Issues
Select Version
公开
中文
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

1. Vatapadasuttaṃ

Author: နိဿယ @ IAPT

(သာဝတ္ထိယံ ပေးမြဲ။)
ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ သည်။ ပုဗ္ဗေ၊ ရှေ့၌။ မနုဿဘူတဿ၊ လူဖြစ်စဉ်။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဝတပဒါနိ၊ ကျင့်ဝတ်အစုတို့သည်။ သမတ္တာနိ၊ အညီအမျှယူအပ်ကုန်သည်။ သမာဒိန္နာနိ၊ ကောင်းစွာယူအပ်ကုန်သည်။ (ဆောက်တည်အပ်ကုန်သည်။)သမတ္တာနီတိ ပရိပုဏ္ဏာနိ၊ သမာဒိန္နာနီတိ ဂဟိတာနိ။ ဋ္ဌ။ သမတ္တာနီတိ ပုညဝိသေသတာယ ပုဇ္ဇဘဝဖလနိဗ္ဗတ္တနေန ကိတ္တိသညာနေနစ သမံ အတ္တာနိ။ သမာဒိန္နာနီတိ တတ္ထ သက္ကစ္စကာရိတာယ သမ္မာ အာဒိန္နာနိ။ ဋီ။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ ယေသံ၊ ယင်း ခုနစ်ပါးကုန်သောကျင့်ဝတ်အစုတို့၏။ သမာဒိန္နတ္တာ၊ ကောင်းစွာယူအပ်ကုန်ပြီးသည်၏အဖြစ်ကြောင့်။ သက္ကော၊ သိကြားမင်းသည်။ သက္ကတ္တံ၊ သိကြားမင်း၏အဖြစ်ကို။ အဇ္ဈဂါ၊ ရပြီ။
သတ္တ၊ ခုနစ်ပါးကုန်သော။ ဝတပဒါနိ၊ ကျင့်ဝတ် အစုတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။
ယာဝဇီဝံ၊ အသက်ထက်ဆုံး။ မာတာပေတ္တိဘရော၊ အမိအဖကို လုပ်ကျွေးသူသည်။ အဿံ၊ ဖြစ်လို၏။ (၁) ယာဝဇီဝံ၊ အသက်ထက်ဆုံး။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာယီ၊ ကြီးသူတို့ကို အရိုအသေပြုလေ့ရှိသူသည်။ အဿံ၊ ဖြစ်လို၏။ (၂) ယာဝဇီဝံ၊ အသက် ထက်ဆုံး။ သဏှဝါစော၊ နူးညံ့သိမ်မွေ့သောစကားရှိသူသည်။ အဿံ၊ ဖြစ်လို၏။ (၃) ယာဝဇီဝံ၊ အသက်ထက်ဆုံး။ အပိသုဏဝါစော၊ ကုန်းမတိုက်သောစကားရှိသူသည်။ အဿံ၊ ဖြစ်လို၏။ (၄) ယာဝဇီဝံ၊ အသက်ထက်ဆုံး။ ဝိဂတမလမစ္ဆေရေန၊ ကင်းသောမစ္ဆေရ အညစ်အကြေးရှိသော။ စေတသာ၊ စိတ်ဖြင့်။ မုတ္တစာဂေါ၊ (မငဲ့မကွက်) လွတ်လွတ်စွန့်ကြဲခြင်း ရှိသူသည်။ ပယတပါဏီ၊ (အလှူဝတ္ထုကိုလှူအံ့သောငှါ အခါခပ်သိမ်း)ဆေးကြောအပ်ပြီးသောလက်ရှိသူသည်။ ဝေါသဂ္ဂရတော၊ စွန့်လွှတ်ခြင်း၌ မွေ့လျော်သူသည်။ ယာစယောဂေါ၊ သူတပါးတို့တောင်းခြင်းငှါ လျှောက်ပတ်သူသည်။ ဒါနသံဝိဘာဂရတော၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်သူသည်။ (ဟုတွာ၊ ဖြစ်၍။) အဂါရံ၊ အိမ်၌။ အဇ္ဈာသေယျံ၊ နေလို၏။ (၅) ယာဝဇီဝံ၊ အသက်ထက်ဆုံး။ သစ္စဝါစော၊ မှန်သောစကားရှိသူသည်။ အဿံ၊ ဖြစ်လို၏။ (၆) မေ၊ ငါ၏။ ကောဓော၊ အမျက်သည်။ သစေပိ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ နံ၊ ထိုအမျက်ကို။ ခိပ္ပမေဝ၊ လျင်မြန်စွာလျှင်။ ပဋိဝိနေယျံ၊ ပယ်ဖျောက်ရလို၏ဟူ၍။ ယာဝဇီဝံ၊ အသက်ထက်ဆုံး။ အက္ကောဓနော၊ အမျက်မထွက်သူသည်။ အဿံ၊ ဖြစ်လို၏။
(၇) ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒဿ၊ သော။ သက္ကဿ၊ သည်။ ပုဗ္ဗေ၊ ရှေး၌။ မနုဿဘူတဿ၊ လူဖြစ်စဉ်။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဣမာနိ ဝတပဒါနိ၊ ဤကျင့်ဝတ်အစုတို့သည်။ သမတ္တာနိ၊ အညီအမျှယူအပ်ကုန်သည်။ သမာဒိန္နာနိ၊ ကောင်းစွာ ယူအပ်ကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ ယေသံ၊ ယင်းခုနစ်ပါးသောကျင့်ဝတ်အစုတို့၏။ သမာဒိန္နတ္တာ၊ ကောင်းစွာ ယူအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်။ သက္ကော၊ သိကြားမင်းသည်။ သက္ကတ္တံ၊ သိကြားမင်း၏အဖြစ်ကို။ အဇ္ဈဂါ၊ ရပြီ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
မာတာပေတ္တိဘရံ၊ အမိအဖကို လုပ်ကျွေးတတ်သော။ ကုလေ၊ အမျိုး၌။ ဇဋ္ဌာပစာယိနံ၊ ကြီးသူတို့ကို အရိုအသေပြုလေ့ရှိသော။
သဏှံသခိလသမ္ဘာသံ၊ သိမ်မွေ့ပြေပြစ်သောစကားကို ပြောဆိုတတ်သော။ ပေသုဏေယျပ္ပဟာယိနံ၊ ကုန်းတို့သောစကား ကို ပယ်လေ့ရှိသော။
မစ္ဆေရဝိနယေ၊ ဝန်တိုခြင်းကို ပယ်ဖျောက်ခြင်း၌။ ယုတ္တိံ၊ ယှဉ်သော။ သစ္စံ၊ မှန်သောစကားရှိသော။ ကောဓာဘိဘုံ၊ အမျက်ကို လွှမ်းမိုးလေ့ရှိသော။ တံ ဇန္တုံ နရံ၊ ထိုပုဂ္ဂိုလ်ကို။
ဒေဝါတာဝတိံသာ၊ တာဝတိံသာနတ်တို့သည်။ ဝေ၊ စင်စစ်။ သပ္ပုရိသော ဣတိ၊ သူတော်ကောင်းဟူ၍။ အာဟု၊ ဆိုကုန်ပြီ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။