Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

တပေါဇိဂုစ္ဆာဝါဒ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

တပေါဇိဂုစ္ဆာဝါဒ၊ အဖွင့်။

အထခေါ။ ပေ။ နိသီဒိ။ [ ပုဒ်စဉ် ၂၊ ၌ ရေးခဲ့ပြီ။ ] ဧကမန္တံ။ ပေ။ အဝေါစ။ ( ကိံ )။ နိဂြောဓ၊ နိဂြောဓ။ ဧတရဟိ၊ ယခု အခါ၌။ ကာယကထာယ၊ အဘယ်စကားဖြင့်။ သန္နိသိန္နာ၊ အတူ ထိုင်နေကြကုန်သည်။ ( စည်းဝေး ထိုင်နေကြကုန်သည်။ ) အတ္ထနု၊ ဖြစ်ကြသနည်း။ ဝေါ၊ သင်တို့၏။ ဝိပ္ပကတာ၊ အစပြုအပ်ပြီး၍ ပြတ်သွားသော။ ( စ ပြောအပ်ပြီး၍ ရပ်ထာစ ဖြတ်ထားရသော )။ ကာစ ပန၊ အဘယ်နည်း။ ဣတိ၊ ပြီ။ ပေ။ ဘန္တေ။ ဣဓ၊ ယခု။ ပေ။ ဒိသွာန၊ ကြောင့်။ သစေ။ ပေ။ အာဒိ ဗြဟ္မစရိယန္တီ၊ ဟူ၍။ ဧဝံ၊ သို့။ အဝေါစုမှာ၊ ပြောခဲ့ပါကုန်ပြီ။ ဘန္တေ။ နော၊ တပည့်တော်တို့၏။ ဝိပ္ပကတာ၊ သော။ အန္တရာကထာ၊ မြတ်စွာဘုရားမရောက်မီ ကြားကာလာ၌ဖြစ်သောစကားသည်။ အယံ ခေါ၊ ဤသည်ပင်တည်း။ ( ဤဟာ ပါတည်း။ ) အထ၊ ထို အခါ၌ ( ထိုသို့ ပြော၍ မပြီးသေးမီ )။ ဘဂဝါ၊ သည်။ အနုပ္ပတ္တော၊ ရောက်တော်မူလာပါပြီ။ ဣတိ၊ ပြီ။
နိဂြောဓ။ ယေန၊ အကြင်တရားဖြင့်။ အဟံ။ သာဝကေ၊ တပည့်တို့ကို။ ဝိနေမိ၊ ဆုံးမတော်မူ၏။ ယေန၊ ဖြင့်။ ပေ။ အာဒိဗြဟ္မစရိယံ။ [ ရှေးအတိုင်း ၂ နည်းဆိုပါ။ ] အညတိတ္ထိကေန။ ပေ။ အည စရိယကေန၊ သော။ [ ပုဒ်စဉ် ၄၈၊ ၌ အနက်ရေးခဲ့ပြီ။ ] တယာ၊ သည်။ ဧတံ၊ ဤ တရားအကြောင်းကို။ ဒုဇ္ဇာနံ၊ ခဲယဉ်းသဖြင့် သိအပ်၏။ ( သိနိုင်ခဲ၏ အသိခက်၏ )။ နိဂြောဓ။

ဣင်္ဃ၊ တိုက်တွန်းတော်မူ၏။ တွံ။ မံ၊ ကို။ သကေ၊ မိမိ ဥစ္စဖြစ်သော။ ( ဆရာ့ဝါဒဖြစ်သော )။ အဓိဇေဂုစ္ဆေ၊ အလွန်အကဲ မကောင်းမှုကို စက်ဆုပ်သူ၏ အဖြစ်၌။ ( အလွန်အကဲ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်သူ၏ အဖြစ်၌ )။ ပဉှံ၊ ကို။ ပုစ္ဆ၊ မေးပါလေ။ ( ကိံ၊ အဘယ်သို့ မေးရမည်နည်း။ )

''' **တနည်း**။ ။ ပူရေတွာကို ပါဌ်သေသ ဟု မယူဆပဲ အဇ္စျာသယံ ဗြဟ္မစရိယံကို ပဋိဇာနန္တိ၌ စပ်၍ အနက်တည်း ယောဇနာပါ၊ ဟု ဋီကာ ဆို၏။ ထိုအတိုင်း တနည်ူပေးသည်။

**ဣဓ မယံ**။ ။ ဤ "ဣဓ" ပုဒ်မျိုးဝယ် ရှေ့နောက် အနက် အဓိပ္ပါယ်ကို ထောက်၍ ဖြစ်သင့်သော အခါကို သတိပြုလျှက် အနက်ပေးရသည်။ ဥပမာ၊ ယခု မကြာသေးမီ ဖြစ်လျှင် "ဣဓ= ယခု။ (သို့မဟုတ်) ယခုအခါ၌။" ဟု လည်းကောင်း။ နံနက်နှင့် ညနေ အချိန် ပြောင်းသွားလျှင် "ဣဓ= ယနေ့။ (သို့မဟုတ်) ယနေ့၌"= ဟု လည်းကောင်း ပေးပါ။

'''

ဘန္တေ။ ကထံ၊ အဘယ် အပြားအားဖြင့်။ ဝါ၊ အဘယ်နည်းဖြင့်။ သန္တာ၊ ဖြစ်သော။ တပေါဇိဂုစ္ဆာ၊ အတ္တကိလမထ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်။ ဝါ၊ စက်ဆုပ်ကြောင်း အကျင့်သည်။ ပရိပုဏ္ဏား၊ ပြည့်စုံ စင်ကြယ်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ကထံ၊ ဖြင့်။ အပရိပုဏ္ဏာ၊ မပြည့်စုံ မစင်ကြယ်သည်။ ဟောတိ၊ နည်း။ ဣတိ၊ ဤသို့ မေးလေ။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။

ဧဝံ ဝုတ္တေ။ ပေ။ အဟေသုံ။ ( ကိံ၊ အဘယ်သို့ပြော၍ ဖြစ်ကြသနည်း )။ ယတြ၊ အကြင် ရဟန်းဂေါတမသည်။ သကဝါဒံ၊ မိမိ၏ဝါဒကို။ ဌပေဿတိ နာမ၊ ထားနိုင်ပါပေပြီ။ ပရဝါဒေန၊ သူများ၏ဝါဒဖြင့်။ ပဝါရေဿတိ နာမ၊ ဖိတ်ဆို့ နိုင်ပါပေပြီ။ ( တဿ ) သမဏဿ ဂေါတမဿ၊ ၏။ မဟိဒ္ဓိကတာ၊ ကြီးသောတန်ခိုး ရှိသူ၏အဖြစ်သည်။ ( တန်ခိုးကြီးပုံသည် )။ မဟာနုဘာဝတာ၊ ကြီးသော အာနုဘော်ရှိသူ၏အဖြစ်သည်။ ( အာနုဘော်ကြီးပုံသည် )။ အစ္ဆရိယံဝတ ဘော၊ လက်ဖြောက်ခတ်တီး အံ့ချီူလောက်ပါပေစွ သြော်....( အံ့သြစရာ ​​ကောင်းလိုက်တာနော် )။ အဗ္ဘတံ ဝတ ဘော၊ မဖြစ်စဖူး, ထူးဆန်းပါပေစွ သြော် ( ထူးဆန်းလိုက်တာနော် ) ။ ဣတိ၊ ဤသို့ ဖြစ်ကုန်ပြီ။

''' အဓိဇေဂု​ေစ္ဆ**။ ။ ဇိဂုစ္ဆတီတ၊ ဇီဂုစ္ဆော။ တဗ္ဘာဝေါ ဇေဂုစ္ဆံ။ အဓိကံ+ ဇေဂုစ္ဆံ အဓိဇေဂုစ္ဆံ။ အတိဝိယ ပါပ ဇိဂုစ္ဆနံ။ တသ္မိံ အဓိဇေဂု​ေစ္ဆ။= ဋီကာ။ [ ဤဋီကာ နောက်နား၌ ပါပဿ ဇိဂုစ္ဆနံကို ကြည့်၍ "မကောင်းမှုကို+ စက်ဆုပ်" ဟု အနက် ဆိုပါသည်။

**တပေါဇိဂုစ္ဆာ**။ ။ ဤပုဒ်၏အဖွင့်ကို ဘာသာဋီကာ ၆၅၊ ၌ ပြထားပြီး။ "တပေါဇိဂုစ္ဆာ= ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်" ဟု အလွယ်ဆိုပါ။ "ကိုယ်၏ ခိုင်ခံ့ခြင်းကို လောင့်မြှိက်တတ်သော အတ္တကိလမထာနုယောဂ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်" ဟု အကျယ်ဆိုပါ။

ယတြ ဟိ နာမ။ ။ ယတြ၌ တြသည် လိင်္ဂတ္ထ (ပဌမာဝိဘတ်၏ အနက်) ၌သက်။ ဟိသည် အနက်မရှိသော နိပါတ်။ နာမသည် ဝိမှယ (အံ့သြခြင်း) အနက်ဟော နိပါတ်။ ဤ နာမသဒ္ဒါနှင့် ယှဉ်သောကြောင့် ဌပေဿတိ ပဝါရေဿတိတို့၌ အတိတ်ကာလဝယ် ဘဝိဿန္တိ သက်သည်။ "ဘော" သည် ဓမ္မာလပနတည်း။

ရှေးနိဿယ။ ။ ရှေးနိဿယ၌ ဟိကို အနက်ရှိဟုလည်းကောင်း, ယတြ၌ တြကို ဟိတ် အနက်ဟောဟု လည်းကောင်း, ဘောကို ပုဂ္ဂလာလပနဟု လည်းကောင်း ကြံ၍ အနက်ပေးသေး၏။ ရှုလေတော့။

**အနက်**။ ။ ဘော၊ အချင်းတို့။ သမဏဿ= သော။ ဂေါတမဿ= ၏။ မဟ်ဒ္ဓိကတာ= ကြီးသော တန်ဖိုးရှိသည်၏အဖြစ်သည်။ မဟာနုဘာဝတာ= ကြီးမားသော အာနုဘော်ရှိသည်၏ အဖြစ်သည်။ အစ္ဆရိယံ ဝတ= အံ့သြဖွယ် ကောင်းပါပေတကား။

'''

အထခေါ၊ ၌။ ( ပရိဗိုဇ်တို့က ကျယ်လောင်စွာ စကားပြောကြရာ ထို အခါ၌ )။ တေ ပရိဗ္ဗာဇကေ၊ တို့ကို။ အပ္ပသဒ္ဒေ၊ အသံမရှိသူတို့ကို။ ( အသံတိတ်သူတို့ကို )။
ကတွာ။ ပေ။ ဘန္တေ။ မယံ။ တပေါ ဇိဂုစ္ဆာဝါဒါ၊ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း ဟူသော ဝါဒ ရှိကုန်သည်။ ဝါ၊ ဝီရိယဖြင့် စက်ဆုပ်ခြင်းကို ပြောဆိုကုန်သည်။ တပေါဇိဂုစ္ဆာသာရာ၊ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းဟူသော အနှစ်ရှိကုန်သည်။ ( ဝီရိယဖြင့် မကောင်းမှုမှစက်ဆုပ်ခြင်းကို အနှစ်ဟု မြင်ကုန်သည် )။ တပေါဇဂုစ္ဆာ အလ္လီနာ၊ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း၌ ငြိကပ် မှီနေကုန်သည်။ ( ဟုတွာ )။ ဝိဟရာမိ။ ကထံ။ ပေ။ ဟောတိ၊ နည်း။ ဣတိ၊ ဤသို့ လျှောက်ပြီ
နိဂြောဓ။ တံ၊ ထို မိန့်တော်မူအပ်မည့်စကားကို။ ကိံ မညသိ၊ အဘယ်သို့ထင်သနည်း။ ယဒိ ဧဝံ သန္တေ၊ အကယ်၍ ဤသို့ဖြစ်လသော်။ ( တကယ်လို့ ဒီလိုဖြစ်ယင် )။ တပေါဇိဂုစ္ဆာ၊ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်။ ဝါ၊ စက်ဆုပ်ကြောင်းအကျင့်သည်။ ပရိပုဏ္ဏာဝါ၊ ပြည့်စုံစင်ကြယ်သည်သော်လည်း။ ဟောတိ၊ ဖြစ်သလား။ အပရိပုဏ္ဏာ ဝါ၊ မပြည့်စုံ မစင်ကြယ်သည်သော်လည်း။ ဟောတိ၊ ဖြစ်သလား။

ဣတိ၊ ဤသို့ မေးတော်မူပြီ။ ဘန္တေ။ အဒ္ဓါ၊ စင်စစ်။ ဧဝံသန္တေ၊ လသော်။ ပေ။ ဟောတိ၊ ပါ၏။ အပရိပုဏ္ဏာ၊ သည်။ နော၊ မဟုတ်ပါ။ ဣတိ၊ လျှောက်ပြီ။

''' **ဘော၊ တို့။ အဗ္ဘုတံ ဝတ= မဖြစ်စဖူး ထူးဆန်းပါပေတကား။ ဟိ (ကသ္မာ)= အဘယ်ကြောင့်နည်း ဟူမူကား။ သမဏော= သော။ ဂေါတမော= သည်။ ယတြ (ယသ္မာကာရဏာ)=ကြောင့်။ သကဝါဒံ= မိမိအယူကို။ ဌပေဿတိ နာမ= ထား၏။ ပရဝါဒေန= သူတပါး၏အယူဖြင့်။ ပဝါရေဿတိနာမ= ပိတ်၏။ တသ္မာ= ကြောင့်။ အစ္ဆရိယံဝတ= တကား။

**တံ ကိံ မညသိ**။ ။ ဤဝါကျမျိုး၌ မယာ၊ ငါသည်။ ဝုစ္စမာနံ= ဆိုအပ်လတံ့သော။ ယံ ဝစနံ= အကြင် စကားသည်။ အတ္ထိ။ တံ= ထိုစကားကို။ ကိံ မညသိ= နည်း။ ဤသို့ အနိယမထည့်၍ အနက်ပေးလေ့ ရှိကြ၏။ ဤ၌ လွယ်ကူအောင် ပေးထားသည်။ [ ယဒိ ဧဝံ သန္တေ၌ မှတ်ဖွယ်ကို ပုဒ်စဉ် ၁၀= ၌ ပြခဲ့ပြီ။ ]

'''

နိဂြောဓ။ အဟံ။ ဧဝံ၊ သို့။ ပရိပုဏ္ဏယပိ၊ ထက်ဝန်းကျင် ပြည့်စုံ စင်ကြယ်သည်လည်းဖြစ်သော။ [ ပိဖြင့် အပရိပုဏ္ဏာယကို ဆည်း။ ] တပေါဇိဂုစ္ဆာယ၊ ၏။ အနေကဝိဟိတေ၊ တပါးမက များစွာကုန်သော။ ဥပက္ကိလေသေ၊ ညစ်နွမ်းကြောင်း ကိလေသာတို့ကို။ ဝဒါမိ၊ ဟောတော်မူ၏။ ဣတိ၊ ပြီ။ [ ပြည်စုံ စင်ကြယ်သည်ဟု ထင်ရသော တပေါဇိဂုစ္ဆာအကျင့်၌ပင် များစွာသော ဥပက္ကိလေသတို့ကို ငါပြောတော်မူနိုင်၏၊ ဟု ဆိုလိုသည်။ ]