ဥပ္ပတတံ၊ အထက်သို့ ပျံတက်ကုန်သော အရာဝတ္ထုတို့တွင်။
ကိံသု၊ ဘယ်အရာဝတ္ထုသည်။
သေဋ္ဌံ၊ မြတ်ပါသနည်း။
နိပတတံ၊ အောက်သို့ကျရောက်ကုန်သော အရာဝတ္ထုတို့တွင်။
ကိံသု၊ အဘယ်အရာဝတ္ထုသည်။
ဝရံ၊ မြတ်ပါသနည်း။
ပဝဇမာနာနံ၊ ခြေဖြင့်သွားလာတတ်ကုန်သောသူတို့တွင်။
ကိံသု၊ အဘယ်သူသည်။
သေဋ္ဌော၊ မြတ်ပါသနည်း။
ပဝဒတံ၊ အကျိုးစီးပွါးကို ဟောပြောသော သူတို့တွင်။
ကိံသု၊ အဘယ်သူသည်။
ဝရံ၊ မြတ်ပါသနည်း။
ဣတိ၊ ပြီ။
ဥပ္ပတတံ၊ အထက်သို့ ပျံတက်ကုန်သော အရာဝတ္ထုတို့တွင်။
ဗီဇံ၊ မျိုးစေ့သည်။
သေဋ္ဌံ၊ မြတ်၏။
နိပတတံ၊ အောက်သို့ကျရောက်ကုန်သော အရာဝတ္ထုတို့တွင်။
ဝုဋ္ဌိ၊ မိုဃ်းပေါက်သည်။
ဝရာ၊ မြတ်၏။
ပဝဇမာနာနံ၊ ခြေဖြင့်သွားလာတတ်ကုန်သောသူတို့တွင်။
ဂါဝေါ၊ နွားတို့သည်။
(သေဋ္ဌာ၊ မြတ်ကုန်၏။)
ပဝဒတံ၊ အကျိုးစီးပွါးကို ဟောပြောတတ်ကုန်သော သူတို့တွင်။
ပုတ္တော၊ သားသည်။
ဝရော၊ မြတ်၏။
ဣတိ၊ ဤသို့ နတ်တယောက်က ကြားဝင် ဖြေဆိုပြီ။
ဥပ္ပတတံ၊ အထက်သို့ ပျံတက်ကုန်သော တရားတို့တွင်။
ဝိဇ္ဇာ၊ မဂ်ဉာဏ်သည်။
သေဋ္ဌာ၊ မြတ်၏။
နိပတတံ၊ အောက်သို့ ကျရောက်ကုန်သော တရားတို့တွင်။
အဝိဇ္ဇာ၊ မောဟသည်။
ဝရာ၊ မြတ်၏။
ပဝဇမာနာနံ၊ ခြေဖြင့်သွားလာတတ်ကုန်သော သူတို့တွင်။
သံဃော၊ လယ်ယာကောင်းသဖွယ် ဖြစ်တော်မူသော သံဃာတော်သည်။
(ဝရော၊ မြတ်၏။)
ပဝဒတံ၊ အကျိုးစီးပွါးကို ဟောပြောတတ်ကုန်သော သူတို့တွင်။
ဗုဒ္ဓေါ၊ ဘုရားသည်။
ဝရော၊ မြတ် ၏။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။