Issues
Select Version
(SN)Sagāthāvaggo
(SN)Sagāthāvaggo

11. Sakkasaṃyuttaṃ

Author: နိဿယ @ IAPT

(ဧဝံ မေ သုတံ။ ပ။အာရာမေ ပေးမြဲ။)
တတြ ခေါ၊ ထိုသို့ နေတော်မူသောအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေသိ၊ ခေါ်တော်မူပြီ။
ဘဒ္ဒန္တေတိ၊ အရှင်ဘုရားဟူ၍။ တေဘိက္ခူ၊ ထိုရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏ (စကားတော်ကို)။ ပစ္စဿောသုံ၊ ရှေးရှူနာယူကုန်ပြီ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို ဟောတော်မူအံ့။ အသုရာ၊ အသူရာ တို့သည်။ ဒေဝေ၊ နတ်တို့ထံသို့။ အဘိယံသု၊ ရှေးရှူ ချီတက်လာကုန်ပြီ။ ဘိက္ခဝေ၊ တို့။
အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ သုဝီရံ၊ သုဝီရမည်သော။ ဒေဝပုတ္တံနတ်သားကို။ “တာတ သုဝီရ၊ ချစ်သားသုဝီရ။ ဧတေ အသုရာ၊ ထိုအသူရာ စစ်သည်တို့သည်။ ဒေဝေ၊ နတ်တို့ထံသို့။ အဘိယန္တိ၊ ရှေးရှူ ချီတက်လာကုန်၏။
တာတ သုဝီရ၊ ချစ်သားသုဝီရ။ ဂစ္ဆ၊ သွားချေ။ အသုရေ၊ အသူရာတို့ကို။ ပစ္စုယျာဟီတိ၊ တုံ့ ပြန်၍ ချီတက်လော့” ဟူ၍။ အာမန္တေသိ၊ သိစေပြီ။
ဘိက္ခဝေ၊ တို့။ သုဝီရော ဒေဝပုတ္တော၊ သုဝီရနတ်သားသည်။ ဧဝံ ဘဒ္ဒန္တဝါတိ၊ ကောင်းပါပြီ အရှင်ဟူ၍ ဘဒ္ဒန္တဝါပုဒ်ကို အာလုပ်ပုဒ်ကြံ၍ ပေးလိုက်သည်။ဧဝံ ဟောတု ဘဒ္ဒံ တဝ ဣတိ ခေါ ဟူသော ဋ္ဌအလို ဧဝံ၊ ကောင်းပါပြီ။ တဝ၊ အရှင်၏။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ ဟုပေး။ ။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကို အစိုးရသော။ သက္ကဿ၊ သိကြားမင်း၏(စကားကို)။ ပဋိဿုတွာ၊ ဝန်ခံ၍။ ပမာဒံ၊ မေ့လျော့ခြင်းကို။ အာပါဒေသိ၊ ဖြစ်စေပြီ။
ဘိက္ခဝေ၊ တို့။ ဒုတိယမ္ပိ ခေါ၊ နှစ်ကြိမ်မြောက်လည်း။ ပ။
တတိယမ္ပိ ခေါ၊ သုံးကြိမ်မြောက်လည်း။ ပ။ အာပါဒေသိ၊ ဖြစ်စေပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သိကြားမင်းသည်။ သုဝီရံ ဒေဝပုတ္တံ၊ သုဝီရနတ်သားကို။ “အနုဋ္ဌဟံ၊ မထကြွသည်ဖြစ်၍။ အဝါယာမံ၊ အားမထုတ်သည်ဖြစ်၍။ ယတြ၊ အကြင်အရပ်၌။ သုခံ၊ ချမ်းသာကို။ အဓိဂစ္ဆတိ၊ ရနိုင်၏။ သုဝီရ၊ ချစ်သားသုဝီရ။ တတ္ထ၊ ထို အရပ်သို့။ ဂစ္ဆာဟိ၊ သွားလော့။ မဉ္စ၊ ငါ့ကိုလည်း။ တတ္ထေဝ၊ ထိုအရပ်သို့သာလျှင်။ ပါပယာတိ၊ ရောက်စေလော့(ပို့လော့)” ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ပြောဆိုပြီ။
အလသော၊ ပျင်းရိသည်။ အနုဋ္ဌာတာ၊ မထကြွသည်။ အဿ၊ ဖြစ်ရာ၏။ ကိစ္စာနိ၊ လယ်ထွန်ခြင်း, ကုန်သွယ်ခြင်း စသောကိစ္စတို့ကို။ န စ ကာရယေ၊ ပြုလည်း မပြုရာ။ သဗ္ဗကာမသမိဒ္ဓေါ၊ အလုံးစုံ အလိုရှိအပ်သည်တို့နှင့်ပြည့်စုံသည်။ အဿ၊ ဖြစ်ရာ၏။ သက္က၊ သိကြားမင်း။ မေ ကျွန်ုပ်အား။ ဝရံ၊ မြတ်သော။ တံ၊ ထိုအရပ်ကို။ ဒိသ၊ ညွှန်တော်မူပါလော့။ ဣတိ၊ ဤသို့ သုဝီရကပြောဆို၏။
အလသော၊ ပျင်းရိသည်ဖြစ်၍။ အနုဋ္ဌာတာ၊ မထကြွသည်ဖြစ်၍။ ယတ္ထ၊ အကြင် အရပ်၌။ အစ္စန္တံ၊ စင်စစ်။ သုခံ၊ ချမ်းသာကို။ ဧဓတိ၊ ရနိုင်၏။ သုဝီရ၊ ချစ်သားသုဝီရ။ တတ္ထ၊ ထိုအရပ်သို့။ ဂစ္ဆာဟိ၊ သွားလော့။ မဉ္စ၊ ငါ့ကိုလည်း။ တတ္ထေဝ၊ ထိုအရပ်သို့ သာလျှင်။ ပါပယ၊ ရောက်စေလော့။ ဣတိ၊ ဤသို့ သိကြားမင်းက ပြောဆို၏။
ဒေဝသေဋ္ဌ၊ နတ်တကာတို့ထက် အထူးသဖြင့်မြတ်သော။ သက္က၊ သိကြားမင်း။ အကမ္မုနာ၊ အမှုကိစ္စကို မပြုလုပ်ခြင်းဖြင့် ဤအဋ္ဌကထာ၌ နိဗ္ဗာနဿ ဟိ သောမဂ္ဂေါတိ ကမ္မံ အကတွာ ဟု ဤသံဝဏ္ဏေတဗ္ဗ၏တည်ရာ ဂါထာအစ အကမ္မေန ပုဒ်အရ ဖွင့်ပြချက်ကိုယူ၍ အကမ္မုနာ , အကမ္မေနပုဒ်တို့၌ ကရဏံ ကမ္မံ၊ န ကမ္မံ အကမ္မံ၊ တေန ။ ဟု ပြုလျက် အနက်သမ္ဗန်သည်။ ။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ အနု ပါယာသံ၊ ပင်ပန်းခြင်းမရှိသော။ သုခံ၊ ချမ်းသာသော။ ယံ၊ အကြင်အရပ်ကို။ ဝိန္ဒေမု၊ ရနိုင်ကုန်ရာ၏။ သက္က၊ သိကြားမင်း။ မေ၊ အကျွန်ုပ်အား။ ဝရံ၊ မြတ်သော။ တံ၊ ထိုအရပ်ကို။ ဒိသ၊ ညွှန်ပြတော်မူပါလော့။ ဣတိ၊ ဤသို့ သုဝီရက ပြောဆို၏။
အကမ္မေန၊ အမှုကိစ္စကို မပြုလုပ်ခြင်းဖြင့်။ ကောစိ၊ တစုံတယောက်သောသူသည်။ ကွစိ၊ တစုံတခုသောအရပ်၌။ န ဇီဝတိ၊ အသက်မမွေးနိုင်။ သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။ သော၊ ထိုအရပ်သည် သော၏အစွဲကို “ဇီဝိတဋ္ဌာနံ နာမ”ဟု ဋ္ဌ-၌ ဖွင့်ဆိုပြီး ဖြစ်လျက် သောနှင့် မဂ္ဂေါ တုလျတ် လိင်္ဂတ် ဖြစ်ကြောင်း ထင်ရှားစေရန် ဋီ၌“ဇီဝိတဋ္ဌာနံ နာမာတိ တဿ ဇီဝိတဿ ဟေတု နာမ”ဟု ထပ်မံဖွင့်ဆိုတော်မူသည်။ ။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ မဂ္ဂေါ၊ ရကြောင်းတည်း။ သုဝီရ၊ သုဝီရ။ တတ္ထ၊ ထိုအရပ်သို့။ တွံ၊ သင်သည်။ ဂစ္ဆာဟိ၊ သွားလော့။ မဉ္စ၊ ငါ့ကိုလည်း။ တတ္ထေဝ၊ ထိုအရပ်သို့သာလျှင်။ ပါပယ၊ ရောက်စေလော့။ ဣတိ၊ ဤသို့ သိကြားမင်းက ပြောဆို၏။
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သော ဟိ နာမ သက္ကော၊ ထိုသိကြားမင်း စင်လျက်လည်း။ သကံ၊ ကိုယ်ပိုင်ဖြစ်သော။ ပုညဖလံ၊ ကောင်းမှု၏အကျိုးကို။ ဥပဇီဝမာနော၊ မှီ၍ အသက်မွေးလျက်။ ဒေဝါနံ တာဝတိံ သာနံ၊ တာဝတိံသာနတ်တို့ကို။ ဣဿရိယာဓိပစ္စံ၊ အစိုးရသည်၏အဖြစ်, အကြီးအမှူး၏အဖြစ်ဟူသော။ ရဇ္ဇံ၊ မင်း၏အဖြစ်ကို။ ကာရေန္တော၊ ပြုလျက်။ ဥဋ္ဌာနဝီရိယဿ၊ ထကြွလုံ့လဝီရိယ၏။ ဝဏ္ဏဝါဒီ၊ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ရှိသူသည်။ ဘဝိဿတိ၊ ဖြစ်တုံဘိ၏။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့။ သွာက္ခာတေ၊ ကောင်းစွာဟောတော်မူအပ်သော။ ဓမ္မဝိနယေ၊ သာသနာတော်သို့။ ပဗ္ဗဇ္ဇိတာ၊ ဝင်ရောက်သူတို့သည်။ သမာနာ၊ ဖြစ်ကုန်လျက်။ တုမှေ၊ သင်တို့သည်။ အပ္ပတ္တဿ၊ မရောက်အပ်သေးသောတရားထူးကို။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ အနဓိဂတဿ၊ မရအပ်သေးသော တရားထူးကို။ အဓိဂမာယ၊ ရခြင်းငှါ။ အသစ္ဆိကတဿ၊ မျက်မှောက်မပြုအပ်သေးသော နိဗ္ဗာန်ကို။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါ။ တုမှေ၊ သင်တို့သည်။ ယံ ဥဋ္ဌဟေယျာထ၊ အကြင် ထကြွနိုးကြားကုန်ရာ၏။ ယံ ဃဋေယျာထ၊ အကြင် စေ့ဆော်ကုန်ရာ၏။ ယံ ဝါယမေယျာထ၊ အကြင် အားထုတ်ကုန်ရာ၏။ ဣဓ ခေါ၊ ဤသာသနာတော်၌။ တံ၊ ထိုထကြွနိုးကြားခြင်းစသည်သည်။ သောဘေထ၊ တင့်တယ်ပေရာ၏။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
(ဤသုသီမသုတ်သည် သုဝီရသုတ်နှင့် တူပြီ။ သားတော် သုသီမအား သိကြားမင်းက ဆုံးမသည်သာ ထူး၏။)
(သာဝတ္ထိယံ။ ပ။ ပစ္စဿောသုံ ပေးမြဲ။)
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို ဟောတော်မူအံ့။ ဒေဝါသုရသင်္ဂါမော၊ နတ်အသူရာတို့၏စစ်ပွဲသည်။ သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ အထ ခေါ၊ ထိုအခါ၌။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ တာဝတိံ သေ၊ တာဝတိံသာဘုံသားဖြစ်ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ “မာရိသာ၊ ငါကဲ့သို့ ရှုအပ်သော နတ်အပေါင်းတို့။ သင်္ဂါမဂတာနံ၊ စစ်မြေပြင်သို့ရောက်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏(သန္တာန်၌)။ ဘယံ ဝါ၊ ကြောက်ခြင်းသည်၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ် ခက်ထန်သည်၏အဖြစ်သည်၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါ၏သာလျှင်။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ မမံ၊ ငါ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
မေ၊ ငါ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ နောစေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့ မော်မကြည့်ခဲ့မိသော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်နတ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ ကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့ မော်မကြည့်ခဲ့မိသော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်နတ်သားတို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့မော်မကြည့်မိခဲ့သော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်တို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်းစသည်သည်။ ပဟီယိဿတီတိ၊ ကင်းပျောက်လတ္တံ့ ”ဟူ၍။ အာမန္တေသိ၊ သိစေပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကိုအစိုးရသော။ သက္ကဿ ဝါ၊ သိကြားမင်း၏ သော်လည်း။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထိုတန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌) ။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ ဝါ၊ ပဇာပတိ၏ သော်လည်း။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌)။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏သော်လည်း။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌)။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏သော်လည်း။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌) ။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏အဖြစ် သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယျေထာပိ၊ ကင်းပျောက်မူလည်း ကင်းပျောက်ရာ၏။ နောပိ ပဟီယျေထ၊ မကင်းပျောက်မူလည်း မကင်းပျောက်ရာ။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ ရဟန်း တို့။ ဟိ၊ အကြင့်ကြောင့်။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ အဝီတရာဂေါ၊ မကင်းသော ရာဂရှိသည်ဖြစ်၍။ အဝီတဒေါသော၊ မကင်းသော ဒေါသရှိသည်ဖြစ်၍။ အဝီတမောဟော၊ မကင်းသော မောဟရှိသည်ဖြစ်၍။ ဘီရု၊ ကြောက်တတ်သော သဘောရှိ ၏။ ဆမ္ဘီ၊ ကိုယ်ခက်ထန်သော သဘောရှိ၏။ ဥတြာသီ၊ ထိတ်လန့်တတ်သော သဘောရှိ၏။ ပလာယီ၊ ထွက်ပြေးတတ်သော သဘောရှိ၏။ ဣတိ၊ ထို့ကြောင့်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။ အဟဉ္စ ခေါ၊ ငါသည်ကား။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ မိန့်ဆိုတော်မူအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။ အရညဂတာနံ ဝါ၊ တောသို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ ရုက္ခ မူလဂတာနံ ဝါ၊ သစ်ပင်ရင်းသို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ သုညာဂါရဂတာနံ ဝါ၊ ဆိတ်ကွယ်ရာအရပ်သို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ တုမှာကံ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ဘယံ ဝါ၊ ကြောက်ခြင်းသည်၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ်ခက်ထန်သည်၏အဖြစ်သည် ၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါဘုရားကိုသာလျှင်။ “သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ခပ်သိမ်းများစွာ ကိလေသာတို့မှ ဝေးကွာတော်မူသော ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ခပ်သိမ်းသော တရားတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တို့သာ သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး ,စရဏ တဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ လောကအားလုံးကို သိမ်းကျုံး ကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ မည်တော် မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သီလဂုဏ်, သမာဓိဂုဏ် ,ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိ ဉာဏဒဿနဂုဏ် တို့ဖြင့် မိမိထက် လွန်မြတ်သော ပုဂ္ဂိုလ် ရှိတော်မမူသော ဤအကြောင်း ကြောင့်လည်း။ အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဆုံးမသင့် ဆုံးမထိုက်သော တိရစ္ဆာန်ယောက်ျား, လူယောက်ျား, နတ်ယောက်ျားတို့ကို တုတ်ဓား မပြ တရားချသဖြင့် ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိမည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဗြဟ္မာနတ်လူ ခပ်သိမ်းသူတို့၏ ဆရာတဆူဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္တာဒေဝမနုဿာနံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သစ္စာလေးတန် တရားမှန်ကို ဝေဘန် သိတတ် ဝေနေယျတို့ကိုလည်း သိစေတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တဂုဏ် ဘုန်းခြောက်စုံနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဘဂဝါတိ၊ ဘဂဝါမည်တော် မူ၏”ဟူ၍။ အနုဿရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ မမံ၊ ငါဘုရားကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြ ကုန်သော။ ဝေါ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက်ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက် ခြင်းစသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
မံ၊ ငါဘုရားကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ ဓမ္မံ၊ တရားတော်ကို။ “ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်သိမြင်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ အကာလိကော၊ အခါမလင့် အကျိုးကိုပေးတတ်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဧဟိ ပဿိကော၊ လာလှည့် ရှုလှည့်ဟု ညွှန်ပြထိုက်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ (မိမိ၏ စိတ်တည်း၌) ဆောင်ယူထားထိုက်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကို။ ဝိညူဟိ၊ (အရိယာ) ပညာရှိတို့သည်။ ပစ္စတ္တံ၊ အသီးသီး။ ဝေဒိတဗ္ဗောတိ၊ သိထိုက်ခံစားထိုက် ပါပေ၏”ဟူ၍။ အနုဿရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ ဓမ္မံ၊ တရားကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြကုန်သော။ ဝေါ၊ သင်ချစ်သား တို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျ ကြက်သီး ထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဓမ္မံ၊ တရားကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ အဖန်ဖန်မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ သံဃံ၊ သံဃာတော်ကို။ “ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ သုပ္ပဋိပန္နော၊ ကောင်းစွာ ကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်စွာ ကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အား လျော်စွာကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ သာမီစိပ္ပဋိပန္နော၊ ရိုသေစွာကျင့်တော်မူပါပေ၏။ စတ္တာရိ၊ အစုံအားဖြင့် လေးစုံကုန်သော။ ယဒိဒံ ပုရိသယုဂါနိ၊ အကြင် ပုဂ္ဂိုလ်အစုံတို့သည်။ အဋ္ဌ၊ အရေအတွက်အားဖြင့် ရှစ်ပါးကုန်သော။ ယဒိဒံ ပုရိသပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ (သန္တိ၊ ရှိကုန်၏။) ဘဂဝတော၊ ၏။ ဧသ သာဝကသံဃော၊ လေးစုံ ရှစ်ယောက်သော ဤတပည့်သား သံဃာတော်သည်။ အာဟုနေယျော၊ အရပ်ဝေးမှဆောင်၍ သော်လည်း ပူဇော်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ပါဟုနေယျော၊ ဧည့်သည်တို့အလို့ ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပူဇော်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ဒက္ခိဏေယျော၊ မြတ်သော အလှူကို ခံတော်မူထိုက်ပါပေ၏။ အဉ္ဇလိကရဏီယော၊ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။ လောကဿ၊ သတ္တဝါအပေါင်း၏။ အနုတ္တရံ၊ အမြတ်ဆုံးဖြစ်သော။ ပုညက္ခေတ္တန္တိ၊ ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏”ဟူ၍။ အနုဿ ရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ သံဃံ၊ သံဃာတော်ကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြကုန်သော။ ဝေါ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက် ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်းစသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ အကြင်ကြောင့်။ အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို အမှန်ကိုယ်တိုင်သိတော်မူသော။ တထာဂတော၊ မြတ်စွာဘုရားသည်။ ဝီတရာဂေါ၊ ကင်းသောရာဂ ရှိတော်မူသည်ဖြစ်၍။ ဝီတဒေါသော၊ ကင်းသောဒေါသ ရှိတော်မူသည်ဖြစ်၍။ ဝီတမောဟော၊ ကင်းသော မောဟ ရှိတော်မူသည်ဖြစ်၍။ အဘီရု၊ ကြောက်တတ်သော သဘောရှိတော်မမူ။ အစ္ဆမ္ဘီ၊ ကိုယ်ခက်ထန်သောသဘောရှိတော်မမူ။ အနုတြာသီ၊ ထိတ်လန့်တတ်သောသဘော ရှိတော်မမူ။ အပလာယီ၊ ထွက်ပြေးတတ်သောသဘော ရှိတော်မမူ။ ဣတိ၊ ထို့ကြောင့်တည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
သုဂတော၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ ဝတွာန၊ မိန့်ဆိုတော်မူပြီး၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ အထာပရံ၊ ထိုမှတပါးသော။ “ဘိက္ခဝေါ၊ ရဟန်းတို့။ အရညေ ဝါ၊ တော၌၎င်း။ ရုက္ခမူလေ ဝါ၊ သစ်ပင်ရင်း၌၎င်း။ သုညာဂါရေ ဝါ၊ ဆိတ်ငြိမ်ရာအရပ်၌၎င်း။ (ဆန်းကြောင့် ရဿ။) သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အနုဿရေထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။ တုမှာကံ၊ သင်တို့၏(သန္တာန်၌)။ (ဆန်းကြောင့် နိဂ္ဂဟိတလောပ။) ဘယံ၊ ကြောက်ခြင်းသည်။ နော သိယာ၊ မဖြစ်ရာ။
လောကဇေဋ္ဌံ၊ လူတို့ထက် ကြီးမြင့်တော်မူသော။ နရာသဘံ၊ လူတို့ထက် မြတ်တော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နော စေ သရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ နိယျာနိကံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ် သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
နိယျာနိကံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်ကို။ နော စေ သရေယျာထ၊ အကယ်၍မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ အနုတ္တရံ၊ မိမိထက်အမြတ်ရှိတော်မမူသော။ ပုညခေတ္တံ၊ ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တော်မူပေသော။ သံဃံ၊ သံဃာတော်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
ဘိက္ခဝေါ၊ ရဟန်းတို့။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို ၎င်း။ ဓမ္မံ၊ တရားတော်ကို ၎င်း။ သံဃဉ္စ၊ သံဃာတော်ကို ၎င်း။ သရန္တာနံ၊ အောက်မေ့ကုန်သော သင်တို့၏(သန္တာန်၌)။
ဘယံ ဝါ၊ ကြောက်ခြင်းသည် ၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ် ခက်ထန်သည်၏ အဖြစ်သည် ၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်း သည် ၎င်း။ န ဟေဿတီတိ၊ မဖြစ်လတ္တံ့” ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဖူးသည်ကို ဟောတော်မူအံ့။ ဒေဝါသုရသင်္ဂါမော၊ နတ် အသူရာတို့၏စစ်ပွဲသည်။ သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိ အသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ အသုရေ၊ အသူရာတို့ကို။ “မာရိသာ၊ ငါကဲ့သို့ရှုအပ်သော အချင်း (အသူရာ)တို့။ ဒေဝါနံအသုရသင်္ဂါမေ၊ နတ်အသူရာတို့၏ စစ်ပွဲကို။ သမုပဗျူဠှေ၊ ပေါင်းစုဆင်နွှဲအပ်သည်ရှိသော်။ အသုရာ၊ အသူရာတို့သည်။ သစေ ဇိနေယျုံ၊ အကယ်၍ အောင်ကုန်ငြားအံ့။ ဒေဝါ၊ နတ်တို့သည်။ သစေ ပရာဇိနေယျုံ၊ အကယ်၍ ရှုံးကုန်ငြားအံ့။ (ယေန, နံ နှစ်ပုဒ်ကား နိပါတ်မျှသာ။) ဒေဝါနမိဒန္ဒံ၊ နတ်တို့ကိုအစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ ကဏ္ဌပဉ္စမေဟိ၊ လည်အဖွဲ့လျှင် ငါးခုမြောက်ရှိကုန်သော ကဏ္ဌေ ပဉ္စ မေဟီဟိ ကဏ္ဌဗန္ဓနပဉ္စမေဟိ၊ ဝိဘတ္တိအလောပေန နိ ဒ္ဒေသော၊ ဋီ။ ၎င်းအလို ကဏ္ဌေ ပဉ္စမေဟိ ဟု ဝိဘတ္တိ အလောပ ဗဟုဗ္ဗီဟိ သမာသ်ဟု ဆိုလို၏။ကဏ္ဌေ ဗန္ဓနံ ပဉ္စမံ ယေသန္တိ ကဏ္ဌပဉ္စမာနိ၊ လေဟိ ဟုပြု။ ဗန္ဓနအလယ်ပုဒ် အကြေကြံ။ လက် ၂ ဖက် ခြေ ၂ ဖက် လည်တို့၌ ဖွဲ့နှောင်အပ်သော အဖွဲ့ငါးခုသည် ကဏ္ဌမဉ္စမဗန္ဓန မည်၏။။ ဗန္ဓနေဟိ၊ အနှောင်အဖွဲ့တို့ဖြင့်။ ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ မမ၊ ငါ၏။ သန္တိကေ၊ အထံသို့။ အသုရပုရံ၊ အသူရာပြည်သို့။ အာနေယျာထာတိ၊ ဆောင်ခဲ့ကြကုန်လော့”ဟူ၍။ အာမန္တေသိ၊ သိစေပြီ။
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒော၊ နတ်တို့ကို အစိုးရသော။ သက္ကောပိ ခေါ၊ သိကြားမင်းသည်လည်း။ ဒေဝေ တာဝတိံ သေ၊ တာဝတိံ သာနတ်တို့ကို။ “မာရိသာ၊ ငါကဲ့သို့ ရှူအပ်သောအချင်း(နတ်အပေါင်းတို့)။ ဒေဝါသုရသင်္ဂါမေ၊ နတ်အသူရာတို့၏ စစ်ပွဲကို။ သမုပဗျူဠှေ၊ ပေါင်းစု ဆင်နွှဲအပ်သည်ရှိ သော်။ ဒေဝါ၊ တို့သည်။ သစေ ဇိနေယျုံ၊ အကယ်၍ အောင်ကုန်ငြားအံ့။ အသုရာ၊ အသူရာတို့သည်။ သစေ ပရာဇိနေယျုံ၊ အကယ်၍ ရှုံးကုန်ငြားအံ့။ ဝေပစိတ္တိံ အသုရိန္ဒံ၊ ထို ဝေပစိတ္တိအသူရိန်ကို။ ကဏ္ဌပဉ္စမေဟိ၊ လည်လျှင် ငါးခုမြောက်ရှိကုန်သော။ ဗန္ဓနေဟိ၊ အနှောင်အဖွဲ့တို့ဖြင့်။ ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ မမ၊ ငါ၏။ သန္တိကေ၊ အထံသို့။ သုဓမ္မသဘံ၊ သုဓမ္မာသဘင်သို့။ အာနေယျာထာတိ၊ ဆောင်ခဲ့ကြကုန်လော့” ဟူ၍။ အာမန္တေသိ၊ သိစေပြီ။
ဘိက္ခဝေ၊ တို့။ တသ္မိံ ခေါ ပန သင်္ဂါမေ၊ ထိုစစ်မြေပြင်၌။ ဒေဝါ၊ နတ်တို့သည်။ ဇိနိံ သု၊ အောင်ကုန်ပြီ။ အသုရာ၊ အသူရာ တို့သည်။ ပရာဇိနိံသု၊ ရှုံးကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါ တာဝတိံသာ၊ တာဝတိံ သာနတ်တို့သည်။ ဝေပစိတ္တိံ အသုရိန္ဒံ၊ ဝေပစိတ္တိအသူရိန်ကို။ ကဏ္ဌပဉ္စမေဟိ၊ လည်အဖွဲ့လျှင် ငါးခုမြောက်ရှိကုန်သော။ ဗန္ဓနေဟိ၊ အနှောင်အဖွဲ့တို့ဖြင့်။ ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကိုအစိုးရသော။ သက္ကဿ၊ သိကြားမင်း၏။ သန္တိကေ၊ အထံသို့။ သုဓမ္မသဘံ၊ သုဓမ္မာသဘင်သို့။ အာနေသုံ၊ ဆောင်ကြကုန်ပြီ။
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုသို့ဆောင်ရာ၌။ (သုဒံ ကား နိပါတ် မျှသာ။) ဝေပစိတ္တိအသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ကဏ္ဌပဉ္စမေဟိ၊ လည်အဖွဲ့လျှင်ငါးခုမြောက်ရှိကုန်သော။ ဗန္ဓနေဟိ၊ အနှောင်အဖွဲ့တို့ဖြင့်။ ဗဒ္ဓေါ၊ နှောင်ဖွဲ့အပ်သည်ဖြစ်၍။ ဒေဝါနမိန္ဒံ၊ နတ်တို့ကိုအစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ သုဓမ္မသဘံ၊ သုဓမ္မာသဘင်သို့။ ပဝိသန္တဉ္စ၊ ဝင်သည်ကို၎င်း။ နိက္ခမန္တဉ္စ၊ ထွက်သည်ကို၎င်း။ အသဗ္ဘာဟိ၊ ပွဲလည်၌မကောင်းကုန်သော မောဂ္ဂလ္လာန် (ဏာဒိကဏ္ဍ ၇၂-သုတ်အလို) သဘာယံ သာဓု သမ္ဘာ၊ န သမ္ဘာ အသဗ္ဘာ၊ တာဟိ ဟု ပြု ။ ပွဲလယ်၌ မကောင်းကုန်သော ဟု သမ္ဗန်။ သဒ္ဒနီတိ(နိဂ္ဂဟိတန္တ ပုလ္လိင်္ဂနာမိကပဒမာလာ စာမျက်နှာ ၂၃၄) အလို အသမ္ဘီနံ ဧတာ န ဝါ သဗ္ဘီနံ ဧတာတိ အသဗ္ဘာ၊ တာဟိ ဟု ပြု။ သူယုတ်မာတို့၏ဥစ္စာ ဖြစ်ကုန်သော။ ဝါ-သူတော်ကောင်းတို့၏ ဥစ္စာမဟုတ်ကုန်သောဟု သမ္ဗန်။ တတိယာ ပဉ္စမီ ဟိဝိဘတ်ဆုံးသော သဗ္ဘီ၌ အကာရန္တ သန္တသဒ္ဒါဖြစ်ကြောင်းနှင့် ဣကာရန္တသမ္ဘိသဒ္ဒါ (သံ-ဋ္ဌ-၁-၁၂၇။ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ အဖွင့်နှင့်အညီ) သူတော်ကောင်း, နိဗ္ဗာန် ကောင်းသောအနက် သုံးမျိုးဟောကြောင်းများကို ၎င်း သဒ္ဒနီတိ စာမျက်နှာ ၂၃၂-မှ စ၍ အကျယ်ပြထား၏။ ။ ဝါ၊ သူယုတ်မာတို့၏ ဥစ္စာဖြစ်ကုန်သော။ ဖရုသာဟိ၊ ကြမ်းတန်းကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ အက္ကောသတိ၊ ဆဲရေး၏။ ပရိဘာသတိ၊ လွှမ်းမိုးပြောဆို၏။ ဝါ၊ ခြိမ်းချောက်၏။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သင်္ဂါဟကော၊ သိကြားမင်း၏ အထောက်အကူဖြစ်သော။ မာတလိ၊ မာတလိနတ်သားသည်။ ဒေဝါနမိန္ဒံ၊ နတ်တို့ကို အစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ “မဃဝါ၊ သဒ္ဓါတရားတည်းဟူသော ဥစ္စာရှိသော။ သက္က၊ သိကြားမင်း။ သမ္မုခါ၊ မိမိ မျက်မှောက်၌။ ဝေပစိတ္တိနော၊ ဝေပစိတ္တိအသူရိန်၏။ ဖရုသံ၊ ကြမ်းတန်းသော။ ဝါစံ၊ စကားကို။ သုဏန္ထော၊ ကြားလျက်။ ဘယာ၊ ကြောက်ခြင်းကြောင့်။ တိတိက္ခသိနု၊ သည်းခံသလော။ ဒုဗ္ဗလျာ၊ ခွန်အားနည်းသည်၏ အဖြစ်ကြောင့်။ တိတိက္ခသိ နောတိ၊ သည်းခံသလော”ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ရွတ်ဆိုပြီ။
အဟံ၊ ငါသည်။ ဝေပစိတ္တိနော၊ ဝေပစိတ္တိအသူရိန်၏ (စကားကို။) ဘယာ၊ ကြောက်ခြင်းကြောင့်။ န ခမာမိ၊ သည်းခံသည်မဟုတ်။ ဒုဗ္ဗလျာ၊ ခွန်အားနည်းသည်၏အဖြစ်ကြောင့်။ န ခမာမိ၊ သည်းခံသည်မဟုတ်။ ကထံ ဟိ၊ အဘယ်ကြောင့်။ မာဒိသော၊ ငါကဲ့သို့ရှုအပ်သော။ ဝိညူ၊ ပညာရှိသည်။ ဗာလေန၊ လူမိုက်နှင့်။ ပဋိသံယုဇေ၊ ဖက်ပြိုင်ရာအံ့နည်း။ ဣတိ၊ ဤသို့သိကြားမင်းက ပြောဆို၏။
အဿ၊ ထိုသူမိုက်ကို။ ပဋိသေဓကော၊ တားမြစ်သူသည်။ နောစေ၊ အကယ်၍မရှိ ငြားအံ့။ ဗာလာ၊ သူမိုက်တို့သည်။ ဘိယျော၊ ပိုမို၍။ ပဘိဇ္ဇေယျုံ၊ ကိုယ်တိုင်လည်းပျက်စီး, သူတပါးကိုလည်း ပျက်စီးစေကုန်ရာ၏ ပဘိဇ္ဇေယျုန္တိ ဝိရဇ္ဇေယျုံ ဟု ဋ္ဌ- ၌ ဖွင့်၏။ ဝိရဇ္ဇန္တီတိ ပလုဇ္ဇန္တိ။ သံ ဋီ-၁၊ ၂၃၁-အဖွင့်ကိုထောက်၍ ဝိရဇ္ဇေယျုံ ၌ ပလုဇ္ဇနတ္ထ ဖွင့်လိုရင်း ဖြစ်သဖြင့် ဤ၌ ပဘိဇ္ဇေယျုံကို သုဒ္ဓ, ကာရိတန္တောဂဓ ၂-မျိုးကြံ၍ အနက်ပေးလိုက်သည်။ အဋ္ဌကထာ၌ ပကုဇ္ဈေယျုံဟု ပါဌန္တရကိုပြ၏။ ပကုဇ္ဈေယျုံ၊ ပြင်းစွာ အမျက်ထွက် ကုန်ရာ၏ ဟုပေး။ ။ တသ္မာ၊ ထို့ကြောင့်။ ဓီရော၊ ပညာရှိသည်။ ဘုသေန၊ ပြင်းထန်လှစွာသော။ ဒဏ္ဍေန၊ တုတ်ဖြင့်(ဒဏ်ဖြင့်)။ ဗာလံ၊ သူမိုက်ကို။ နိသေဓယေ၊ တားမြစ်ရာ၏။ ဣတိ၊ ဤသို့ မာတလိနတ်သားက ပြောဆို၏။
ယော၊ အကြင်သူသည်။ သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။ ပရံ၊ သူ့တပါးကို။ သင်္ကုပိတံ၊ အမျက်ထွက်သည်ကို။ ဉတွာ၊ သိလျက်။ ဥပသမ္မတိ၊ ငြိမ်ငြိမ်နေ၏။ ဧတဒေဝ၊ ဤသို့ငြိမ်ငြိမ်နေခြင်းကိုသာလျှင်။ ဗာလဿ၊ သူမိုက်ကို။ ပဋိသေဓနံ၊ တား မြစ်ခြင်းဟူ၍။ အဟံ၊ ငါသည်။ မညေ၊ အောက်မေ့၏။ ဣတိ၊ ဤသို့သိကြားမင်းကပြောဆို၏။
ဝါသဝ၊ သိကြားမင်း။ ယသ္မာ၊ အကြင်ကြောင့်။ ဗာလော၊ သူမိုက်သည်။ နံ၊ ထိုသည်းခံသောသူကို။ အယံ၊ ဤသူသည်။ မေ၊ ငါ့အား။ ဘယာ၊ ကြောက်ခြင်းကြောင့်။ တိတိက္ခတိ၊ သည်းခံ၏ ဟူ၍။ မညတိ၊ အောက်မေ့၏။
(တသ္မာ၊ ထိုကြောင့်။) ဂေါ၊ နွားအပေါင်းသည်။ ပလာယိနံ၊ ကြောက်၍ ပြေးသောနွားကို။ ဘိယျော၊ များ စွာ။ အဇ္ဈာရုဟတိ ဣဝ၊ လွှမ်းမိုးသကဲ့သို့။ ဒုမ္မေဓော၊ ပညာနည်းသောသူသည်။ (နံ၊ ထိုသည်းခံသောသူကို။) အဇ္ဈာရုဟတိ၊ လွှမ်းမိုး၏။
ဧတဒေဝ၊ ဤသို့လွှမ်းမိုးခြင်းကိုသာလျှင်။ တိတိက္ခာယ၊ သည်းခံခြင်း၌။ ဝဇ္ဇံ၊ အပြစ်ဟူ၍။ အဟံ၊ အကျွန်ုပ်သည်။ ပဿာမိ၊ မြင်ပါ၏။ ဣတိ၊ ဤသို့ မာတလိက ပြောဆို၏။ အယံ၊ ဤသူသည်။ မေ၊ ငါ့အား။ ဘယာ၊ ကြောက်သောကြောင့်။ တိတိက္ခတိ၊ သည်းခံ၏ ဟူ၍။ ဗာလော၊ သူမိုက်သည်။ ကာမံ မညဟု ဝါ၊ အောက်မေ့သည်မူလည်းဖြစ်စေ။ မာ ဝါ၊ မအောက်မေ့သည်မူလည်းဖြစ်စေ။ အတ္ထာ၊ အကျိုးတရားတို့သည်။ သဒတ္ထ ပရမာ၊ မိမိအကျိုးသာလျှင် လွန်မြတ်သောအတိုင်းအရှည်ရှိကုန်၏။ ခန္တျာ၊ သည်းခံခြင်းထက်။ ဘိယျော၊ သာလွန်သောတရားသည်။ န ဝိဇ္ဇတိ၊ မရှိ။
ယော၊ အကြင်သူသည်။ ဗလဝါ၊ အားရှိသူသည်။ သန္တော၊ ဖြစ်လျက်။ ဒုဗ္ဗလဿ၊ အားနည်းသောသူအား။ ဟဝေ၊ စင်စစ်။ တိတိက္ခတိ၊ သည်းခံ၏။ တံ၊ ထိုသူ၏ သည်းခံခြင်းကို။ ပရမံ၊ အမြတ်ဆုံးသော။ ခန္တိံ၊ သည်းခံခြင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ ဒုဗ္ဗလော၊ အားနည်းသောသူသည်။ နိစ္စံ၊ အမြဲ။ ခမတိ၊ သည်းခံရ၏။
ဗာလဗလံ၊ သူမိုက်၏အားသည်။ ယဿ၊ အကြင်သူ၏။ ဗလံ၊ အားတည်း။ တံ၊ ထိုသူ၏အားကို။ အဗလံ၊ အားမဟုတ်ပါဘဲလျက်။ ဗလံ၊ အားဟူ၍။ အာဟု၊ ဆိုကုန်၏။ ဓမ္မဂုတ္တဿ၊ တရားကိုစောင့်ရှောက်သောသူ၏။ ဗလဿ၊ အားကို။ ပဋိဝတ္တာ၊ တုံ့ပြန်ပြောဆိုနိုင်သူသည်။ နဝိဇ္ဇတိ၊ မရှိ။
(တဿေဝ တေန ပါပိယော စသော သုံးဂါထာကို အက္ကောသသုတ် စာပိုဒ် ၁၈၈-၌ အနက်ရေးခဲ့ပြီ။)
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒော၊ သော။ သော ဟိနာမ သက္ကော၊ ထိုသိကြားမင်းစင်လျက်လည်း။ သကံ၊ ကိုယ်ပိုင်ဖြစ်သော။ ပုညဖလံ၊ ကောင်းမှု၏အကျိုးကို။ ဥပဇီဝမာနော၊ မှီ၍ အသက်မွေး ပါလျက်။ တာဝတိံ သာနံ၊ တာဝတိံ သာနတ်ပြည်၌ နေကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ ဣဿရိယာ ဓိပစ္စံ၊ အစိုးရသည်၏အဖြစ်, အကြီးအကဲ၏အဖြစ်ဟူသော။ ရဇ္ဇံ၊ မင်း၏အဖြစ်(ရိုသေမှုစသည်) ကို။ ကာရေန္တော၊ ပြုစေလျက်။ ခန္တိသောရစ္စဿ၊ သည်းခံခြင်း, ကောင်းသောအမှု၌ မွေ့လျော် ခြင်း၏။ ဝဏ္ဏဝါဒီ၊ ကျေးဇူးကိုဆိုလေ့ရှိသည်။ ဘဝိဿတိ၊ ဖြစ်ဘိသေး၏။
ဘိက္ခဝေ၊ တို့။ တုမှေ၊ သင်တို့သည်။ ဧဝံ၊ ဤသို့။ သွာက္ခာတေ၊ ကောင်းစွာဟောတော်မူအပ်သော။ ဓမ္မဝိနယေ၊ သာသနာတော်သို့။ ပဗ္ဗဇိတာ၊ ဝင်ရောက်သူတို့သည်။ သမာနာ၊ ဖြစ်ကုန်သည်ဖြစ်၍။ ခမာစ၊ သည်းခံကုန်သည်၎င်း။ သောရတာ စ၊ ကောင်းသောအမှု၌ မွေ့လျော်ကုန်သည်၎င်း။ ယံ ဘဝေယျာထ၊ အကြင်ဖြစ်ကုန်ရာ၏။ ဣဓ၊ ဤသာသနာတော်၌။ တံ၊ ထိုသို့ဖြစ်ခြင်းသည်။ သော ဘေထ၊ တင့်တယ်ပေရာ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဘူတပုဗ္ဗံ၊ အံ့။ ဒေဝါသုရသင်္ဂါမော၊ နတ် အသူရာတို့၏စစ်ပွဲသည်။ သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိအသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ဒေဝါနမိဒ္ဒံ၊ နတ်တို့ကိုအစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ “ဒေဝါနမိန္ဒ၊ သိကြားမင်း။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်။ ဇယော၊ အောင်မြင်ခြင်းသည်။ ဟောတူတိ၊ ဖြစ်စေလော့” ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ပြောဆိုပြီ။
ဝေပစိတ္တိ၊ ဝေပစိတ္တိ။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သောစကားဖြင့်။ ဇယော၊ အောင်မြင်ခြင်းသည်။ ဟောတူတိ၊ ဖြစ်ပါစေလော့။ ဣတိ၊ ဤသို့ သိကြားမင်းကပြောဆိုပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါ စ၊ နတ်တို့သည်၎င်း။ အသုရာ စ၊ အသူရာတို့သည်၎င်း။ ပါရိသဇ္ဇေ၊ ပရိသတ်တို့ကို။ “ဣမေ၊ ဤပရိသတ်တို့သည်။ နော၊ ငါတို့၏။ သုဘာသိတဒုဗ္ဘာသိတံ၊ ကောင်းစွာဆိုအပ်, မကောင်းသဖြင့် ဆိုအပ်သည်ကို။ အာဇာနိဿန္တိတိ၊ သိကုန်လတ္တံ့” ဟူ၍။ ဌပေသုံ၊ ထားကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိအသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ဒေဝါနမိန္ဒံ၊ သော။ သက္ကံ၊ ကို။ “ဒေဝါနမိန္ဒ၊ သိကြားမင်း။ ဂါထံ၊ ဂါထာကို။ ဘဏာတိ၊ ရွတ်ဆိုလော့” ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ဆိုပြီ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော်။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ ဝေပစိတ္တိံအသူရိန္ဒံ၊ ဝေပစိတ္တိအသူရိန်ကို။ “ဝေပစိတ္တိ၊ ဝေပစိတ္တိ။ ဧတ္ထ၊ ဤတာဝတိံသာနတ်ပြည်၌။ တုမှေခေါ၊ သင်တို့သည်သာလျှင်။ ပုဗ္ဗဒေဝါ၊ ရှေးဦးစွာဖြစ်သော နတ်တို့တည်း။
ဝေပစိတ္တိ၊ ဝေပစိတ္တိ။ ဂါထံ၊ ဂါထာကို။ ဘဏာတိ၊ ရွတ်ဆိုလော့” ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဝေပစိတ္တိအသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ “ဘိယျောဗာလာ။ ပ။ နိသေဓယေတိ၊ နိသေဓယေ” ဟူသော။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိ၊ ရွတ်ဆိုပြီ။
ဘိက္ခဝေ၊ တို့။ ဝေပစိတ္တိနာ အသုရိန္ဒေန၊ ဝေပစိတ္တိအသူရိန်သည်။ ဂါထာယ၊ ဂါထာကို။ ဘာသိတာယ ခေါ ပန၊ ရွတ်ဆိုအပ်သည်ရှိသော်။ အသုရာ၊ အသူရာတို့သည်။ အနုမောဒိံ သု၊ ဝမ်းမြောက်ကုန်ပြီ။ ဒေဝါ၊ နတ်တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိ အသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ဒေဝါနမိန္ဒံ၊ သော။ သက္ကံ၊ ကို။ “ဒေဝါနမိန္ဒ၊ သိကြားမင်း။ ဂါထံ၊ ဂါထာကို။ ဘဏာတိ၊ ရွတ်ဆိုလော့” ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ “ဧတဒေဝ။ ပ။ ဥပသမ္မတီတိ၊ ဥပသမ္မတိ”ဟူသော။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒေန၊ သော။ သက္ကေန၊ သည်။ ဂါထာယ၊ ဂါထာကို။ ဘာသိတာယ ခေါ ပန၊ ရွတ်ဆိုအပ်သည်ရှိသော်။ ဒေဝါ၊ နတ်တို့သည်။ အနုမောဒိံသု၊ ဝမ်းမြောက်ကုန်ပြီ။ အသုရာ၊ အသူရာတို့သည်။ တုဏှီ၊ ဆိတ်ဆိတ်။ အဟေသုံ၊ ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ ဝေပစိတ္တိံ အသုရိန္ဒံ၊ ကို။ “ဝေပစိတ္တိ၊ ဝေပစိတ္တိ။ ဂါထံ၊ ဂါထာကို။ ဘဏာတိ၊ ရွတ်ဆိုလော့” ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဝေပစိတ္တိ အသုရိန္ဒော၊ သည်။ “ဧတဒေဝ တိတိက္ခာယ။ ပ။ ပလာယိနန္တိ၊ ပလာယိနံ” ဟူသော။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဝေပစိတ္တိနာ အသုရိန္ဒေန၊ ဝေပစိတ္တိအသူရိန်သည်။ ဂါထာယ၊ ကို။ ဘာသိ တာယ ခေါ ပန၊ ရွတ်ဆိုအပ်သည်ရှိသော်။ အသုရာ၊ တို့သည်။ အနုမောဒိံ သု၊ ကုန်ပြီ။ ဒေဝါ၊ တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်။ အဟေသုံ၊ ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိ အသုရိန္ဒော၊ သည်။ ဒေဝါနမိန္ဒံ၊ သော။ သက္ကံ၊ ကို။ “ဒေဝါနမိန္ဒ၊ သိကြားမင်း။ ဂါထံ၊ ကို။ ဘဏာတိ၊ ရွတ်ဆိုလော့” ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ “ကာမံ မညတု ဝါ မာဝါ။ ပ။ ယေ ဓမ္မဿ အကောဝိဒါတိ၊ အကောဝိဒါ” ဟူကုန်သော။ ဣမာ ဂါထာယာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်ဆိုပြီ။
(ဤသုတ်ပါဂါထာများ၏အနက်ကို ရှေးသုတ်၌ရေးသားအပ်ခဲ့ပြီ။)
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒေန၊ သော။ သက္ကေန၊ သည်။ ဂါထာသု၊ ဂါထာတို့ကို။ ဘာသိတာသု ခေါ ပန၊ ရွတ်ဆိုအပ်ကုန်သည်ရှိသော်။ ဒေဝါ၊ နတ်တို့သည်။ အနုမောဒိံသု၊ ဝမ်းမြောက်ကုန်ပြီ။ အသုရာ၊ အသူရာတို့သည်။ တုဏှီ၊ ဆိတ်ဆိတ်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါနဉ္စ၊ နတ်တို့၏၎င်း။ အသုရာနဉ္စ၊ အသူရာတို့၏၎င်း။ ပါရိသဇ္ဇာ၊ ပရိသတ်တို့သည်။ “ဝေပစိတ္တိနာ အသုရိန္ဒေန၊ ဝေပစိတ္တိအသူရိန်သည်။ ဂါထာယော၊ ဂါထာတို့ကို။ ဘာသိတာ ခေါ၊ ရွတ်ဆိုအပ်ကုန်ပြီ။
တာ စ ခေါ၊ ထိုဂါထာတို့သည်ကား။ သဒဏ္ဍာဝစရာ၊ တုတ်သုံးစွဲခြင်းရှိကုန်၏။ သသတ္ထာဝစရာ၊ ထားသုံးစွဲခြင်းရှိကုန်၏။(တုတ်သံ, ထားသံပါသော ဂါထာများဟူလို။) ဣတိ၊ ထိုကြောင့်။ ဘဏ္ဍနံ၊ ငြင်းခုံခြင်းသည်။ (ဟောတိ၊ ဖြစ်၏။) ဣတိ၊ ထိုကြောင့်။ ဝိဂ္ဂဟော၊ ကိုယ်လက်ထိပါးခြင်းသည်။ (ဟောတိ၊ ၏။) ဣတိ၊ ထိုကြောင့်။ ကလဟော၊ ခိုက်ရန်ဖြစ်ခြင်းသည်။ (ဟောတိ၊ ၏။)
ဒေဝါနမိန္ဒေန သက္ကေန၊ သိကြားနတ်မင်းသည်။ ဂါထာယော၊ ဂါထာတို့ကို။ ဘာသိတာ ခေါ၊ ရွတ်ဆိုအပ်ကုန်ပြီ။
တာ စ ခေါ၊ ထိုဂါထာတို့သည်ကား။ အဒဏ္ဍာဝစရာ၊ တုတ်သုံးစွဲခြင်းမရှိကုန်။ အသတ္ထာဝစရာ၊ ထားသုံးစွဲခြင်းမရှိကုန်။ ဣတိ၊ ထိုကြောင့်။ အဘဏ္ဍနံ၊ ငြင်းခုံခြင်းမရှိ။ ဣတိ၊ ထိုကြောင့်။ အဝိဂ္ဂဟော၊ ကိုယ်လက်ထိပါးခြင်းမရှိ။ ဣတိ၊ ထိုကြောင့်။ အကလဟော၊ ခိုက်ရန်ဖြစ်ခြင်းမရှိ။
ဒေဝါနမိန္ဒဿ၊ နတ်တို့ကိုအစိုးရသော။ သက္က၊ သိကြား မင်း၏။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သောစကားဖြင့်။ ဇယောတိ၊ အောင်မြင်ခြင်းတည်း ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစုံ၊ ဆိုကုန်ပြီ။
ဘိက္ခဝေ၊ တို့။ ဣတိ ခေါ၊ ဤသို့လျှင်။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ ၏။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သောစကားဖြင့်။ ဇယော၊ အောင်မြင်ခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။ ဣတိ၊ သို့။ သုတံ၊ ပြီ။
သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို ဟောတော်မူအံ့။ ဒေဝါသုရသင်္ဂါမော၊ နတ်အသူရာတို့၏စစ်ပွဲသည်။ “သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ တသ္မိံ ခေါ ပနံ သင်္ဂါမေ၊ ထိုစစ်ပွဲ၌။ အသုရာ၊ တို့သည်။ ဇိနိံသု၊ အောင်ကုန်ပြီ။ ဒေဝါ၊ နတ်တို့သည်။ ပရာဇိနိံသု၊ ရှုံးကုန်ပြီ။
ဘိက္ခဝေ၊ တို့။ ပရာဇိတာစ ခေါ၊ ရှုံးသည်သာလျှင်ဖြစ်ကုန်သော။ ဒေဝါ၊ နတ်တို့သည်။ ဥတ္တရေန မုခါ၊ မြောက်မျက်နှာအရပ်သို့ ရှေးရှူသည်ဖြစ်၍။ အပါယံသွေဝ၊ ထွက်ပြေးကုန်သည်သာလျှင်တည်း။ အသုရာ၊ အသူရာတို့သည်။ နေ၊ ထိုနတ်တို့ကို။ အဘိယံသွေဝ၊ လိုက်ကုန်သည်သာလျှင်တည်း။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သိကြားမင်းသည်။ သင်္ဂါဟကံ၊ အထောက်အကူဖြစ်သော။ မာတလိံ၊ မာတလိကို။ “မာတလိ၊ မာတလိ။ သိမ္ဗလိသ္မိံ၊ လက်ပံတော၌။ ကုလာဝကာ၊ ဂဠုံသိုက်တို့သည်။ (သန္တိ၊ ရှိကုန်၏။) ဤသာမုခေန၊ ရထားဦးဖြင့်။ (တေ၊ ထိုဂဠုံသိုက်တို့ကို။) ပရိဝဇ္ဇယဿု၊ ရှောင်ကွင်းလော့။ အသုရေသု၊ အသူရာတို့၌။ ပါဏံ၊ အသက်ကို။ ကာမံစဇာမ၊ အကယ်၍ စွန့်ရကုန်အံ့။ (ဧဝမ္ပိ၊ ဤသို့စွန့်ရကုန်သော်လည်း။) ဣမေဒိဇာ၊ ဤဂဠုံငှက်တို့သည်။ ဝိကုလာဝကာ၊ အသိုက်မဲ့ကုန်သည်။ မာ အဟေသုန္တိ၊ မဖြစ်စေကုန်လင့်”ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ရွတ်ဆိုပြီ။
ဘိက္ခဝေ၊ တို့။ သင်္ဂါဟကော၊ အထောက်အကူဖြစ်သော။ မာတလိ၊ မာတလိသည်။ “ဧဝံ ဘဒ္ဒန္တဝါတိ၊ ကောင်းပါပြီအရှင်'ဟူ၍။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ ၏( စကားကို)။ ပဋိဿုတွာ၊ ဝန်ခံ၍။ သဟဿယုတ္တံ၊ မြင်းတထောင်ဖြင့် ကအပ်သော။ အာဇညရထံ၊ အာဇာနည်မြင်းရထားကို။ ပစ္စုဒါဝတ္တေသိ၊ နောက်ပြန်လှည့်စေပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ အသုရာနံ၊ အသူရာတို့၏။ “ဒါနိ၊ ယခုအခါ၌။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ ၏။ သဟဿယုတ္တော၊ မြင်းတထောင်ဖြင့် ကအပ်သော။ အာဇညရထော၊ အာဇာနည်မြင်းရထားသည်။ ပစ္စုဒါဝတ္တော ခေါ၊ နောက်ပြန်လှည့်သည်သာလျှင်တည်း။
ဒုတိယမ္ပိ ခေါ၊ နှစ်ကြိမ်မြောက်လည်း။ ဒေဝါ၊ နတ်တို့သည်။ အသုရေဟိ၊ အသူရာတို့နှင့်။ သင်္ဂါမေဿန္တိတိ၊ စစ်ထိုးကြကုန်လတ္တံ့”ဟု ကြံ၍။ ဘီတာ၊ ကြောက်ကုန်သည်ဖြစ်၍။ အသုရပုရံယေဝ၊ အသူရာပြည်သို့သာလျှင်။ ပါဝိသိံသု၊ ပြေးဝင်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ ဣတိ ခေါ၊ ဤသို့လျှင်။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ ၏။ ဓမ္မေန၊ တရားသဖြင့်။ ဇယော၊ အောင်မြင်ခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။ ဣတိ၊ သို့။ သုတံ၊ ပြီ။
(သာဝတ္ထိယံ ပေးမြဲ။)
ဘိက္ခဝေ၊ တို့။ ဘူတပုဗ္ဗံ၊ အံ့။ ရဟောဂတသာ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်လျက်။ ပဋိသလ္လီနဿ၊ တစ်ယောက်ထီးတည်း ကိန်းအောင်းသော။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ ၏။ “ယောပိ၊ အကြင်သူသည်လည်း။ မေ၊ ငါ၏။ သုပစ္စတ္ထိကော၊ မုချရန်သူသည်။ အဿ၊ ဖြစ်ရာ၏။ တဿာပိ၊ ထိုမုချရန်သူအားလည်း။ အဟံ၊ ငါသည်။ န ဒုဗ္ဘေယျန္တိ၊ မပြစ်မှားအံ့”ဟူ၍။ ဧဝံ၊ ဤသို့။ စေတသော ပရိဝိတက္ကော၊ စိတ်အကြံသည်။ ဥဒပါဒိ၊ ထင်ရှား ဖြစ်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိ အသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ဒေဝါ နမိန္ဒဿ၊ သော။ သက္ကဿ၊ ၏။ စေတောပရိဝိတက္ကံ၊ စိတ်အကြံကို။ စေတသာ၊ မိမိစိတ်ဖြင့်။ အညာယ၊ သိ၍။ ယေန၊ အကြင်အရပ်၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ (အတ္ထိ၊ ၏။) တေန၊ သို့။ ဥပသင်္ကမိ၊ ကပ်ပြီ။
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ ဝေပစိတ္တိံ အသုရိန္ဒံ၊ ဝေပစိတ္တိအသူရိန်ကို။ ဒူရတောဝ၊ အဝေးမှသာလျှင်။ အာဂစ္ဆန္တံ၊ လာသည်ကို။ အဒ္ဒသာ ခေါ၊ မြင်ပြီ။
ဒိသွာန၊ မြင်ပြီး၍။ ဝေပစိတ္တိံ အသုရိန္ဒံ၊ ဝေပစိတ္တိအသူရိန်ကို။ “ဝေပစိတ္တိ၊ ဝေပစိတ္တိ။ တိဋ္ဌ၊ ရပ်လော့။ ဂဟိတော၊ ငါဖမ်းယူအပ်သည်။ အသီတိ၊ ဖြစ်၏"ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
မာရိသ၊ အချင်း။ ပုဗ္ဗေ၊ ရှေး၌။ တေ၊ သင့်အား။ ယဒေဝစိတ္တံ၊ အကြင်ရန်ညှိုးဖွဲ့သော စိတ်သည်။ (အတ္ထိ၊ ၏။) တဒေဝစိတ္တံ၊ ထိုရန်ညှိုးဖွဲ့သောစိတ်ကို။ တွံ၊ သင်သည်။ မာပဇဟာသိ၊ မစွန့်ပြီ။ ဣတိ၊ ဤသို့ ဝေပစိတ္တိက ပြောဆို၏။
ဝေပစိတ္တိ၊ ဝေပစိတ္တိ။ အဒုဗ္ဘာယ၊ မပြစ်မှားခြင်းငှါ။ မေ၊ အား။ သပဿုစ၊ ကျိန်ဆိုပါလော့။ ဣတိ၊ ဤသို့သိကြားမင်းက ပြောဆို၏။
သုဇမ္ပတိ၊ သိကြားမင်း။ မုသာ၊ မမှန်သောစကားကို။ ဘဏတော၊ ပြောဆိုသောသူ၏။ ယံ ပါပံ၊ အကြင်မကောင်းမှုသည်၎င်း။ အရိယူပဝါဒိနော၊ အရိယာပုဂ္ဂိုလ်တို့ကိုစွပ်စွဲသောသူ၏။ ယံ ပါပံ၊ အကြင်မကောင်းမှုသည်၎င်း။ မိတ္တဒ္ဒုနော၊ မိတ်ဆွေကိုဖျက်ဆီးသောသူ၏။ ယံ ပါပံ၊ အကြင်မကောင်းမှုသည်၎င်း။ အကတညုနော၊ ပြုအပ်ဖူးသော သူ့ကျေးဇူးကို မသိသောသူ၏။ ယံပါပံ၊ အကြင်မကောင်းမှုသည်၎င်း။ (အတ္ထိ၊ ၏။) တံပါပံ၊ ထိုမကောင်းမှုဟူသမျှသည် (ဖုသတု၌စပ်)။ ယော၊ အကြင်သူသည်။ တေ၊ သင်အား။ ဒုဗ္ဘေ၊ ပြစ်မှားရာ၏။ တမေဝ၊ ထိုသူသို့သာလျှင်။ ဖုသတု၊ ရောက်ပါစေ။ ဣတိ၊ ဤသို့ ဝေပစိတ္တိက ကျိန်ဆို၏။
(သာဝတ္ထိယံ ဇေတဝနေ ပေးမြဲ။)
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဒိဝါဝိဟာရဂတော၊ နေ့သန့်ရာအရပ်သို့ ကပ်တော်မူလျက်။ ပဋိသလ္လီနော၊ တစ်ပါးထီးတည်း ကိန်းအောင်းတော်မူသည်။ ဟောတိ၊ ၏။
အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကောစ၊ သကြားမင်းသည်၎င်း။ ဝေရောစနော၊ ဝေရောစန မည်သော။ အသုရိန္ဒော၊ အသူရိန်သည်၎င်း။ ယေန၊ ၌။ ဘဂဝါ သည်။ (အတ္ထိ၊ ၏။) တေန၊ သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်ပြီ။ ဥပသင်္ကမိတွာ၊ ၍။ ပစ္စေကံ၊ အသီးအသီး။ ဒွါရဗာဟံ၊ တံခါးဘောင်ကို။ နိဿာယ၊ မှီ၍။ အဋ္ဌံသု၊ ရပ်ကြကုန်ပြီ။
အထ ခေါ၊ ၌။ ဝေရောစနော၊ ဝေရောစနမည်သော။ အသူရိန္ဒော၊ အသူရိန်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အထံ၌။ “ပုရိသော၊ ယောက်ျားသည်။ အတ္ထဿ၊ အကြောင်းကိစ္စ၏။ ယာဝနိပ္ပဒါ၊ ပြီးသည်တိုင်အောင်။ ဝါယမေထေဝ၊ အားထုတ်ရာသည်သာလျှင်တည်း။ အတ္ထော၊ အကြောင်းကိစ္စသည်။ နိပ္ဖန္နသောဘနော၊ ပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိ၏။ ဣဒံ၊ ဤစကားသည်။ ဝေရောစနဝစောတိ၊ ဝေရောစနအသူရိန်၏စကားတည်းဟူသော။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ပြီ။
ပုရိသော၊ ယောက်ျားသည်။ အတ္ထဿ၊ အကြောင်းကိစ္စ၏။ ယာဝ နိပ္ဖဒါ၊ ပြီးသည်တိုင်အောင်။ ဝါယမေထေဝ၊ အားထုတ်ရာသည်သာလျှင်တည်း။ အတ္ထော၊ အကြောင်းကိစ္စသည်။ နိပ္ဖန္နသောဘနော၊ ပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိ၏။ (တေသု၊ ထိုပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိကုန်သောကိစ္စတို့တွင်။) ခန္တျာ၊ သည်းခံခြင်းကိစ္စထက်။ ဘိယျော၊ လွန်မြတ်သောကိစ္စသည်။ န ဝိဇ္ဇတိ၊ မရှိ။ ဣဒံ၊ ဤစကားသည်။ သက္ကဝစော၊ သိကြားမင်း၏စကားတည်း။ ဣတိ၊ ဤသို့ သိကြားမင်းက ပြောဆို၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ယထာရဟံ၊ ထိုက်သည့်အားလျော်စာ။ တတ္ထတတ္ထ၊ ထိုထိုဝတ္ထုတို့၌။ အတ္ထဇာတာ၊ ဖြစ်သောကိစ္စရှိကုန်၏။ သဗ္ဗပါဏိနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့၏။ သမ္ဘောဂါ၊ သုံးဆောင်ထိုက်သော ဝတ္ထုတို့သည်။ သံယောဂပရမာ တွေဝ၊ ရောနှောပြုပြင်ခြင်းလျှင် အလွန်ရှိကုန်သည်သာလျှင်တည်း။ အတ္ထော၊ အကြောင်းကိစ္စသည်။ နိပ္ဖန္နသောဘနော၊ ပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိ၏။ ဣဒံ၊ ဤစကားသည်။ ဝေရောစနဝစာ၊ ဝေရောစနအသူရိန်၏စကားတည်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ယထာရဟံ၊ ထိုက်သည့်အားလျော်စာ။ တတ္ထတတ္ထ၊ ထိုထိုဝတ္ထုတို့၌။ အတ္ထဇာတာ၊ ဖြစ်သောကိစ္စရှိကုန်၏။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏။ သမ္ဘောဂါ၊ သုံးဆောင်ထိုက်သော ဝတ္ထုတို့သည်။ သံယောဂ ပရမာတွေဝ၊ ရောနှောပြုပြင်ခြင်းလျှင် အလွန်ရှိကုန်သည်သာလျှင်တည်း။ အတ္ထော၊ အကြောင်းကိစ္စသည်။ နိပ္ဖန္နသောဘနော၊ ပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိ၏။ (တေသု၊ ထိုပြီးစီးခြင်းလျှင် တင့်တယ်ခြင်းရှိကုန်သောကိစ္စတို့တွင်။) ခန္တျာ၊ သည်းခံခြင်းကိစ္စထက်။ ဘိယျော၊ လွန်မြတ်သောကိစ္စသည်။ န ဝိဇ္ဇတိ၊ မရှိ။ ဣတိ၊ ဤသို့ သိကြားမင်းက ပြောဆို၏။
(သာဝတ္ထိယံ ပေးမြဲ။)
ဘိက္ခဝေ၊ တို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို ဟောတော်မူအံ့။ သမ္ဗဟုလာ၊ များစွာကုန်သော။ သီလဝန္တော၊ သီလရှိကုန်သော။ ကလျာဏဓမ္မာ၊ ကောင်းသောသဘောရှိကုန်သော။ ဣသယော၊ ရသေ့တို့သည်။ အရညာယတနေ၊ တော၌။ ပဏ္ဏကုဋီသု၊ သစ်ရွက်မိုးကျောင်းတို့၌။ သမ္မန္တိ၊ ငြိမ်သက်စွာနေကုန်၏။ (ဝသန္တိ၊ ဋ္ဌ။)
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော စ၊ သည်၎င်း။ ဝေပစိတ္တိ၊ သော။ အသူရိန္ဒော၊ သည်၎င်း။ ယေန၊ ၌။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ တေ ဣသယော၊ ထိုရသေ့တို့သည်။ (သန္တိ၊ ရှိကုန်၏။) တေန၊ သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဝေပစိတ္တိ အသုရိန္ဒော၊ ဝေပစိတ္တိအသူရိန်သည်။ ပဋလိယော၊ များသောအထပ်ရှိကုန်သော။ ဥပါဟနာ၊ ဖိနပ်တို့ကို။ အာရောဟိတွာ၊ စီး၍။ ခဂ္ဂံ၊ သန်လျက်ကို။ ဩလဂ္ဂေတွာ၊ လွယ်၍။ ဓာရိယမာနေန၊ ဆောင်းအပ်သော။ ဆတ္တေန၊ ထီးဖြင့်။ အဂ္ဂဒွါရေန၊ တံခါးဦးဖြင့်။ အဿမံ၊ သင်္ခမ်းကျောင်းသို့။ ပဝိသိတွာ၊ ဝင်၍။ သီလဝန္တေ၊ ကုန်သော။ ကလျာဏဓမ္မေ၊ ကုန်သော။ တေ ဣသယော၊ ထိုရသေ့တို့ကို။ အပဗျာမတော ကရိတွာ၊ အရိုအသေမပြုမူ၍ အပဗျာမတော ကရိတွာတိ ဗျာမတော အကတွာ။ ဋ္ဌ။ အပသဗျတော ကရိတွာတိ အပသဗျံ အပဒက္ခိဏံ ကတွာ၊ ဥဒါန-ဋ္ဌ။ ၂၆၅။ အနောကာသံ ကာရာပေတွာကဲ့သို့ န ပဋိသေဓကို ပြုခြင်း ကြိယာနှင့် စပ်၍ ပေးလိုက်သည်။ ဝါမံကဠေဝရံ သဗျံ၊ အပသဗျံ တု ဒက္ခိဏံ၊ အဘိဓာနပ္ပဒီပိကာ ဂါထာနံပါတ် (၇၁၉) အလို အသဗျတော ကရိတွာ ဟု ရှိစေသင့်၏။ ။ အတိက္ကမိ၊ ကျော်လွန်၍သွားလေပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေဝါနမိန္ဒော၊ သော။ သက္ကော၊ သည်။ ပဋလိယော၊ များသော အထပ်ရှိကုန်သော။ ဥပါဟနာ၊ ဘိနပ်တို့ကို။ ဩရောဟိတွာ၊ ချွတ်၍။ ခဂ္ဂံ၊ သံလျက်ကို။ အညေသံ၊ တပါးသောသူတို့အား။ ဒတွာ၊ ပေး၍။ ဆတ္တံ၊ ထီးကို။ အပနာမေတွာ၊ ဖယ်ရှား၍။ ဒွါရေနေဝ၊ တံခါးဖြင့်သာလျှင်။ အဿမံ၊ သင်္ခမ်းကျောင်းသို့။ ပဝိသိတွာ၊ ဝင်၍။ သီလဝန္တေ၊ ကုန်သော။ ကလျာဏဓမ္မေ၊ ကုန်သော။ ဣသယော၊ ရသေ့တို့ကို။ အနုဝါတံ၊ လေအောက်၌။ ပဉ္ဇလိကော၊ လက်အုပ်ချီသည်ဖြစ်၍။ နမဿမာနော၊ ရှိခိုးလျက်။ အဋ္ဌာသိ၊ ရပ်လေပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ တေ ဣသယော၊ ထိုရသေ့တို့သည်။ ဒေဝါနမိန္ဒေ၊ သော။ သက္ကံ၊ သိကြားမင်းကို။ “သဟဿနေတ္တ၊ သိကြားမင်း။ စိရဒိက္ခိတာနံ၊ ကြာမြင့်စွာရသေ့ပြုကုန်သော စိရဒိက္ခိတာနန္တိ စိရပဗ္ဗဇိတာနံ။ ဇာတက ဋ္ဌ-၅။ ၁၄၅။ ဒိက္ခဓာတ်-မုဏ္ဍိယ (ခေါင်းတုံးခြင်း) အနက် ဟော။ ခေါင်းတုံးခြင်းနှင့် ရသေ့ရဟန်းပြုခြင်း အတူတူပင်၊ ဓာတ်နက်နှင့် အဘိဓေယျ အနက်သာ ခြားနားကြောင်း သဒ္ဒနီတိ ခကာရန္တဓာတုမာလာ၌ ဆိုထား၏။ ဤအဋ္ဌကထာ၌လည်း စိရဒိက္ခိတာ နန္တိ စိရသမာဒိဏ္ဏဝတာနံ ဟု အဘိဓေယျတ္ထကိုပင် ဖွင့်ပြသည်။ ဤဋီကာ၌လည်း ၎င်းအဖွင့်ကို ကျမ်းတက်ထားသည်။ ။ ဣသိနံ၊ ရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ မာလုတေန၊ လေကြောင့်။ ကာယာ၊ ကိုယ်မှ။ စုတော၊ ရွေ့ရှားသည်ဖြစ်၍။ ဂစ္ဆတု၊ သွား၏။ ဣတော၊ ဤအရပ်မှ။ ပဋိက္ကမ၊ ဖဲလော့။ ဒေဝရာဇ၊ သိကြားမင်း။ ဣသီနံ၊ ရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ အသုစီတိ၊ မစင်ကြယ်" ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိံသု၊ ပြောကြားကုန်ပြီ။
ဘန္တေ၊ အရှင်ဘုရားတို့။ စိရဒိက္ခိတာနံ၊ ကြာမြင့်စွာရသေ့ပြုကုန်သော။ ဣသီနံ၊ ရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ မာလုတေန၊ လေကြောင့်။ ကာယာ၊ ကိုယ်မှ။ စုတော၊ ရွေ့ရှားသည်ဖြစ်၍။ ဂစ္ဆတု၊ သွားပါစေ။ ဘန္တေ၊ အရှင်ဘုရားတို့။ သိရသ္မိံ၊ ဦးခေါင်း၌။ သုစိတြပုပ္ဖံ၊ အလွန်ဆန်းကြယ်သောအပွင့်ရှိသော။ မာလံဝ၊ ပန်းကိုကဲ့သို့။ ဧတံဂန္ဓံ၊ ထိုသီလဝန္တရသေ့တို့၏ အနံ့ကို။ ပဋိကင်္ခါမ၊ အလိုရှိပါကုန်၏။ ဟိ၊ မှန်၏။ ဧတ္ထ၊ ဤသီလဝန္တရသေ့တို့၏အနံ့၌။ ဒေဝါ၊ နတ်တို့သည်။ န ပဋိကူလသညိနော၊ စက်ဆုတ်ဖွယ်ဟု မှတ်ထင်ခြင်းရှိကုန်သည်မဟုတ်။ ဣတိ၊ ဤသို့ သိကြားမင်းက လျှောက်ထား၏။
(သာဝတ္ထိယံပေးမြဲ။)
ဘိက္ခဝေ၊ တို့။ ဘူတပုဗ္ဗံ၊ အံ့။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ သမ္ဗဟုလာ၊ ကုန်သော။ ဣသယော၊ ရသေ့တို့သည်။ သမုဒ္ဒတီရေ၊ သမုဒြာကမ်းနား၌။ ပဏ္ဏကုဋီသု၊ သစ်ရွက်မိုးကျောင်းတို့၌။ သမ္မန္တိ၊ ငြိမ်သက်စွာ နေကုန်၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ဒေဝါသုရသင်္ဂါမော၊ နတ်အသူရာတို့၏စစ်ပွဲသည်။ သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သီလဝန္တာနံ၊ ကုန်သော။ ကလျာဏဓမ္မာနံ၊ ကုန်သော။ တေသံ ဣသီနံ၊ ထိုရသေ့တို့၏။ “ဒေဝါ၊ နတ်တို့သည်။ ဓမ္မိကာ ခေါ၊ တရားကို စောင့်သူတို့တည်း။ အသုရာ၊ အသူရာတို့သည်။ အဓမ္မိကာ၊ တရားကို မစောင့်သူတို့တည်း။
နော၊ ငါတို့၏။ အသုရတော၊ အသူရာဖက်မှ။ ဘယံ၊ ဘေးသည်။ သိယာပိ၊ ဖြစ်မူလည်းဖြစ်ရာ၏။
မယံ၊ ငါတို့သည်။ သမ္ဗရံ၊ သမ္ဗရအမည်ရသော။ အသုရိဒ္ဒံ၊ အသူရိန်သို့။ ဥပသင်္ကမိတွာ၊ ကပ်ကုန်၍။ အဘယဒက္ခိဏံ၊ ဘေးမဲ့အလှူကို။ ယာစေယာမ၊ တောင်းခံရပါကုန်မူကား။ ယံနူနာတိ၊ ကောင်းစွ” ဟူသော။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ တေ ဣသယော၊ ထိုရသေ့တို့သည်။ ဗလဝါ၊ ခွန်အားရှိသော။ ပုရိသော၊ ယောက်ျားသည်။ သမိဉ္ဇိတံ၊ ကွေးအပ်သော။ ဗာဟံ၊ လက်မောင်းကို။ ပသာရေယျ ဝါ သေယျထာပိ နာမ၊ ကွေးရာသကဲ့သို့၎င်း။ ပသာရိတံ၊ ဆန့်အပ်သော။ ဗာဟံ၊ လက်မောင်းကို။ သမိဉ္ဇေယျ ဝါ သေယျထာပိ နာမ၊ ကွေးရာသကဲ့သို့၎င်း။ ဧဝမေဝ၊ ထို့အတူသာလျှင်။ သမုဒ္ဒတီရေ၊ သမုဒြာကမ်းနား၌။ ပဏ္ဏကုဋီသု၊ သစ်ရွက်မိုးကျောင်းတို့၌။ အန္တရဟိတာ၊ ကွယ်ပျောက်ခဲ့ကုန်သည်ဖြစ်၍။ သမ္ဗရဿ၊ သမ္ဗရအမည်ရသော။ အသုရိန္ဒဿ၊ အသူရိန်၏။ သမ္ဗုခေ၊ မျက်မှောက်၌။ ပါတုရဟေသုံ၊ ထင်ရှားဖြစ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ တေ ဣသယော၊ ထိုရသေ့တို့သည်။ သမ္ဗရံ၊ သမ္ဗရအမည်ရသော။ အသုရိန္ဒံ၊ အသူရိန်ကို။ ဣသယော၊ ရသေ့တို့သည်။ သမ္ဗရံ၊ သမ္ဗရအသူရိန်၏အထံသို့။ ပတ္တာ၊ ရောက်လာကုန်သည်ဖြစ်၍။ အဘယဒက္ခိဏံ၊ ဘေးမဲ့အလှူကို။ ယာစန္တိ၊ တောင်းကုန်၏။ ဘယသာ ဝါ၊ ဘေးကိုသော်၎င်း။ အဘယဿ ဝါ၊ ဘေးမဲ့ကိုသော်၎င်း။ ဒါတုံ၊ ပေးခြင်းငှါ။ တေ၊ သင်၏။ ကာမံ ကရောဟီတိ၊ အလိုရှိတိုင်း ပြုနိုင်ခြင်းသည်သာလျှင်တည်း” ကာမံ ကရောတိ ဣစ္ဆိတကရော။ ဋ္ဌ။ ဣစ္ဆိတကရောတိ ယဒိစ္ဆိတကရဏံ။ ဋီ။ ဟိ-ဧဝတ္ထ။ ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိံ သု၊ ပြောကြားကုန်ပြီ။
ဒုဋ္ဌာနံ၊ အလိုဆန္ဒသည် ဖျက်ဆီးအပ်ကုန်သော ( သဒ္ဒတ္ထ) ဝါ-မကောင်းသောအလိုဆန္ဒ ရှိကုန်သော ဒုဋ္ဌာနန္တိ ဝိရုဒ္ဓါနံ။ဋ္ဌ။ဒုဋ္ဌာနန္တိ ဒုရာသယာနံ၊ တေ ပန ဒုဋ္ဌာဇ္စျာသယာ ဝိရုဒ္ဓါ ဟောန္တီတိ အာဟ ဒုဋ္ဌာနံ ဝိရုဒ္ဓါနန္တိ။ဋီ။ (ဘာဝတ္ထ)။ သက္ကသေဝိနံ၊ သိကြားမင်းသည် ဆည်းကပ်လေ့ရှိကုန်သော။ ဣသီနံ၊ ရသေ့တို့အား။ အဘယံ၊ ဘေးမဲ့ပေးဖွယ်သည်။ (အဘယဒက္ခိဏဟု ဆိုလိုလျက် ဒက္ခိဏကြေ။) နတ္ထိ၊ မရှိ။ အဘယံ၊ ဘေးမဲ့ကို။ ယာစမာနာနံ၊ တောင်းကုန်သော။ ဝေါ၊ သင်ရသေ့တို့အား။ ဘယမေဝ၊ ဘေးကိုသာလျှင်။ ဒဒါမိ၊ ပေးအံ့။ ဣတိ၊ ဤသို့သမ္ဗရအသူရိန်က ပြောဆို၏။
အဘယံ၊ ဘေးမဲ့ကို။ ယာစမာနာနံ၊ တောင်းကုန်သော။ နော၊ ငါတို့အား။ ဘယမေဝ၊ ဘေးကိုသာလျှင်။ ဒဒါသိ၊ ပေးပြီ။ တေ၊ သင်၏။ ဧတံ၊ ထိုဘေးကို။ ပဋိဂ္ဂဏှာမ၊ ခံယူကုန်အံ့။ တေ၊ သင်၏။ ဘယံ၊ ဘေးသည်။ အက္ခယံ၊ မကုန်ခန်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။
ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးစေ့ကို။ ဝပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေ၊ ဆောင်၏။ ကလျာဏကာရီ၊ ကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ (အနုဘဝတိ၊ ခံစားရ၏။ ပါပကာရီစ၊ မကောင်းမှုကိုပြုလေ့ရှိသောသူသည်ကား။ ပါပကံ၊ မကောင်းကျိုးကို။ (အနုဘဝတိ၊ ခံစားရ၏။) တာတ၊ သမ္ဗရအသူရိန်။ တေ၊ သင်သည်။ ဗီဇံ၊ မကောင်းမှုမျိုးစေ့ကို။ ပဝုတ္တံ၊ စိုက်ပျိုးအပ်ပြီ။ ဖလံ၊ မကောင်းကျိုးကို။ ပစ္စနုဘောဿသိ၊ ခံစားရလတ္တံ့။ ဣတိ၊ ဤသို့ရသေ့တို့က ပြောဆိုကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ အထ ခေါ၊ ထိုအခါ၌။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ ဣသယော၊ ရသေ့တို့သည်။ သမ္ဗရံ အသုရိန္ဒံ၊ သမ္ဗရအသူရိန်ကို။ အဘိသပိတွာ၊ ကျိန်ဆိုကုန်၍။ ပ။ သမ္ဗရဿ အသုရိန္ဒဿ၊ သမ္ဗရအသူရိန်၏။ သမ္ဗုခေ၊ မျက်မှောက်၌။ အန္တရဟိတာ၊ ကွယ်ပျောက်ကုန်သည်ဖြစ်၍။ သမုဒ္ဒတီရေ၊ သမုဒြာကမ်းနား၌။ ပဏ္ဏကုဋီသု၊ သစ်ရွက်မိုးကျောင်းတို့၌။ ပါတုရဟေသုံ၊ ထင်ရှားဖြစ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ သမ္ဗရ အသုရိန္ဒော၊ သမ္ဗရအသူရိန်သည်။ သီလဝန္တေဟိ၊ ကုန်သော။ ကလျာဏဓမ္မေဟိ၊ ကုန်သော။ တေဟိ ဣသီဟိ၊ ထိုရသေ့တို့သည်။ အဘိသပိတော၊ ကျိန်ဆိုအပ်သည်ဖြစ်၍။ ရတ္တိယာ၊ ညဉ့်၌။ တိက္ခတ္တုံ၊ သုံးကြိမ်။ ဥဗ္ဗိဇ္ဇိ၊ ထိတ်လန့်ပြီ။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ပဌမောဝဂ္ဂေါ၊ ပဌမဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။
တဿ၊ ထိုပဌမဝဂ်၏။ ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
သုဝီရ၊ သုဝီရသုတ်။ သုသီမံစေဝ၊ သုသီမသုတ်။ ဓဇဂ္ဂံ၊ ဓဇဂ္ဂသုတ်။ ဝေပစိတ္တိနော၊ ဝေပစိတ္တိသုတ်။ သုဘာသိတံ ဇယဉ္စေဝ၊ သုဘာသိတဇယသုတ်။ ကုလာဝကံ၊ ကုလာဝကသုတ်။ နဒုဗ္ဘိယံ၊ နဒုဗ္ဘိယသုတ်။ ဝေရောစနဉ္စသုနိန္ဒော၊ ဝေရောစနအသူရိန္ဒသုတ်။ ဣသယော အရညကံစေဝ၊ အရညာယတနဣသိသုတ်။ ဣသယောစ သမုဒ္ဒကာ၊ သမုဒ္ဒကသုတ်။ ဣတိ၊ ဤသည်တို့တည်း။