Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggapāḷi
(DN) Pāthikavaggapāḷi

အဂ္ဂညပညတ္တိကထာ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အဂ္ဂညပညတ္တိကထာ၊ အဖွင့်။

ဘဂ္ဂဝ။ အဟံ။ အဂ္ဂညဉ္စ၊ သိထိုက်သော လောက၏ အစ အပိုင်းအခြားကိုလည်း။ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။ (ကွဲကွဲပြားပြား သိတော်မူ၏)။
တဉ္စ၊ ထို အဂ္ဂညကိုလည်း။ ပဇာနာမိ၊ ၏။ တတော၊ ထို အဂ္ဂညထက်။ (ထို သိထိုက်သော လောက၏ အစ အပိုင်းအခြားထက်)။ ဥတ္တရိတရံစ၊ သာ၍ လွန်မြတ်သော သီလ သမာဓိ သဗ္ဗညုတဉာဏ်ပညာကိုလည်း။ ပဇာနာမိ။ တံ၊ ထို အဂ္ဂညထက် သာ၍လွန်မြတ်သော သီလ သမာဓိ သဗ္ဗညုတဉာဏ်ပညာကို။ ပဇာနံစ၊ အပြားအားဖြင့် သိပါသော်လည်း။ [ တဉ္စမှ "စ" ကို ယူသည်။ ထို "စ" သည် သမ္ဘာဝနာကို ပြသော "ပိ" နှင့် အနက်တူတည်း။ ] နပရာမသာမိ၊ တဏှာ ဒိဋ္ဌိ မာနဖြင့် မှားမှားယွင်းယွင်း သုံးသပ်တော်မမူ။ [တဏှာဖြင့် "ငါ၏ သိခြင်း" ဟု သာယာလျက်, ဒီဋ္ဌိဖြင့် "ငါသိ၏" ဟု စွဲလမ်းလျက် မာနဖြင့် "လွန်စွာသိသော ငါ, ကောင်းစွာသိသော ငါ" ဟု မိမိကိုယ်ကို ချီးမြှောက်လျက် နေတော်မမူ၊ ဟု ဆိုလိုသည်။] အပရာမသောစ၊ တဏှာ ဒီဋ္ဌိ မာနတို့ဖြင့် မှားမှားယွင်းယွင်း သုံးသပ်တော်မမူသည်လည်းဖြစ်သော။ မေ၊ ငါသည်။ ပစ္စတ္တညေဝ၊ ကိုယ်တော်တိုင်ပင်။ ပစ္စတ္တံ၊ မိမိ၌။ နိဗ္ဗုတိ၊ ကိလေသာတို့၏ ငြိမ်းချမ်းခြင်းကို။ ဝိဒိတာ၊ သိတော်မူအပ်ပြီ။ (တနည်း)။ အပရာမသတော စ၊ သော။ မေ၊ သည်။ ပစ္စတ္တညေဝ၊ ကိုယ်တော်တိုင်သာ။ ဥပ္ပါဒိတာ၊ ဖြစ်စေအပ်သော။ နိဗ္ဗုတိ၊ ကိလေသာတို့၏ ငြိမ်းအေးခြင်းကို။ ဝိဒိတာ၊ အပ်ပြီ။ [ဤသို့ အနက် ၂ နည်းပေးရပုံကို ဘာသာဋီကာ၌ ပြထားပြီ။] ယံ၊ ယင်း ကိလေသာတို့၏ ငြိမ်းအေးခြင်းကို။ အဘိဇာနံ၊ ထိုးထွင်း၍ သိတော်မူသော။ တထာဂတော၊ သည်။ အနယံ၊ သုခ၏ ဆန့်ကျင်ဖက်ဖြစ်သော ဆင်းရဲခြင်းသို့၊။ နော အာပဇ္ဇတိ၊ ရောက်တော်မမူ။
ဘဂ္ဂဝ။ ဧကေ၊ အချို့ကုန်သော။ (ယေ)။ သမဏဗြာဟ္မဏာ၊ အကြင် သမဏ ဗြာဟ္မဏ အမည်ရသူတို့သည်။ (သမဏ ဗြာဟ္မဏ ဟု အမည်ခံထားသူတို့သည်)။ ဣဿရကုတ္တံ၊ အစိုးရသူသည် ပြုလုပ်အပ်သော။ (ဖန်းဆင်အပ်သော)။ ဗြဟ္မကုတ္တံ၊ ဗြာဟ္မာသည် ပြုလုပ်အပ်သော (ဖန်ဆင်းအပ်သော)။ အာစရိယကံ၊ ဆရာ၏ ဖြစ်ကြောင်းဖြစ်သော။ (ဆရာဖြစ်ဖို့ အကြောင်းဖြစ်သော)။ အဂ္ဂညံ၊ သိထိုက်သောလောက၏ အစအပိုင်းအခြားကို။ ပညပေန္တိ၊ ပညတ်ကြကုန်၏။ (တေ၊ ထို သမဏ ဗြာဟ္မတို့သည်)။
သန္တိ၊ ရှိကုန်၏။ တေ၊ ထို သမဏ ဗြာဟ္မဏတို့ကို။ (ဝ ဒါမိ၊ ၌စပ်)။ ဝါ၊ တို့သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ ပြောတော်မူ၏။ (မေးတော်မူ၏)။**ဣသာရ**။ ပေ။ အာစရိယကံ**။ ။ သမဏဗြာဟ္မဏ တချို့က ကမ္ဘာလောက၏ အစကို ပြောကြရာဝယ် ဤ ကမ္ဘာလောကကို အစိုးရသော ဗြဟ္မက ဖန်ဆင်းအပ်သည်၊ ဟု ပြောကြ၏။ ထိုသို့ ပြောရင်းပင် သူတို့သည် ဆရာတဆူ ဖြစ်သွားကြ၏။ ထို့ကြောင့် "ဣဿရကုတ္တံ ဗြဟ္မကုတ္တံ အာစရိယကံ အဂ္ဂညံ" ဟု မိန့်တော်မူမည်။ သို့ရာတွင် သူတို့သည် သူတို့သိသမျှ ထင်သမျှ အနည်းငယ်မျှသာ ပြောပြနိုင်ကြ၏။ ထို့ကြောင့် "န သမ္ပာယန္တိ" ဟု မိန့်တော်မူသည်။
(ကိံ၊ အဘယ်သို့ မေးသနည်း)။ အာယသ္မန္တော၊ အရှင်တို့။ တုမှေ၊ အရှင်တို့သည်။ ဣဿရကုတ္တံ၊ သော။ ဗြဟ္မကုတ္တံ၊ သော။ အစရိယကံ၊ သော။ အဂ္ဂညံ၊ ကို။ ပညပေထ ကိရ၊ ပညတ်ကြသတဲ့ ဟု ကြားရသည်မှာ။ သစ္စံ၊ မှန်သလား။ ဣတိ၊ ဤသို့ မေးတော်မူပြီ။
တေစ၊ ထို သမဏ ဗြာဟ္မဏတို့သည်လည်း။ မေ၊ ငါက။ ဧဝံ၊ သို့။ ပုဋ္ဌာ၊ မေးအပ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်လသော်။ အာမောတိ၊ အာမော ဟူ၍။ (ပညတ်သည်မှာ မှန်ပါ၏ဟူ၍)။ ပဋိဇာနန္တိ၊ ဝန်ခံကုန်၏။ [ "အာမော" သည် "အာမ" နှင့် အနက်တူ နိပါတ်၊ ဟု မှတ်။ ]
တေ၊ တို့ကိ။ အဟံ ဧဝံ ဝဒါမိ။ (ကိံ)။
အာယသ္မန္တော၊ တို့။ တုမှေ။ ကထံ ဝိဟိတကံ၊ အဘယ်အပြားအားဖြင့် စီရင်အပ်သော။ (ဘယ်ပုံဘယ်နည်း စီရင်အပ်သော)။ ပေ။ အဂ္ဂညံ၊ ကို။ ပညပေထ၊ ကုန်သနည်း။ ဣတိ၊ ဤသို့မေးတော်မူ၏။
တေ၊ ထို သမဏဗြာဟ္မဏတို့သည်။ မယာ၊ ငါက။ ပုဋ္ဌာ (သမာနာ)။ နာသမ္ပာယန္တိ၊ ဉာဏ်ဖြင့် ကောင်းစွာ မသွားရောက်နိုင်ကြကုန်။ ဝါ၊ ပြည့်စုံစွာ မ‌ဖြေနိုင်ကြကုန်။ အသမ္ပာယန္ဝေါ၊ ဉာဏ်ဖြင့် ကောင်းစွာ မသွားရောက်နိုင်ကြသည်ဖြစ်၍။ ဝါ၊ ပြည့်စုံစွာ မဖြေနိုင်ကြကုန်သည်ဖြစ်၍။ မမံယေဝ၊ ငါကိုသာ။ ပဋိပုစ္ဆန္တိ၊ တဖန်မေးကြကုန်။ (ပြန်မေးကြကုန်၏)။
တေသံ၊ ထို သမဏဗြာဟ္မဏတို့အား။ အဟံ၊ သည်။ ပုဋ္ဌော၊ မေးအပ်သည်။ (အမေးခံရသည်)။ (ဟုတွာ) ဗျာကရောမိ၊ ဖြေတော်မူ၏။
[ ဟောတိ ခေါ သော သမယောမှ စ၍ ပုဒ်စဉ် (၄၀)၊ အပ္ပါယုကာစဝနဓမ္မာ ဣတ္ထတ္တံ အာဂတာတိ တိုင်အောင် ပါဠိရပ်သည် ဗြဟ္မဇာလသုတ် ပုဒ်စဉ် (၃၉)= မှ (၄၄)= အထိ ပါဠိတော်နှင့် တူ၏။ ဘိက္ခဝေနှင့် အာဝုသော၊ ဟုသာ ထူး၏။ ကျေးဇူးရှင် ဆရာတော်လည် သီလက္ခန်ပါဠိတော်၌ သေချာစွာ ရေးတော်မူထားပြီ။ ]
အာယသ္မန္တော၊ တို့။ တုမှေ၊ တို့သည်။ ဧဝံ ဝိဟိတကံ၊ ဤ အပြားအားဖြင့်စီရင်အပ်သော။ (ဤပုံ ဤနည်း စီရင်အပ်သော)။ ပေ။ အဂ္ဂညံ၊ ကို။ ပညပေထနော၊ ပညတ်ကြသလား။ [ နောသည့် နု နှင့် အနက်တူသော ပုစ္ဆာဝါစကနိပါတ်။ ] ဣတိ၊ ဤသို့ မေးတော်မူပြီ။
တေ၊ ထို သမဏ ဗြာဟ္မဏတို့သည်။ ဧဝံ၊ သို့။ အာဟံသု၊ လျှောက်ကုန်ပြီ။ (ကိံ)။ အာဝုသော ဂေါတမ။ ယထေဝ၊ အကြင် အခြင်းအရာ အားဖြင့်ပင်။ အာယသ္မာ ဂေါတမော၊ အရှင် ဂေါတမသည်။ အာဟ၊ ပြောပြီ။
ဧဝံ ခေါ၊ ဤအခြင်းအရာအားဖြင့်သာ။ ဝါ၊ ဤသို့သာ။ နော၊ ကျွနု်ပ်သည်။ သုတံ၊ ကြားအပ်ဖူးပါပြီ။ ဣတိ၊ ဤသို့ လျှောက်ကုန်ပြီ။ ပေ။ အာပဇ္ဇတိ။
ဧကေ၊ ကုန်သော။ (ယေ) သမဏဗြာဟ္မဏာ၊ တို့သည်။ ခိဍ္ဍာ ပဒေါသိကံ၊ ခိဍ္ဍာပဒေါသိက နတ်များဟူသော အကြောင်းရင်းရှိသော။ အာစရိယကံ၊ သော။ အဂ္ဂညံ ပညပေန္တိ။ (တေ)။ သန္တိ။ သန္တ။ ပေ။ ဗျာကရောမိ။
ဤ ပါဠိတော်သည် သီလက္ခန် ပါဠိတော် ပုဒ်စဉ် ၄၅, ၄၆နှင့်တူ၏။ ထို အတိုင်း အနက်ဆိုပါ။
ဘဂ္ဂဝ။ ပေ။ မနောပဒေါသိကံ၊ မနောပဒေါသိက နတ်များဟူသော အကြောင်းရင်းရှိသော။ ပေ။
ဘဂ္ဂဝ။ ပေ။ အဓိစ္စသမုပ္ပန္နံ၊ အကြောင်းကို စွဲ၍ ဖြစ်ခြင်း မရှိသော။ ဝါ၊ အကြောင်းမရှိပဲ ဖြစ်ပေါ်လာသော။ ပေ။
ဤ ပါဠိတော်သည် သီလက္ခန် ပါဠိတော် ပုဒ်စဉ် ၆၇, ၆၈နှင့် တူ၏။ ထို အတိုင်း အနက် ဆိုပါ။
ဘဂ္ဂဝ။ ဧဝံဝါဒိံ၊ ဤသို့ ဟောတော်မူလေ့ ရှိသော။ (ဤသို့ ဝါဒရှိသော)။ ဧဝံ အက္ခာယိံ၊ ဤသို့ မိန့်တော်မူလေ့ရှိသော။ မံ၊ ကို။ ဧကေ သမဏဗြာဟ္မဏာ၊ တို့သည်။ အသတာ၊ ထင်းရှား မရှိသော။ (အနက် အထင်အရှားမရှိသော)။ တုစ္ဆာ၊ အနက်မမှီ အချည်းအနှီးသော။ မုသာ၊ မှားယွင်းသော။ အဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ အဗ္ဘာ စိက္ခန္တိ၊ လွှမ်းမိုး ထိခိုက်၍ ပြောကြ (စီပ်စွဲကြ) ကုန်၏။
(ကိံ)။ သမဏော ဂေါတမော၊ သည်။ ဝိပရိတော၊ စိတ်ဖေါက်ပြန်နေ၏။ ဘိက္ခဝေါစ၊ သူ၏ တပည့် ရဟန်းတို့သည်လည်း။ (ဝိပရီတာ၊ စိတ်ဖေါက်ပြန် နေကုန်၏)။ [ အမှန် အတိုင်း မယူဆကြ, မပြောကြ၊ ဟု ဆိုလိုသည်။ ]
သမဏောဂေါတမော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပြောပြီ။ (ကိံ)။ ယသ္မိံသမယေ၊ အကြင် အခါ၌။ ဘုတံ၊ တင့်တယ်သော။ ဝါ၊ တင့်တယ်သော ဝဏ္ဏကသိုဏ်းတို့မှလွတ်သော အာရုံရှိသော။ ဝိမောက္ခံ၊ ဝိမောက္ခစ◌ျာန်သို့။ (ဆန့်ကျင်ဖက် နီဝရဏတို့မှလွတ်သော စ◌ျာန်သို့)။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ (ဝင်စား၍)။ ဝိဟရတိ။ တသ္မိံ သမယေ၊ သုဘ ဝိမောက္ခစ◌ျာန်ကို ဝင်စားနေရာ ထိုအခါ၌။ သဗ္ဗံ၊ အလုံးစုံသော သုဘ အသုဘ ဝဏ္ဏကပသိုဏ်းကို။ ဝါ၊ တင့်တယ် မတင့်တယ်သော အာရုံကို။ (အသုဘန္တွေဝ၊ အသုဘဟူ၍သာ။ ဝါ၊ မတင့်တယ်ဟူ၍သာ)။ ပဇာနာတိ၊ ၏။ ဣတိ၊ ဤသို့ ပြောပြီ။ ဣတိ၊ ဤသို့ လွှမ်းမိုး၍ထိခိုက်ပြောကြကုန်၏။ **ခိဍ္ဍာပဒေါသိကာ စသည်**။ ။ တချို့ သမဏ ဗြာဟ္မဏများက ကမ္ဘာလောကမှာ သက်ရှိ သတ္တဝါများသည် ခိဍ္ဍပဒေါသိကနတ်တို့က စခဲ့သည်၊ ဟု ယူဆကြ၏။ တချို့ကလည်း မနောပဒေါသိကနတ်များက စခဲ့သည်= ဟု ပြောကြ၏။ တချို့ ကား အသညသတ် ဗြာဟ္မများက ဆင်းသက်လာသည်= ဟု ထင်ကြ၏ ဝါဒကို ဗုဒ္ဓက ရှင်းလင်းအောင် ဟော​ပြတော်မူရသည်။
ဘဂ္ဂဝ။ အဟံ။ ယသ္မိံ သမယေ။ ပေ။ ပဇာနာတီတိ၊ ဟူ၍။ န ဝဒါမိ၊ ဟောတော် မမူ။ ဘဂ္ဂဝ။ ဧဝံ စ၊ ဤသို့သာ။ (ဒီလိုသာ)။ အဟံ။ ဝဒါမိ။ (ကိံ)။ ယသ္မိံ သမယေ။ ပေ။ တသ္မိံ သမယေ၊ သုဘ ဝိမောက္ခစ◌ျာန်ကို ဝင်စားနေရာ ထို အခါ၌။ သုဘံ တွေဝ၊ သုဘဟူ၍သာ။ ပဇာနာတိ။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဘန္တေ။ ယေ၊ အကြင်သူတို့သည်။ ဘဂဝန္တံ၊ ကိုလည်းကောင်း။ ဘိက္ခဝေါစ၊ တို့ကိုလည်းကောင်း။ ဝိပရီတတော၊ ဖေါက်ပြန်သူတို့၏ အဖြစ်ဖြင့်။ [ ဘာဝပ္ပဓာန, ဘာဝလောပ ကြံပါ။ ] ဝါ၊ ဖေါက်ပြန်သောအားဖြင့်။ ဒဟန္တိ၊ ထားကြကုန်၏။ [ သူတို့က ဘုရားရှင်နှင့် တပည့် ရဟန်းများကို ဖေါက်ပြန်သူများ အနေဖြင့် ထားကြကုန်၏။ ] တေစ၊ ထိုသူတို့သည်သာ။ ဝိပရီတာ၊ ပါကုန်၏။ ဘန္တေ။ အဟံ။ ဘဂဝတိ၊ မြတ်စွာဘုရား (အပေါ်) ၌။
ဧဝံ ပသန္နော၊ ဤသို့ ကြည်ညိုပါ၏။ ဝါ၊ သို့ကလောက် ကြည်ညိုပါ၏။ (အဲသလောက်ကြည်ညိုပါ၏)။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ ပေ။
ဝိဟရေယျံ၊ နေရာပါ၏။ မေ၊ အား။ ဘဂဝါ၊ သည်။ တထာ၊ ထို အခြင်းအရာအားဖြင့်။ ဓမ္မံ၊ ကို။ ဒေသေတုံ၊ ငှါ။ ပဟောတိ၊ စွမ်းနိုင်တော်မူ၏။ ဣတိ၊ ဤသို့။ (ဘဂ္ဂဝပရိဗိုဇ်က) လျှောက်ပြီ။ [ ဤစကားကို ရိုးရိုးသားသား လျှောက်ထားခြင်းမဟုတ်။ သူများ အံ့ဩစေလို အထင်ကြီးစေလိုသော သဘောဖြင့်, လျှောက်သည်၊ ဟု အဋ္ဌကထာဆိုသည်။ ]
ဘဂ္ဂဝ။ အညဒိဋ္ဌိကေန၊ သာသနာတော်၏ အယူမှ တပါးသော အယူရှိသော။ အညခန္တိကေန၊ သာသနာတော်၌ နှစ်သက်ခြင်းမှ တပါးသော နှစ်သက်ခြင်းရှိသော။ အညရုစိကေန၊ သာသနာတော်၌ အလိုမှ တပါးသော အလိုရှိသော။ အညတြ၊ သာသနာတော်မှ တပါးသော အကျင့်၌။ အာယောဂေန၊ လွန််စွာ အားထုတ်ခြင်းရှိသော။ အညတြ၊ သာသနာတော်မှ တပါးသော တိတ္ထိဘောင်၌။ အာစရိယကေန၊ ဆရာ၏ အဖြစ်ရှိသော။ (ဆရာ ဖြစ်နေသော)။ [ အာစရိယက အရ ဩဝါဒ အနုသာသနကို ယူပါ ]။ တယာ၊ သည်။ သုဘံ၊ တင့်တယ်သော။ ဝါ၊ တင့်တယ်သော ဝဏ္ဏကသိုဏ်း ဟူသော အာရုံရှိသော။ ဧတံ ဝိမောက္ခံ၊ ဤ ဝိမောက္ခစ◌ျာန်သို့။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝိဟရိတုံ၊ နေခြင်းငှါ။
ဒုက္ကရံ ခေါ၊ ခဲယဉ်းသဖြင့် ပြုအပ်သည်သာ။ (မလွယ်ကူသည်သာ)။ ဘဂ္ဂဝ။ ဣင်္ဃ၊ တိုက်တွန်းတော်မူ၏။ တွံ၊ သည်။ (အနုရက္ခ၊ ၌စပ်)။ တေ၊ ၏။ မယိ၊ ငါ့အပေါ်၌။ ယောစ အယံပသာဒေါ၊ အကြင်သို့သော ဤ ကြည်ညိုမှုသည်ကား။ (အတ္တိ)။ တမေဝ၊ ထို ကြည်ညိုမှုကိုသာ။ (ထို သဒ္ဒါကိုသာ)။ တွံ။ သာဓုကံ၊ ကောင်းစွာ။ အနုရက္ခ၊ အစဉ်မပြတ် စောင့်ရှောက်ပါ။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။ ဘန္တေ။ အညဒိဋ္ဌိကေန၊ သော။ ပေ။ အညတြာစရိယကေန၊ သော။ မယာ၊ တည်။ သုဘံ၊ သော။ ဧတံဝိမောက္ခံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရိတုံ၊ ငှါ။ သစေ ဒက္ကရံ၊ အကယ်၍ ခဲယဉ်းစွာ ပြုအပ်သည် ဖြစ်အံ့။ (အကယ်၍ မလွယ်ကူအံ့)။
(ဧဝံ သတိ)။ ဘန္တေ။ မေ၊ ၏။ ဘဂဝတိ၊ ၌။ ယောစ အယံ ပသာဒေါ၊ (အတ္တိ)။ တမေဝ၊ ကိုသာ။ အဟံ။ သာဓုကံ၊ စွာ။ အနုရက္ခဿာမိ၊ အစဉ်မပြတ် စောင့်ရှောက်ပါတော့မည်။ ဣတိ၊ ဤသို့ လျှောက်ပြီ။
ဘ ဂ ဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ [ပုဒ်ကိုစဉ် ၂၊ ၌ ပါသော။ "တထေဝ ဧတံ ဘဂ္ဂဝ" အစ "တမေဝ တွံ သာဓုက မနုရက္ခ" အဆုံးရှိသော ဤစကားကို။] အဝေါစ၊ မိန့်တော်မူပြီ။ ဘဂ္ဂဝဂေါတ္တော၊ ဘဂ္ဂဝအနွယ်ရှိသော။ ပရိဗ္ဗာဇကော၊ သည်။ အတ္တမနော၊ မိမိရှိသည်။ ဝါ၊ နှစ်သက်ဝမ်းမြောက်သည်။ (ဟုတွာ) ။ ဘဂဝတော၊ ၏။ ဘာသိတံ၊ မိန့်တော်မူအပ်တော့ စကားတော်ကို။ အဘိန္ဒိ၊ လွန်စွာ နှစ်သက်, ရွင်အားတက်လျက်, ဝမ်းမြောက် လက်ခံပြီ။ ဣတိ၊ ဤသို့ နာယူမှတ်သား ဆောင်ထားအပ်ပါပြီ။ [ဧဝံ မေ သုတံမှ သုတံသို့ ပြန်လှည့်သည်။] ဣတိ၊ ပါထိကသုတ် အပြီးတည်း။ [ဣတိတလုံး အကြေကြံပါ။]
ပဌမံ၊ ရှေးဦးစွာသော။ ပါထိကသုတ္တံ၊ ပါဋ္ဌိကသုတ်တော်သည်။ နိဋ္ဌိတံ၊ ပြီးပြီး။ မှတ်ချက်။ ။ " ဣင်္ဃ တွံ" ၌ " တွံ " ကို အနက်မရှိ၊ ဟု မှတ်ပါ။ " တမေဝ တွံ သာဓုကမနုရက္ခ " ဟူသော နောက်ပဓာနဝါကျ၌ " တွံ " ပါပြီး ဖြစ်သောကြောင့်တည်း။ သို့မဟုတ် " တွံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်းတော်မူ၏။ " ဟုပေးပါ။ " ဣင်္ဃ တံ ဘဂ္ဂဝ " ဟု ရှိလျှင် သာ၍ ရှင်းသည်။