ကိံသု၊ အဘယ်ကို။
ဥပ္ပထော၊ လမ်းမှားဟူ၍။
အက္ခာတော၊ ဆိုအပ်ပါသနည်း။
ကိံသု၊ သည်။
ရတ္တိန္ဒိဝက္ခယော၊ နေ့ညဉ့်တို့၌ ကုန်ခန်းပါသနည်း။
ကိံ၊ သည်။
ဗြဟ္မစရိယသာ၊ မြတ်သောအကျင့်၏။
မလံ၊ အညစ်အကြေးသည်။
ဟောတိ၊ နည်း။
ကိံ၊ သည်။
အနောဒကံ၊ အညစ်အကြေးကို ဆေးကြောစရာရေမဟုတ်ပါပဲလျက်။
သိနာနံ၊ အညစ်အကြေးကိုဆေးကြောစရာရေမည်ပါသနည်း။
ဣတိ၊ ပြီ။
ရာဂေါ၊ ရာဂကို။
ဥပ္ပထော၊ လမ်းမှားဟူ၍။
အက္ခာတော၊ ဆိုအပ်၏။
ဝယော၊ အရွယ်သည်။
ရတ္တိန္ဒိဝက္ခယော၊ နေ့ညဉ့်တို့၌ ကုန်ခန်း၏။
ဣတ္ထိ၊ မိန်းမသည်။
ဗြဟ္မစရိယာ၊ မြတ်သော အကျင့်၏။
မလံ၊ အညစ်အကြေးမည်၏။
ဧတ္ထ၊ ဤမိန်းမအညစ်အကြေး၌။
အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။
သဇ္ဇတေ၊ ကပ်ငြိ၏။
တပေါ စ၊ ကိလေသာတို့ကို ပူလောင်စေတတ်သော အကျင့်သည်၎င်း။
ဗြဟ္မစရိယဉ္စ၊ မေထုန်အမှုမှ ရှောင်ကြဉ်ခြင်းဟူသော မြတ်သောအကျင့်သည်၎င်း။
(အတ္ထိ၊ ၏။)
တံ၊ ထို အကျင့်တရား နှစ်ပါးအပေါင်းသည်။
အနောဒကံ၊ အညစ်အကြေးကို ဆေးကြောစရာ ရေမဟုတ်ပါပဲလျက်။
သိနာနံ၊ ကိလေသာအညစ်အကြေးကို ဆေးကြောစရာရေမည်ပေ၏။
ဣတိ၊ ၏။