(ဧဝံ မေ သုတံ စသည်သည် ဒေဝပုတ္တသံယုတ် ဒီဃလဋ္ဌိသုတ်နှင့် တူ၏။)
တန ခေါ ပန သမယေန၊ ၌။
ဘဂဝါ၊ သည်။
ရတ္တန္ဓကာရတိမိသာယံ၊ ညဉ့်အခါ ကန်းသည်၏အဖြစ် ကို ပြုတတ်သော အင်္ဂါလေးပါးရှိသော အမိုက်တိုက်၌
ရတ္တန္ဓကာရတိမိသာယန္တိ ရတ္တိံ အန္ဓဘာဝကာရ
ကေ မဟာတမေ စတုရင်္ဂေ တမသိ။ သံ-ဋ္ဌ၊၁၊ စာပိုဒ် ၁၃၈။။
အဗ္ဘောကာသေ၊ လွင်တီးခေါင်၌။
နိသိန္နော၊ နေတော်မူသည်။
ဟောတိ၊ ၏။
ဒေဝေါ စ၊ မိုးသည်လည်း။
ဧကမေကံ၊ တပေါက် တပေါက်။
ဖုသာယတိ၊ ဆွတ်ဖျန်း၏။
အထ ခေါ၊ ၌။
ပါပိမာ၊ သော။
မာရော၊ မာရ်နတ်သည်။
ဘဂဝတော၊ ၏။
ဘယံ၊ ကို။
ဆမ္ဘိတတ္တံ၊ ကို။
လောမဟံသံ၊ ကို။
ဥပ္ပါဒေတုကာမော၊ ၍။
မဟန္တံ၊ ကြီးစွာသော။
သပ္ပရာဇဝဏ္ဏံ၊ မြွေမင်း၏အသွင်ကို။
အဘိနိမ္မိနိတွာ၊ ဖန်ဆင်း၍။
ယေန၊ ၌။
ဘဂဝါ၊ သည်။
(အတ္ထိ၊ ၏။)
တေန၊ သို့။
ဥပသင်္ကမိ၊ ပြီ။
မဟတီ၊ ကြီးစွာသော။
ဧကရုက္ခိကာ၊ သစ်တလုံးတည်းထွင်းသော။
နာဝါသေယျထာပိနာမ၊ ပိန်းကောလှေကဲ့သို့။
ဧဝံ၊ ထို့အတူ။
အဿ၊ ထိုမြွေမင်း၏။
ကာယော၊ ကိုယ်သည်။
ဟောတိ၊ ၏။
မဟန္တံ၊ ကြီးစွာသော။
သောဏ္ဍကာကိဠဉ္ဇံ သေယျထာပိ နာမ၊ သေတင်းကုဋ်၌ ခင်းအပ်သော ဖျာကဲ့သို့။
ဧဝံ၊ ထိုအတူ။
အဿ၊ ထိုမြွေမင်း၏။
ဖဏံ၊ ပါးပျဉ်းသည်။
ဟောတိ၊ ၏။
မဟတီ၊ သော။
ကောသလိကာ ကံသပါတိ သေယျထာပိ နာမ၊ ကောသလမင်း၏ (ရထားလှည်းဘီးပမာဏရှိသော) ကြေးခွက်ကဲ့သို့။
ဧဝံ၊ ထို့အတူ၊
အဿ၊ ထိုမြွေမင်း၏။
အက္ခီနီ၊ မျက်စိတို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဒေဝေ၊ မိုးသည်။
ဂဠဂဠာယန္တေ၊ ဂဠ ဂဠ အသံကို ပြုသည်ရှိသော်။
ဝါ၊ အလွန်ချုန်းသည်ရှိသော်။
ဝိဇ္ဇုလတာ၊ လျှပ်စစ်နွယ်တို့သည်။
နိစ္ဆရန္တိ သေယျထာပိ နာမ၊ ထွက်ကုန်သကဲ့သို့။
ဧဝံ၊ ထို့အတူ။
အဿ၊ ထို မြွေမင်း၏။
ဇိဝှါ၊ လျှာသည်။
နိစ္ဆရတိ၊ ထွက်၏။
ကမ္မာရဂဂ္ဂရိယာ၊ ပန်းဘဲဖိုသည်။
ဓမမာနာယ၊ မှုတ်သည်ရှိသော်။
သဒ္ဒေါသေယျထာပိ နာမ၊ (ဟူးဟူး ထွက်သော) အသံကဲ့သို့။
ဧဝံ၊ ထို့အတူ။
အဿ၊ ထိုမြွေမင်း၏။
အဿာသပဿာသာနံ သဒ္ဒေါ၊ ထွက်သက်ဝင်သက် အသံသည်။
ဟောတိ၊ ၏။
အထခေါ၊ ၌။
ဘဂဝါ၊ သည်။
အယံ၊ ဤမြွေမင်းသည်ကား။
ပါပိမာ၊ သော။
မာရော၊ တည်း။
ဣတိ၊ သို့။
ဝိဒိတွာ၊ (လျှပ်စစ်ရောင်ဖြင့်) သိမြင်တော်မူ၍။
ပါပိမန္တံ၊ သော။
မာရံ၊ ကို။
ယောမုနိ၊ အကြင်မြတ်စွာဘုရားသည်။
သေယျာ (သေယျာယ)၊ လေးပါးသောဣရိယာပုထ်ဖြင့် နေခြင်းငှါ။
သုညဂေဟာနိ၊ ဆိတ်ငြိမ်သော ကျောင်းတို့ကို။
သေဝတိ၊ မှီဝဲ၏။
သော မုနိ၊ ထိုမြတ်စွာဘုရားသည်။
အတ္တသညတော၊ စောင့်ရှောက်အပ်သော ခန္ဓာကိုယ်ရှိသည်ဖြစ်၍။
(သေဝတိ၊ မှီဝဲ၏။)
သော မုနိ၊ ထို မြတ်စွာဘုရားသည်။
တတ္ထ၊ ထိုအတ္တဘော၌။
(နိကန္တိံ၊ တပ်ခြင်းကို။)
ဝေါဿဇ္ဇ၊ စွန့်၍။
စရေယျ၊ ကျင့်ရာ၏။
တထာဝိဓဿ၊ ထိုသို့အတ္တဘောကို စောင့်ရှောက်ခြင်းသဘောရှိသော မြတ်စွာဘုရား၏။
တံ၊ ထိုသို့ အတ္တဘောကိုတပ်ခြင်း၌ စွန့်ခြင်းသည်။
ပတိရူပံ ဟိ၊ သင့်လျော်သည်သာလျှင်တည်း။
ဗဟူ၊ များစွာကုန်သော။
စရကာ၊ သွားတတ်ကုန်သော ခြင်္သေ့ သစ် ကျား စသော သတ္တဝါတို့သည်၎င်း။
ဗဟူ၊ များစွာကုန်သော။
ဘေရဝါ၊ ကြောက်မက်ဖွယ်ရှိသော သဝိညာဏက အဝိညာဏကဘေးရန်တို့သည်၎င်း။
အထော၊ ထိုပြင်။
ဗဟူ၊ များစွာကုန် သော။
ဍံသသရီသပါ၊ ကိုက်တတ်သော ခြင် မြွေ စသော သတ္တဝါတို့သည်၎င်း။
(သန္တိ၊ ကုန်၏။)
တတ္ထ၊ ထိုကြောက်မက်ဖွယ် အာရုံတို့ကြောင့်
တတ္ထာတိ တေသု ဘေရဝေသု၊ဋ္ဌ။ တတ္ထာတိ တံ နိမိတ္တံ၊ဋီ။ ထို ကြောက်မက်ဖွယ်ဘေးရန်အာရုံတို့ကြောင့်ဟုပေးလိုက်သည်။။
သုညာဂါရဂတော၊ ခန္ဓာကိုယ်ကို စောင့်ရှောက်သည်ဖြစ်၍ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သော။
မဟာမုနိ၊ အတ္တဘော၌ တပ်ခြင်းကင်းသော မြတ်စွာဘုရားသည်။
လောမမ္ပိ၊ မွေးတော်တချောင်းကိုမျှလည်း။
န ဣဉ္ဇယေ၊ လှုပ်စေတော်မမူ။
နဘံ၊ ကောင်းကင်သည်။
ဖလေယျ၊ အမြွာမြွာကွဲစေကာမူ။
ပထဝီ၊ မြေသည်။
စလေယျ၊ လှုပ်စေကာမူ။
ဥဒ၊ ထိုသို့မဟုတ်။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ပါဏာပိ၊ သတ္တဝါတို့သည်လည်း။
သန္တသေယျုံ၊ ခြိမ်းချောက်ကြစေကာမူ။
ဥရသိ၊ ရင်၌။
သလမ္ပိ၊ လှကိုလည်း။
စေ ပကပ္ပယျုံ၊ အကယ်၍ ချိန်ရွယ်ကြစေကာမူ။
ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။
ဥပဓီသု၊ ကိုယ်ခန္ဓာတို့၌။
တာဏံ၊ ပုန်းအောင်း ကွယ်ကာရာကို။
န ကရောန္တီတိ၊ မပြုကုန်” ဟူသော။
ဂါထာဟိ၊ တို့ဖြင့်။
အဇ္ဈဘာသိ၊ ပြီ။
(အထ ခေါ စသည် ပေးမြဲ။)