အစ္ဆရာဂဏသင်္ဃုဋ္ဌံ၊ နတ်သမီးအပေါင်းတို့သည် သီချင်းသံ တီးမှုတ်သံတို့ဖြင့်ကြွေးကြော် ဆူညံအပ်ထသော။
ပိသာစဂဏသေဝိတံ၊ ဘီလူးမအပေါင်းတို့သည် မှီဝဲအပ်ထသော။
မောဟနံ နာမ၊ တွေဝေစေတတ်သောကြောင့် မောဟနအမည်ရှိထသော။
တံ ဝနံ၊ ထိုနန္ဒဝန် ဥယျာဉ်ကို။
ကထံ၊ အဘယ်အကြောင်းဖြင့်။
ယာတြာ၊ လွန်မြောက်ခြင်းသည်။
ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း။
ဣတိ၊ ပြီ။
သော မဂ္ဂေါ၊ ထိုအရိယမဂ်ဟူသောလမ်းသည်။
ဥဇုကော နာမ၊ ဖြောင့်မတ်သောလမ်းမည်၏။
သာ ဒိသာ၊ ထိုနိဗ္ဗာန်ဟူသော အရပ်သည်။
အဘယာ နာမ၊ ဘေးမရှိသောအရပ်မည်၏။
ဓမ္မစက္ကေဟိ၊ ကိုယ်စိတ်လုံ့လဝီရိယဟုဆိုအပ်သောဓမ္မစက်ဘီးတို့နှင့်။
သံယုတ္တော၊ ယှဉ်သော။
သော ရထော၊ ထိုအရိယမဂ်တည်းဟူသော ရထားသည်။
အကူဇနော နာမ၊ အသံမမည်သော ရထားမည်၏။
ဟိရီ၊ ဟိရီဩတ္တပ္ပသည်။
တဿ၊ ထိုအရိယမဂ်ဟူသောရထား၏။
အာလမ္ဗော၊ အမှီတကဲမည်၏။
သတိ၊ သတိသည်။
အဿ၊ ထိုအရိယမဂ်ရထား၏။
ပရိဝါရဏံ၊ အရံအကာမည်၏။
သမ္မာဒိဋ္ဌိပုရေဇဝံ၊ သမ္မာဒိဋ္ဌိတရားလျှင် ရှေ့သွားရှိသော။
ဓမ္မံ၊ အရိယမဂ်တရားကို။
သာရထိံ၊ ရထားမှူးဟူ၍။
အဟံ၊ ငါဘုရားသည်။
ဗြူမိ၊ ဟောတော်မူ၏။
ယာဿ ဣတ္ထိယာ ဝါ၊ အကြင်မိန်းမအား၎င်း။
ယဿ ပုရိသဿဝါ၊ အကြင်ယောက်ျားအား၎င်း။
ဧတာဒိသံ၊ ထိုသို့သဘောရှိသော။
ယာနံ၊ အရိယမဂ်တည်းဟူသောယာဉ်သည်။
(အတ္ထိ၊ ရှိ၏။)
သ-သော၊ ထိုသူသည်။
ဝေ၊ စင်စစ်။
ဧတေန ယာနေန၊ ထိုအရိယမဂ်တည်းဟူသောယာဉ်ဖြင့်။
နိဗ္ဗာနသောဝ၊ နိဗ္ဗာန်၏သာလျှင်။
သန္တိကေ၊ အနီးသို့။
(သန္တိကေ-ကား နိပါတ်တည်း။
ပါပုဏာတိ၊ ရောက်၏။)
ဣတိ၊ ပြီ။