥုးအစ ဖြစ်သော မြတ်သော အရိယာမဂ် အကျင့်ကို။ (ပူရေတွာ၊ ပြည့်စေ၍။ ဝါ၊ ဖြည့်ကျင့်၍)။ အဿာသပတ္တာ၊ သက်သာရာသို့ ရောက်ကုန်၏ ဟူ၍။ ဝါ၊ (အရဟတ္တဖိုလ်ကို ရသဖြင့်) သက်သာရာရာကြောင်း ပီတိသောမနဿ သို့ ရောက်ကုန်၏ ဟူ၍။ ပဋိဇာနန္တိ၊ ဝန်ခံနိုငါကုန်၏။ ဘန္တေ။ ဘဂဝတော၊ ၏။ သော ဓမ္မာ၊ သည်။ ကော နာမ၊ အဘယ်မည်တဲ့ တရားပါနည်း။ တနည်း။ ။ ယေန၊ ဖြင့်။ ဘဂဝတာ၊ သည်။ ဝိနီတာ၊ အပ်ကုန်သော။ သာဝကာ၊ တို့သည်။ အဿာသပတ္တာ၊ သက်သာရာသို့ ရောက်ကုန်သည်။ ဝါ၊ သက်သာရာ ရကြောင်း ပီတိသောမနဿသို့ ရောက်ကုန်သည်။ (ဟုတွာ)။ အဇ္စ◌ျာသယံ၊ သော။ အာဒိဗြဟ္မစရိယံ၊ ကို။ ပဋိဇာနန္တိ။ ဘန္တေ။ ဘဂဝတော၊ ၏။ သော ဓမ္မော၊ သည်။ ကော နာမ၊ ပါနည်း။ ဣတိ၊ ဤသို့မေးကုန်ရာ၏။ (ပုစ္ဆေယျာမသို့ ပြန်လှည့်သည်)။ ဣတိ၊ ဤသို့ ကောင်းစွာတည်စေပြီ။ [ သဏ္ဌာပေသိ၊ သို့ ပြန်လှည့်သည်။ ]

''' **ယေန ဘဂဝတာ စသည်**။ ။ ယေန ဘာဂဝတာ သာဝကာ ဝိနီထာ အဇ္စျာသယံ အာဒိဗြဟ္မစရိယဘူတံ အရိယမဂ္ဂံ ပူရေတွာ အရဟတာဓိဂမဝသေန အဿာသပတ္တာ ပဋိဇာနန္တိ။၊ ဋ္ဌ။ ဤ၌ ပူရေတွာသည် ပါဠိတော် အဇ္စျာသယံ အာဒိဗြဟ္မစရိယံ အတွက် ပါဌသေသတည်း ဟု ဆိုကြ၏= ဟူ၍ ဋီကာ ဖွင့်သည်။ ဤ အတိုင်း အနက် ပေးထားသည်။ ဤနည်း၌ အဇ္စျာသယံ အဒိဗြဟ္မစရိယံကို ပူရေတွာဟူသော ပါဋ္ဌသေသ၌ စပ်ပါ။

'''