(သာဝတ္ထိယံ ဇေတဝနေ ပေးမြဲ။)
တေန ခေါ ပန သမယေန၊ ၌။
ဘဂဝါ၊ သည်။
ဒိဝါဝိဟာရဂတော၊ နေ့သန့်ရာအရပ်သို့ ကပ်ရောက်လျက်။
ပဋိသလ္လီနော၊ သတ္တ, သင်္ခါရမှ ဖဲ၍တပါးတည်း ကိန်းအောင်းတော်မူသည်။
ဟောတိ၊ ဖြစ်၏။
အထ ခေါ၊ ၌။
ဒေဝါနမိန္ဒော၊ သော။
သက္ကော စ၊ သည်၎င်း။
သဟမ္ပတိ၊ သဟမ္ပတိမည်သော။
ဗြဟ္မာ စ၊ ဗြဟ္မာသည်၎င်း။
ယေန၊ ၌။
ဘဂဝါ၊ သည်။
(အတ္ထိ၊ ရှိ၏။)
တေန၊ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ကပ်ပြီ။
ဥပသင်္ကမိတွာ၊ ၍။
ပစ္စေကံ၊ အသီးအသီး။
ဒွါရဗာဟံ၊ တံခါးဘောင်ကို။
နိဿာယ၊ မှီ၍။
အဋ္ဌံသု၊ တည်ကုန်ပြီ။
အထ ခေါ၊ ၌။
ဒေဝါနမိန္ဒော၊ သော။
သက္ကော၊ သည်။
ဘဂဝတော၊ ၏။
သန္တိကေ၊ အထံ၌။
"ဝီရ၊ လုံ့လရှိတော်မူသော။
ဝိဇိတသင်္ဂါမ၊ အောင်အပ်ပြီးသော(ကိလေသမာရ် ဒေဝပုတ္တမာရ်) စစ်မြေရှိတော်မူသော။
ပန္နဘာရ၊ ချထားအပ်ပြီးသော (ခန္ဓကိလေသ အဘိသင်္ခါရ)ဝန်ရှိတော်မူသော မြတ်စွာဘုရား။
အနဏ၊ ကာမစ္ဆန္ဒကြွေးမြီကင်းတော်မူသော မြတ်စွာဘုရား။
ဥဋ္ဌေဟိ၊ ထတော်မူပါလော့။
လောကေ၊ လောက၌။
ဝိစရ၊ လှည့်လည်တော်မူပါလော့။
ပန္နရသာယ ရတ္တိံ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော လပြည့်နေ့ညဉ့်၌။
(ပန္နရသာယ ရတ္တိန္တိ ပန္နရသာယ ပုဏ္ဏမာယ ရတ္တိံ၊ ဋ္ဌ။)
စန္ဒော ယထာ၊ လဝန်းကဲ့သို့။
တေ၊ အရှင်ဘုရား၏။
စိတ္တဉ္စ၊ စိတ်တော်သည်ကား။
သုဝိမုတ္တန္တိ၊ ရာဂစသော အညစ်အကြေးမှ ကောင်းစွာ လွတ်မြောက်တော်မူပြီ”ဟူသော။
ဣမံ ဂါထံ၊ ကို။
အဘာသိ၊ ရွတ်ဆိုပြီ။
ဒေဝါနမိန္ဒ၊ နတ်တို့ကိုအစိုးရသော သိကြားမင်း။
တထာဂတာ၊ ဘုရားရှင်တို့ကို။
ဧဝံ၊ ဤသို့။
န ခေါ ဝန္ဒိတဗ္ဗာ၊ ရှိမခိုးထိုက်ကုန်။
ဒေဝါနမိန္ဒ၊ နတ်တို့ကိုအစိုးရသော သိကြားမင်း။
တထာဂတာ၊ ဘုရားရှင်တို့ကို။
“ဝီရ၊ ကြီးသောလုံ့လရှိတော်မူသော။
ဝိဇိတသင်္ဂါမ၊ အောင်အပ်ပြီးသော (ကိလေသမာရ် ဒေဝပုတ္တမာရ်) စစ်မြေရှိတော်မူသော။
သတ္တဝါဟ၊ ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော။
အနဏ၊ ကာမစ္ဆန္ဒကြွေးမြီကင်းစင်တော်မူသော မြတ်စွာဘုရား။
ဥဋ္ဌေဟိ၊ ထတော် မူပါလော့။
လောကေ၊ လောက၌။
ဝိစရ၊ လှည့်လည်တော်မူပါလော့။
ဘဂဝါ၊ မြတ်စွာ ဘုရား။
(တွံ၊ ရှင်တော်ဘုရားသည်။)
ဓမ္မံ၊ တရားတော်ကို။
ဒေသဿု၊ ဟောတော်မူပါလော့။ဤကား ဘဂဝါကို အာလုပ် ဒေသဿုကို အဇ္ဈာဟရိတဗ္ဗ တွံ ဟူသော တုမှ သဒ္ဒါ၏ အယှဉ် ဟု ကြံကာ ပေးအပ်သောအနက်တည်း။ သျာ,ကံ, ဣ ,က တို့၌ ရှိသော “ဒေသေတု ဘဂဝါ ဓမ္မံ” ဟူသော ပါဌ်လည်း အသင့်ပင်။
ချဲ့ဦးအံ့ တုမှသဒ္ဒါဖြင့် ရေးသားသုံးစွဲရမည့် အရာဌာနဖြစ်လျက် တုမှ သဒ္ဒါဖြင့် မရေးသား မသုံးစွဲပဲ တုမှ သဒ္ဒါ၏ ကိုယ်စား အကယ်၍ နာမသဒ္ဒါဖြင့် ရေးသားသုံးစွဲငြားအံ့၊ ၎င်းနာမသဒ္ဒါနှင့် ယှဉ်သော ကြိယာ၌ “နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိက ရဏေ ပဌမော”နှင့် အညီ ပဌမပုရိသ်သာ သက်ရမည်။ တုမှ သဒ္ဒါ၏ ကိုယ်စားပင် ဖြစ်သော်လည်း “တုမှေ မဇ္ဈိမော”ဖြင့် မဇ္ဈိမပုရိသ်မသက်ရ။ ဥပမာ “ဒေသေတု ဘန္တေ ဘဂဝါ ဓမ္မံ”၌ ဘဂဝါသည် တုမှသဒ္ဒါ၏ ကိုယ်စားလှယ်(နာမ်ပုဒ်)ပင် ဖြစ်သော်လည်း ယင်းနှင့် ယှဉ်သော ဒေသေတု ကြိယာ၏ နေရာဌာန၌ မဇ္ဈိမပုရိသ်သက်၍ ဒေသေဟိ ဟူ၍ သော်၎င်း ဒေသဿု ဟူ၍သော်၎င်း မရှိသင့်၊ ဒေသေတု ဟု ပဌမပုရိသ်ဖြင့်သာ ရှိသကဲ့သိုတည်း။ (သဒ္ဒနီတိ ပဒမာလာ နှာ ၃၆ မှီးသည်။)
ထိုကြောင့် ဤ“ဒေသဿု ဘဂဝါ ဓမ္မံ”ဟု ရှိသော အရာဝယ် ဘဂဝါကို အာလုပ်မကြံပဲ တုမှ သဒ္ဒါ၏ကိုယ်စား ဖြစ်သော နာမသဒ္ဒါ ကတ္တားသာ ဟု ယူဆအံ့၊ ၎င်းနှင့် ယှဉ်သော ကြိယာ၌လည်း မဇ္ဈိမပုရိသ်သက်ရန်မလို ပဌမ ပုရိသ် တု ဝိဘတ်သာ သက်ရန်လိုသောကြောင့် “ဒေသေတု ဘဂဝါ ဓမ္မံ”ဟု ရှိသော မူများလည်း သင့်သည်သာဟု ပနိဿံသယ မှတ်ယူရာ၏။ အနက်ကိုလည်း “ဘဂဝါ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ လော့”ဟုပေး။ အညာတာရော၊ သစ္စာလေးပါးကို သိစွမ်းနိုင်သူတို့သည်။ ဘဝိဿန္တိတိ၊ ရှိကုန် လတ္တံ့”ဟူ၍။ ဧဝဉ္စ ခေါ၊ ဤသို့သာလျှင်။ ဝန္ဒိတဗ္ဗာ၊ ရှိခိုးထိုက်ကုန်၏။