တသ္မာ၊ ကြောင့်။
ဣဟ၊ ဤသာသနာတော်၌။
ဝေါ၊ တို့အား။
မယာ၊ သည်။
ယေ ဓမ္မာ၊ တို့ကို။
ဒေသိတာ၊ အပ်ကုန်ပြီ။
ယထာ၊ အကြင်အခြင်းအရာအားဖြင့် ရွတ်ဆိုအပ်သော။
ဣဒံဗြဟ္မစရိယံ၊ ဤသာသန ဗြဟ္မစရိယသည်။
အဒ္ဓနိယံ၊ ရှည်သောကာလ၌ဖြစ်သည်။
စိရဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်းရှိသည်။
အဿ၊ ဖြစ်ရာ၏။
တံ၊ ထို ကြာမြင့်စွာတည်ခြင်းသည်။
ဗဟုဇနဟိတာယ၊ များစွာသော လူအပေါင်း၏ အစီးအပွားအလို ငှာ။
ဗဟုဇနသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာခြင်းငှာ (ချမ်းသာဖို့ရာ)။
လောကာနုကမ္ပာယ၊ လောကကို သနားစောင့်ရှောက်ချီးမြှောက်ခြင်းငှာ။
ဒေဝမနုဿာနံ၊ နတ်လူတို့၏။
အတ္ထာယ၊ အကျိုးငှာ။
ဟိတာယ၊ စီးပွားအလိုငှာ။
သုခါယ၊ ချမ်းသာခြင်းငှာ။
အဿ၊ ဖြစ်ရာ၏။
(တထာ၊ ထို အခြင်းအရာအားဖြင့်)။
တတ္ထ၊ ထိုတရားတို့၌။
သဗ္ဗေဟေဝ၊ အလုံးစုံသော ရဟန်းတို့သည်ပင်။
ဝါ၊ အလုံးစုံသော သင်တို့သည်ပင်။
သင်္ဂမ္မ၊ ကောင်းစွာရောက်၍။
(စည်းဝေးမည့်အရပ်၌ ရှိသော ရဟန်းများအားလုံးရောက်၍။)
သမာဂမ္မ၊ ကောင်းစွာလာ၍။
(အခြားအရပ်၌ရှိသော ရဟန်းများလည်း ပင့်ခေါ်သဖြင့် ရောက်လာ၍။)
အတ္တေန၊ (ပုဒ်တစ်ပါး၌ လာသော) အနက်နှင့်တကွ။
အတ္ထံ၊ (အခြားအခြား ပုဒ်တို့၌လာသော) အနက်ကို။
ဗျဉ္ဇနေန၊ (ပုဒ်တစ်ပါး၌ပါသော)သဒ္ဒါနှင့်တကွ။
ဗျဉ္ဇနံ၊ (အခြားအခြား ပုဒ်တို့၌ပါသော) သဒ္ဒါကို။
(သမာနေန္တေဟိ၊ ညီမျှသည်ကိုပြုကုန်လျက်။
ဝါ၊ ညှိနှိုင်းကုန်လျက်။
[အဋ္ဌကထာအတိုင်း ပါဋ္ဌသေသထည့်သည်။]
သင်္ဂါယိတဗ္ဗံ၊ ကောင်းစွာရွတ်ပြထိုက်၏။
ဝါ၊ သူတစ်ပါးအားပို့ချထိုက်၏။
န ဝိဝဒိတဗ္ဗံ၊ ဆန့်ကျင်ဘက် မပြောထိုက်။
(မငြင်းခုံထိုက်)။
စုန္ဒ၊
ယထာ၊ ဖြင့်(ရွတ်ဆိုအပ်သော်။)
ဣဒံ ဗြဟ္မစရိယံ၊ သည်။
ပေ၊
အဿ၊ ရာ၏။
တံ၊ သည်။
ပေ၊
သုခါယ၊
အဿ၊
(တထာ၊ ဖြင့်။)
ယတ္ထ၊ အကြင် တရားတို့၌။
သဗ္ဗေဟေဝ၊ တို့သည်ပင်။
ပေ၊
နဝိဝဒိတဗ္ဗံ၊ ထိုက်။
မယာ၊ သည်။
အဘိညာ၊ ၍။
ဒေသိတာ၊ အပ်ကုန်သော။
တေဓမ္မာ၊ တို့ဟူသည်။
ကတမေစ၊ အဘယ်တို့နည်း။
(ဘယ်ဟာတွေနည်း။)
သေယျထိဒံ၊ ထိုတရားတို့ဟူသည်မှာ။
စတ္တာရော၊ ကုန်သော။
သတိပဋ္ဌာနာ၊ တို့လည်းကောင်း။
ပေ၊
အရိယော၊ သော။
အဋ္ဌင်္ဂိကော၊ သော။
မဂ္ဂေါ၊ လည်းကောင်းတည်း။အမှာ။ ။ တတ္ထ-၌၊ သဗ္ဗေဟေဝ- တို့သည်ပင်၊ ပေ၊ ဗျဉ္စနံ- ကို၊ (သမာနေန္တေဟိ- ကုန်လျက်။) သင်္ဂါယိတဗ္ဗံ- ထိုက်၏၊ န ဝိဝဒိတဗ္ဗံ- ထိုက်၊ ယထာ- အကြင်အခြင်းအရာအားဖြင့် ရွတ်ဆိုအပ်သော်၊ ဣဒံဗြဟ္မာရိယံ၊ ပေ၊ အဿ- ရာ၏၊ တံ-သည်၊ ပေ၊ သုခါယ-ငှာ၊ အဿ-ရာ၏၊ (တထာ-ဖြင့်) (သင်္ဂါယိတဗ္ဗံ- ထိုက်၏၊ န ဝိဝဒိတဗ္ဗံ) ဤသို့လည်း ဝါကျအစဉ်အတိုင်းပါဌသေသထည့်၍ ပေးနိုင်သည်။
သေယျထိဒံ။ ။ ပါဠိတော်များ၌ ဤပုဒ်ကို ရှေ့စကားနှင့်စပ်၍ သရုပ်ထုတ်ပြလိုရာဝယ် အမေးပုစ္ဆာအဖြစ်ဖြင့် သုံးစွဲထားသည်ကို တွေ့ရ၏၊ [သေယျထိဒံ ပါသောဝါကျများကို သတိပြုပါ။] ထို့ကြောင့် သေယျထိဒံ- ထို (တိရစ္ဆာနကထာ) ဟူသည် အဘယ်နည်း၊ [ပါဠိတော်ပုဒ်စဉ်-၅ဝ။] သေယျထိဒံ- ထို (ပုဗ္ဗေနိဝါသ)ဟူသည် အဘယ်နည်း။ [ပါဠိတော် ပုဒ်စဉ် -၇၂။] ဤသို့ စသည်ဖြင့် ပေးရာ၏၊ ဤ၌မှ"ကတမေ စ တေ စုန္ဒ ဓမ္မာ မယာ အဘိညာ ဒေသိတာ"ဟု အမေးဝါကျပါပြီးဖြစ်သောကြောင့် "သေယျထိဒံ- ထို တရားတို့ဟူသည် အဘယ်နည်း"ဟု ပေး၍ မဖြစ်၊ သို့ဖြစ်၍ သေယျထိဒံ- ထိုတရားတို့ဟူသည်မှာ- ဟု သရုပ်ထုတ်ပြလို၍ အစချီသော အဖြေစကားအဖြစ် ပေးလိုက်ပါသည်။ [ဤပုဒ်၏ အဖွင့်ကို သီလက္ခန်ဘာသာဋီကာ ပထမတွဲ(၅၁၁)၌ ပြထားပြီ။]

ယထာ၊ ဖြင့်။
ပေ၊
အဿ၊ ရာ၏။
(တထာ၊ ဖြင့်)။
ယတ္ထ၊ တို့၌။
ပေ၊
နဝိဝဒိတဗ္ဗံ၊ ထိုက်။
စုန္ဒ၊
မယာ၊ သည်။
အဘိညာ၊ ၍။
ဒေသိတာ၊ အပ်ကုန်သော။
တေဓမ္မာ၊ တို့ဟူသည်။
ဣမေ ခေါ၊ ဤသည်တို့ပင်တည်း။
(ဤ သတိပဋ္ဌာန်စသား ဗောဓိပက္ခိယတရားများပင်တည်း။)
[နိဂမဝါကျ။]