သင်္ခရာဇဥပ္ပတ္တိ၊ အဖွင့်။
ဘိက္ခဝေ။
မနုဿသု၊ တို့သည်။
အသီတိ ဝဿသဟဿာယုကေသု၊ ကုန်လသော်။
ဝါ၊ တို့၌။
တယော၊ သုံးမျိုးကုန်သော။
အာဗာဓာ၊ အနာရောဂါတို့သည်။
ဘဝိဿန္တိ၊ ဖြစ်ကြလိမ့်မည်။
ဣစ္ဆာ၊ ထမင်းစားလိုခြင်းလည်းကောင်း။
( ထမင်းဆာခြင်းလည်းကောင် )။
အနသနံ၊ ထမင်းမစားလိုခြင်းလည်းကောင်း။
( ထမင်းစားပြီးနောက် ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း, ထမင်းဆီယဇ်ခြင်း လည်းကောင် )။
ဇရာ၊ အိုခြင်းလည်းကောင်းတည်း။
[ ဤရောဂါ ၃ မျိုးသာ ဖြစ်လိမ့်မည်။
အခြား ရောဂါမရှိ။ ]
ပေ။
အယံ ဇမ္ဗုဒီပေါ၊ ဤ ဇမ္ဗူဒိပ်သည်။
(ဤ တောင်ကျွန်းသည် )။
ဣဒ္ဓေါစေဝ၊ ပြည့်စုံသည်လည်းကောင်း။
( ကြွယ်ဝသည်လည်းကောင်း )။
ဖီတောစ၊ စည်ပင်သည်လည်းကောင်း။
ဘဝိဿတိ။
ဂါမနိဂမရာဇဓာနိယော၊ ရွာ နိဂုမ်း မင်းေနပြည်တို့သည်။
ကုက္ကုဋုသမ္ပာတိကာ၊ ကြက်တို့၏ ကောင်းစွာ ပျံကျနေခြင်းရှိရာ ဖြစ်ကုန်၏။
ဝါ၊ ကြက်ပျံမကျ စည်ကားကုန်၏။
[ ဤပုဒ်တို့၏အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။ ]
အယံ ဇမ္ဗုဒီပေါ၊ သည်။
အဝီစိမညေ၊ အဝီစိငရဲကြီးကဲ့သို့။
မနုဿေဟိ၊ လူတို့သည်။
ဖုဋော၊ ဖြန့်အပ်ပြီ။
( တနညိး) မနုဿေဟိ၊ လူတို့ဖြင့်။
ဖုဋော၊ ပျံ့နှံ့နေသည်။
ဝါ၊ အကြားမရှိအောင် ပြည့်နေသည်။
ဘဝိဿတိ။
နဠာနံဝါ၊ ကျူတောသည်လည်းကောင်း။
သရဝနံဝါ၊ မြက်တော သည်လည်းကောင်း။
( နဠသရေဟိ၊ ကျူပင်, မြက်ပင်တို့သည်။
ဝါ၊ တို့ဖြင့်။ )
ဖုဋော သေယျထာပိ၊ ဖြန်အပ်သကဲ့သို့တည်း။
ဝါ၊ ပျံ့နှံ့နေသကဲ့သို့တည်း။
ပေ။
အယံ ဗာရာဏသီ၊ ဤ ဗာရာဏသီမြို့သည်။
ကေတုမတီနာမ၊ ကေတုမတီမည်သော။
ဣဒ္ဓါစေဝ၊ ပြည့်စုံသည်လည်းဖြစ်သော။
ဖီတာစ၊ စည်ပင်သည်လည်းဖြစ်သော။
ဗဟုဇနာစ၊ များသော လူရှိသည်လည်းဖြစ်သော။
အာကိဏ္ဏမနုဿစ၊ ရောပြွမ်သောလူ ရှိသည်လည်းဖြစ်သော။
( လူမျိုးပေါင်းစုံ ရောပြွမ်သည်လည်းဖြစ်သော )။
သုဘိက္ခာစ၊ ပြည့်စုံသောထမင်း ရှိသည်လည်းဖြစ်သော။
( သာယာဝပြော အစားအစာ ပေါသည်လည်းဖြစ်သော )။
ရာဇဓာနီ၊ မင်းနေပြည်သည်။
ဘဝိဿတိ။
ပေ။
ဣမသ္မိံ ဇမ္ဗုဒီပေ၊ ၌။
ကေတုမတီရာဇဓာနီ ပမုခါနိ၊ ကေတုမတီ မင်းနေပြည် အမှူးရှိကုန်သော။
စတုရာသီတိ နဂရသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော မြို့တို့သည်။
ဘဝိဿန္တိ။
ပေ။
ကေတုမတိယာ၊ သော။
ရာဇာဓာနိယာ၊ ၌။
သေင်္ခါနာမ၊ သင်္ခမည်သော။
ပေ။
သတ္တရတန သမန္နဂတော။
ရာဇာ ဥပ္ပဇ္ဇိဿတိ။
ပေ။
အဇ္စ◌ျာဝသိဿတိ။
[ ပုဒ်စဉ် ၈၁၊ ၌ အနက်ရေးခဲ့ပြီ။ ]