Issues
Select Version
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

1. Kasibhāradvājasuttaṃ

Author: နိဿယ @ IAPT

(ဧဝံ မေ သုတံ စသည် ပေးမြဲ။) ဧကံ၊ သော။ သမယံ၊ ၌။ ဘဂဝါ၊ သည်။ မဂဓေသု၊ မဂဓတိုင်းတို့၌။ ဒက္ခိဏာဂိရိသ္မိံ၊ ဒက္ခိဏာရိဇနပုဒ်၌။ ဧကနာဠာယံ၊ ဧကနာဠမည်သော။ ဗြဟ္မဏဂါမေ၊ ပုဏ္ဏားရွာ၌။ ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။ ကသိဘာရဒွါဇဿ၊ ကသိဘာရဒွါဇမည်သော။ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏။ ဝပ္ပကာလေ၊ ပျိုးကြဲသောအခါ၌။ ပဉ္စမတ္တာနိ နင်္ဂလသတာနိ၊ ငါးရာ အတိုင်းအရှည်ရှိကုန်သော ထွန်တို့သည်။ ပယုတ္တာနိ၊ နွားဖြင့် ကအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်၍။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍။ ယေန၊ အကြင်အရပ်၌ တေနုပသင်္ကမီတိ ယေန မဂ္ဂေန ကမ္မန္တော ဂန္တဗ္ဗော၊ တေန ဧကကောဝ ဥပသကင်္ဝ ဟူသော၊ ဋ္ဌ။ အလို-ယေန၊ အကြင်လမ်းခရီးဖြင့်။ ကသိဘာရဒွါဇဿ၊ သော။ ဗြဟ္မဏဿ၊ ၏။ ကမ္မန္တော၊ အလုပ်လုပ်ရာ အရပ်သို့။ ဂန္တဗ္ဗော၊ ရောက်ထိုက်၏။ တေန၊ ထိုလမ်းခရီးဖြင့်။ ဥပသင်္ကနိ၊ ချဉ်းကပ်ပြီ ဟုပေး။ ။ ကသိဘာရဒွါဇဿ၊ သော။ ဗြာဟ္မဏဿ၊ ၏။ ကမ္မန္တော၊ အမှုလုပ်ငန်းသည်။ (အတ္ထိ၊ ရှိ၏။) တေန၊ သို့။ ဥပသင်္ကမိ၊ ကပ်တော်မူပြီ။
တေန ခေါ ပန သမယေန၊ ၌။ ကသိဘာရဒွါဇာဿ၊ သော။ ဗြာဟ္မဏသာ၊ ၏။ ပရိဝေသနာ၊ (ဝယ်လုပ်သားတို့အား) ကျွေးမွေးရာအရပ်သည်။ ဝတ္တတိ၊ ဖြစ်၏။
အထ ခေါ၊ ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ယေန၊ ၌။ ပရိဝေသနာ၊ ကျွေးမွေးရာအရပ်သည်။ (အတ္ထိ၊ ရှိ၏။) တေန၊ သို့။ ဥပသင်္ကမိ၊ ကပ်တော်မူပြီ။ ဥပသင်္ကမိတွာ၊ ၍။ ဧကမန္တံ၊ ၌။ အဋ္ဌာသိ၊ ရပ်တော်မူပြီ။
ကသိဘာရဒွါဇော၊ သော။ ဗြာဟ္မဏော၊ သည်။ ဘဂဝန္တံ၊ ကို။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။ ဌိတံ၊ ရပ်ထော်မူသည်ကို။ အဒ္ဒသာ ခေါ၊ မြင်သည်သာလျှင်တည်း။
ဒိသွာန၊ ၍။ ဘဂဝန္တံ၊ ကို။ "သမဏ၊ ရဟန်း။ အဟံခေါ၊ ကျွန်ပ်သည်။ ကသာမိ စ၊ ထွန်လည်ထွန်၏။ ဝပါမိ စ၊ စိုက်လည်းစိုက်ပျိုး၏။ ကသိတွာ စ၊ ထွန်၍၎င်း။ ဝပိတွာ စ၊ စိုက်ပျိုး၍၎င်း။ ဘုဉ္ဇာမိ၊ စား၏။
တွမ္ပိ၊ သင်သည်လည်း။ ကသဿု စ၊ ထွန်လည်း ထွန်လော့။ ဝပဿု စ၊ စိုက်ပျိုးလည်းစိုက်ပျိုးလော့။ ကသိတွာ စ၊ ထွန်၍၎င်း။ ဝ ပိတာ၊ စိုက်ပျိုး၍၎င်း။ ဘုဉ္ဇဿုတိ၊ စားလော့” ဟူ၍။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ဆိုပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟမ္ပိ ခေါ၊ ငါသည်လည်း။ ကသာမိ စ၊ ထွန်လည်းထွန်၏။ ဝပါမိ စ၊ စိုက်လည်းစိုက်ပျိုး၏။ ကသိတွာ စ၊ ထွန်၍၎င်း။ ဝပိတွာ စ၊ စိုက်ပျိုး၍၎င်း။ ဘုဉ္ဇာမိ၊ စား၏။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
“မယံ၊ အကျွန်ုပ်တို့သည်။ ဘောတော ဂေါတမဿ၊ အရှင်ဂေါတမ၏။ ယုဂံ ဝါ၊ ထမ်းပိုးကို၎င်း။ နင်္ဂလံ ဝါ၊ ထွန်တုံးကို၎င်း။ ဖာလံ ဝါ၊ ထွန်သွားကို၎င်း။ ပါစနံ ဝါ၊ နှင်တံကို၎င်း။ ဗလီဗဒ္ဒေ ဝါ၊ နွားလားတို့ကို၎င်း။ န ခေါ ပဿာမ၊ မမြင်ကုန်။ အထ စ ပန၊ ထိုသို့ မမြင်ပဲလျက်။ ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။ “ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟမ္ပိ၊ ငါသည်လည်း။ ကသာမိ စ၊ ထွန်လည်း ထွန်၏။ ဝပါမိ စ၊ စိုက်လည်းစိုက်ပျိုး၏။ ကသိတွာ စ၊ ထွန်၍၎င်း။ ဝပိတွာ စ၊ စိုက်ပျိုး၍၎င်း။ ဘုဉ္ဇာမီတိ၊ စား၏” ဟူ၍။ ဧဝံ၊ ဤသို့။ အာဟ၊ ဆိုပြီ။
အထ ခေါ၊ ၌။ ကသိဘာရဒွါဇော၊ သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို’ (“ဘော ဂေါတမ၊ အရှင်ဂေါတမ။) (တွံ၊ သင်သည်။) ကဿကော၊ လယ်သမားဟူ၍။ ပဋိဇာနာသိ၊ ဝန်ခံ၏။ တေ၊ သင်၏။ ကသိံ၊ လယ်ထွန်ဘဏ္ဍာကို။ အဟံ၊ အကျွန်ုပ်သည်။ န စ ပဿာမိ၊ မမြင်ပါ။ ကဿကော၊ လယ်သမားဟု ဝန်ခံသော။ ပုစ္ဆိတော၊ (တပည့်တော်) မေးလျှောက်အပ်သော။ တွံ၊ အရှင်ဘုရားသည်။ ဗြူဟိ၊ ဖြေတော်မူပါလော။ တံ ကသိံ၊ ထို လယ်ထွန်ဘဏ္ဍာကို။ ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ဇာနေမုတံ၊ သိရပါကုန်အံ့နည်း” ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ လျှောက်ပြီ။
(ဗြာဟ္မဏ၊ ပုဏ္ဏား။) မေ၊ ငါဘုရား၏။ သဒွါ၊ သဒွါတရားသည်။ ဗီဇံ၊ မျိုးစေ့တည်း။ မေ၊ ငါဘုရား၏။ တပေါ၊ ဣန္ဒြိယသံဝရသီလသည်။ ဝုဋ္ဌိ၊ မိုးရေတည်း။ မေ၊ ငါဘုရား၏။ ပညာ၊ ဝိပဿနာပညာ, မဂ်ပညာသည်။ ယုဂနင်္ဂလံ၊ ထမ်းပိုး, ထွန်တုံးတည်း။ မေ၊ ငါဘုရား၏။ ဟိရီ၊ ဟိရီ ဩတ္တပ္ပတရားသည် ဟိရီယတိ ပါပကေဟိ ဓမ္မေဟီတိ ဟိရိ၊ တဂ္ဂဟဏေန တာယ အဝိပ္ပယုတ္တံ ဩတ္တတပ္ပမ္ပိ ဂဟိတမေဝ ဟောတိဟူသော၊ ဋ္ဌ။ နှင့်အညီ ဟိရိကိုဆိုသဖြင့် ဩတ္တပ္ပကိုလည်းအဝိနာဘာဝ နည်းအရယူ။ ။ ဤသာ၊ ထွန်သန်တည်း။ မေ၊ ငါဘုရား၏။ မနော၊ သမာဓိစိတ်သည် ဣဓ ပန မနောသီသေန တံ သမ္ပယုတ္တော သမာဓိ အဓိပ္ပေတော-ဟူသော၊ ဋ္ဌ။နှင့်အညီပေးသည်။ ။ ယောတ္တံ၊ ကြိုးတည်း။ မေ၊ ငါဘုရား၏။ သတ္တိ၊ ဝိပဿနာနှင့်ယှဉ်သော သတိ, မဂ်နှင့် ယှဉ်သော သတိသည်။ ဖာလပါစနံ၊ ထွန်သွား, နှင်တံတည်း။
(အဟံ၊ ငါဘုရားသည်။) ကာယဂုတ္တော၊ ကာယသုစရိုက်သုံးပါးတည်းဟူသော စောင်ရန်းဖြင့် လုံခြုံသူတည်း။ ဝစီဂုတ္တော၊ ဝစီသုရိုက်လေးပါးတည်းဟူသော စောင်ရန်း ဖြင့် လုံခြုံသူတည်း။ အာဟာရေ၊ ပစ္စည်းလေးပါး၌၎င်း။ ဥဒရေ၊ ဝမ်း၌၎င်း။ ယတော၊ စောင့်စည်းလုံခြုံသူတည်း။ အဟံ၊ ငါဘုရားသည်။ သစ္စံ၊ မှန်သောစကားဖြင့်။ နိဒ္ဒါနံ၊ ရိတ်ဖြတ်ခြင်းကို။ ကရောမိ၊ ပြု၏။ မေ၊ ငါ၏။ သောရစ္စံ၊ ကောင်းသောနိဗ္ဗာန်၌ မွေ့လျော်သည်၏ အဖြစ် (အရဟတ္တဖိုလ်) သည်။ ပမောစနံ၊ လုပ်ငန်းမှလွတ်မြောက်ကြောင်းတည်းကာယဂုတ္တော ဝစီဂုတ္တောဖြင့် ငါဘုရားသည် မိမိကိုယ် မိမိ ကာယသုစရိုက် ဝစီသုစရိုက်(တည်းဟု သောစောင်ရန်း) တို့ဖြင့် လုံခြုံအောင် စောင့်ရှောက်ထားသူ (ပါတိမောက္ခသံဝရသီလနှင့်ပြည့်စုံသူ) ဟုဆိုလို သည်။
အာဟာရေ ယတောဖြင့် ငါဘုရားသည်ပစ္စည်းလေးပါး၌ တွယ်တာမှု ကင်းအောင်စောင့်စည်းထားသူ (အာ ဇီဝပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသူ) ဟုဆိုလိုသည်။ (အာဟာရေဖြင့် ဆွမ်းပစ္စည်းကိုသာ ယူသင့်သော်လည်း နိဒ န ဥပလက္ခဏနည်းအရ ကျန်ပစ္စည်းသုံးပါးကိုလည်း ယူနိုင်သည်။)
ဥဒရေ ယတောဖြင့် ငါဘုရားသည် ဝမ်းရေးနှင့်ပတ်သက်၍မိမိကိုယ်မိမိ စောင့်စည်းထားသူ(ဘောဇနေမတ္တည္ ပုဂ္ဂိုလ် ပစ္စယပဋိသေဝနသီလနှင့် ပြည့်စုံသောပုဂ္ဂိုလ်) ဟုဆိုလိုသည် ။
သစ္စံ ကရောမိ နိဗ္ဗါနံဖြင့် သင်ပုဏ္ဏားသည် ပေါင်းမြက်တို့ကို လက် တံစဉ်ဖြင့် ရိတ်ဖြတ်သကဲ့သို့ ငါဘုရားသည် ကုသိုလ်ဟူသော ကောက်ပင်တို့ကို ဖျက်ဆီးတတ်သော မုသာဝါဒတည်းဟူသော ပေါင်းမြက်တို့ကို သစ္စာစကား ဖြင့် ရှိတ်ဖြတ်ခြင်း အမှုပြုသည့် ပုဂ္ဂိုလ်ဟုဆိုလိုသည်။ကရဏတ္ထ စေတံ ဥပယောဂဝစနံ ဟူသော ဋ္ဌ။နှင့်အညီ သစ္စံကို ဖြင့် ဟု ပေး၍ နိဒွါနန္တိ ဆေဒနံ လုနနံ ဥပ္ပါနံနှင့်အညီ နိဒ္ဒါနံကို ရိတ်ဖြတ်ခြင်းဟု ယောဇနာသည်။
သော ရစ္စံ မေ ပမောစနံ ဖြင့် သင်ပုဏ္ဏားသည် တနေ့ပြီးတနေ့ တနှစ်ပြီး တနှစ်ထပ်ချည်းတလဲလဲ ထွန်ယက် ခြင်းအမှုပြုနေရမည်သူဖြစ်၍ ထွန်ယက်ခြင်းအမှုမှ ‘လွတ်လပ်ဖို့ မမြင်သော်လဲငါဘုရားကား ကောင်းမြတ်သောနိဗ္ဗာန်၌ အထွတ်အထိပ်ဖြစ်သော အရဟတ္တဖိုလ်ဖြင့် မွေ့လျော်သူဖြစ်သောကြောင့် နောက်ထပ် ထွန်ယက် ရန်မရှိ ထွန်ယက်ခြင်းမှ လွတ်မြောက်ပြီဟု ဆိုလိုသည်။
။
မေ၊ ငါဘုရား၏။ ဝီရိယံ၊ ကာသိကဝီရိယ စေတသိကဝီရိယသည်။ ဓုရဓောရယှံ၊ လှည်းဦး၌ ဝန်ကိုဆောင်သော နွားလားသဖွယ်ဖြစ်၏ဓုရံ+ဝတီတိ-ဓောရယှာ၊ပုရပုဒ်ယှဏ်ပစ္စည်း(မောဂ္ဂလာန် ဏာဒိကဏ္ဍ ၁၂ဝ-နိသျ။) ရရာယံ + စာရေယျော - ဓုရဓာရယော၊ နွားအရကောက်။ သော ဝိယာတိ ဓုရေဓာရယုံ၊ (ဝိရိယကောက်။) ဟူသော ဤဝိဂ္ဂဟနှင့်အညီ ပေးသည်။
အထ ဝါ ပုရိမဓုရာဝဟတ္တာ ဓုရာ၊ မူလဓုရာဝဟတ္တာ စောရယှာ၊ ဝုရာ စ ဓောရၦာ စ ဓုရေဓာရယုံ ဟူသော-ဋ္ဌ။ဒု ဝိကပ်အလို ဒုဗ္ဗတိ ဟိ သတိတိ ဓုရာ၊ သာ+စေတသံ+အတ္ထိဘိ-ဓုရာ။(နွားလေးကောင်တနက် ပထမ ၂-ကောင်ကို မုချအားဖြင့်၎၏။ ဤ၌သမ္မပ္ပဓာန် လေးပါးအနက် ပထမ ၂-ခုကို သဒိသူပစာရတ္ထအား ဖြင့်ရ၏။)
ဓုရံ+ဝန္တိတိ-ဓောရယှာ။(နွားလေးကောင်အနက် ဒုတိယ ၂-ကောင်ကို မုချအားဖြင့်၎၏။ သမ္မပ္ပဓာန် လေးပါးအနက် ဒုတိယ ၂-ခုကို သဒိသူပစာရတ္ထ အားဖြင့် ရ၏။) ဓုရာ စ+ဓောရယှာ စ ၊ ဓုရဓောရဟံ(သမာ ဟာရ ဒွန်) ဟု ဝိဂ္ဂဟမူ၍ “မေငါဘုရား၏။ ဝိရိယံ၊ သည်။ ဓုရ ဓောရယံ၊ ပထမဝန် ဒုတိယဝန်ကိုဆောင်တတ်သော နွားလေးကောင်နှင့်တူ၏”ဟုပေး။
။ ယောဂက္ခေမာဓိဝါဟနံ၊ ယောဂကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်တတ်၏” ယောဟိ ခေမတ္တာ နိဗ္ဗာနံ ယောဂက္ခခံ နာမ၊ တံ အဓိကိစ္စ ဝါဟီယတိ အဘိမူခံ ဝါ တီတိ အဓိဝါဟနံ ဟူသော၊ ၄-အလို ယောဂကုန်ရာ နိဗ္ဗာန်ကိုရည်၍ ပို့ဆောင်စေအပ်သော တရားတည်းဟု ပေးလေ။ ယောဂက္ခမ အဓိဝါဟနံ ယောဂက္ခေမာမိဝါဟနံ ဟူသော၊ ဠ -ဝိဂ္ဂဟအလို ယောဂကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ကြောင်းဖြစ်သော တရားတည်းဟု ပေးဖွယ်ရှိ၏။ ။ ယတ္ထ၊ အကြင်အရပ်သို့။ ဂန္တွာ၊ ရောက်သည်ရှိသော်။ န သောစတိ၊ မစိုးရိမ်ရ။ (တတ္ထ၊ ထိုစိုးရိမ်ခြင်းကင်းရာ နိဗ္ဗာန်သို့။) အနိဝတ္တန္တံ၊ ဆုတ်နစ်ခြင်းမရှိသည်ဖြစ်၍။ ဂစ္ဆတိ၊ သွားတတ်၏။ (ဂစ္ဆတိ၏ ကတ္တား ကား ဝီရိယပင်။)
ဧဝံ၊ ဤဆိုအပ်ခဲ့သည့်အတိုင်း။ ဧသာ ကသီ၊ ဤလယ်ကို။ (မယာ၊ ငါဘုရားသည်။) ကဋ္ဌာ၊ ထွန်အပ်ပြီ။ သာ၊ ထိုလယ်သည်။ အမတပ္ဖလာ၊ နိဗ္ဗာန်ဟူသော အကျိုးရှိသည်။ ဟောတိ၊ ၏။ ဧတံ ကသိ၊ ဤလယ်ကို။ ကသိတွာန၊ ထွန်သောကြောင့်။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်မြောက်၏။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ ယံ ဟိ၊ အကြင်အကြောင်းကြောင့်။ ဘဝံ ဂေါတမော အရှင်ဂေါမသည်။ အမတပ္မလမ္ပိ၊ အမြိုက် နိဗ္ဗာန် ဟူသော အကျိုးရှိသည်လည်းဖြစ်သော။ ကသိံ၊ လယ်ကို။ ကသတိ၊ ထွန်တော်မူ၏။ (တေန၊ ထိုအကြောင်းကြောင့်။) ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။ ဘုဉ္ဇတု၊ သုံးဆောင်တော်မူလော့။ ဘဝံ၊ အရှင်သည်။ ကဿကော၊ လယ်ထွန်တတ်သော လယ်သမားပါဘုရား။ ဣတိ၊ ဤသို့ လျှောက်၏။
(ဂါထာဘိဂီတံ စသော ၂-ဂါထာသည်။ ဗြာဟ္မဏသံယုတ် အရဟန္တဝဂ် အဂ္ဂိကသုတ် စာပိုဒ် ၁၉၄-နှင့် တူပြီ။ ဧဝံ ဝုတ္တေ စသည်လည်း ပေးမြဲ။)